← Chapters

နတ်သမီးခုနစ်ပါးအက

Vol. 1 Ch. 73

နတ်သမီးခုနစ်ပါးအက

Vol. 1 Ch. 73

“ အင်း...ညဉ့်ဦးယံကပွဲက အတော်လေးကိန်းကြီးခန်းကြီးနိုင်တာပဲ ...”

ဒုတိယထပ်၏လှေကားပေါ်သို့တက်နေရင်းက ငွေရောင်ဝတ်စုံကိုဝတ်ထားသည့် သူဌေးကြီးက‌ ပြောလိုက်ခြင်းဖြစ်သည်။

သူ၏နောက်တွင်အနက်ရောင်ဝတ်စုံဝတ်ခမောက်ဆောင်းထားသည့်ရိယောင်က ထပ်ကြပ်မကွာလိုက်ပါလာပြီး ဘေးပတ်ဝန်းကျင်ကိုသတိအပြည့်ရှိသည့်မျက်လုံးများဖြင့်အကဲခပ်နေသည်။

သူတို့နှစ်ယောက်က ဆိုင်အောက်ထပ်နှင့် ဒုတိယထပ်ကိုဖြတ်သန်းပြီးဖြစ်၍ တတိယထပ်ကိုရောက်ရှိတော့မည်ဖြစ်သည်။

အထပ်နှစ်ခုလုံးတွင်နေ့လည်ဘက်က စည်ကားသိုက်မြိုက်သည့်ပုံစံနှင့်ကွဲပြားစွာ ငြိမ်သက်တိတ်ဆိတ်နေပြီး မီးရောင်မှိန်မှိန်ထွန်းညိထားသည် ။

သို့သော် အထပ်နှစ်ထပ်၏အမှောင်ရိပ်များထဲတွင်ပုန်းအောင်းနေသည့်သိုင်းသမားများစွာရှိသည်ကိုသူတို့နှစ်ယောက်လုံးကောင်းစွာသိရှိနေပြီး ထို့ကြောင့်လည်း သူဌေးကြီးက ရေရွတ်လိုက်ခြင်းဖြစ်သည် ။

ထို့နောက် တစ်ပတ်လျှင်တစ်ကြိမ်သာဖွင့်သည့် တတိယထပ်၏တံခါးဝသို့သူတို့ရောက်ရှိလာကြသည်။

လှေကား၏ထိပ်ဆုံးတွင်ဖွင့်ထားသည့်တံခါးတစ်ချပ်ရှိနေပြိး အထဲမှစကားပြောသံများ ဆူညံသံများကို‌ပါကောင်းစွာကြားနေရသည်။

သူဌေးကြီးနှင့်သက်တော်စောင့်တို့လည်း လှေကား၏ထိပ်ဆူံးသို့တက်၍ တတိယထပ်သို့တက်ရောက်လိုက်သည့်အခါ လုံးဝမတူညီသညိ့မြင်ကွင်းတစ်ခုကိုမြင်တွေ့လိုက်ရသည်။

တတိယထပ်မှာ ကျန်အထပ်နှစ်ခုလောက်ကျယ်ဝန်းခြင်းမရှိသော်ငြားလွန်စွာခမ်းနားပြီး ခန်းလုံးပြည့်အိစက်သည့်ပါရှန်းကောဇောများခင်းကျင်းထားသည်။

ကျွန်းသားဖြင့်ပြုလုပ်ထားသည့် မဟော်ဂနီရောင်စားပွဲရှည်ကြီးမှာ အခန်းအလယ်တွင်ရှိပြီး ထိုအပေါ်တွင် အမျိုးအစားစုံလင်သည့်စားသောက်ဖွယ်ရာများ၊ အရက်များခင်းကျင်းထားသည်မှာ နတ်ဒေါဝါတို့၏စားသောက်ပွဲနှင့်ပင် ဆင်တူနေသည်။

