← Chapters

နတ်ကွန်းအားလုံးကို အများသုံးအိမ်သာများအဖြစ် ပြောင်းလဲခြင်း

Vol. 7 Ch. 98

နတ်ကွန်းအားလုံးကို အများသုံးအိမ်သာများအဖြစ် ပြောင်းလဲခြင်း

Vol. 7 Ch. 98

ရဲရှင်းဟွေ့သည် ဂါထာရေးဆွဲနေရင်း ဇီးကွက်ကို ဆိုလိုက်သည်။ “သွားပြီး ကားထဲကဓာတ်ဆီကို ထုတ်ခဲ့ ပြီးရင် ဓာတ်ဆီနဲ့ နွားထီးသွေးနည်းနည်းရောလိုက်”

ရဲရှင်းဟွေ့၏ အမိန့်ကိုကြားသော် ဇီးကွက်က ခေါင်းညိတ်ပြီး သွေးနှင့်ဆီထုတ်ရန် ထွက်သွားလေသည်။

မိနစ်အနည်းငယ်ကြာသော် ရဲရှင်းဟွေ့သည် နောက်ထပ်ဝိညာဉ်နှိမ်နင်းဂါထာတစ်ခုကို ရေးဆွဲပြီးစီးသွားသည်။

အသစ်ရေးဆွဲထားသော ဝိညာဉ်နှိမ်နင်းဂါထာကိုကိုင်ဆောင်ရင်း ရဲရှင်းဟွေ့သည် နွားတင်းကုပ်အပြင်သို့ လျှောက်ထွက်လာခဲ့သည်။

ထိုအချိန်မှာပင် မူလက တစ္ဆေဘုရင်၏ ကိုယ်ပေါ်တွင် ကပ်နေသော ဝိညာဉ်နှိမ်နင်းဂါထာမှာလည်း လောင်ကျွမ်းသွားလေသည်။

တစ္ဆေဘုရင်သည် သူ၏လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိသွားတော့သည်။

ထိုမြင်ကွင်းကိုမြင်သော် ရဲရှင်းဟွေ့သည် ဝိညာဉ်နှိမ်နင်းဂါထာကို တစ္ဆေဘုရင်ပေါ်သို့ တစ်ဖန်ပြန်ကပ်လိုက်ကာ သူ့အားမလှုပ်မယှက်ဖြစ်သွားစေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ… ဝိညာဉ်နှိမ်နင်းဂါထာသည် ယခင်ကထက် ပိုမိုလျင်မြန်စွာ လောင်ကျွမ်းသွားရာ တစ္ဆေဘုရင်သည် ဝိညာဉ်နှိမ်နင်းဂါထာကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်းရှိလာပြီဖြစ်ကြောင်း ညွှန်ပြနေတော့သည်။

“သွားပြီ... ဝိညာဉ်နှိမ်နင်းဂါထာတွေ ဆက်ဆွဲနေလို့လည်း အဓိပ္ပာယ်မရှိတော့ဘူးနဲ့တူတယ်”

ထိုအချိန်မှာပင် ဇီးကွက်သည် သံပုံးတစ်ပုံးကိုမကာ ရောက်ရှိလာခဲ့သည်။

ထိုသံပုံးအတွင်းတွင် ဓာတ်ဆီနှင့် နွားထီးသွေးတို့ ပေါင်းစပ်ရောနှောထားလေသည်။

ရဲရှင်းဟွေ့သည် သံပုံးကိုယူလိုက်ရာမှ... ဤသံပုံးမှာ အလွန်ပင်ရင်းနှီးနေပါတကားဟု တွေ့ရှိလိုက်ရသည်

ရဲရှင်းဟွေ့ သံပုံးကို စိုက်ကြည့်နေသည်ကိုမြင်သော် ဇီးကွက်က ရှင်းပြလိုက်သည်။ “ခုနက သံပုံးရှာမတွေ့လို့ မင်းရဲ့နို့ညှစ်တဲ့ပုံးကိုပဲသုံးပြီး ဓာတ်ဆီနဲ့ နွားထီးသွေးကို စုလိုက်တာ”

ရဲရှင်းဟွေ့: “...”

