← Chapters

အာဘယ့် ဟာရူအာကိ

Vol. 7 Ch. 89

အာဘယ့် ဟာရူအာကိ

Vol. 7 Ch. 89

လေယာဉ်ပေါ်၌…...။

ရဲလန်ယွဲ့သည် သူမ၏လက်အောက်ငယ်သားများ ပေးပို့ထားသော အချက်အလက်များကို တက်ဘလက်တစ်ခုဖြင့် ကြည့်ရှုနေ၏။ ထိုအချက်အလက်များတွင် အဓိကအားဖြင့် ရဲချန် တရုတ်ပြည်မှ ထွက်ခွာသွားပြီးနောက် သူ၏လှုပ်ရှားမှုများအကြောင်းသာ ပါဝင်သည်။

သတင်းအချက်အလက်များမှာ များများစားစားမရှိလှပေ။ ရဲချန်နှင့် စုချန်တို့ တရုတ်ပြည်မှထွက်ခွာပြီးနောက် ရေနက်ကုမ္ပဏီသို့ တိုက်ရိုက်သွားရောက်ခဲ့ကြောင်းသာ ဖော်ပြထားသည်။ ရေနက်ကုမ္ပဏီထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရဲချန် စုချန်နှင့် ချန်ဝေတို့က ဂျပန်နိုင်ငံသို့ အတူတကွ ပျံသန်းထွက်ခွာသွားခဲ့ကြသည်။ ရဲချန် ဂျပန်နိုင်ငံသို့ ရောက်ရှိပြီးနောက် ယာဆူကူနီဘုရားကျောင်းကို မီးရှို့ခဲ့ခြင်းအကြောင်းမှာမူ ထိုအချက်အလက်များထဲတွင် ဖော်ပြထားခြင်း မရှိချေ။

…

ဂျပန်နိုင်ငံသို့ ဦးတည်နေသော အခြားလေယာဉ်တစ်စင်းပေါ်တွင်….။

ရဲရှင်းချန်မှာ မျက်လုံးများကိုမှိတ်ကာ တရားထိုင်နေသည်။ သူ၏စိတ်ထဲတွင် ပြန်လည်မြင်ယောင်နေသည်က သူ၏ယခင်ဘဝက လူအချို့က သူ့အသက်ကို ဓားစာခံပြု၍ မိဘများကို ခြိမ်းခြောက်ခဲ့ကြသည့် မြင်ကွင်းများနှင့် သူကိုယ်တိုင် ချောက်ကမ်းပါးပေါ်မှ ခုန်ချခဲ့သည့် နောက်ဆုံးအခိုက်အတန့်ပင်ဖြစ်သည်။

…

ဂျပန်နိုင်ငံရှိ အဝေးပြေးလမ်းမကြီးတစ်ခု၏ ဘေးတွင်…..။

လူငယ်တစ်ဦးသည် မြေပြင်ပေါ်မှ နင်ဂျာအလောင်းများကို သူ၏ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူနေသည်။

“ဟယ်လို သူဌေး... ဓာတ်ပုံတွေ ပို့လိုက်ပါပြီ”

“ဂျပန်ကောင်တွေက ငါတို့အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်”

“ကျန်းချန်မှာ ဒီကောင်တွေကို သတ်နိုင်တဲ့အစွမ်းမရှိဘူး။ ဒါ မင်းလက်ချက်လား” ဖုန်း၏တစ်ဖက်စွန်းမှ သြဇာအာဏာပါသော အသံတစ်ခု ထွက်ပေါ်လာလေ၏။

“သူတို့ကို ကျွန်တော် သတ်ခဲ့တာမဟုတ်ပါဘူး... ဒီတစ်ခေါက် ဂျပန်ကိုလာတဲ့ ဒုတိယအသုတ်အဖွဲ့ထဲမှာ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်လေးတစ်ယောက် ပါတယ်။ သူ့အပေါင်းအပါတစ်ယောက်နဲ့ ဇီးကွက်ဆိုတဲ့လူ... သူတို့သုံးယောက်ရဲ့ လက်ချက်ပါ”

“အိုး... စကားမစပ် မင်းအားရင် ရဲချန်ကို ဘယ်မှာဖမ်းထားလဲ သွားစုံစမ်းလိုက်စမ်း။ ဒီတစ်ခေါက် ငါတို့ ရန်ကြွေးတွေအကုန်ရှင်းပြီး သူ့ကိုပါ ပြန်ခေါ်လာမယ်။ ဟားဟားဟား... သူက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ အကူအညီလိုရင်တောင်းပေါ့။ ဒါနဲ့ သူက သူတို့ရဲ့ ယာဆူကူနီဘုရားကျောင်းကိုပါ မီးရှို့ခဲ့သေးတယ်”