မျက်နှာကြပ်တွင်ဆွဲထားသည့်မီးအိမ်ကြီးဆယ့်ရှစ်လုံးက တတိယထပ်တစ်ခုလုံးကို နေ့ဘက်အလား ထိန်ညီးနေစေပြီး အခန်း၏နောက်ဘက်ကျကျနေရာတွင် စင်မြင့်တစ်ခုရှိနေပြီး ထိုနေရာက နတ်မိမယ်ခုနစ်ပါးအကဖျော်ဖြေမည့်နေရာဖြစ်ပေမည်။

ခန်းမအလယ်ရှိစားပွဲရှည်ကြီးတွင် ဝိုင်းဖွဲ့စားသောက်နေကြသည့် လူအယောက်နှစ်ဆယ်နီးပါးရှိပြီး သူတို့၏နောက်ဘက်တွင်ရပ်နေကြသည့် ကိုယ်ရံတော်များကိုလည်းတွေ့ရသည်။

ကပွဲ၏စည်းမျဉ်းအရ တစ်ဦးလျှင် ကိူယ်ရံတော်တစ်ယောက်စီသာခေါ်ခွင့်ရှိသော်လည်း သိုင်းပညာမတတ်သည့်လူအနည်းငယ်ကသာ သူတို့၏ကိုယ်ရံတော်များကိုခေါ်လာခြင်းဖြစ်ပြီး သူတို့၏စွမ်းအားကိုယုံကြည်စိတ်ချသည့်အများစုက တစ်ကိုယ်တော်လာခြင်းဖြစ်သည် ။

ထိုလူများမှာ စားပွဲကြီးတွင်ဝိုင်းဖွဲ့စားသောက်ရင်း ဆူညံစွာပြောဆိုဆွေးနွေးနေကြပြီး သူတို့ပြောဆိုနေသည့်အကြောင်းအရာများက ရှေ့ဆက်လုပ်ဆောင်မည့်စီးပွားရေးကိစ္စများဖြစ်ပုံရသည်။

စင်စစ် ညဉ့်ဦးယံကပွဲဆိုသည်က လောင်းကစားမြို့တော်၏အထက်တန်းလွှာများကြားမှ တွေ့ဆုံမှုသာဖြစ်ပေသည် ။

သူဌေးကြီးနှင့်သူ၏သက်တော်စောင့်တို့ရောက်ရှိလာသည်နှင့် စားပွဲရှည်ကြီးရှိလူအချို့က အံ့အားသင့်သည့်ဟန်ဖြင့်ကြည့်လိုက်ကြသည်။

သူတို့၏အကြည့်များကြောင့် ကျန်လူများလည်း သူဌေးကြီးကိုကြည့်လိုက်မိကြသည် ။သို့‌သော် သူတို့၏ပုံစံက အလွန်အမင်းအံ့ဩခြင်းတော့ရှိဟန်မတူပေ။

အကြောင်းကား ဤရက်ပိုင်းတွင်နာမည်ကျော်လာသည့်သူဌေးကြီး၏ဂုဏ်သတင်းအရ ယခုလိုပွဲမျိုးကိုတတ်ရောက်နိုင်စွမ်းရှိ၍ဖြစ်သည်။

သူတို့သူ‌ဌေးများ၏နောက်တွင်ရပ်နေသည့် သိုင်းသမားအနည်းငယ်လည်းသူ‌ဌေးကြီး၏နောက်တွငိရှိသည့် သက်တော်စောင့်ကိုမြင်လိုက်ရသည့်အခါ သူတို့၏ပုံစံက သတိကြီးစွာထားလာကြပုံရသည်။

ဒုတိယသေမင်းနက်ဟုပင်နာမည်ပေးထားသည့်ထိုသက်တော်စောင့်ကို သည့်မတိုင်မီက သူတို့ကောင်းစွာကြားဖူးသော်လည်းမျက်မြင်ကိုယ်တွေ့မြင်ပြီးနောက် ထိုလူက ကြောက်စရာကောင်းလှသူတစ်ဦးဖြစ်သည့်အကြောင်းကိုအလိုလိုသိရှိလိုက်သည်။