“မင်း ငါ့ကိုနို့ညှစ်တဲ့အကြောင်း မပြောလို့မရဘူးလား”

ရဲရှင်းဟွေ့၏ စကားကိုကြားသော် ဇီးကွက်က ပြုံးလိုက်ပြီး သူ့ဘေးမှ ဝိက္ကင်ကပင် တခစ်ခစ်ရယ်မောလာတော့သည်။

သူ့ဘေးမှ အရှက်မဲ့သော လူတစ်ယောက်နှင့် ငှက်တစ်ကောင်ကို လျစ်လျူရှုကာ ရဲရှင်းဟွေ့သည် ပုံးထဲမှ နွားထီးသွေးနှင့် ဓာတ်ဆီကို တစ္ဆေဘုရင်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်လောင်းချလိုက်တော့သည်။

နွားထီးသွေးနှင့် ဓာတ်ဆီသည် လောင်ကျွမ်းနေသော ဂါထာနှင့်ထိတွေ့သည်နှင့် ချက်ချင်းပင် မီးစွဲလောင်သွားတော့သည်။

မီးတောက်များသည် တစ္ဆေဘုရင်၏ ကိုယ်တစ်ဝှမ်းသို့ ချက်ချင်းပျံ့နှံ့သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပေါ်တွင် ကပ်နေသော ဝိညာဉ်နှိမ်နင်းဂါထာမှာလည်း အာနိသင်ပျက်ပြယ်သွားလေသည်။

မီးလူသားအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သော တစ္ဆေဘုရင်ကိုကြည့်ရင်း ဇီးကွက်သည် သူ့ဘေးမှ ရဲရှင်းဟွေ့ကို မေးလိုက်သည်။

“ဒါနဲ့ရပါ့မလား”

“ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဒီလိုမီးလောင်ပြီးတဲ့နောက်မှာတော့ တစ္ဆေဘုရင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အများကြီးကျဆင်းသွားမှာသေချာတယ် အဲ့ဒီအခါကျရင်တော့ သူ့ကိုဖြေရှင်းရတာ အများကြီးပိုလွယ်သွားသင့်တယ်”

အဖြစ်မှန်များမှာ ရဲရှင်းဟွေ့ပြောသည့်အတိုင်းပင် ဖြစ်ခဲ့သည်။

နွားထီးသွေးနှင့်ရောနှောထားသော ဓာတ်ဆီက တစ္ဆေဘုရင်ကို မီးလောင်ကျွမ်းစေပြီးနောက် တစ္ဆေဘုရင်၏ ကိုယ်တွင်းနှင့် ပတ်လည်မှ တစ္ဆေချီစွမ်းအင်များမှာ စားသုံးခြင်းခံလာရတော့သည်။

မီးတောက်များ ငြိမ်းသွားသည့်အချိန်တွင် တစ္ဆေဘုရင်၏ ကိုယ်တွင်းမှ တစ္ဆေချီစွမ်းအင်မှာ သုံးပုံနှစ်ပုံသာ ကျန်ရှိတော့ပြီး သူသည် ယခင်ကထက် အများကြီးအားနည်းသွားလေသည်။

“မင်းကိုသတ်မယ်... မင်းကိုသတ်မယ်...”

မီးလောင်၍ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သော တစ္ဆေဘုရင်၏ ပါးစပ်မှ “မင်းကိုသတ်မယ်” ဟု အော်ဟစ်နေဆဲပင်

“လှုပ်ရှားချိန်တန်ပြီ”

ရဲရှင်းဟွေ့၏ လက်သီးပေါ်မှ အက်ဒ်မန်တီယမ် သတ္တုစပ် သံမဏိလက်သည်းများ ထွက်ပေါ်လာပြီး သူသည် တစ္ဆေဘုရင်၏ လည်ပင်းဆီသို့ လက်သည်းတစ်ချက်ဖြင့် ခုတ်ပိုင်းချလိုက်၏။

“မင်းကိုသတ်မယ်...”

ထိုမြင်ကွင်းကိုမြင်သော် တစ္ဆေဘုရင်သည် တစ္ဆေချီစွမ်းအင်များဖြင့် ရစ်ပတ်ထားသော သူ၏လက်သီးဖြင့် ရဲရှင်းဟွေ့ထံသို့ ထိုးနှက်လိုက်သည်။

“ငါမင်းလက်ချက်ကို ထပ်ခံဦးမယ်လို့ မင်းထင်နေလား”

စကားပြောနေရင်း ရဲရှင်းဟွေ့၏ လက်ထဲတွင် အမှောင်ခွင်းဂါထာတစ်ခု ပေါ်ထွက်လာပြီး စကားတစ်ခွန်းမှမပြောဘဲ အမှောင်ခွင်းဂါထာကို တစ္ဆေဘုရင်၏ လက်သီးပေါ်သို့ တိုက်ရိုက်ကပ်ချလိုက်၏။