ဖုန်း၏တစ်ဖက်စွန်းမှ အသံထဲတွင် အပြစ်တင်သည့်အရိပ်အယောင် ပါနေသော်လည်း ထိုအသံထဲမှ ရယ်မောသံကိုတော့ ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။

“ဒါဆို လူထပ်ပို့ပေးလိုက်ပါ။ သူတို့က ငါတို့လူတွေကို တိုက်ခိုက်ရဲမှတော့ တရုတ်ပြည်ရဲ့အမျက်ဒေါသကို ရင်ဆိုင်ဖို့လည်း အသင့်ပြင်ထားရမှာပေါ့။ ရဲချန်ကိစ္စကိုတော့ ကျွန်တော် အခုပဲ သွားစုံစမ်းလိုက်ပါ့မယ်”

ထိုသို့ပြောပြီးနောက် လူငယ်က ဖုန်းကိုချလိုက်ကာ မြေပြင်ပေါ်မှ အလောင်းများပေါ်သို့ တံတွေးထွေးလိုက်ပြီး ခနဲ့တဲ့တဲ့ ပြုံးလိုက်၏။ “တော်တော်ဒုက္ခပေးတဲ့ကောင်တွေ နင်ဂျာတဲ့လား အွန်းမျို့ဂျီတဲ့လား”

…

ရဲရှင်းဟွေ့ထံသို့ ပြန်လှည့်ကြည့်ကြပါစို့….။

ရဲရှင်းဟွေ့ ဇီးကွက်နှင့် လျိုကောလျန်တို့ ဆေးရုံသို့သွား၍ ကျန်းချန်ကို ကြည့်ရှုကြသည်။ ကျန်းချန်မှာ သွေးလွန်ခြင်းမှလွဲ၍ အသက်အန္တရာယ်မရှိကြောင်း သိလိုက်သည့်အခါမှ လူတစ်ဦးကို လူနာပြုစုရန် ထားခဲ့ပြီး ကျန်သူများမှာ ဟိုတယ်သို့ ပြန်လာခဲ့ကြ၏။

“မနက်ဖြန် ပြိုင်ပွဲရှိပြီ ရဲရှင်းဟွေ့... မင်း အဆင်ပြေရဲ့လား”

ဟိုတယ်သို့ ပြန်ရောက်သောအခါ လျိုကောလျန်က ရဲရှင်းဟွေ့ကို စိုးရိမ်တကြီး ကြည့်ရင်း မေးလိုက်သည်။

လျိုကောလျန် ဘာကိုဆိုလိုသည်ကို ရဲရှင်းဟွေ့ နားလည်ပါသည်။ ယခင်က ရဲရှင်းဟွေ့ ထိုနင်ဂျာများကို သတ်ဖြတ်နေသည်ကို လျိုကောလျန် ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ပြိုင်ပွဲဝင်တစ်ယောက်အတွက် အရေးအကြီးဆုံးအရာမှာ စိတ်ဓာတ်ပင်ဖြစ်သည်။ လူသတ်ခြင်းက စိတ်ဓာတ်ကို ထိခိုက်စေနိုင်သည် မဟုတ်ပါလား။

“ဘာပြဿနာမှမရှိပါဘူး” ရဲရှင်းဟွေ့က ပြုံး၍ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ ကောင်းပါတယ်။ မင်းရဲ့ကိစ္စတွေအကြောင်း ငါ အများကြီးမမေးတော့ပါဘူး။ ဒီတစ်ခေါက် မင်းရဲ့အကူအညီအတွက် တရုတ်ပြည်နဲ့ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ကိုယ်စား ငါကျေးဇူးတင်ပါတယ်။ ပြီးတော့... တရုတ်ပြည်အတွက် မင်း မဖြစ်မနေ အနိုင်ရရမယ်”

လျိုကောလျန်က အလွန်ခိုင်မာသောလေသံဖြင့် ဆိုလိုက်၏။

“စိတ်မပူပါနဲ့။ တရုတ်ပြည် ရှုံးမှာမဟုတ်ပါဘူး”

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် သူ၏အခန်းသို့ ပြန်သွားလေသည်။