သူဌေးကြီးက သူ့ကိုစူးစိုက်ကြည့်နေကြသည့်လူများကိုပြုံးပြလိုက်ရင်း အခန်းထောင့်တွင်ခင်းကျင်းထားသည့် စားပွဲဝိုင်းများဆီသို့လျှောက်သွားလိုက်သည်။

ခနိးမအလယ်ရှိစားပွဲရှည်ကြီးတွင်ဝိုင်းဖွဲ့မထိုင်လိုသူများအတွက်ခန်းမထောင့်တွင်သီးသန့်စားပွဲလေးငါးဝိုင်းခင်းထားကာ သူဌေးကြီးလည်း ဟန်ဝူ၏ထောင့်စေ့မှုကို ကြိတ်၍ချီးကျူးလိုက်မိသည်။

သူဌေးကြီး၏ ချဉ်းကပ်ရခက်သည့်ဂုဏ်သတင်းကိုကြားပြီးဖြစ်၍ ကျန်လူများလည်းမည်သို့မှမနေလဲ သူတိူ့၏ဆွေးနွေးမှုများကိုဆက်လက်လုပ်ဆောင်နေကြသည်။

ညဉ့်ဦးယံကပွဲက လောင်းကစားမြို့တော်တွင်လွှမ်းမိုးနိုင်စွမ်းရှိသည့်လူများ၏တွေ့ဆုံမှုဖြစ်သလို မြို့ကိုချုပ်ကိုင်ထားသူများ၏ ရှေ့ဆက်ရမည့်အစီအစဉ်များကို တစ်ယောက်ကိုတစ်ယောက်အကဲခပ်လေ့လာခြင်းလည်းမည်၏။

မြို့၏ထိပ်တန်းအဖွဲ့ခေါင်းဆောင်များဖြစ်သည်ည ဝံပုလွေအဖွဲ့ခေါင်းဆောင် ဝံပုလွေနှင့် ကြာပန်းနှသွေးယက္ခတို့ကိုပင် ထိုလူစုထဲတွင်တွေ့နိုင်ပြီး သူတို့နှစ်ယောက်၏ကျော်းတော်က ရန်စကိုလောင်းကစားမြို့တော်ရှိလူတိုင်းသိရှိထားပြီးဖြစ်သည် ။

အကျဉ်းချုပ်၍ဆိုရလျှင် ဟန်ဝူဖန်တီးထားသည့် ညဉ့်ဦးယံကပွဲက မြို့၏အုပ်ချုပ်သူအထက်တန်းလွှာတစ်စုက သူတို့၏အကြံအစည်များကိုတိုင်ပင်ဆွေးနွေးသည့်နေရာဖြစ်ပြီး မြို့သို့အပျော်လာရှာသည့်သာမန်လူများကတော့ထိုအကြောင်းအရာများကို လုံးဝသိရှိနိူင်မည်မဟုတ်ပေ။

ဤကပွဲ၏ စီစဉ်ဖန်တီးသူဟန်ဝူကိုမည်သည့်နေရာမှမတွေ့နိုင်သော်လည်း စားပွဲရှည်ရှိလူများထဲတွင်တော့ ရွှင်ပျော်ပျော်အဖွဲ့အစည်းမှ ကိုယ်စားပြုလူတစ်ယောက်ကိုတွေ့နိုင်သည် ။

ထိုအချက်ကိုကြည့်၍ ဟန်ဝူက ရွှင်ပျော်ပျော်အဖွဲ့၏အစစ်အမှန်ခေါင်းဆောင်ဖြစ်သော်လည်း ထိုအကြောင်းကိူလူသိမခံဘဲ ကျန်အဖွဲ့များ၏ခေါင်းဆောင်များပင်သိရှိကြဟန်မတူပေ။

ထိုအခိုက် ခန်းမတစ်ခုလုံးရှိမီးအိမ်များရုတ်တရက်မှိတ်သွားပြီး သက်တော်စောင့်၏လက်က သူ၏ခါးရှိဓားပေါ်သို့ရောက်ရှိသွားသည်။။

