သူ့အကြောင်းကိုယ့်အကြောင်း
Vol. 1 Ch. 71
“ ဒီလောင်းကစားမြို့တော်ထဲမှာ ခင်ဗျားကိုစိတ်မဝင်စားတဲ့လူဘယ်သူရှိလို့လဲ။
ကြွယ်ဝမှုကိုအတိအကျခနိ့မှန်းလို့်မရတဲ့အထိချမ်းသာပြီး အသုံးအဖြုန်းကလည်းကြီးသေးတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ရွှေငွေဥစ္စာတွေကို လူမြင်ကွင်းမှာ အသုံးပြုဖို့ဝင်မလေးတဲ့အပြင် ကြောက်စရာကောင်းတဲ့သက်တော်စောင့်တစ်ယောက်ပါရှိသေးတယ်။။
ဒီတော့ ခင်ဗျားက မြို့ထဲကလူတိုင်းရဲ့မျက်စေ့ထဲမှာထူးဆန်းနေသလို မကောင်းကြံစည်ချင်တဲ့လူတွေရဲ့ပစ်မှတ်လည်းဖြစ်လာတာပေါ့ ။ ကံမကောင်းတာကသူတို့က ကျားမြီးသွားဆွဲတာဆိုတာ မသိကြတာပဲ...”
ဟန်ဝူ၏စကားက သူဌေးကြီး၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာစေပြီး အရက်တစ်ခွက်ကိုငှဲ့၍ ဇိမ်ဆွဲသောက်ရင်းပြန်မေးလိုက်သည် ။
“ မင်းကရော သူတို့နဲ့အတူပဲလား ။ ဒါဆိုရင်တော့ ကျုပ်မင်းကို အထင်သေးမိလိမ့်မယ်..”
သူဌေးကြီး၏မေးခွန်းကြောင့် ဟန်ဝူက အသာပြုံး၍ဆက်ပြောလိုက်သည်။
“ မလောပါနဲ့ ကျုပ်ရဲ့စကားမဆုံးသေးပါဘူး။ ကျုပ်စိတ်ဝင်စားတာကတစ်မျိူးဗျ ။
ခင်ဗျားရဲ့လက်ရှိသုံးဖြုံးနေတဲ့ပုံနဲ့ဆိုရင် နိုင်ငံရဲ့ထိပ်တန်းသူဌေးနှစ်ဆယ်စာရင်တောင်ဝင်နိုင်တယ်။
ဒါပေမယိ့ သူတို့အားလုံးထဲမှာ ခင်ဗျားမပါသလို ခင်ဗျားက တခြားဒေသတစ်ခုခုကရောက်လာတဲ့လူမဟုတ်ဘူး ဒါကြောင့် ကျုပ်ခင်ဗျားကိုစပြီးစိတ်ဝင်စားလာမိတာ...”
ဟန်ဝူ၏အဖြေကြောင့် သူဌေးကြီး၏မျက်ခုံးများပင့်တက်သွားပြီး စိတ်ဝင်စားသည့်ဟန်ဖြင့်မေးလိုက်သည် ။
“ ဟန်နိုင်ငံရဲ့အချမ်းသာဆုံးသူဌေးနှစ်ဆယ်ကို မင်းက အတိအကျသိလို့လား ...”
ဟန်ဝူက ယုံကြည်မှု ပြည့်ဝသည့်ပုံစံဖြင့်ခေါင်းညိမ့်ပြလိုက်သည်။။
“ နှစ်ဆယမပြောနဲ့ တစ်ရာအထိကျုပ်သိတယ်။။သူတို့ထဲမှာအချို့ကိုလွဲကောင်းလွဲချော်နိုင်ပေမယ့် ထိပ်ဆုံးသုံးဆယ်အတွင်းကလူတွေကို ကျူပ်အထိအကျအာမခံဝံ့တယ်။
တကယ်တော့ ဟန်နိုင်ငံက ကျယ်ပြန့်သလို သူဌေးသူကြွယ်တွေကလည်း တယ်ပေါတကာကိူး ။ တစ်ချို့က ထင်ရှားကျော်ကြားပေမယ့် လူမသိသူမသိနှိမ့်ချနေတဲ့ ကျိကျိတက်သူကြွယ်တွေလည်းမနည်းဘူး ။
သူတို့ကိုအတိအကျသိရဖို့မလွယ်ကူလှပေမယ့် အရမ်းကြီးခက်ခဲနေတာလည်းမဟုတ်ပါဘူး။ ကျုပ်ပြောတဲ့ထိပ်ဆုံးနှစ်ဆယ်အတွင်းမှာ လူမသိတဲ့လူက ရှစ်ယောက်အထိရှိတယ်။။ဒါပေမယ့် သိူ့စာရင်းထဲမှာ ခင်ဗျားမပါဘူး...”
