← Chapters

အပြိုင်အဆိုင်များသည့်နောက်မျိုးဆက်

Vol. 1 Ch. 66

အပြိုင်အဆိုင်များသည့်နောက်မျိုးဆက်

Vol. 1 Ch. 66

ယခုလိုဖြစ်လာမည်ကိုသူကြိုတင်၍တွေးထားမိသော်လည်း လက်တွေ့ကြုံလာရသည့်အခါ အတွေးရကြပ်သွားတော့သည်။

သူ၏အရည်အချင်း၊ဇွဲသတ္တိတို့ဖြင့်အပြင်အားလမ်းစဉ်ကိုလျှောက်လျှင်လည်း သေချာပေါက်ကျော်ကြားသည့်ပညာရှင်တစ်ယောက်ဖြစ်လာနိူင်သလို အတွင်းအားလမ်းစဉ်ကိုပြောင်းလဲလေ့ကျင့်လျှင်လည်း နောင်တစ်ချိန်တွင် အဖိုးစုတို့လိုအဆင့်မျိူးထိရောက်ရှိနိုင်ပေမည်။

တစ်ခုရှိသည်က သိုင်းလောကတွင်ကျင်လည်လိုသည့်သူ၏ဆန္ဒအရဆိုလျှင် အခြားလူများထက်နိမ့်ကျနေမည်ကိုလည်းအလိူမရှိပေ။

ဤသည်က များစွာထူးဆန်းခြင်းမရှိဘဲ ရှောင်ယောင်၏စမှတ်က အခြားကလေးများထက်သိသိသာသာနောက်ကျခဲ့ပေသည် ။

ဂိုဏ်းကြီးမိသားစုကြီးများက မျိုးဆက်သစ်များက အသက်လေးငါးနှစ်ခန့်တွင်သိုင်းပညာစတင်သင်ကြားကြပြီး ရှောင်ယောင်ကားဆယ်နှစ်ကျော်မှ သိုင်းပညာနှင့်ထိတွေ့ခွင့်ရခဲ့သည်။

သူ၏အရည်အချင်းနှင့်ကြိုးစားမှုတို့အရ နောင်တစ်ချိန်တွင် ထိုလူများထက်သာလွန်သွားမည်က သံသယဖြစ်ဖွယ်မရှိသော်လည်း ရှောင်ယောင်ကား အချိန်များစွာကြာမြင့်အောင်မစောင့်ဆိုင်းလိုပေ။

ထို့အပြင် အထက်လမ်းသိုင်းပညာတို့၏သဘောသဘာဝအရ ဖြတ်လမ်းနည်းဟူ၍မရှိဘဲ အစပိုင်းတွင်ဖြေးဖြေးမှန်မှန်တိုးတက်ပြီးနောက်ပိုင်းရောက်မှသာအကျိုးကျေးဇူးဖြစ်ထွန်းကြ၍ ရှောင်ယောင်အတွက်လျှင်လျှင်မြန်မြန်အစွမ်းထက်လာရန်မှာမဖြစ်နိုင်ပေ။

ထို့ကြောင့် အခြားမျိုးဆက်သစ်များနည်းတူသိုင်းလောကတွင် ကျင်လည်ရန်က ရှောင်ယောင်တစ်ယောက် အမြန်ဆူံးတိုးတက်လာရန်လိုအပ်ပြီး သူ၏စိတ်ထဲတွင် အသေအချာဆုံးဖြတ်ပြီးသည်နှင့် ကျောင်းထိုင်ဆရာတော်ကိုအရိုအသေပေးကာ လျှောက်တင်လိုက်သည် ။

“ တပည့်တော် လမ်းစဉ်နှစ်ခုလုံးကိုလျှောက်လိုပါတယ်ဘုရား...”