သို့သော် စားပွဲရှည်ကြီးရှိလူများ၏အမူအယာက ထိတ်လန့်အံ့ဩခြင်းမရှိဘဲ သူတို့၏ပုံစံက တက်ကြွပျော်ရွှင်သွားပုံရရာ ပြောလက်စ စကားများပင်ရပ်သွားကြတော့သည်။

ထို့နောက် အားနည်းသည့်မီးအလင်းရောင်တစ်ခုက ခန်းမတစ်ဖက်ခြမ်းရှိစင်မြင့်ထက်သို့ကျရောက်လာပြီး ထူးဆန်းသည့်အဖြူရောင်အခိုးအငွေ့များက စင်မြင့်ထက်မှပျံ့နှံ့လာသည် ။

“ ခေါင်းဆောင်...”

သက်တော်စောင့်က သူဌေးကြီးကို ခပ်တိုးတိုးခေါ်လိုက်သည်။

သူ၏အမူအယာကလွန်စွာအလေးအနက်ထားဟန်တူပြီး ဤခန်မအတွင်းရှိလူများမဆိုထားနှင့် လက်ရှိသိူင်းလောကထဲတွင်ပင် သူဌေးကြီးကိုထိခိုက်အောက်လုပ်နိုင်သူလက်တစ်ဖက်မပြည့်သော်လည်း မမြင်ရသည့်လျှို့ဝှက်လုပ်ကြံမှုများရှိလာမည်ကို သူစိုးရိမ်မိသည်။

သိူ့‌‌သော် သူ၏အမူအယာနှင့်ခြားနားစွာ သူဌေးကြီးက လွန်စွာစိတ်အးလက်အေးရှိပုံပေါ်ပြီး ခန်းမတစ်ဖက်ခြမ်းရှိ စင်မြင်ကိုစူးစိုက်ကြည့်နေရင်း အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

“ ထိုင်လိုက် စုန်းယောင် နတ်မိမယ်ခုနစ်ပါးအကလာတော့မယ်...”

သူဌေးကြီး၏စကားကြောင့် သက်တော်စောင့်မှာ ချီတုံချီချဖြစ်သွားသော်လည်းအမိန့်ကိုမလွန်ဆနိဝံ့၍ ထိုင်ခုံတစ်လုံးကိုဆွဲကာ သူဌေးကြီး၏နောက်ဘက်နားတွင်ထိုင်လိုက်သည်။

ထိုအခိုက် မြူခိုးများက တဖြေးဖြေးပါးလျလာပြီး မြူခိုးအတွင်းမှ လှပသည့် ပုံရိပ်ကလေးခုနစ်ခုဝိုးတဝါးရှိနေသည်ကိုမြင်လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် စင်မြင့်ကိုမျက်စေ့မလွှဲကြည့်ရှုနေသည့် အခန်းထဲရှိလူအားလုံး သဘောကျစွာအော်ဟစ်လိုက်ကြပြီးသူတို့၏မျက်လုံးများကတောက်ပဘာကြသည် ။။

သူတို့၏အဆင့်အတန်းများကမည်မျှမြင့်မားပါစေ၊ မည်မျှကြွယ်ဝသည့်လူများဖြစ်ပါစေ ယခုအချိန်တွင် နတ်မိမယ်ခုနစ်ပါးအကကိုရမ္မက်ကြီးစွာစောင့်မျှော်နေသည့် ယောင်္ကျားများသာဖြစ်ကြသည်။

သူတို့ထဲကအားလုံးနီးပါက နတ်မိမယ်ခုနစ်ပါးအကကိုကြည့်ရှုဖူးသူများဖြစ်၍ ထိုမိန်းကလေးများမည်မျှ ချောမောလှပ၍ ဆွဲဆောင်မှုအပြည့်ရှိသည်ကို အသိဆုံးဖြစ်သည် ။