သူဌေးကြီးက ဟန်ဝူ၏စကားကို လက်ခံခြင်းမပြုသလိုငြင်းဆန်ခြင်းလည်းမပြုပေ ။
ဟန်ဝူက သူဌေးကြီး၏အမူအယာကိုအကဲခပ်လိုက်ပြီး သူ၏နောက်ရှိသက်တော်စောင့်ကိုတစ်ချက်ကြည့်ကာပြုံး၍ပြောလိုက်သည်။
“ ကျုပ်ခင်ဗျားကို အထူးစိတ်ဝင်စားစေတဲ့အဓိကအချက်ကတော့ ခင်ဗျားနောက်ကသက်တော်စောင့်ကြောင့်ပဲ။
သူက ကြောက်စရာကောင်းတဲ့ထိပ်သီးသိုင်းသမားတစ်ဦးဖြစ်တဲ့အပြင် သူ့ရဲ့ရန်သူတွေကိုဓားတစ်ချက်နဲ့ပဲအဆုံးသတ်ခဲ့တာများတယ်။။
ဒါကြောင့်လည်း လောင်းကစားမြို့ထဲကလူတွေပ ဒုတိယသေမင်းနက်ဆိုပြီး သူ့ကိုနာမည်ပေးခဲ့ကြတာပေါ့...”
ခမောက်အောက်မှသက်တော်စောင့်၏မျက်လုံးများက ပို၍တောက်ပြောင်လာသလို သူဌေးကြီး၏မျက်နှာထက်ရှိအပြုံးကလည်းပို၍ပီပြင်လာသည်။
ဟန်ဝူက ထိုအချက်များကိုသတိမထားမိဟန်ဖြင့် သက်တော်စောင့်ကိုအပြုံးမျက်နှာဖြင့်ကြည့်ရင်း ဆက်ပြောလိုက်သည်။
“ တကယ်တော့ ခင်ဗျားလို အတိုင်းမသိကချမ်းသာတဲ့လူတစ်ဦးက အဆင့်လွန်သိုင်းသမားတစ်ယောက်ကိုငှားထားတာသိပ်တော့မထူးဆန်းပါဘူး။။
ခင်ဗျားရဲ့ချမ်းသာမှုနဲ့ဆို လေးငါးယောက်အထိလည်းငှားလို့ရတာပဲလေ ။ ကျုပ်ကိုအံ့အားသင့်စေတာက အဲဒီသက်တော်စောင့်က အရင်တုန်းကသိုင်းထိပ်သီးဆယ်ယောက်စာရင်ဝင်ဖြစ်တဲ့ ဝါဆန်းဂိုဏ်းက ရိယောင်ဖြစ်နေတာပဲ...”
ဟန်ဝူ၏စကားအဆုံး၌ တောက်ပသည့်ဓားရောင်တစ်ချက်က လျှပ်ပြက်သလို ဝင်းခနဲလက်သွားတော့၏။
“ ရွှပ်...”
“ ဝုနိး...”