ရှောင်ယောင်၏အဖြေကိုမျှော်လင့်မထားမိ၍ စန်းဟုန်းလျန်တို့တစ်သိုက်မျက်လုံးပြူးသွားကြသော်လည်း ကျောင်းထိုင်ဆရာတော်က သူ၏စိတ်ကိုနားလည်သဘောပေါက်သည့်ဟန်ဖြင့် သိမ်မွေ့စွာပြုံးလိုက်ပြီး ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။

“ အင်း...တက်သစ်စလူငယ်တွေဆိုတော့ စိတ်ကလည်းပြိုင်ဆိူင်လိုစိတ်အနည်းနဲ့အများတော့ရှိနေမှာပဲ။

ဒါကလည်းမကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ အရေးကြီးက ကိုယ်ဘာကိုပဲလုပ်လုပ် အများကိုမထိခိုက်အောင် ကိုယ်က လောကကြီးအတွက်ဆိုးယုတ်တဲ့ အပိုလူ လူတစ်ယောက်မဖြစ်အောင် သတိထားဆင်ခြင်နိုင်ရန်ရပါပြီ... ဘုန်းကြီးကတော့ ဒါပဲမှာချင်ပါတယ်... “

ကျောင်းထိုင်ဆရာတော်၏စကားကြောင့် ရှောင်ယောင်လည်း လေးနက်သည့်အမူအယာဖြင့်ခေါင်းညိမ့်ပြလိုက်သည် ။

ထို့နောက် သူတို့လူစုမှာ ကျောင်းထိုင်ဆရာတော်ကို ဂါရဝပြု၍ ပြန်သွားလိုက်ပြီး အဆောင်၏အပြင်တွင် စောင့်နေသည့် တံခါးနီအဆောင်မှူးလည်း ဆရာတော်၏ရှေ့သို့ပြန်ဝင်၍ဂါရဝပြုကာမေးလိုက်သည် ။

“ ဆရာတော်ဘုရား ဒီလိုမေးရတာစိတ်မရှိပါနဲ့ ။ ဘာကြောင့် ဒီကောင်လေးကို အခုလောက်ထိဂရုစိုက်နေရတာလဲ။ ဆရာတော်က လူ့လောကအရေးတွေကို ဝင်မပါတာအတော်ကြာပြီမဟုတ်လား...”

တံခါးနီအဆောင်မှူး ဆရာတော် ခုံးတု၏နားမလည်ဟန်တူသည့်အမူအယာကြောင့် ကျောင်းထိုင်ဆရာတော်က ခေါင်းယမ်း၍အသာပြုံးကာပြောလိုက်သည်။

“ ညီတော်ခုံးတု ဒီဘုန်းကြီးငယ်ရွယ်စဉ်တုန်းက ရှေ့ဖြစ်ဟောပညာ၊ လက္ခာဖတ်ပညာစတဲ့ လောကီပညာတွေကိုအတော်လေးလိုက်စားဖူးတယ်ဆိုတာ မှတ်မိသေးလား...”

အဆက်အစပ်မရှိဘဲမေးလာသည့် ကျောင်းထိုင်ဆရာတော်၏မေးခွန်းကြောင့် နားရှုပ်သွားမိသော်လည်း ဆရာတော်ခုံးတုကခေါင်းညိမ့်ပြလိုက်သည်။

ကျောင်းထိုင်ဆရာတော်က တည်ငြိမ်အေးချမ်းသည့်လေသံဖြင့်ဆက်ပြောလိုက်သည်။

“ ဒီပညာတွေကို စွန့်လွှတ်ထားတာကြာပေမယ့် တကယ့်အရေးကြုံလာတော့ အသက်အများကြီးဆုံးရှုံးရမှာကိုထိုင်ကြည့်မနေနိုင်ဘူးလေ။

ပြီးခဲ့တဲ့ဆယ့်တစ်နှစ်လောက်ကလည်း ကျုံဟွာတောင်ထိပ်မှာ သွေးလွှမ်းမယ့်အရေးကိုကြိုမြင်လို့ တစ်ပါးထဲ ရှောင်လင်ကနေထွက်သွားခဲ့တာပဲ။