ထိုစဉ် မြူခိုးများက တဖြေးဖြေးလွင့်ပါးလာပြီး မိန်းကလေးခုနစ်ယောက်၏လှပသည့်သွင်ပြင်များက ရှင်းလင်းစွာထွက်ပေါ်လာကြသည်။

ဇာဖြင့်ပြုလုပ်ထားသည့် အလည်ခွဲဝတ်ရုံရှည်က ဖြူဖွေးချောမွတ်နေသည့် ခြေထောက်များနှင့်ပေါင်တံသွယ်သွယ်များကိုအပြည့်အဝဖော်ပြထားပြီး သူတို့၏အင်္ကျီပါးလေးများက လှပသည့်ကိုယ်လုံးကိုယ်ပေါက်များကိုသိသာစွာမြင်နေရစေသည်။

လွန့်စွာလှပသည့်ထိုခြေ‌ထောက်များကြားတွင် ပျော်ရွှင်စွာအသက်ပေးမည့်အမျိုးကောင်းသားမည်မျှရှိမည်ကိုရေတွက်၍ပင်မရနိုင်ဘဲ ထိုမိန်းကလေးခုနစ်ယောက်၏ကိုယ်ဟန်သက်သက်ကပင် ခန်းမအတွင်းရှိလူများ၏မျက်နှာကို ရမ္မက်ထန်စေသည် ။

အထက်ကိုတက်၍ကြည့်လျှင် တစ်ယောက်တစ်မျိုးစီချောမောလှပသည့်မျက်နှာလေးခုနစ်ခုကိုတွေ့ရမည်ဖြစ်ပြီး ဆင်တူထုံးဖွဲ့ထားသည့် ဆံနွယ်ခွေလိပ်လိပ်များက သူတို့၏ပခုံးထက်တွင်အနည်းငယ်ကျဆင်းနေသည်။။

ဖြူ ၊ နီ ၊ပြာ ၊ ဝါ စသည်ဖြင့် အရောင်ခုနစ်ရောင်စုံအောင်ဝတ်ဆင်ထားသည့်မိန်းမချောလေးများမှာ မည်သူပို၍လှပသည်ကို ဖော်ပြရန်ပင်မဖြစ်နိုင်ဘဲ တစ်ယောက်တစ်မျိုးစီအလှကြီးလှနေကြသည်။

ထို့ထက်ပို၍ဆွဲဆောင်မှုရှိသည်က မိန်းကလေးများ၏ညှို့ချက်ပြင်းသည့်အမူအယာများဖြစ်ကြပြီး သူတို့၏လှုပိရှားမှုတစ်ခုချင်းစီကပင် လွန်စွာညှိုငင်အားပြင်းနေသည်။

ခန်းမထဲတွင်ရှိနေသည့်လူအားလုံးက ကျော်ကြားသည့်သိုင်းသမားများ ၊ ကျိကျိတက်ကြွယ်ဝသည့်သူဌေးသူကြွယ်များဖြစ်သော်လည်း ယခုအခါ သူတို့၏ပုံစံက ကြိုးမှပြတ်တော့မည့်နွားသိုးကြီးများအလားထင်ရသည် ။

မိန်းမလှလေးခုနစ်ယောက်ရှိနေသည့်စင်မြင်ကသူတို့နှငိ့ခြေလှမ်းနှစ်ဆယ်သာဝေးကွာသည့်တိုင် သူတို့၏စိတ်ထဲတွင် လီပေါင်းများစွာဝေးကွာသည်ဟုထင်မှတ်ပြီးပို၍မြငိရစေရန် ရှေ့သို့အနည်းငယ်ကိုင်းညွှတ်၍ပင်ကြည့်လိုက်ကြသည်။

“ အရင်ဆုံး သူတို့ရဲ့ပုံပန်းသွင်ပြင်ကိုမပြဘဲ မြူခိုးတွေအရင်လွှတ်ပြီးမှ တဖြေးဖြေးပေါ်လာတာက ကြည့်နေတဲ့လူကို ပိုပြီးဆွဲဆောင်နိုင်တယ် ..အခုလိုစီစဉ်ထားတာ တကယ့်ကိုကောင်းတယ်...”