အဖြစ်အပျက်များက အချိန်တခဏအတွင်းဖြစ်ပျက်သွားခြင်းဖြစ်ကာ ဟန်ဝူ၏စကားဆုံးသည်နှင့်သက်တော်စောင့်ကရှေ့သို့ရိပ်ခနဲတိုးလာပြီး သူ၏ဓားကိုလျှပ်တပြက်ဆွဲထုတ်၍ဟနိ့ဝူ့ကိုခုတ်ပိုင်းလိုက်ခြင်းဖြစ်သည်။
ထိုအဖြစ်က မျက်တောင်တခတ်အချိန်အတွင်းဖြစ်ပျက်သွားခြင်းဖြစ်သော်လည်း ဟန်ဝူကား သူ၏နေရာတွင်မရှိတော့ဘဲ ခြေငါးလှမ်းအကွာသို့ရောက်နေသဘို သူထိုင်နေသည့်ထိုင်ခုံကလည်း အလယ်မှတိတိရိရိပိုင်းဖြတ်ခံရပြီး နှစ်ခြမ်းကွဲသွားပေသည်။
ထိုဓားချက်က လွန်စွာမြန်ဆန်တိကျလှပြီး ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းဖြစ်၍ သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်းရှိပေသည် ။
သို့သော်လည်း ဟန်ဝူက ထိုအဖြစ်ကိုကြိုတင်တွက်ဆပြီးဖြစ်၍ သက်တော်စောင့် လှုပ်ရှားလာသည်နှင့် နောက်ဘက်သို့ခုန်ဆုတ်ကာ ရှောင်တိမ်းလိုက်ခြင်းဖြစ်သည်။
“ ဟိုး...အစ်ကိုရိက တကယ်ကိုစိတ်မြန်တာပဲ။ ဓားပညာကလည်း ချီးကျူးလောက်စရာပါ။ ဒါကြောင့်လည်း ဝါဆန်းဂိုဏ်းချုပ်ကြီးလျှပ်စီးဓားရှင်ရဲ့တပည့်ကြီးဖြစ်နေတာကိုး...”
ဟန်ဝူက မျက်နှာတစ်ချက်မပျက်ဘဲ သက်တော်စောင့်ကိုချီးကျူးလိုက်သည် ။ သို့သော် သူ၏ကိုယ်ဟန်ကိုကြည့်ပါကသက်တော်စောင့်သာနောက်ထပ်တိုက်ခိုက်လာပါက တန်ပြန်တိုက်ခိုက်နိုင်ရန်ပြင်ဆင်ထားပုံရပြီး မျက်လုံးများက အလွတ်မပေးဘဲစောင့်ကြည့်နေသည်။
“ မင်းကဘယ်သူလဲ ....”
သက်တော်စောင့်၏ အေးစက်စက်လေသံထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များပါဝင်နေပြီးသူ၏ခမောက်ကိုချွတ်လိုက်သည်။
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်ထိုလူက အသက်လေးဆယ့်ငါးနှစ်ရှိကာ တည်ကြည်သည့်မျက်နှာသွင်ပြင်ရှိ၍ ပြက်သားမည့်ပုံရသည်။
သူ၏စူးရှသည့်မျက်လုံးများက ဟန်ဝူ့ကိုစိုက်ကြည့်နေကာ ခန္တာကိုယ်မှလည်းထက်ရှသည့်ဓားတစ်လက်လိုအရှိန်အဝါမျိုးထွက်ပေါ်နေသည် ။
သိုင်းလောကတွင် ယခုလိုအဆင့်ရှိသည့်ဓားသမားဟူ၍များများစားစားမရှိဘဲ သက်တော်စောင့်ကား သိုင်းဝိဇ္ဇာအဆငိ့သို့မရောက်သေးသည့်တိုင် ထိုအဆင့်အောက်တွင်သူ၏ပြိုင်ဘက်အနည်းငယ်သာရှိတော့ပေသည်။
ဝါဆန်းဂိုဏ်းချုပ်၏ပထမတပည့်ကြီးသို့မဟုတ် လျှင်မြန်ဓားရိယောင်က ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်နံပါတ်သုံးနေရာအထိရရှိခဲ့သော်လည်း သိုင်းလောကထဲမှပျောက်ကွယ်သွားခဲ့သည်မှာအချိန်အတော်ကြာပြီဖြစ်သည် ။
သူ၏အကြောင်းကို ဝါဆန်းဂိုဏ်းမှလူများပင်စုံစမ်းမရခဲ့သော်လည်း ယခုအခါ ထူးဆန်းသည့်သူဌေးကြီး၏သက်တော်စောင့်အဖြစ်ပြန်လည်ပေါ်ထွက်လာခဲ့ပေသည်။
ထူးဆန်းစွာဖြင့်သူဌေးကြီးကား လုံးဝတုန်လှုပ်ဟန်မရဘဲ သောက်လက်စအရက်ခွက်ကိုအသာချကာ သက်တော်စောင့်ကိုလက်ကာပြလိုက်သည်။
“ စုန်းယောင် နောက်ဆုတ်...”
