← Chapters

စိတ်ဝင်စားရာတွေ့ဆုံမှု

Vol. 1 Ch. 70

စိတ်ဝင်စားရာတွေ့ဆုံမှု

Vol. 1 Ch. 70

ဒုတိယမြောက်သေမင်းနက်သည်လည်းလွန်စွာကြောက်မက်ဖွယ်ကောင်းပြီး ငါးရက်အတွင်းလူပေါင်းသုံးဆယ်နီးပါးကိုသတ်ဖြတ်ခဲ့ကာ ထိုအထဲတွင် အဆင့်လွန်ထိပ်သီးလေးယောက်ပင်ပါဝင်သေးသည်။

ထိုလူအားလုံးက သတ်ဖြတ်ရခြင်းကိုမွေ့လျော်ကာ ဆိုးသွမ်းရက်စက်သည့်သိုင်းသမားများသာဖြစ်ကြပြီး သူဌေးကြီးကိုသတ်ဖြတ်ရံကြိုးစားကြစဉ် သက်တော်စောင့်၏ဓားအောက်၌အသက်ပျောက်ရခြင်းဖြစ်စည် ။

မျက်မြင်ကိုယ်တွေ့မြင်ရသူများ၏စကားအရ သက်တော်စောင့်၏ဓားချက်ကလွန်စွာမြန်ဆန်ပြီး ထိပ်တန်းအဆင့်သိုင်းသမားများပင် သူ၏ဓားကိုမမြင်လိုက်ရဟုဆိုကြသည် ။

ထို့အပြင် သူ၏ပုံစံကလွန်စွာကြောက်မက်ဖွယ်ကောင်းပြီးသတ်ဖြတ်ရာတွင်တစ်ချက်ကလေးပင်မျက်တောင်မခတ်ဟုဆိုကြသည် ။

ထို့ကြောင့်လည်း ယခုအချိန်တွင်သူ‌ဌေးကြီးကို သတ်ဖြတ်၍ရတနာများရယူလိုသူတိုင်း နှစ်ခါပြန်စဉ်းစားနေကြပြီဖြစ်ကာ အဆင့်လွန်ထိပ်သီးများပင် မစရဲကြတော့ပေ။

ထိုအချိန်တွင် ငွေဧည့်သည်ဟုလူအားလုံးသက်မှတ်ထားကြသည့်သူဌေးကြီးက ရွှင်ပျော်ပျော်စားသောက်ဆိုင်၏ဒုတိယထပ်သို့တက်ရောက်လာသည် ။

ပုံမှန်အတိုင်း ငွေရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့်သူဌေးကြီးက လက်နောက်ပစ်၍လျှောက်လာကာ သူ၏ပုံစံက ခန့်ညားပြီးလွှမ်းမိုးနိုင်စွမ်းရှိပေသည်။

သး၏ စူးရှသည့်မျက်လုံးများက အရာရာကိုထွင်းဖောက်မြင်နိုင်သည့်အလား လွန်စွာထူးခြားလှပြီး ဒုတိယထပ်တစ်ခုလုံးကိုဝေ့ကြည့်ကာ လူလွတ်နေသည့်စားပွဲဝိုင်းတစ်ခုတွင်ဝင်ထိုင်လိုက်သည်။

ဒုတိယမြောက်သေမင်းနက်ဟုညွှန်းဆိုကြသည့်သက်တော်စောင့်ကကည်းသူဌေးကြီး၏နောက်ဘက် ခြေသုံးလှမ်းအကွာမှလိုက်ပါလာကာ ဒုတိယထပ်ရှိလူအားလုံးကို ခမောက်အောက်မှစူးရဲတောက်ပလှသည့်မျက်လုံးများဖြင့်အကဲခပ်နေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကဆိုပါက သူတို့နှစ်ယောက်ကို အနည်းငယ်သာဂရုစိုက်မိကြမည်ဖြစ်သော်လည်းယခုအချိန်တွင်ကား ဒုတိယထပ်တစ်ခုလုံးတွင် ရှိနေသည့်လူအားလုံး၏အကြည့်ကသူတို့နှစ်ယောက်ဆီသို့ကျရောက်နေကြသည်။