အမှောင်ခွင်းဂါထာသည် ချက်ချင်းလောင်ကျွမ်းသွားသော်လည်း တစ္ဆေဘုရင်၏ လက်သီးကိုရစ်ပတ်ထားသော တစ္ဆေချီစွမ်းအင်မှာလည်း အမှောင်ခွင်းဂါထာကြောင့် ယာယီအားဖြင့် ကွဲထွက်သွားလေသည်။

ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရဲရှင်းဟွေ့၏ အခြားလက်တစ်ဖက်မှ အက်ဒ်မန်တီယမ် သတ္တုစပ် သံမဏိလက်သည်းများသည် ရုတ်တရက် ခုတ်ပိုင်းချလိုက်ပြီး တစ္ဆေဘုရင်၏ လက်မောင်းတစ်ဖက်ကို တိုက်ရိုက်ပင် ဖြတ်တောက်ပစ်လိုက်တော့သည်။

တစ္ဆေချီစွမ်းအင်၏ ရစ်ပတ်မှုမရှိလျှင် တစ္ဆေဘုရင်၏ ခန္ဓာကိုယ်မှာ သာမန်အသားစိုင်တစ်ခုထက် မပိုချေ။

တစ္ဆေတစ်ရာ ပူးကပ်ခြင်းဖြင့် ဖွဲ့စည်းထားသော တစ္ဆေဘုရင်တွင် အားသာချက်ရော အားနည်းချက်ပါ ရှိလေသည်။

အားသာချက်မှာ သူသည် နေ့ခင်းဘက်တွင် လှုပ်ရှားနိုင်ပြီး နေရောင်ခြည်မှ ယန်ဓာတ်ကို မကြောက်ခြင်းပင်ဖြစ်သည်။

အားနည်းချက်မှာ ရုပ်ခန္ဓာကိုယ် ပျက်စီးသွားပါက ဤတစ္ဆေတစ်ရာပူးကပ်ခြင်းဖြင့် ဖွဲ့စည်းထားသော တစ္ဆေဘုရင်သည်လည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး မူလတစ္ဆေတစ်ရာသည်လည်း ခန္ဓာကိုယ်မှ ခွဲထွက်ကာ တစ်ဦးချင်းအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။

……

လက်မောင်းတစ်ဖက်ပြတ်သွားသဖြင့် တစ္ဆေဘုရင်သည် ဟိန်းသံတစ်ခု ပြုလိုက်၏။

အနီးအနားတွင်ရပ်နေသော ဇီးကွက်နှင့် ဘုရင်ဖြူတို့မှာမူ ဤမြင်ကွင်းကိုမြင်သော် အားပေးနေသော “666” ငါးဆားနယ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“သူဌေးက အလန်းဆုံး”

“ရဲရှင်းဟွေ့က အလန်းဆုံး”

ဆားနယ်ငါးခြောက်များ၏ အားပေးမှုကြောင့် ရဲရှင်းဟွေ့သည် ပို၍ပင် အလန်းစားဖြစ်သည်ဟု ခံစားလိုက်ရသည်။

ထို့နောက် သူသည် တစ္ဆေဘုရင်ကို ကန်ကျောက်လိုက်ရာ လက်တစ်ဖက်သာကျန်တော့သော တစ္ဆေဘုရင်မှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

ရဲရှင်းဟွေ့သည် တစ္ဆေဘုရင်အား နောက်ထပ်ရိုက်နှက်ချက်အနည်းငယ်ပေးရန် အပြုမှာပင် ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

“ဘုန်း” ဟူသောအသံနှင့်အတူ တစ္ဆေဘုရင်သည် တိုက်ရိုက်ပင် မြေကြီးထဲသို့ စိုက်ဝင်သွားကာ ဖုန်မှုန့်များ ထလွင့်သွားတော့သည်။

“ရှင်းဟွေ့ မင်းကတော့ တကယ်ကို သွားလေရာရာ ဒုက္ခရှာနိုင်တာပဲ”

ထိုအချိန်မှာပင် ရဲရှင်းဟွေ့သည် ရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရ၏။

သူခေါင်းလှည့်ကြည့်လိုက်ရာ သူ၏အစ်မ ရဲလန်ယွဲ့နှင့် သူမ၏သက်တော်စောင့် ယန်ချွဲတို့ သူ့ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

“အစ်မ အစ်မ ဘာလို့ဒီရောက်နေတာလဲ”