ဒကာကြီးဟွမ်ကလည်း တေလေဂိုဏ်းကလူတွေကိုသုံးပြီးအကြောင်းကြားပေမယ့် ကျုပ်သာ ဒီကနေကြိုပြီးမသွားခဲ့ရင် ဟိုကိုအချိန်မှီရောက်သွားမှာမဟုတ်ဘူး။။ ဒါတောင် ကျုပ်ရောက်သွားတော့နည်းနည်းနောက်ကျသွားသေးတယ်။။

လောကမှာ ဖြစ်ချိန်တန်ရင်ဖြစ်ရမယ့်ကိစ္စအချို့ရှိတယ်။ ဒီလိုကိစ္စတွေကိုဝင်ရောက်စွက်ဖက်မိရင် တန်ပြန်အကျိူးခံစားရသလို သံသရာတစ်ပတ်လည်ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်လာတတ်တယ်။

အခုလည်း ကျုံဟွာတောင်ထိပ်မှာလူ့အသက်တွေအများကြီးကိုကယ်တင်နိုင်ခဲ့ပေမယ့် ကျုပ်က လောကကြီးရဲ့ကံကြမ္မာကိုဝင်ရောက်စွက်ဖက်မိတော့ သံသရာကညတစ်ကျော့ပြန်ပြီးလာလိမ့်မယ် ။ နောက် အနှစ်နှစ်ဆယ်အတွင်းမှာ သိုင်းလောကတစ်ခုလုံး သွေးချောင်းစီးပွဲကြီးဖြစ်လိမ့်ဦးမယ်...”

ကျောင်းထိုင်ဆရာတော်၏စကားက အေးဆေးသိမ်မွေ့သော်လည်း ဆရာတော်ခုံးတုမှာ မျက်နှာကွက်ခနဲပျက်သွားပြီး အလျှင်အမြန်မေးလိုက်သည် ။

“ ဒါဆိုရင် နောက်ထပ်တစ်ကြိမ် သွေးချောင်းစီးပွဲက ကျုံဟွာတောင်ထိပ်ကတိုက်ပွဲထက်တောင်ကြီးကျယ်ဦးမယ်လို့ဆိုလိုတာလား...”

ဆရာတော်ခုံတု၏မေးခွန်းကိုခေါင်းညိမ့်ပြ၍ ကျောင်းထိုင်ဆရာတော်ကဆက်ပြောလိုက်သည်။

“ ဟုတ်တယ် ဒီလိုအဖြစ်အပျက်တွေဖြစ်မလာအောင်တားဆီးဖို့က ရှောင်ယောင်ဆိုတဲ့ကလေးနဲ့သက်ဆိုင်နေတယ်...”

ယခုတစ်ကြိမ်တွင် ဆရာတော်ခုံးတုမှာ ပို၍ပင်နားမလည်နိုင်အောင်ဖြစ်သွားမိသည် ။

“ အခုမှသိုင်းပညာသင်ကာစကလေးတစ်ယောက်က နောက်အနှစ်နှစ်ဆယ်မပြည့်ခင်မှာဖြစ်မယ့် သွေးချောင်းစီးပွဲကိုတားဆီးနိုင်ပါ့မလား ...”