…

ဂျပန်နိုင်ငံရှိ ဟိုဂိုကို့ခု ဘုရားကျောင်း၌။

ချင်းယွဲ့က ဖြည်းညင်းစွာ မျက်လုံးများကို ဖွင့်လိုက်သည်။

သူမ၏ဘေးတွင် ဒူးထောက်ထိုင်နေသော အဖိူမင်က ဤသည်ကိုမြင်သောအခါ သံသယဖြင့် မေးလိုက်၏။ “ချင်းယွဲ့သခင်မ တာဝန်ပြီးမြောက်ခဲ့ပြီလား ခင်ဗျာ”

ချင်းယွဲ့က ခေါင်းခါပြလိုက်ပြီး ဆို၏။ “မပြီးသေးဘူး”

ချင်းယွဲ့၏စကားကို ကြားသောအခါ အဖိုးမင် အံ့အားသင့်သွားသည်။ ဒီတစ်ခေါက် ဂျပန်နိုင်ငံသို့လာသော တရုတ်အဖွဲ့တွင် သိုင်းပညာရှင်တစ်ဦးတည်းသာ ပါဝင်ကြောင်း သူတို့သတင်းရရှိထားပြီး သူတို့ဘက်မှ ကြားဖြတ်တိုက်ခိုက်ရန် ဂျိုနင်နှစ်ဦးအပါအဝင် လူဆယ့်နှစ်ဦးကို စေလွှတ်ခဲ့သည်။ ဂျိုနင်နှစ်ဦးအပြင် အွန်းမျို့ဂျီသခင်မ ချင်းယွဲ့ကိုယ်တိုင်လည်း ပါဝင်သေးသည်။ ထိုသို့ဖြစ်ပါလျက်နှင့် တာဝန်မပြီးမြောက်သည်ဆိုခြင်းက အဖိုးမင်ကို တုန်လှုပ်သွားစေသည်။

ဤတာဝန်၏ သဘောသဘာဝမှာ အရေးကြီးသည်ဟု ဆိုနိုင်သလို သိပ်အရေးမကြီးဟုလည်း ဆိုနိုင်ပေသည်။

နင်ဂျာများက ငွေအတွက် တာဝန်ထမ်းဆောင်ကြလျှင် အွန်းမျို့ဂျီများမှာမူ လူမှုဆက်ဆံရေးသက်သက်ဖြင့်သာ တာဝန်ထမ်းဆောင်ကြသည်။ ဂျပန်နိုင်ငံတွင် အွန်းမျို့ဂျီတစ်ဦး၏ အဆင့်အတန်းမှာ အလွန်မြင့်မားပြီး ဧကရာဇ်မျိုးနွယ်၏ အောက်တွင်သာ ရှိသည်ဟု ဆိုနိုင်၏။ ဤတစ်ကြိမ် တရုတ်စားပွဲတင်တင်းနစ်ကစားသမားများကို တိုက်ခိုက်ရန် ချင်းယွဲ့အား တောင်းဆိုခဲ့သူမှာလည်း ဧကရာဇ်မျိုးနွယ်မှပင် ဖြစ်သည်။

သူတို့ တရုတ်ကစားသမားများကို တိုက်ခိုက်လိုသည့်အကြောင်းရင်းမှာမူ အလွန်ပင် ရယ်ဖွယ်ကောင်းလှသည် - ဂျပန်နိုင်ငံက ပွဲကိုအနိုင်ရလိုသောကြောင့်ပင်။ ဂျပန်စားပွဲတင်တင်းနစ်အသင်းထဲမှ ကစားသမားတစ်ဦးမှာ ဧကရာဇ်၏ အငယ်ဆုံးသားတော်ဖြစ်သည်။ ဤလူငယ်လေး ပျော်ရွှင်စေရန်အတွက် ဧကရာဇ်က ချင်းယွဲ့အား နင်ဂျာများနှင့်အတူ မသမာသောနည်းလမ်းများ အသုံးပြုစေခဲ့ခြင်း ဖြစ်သည်။

…

“ဒါဆို ဒီတာဝန်ကို... ဆက်မလုပ်တော့ဘူးလား ခင်ဗျာ” အဖိုးမင်က တစ်ဖန်ပြန်မေးသည်။

“တာဝန်က အရေးမကြီးတော့ဘူး။ အောက်ကလူတွေကို ဒီစားပွဲတင်တင်းနစ်ပြိုင်ပွဲကို အနီးကပ်စောင့်ကြည့်ခိုင်းလိုက်။ တရုတ်အသင်းထဲမှာ ငါမဖြစ်မနေ ရယူရမယ့်လူတစ်ယောက် ရှိနေတယ်။ သူက တရုတ်တာအိုပညာရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားတယ်”

