ကြမ်းကြုတ်သော တစ္ဆေ
Vol. 7 Ch. 95
အန်းပေချင်းယွဲ့သည် သူမစီမံခန့်ခွဲရာ ယာဆုကုနိနတ်ကွန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယာဆုကုနိနတ်ကွန်း၏ အပြင်ဘက်တွင် ဘုရင်ဖြူသည် ခေါင်းလေးစောင်းငဲ့ကာ အန်းပေချင်းယွဲ့ ယာဆုကုနိနတ်ကွန်းအတွင်းသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီးနောက် သူ၏အတောင်ပံများကိုခတ်ကာ ထွက်ခွာသွားလေသည်။
ချင်းယွဲ့မှာတော့ ငှက်တစ်ကောင်က သူ့နောက်သို့လိုက်နေသည်ကို သဘာဝကျကျပင် မသိရှိခဲ့ချေ။
ယာဆုကုနိနတ်ကွန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် ချင်းယွဲ့သည် ယာဆုကုနိနတ်ကွန်း၏ တစ္ဆေမွေးမြူရာမြေသို့ တည့်တည့်မတ်မတ်ပင် သွားလေသည်။
ဤနေရာတွင် မွေးမြူထားသော တစ္ဆေအရေအတွက်မှာ နိုဂိနတ်ကွန်းထက်ပင် ပိုမိုများပြားပြီး ဤအကြောင်းကြောင့်ပင် အန်းပေမျိုးနွယ်စုခွဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော သူမသည် ဤနေရာကို စောင့်ကြပ်ရန် လိုအပ်ခြင်းဖြစ်လေသည်။
တစ္ဆေမွေးမြူရာမြေ၏ ဝင်ပေါက်သို့ ရောက်ရှိလာသည့်အခါ အဘိုးအိုတစ်ဦးသည် ချင်းယွဲ့ထံသို့ ချဉ်းကပ်လာခဲ့သည်။
“ချင်းယွဲ့ ဒီပြင်းထန်တဲ့တစ္ဆေတွေက ပိုပိုပြီးတော့ မငြိမ်မသက်ဖြစ်လာပြီ ဘယ်လိုလုပ်ကြမလဲ”
ထိုအဘိုးအို၏အမည်မှာ အဘိုးကွေ့ဖြစ်ပြီး သူသည် အန်းပေချင်းယွဲ့၏ အစေခံတစ်ဦးပင်ဖြစ်သည်။
“ငါတို့ ခဏလောက်ပဲ ယာယီဖိနှိပ်ထားလို့ရမယ်။ မျိုးနွယ်စုကြီးရဲ့အစီအစဉ်တွေပြီးသွားတာနဲ့ ငါတို့ ဒီနေရာမှာ ဒီလောက်ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ဘူး”
အန်းပေချင်းယွဲ့သည် အခန်းထဲမှ အဆက်မပြတ်ယိုစိမ့်ထွက်နေသော တစ္ဆေချီစွမ်းအင်ကိုကြည့်ရင်း လေးနက်သောလေသံဖြင့် ဆိုလိုက်၏။
“မျိုးနွယ်စုကြီးက တိတိကျကျ ဘာလုပ်ဖို့ကြံစည်နေတာလဲ” အဘိုးကွေ့က အနည်းငယ် နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“သူတို့... သူတို့ တရုတ်ပြည်က အင်အားကြီးသူ အနည်းငယ်ကို ဖြေရှင်းချင်ကြတဲ့ပုံပဲ”
“သူတို့ လက်မလျှော့ကြသေးဘူးပဲ အမြဲတမ်း တရုတ်ပြည်ထဲကိုဝင်ပြီး တရုတ်နဂါးသွေးကြောရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေချင်နေကြတာ...”
…
တစ်ဖက်တွင်တော့...
ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့ ထွက်ခွာသွားပြီးနောက် နိုဂိနတ်ကွန်းမှမီးသည်လည်း စတင်လောင်ကျွမ်းလာပြီး နိုဂိနတ်ကွန်းသာမက နိုဂိတောင်တစ်ခုလုံးပါ မီးလောင်ကျွမ်းသွားလေသည်။
သူတို့နှစ်ဦး တောင်အောက်သို့ ဆင်းသက်လာသည့်အချိန်တွင် ဘုရင်ဖြူမှာလည်း အတော်ပင် ပြန်လည်ပျံသန်းလာခဲ့သည်။
“သူဌေး အဲ့ဒီအမျိုးသမီးရဲ့နေရာကို ကျွန်တော်တွေ့ပြီ”
ရဲရှင်းဟွေ့သည် ထိုစကားကိုကြားသော် ခေါင်းညိတ်ကာ ဆိုလိုက်သည်။ “လမ်းပြ”
ဇီးကွက်သည် ရဲရှင်းဟွေ့ ဘာလုပ်ရန်ကြံစည်နေသည်ကို မသိသော်လည်း သူသည် များများစားစားမပြောတော့ပေ။ နောက်ဆုံးတော့ နိုဂိနတ်ကွန်းလည်း မီးရှို့ပြီးခဲ့ပြီဖြစ်သောကြောင့် အနည်းငယ်ထပ်မီးရှို့ရုံနှင့် ဘာမှဖြစ်သွားမည်မဟုတ်ပေ။
ထို့ကြောင့် ဇီးကွက်သည် နင်ဂျာ၏ကားကိုမောင်းနှင်ကာ ရဲရှင်းဟွေ့ကိုခေါ်ဆောင်ပြီး လေထဲတွင်ပျံသန်းနေသော ဘုရင်ဖြူနောက်သို့လိုက်ကာ ယာဆုကုနိနတ်ကွန်းဆီသို့ ခရီးဆက်ခဲ့ကြသည်။
နိုဂိနတ်ကွန်းကဲ့သို့ပင် ယာဆုကုနိနတ်ကွန်းတွင်လည်း ဒုတိယကမ္ဘာစစ်မှ ဂျပန်စစ်ရာဇဝတ်ကောင်များကို ကိန်းဝပ်စေထားလေသည်။
ကားပေါ်မှဆင်းပြီးနောက် ရဲရှင်းဟွေ့သည် သူ၏တတိယမျက်လုံးကိုဖွင့်လိုက်ရာ ယာဆုကုနိနတ်ကွန်း၏ အတွင်းနက်နက်မှ တစ္ဆေချီစွမ်းအင်အမျှင်တန်းများ တက်လာသည်ကို ချက်ချင်းပင် တွေ့မြင်လိုက်ရလေသည်။
“သေချာတယ် ဒါလည်း တစ္ဆေမွေးမြူတဲ့မြေပဲ”
ဂျပန်လူမျိုးများ ဤတစ္ဆေမွေးမြူရာမြေများဖြင့် ဘာလုပ်နေကြသည်ကို သူ မသိသော်ငြား ကောင်းသောကိစ္စတစ်ခုခုတော့ မဖြစ်နိုင်သည်မှာ သေချာသည်။
အရေးကြီးဆုံးမှာ ဤနေရာတွင် ကိန်းဝပ်စေထားသော ပြင်းထန်သောတစ္ဆေများအားလုံးသည် ဒုတိယကမ္ဘာစစ်အတွင်း သူတို့၏တရုတ်ပြည်ကို ထိခိုက်စေခဲ့သော ဂျပန်စစ်ရာဇဝတ်ကောင်များဖြစ်နေခြင်းပင် ဖြစ်သည်။
နတ်ဆိုးများကိုသတ်ဖြတ်ပြီး အမှောင်ကိုဖယ်ရှားခြင်းရှုထောင့်မှဖြစ်စေ သွေးဆူနေသော တရုတ်လူငယ်တစ်ယောက်၏ရှုထောင့်မှဖြစ်စေ ပြင်းထန်သောတစ္ဆေများကို ဖျက်ဆီးပြီး နတ်ကွန်းကိုမီးရှို့ခြင်းမှာ လုံးဝပင်အဆင်ပြေပေသည်။
ရဲရှင်းဟွေ့၏ လက်ရှိနည်းလမ်းများမှာ ထိုမျှအားမကောင်းသေးသည်သာ။ အကယ်၍သာ ဤပြင်းထန်သောတစ္ဆေများကို ထုပ်ပိုးသိမ်းယူသွားနိုင်သည့် နည်းလမ်းတစ်ခုခုသာ သူ၌ရှိပါက ရဲရှင်းဟွေ့သည် သူတို့ကို သေချင်စိတ်ပေါက်သွားအောင် လုပ်မိမည်မှာ သေချာသည်။
မဟုတ်သေးဘူး ဒါမမှန်ဘူး သူတို့က သေပြီးသားတွေပဲ။ တိတိကျကျပြောရလျှင် သူတို့ကို သေပြီးသည့်တိုင် ငြိမ်းချမ်းစွာမအိပ်စက်နိုင်အောင် လုပ်ပစ်မည်သာ။
