လူပုံအလယ်၌...
Vol. 7 Ch. 91
ရဲရှင်းဟွေ့၏ ခြိမ်းခြောက်စကားကြောင့် ရှောက်ကုန်း ကျစ်ဟယ်မှာ အနည်းငယ် ကြောက်ရွံ့သွား၏။
စောစောက ဘာဖြစ်သွားသည်ကို သူအတိအကျမသိသော်ငြား ပတ်ဝန်းကျင်မှ ပရိသတ်များ၏ မျက်နှာထားကိုကြည့်လျှင် ကောင်းသည့်ကိစ္စမဟုတ်မှန်းတော့ သူရိပ်စားမိသည်။ သို့သော် လိမ်လည်ကစားရန်အတွက် အထူးခေါ်ယူလာခဲ့သော ပွဲကြည့်စင်မှ လူအချို့ကို မြင်လိုက်ရသည့်အခါတွင်တော့ သူ၏ယုံကြည်မှုများ ပြန်လည်ပြည့်ဝလာခဲ့သည်။
‘မင်း ပုံရိပ်ယောင်ပညာတတ်တော့ ဘာဖြစ်လဲ။ မင်းကတစ်ယောက်တည်း ငါ့ဘက်မှာတော့ ကူညီပေးမယ့်သူတွေ အများကြီးပဲ။’
ထိုသို့စဉ်းစားပြီးနောက် ရှောက်ကုန်း ကျစ်ဟယ်က ဘောလုံးကိုနောက်တစ်ကြိမ် ပစ်မြှောက်ကာ စတင်တည်ပေးလိုက်သည်။
ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့က သူ၏ရှေ့မှ ဤကောင်လေးမှာ ခေါင်းခေါက်ကာငိုရမှ သိမည့်ပုံမျိုးဖြစ်နေကြောင်း သိလိုက်၏။ ထို့ကြောင့် သူသည်လည်း ဘောလုံးအစား ရှောက်ကုန်း ကျစ်ဟယ်၏ မျက်လုံးများကိုသာ စူးစိုက်ထားလိုက်သည်။
ရဲရှင်းဟွေ့ကတော့ ဘောလုံးကို ပြန်ရိုက်ရန်ပင် စိတ်မဝင်စားတော့။ ယခု သူလိုချင်သည်မှာ ရှောက်ကုန်း ကျစ်ဟယ်အား လူပုံအလယ်တွင် အရှက်ကွဲခြင်းဟူသော အရသာကို မြည်းစမ်းစေရန်သာ ဖြစ်သည်။
…
ဘောလုံးရောက်လာသည်နှင့် ရဲရှင်းဟွေ့၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူက ဧကရာဇ်စက်အင်ဂျင်ကို စတင်လိုက်သည်။
ဧကရာဇ်စက်အင်ဂျင် စတင်လည်ပတ်သည်နှင့် ရဲရှင်းဟွေ့၏ဩဇာအရှိန်အဝါသည် ရုတ်တရက်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာခဲ့သည်။ မူလက ရဲရှင်းဟွေ့အား စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပြုလုပ်ရန်နှင့် ရှောက်ကုန်း ကျစ်ဟယ်အား ကာကွယ်မှုပေးရန် ကြံရွယ်ထားသူအားလုံး၏ နှလုံးသားများ တုန်လှုပ်ခြောက်ခြားသွားကြသည်။
ရဲရှင်းဟွေ့နှင့် အနီးဆုံးဖြစ်သော ရှောက်ကုန်း ကျစ်ဟယ် အနီးအနားမှ ဒိုင်လူကြီးနှငစူးစိုက်ထားလိုက်သမှာ ထိုဖိအားကို ပို၍ပင် ပြင်းထန်စွာ ခံစားလိုက်ရပြီး သူ့ကိုတည့်တည့်ပင် မကြည့်ဝံ့တော့ပေ။