"တရုတ်တာအိုပညာ၏ အမွေအနှစ်" ဟု ဆိုလိုက်သည်နှင့် ချင်းယွဲ့၏မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်စိတ်လှုပ်ရှားတက်ကြွသွားဟန်သို့ ပြောင်းလဲသွားသည်။

ချင်းယွဲ့၏ အမည်ရင်းမှာ အာဘယ့် ချင်းယွဲ့ဖြစ်သည်။ သူမ၏နာမည်ကိုကြည့်ရုံမျှဖြင့် သူမသည် ဂျပန်နိုင်ငံ၏ ယခင်အွန်းမျို့ဂျီသခင်ကြီး အာဘယ့်နော့စိုင်းမဲလ်၏ မျိုးဆက်တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ သဘာဝအတိုင်းပင် အာဘယ့်နော့စိုင်းမဲလ်၏ မျိုးဆက်များမှာ သူမ၏ မျိုးနွယ်တစ်ခုတည်းသာမကဘဲ ချင်းယွဲ့ပိုင်ဆိုင်သော အာဘယ့်မိသားစုမှာ မျိုးနွယ်ခွဲတစ်ခုမျှသာ ဖြစ်သည်။

သူမသာ တရုတ်တာအိုပညာ၏ အမွေအနှစ်ကို ရရှိနိုင်ပါက အဓိကမိသားစုဝင်တစ်ဦး ဖြစ်လာနိုင်လိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

“ကျွန်တော်တို့ တရုတ်တာအိုပညာရဲ့ အမွေအနှစ်ကို တကယ်ပဲရနိုင်မယ်ဆိုရင်တော့ တာဝန်မပြီးမြောက်ရင်လည်း ကိစ္စမရှိပါဘူး” ထိုသို့ပြောပြီးနောက် အဖိုးမင်သည် ချက်ချင်းပင် လူများကို စေခိုင်းရန် စီစဉ်တော့သည်။

…

အချိန်သည် နောက်တစ်နေ့နံနက်သို့ ရောက်ရှိလာသည်။

ရဲရှင်းဟွေ့နှင့် ပတ်တီးများဖြင့်ရှိနေကြသော တရုတ်အဖွဲ့ဝင်များ ထို့အတူ ရဲရှင်းဟွေ့နှင့်အတူ နောက်မှလိုက်ပါလာသော အဖွဲ့ဝင်များပါ ပြိုင်ပွဲကျင်းပရာနေရာသို့ ထွက်ခွာလာခဲ့ကြသည်။

တရားဝင်အသင်းဝင်များထဲတွင် ကစားနိုင်သူမှာ တစ်ဦးတည်းသာ ကျန်တော့ပြီး သူကစားနိုင်လျှင်ပင် ပွဲများများ ကစားနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ သူ၏လက်ကောက်ဝတ်တွင်လည်း ဒဏ်ရာရှိနေပြီး ထိုဒဏ်ရာမှာ သိပ်မပြင်းထန်သော်လည်း... အပြင်းအထန်ကစားရသောပွဲများတွင် ယှဉ်ပြိုင်ရပါက သူ၏လက်ကောက်ဝတ်မှ ဒဏ်ရာသည် အသေအချာပင် သိသာထင်ရှားသော သက်ရောက်မှုရှိပေလိမ့်မည်။

လူတိုင်း ကားဖြင့် ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်ရှိလာကြသည်။

အခြားနိုင်ငံများမှ အသင်းဝင်များသည် တရုတ်အသင်းဝင်အများအပြား ဒဏ်ရာရရှိနေကြသည်ကို မြင်သောအခါ အံ့ဩသောမျက်နှာအမူအရာများ ပြသကြ၏။ အံ့ဩခြင်းအပြင် သနားခြင်းနှင့် သူတစ်ပါးဒုက္ခတွေ့၍ ဝမ်းသာအားရဖြစ်နေခြင်းတို့လည်း ရှိကြသည်။

သူတစ်ပါးဒုက္ခတွေ့၍ ဝမ်းသာအားရဖြစ်နေသူတွေမှာ အခြားနိုင်ငံမဟုတ် ကင်ချီနိုင်ငံသားများပင် ဖြစ်သည်။

…

ပြိုင်ပွဲ စတင်လေပြီ။

မနေ့က လျိုကောလျန်သည် ရဲရှင်းဟွေ့နှင့် နောက်မှလိုက်ပါလာသော အခြားအသင်းဝင်များ၏ အမည်စာရင်းကို တင်သွင်းပြီးဖြစ်သည်။