ရဲလန်ယွဲ့ကို မြင်သော် ရဲရှင်းဟွေ့သည်လည်း စိတ်အေးသွားလေသည် နောက်ဆုံးတော့ ရဲလန်ယွဲ့သည် ဆယ်ကြိမ်တိုင်တိုင် ရှင်ပြန်ထမြောက်ခြင်းကို ကြုံတွေ့ခဲ့ရသော ဧကရီတစ်ပါးဖြစ်ရာ တစ္ဆေဘုရင်တစ်ကောင်ကို ဖြေရှင်းခြင်းမှာ လွယ်ကူပေလိမ့်မည်

“မင်းလာနိုင်ရင် ငါကဘာလို့မလာနိုင်ရမှာလဲ။ ပြောစမ်း မင်းဘာတွေဖြစ်နေတာလဲ”

ရဲလန်ယွဲ့သည် ရဲရှင်းဟွေ့၏ နောက်ကွယ်တွင် လဲလျောင်းနေသော တစ္ဆေဘုရင်ကို ညွှန်ပြရင်း မေးလိုက်၏။

မီးခိုးငွေ့များ ကွယ်ပျောက်သွားသည့်အခါ ရဲရှင်းဟွေ့သည် မြေပြင်မှအခြေအနေကို နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဤအချိန်တွင် တစ္ဆေဘုရင်မှာ တွင်းတစ်ခုအတွင်း၌ လဲလျောင်းနေပြီး ပေါင်ပေါင်းမှာ သူ၏ကိုယ်ပေါ်တွင် ရပ်နေလေသည်။ တစ္ဆေဘုရင် ထရန်ကြိုးစားတိုင်း ပေါင်ပေါင်းက ပြင်းပြင်းထန်ထန်ကန်ချလိုက်ကာ သူ့အားတွင်းထဲသို့ ပြန်လည်နင်းချလိုက်လေသည်။

“သွားပြီ ဒီကောင်မလေးကတော့ တကယ်ကို ရက်စက်တဲ့သူပဲ”

စိတ်ထဲမှ လေးစားစွာ ချီးကျူးလိုက်ပြီးနောက် ရဲရှင်းဟွေ့သည် သူဂျပန်သို့ ပြိုင်ပွဲအတွက်လာပုံ ချုံခိုတိုက်ခံရပုံ ထို့နောက် အပျင်းပြေ နိုဂိနတ်ကွန်းနှင့် ယာဆုကုနိနတ်ကွန်းကို မီးရှို့ရန်သွားပုံ ပြီးနောက် တစ္ဆေဘုရင်၏ လိုက်လံခြင်းကိုခံရပုံတို့ကို ပြန်လည်ပြောပြလေသည်။

သူ၏ပြန်လည်ပြောပြချက်ပြီးဆုံးသော် ရဲရှင်းဟွေ့သည် သူ၏ပေါင်ကို ပြင်းပြင်းထန်ထန်ရိုက်ကာ အော်ဟစ်လိုက်သည်။ “သွားပြီ ငါထွက်မလာခင် ယာဆုကုနိနတ်ကွန်းကို မီးရှို့ဖို့မေ့သွားတယ်”

“ဟမ်? အစ်မ အစ်မဘာလို့ ဂျပန်ကိုလာတာလဲ”

ရဲရှင်းဟွေ့သည် ရုတ်တရက် သတိရသွားသည် သူ၏အစ်မသည် ကုမ္ပဏီအတွက် နောက်ဆုံးအစီအစဉ်ဆွဲရာတွင် ကူညီနေရမည်မဟုတ်လော။ အဘယ့်ကြောင့် ရုတ်တရက် ဂျပန်သို့ ရောက်လာရသနည်း။

“ငါ...” ရဲလန်ယွဲ့သည် ခဏတာစဉ်းစားလိုက်ပြီး ဆိုလိုက်သည်။ “ငါတို့ကုမ္ပဏီက ဂျပန်မှာ မြေနည်းနည်းဝယ်ချင်လို့... ဒါကြောင့် ငါလာစစ်ဆေးတာ”

“မင်းသိတယ်မလား ငါကုမ္ပဏီက ထွက်တော့မှာဆိုတော့ ကုမ္ပဏီအတွက် နောက်ဆုံးပံ့ပိုးမှုအချို့တော့ လုပ်ပေးရမှာပေါ့”

“မြေဝယ်ပြီး ဘာလုပ်မလို့လဲ” ရဲရှင်းဟွေ့က ထပ်မေးလိုက်သည်။

“ဒါက... ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပါ... အဲ... အများသုံးအိမ်သာလိုမျိုးပေါ့ မင်းသိတယ်မလား”