သူတိူ့၏မျက်လုံးများက စူးစမ်းလိုသည့်ပုံစံရှိပြီး အချို့ကလည်း သူဌေးကြီးကို ကြည့်နေသညိ့မျက်ဝန်းများထဲတွင် လောဘအရိပ်အယောင်များရှိနေကြသည်။

သူဌေးကြီး၏ကျော်ကြားမှုမြင့်တက်လာခြင်းနှင့်အတူ သူ့ထံတွင်ပါရှိသည့် ပစ္စည်းဥစ္စာများအပေါ်လိုချင်တပ်မက်သူများပို၍များပြားလာကြသည်။

သိူ့သော် သူဌေးကြီး၏နောက်တွင် အမြဲလိုလိုရှိနေသည့် ဒုတိယမြောက်သေမင်းနက်၏တည်ရှိမှူကြောငိ့ မည်သူကမှ ပေါ်ပေါ်ထင်ထင်မလှုပ်ရှားဝံ့ဘဲ ကိုယ့်အစုနှင့်ကိုယ်ကြိတ်ကြိတ် ကြိတ်ကြိတ်ဖြင့် တီးတိုးပြောဆိုနေကြပေသည်။

သူ‌ဌေးကြီးမှာ ယခုငါးရက်အတွင်း မြို့၏ကျော်ကြားသည့်စားသောက်ဆိုင်များ ၊ လောင်းကစားရုံများအနှံ့ကိူရောက်ရှိခဲ့ပြီးဖြစ်သလို သူသုံးစွဲခဲ့သည့်ငွေပမာဏကလည်း လျှံငွေတစ်သိန်းကျော်ပင်ရှိနေပြီဖြစ်သည် ။

ထိုပမာဏက သာမန်သူဌေးတစ်ယောက်ကို နှလုံးရောဂါရစေနိုင်သော်လည်း မည်မျှကြွယ်ဝသည်အတိအကျမသိရသည့် သူဌေးကြီးကားလည်ပတ်သုံးဖြုန်းနေဆဲပင်။

သူက မြို့ထဲရှိအကောင်းဆုံးတည်းခိုခန်းတွင်တည်းခိုနေသလို စားသောက်ရာတွင်လည်း အကောင်းဆုံးဟုဆိုရမည့်ရွှင်ပျော်ပျော်သို့သာလာရောက်တတ်သည်။

ယခုလည်း ညစာစားချိန်ဖြစ်၍ ရွှင်ပျော်ပျော်စားသောက်ဆိုင်တွင်လာရောက်ခြင်းဖြစ်ကာ မူလကရှိနှင့်ပြီးသည့်လူများလည်းအတွေးအမျိုးမျိုးဖြင့် သူဌေးကြီးကိုအကဲခပ်နေကြခြင်းဖြစ်သည်။

သို့‌သော် သူတို့ထဲရှိမည်သူကမှ သူဌေးကြီး၏ဝိုင်းသို့သွားရောက်ခြင်းမရှိကြပေ။

အကြောင်းက သူဌေးကြီးမှာ ထူးဆန်းသည့်စိတ်နေစိတ်ထားရှိပြီး သူ့ဆီသို့လာရောက်မိတ်ဖွဲ့သူများကိုကောင်းမွန်စွာဆက်ဆံသော်လည်း မိတ်ဆွေအဖြစ်အသိအမှတ်မပြု၍ဖြစ်သည်။

ထို့ကြောင့် ဒုတိယထပ်ရှိလူများမှာ ကြွယ်ဝသည့်သူဌေးသူကြွယ်များ၊ ကျော်ကြားသည့်သိုင်းသမားများနှင့် လောင်းကစားမြို့တော်တွင်ထင်ရှားကြသူများဖြစ်သည့်တိုင် သူဌေးကြီးနှင့်မည်သူမှမိတ်ဆွေမဖွဲ့နိုင်ကြပေ။