…
ဤတစ်ကြိမ်တွင် ရဲရှင်းဟွေ့သည် လမ်းလွှဲသွားရန် အစီအစဉ်မရှိတော့ချေ။ မည်သို့ပင်ဖြစ်စေ မကြာမီမီးရှို့တော့မည်ဖြစ်သောကြောင့် လမ်းလွှဲသွားခြင်းမှာ အဓိပ္ပာယ်မရှိပေ။
ထို့အပြင် နေ့လယ် ငါးနာရီပင်ကျော်လွန်နေပြီဖြစ်သည်။ ထို့ထက်နောက်ကျပြီး နေဝင်သွားပါက ထိုပြင်းထန်သောတစ္ဆေများကို ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။
နေဝင်သွားသည့်အခါ ယင်ဓာတ်အားကောင်းပြီး ယန်ဓာတ်အားနည်းသွားကာ ပြင်းထန်သောတစ္ဆေများနှင့် သူတို့ထုတ်လွှတ်သော တစ္ဆေချီစွမ်းအင်များမှာ ပိုမိုအားကောင်းလာပေလိမ့်မည်။
…
သူသည် ဇီးကွက်ကို ယာဆုကုနိနတ်ကွန်းအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် တစ္ဆေချီစွမ်းအင်အထူထပ်ဆုံးဖြစ်သောနေရာသို့ လျှောက်သွားလေသည်။
သူတို့နှစ်ဦး တစ္ဆေချီစွမ်းအင်အများဆုံးစုစည်းရာနေရာသို့ ရောက်ရှိလာသည့်အခါ နိုဂိနတ်ကွန်းရှိ အိမ်နှင့်ဆင်တူသော အမှောင်အိမ်တစ်လုံးကို တွေ့လိုက်ရလေသည်။
ချင်းယွဲ့သည်လည်း ကြာမုဒြာပုံသဏ္ဌာန်များဖွဲ့ကာ အတွင်းမှပျံ့နှံ့ထွက်နေသော တစ္ဆေချီစွမ်းအင်ကို ဖိနှိပ်ရန် ကြိုးစားနေလေသည်။
ချင်းယွဲ့သည် ရဲရှင်းဟွေ့ကိုမြင်သော် သူမသည်လည်း အနည်းငယ် ကြက်သေသေသွားလေသည်။
“မင်း... မင်း မသေသေးဘူးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရဲရှင်းဟွေ့သည် ထိုစကားကိုကြားသော် ပြုံးလိုက်ပြီး ဆိုလိုက်သည်။ “ဟီးဟီး အဲဒီတစ္ဆေပေါက်စတွေက ငါ့ကိုသတ်နိုင်မယ်လို့ မင်းထင်နေတာလား။ မင်းက တရုတ်တာအိုပညာကျင့်စဉ်တွေအကြောင်း ဘာမှမသိဘူးလို့ပဲ ပြောရတော့မယ်”
“မင်း မသေသေးမှတော့ ဒီမှာဘာလုပ်နေတာလဲ” ချင်းယွဲ့က မနှစ်မြို့ဟန်လေသံဖြင့် မေးလိုက်သည်။
“ငါဘာလုပ်နေတာလဲ” ရဲရှင်းဟွေ့က သူ၏ဦးခေါင်းနောက်စေ့ကိုကုတ်လိုက်ပြီးနောက် ချင်းယွဲ့ တုံ့ပြန်ရန်မစောင့်ဘဲ ရှေ့သို့ပြေးဝင်သွားကာ သူ၏ Wolverine သံမဏိလက်သည်းများကို ထုတ်လိုက်ပြီး လက်သည်းတစ်ချက်ဖြင့်ပင် သူမ၏လည်ပင်းကို တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်တော့သည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ရဲရှင်းဟွေ့က ဆက်ပြောလိုက်သည်။ “ဒါပေါ့ မင်းတို့ရဲ့ အစုတ်အပြတ်နတ်ကွန်းကို မီးရှို့မလို့လေ”
ချင်းယွဲ့မှာ ရဲရှင်းဟွေ့ တစ်ခွန်းမှမပြောဘဲ လှုပ်ရှားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူမသည် သွေးထွက်နေသော သူမ၏လည်ပင်းကို လက်တစ်ဖက်ဖြင့်ဖိထားပြီး နောက်တစ်ဖက်ဖြင့် သူမ၏နောက်ကွယ်မှ အိမ်ကိုညွှန်ပြကာ ကြာမုဒြာပုံသဏ္ဌာန်တစ်ခုဖွဲ့ပြီးနောက် သူမ၏နောက်ဆုံးအားအင်ကိုသုံး၍ အိမ်အတွင်းနှင့် အိမ်ပတ်လည်ရှိ တားမြစ်ခြင်းအတတ်ကို ဖွင့်ချလိုက်လေသည်။