ဆရာတော်ခုံးတုလည်း ရှောင်ယောင်၏ပါရမီနှင့်အရည်အချင်းကိုသတိပြုမိသော်လည်း ထိုမျှအချိန်တိုလေးအတွင်း ကပ်ဘေးကြီးကိုတားဆီးနိုင်သည်အထိ အလျှင်အမြန်တိုးတက်လာနိုင်မည်ဟုမထင်ပေ။

သူ၏စကားကို သဘောမတူဟန်ဖြင့်ခေါင်းယမ်း၍ ကျောင်းထိုင်ဆရာတော်က ရှင်းပြလိုက်သည်။

“ ဒီကလေးက သာမန်ကလေးမျိုးမဟုတ်ဘူး။ ဒဏ္ဍာရီလာသားရဲတစ်ကောင်ဖြစ်တဲ့ ဖီးနစ်ငှက်လိုပြာပုံထဲကနိုးထပြီးအမြင့်ကိုပျံသနိးမယ့်ကံကြမ္မာပါလာတယ်။။

သူ့ဘဝမှာ အသက်သေဆုံးနိုင်လောက်မယ့် ကံကြမ္မာကိုနှစ်ကြိမ်တိတိဖြတ်သန်းရမှာဖြစ်ပြီး နှစ်ကြိမ်လုံးကိုကျော်ဖြတ်နိုင်ရင် ကျိန်းသေပေါက်အထွတ်အထိပ်ကိုရောက်လိမ့်မယ်။

အခု သူက ပထမဖြစ်ရပ်ကိုကျော်ဖြတ်နိုင်သွားပြီလို့ပြောလို့ရတယ်။ ဒီလိုလူမျိုးတွေကို ကောင်းကင်တာအိုနဲ့မသက်ဆိုင်တဲ့လူမျိုးတွေလို့သက်မှတ်နိုင်ပြီး ကံကြမ္မာစက်ဝိုင်းကိုဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိတဲ့လူမျိူးတွေပဲ...”

ကျောင်းထိုင်ဆရာတော်၏ နက်နဲလှသည့်စကားများကိုစဉ်းစားသုံးသပ်နေရင်း ဆရာတော်ခုံးတုကား တိတ်ဆိတ်သွားတော့သည် ။

&&:&

“ ရှောင်ယောင် မင်းလေမကြီးနဲ့နော် လမ်းစဉ်နှစ်ခုလုံးလျှောက်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စတစ်ခုပဲ ။

အတွင်းအားလမ်းစဉ်မှာတောင် အများစုကတစ်ဝက်တစ်ပြက်လောက်ပဲရောက်ရှိပြီး ငါတို့လိုအဆင့်ရှိတဲ့လူတွေတောင် သူများထက်ပိုပြီးဝေးဝေးရောက်တယ်ဆိုရုံလေးပဲ ။

ဒါ့အပြင် အပြင်အားလမ်းစဉ်ဆိုတာကလည်း ပျောက်ကွယ်သွားတာကြာမြင့်နေပြီ။

မင်းရဲ့သူမတူတဲ့အရည်အချင်းနဲ့ကြိုးစားမှုကြောင့် အပြင်အားလမ်းစဉ်ကိုလိုက်ရင်တောင် ထွန်းပေါက်ဖို့သေချာသလောက်ရှိတယ် ။

အတွင်းအားလမ်းစဉ်ကိုလိုက်မယ်ဆိုရင်လည်း သွေးကြောမကြီးခြောက်ခုလုံးဖွင့်ပြီးတဲ့မင်းအတွက်က အခြားလူတွေကိူလိူက်မီဖို့အချိန်တစ်ခုပဲလိုအပ်မယ်။

သူများတွေလို မြန်မြန်အစွမ်းထက်ချင်ရုံနဲ့ လမ်းစဉ်နှစ်ခုလုံးကိုလျှောက်ဖိူ့ကြိုးစားရင် ဟိုမရောက်ဒီမရောက်ဖြစ်သွားလိမ့်မယ်...