ထိုအခိုက် ဆိုင်အောက်ထပ်မှတက်လာသည့် အစိမ်းရောင်ဝတ်စုံဝတ်လူတစ်ဦးက သူဌေးကြီး၏စားပွဲဝိုင်းသို့ တည့်တည့်လျှောက်လာသည်။

သက်လက်ပိုင်းအရွယ်ရှိသည့်ထိုလူ့ကိုမြင်သည့်အခါ ဒုတိယထပ်ရှိလူများက အချင်းချင်းကြည့်လိုက်ကြပြီး သူ့ကိုသိရှိကြဟန်တူသော်လည်း မည်သူမှနှုတ်ဆက်ခြင်းမပြုပေ။

လူအားလုံး၏အကြည့်အောက်တွင် အစိမ်းရောင်ဝတ်စုံဝတ်လူက သူဌေးကြီး၏စားပွဲအနီးသို့ရောက်ရှိသွားသည်။

“ ရပ်လိုက်ပါ “

သူဌေးကြီး၏နောက်တွင် ကျောက်ရုပ်သဖွယ်တည်ငြိမ်စွာရပ်နေသည့် ဒုတိယသေမင်းနက်အမည်ရှိသက်တော်စောင့်က ဟန့်တားလိုက်ခြင်းဖြစ်သည်။

သက်တော်စောင့်၏ဟန့်တားခြင်းကိုခံလိုက်ရသော်လည်း အစိမ်းရောင်ဝတ်စုံဝတ်လူ၏ကြည့်ကောင်းသည့်မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာပြီး သူ့ကိုစိတ်ဝင်စားသည့်ဟန်ဖြင့်အကဲခပ်နေသည့်သူဌေးကြီးကိုစူးစိုက်ကြည့်ကာပြောလိုက်သည်။

“ ကျုပ်ရဲ့နာမည်က ဟန်ဝူပါ ဒီဆိုင်ရဲ့ တာဝန်ခံဆိုပါတော့။ ဒီကမိတ်ဆွေနဲ့ရင်းနှီးခွင့်ရှိမလား...”

ဟန်ဝူ၏စကားကြောင့် သူဌေးကြီး၏မျက်နှာထက်၌ ထူးဆန်းသည့်အပြုံးတစ်ခုပေါ်လာပြီး ဖြေးညင်းစွာပြောလိုက်သည်။

“ ကောင်းပြီ ။ ဒါပေမယ့် ကျုပ်က တခြားလူတွေရှိနေတာကို သဘောမကျဘူး...”

သူဌေးကြီး၏စကားက ဟန်ဝူ့ကိုလက်ခံလိုက်သည့်သဘောဖြစ်၍ စောင့်ကြည့်နေသူများလည်းအံ့အားသင့်သွားကြသည်။

စင်စစ် အစိမ်းရောင်ဝတ်စုံဝတ်လူက ဤဆိုင်၏တာဝန်ခံဖြစ်‌ပြီး ရွှင်ပျော်ပျော်အဖွဲ့မှလူတစ်ယောက်ဖြစ်သော်လည်း သူ့ထံတွင်အခြားဂုဏ်ပုဒ်မရှိပေ။

ဟန်ဝူက လွန်ခဲ့သည့်ငါးနှစ်ခန့်က လောင်းကစားမြို့တော်သို့ရောက်ရှိလာခြင်းဖြစ်ပြီး သိုင်းပညာအဆင့်မြင့်သည့်သိုင်းသမားတစ်ဦးဖြစ်သည်ဆိုခြင်းမှလွဲ၍ ကျန်အချက်များကိုမည်သူမှမသိကြပေ။

သို့သော် လောင်းကစားမြို့တော်ထဲတွင် ဟန်ဝူ့လိုနောက်ကြောင်းလျှို့ဝှက်ထားသည့်လူများ တပုံတပင်ရှိနေရာမည်သူမှထိုအချက်ကိုထူးဆန်းသည်ဟုမတွေးကြပေ။