တရုတ်အသင်းဝင်အများစု ဒဏ်ရာရရှိနေကြောင်း သိပြီးနောက် လူအများအပြားသည် တရုတ်၏ ရှုံးပွဲမရှိဒဏ္ဍာရီမှာ အဆုံးသတ်တော့မည်ဟု ယုံကြည်နေကြ၏။

သို့သော် ပြိုင်ပွဲစတင်ပြီးနောက်တွင်မူ သူတို့သည် တရုတ်မှာ ယခင်က တရုတ်ပင်ဖြစ်နေသေးပြီး ရှုံးပွဲမရှိသော ထိုတရုတ်ပင် ဖြစ်နေသေးသည်ကို တွေ့ရှိလိုက်ကြရသည်။

လက်ကောက်ဝတ်ဒဏ်ရာဖြင့်ရှိသော တရုတ်အသင်းဝင်၏အမည်မှာ မာလုဖြစ်ပြီး သူသည် လက်ကောက်ဝတ်ဒဏ်ရာ ရှိနေသော်လည်း သူ၏တည်ငြိမ်ပြီး ခိုင်မာသော ကစားဟန်ကြောင့် တစ်မှတ်မျှပင် အရှုံးမပေးခဲ့။

မာလုအပြင် ရဲရှင်းဟွေ့သည်လည်း တစ်မှတ်မျှပင် မရှုံးဘဲ နောက်ဆုံးအဆင့်သို့ ဝင်ရောက်လာခဲ့သည်။

နောက်ဆုံးတွင် တစ်ဦးချင်း ဗိုလ်လုပွဲမှာ တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြားက ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့လေသည်။

မာလုက ဦးစွာ ကစားရ၏။

သူဝင်လာသောအခါ ရဲရှင်းဟွေ့က သူ၏လက်ကောက်ဝတ်ကို အခြားလက်တစ်ဖက်ဖြင့် အဆက်မပြတ် ပွတ်သပ်နေသည်ကို မြင်လိုက်သည်။ မာလု၏ လက်ကောက်ဝတ်က ဂိတ်ဆုံး ရောက်ရှိနေလောက်ပြီဟု သူသိလိုက်၏။

“နည်းပြ... မာလု အဆင်ပြေရဲ့လား”

ရဲရှင်းဟွေ့က သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လျိုကောလျန်ကို ကြည့်ရင်း မေးလိုက်သည်။

“သူ့ကို ယုံကြည်လိုက်ပါ”

ထိုသို့ကြားသောအခါ ရဲရှင်းဟွေ့ စကားမဆက်တော့ပေ။

ကစားကွင်းပေါ်တွင်။

မာလုသည် အစပိုင်းတွင် အမှန်ပင် အဖိနှိပ်ခံနေရသည်။ ထိုမျှသာမက ပြိုင်ဘက်က တစ်မှတ်အနိုင်ရတိုင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ နေရာမှာပင် လှည့်ပတ်နေသေး၏။

ဤအချက်က ရဲရှင်းဟွေ့ကို အတော်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။

မကြာမီ ပွဲသည် ပြိုင်ဘက် ဂျပန်ကစားသမား၏ ပွဲသိမ်းမှတ်သို့ ရောက်ရှိလာသည်။ရ

ရမှတ်မှာ နှစ်မှတ်-တစ်မှတ်။

ဂျပန်ကစားသမားသည် အနိုင်မှာသေချာပြီဟု ယုံကြည်လျက် ရဲရှင်းဟွေ့နှင့် လျိုကောလျန်တို့ရှေ့သို့ လျှောက်လာကာ သူ၏ကြွက်သားများကို ထုတ်ဖော်ကြွားဝါတော့သည်။

ရေခဲအိတ်ဖြင့် ရေခဲကပ်နေသော မာလုသည် ဤမြင်ကွင်းကိုမြင်သောအခါ သူ၏လက်သီးများကို ဆုပ်လိုက်သည်။ သူ၏လက်ကောက်ဝတ်မှ နာကျင်မှုက ရုတ်တရက် ပျောက်ကွယ်သွားသလိုပင်။ သူအခုတွေးနေတာတစ်ခုပဲ ရှိတော့သည်။

‘ငါ မဖြစ်မနေနိုင်ရမယ်... ဒီကောင့်မျက်နှာကို ပိတ်ထိုးပစ်ရမယ်...။

All Chapters