သူဌေးကြီး၏အမိန်ါကြောင့် သက်တော်စောင့်သို့်မဟုဆ် ရိယောင်လည်း သူ၏ဓားကိုပြန်သိမ်း၍ မူလနေရာတွင်သာရပ်နေလိုက်သည်။
ထိုအခါမှ ဟန်ဝူက စားပွဲအနီးသို့ပြန်လျှောက်လာလိုက်ပြီး နောက်ထပ်ထိုင်ခုံတစ်လုံးကိုဆွဲထိုင်ကာ ပြုံး၍ပြောလိုက်သည်။
“ ကျုပ်ပြောခဲ့သလိုပဲ ဒီက အစ်ကိုရိကိုမြင်လို့ ကျုပ် ခင်ဗျားကိုပိုပြီးစိတ်ဝင်စားခဲ့တာ ။
အခု အစ်ကိုရိသုံးတဲ့ဓားသိုင်းက လျှင်မြန်တိကျပြီး ကြောက်စရာကောင်းပါပေတယ်။ လူအတော်များများကိုလည်း ဒီဓားသိုင်းနဲ့ပဲ တစ်ကွက်ထဲသတ်ဖြတ်ခဲ့တာ။။
ဒါပေမယ့် အရင်နှစ်ရက်က အဆင့်လွန်သိုင်းသမားနှစ်ယောက်နဲ့ ထိပ်တန်းသိုင်းသမားငါးယောက်ကို တစ်ပြိုင်နက်ရင်ဆိူင်ရတဲ့အချိန်မှာ ဒီဓားသိုင်းကိုသာမကဘဲ ဝါဆန်းရဲ့လျှပ်စီးဓားသိုင်းကိုလည်းသုံးမိသွားတယ်လေ။
အရေးအကြောင်းကြုံလာတဲ့အချိန်မှာ ကိုယ်အကျွမ်းကျင်ဆူံးဓားသိုင်းကိုသူံးမိတာ သဘာဝကိုး ။
တိုက်ပွဲက သိပ်ပြီးမကြာလိုက်ပေမယ့် ကျုပ်ရဲ့မျက်စေ့ကိုတော့ မကျော်လိုက်နိုင်ဘူး။။ဒါကြောင့်လည်း ကျုပ်က အစ်ကိုရိက ဝါဆန်းဂိုဏ်းနဲ့ပတ်သတ်နေမှန်းသိလိုက်တယ်။
နောက်တစ်ခါ ထပ်ပြီးစဉ်းစားကြည့်ရင် ဝါဆန်းမှာတောင် လျှပ်စီးဓားသိုင်းကိုဒီအဆင့်ထိရောက်အောင်ကျင့်နိုင်တဲ့လူကရှားပါးတယ်။။
သိုင်းဝိဇ္ဇာအဆင့်တွေဖြစ်တဲ့ ဂိုဏ်းချုပ်ရဲ့အကြီးအကဲကိုဖယ်ထားရင် လျှပ်စီးဓားသိုင်းကိုကျွမ်းကျင်အဆင့်ထိတတ်မြောက်ပြီး ဒီလောက်ကြောက်စရာကောင်းတာက သိုင်းလောကက ပျောက်ကွယ်သွားတဲ့ လျှင်မြန်ဓားရိယောင်ပဲကျန်တော့တယ်လေ။
ဒါကြောင့် ခင်ဗျားရဲ့သက်တော်စောင့်က အစ်ကိုရိဆိုတာကိုသိလိုက်ပြီး ဒီလိုလူတစ်ယောက်ကိုတောင် ခင်ဗျားရဲ့လက်အောက်ကိုသိမ်းသွင်းနိုင်တော့ ခင်ဗျားကဘယ်လိုလူလဲဆိုတာကို ကျုပ် ပိုပြီးစိတ်ဝင်စားလာခဲ့တယ်...”
ဟန်ဝူက ရှည်လျားစွာပြောဆို၍ စားပွဲပေါ်ရှိအရက်အိုးကိုမ၍ အရက်တစ်ခွက်ကိုငှဲ့သောက်လိုက်သည်။။
“ ကောင်းတယ် သိပ်ကောင်းတယ် ကျုပ်ရဲ့လူက ဓားကွက်နည်းနည်းလောက်မှားထုတ်မိတာနဲ့ သူ့ရဲ့ဇာတ်မြစ်အထိတောင် တိတိကျကျမှန်းဆနိုင်တယ်...”