သူဌေးကြီးက ပြုံး၍ ဖြေးညင်းစွာပြောလိုက်သည်။

မိန်းမချောလေးများကိုအာသာငမ်းငမ်းစိုက်ကြည့်နေသူများနှင့်ခြားနားစွာ သူ၏မျက်လုံးများက ကြည်လင်နေပြီး ယခင်ကလိုစူးရှတောက်ပြောင်နေဆဲဖြစ်သည်။

“ ဒီလောက်နဲ့ခင်ဗျားကို ဆွဲဆောင်နိုင်မယ်လို့ ကျုပ်မထင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမိန်းကလေးကတော့ ခင်ဗျားကို စိတ်ဝင်စားအောင်လုပ်နိုင်မလုပ်နိုင်ဘယ်သိမှာလဲ...”

ရုတ်တရက်ဟန်ဝူ၏အသံထွက်ပေါ်လာပြီး ဟန်ဝူနှင့် အခြားလူတစ်ယောက်က သူတို့၏စားပွဲဆီသို့လျှောက်လာကြသည်။

ရိယောင်က တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း သူဌေးကြီးက လက်ကာပြလိုက်ကာ ဟန်ဝူ့ကိုမေးလိုက်သည်။

“ ဆိုစမ်းပါဦး...နတ်သမီးခုနစ်ပါးအကက ဒီမိန်းကလေးခုနစ်ယောက်ထဲမကဘူးလား ..”

သူဌေးကြီး၏ စိတ်ဝင်စားသည့်လေသံကြောင့် ဟန်ဝူက အသာပြုံးလိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။

“ ဘယ်ဟုတ်မလဲ ကြိုပြောရင်စိတ်ဝက်စားစရာမကောင်းတော့ စောင့်ကြည့်တာပေါ့ ...”

ဟန်ဝူ၏ပုံစံက လျှိုဝှက်နေပြီး သူ၏နောက်ဘက်မှအနက်ရောင်ဝတ်စုံဝတ်လူကိုညွန်ပြကာပြောလိုက်သည်။ ။

“ ဒါက ကျုပ်ပြောတဲ့မိတ်ဆွေဟောင်းပါ .. သူကတော့ ခင်ဗျားနဲ့‌တွေ့ဆုံဖို့အရည်အချင်းပြည့်မှီမှာပါ...”

“ ဝူယွမ် ဒါက ကျုပ်ပြောတဲ့ ဆန်းကြယ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့သူဌေးကြီးပဲ ..”

ဟန်ဝူ၏မိတ်ဆက်စကားကြောင့် သူဌေးကြီး၏နောက်ဘက်ရှိသက်တော်စောင့်က အနည်းငယ်လှုပ်လှုပ်ရှားဖြစ်သွားလေသည်။

အနက်ရောင်ဝတ်စုံဝတ်လူက ရှေ့သို့တိုးလိုက်ပြီး သူဌေးကြီးကို သိုငိးလောကထုံးစံအတိုင်း အရိုအသေပေး၍ သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

“ တွေ့ရတာဝမ်းသာပါတယ် ။ကျုပ်က ဝူယွမ်ပါ သိုင်းလောကသားတွေကတော့ အရိပ်တစ္ဆေလို့ခေါ်ကြတယ် ...”

အသက်လေးဆယ်ကျော်ငါးဆယ်ဝန်းကျင်ရှိသည့် ဝူယွမ်၏မျက်လုံးများက အားနည်းသည့်အလင်းရောင်အောက်တွင်ပင် တလက်လက်တောက်ပနေပြီး သူဌေးကြီး၏နောက်ဘက်ရှိသက်တော်စောင့်ကိုကြည့်ကာပြောလိုက်သည်။

“ မတွေ့တာကြာပြီ ရိယောင်...”

All Chapters