ရဲလန်ယွဲ့သည် ဖြစ်ကတတ်ဆန်း ဆင်ခြေတစ်ခုကို တီထွင်လိုက်သည်။

ရဲရှင်းဟွေ့သည် အနည်းငယ် သံသယဝင်သွားသော်လည်း သူ... ရုတ်တရက် စိတ်ကူးကောင်းတစ်ခု ရလိုက်သည်။

“ငါပြောမယ်... အစ်မက အများသုံးအိမ်သာတွေဆောက်ဖို့ မြေဝယ်မှာပဲဆိုမှတော့ ဘာလို့ နိုဂိနတ်ကွန်းနဲ့ ယာဆုကုနိနတ်ကွန်းရဲ့ မြေတွေအကုန်လုံးကိုဝယ်ပြီး အဲ့ဒီမှာ အိမ်သာတွေမဆောက်လိုက်တာလဲ”

ရဲလန်ယွဲ့သည် သူမ၏ညီငယ်၏ အရိုင်းဆန်သော စိတ်ကူးကြောင့် အနည်းငယ် စကားမဲ့သွားလေသည်။

“နတ်ကွန်းနှစ်ခုရဲ့မြေလောက်နဲ့တော့ မလုံလောက်လောက်ဘူးမလား”

သူ၏အစ်မ စကားမပြောသည်ကိုမြင်သော် ရဲရှင်းဟွေ့က ဆက်ပြောလိုက်သည်။ “ဒါဆို ဒုတိယကမ္ဘာစစ် စစ်ရာဇဝတ်ကောင်တွေကို ကိန်းဝပ်စေထားတဲ့ အဲဒီနတ်ကွန်းတွေအကုန်လုံးကို မီးရှို့ပြီး ပြီးရင် အကုန်လုံးပေါ်မှာ အိမ်သာတွေဆောက်ကြတာပေါ့”

ရဲလန်ယွဲ့: “...”

ရဲရှင်းဟွေ့သည် သူ၏အစ်မက သူ့ကိုစနောက်နေမှန်း သဘာဝကျကျပင် သိသော်လည်း သူမက စနောက်နေမှတော့ သူလည်း အဆုံးစွန်ထိသွားမည်သာ - မြေဝယ်ပြီး အိမ်သာဆောက်မယ်။

ထိုစစ်ရာဇဝတ်ကောင်နတ်ကွန်းများ၏ မြေကို အမှန်တကယ်ဝယ်ယူနိုင်ပါ့မလားဆိုတာလား။ ရဲရှင်းဟွေ့သည် သူ၏အစ်မ နည်းလမ်းရှာတွေ့လိမ့်မည်ဟု ယုံကြည်သည်

ရဲလန်ယွဲ့၌ အမှန်တကယ်ပင် နည်းလမ်းတစ်ခုရှိလေသည်။

မြေအနည်းငယ်ရရှိရေးကိစ္စသာဖြစ်ပြီး ငွေဖြင့်ပစ်ပေါက်လိုက်ရုံသာဖြစ်သည်။ ငွေဖြင့်မရလျှင် ခြိမ်းခြောက်မည်။ ခြိမ်းခြောက်၍မရသေးလျှင် အတင်းအကျပ်လုယူမည်။

နောက်ဆုံးတော့ ဤနေရာက ဂျပန် တရုတ်ပြည်မဟုတ်သဖြင့် ရဲလန်ယွဲ့၌ အသုံးချနိုင်သော နည်းလမ်းများစွာ ရှိလေသည်။

ရဲလန်ယွဲ့ မငြင်းဆန်သည်ကိုမြင်သော် ရဲရှင်းဟွေ့က ပြုံးလိုက်ပြီး ဆိုလိုက်သည်။ “သွားကြစို့ အစ်မ ယာဆုကုနိနတ်ကွန်းကို အရင်သွားမီးရှို့ပြီး ပြီးရင် တခြားနတ်ကွန်းတွေကို သွားမီးရှို့ကြစို့”

“အိမ်သာဆောက်တာအပြင် ငါ့မှာစိတ်ကူးတစ်ခုရှိသေးတယ် အဲ့ဒါက ကပွဲခန်းမတွေတို့ ဘာတို့ဆောက်တာပဲ။ စကားပုံတစ်ခုရှိတယ်လေ သင်္ချိုင်းပေါ်မှာ ကပွဲခန်းမဆောက်ရင် ဒစ်စကိုက ဘယ်တော့မှမရပ်ဘူးတဲ့”

All Chapters