အဝေးတွင်ရှိနေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာမူ သူတို့၏စိတ်ထဲမှ ရဲရှင်းဟွေ့ကို တိတ်တဆိတ် စတင်ကျိန်ဆဲနေကြတော့သည်။ သူတို့သည် ဧကရာဇ်စက်အင်ဂျင်၏ သက်ရောက်မှုအောက်တွင် မရှိသောကြောင့် ရဲရှင်းဟွေ့၌ မည်သည့်ပြောင်းလဲမှုကိုမျှ မသတိပြုမိကြ။ သူတို့မြင်ရသည်မှာ... ရဲရှင်းဟွေ့ ဘောလုံးကိုပြန်မရိုက်ဘဲ အရှုံးပေးလိုက်သည့်အလား မလှုပ်မယှက် ရပ်နေခြင်းသာဖြစ်သည်။
ရဲရှင်းဟွေ့သည် ပတ်ဝန်းကျင်မှလူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ သူ၏အာရုံစိုက်မှုအားလုံးမှာ ဤအချိန်တွင် ရှောက်ကုန်း ကျစ်ဟယ်ထံ၌သာ ရှိနေ၏။
အထူးစွမ်းရည်ဖြစ်သော ပုံရိပ်ယောင်ကို တစ်ဖန်ပြန်၍ အသက်သွင်းလိုက်သည်။
ဧကရာဇ်စက်အင်ဂျင်ကြောင့် ပတ်ဝန်းကျင်မှ အထူးပုဂ္ဂိုလ်များသည် လုံးဝတုံ့ပြန်နိုင်စွမ်းမရှိကြတော့ဘဲ ထိုသို့ဖြင့် ရှောက်ကုန်း ကျစ်ဟယ်သည် နောက်တစ်ကြိမ် သားကောင်ဖြစ်သွားရပြန်သည်။
မှုန်ဝါးသောမျက်လုံးများဖြင့် ရှောက်ကုန်း ကျစ်ဟယ်သည် ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာရှေ့သို့ ရောက်လာပြီး ချက်ချင်းပင် အဝတ်အစားများချွတ်ခြင်း ချွဲနွဲ့ပြခြင်း စသည့် အရှက်ရဖွယ်အပြုအမူအမျိုးမျိုးကို စတင်ပြုလုပ်နေတော့သည်။
ရှောက်ကုန်း ကျစ်ဟယ် သူ၏နောက်ဆုံးအဝတ်အစားတစ်စကို ချွတ်ရန်ပြုစဉ်မှာပင် ယခင်က ကွင်းထဲသို့ရောက်လာခဲ့သော လူလတ်ပိုင်းအရွယ်အမျိုးသားက အကာအရံများကို တိုက်ရိုက်ခုန်ကျော်ကာ ရှောက်ကုန်း ကျစ်ဟယ်ကို တားဆီးလိုက်၏။
ပတ်ဝန်းကျင်မှ ပွဲကြည့်ပရိသတ်အားလုံးမှာ ဤအဖြစ်အပျက်အားလုံးကို ကြည့်ရင်း လုံးဝမှင်သက်သွားကြသည်။
“ဒီဂျပန်ကစားသမားက... တော်တော်နှာဘူးကျတာပဲ...”
“နှာဘူးကျတာကတော့ ဟုတ်ပါတယ် ဒါပေမဲ့ သေးလွန်းတယ်...”
“ဟားဟားဟားဟား... ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်...”
“အရင်ဂျပန်ကစားသမားက အနိုင်ရရင် အော်ဟစ်ပြီး လှည့်ပတ်နေတာ ဒီတစ်ယောက်ကတော့ ပိုကြမ်းတယ် တိုက်ရိုက်ပဲ အဝတ်ချွတ်ကပြပါလေရော...”