အနည်းငယ်ထူးဆန်းသည့်အချက်က ဟန်ဝူရောက်ရှိလာပြီမကြာမီ ရွှင်ပျော်ပျော်ဆိုသည့်အဖွဲ့အစည်းသစ်တစ်ခုပေါ်လာခြင်းဖြစ်သည်။

ခေါင်းဆောင်မည်သူမည်ဝါမှန်းမသိရသည့်ထိုအဖွဲ့အစည်းမှာ လျှင်မြန်စွာကြီးထွားလာပြီး တစ်နှစ်အတွင်း မြို့ထဲရှိထိပ်တန်းအဖွဲ့အစည်းများဖြစ်သည့် ဝံပုလွေအဖွဲ့၊ ကြာပန်းနီဂိုဏ်း စသည့်အဖွဲ့အစည်းများကိုရင်ဘောင်တန်းနိုင်သည်အထိဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ကြာပန်းနီဂိုဏ်းခေါင်းဆောင်သွေးယက္ခ၊ ဝံပုလွေအဖွဲ့ခေါင်းဆောင် ဝံပုလွေတို့က သူတို့၏ကြားရှိမကျေလည်မှုများကိုဘေးချိတ်၍ ယာယီအနေဖြင့်ပူးပေါင်းကာ ရွှင်ပျော်ပျော်အဖွဲ့ကိုသွားရောက်တိုက်ခိုက်ခဲ့ကြသည်။

သူတို့၏တိုက်ပွဲရလာဒ်ကမည်သို့ရှိသည်ကို မည်သူမှမသိကြသော်လည်း ထိုနေ့အပြီးတွင် ဝံပုလွေနှင်သွေးယက္ခတို့ကိုယ်တိုင် ရွှင်ပျော်ပျော်အဖွဲ့မှာ သူတို့နည်းတူ မြို့၏ထိပ်တန်းအင်အားစုတစ်ခုဖြစ်သည်ဟုကြေညာခဲ့ရသည်။

ထို့နောက် လေးနှစ်ကြာပြီးသည့်အခါရွှင်ပျော်ပျော်အဖွဲ့မှာ မြို့ထဲရှိအဖွဲ့အစည်းများတွင်ထိပ်ဆုံးသို့ရောက်ရှိလာခဲ့ပြီး ယခုလို သူတို့၏စားသောက်ဆိုင်များ၊ လောင်းကစားရုံများမှာ မြို့၏အကြီးကျယ်ဆုံးနေရာများဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယခုအခြေအနေကိုပြန်ဆက်ရလျှင် ရွှင်ပျော်ပျော်အဖွဲ့အစည်းမှာ အမှန်ပင်သြဇ အာဏာရှိသော်လည စားသောက်ဆိုင်တစ်ခု၏တာဝန်ခံသာဖြစ်သည့်ဟန်ဝူက ထိုမျှမဟုတ်ပေ။

သို့‌သော် သူဌေးကြီးက ဟန်ဝူ၏တောင်းဆိုမှုကိုလက်ခံလိုက်ရုံသာမက သူတို့ချင်းလွတ်လွတ်လပ်လပ်စကားပြောဆိုလိုပုံပါရသည်။

ထို၍အံ့ဩဖွယ်ကောင်းသည့်အချက်က သူ‌‌ဌေးကြီး၏စကားအဆုံး၌ ဟန်ဝူက လက်ခုပ်သုံးချက်တီးကာ ကျန်လူများ၏ဘက်သို့လှည့်ကာပြောလိုက်ခြင်းဖြစ်သည်။

“ ဒီကမိတ်ဆွေတို့ကို ကျုပ် မေတ္တာရပ်ခံစရာရှိပါတယ်။ ကျုပ်နဲ့သူဌေးကြီးတို့ ကိစ္စအချို့ကိုဆွေးနွေးစရာရှိတဲ့အတွက် အားလုံးပဲ ကျုပ်ကိုမျက်နှာသာပေးနိုင်မလား။

ဒီအတွက်လည်းကျုပ်အနူးအညွတ်တောင်းပန်ပါတယ်။ လျော်ကြေးအနေနဲ့ မိတ်ဆွေတို့စားသောက်သမျှကို ကျုပ်ကရှင်းပေးသွားမှာပါ .”