“အတူတူသေကြတာပေါ့” ချင်းယွဲ့သည် သူမ၏လည်ပင်းမှလက်ကို လွှတ်ချကာ သူမ၏ဘဝ၏နောက်ဆုံးစကားများကို ဆိုလိုက်သည်။
အွန်းမျို့ဂျီတစ်ဦးအနေဖြင့် ချင်းယွဲ့သည် ဤမျှအလွယ်တကူ သေဆုံးသွားမည်မဟုတ်ပေ။
ချင်းယွဲ့လဲကျသွားသည်နှင့် သူမ၏ခန္ဓာကိုယ်မှ ဝိညာဉ်တစ်ခု ပျံထွက်လာခဲ့သည်။
သို့သော် ရဲရှင်းဟွေ့က သူမ၏ဝိညာဉ်အား ထွက်ပြေးရန်အခွင့်အရေးပေးမည်မဟုတ်ပေ။ သူသည် ကြာမုဒြာပုံသဏ္ဌာန်တစ်ခုဖွဲ့ကာ လက်ဝါးမိုးကြိုးတစ်ချက်ဖြင့် သူမ၏ဝိညာဉ်ကို တိုက်ရိုက်ပင် အမြစ်ဖြုတ်ပစ်လိုက်တော့သည်။
“ဝှူး...”
“ဝှူး...”
“အူး...”
“အူး...”
ရဲရှင်းဟွေ့သည် ချင်းယွဲ့၏ဝိညာဉ်ကို ဖြေရှင်းလိုက်သည်နှင့် တစ္ဆေမွေးမြူရာမြေမှ တစ္ဆေချီစွမ်းအင်များဖြင့်ဖွဲ့စည်းထားသော လေပြင်းများ တိုက်ခတ်ထွက်ပေါ်လာပြီး ထိုလေနှင့်အတူ ပြင်းထန်သောတစ္ဆေတို့၏ ငိုညည်းသံများ ရောနှောပါလာလေသည်။
“ဒီတစ္ဆေမွေးမြူတဲ့မြေက နိုဂိနတ်ကွန်းထက် အများကြီးပိုပြီး ဒုက္ခများမယ့်ပုံပဲ”
စကားပြောနေရင်း ရဲရှင်းဟွေ့သည် ကြာမုဒြာပုံသဏ္ဌာန်များဖွဲ့ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်နေလေသည်။
“ချင်းယွဲ့...”
ထိုစဉ်မှာပင် ဝမ်းနည်းကြေကွဲဖွယ် ငိုကြွေးသံတစ်ခု ဘေးဘက်မှ ထွက်ပေါ်လာသည်။
ရဲရှင်းဟွေ့သည် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ ကီမိုနိုဝတ် အဘိုးအိုတစ်ဦးသည် ချင်းယွဲ့၏အလောင်းဘေးတွင် ဒူးထောက်ရင်း ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေသည်ကို တွေ့လိုက်ရ၏။ ထိုအဘိုးအို၏ဘေးတွင် အဆောင်စက္ကူဝါများစွာ ပြန့်ကျဲနေလေသည်။
ထိုအဘိုးအိုမှာ အဘိုးကွေ့ ဖြစ်ပြီး ချင်းယွဲ့၏အစေခံပင်ဖြစ်သည်။
မြေပြင်ပေါ်တွင်လဲလျောင်းနေသော ချင်းယွဲ့သည် အမှန်တကယ်ပင် အသက်မရှိတော့ကြောင်း တွေ့ရှိပြီးနောက် အဘိုးကွေ့သည် မတ်တပ်ထရပ်ကာ သူ၏မျက်လုံးများက ရဲရှင်းဟွေ့ကို စူးစိုက်ကြည့်နေတော့သည်။
“မင်း... မင်း ချင်းယွဲ့ကိုသတ်ခဲ့တယ် မင်းကိုသူမနဲ့အတူတူ မြှုပ်နှံပစ်မယ်”
စကားပြောနေရင်း အဘိုးကွေ့သည် တစ္ဆေမွေးမြူရာမြေသို့ တည့်တည့်မတ်မတ်ပင် ပြေးဝင်သွားလေသည်။
“ဘာ.. ဘာတွေလုပ်နေတာလဲ”
ရဲရှင်းဟွေ့မှာလည်း ရှုပ်ထွေးသွားလေသည်။ မင်းက ငါ့ကိုသူမနဲ့အတူတူမြှုပ်နှံခိုင်းတာ သေချာလို့လား မင်းကိုယ်မင်းမဟုတ်ဘဲနဲ့?