“ဂျပန်နိုင်ငံကလူတွေအားလုံး စိတ်ပိုင်းဆိုင်ရာပြဿနာရှိကြတယ် ထင်ပါရဲ့”
…
ပတ်ဝန်းကျင်မှလူများ၏ ဆွေးနွေးသံများကိုကြားရင်း ယခုလေးတင်မှ ပြန်လည်နှိုးထလာသော ရှောက်ကုန်း ကျစ်ဟယ်သည် နောက်ဆုံးတွင် သတိပြန်လည်လာသည်။ ထို့နောက် သူသည် သူ၏အတွင်းခံမှလွဲ၍ ကျန်အရာအားလုံးကို ချွတ်ထားသည်ကို တွေ့လိုက်ရ၏။ သူ၏လက်တစ်ဖက်မှာ သူ၏အတွင်းခံကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ၎င်းကိုဆွဲချွတ်ကာ ကွင်းအတွင်း၌ ‘အဝတ်မပါဘဲ ပြေးလွှားခြင်း’ ပြုလုပ်ရန် ကြံရွယ်နေသည့်ပုံပင်။
အကယ်၍ တစ်စုံတစ်ယောက်က သူ၏လက်ကောက်ဝတ်ကို ဆွဲမထားခဲ့ပါလျှင် သူသည် ‘အဝတ်မပါဘဲ ပြေးလွှားခြင်း’ကို တိုက်ရိုက်ထုတ်လွှင့်မိတော့မည်မှာ သေချာပေသည်..။
ပတ်ဝန်းကျင်မှလူများ၏ လှောင်ပြောင်သရော်သံများကို ခံစားရရင်း ရှောက်ကုန်း ကျစ်ဟယ်၏မျက်နှာသည် မုန်လာဥနီကဲ့သို့ နီရဲလာသည်။
ရှောက်ကုန်း ကျစ်ဟယ် အဝတ်အစားများဝတ်ရန် အလုပ်ရှုပ်နေစဉ်မှာပင် ရဲရှင်းဟွေ့က စကားစလိုက်သည်။
“နောက်တစ်ခေါက် ထပ်လုပ်ချင်သေးလား”
ရဲရှင်းဟွေ့၏စကားကိုကြားသောအခါ ရှောက်ကုန်း ကျစ်ဟယ်၏နှလုံးသားသည် တုန်လှုပ်သွားသည်။
ကြောက်ပါသည် အလွန်ပင်ကြောက်ရပါသည်။
ဤကြောက်ရွံ့မှုမှာ သူပုံရိပ်ယောင်ထဲ နှစ်ကြိမ်တိုင်တိုင် ကျရောက်ခဲ့သောကြောင့်သာမက ယခုလေးတင်က ဧကရာဇ်စက်အင်ဂျင်၏ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်သည်။
“ငါ... ငါအရှုံးပေးပါတယ်...”
ရှောက်ကုန်း ကျစ်ဟယ်က စကားထစ်အအဖြင့် ပြောလိုက်၏။
ရှောက်ကုန်း ကျစ်ဟယ်၏စကားကိုကြားသောအခါ သူ၏ဘေးမှ လူလတ်ပိုင်းအရွယ်အမျိုးသားက စိုးရိမ်လာသည်။
“မဖြစ်ဘူး။ ရှောက်ကုန်း ကျစ်ဟယ်မင်းသား ဘယ်လိုရှုံးလို့ဖြစ်မှာလဲ...” ဤနေရာတွင် လူလတ်ပိုင်းအရွယ်အမျိုးသားသည် သူ၏အသံကိုနှိမ့်လိုက်ပြီး ရှောက်ကုန်း ကျစ်ဟယ်တစ်ဦးတည်းသာကြားနိုင်သောလေသံဖြင့် ဆက်ပြော၏။ “ပတ်ဝန်းကျင်မှာ လူတွေရှိပါတယ် စိတ်မပူပါနဲ့ မင်းနောက်တစ်ခါ ထပ်ပြီးကျရောက်တော့မှာ မဟုတ်ဘူး”
လူလတ်ပိုင်းအရွယ်အမျိုးသား၏စကားကိုကြားသောအခါ ရှောက်ကုန်း ကျစ်ဟယ်သည် ဒေါသတကြီးဖြစ်သွားသည်။
“သေစမ်း... မင်းတို့ကို အရမ်းယုံကြည်မိလို့ပဲ ငါခုနက ဒီလောက်အရှက်ကွဲခဲ့ရတာ...”