အနိမ့်ဆုံးအနေနဲ့ပြောရင်တောင် မင်းရဲ့တိုးတက်နှုန်းကသူများတွေထက်သိသိသာသာနှေးကွေးသွားမှာ “

တာ‌မောဆောင်သို့ပြန်လာသည့်လမ်း၌ အဖိုးစုကအဆက်မပြက် တပွစိစိပြောနေတော့သည်။။

ကျောင်းထိုက်ဆရာတော်၏ရှေ့တွင်ရှောင်ယောင်၏ဆုံးဖြတ်ချက်ကိုအတိုက်အခံမလုပ်ခဲ့သော်လည်းသူ၏စိတ်ထဲ၌မူသဘောမကျပေ။

ဤသည်ကလည်း ရှောင်ယောင်ကိုလွန်စွာဂရုစိုက်၍ဖြစ်ပြီး လမ်းစဉ်နှစ်ခုကိုလျှောက်၍ ဟိုမရောက်သည်မရောက်ဖြစ်မည်ထက်စာလျှင် တစ်ခုကိုထွန်းထွန်းပေါက်ပေါက်ဖြစ်စေလိုသည်။

အဖိုးစု၏စကားကလည်းမှန်ကန်ပြီး သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်ပြီးချိန်၌ ရှောင်ယောင်၏တိုးတက်မှုအမြန်နှုန်းကက ပါရမီရှင်ဆိုသူများထက်ပင်များစွာသာလွန်သွားမည်ဖြစ်သော်လည်း လမ်းစဉ်နှစ်ခုလုံးကိုလျှောက်လှမ်းပါက သိသိသာသာနှေးကွေးသွားပေမည် ။

ထိုအချက်က အထူးအဆန်းတော့မဟုတ်ပေ အတွင်းအားလမ်းစဉ်တွင် အတွင်းအားကိုစုစည်း၍တိုးပွားလာအောင်လေ့ကျင့်ရပြီး အပြင်အားလမ်းစဉ်တွင်ကား ခန္တာကိုယ်အစိတ်အပိုင်းများကိုအတွင်းအားဖြင့်သန့်စင်ရပေသည်။

ထို့ကြောင့်လည်း သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်ပြီးသည့်ရှောင်ယောင်၏တိုးတင်မှုက အခြားလူများထက်လွန်စွာမြန်ဆန်နေမည့်တိုင် အပြင်အားနှင့်အတွင်းအားနှစ်ခုလုံးကိုလေ့ကျင့်ရပါက သိသာသာနှေးကွေးသွားပေမည် ။

သို့‌သော် ရှောင်ယောင်မှာ ထိုအချက်များကိုကြိုတင်တွေးတောပြီးမှသူ၏ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ပြီး လုံးဝပြင်လည်ပြင်ဆင်မည်မဟုတ်ပေ။

“ ကျနော်ဆုံးဖြတ်ပြီးပါပြီ။ တိုးတက်မှုက နှေးကွေးရင်တောင် အခြေခံအလွန်ခိုင်မာပြီးသူများထက်နှစ်ဆပိုအစွမ်းထက်လာမှာမလား.. “

အပြုံးမျက်နှာဖြင့်ပြန်ဖြေလိုက်သည့်ရှောင်ယောင်၏အဖြေကြောင့် အဖိူးစုလည်း အံ့ဩဆွံ့အသွားပြီး အနီးရှိအဖိုးအိုဟွမ်ကား တဟားဟားရယ်မောနေသည် ။

ထိုဆေးဆရာစုတ်ကို ဂရုမစိုက်နိုင်သေးဘဲ အဖိုးစုလည်း ရှောင်ယောင်ကိုဖြောင်းဖျ၍ရလိုရငြား စန်းဟုန်းလျန်ကိုအကူအညီတောင်းသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ကောင်လေးစန်း..မင်းက ဘာမှတင်မပြောတော့ဘူးလား...”

အဖိုးစု၏ဆိုလိုရင်းကိုသိရှိသော်ငြား စန်းဟုန်းလျန်က ခေါင်းယမ်း၍ တည်ကြည်လေးနက်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

“ ကျုပ်ကတော့ သူဘယ်လိုပဲဆုံးဖြတ်ချက်ချချ အားပေးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ရှောင်အာက ကလေးတစ်ယောက်မဟုတ်တော့ဘူးလေ။ သူ့ဘဝကိုသူဘယ်လိုဖြတ်သန်းမယ်ဆိုတာ ရွေးချယ်ခွင့်ရှိနေပြီ..”