သေမင်းကို လက်ယပ်ခေါ်နေသော အဘိုးအိုကို လျစ်လျူရှုကာ ရဲရှင်းဟွေ့သည် အဘိုးကွေ့ အစောပိုင်းက ချထားခဲ့သော အဆောင်စက္ကူဝါများကို ကောက်ယူလိုက်လေသည်။
“ဒါကတော့ အိပ်ချင်နေတုန်း ခေါင်းအုံးရလိုက်သလိုပဲ”
ဤအဆောင်စက္ကူဝါသည် ရဲရှင်းဟွေ့ အလိုအပ်ဆုံးအရာပင် ဖြစ်သည်။
နောက်ဆုံးတော့ ပြင်းထန်သောတစ္ဆေများကို လက်နက်များအသုံးပြုတိုက်ခိုက်ခြင်းမှာ လက်ဗလာဖြင့်တိုက်ခိုက်ခြင်းထက် သေချာပေါက် ပိုမိုအားကောင်းပေသည်။
ဤအဆောင်စက္ကူဝါများမှာလည်း ပြင်းထန်သောတစ္ဆေများကို ဖြေရှင်းနိုင်သော လက်နက်များပင် ဖြစ်သည်။
ထိုအကြောင်းကိုတွေးမိလျှင် ရဲရှင်းဟွေ့သည် တစ္ဆေမွေးမြူရာမြေမှ တိုက်ခတ်ထွက်နေသော တစ္ဆေချီစွမ်းအင်လေကို ယာယီလျစ်လျူရှုလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ၏လက်ချောင်းကိုကိုက်ကာ သူ၏သွေးဖြင့် အဆောင်စက္ကူဝါပေါ်တွင် ဂါထာများစတင်ရေးဆွဲလေတော့သည်။
ရဲရှင်းဟွေ့ ဤနေရာတွင် ဂါထာများရေးဆွဲနေစဉ် အဘိုးကွေ့သည်လည်း ခက်ခဲသောခြေလှမ်းများဖြင့် တစ္ဆေမွေးမြူရာမြေ၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။
ဝင်ပေါက်သို့ရောက်သော် အဘိုးကွေ့သည် သူ၏အင်္ကျီလက်စမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ကပ်ထားသော ဂါထာများကိုလည်း ခွာချလိုက်၏။
ဂါထာများကို ခွာချလိုက်သည်နှင့် တစ္ဆေချီစွမ်းအင်သည် ချက်ချင်းပင် အဘိုးကွေ့၏ခန္ဓာကိုယ်ကို စတင်တိုက်စားလာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဘိုးကွေ့၏အသားအရေသည် ဖြူဖျော့လာပြီး တဖြည်းဖြည်း မီးခိုးပြာရောင်အဖြစ်သို့ ပြောင်းလဲကာ နောက်ဆုံးတွင် အနည်းငယ်မည်းနက်လာတော့သည်။
သူ၏ခန္ဓာကိုယ်ပြောင်းလဲမှုများကို လျစ်လျူရှုကာ အဘိုးကွေ့သည် ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်ပြီး တစ်ခွန်းမှမပြောဘဲ သူ၏ရင်ဘတ်ကို တိုက်ရိုက်ပင် ထိုးစိုက်လိုက်လေသည်။
“တစ္ဆေတစ်ရာ ပူးကပ်လော့ ငါ့ကိုယ်သည် ဘုရင်ဖြစ်၏”