လူလတ်ပိုင်းအရွယ်အမျိုးသားက ဤသည်ကိုကြားသောအခါ အနည်းငယ်စကားမပြောနိုင်ဖြစ်သွားသည်။ အမှန်ပင် ထိုနှလုံးတုန်လှုပ်ဖွယ် နှလုံးခုန်သံကိုကြားပြီးနောက် တစ်ချိန်တည်းမှာပင် လှုပ်ရှားရန်အသင့်ပြင်နေခဲ့ကြသော အထူးပုဂ္ဂိုလ်များအားလုံးမှာ မှင်သက်သွားခဲ့ကြသည်။
ရှောက်ကုန်း ကျစ်ဟယ်၏ ဆက်လက်မကစားရန် စိတ်ပိုင်းဖြတ်ထားမှုကိုမြင်သောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားလည်ူ သက်ပြင်းတစ်ချက်သာ ချနိုင်တော့သည်။
သို့သော် ရှောက်ကုန်း ကျစ်ဟယ် ဒိုင်လူကြီးထံသို့ သူအရှုံးပေးကြောင်း မပြောမီမှာပင် ရဲရှင်းဟွေ့က တစ်ဖန်ပြန်၍ဆိုလိုက်သည်။ “မင်းမနှောင့်ယှက်သရွေ့ ငါလည်း ပုံရိပ်ယောင်တွေမသုံးဘူး။ ငါတို့ တရားမျှတတဲ့ပွဲတစ်ပွဲ ကစားလို့ရတယ်”
ရဲရှင်းဟွေ့၏စကားကိုကြားသောအခါ ဒိုင်လူကြီးထံသို့ ဦးတည်နေသော ရှောက်ကုန်း ကျစ်ဟယ်၏ခြေလှမ်းများသည် ချက်ချင်းပင် ရပ်တန့်သွားသည်။ သူသည် ဦးစွာ ရဲရှင်းဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏လက်ထဲမှ ရက်ကက်ကိုကြည့်၍ စဉ်းစားလိုက်သည်။
‘ငါစားပွဲတင်တင်းနစ်ကို လေ့ကျင့်လာတာ တစ်လရှိပြီ။ အပြင်ကအကူအညီမပါရင်တောင် ဒီတရုတ်ကောင်ကို အနိုင်ရဖို့က ပြဿနာမဟုတ်လောက်ပါဘူး။’
အကယ်၍ ရဲရှင်းဟွေ့နှင့် ပတ်ဝန်းကျင်မှ ကစားသမားများသာ ဤအရူး၏အတွေးကို သိရှိခဲ့ပါလျှင် သူတို့သည် သူ့ကို သေအောင်ရိုက်သတ်ကြမည်မှာ သေချာပေသည်။
“ကောင်းပြီ... မင်းနဲ့ သေသေချာချာပွဲတစ်ပွဲ ကစားမယ်”
ထိုသို့ပြောပြီးနောက် ရှောက်ကုန်း ကျစ်ဟယ်သည် စားပွဲဆီသို့ တစ်ဖန်ပြန်လျှောက်သွားပြီး ဘောလုံးတည်ပေးရန် ပြင်ဆင်လိုက်သည်။
ရှောက်ကုန်း ကျစ်ဟယ်၏စကားကိုကြားသောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားသည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် ပွဲကြည့်စင်မှ ပရိသတ်အား အမူအရာတစ်ခုပြလိုက်၏။ အဓိပ္ပာယ်မှာ “ဒီနောက်ပိုင်း ဝင်စွက်ဖက်ရန် မလိုတော့” ဟူ၍ဖြစ်သည်။
လူလတ်ပိုင်းအရွယ်အမျိုးသားမှာ ရှောက်ကုန်း ကျစ်ဟယ်၏ အိမ်တော်ထိန်းဖြစ်ပြီး အမည်မှာ နီရှီနာကာ အာကာရှီဖြစ်သည်။ နီရှီနာကာ အာကာရှီသည် ရှောက်ကုန်း ကျစ်ဟယ်၏အရေးကိစ္စအားလုံးကို တာဝန်ယူရပြီး လွန်ခဲ့သောတစ်လကျော်က ရှောက်ကုန်း ကျစ်ဟယ်က အပြည်ပြည်ဆိုင်ရာ စားပွဲတင်တင်းနစ်ပြိုင်ပွဲ စတင်တော့မည်ကို သိရှိသောအခါ သူပါဝင်ယှဉ်ပြိုင်လိုခဲ့သည်။ သူ၏အိမ်တော်ထိန်းတစ်ဦးအနေဖြင့် နီရှီနာကာ အာကာရှီသည် သဘာဝအတိုင်းပင် သူ့ကိုထောက်ခံရန် ရွေးချယ်ခဲ့သည်။