ဟန်ဝူ၏ပထမစကားက ဒုတိယထပ်ရှိလူတိုင်းကို သဘောမကျဖြစ်သွားစေသော်လည်း နောက်ဆက်တွဲစကားအဆုံးတွင် သူတို့လည်းဟန်ဝူ့ကိုအရိုအသေပေး၍အောက်ထပ်သို့ဆင်းသွားကြတော့သည်။

ဟန်ဝူ၏လုပ်ရပ်ကလက်ခံနိုင်စရာမရှိသော်လည်း သူ၏တောင်းပန်မှုကြောင့် ကျန်လူများလည်း အလိုလိုနေရင်းပြဿနာမရှာလိုကြတော့ပေ။

ဩဇာရှိပြီး ကျော်ကြားသည့်သိုင်းသမားလေးငါးယောက်ခန့်ကျန်ရှိနေသေးသော်လည်း အနည်းငယ်စဉ်းစားပြီး သူတို့လည်းထွက်သွားရန်ရွေးချယ်လိုက်ကြသည်။

အကြောင်းက ဟန်ဝူ၏အဆင့်အတန်းမှာဆိုင်တာဝန်ခံသာဖြစ်သော်လည်းသူ၏နောက်တွင်ရွှင်ပျော်ပျော်အဖွဲ့ရှိနေ၍ ထိုအဖွဲ့အစည်းနှငိ့ပြသနာမတတ်ကြလိုဥဖြစ်သည်။

ဤသို့ဖြငိ့ ဒုတိယထပ်တစ်ခုလုံးတွင် ဟန်ဝူ ၊ သူဌေးကြီးနှငိ့ သူ၏သက်တော်စောင့်တို့သာကျန်ရှိတော့ပြီး သူဌေးကြီးက ဟန်ဝူ၏လုပ်ရပ်ကိုအသိအမှတ်ပြုဟန်ဖြင့်ခေါင်းညိမ့်ကာပြောလိုက်သည်။

“ မိတ်ဆွေ ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းသွားတာ ချီးကျူးစရာပါ ။ဒါပေမယ့် အခုကျုပ်ကိုလာတွေ့တာ ရွှင်ပျော်ပျော်အဖွဲ့ကိုယ်စားဆိုရင်တော့ ကျုပ်ငြင်းဆန်ပါရစေ။

ကျုပ်ကဒီကိုအပျော်လာရှာတဲ့အတွက် ဘယ်သူနဲ့မှပူးပေါင်းလုပ်ဆောင်စရာအကြောင်းမရှိဘူး..”

သူဌေးကြီး၏စကားက ရှင်းလင်းပြက်သားပြီး ဟန်ဝူ့ကို သူ၏အဖွဲ့ကိုယ်စားပြုအနေဖြင့်လာပါက စကားမပြောနိုင်ဟု ပွင့်လင်းစွာပြောလိုက်ခြင်းဖြစ်သည်။

သူဌေးကြီးစကားက ဟန်ဝူ၏မျက်နှာကိုပြောင်းလဲစေခြင်းမရှိဘဲ ထိုင်ခုံတစ်လုံးကိုဆွဲ၍ သူ‌‌ဌေးကြီး၏ဝိုင်းတွင်ဝင်ထိုင်ကာပြောလိုက်သည်။

“ စိတ်ချပါ အခု ကျုပ်ကဘယ်သူ့ကိုမှကိုယ်စားပြုလာတာမဟုတ်ဘဲ ဟန်ဝူဆိုတဲ့ကျုပ်အတွက်လာခဲ့တာပါ ..ကျုပ် ခင်ဗျားရဲ့အကြောင်းကိုစိတ်ဝင်စားတယ် ..”