သူဌေးကြီးက ဟန်ဝူ့ကိုစိတ်လိုလက်ရချီးကျူးလိုက်ပြီး ရိယောင်၏ဘက်သို့အနည်းငယ်စောင်းကာတည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ မင်းလည်းပိုပြီးလေ့ကျင့်သင့်တယ် ။ အခုတောင် သူကမင်းရဲ့အမှားနည်းနည်းကိုမြင်တာနဲ့ မင်းအကြောင်းကိုတန်းပြီးသိတယ်။
တကယ်လို့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက သိုင်းဝိဇ္ဇာအဆင့်တွေဆိုသာဆိုရင် မင်းတိုက်ခိုက်တာကို တစ်ချက်ကြည့်ရုံနဲ့တန်းသိမှာပဲ...”
သူဌေးကြီး၏လေသံက များစွာတင်းမာခြင်းမရှိသော်လည်း ရိယောင်ကတုန်လှုပ်သွားပြီး ချက်ခြင်းဦးညွှတ်အရိုအသေပေးကာပြောလိုက်သည်။
“ ကျုပ်ရဲ့အမှားကိုသိပါပြီခေါင်းဆောင်...”
ရိယောင်၏လေသံထဲတွင် နက်ရှိုင်းသည့် ကြောက်လန့်မှု ၊ ရိုသေလေးစားမှုတို့ပါဝင်လျက်ရှိသည်။
မာနကြီးသည်ဟုနာမည်ကျော်သည့်ရိယောင်၏ယခုလိုအပြုအမူကြောင့် ဟန်ဝူပင်အံ့အားသင့်သွားပြီးသူ၏ရှေ့တွင် အေးဆေးစွာထိုင်နေသည့်သူဌေးကြီးကို ပို၍ပင်သတိထားလာရသည်။
ရိယောင်ကို သတိပေးစကားပြောလိုက်ပြီးနောက် သူဌေးကြီးက ဟန်ဝူ၏ဘက်သို့လှည့်ကာပြောလိုက်သည် ။
“ စောစောက မင်းသုံးသွားတဲ့ကိူယ်ဖော့ပညာက မိုးကောင်းကင်လေအဟုန်လို့ခေါ်တယ်မလား ။ ဝူတန်းရဲ့တိမ်လှေကားကိုယ်ဖော့သိုင်းနဲ့တောင်းယှဉ်နိုင်တဲ့ရှေးဟောင်းပညာရပ်တစ်ခုလေ ။
တစ်ချက်ခုန်လိုက်ရုံနဲ့ ကောင်းကင်ကိုတောင်တက်လှမ်းနိုင်တယ်လို့နာမည်ကြီးတဲ့ နန်ကုန်းမိသားစုရဲ့လျှို့ဝှက်ကိုယ်ဖော့ပညာပေါ့...”
သူဌေးကြီး၏စကားအဆုံး၌အံ့ဩတုန်လှုပ်ရသူက ဟန်ဝူပင်ဖြစ်ပေသည် ။
နန်ကုန်းမိသားစုမှာ နှစ်ရာပေါင်းများစွာတည်ရှိလာသည့် သိုင်းလောက၏ထိပ်တန်းအင်အားစုတစ်ခုဖြစ်သော်လည်း စီးပွားရေးကိုအဓိကလုပ်ကိုင်ကာ သိုင်းလောကအရေးများကိုအနည်းငယ်သာပါဝင်ပေသည်။
သို့သော်လည်း သူတို့၏အခြေခံအုတ်မြစ်က လွန်စွာနက်ရှိုင်းပြီး ရှေးဟောင်းထိပ်တန်းသိုင်းပညာရပ်များစွာရှိပေသည်။။
အဓိကသွေးမျိုးဆက်များသာလေ့ကျင့်ရသည့် ထိုပညာရပ်များမှာ နန်ကုန်းမိသားစု၏လျှို့ဝှက်သိုင်းပညာများဖြစ်ပြီး အစောပိုင်းက ဟန်ဝူသုံးသွားသည့်ကိုယ်ဖော့ပညာကလည်း ထိုအထဲမှတစ်ခုဖြစ်သည်။
လက်ရှိသိုင်းလောကတွင်သိရှိသူလက်ချိုးရေနိုင်လောက်အောင်နည်းပါးသည့်ထိုပညာရပ်မျိုးကိုသူဌေးကြီးကသိရှိနေခြင်းနှင့် သူ၏လှုပိရှားမှုကိုကြည့်၍ အတပ်သိခြင်းက ဟန်ဝူ့ကိုအတော်ပင်တုပ်လှုပ်စေခဲ့သည် ။