စန်းဟုန်းလျန်စကားထဲတွင်ကြီးမားသည့်မျှော်လင့်ချက်နှင့်ယုံကြည်မှုတို့ကိုတွေ့မြင်နိုင်ပြီး ရှောင်ယောင်လည်း စန်းဟုန်းလျန်၏လက်ကိုပျော်ရွှင်စွာဖြင့်ဆွဲထားလိုက်သည်။

“ ဟီးဟီး...ဦးလေးစန်းက အကောင်းဆုံးပဲ...”

ထိုတူဝရီးနှစ်ယောက်ကိုပြောမရနိုင်မှန်းသိ၍ အဖိုးစုလည်းခေါင်းတယမ်းယမ်းဖြင့် ဘေးနားတွင် သူ့ကိုကြည့်ကာ သဘောခွေ့နေသည့်အဖိုးအိုဟွမ်ကိုဘုကြည့်ကြည့်လိုက်သည် ။

သူ၏သူငယ်ချင်းဟောင်းကြီးအခက်ကြံနေသည်ကို လွန်စွာသဘောကျနေသည့်အဖိူး၏ဟွမ်ကလည်း အားရအောင်ရယ်မောပြီးမှ အဖိုးစု၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်

“ သိပ်လည်းစိုးရိမ်မနေနဲ့သူတောင်းစားစုတ်..အပြင်အားလမ်းစဉ်ကပျောက်ကွယ်သွားတာကြာပေမယ့် လုံးဝမရှိတာတော့မဟုတ်လူး။။

ငါဒီကိူလာတုန်းက ဟောဒီဆန်းဆက်တောင်တန်းထဲက တောင်ထွတ်တစ်ခုပေါ်မှာ ရှောင်ယောင်လိုပဲ အပြင်အားလေ့ကျင့်တဲ့ကောင်လေးတစ်ယောက်ကိုတွေ့ခဲ့တယ်။။

အမယ် သူက အတော်လေးတောင်ခရီးရောက်နေပြီ။ သူ့ရဲ့ခန္တာကိုယ်က ဓားလှံမတိုးတဲ့အဆင့်ကိုရောက်လုနီးပါးဖြစ်နေတဲ့အပြင်ရှောင်ယောင်နဲ့လည်း အသက်အများကြီးကွာမယ်မထင်ဘူး။ လေးငါးနှစ်ပဲကြီးမယ်နဲ့တူတယ် ။

ပိုပြီးအရေးကြီးတာက အဲဒီကောင်လေးကတုံးဆိုတိုက် ကျားဆိုကိုက်ဆိုသလို ရိုးရှင်းပြက်သားတဲ့စိတ်ရှိပြီးတော့ သူ့ရဲ့ပါရမီကလည်း လူငယ်မျိုးဆက်မှာ လက်ရှိထိပ်တန်းနေရာကို သေချာပေါက်ရောက်နိုင်မယ် ။

ငါမြင်ရသလောက်ကတော့ တော်တော့်ကိုထူးချွန်တဲ့ကောင်လေးပဲ...ရှောင်ယောင်ရေ မင်းတို့မျိုးဆက်ကတော့ တကယ့်ကိုအပြိုင်အဆိုင်များတော့မယ် “

ဟာသနှော၍ပြောလိုက်သည့် အဖိုးဟွမ်၏စကားကြောင့် ရှောင်ယောင်တို့နှစ်ယောက်အံ့အားသင့်သွားကြသော်လည်း အဖိူးဟွမ်၏အကျင့်ကိုသိထားသည့် အဖိုးစုကသာ၍ပင် အံ့ဩနေပုံရသည်။

All Chapters