ဧကရာဇ်မျိုးနွယ်၏ မင်းသားကြီးက ဂျပန်နိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်လိုသည်ဆိုသောအခါ ဂျပန်နိုင်ငံ၏ စားပွဲတင်တင်းနစ်အသင်းချုပ်သည် သဘာဝအတိုင်းပင် အလွန်ပျော်ရွှင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနည်းဖြင့် သူတို့သည် ရန်ပုံငွေများ ပိုမိုရရှိနိုင်သောကြောင့်ဖြစ်သည်။ သူ၏အငယ်ဆုံးသားတော် ပါဝင်ယှဉ်ပြိုင်လိုသည်ကို သိရှိပြီး သူ၏လိမ္မာသောသားငယ်လေး ပျော်ရွှင်စေရန်အတွက် ဧကရာဇ်က နီရှီနာကာ အာကာရှီအား ချင်းယွဲ့ကို ရှာဖွေစေခဲ့သည်။
ယခုအခါတွင် ရှောက်ကုန်း ကျစ်ဟယ်က သူ၏ကိုယ်ပိုင်အစွမ်းဖြင့် ပွဲကိုအနိုင်ရရန် ကြံရွယ်နေသည်ကို မြင်သောအခါ နီရှီနာကာ အာကာရှီသည် စိတ်ထဲမှသာ သက်ပြင်းချနိုင်တော့သည်။
နီရှီနာကာ အာကာရှီသည် ရှောက်ကုန်း ကျစ်ဟယ်ကို ငယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့ပြီး သူတို့၏ဧကရာဇ်ထက်ပင် ရှောက်ကုန်း ကျစ်ဟယ်ကို ပိုမိုနားလည်သည်။ ဧကရာဇ်က ဧကရာဇ်မျိုးနွယ်သွေးပါသူများသည် အလွန်ထက်မြက်သည်ဟု အမြဲတစေ ယုံကြည်သော်လည်း ရှောက်ကုန်း ကျစ်ဟယ်ကို ငယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့သော နီရှီနာကာ အာကာရှီမှာမူ ရှောက်ကုန်း ကျစ်ဟယ်သည် လုံးဝကို အရူးတစ်ဦးဖြစ်ကြောင်း သိရှိသည်။ အကယ်၍သာ ဧကရာဇ်၏သားတော်ဟူသော ဘုန်းရောင်ခြည်မရှိခဲ့ပါလျှင် သူသည် လမ်းပေါ်တွင် ငတ်မွတ်၍ သေဆုံးသွားမှာ ကြာပြီဖြစ်သည်။
သူသာ အရူးမဟုတ်ခဲ့ပါလျှင် စားပွဲတင်တင်းနစ်ကို တစ်လလေ့ကျင့်ရုံဖြင့် ကျွမ်းကျင်စားပွဲတင်တင်းနစ်ကစားသမားတစ်ဦးကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတွေးထင်မည်မဟုတ်ပေ။
…
ရှောက်ကုန်း ကျစ်ဟယ်သည် ယုံကြည်မှုအပြည့်ဖြင့် ဘောလုံးတည်ပေးလိုက်သည်။
ဘောလုံးသည် ရဲရှင်းဟွေ့၏ စားပွဲဘက်ခြမ်းသို့ ထိမှန်သွားသည့်အခိုက်အတန့်မှာပင် သူသည် သူ၏နားနားမှ လေတစ်ချက် ဖြတ်တိုက်သွားသည်ကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူတို့ဘေးမှ ဒိုင်လူကြီးသည်လည်း ရဲရှင်းဟွေ့ဘက်သို့ အမှတ်တစ်မှတ် ပေါင်းထည့်ပေးလိုက်၏။
ရှောက်ကုန်း ကျစ်ဟယ်သည် ဗလာနတ္ထိဖြင့် သူ၏ပါးကို တို့ထိလိုက်ပြီးနောက် ရဲရှင်းဟွေ့ကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ “မင်း... မင်းပုံရိပ်ယောင်မသုံးဘူးလို့ မပြောခဲ့ဘူးလား”
ရဲရှင်းဟွေ့ - ?????