ဟန်ဝူ၏စူးရှသည့်မျက်လုံးများက သူဌေးကြီးကိုစူးစိုက်ကြည့်နေကာ သူဌေးကြီးနောက်ဘက်ရှိသက်တော်စောင့်၏အမူအယာကလည်း ပို၍သတိထားလာဟန်တူသည်။

သူ၏စူးရှသည့်အကြညိ့က သာမန်လူတစ်ယောက်ကို မလုံမလဲဖြစ်သွားစေနိုင်သော်လည်း သူဌေးကြီးကား အကြည့်မလွှဲဘဲတည်ငြိမ်စွာရှိနေရင်းမှ ဖြေးညင်းစွာပြောလိုက်သည် ။

“ ကျုပ်ရဲ့အကြောင်းကို သိချင်တဲ့လူတွေအများကြီးရှိခဲ့သိလို သိအောင်စုံစမ်းဖို့ကြိုးစားတဲ့လူတွေလည်းအများကြီးပဲ။ ဒါပေမယ့် သူတို့အားလုံးက မြေကြိးအောက်ကိုရောက်ကုန်ကြပြီ ။

မိတ်ဆွေတစ်ယောက်အနေနဲ့အကြံပေးရရင် ခင်ဗျားလည်း ကျုပ်အကြောင်းကိုဒီ့ထက်ပိုပြီးမတူးဖော်တာကောင်းလိမ့်မယ်...”

သူ‌ဌေးကြီး၏ခန့်ညားသည့်မျက်နှာကအနည်းငယ်ပြုံးယောင်သမ်းနေသော်လည်း ဟန်ဝူပင်မျက်နှာတစ်ချက်ပျက်သွားသည် ။။

အကြောင်းက သူဌေးကြီး၏ ဝင်းလက်တောက်ပသည့်မျက်လုံးနှင့်ဆုံလိုက်စဉ် သူ၏ရင်ထဲတွင်အလိုလိုထိတ်လန့်မှုကိူခံစားလိုက်ရ၍ဖြစ်ပြီး သူ၏ရှေ့ရှိလူမှာ အရာရာတိုင်းကိုပိုင်စိုးနိုင်သည့်အလား လွှမ်းမိုးမှုရှိနေပေသညိ။

ထို့အပြင် သူဌေးကြီး၏စကားက ချိန်းခြောက်ရုံသက်သက်မဟုတ်ဘဲ အမှန်တကယ်ဖြစ်သည်ကို အလိုလိုသိရှိနေပေသညိ ။

“ အဟမ်း...ကျုပ်က နောက်တာပါ...”

ဟန်ဝူလည်း အကြည့်လွှဲ၍ ချောင်းတစ်ချက်ဟန့်ကာ အမူအယာပြန်ထိမ်းရင်းအိန္ဒြေမပျက်ပြောလိုက်သည် ။

သူ၏လျှင်မြန်သည့်တုံ့ပြန်ပုံကြောငိ့ သူဌေးကြီး၏မျက်ဝန်းထဲတွင် ချီးကျူးလိုသည့်အရိပ်တစ်ခုဖြတ်ပြေးသွားရင်း သေရည်တစ်ခွက်ကိုငှဲ့သောက်ကာပြောလိုက်သည် ။

“ ဒါဆိုရင် လာရင်းကိစ္စလေးဆိုစမ်းပါဦး ကျုပ်က ခင်ဗျားရဲ့မျက်စေ့ထဲမှာ ဘာတွေများစိတ်ဝင်စားစရာကောင်းနေလို့လဲ...”

သူဌေးကြီး၏ ရွှင်ပြသည့်ပုံစံကြောင့် ဟန်ဝူလည်း သက်ပြင်းတစ်ချက်ကိုတိတ်တိတ်လေးချလိုက်မိကာ အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

All Chapters