ရန်ဘက်ဟောင်း
Vol. 1 Ch. 74
ထိုစဉ် မိန်းမချောလေးများက ဗျပ်စောင်း၊ ပုလွေစသည့်တူရီယာများကို အသီးသီးကိုင်ဆောင်တီးမှုတ်နေကြသလို ရှုမငြီးသည့်သူတို့၏ဟန်ပန်လေးများနှင့်ပေါင်းစပ်ပါက နတ်သက်ကြွေကျသည့်နတ်မိမယ်လေးများဟုပင်ထင်ရသည်။
သူတို့၏အနုပညာစွမ်းရည်က ထိပ်တန်း၌ရှိပြီး ထိုပညာရပ်တစ်ခုထဲဖြင့်ကျော်ကြားနိုင်သည့်စွမ်းရည်ရှိပေသည်။
ထိုသို့သော မိန်းမချောလေးများမှာမည်သည့်အတွက် ယခုလိုနေရာမျိူးတွင်အလုပ်လုပ်နေကြသည်ကိုတော့ အားလုံးပဟေဠိဖြစ်နေကြဆဲဖြစ်သည် ။
ခန်းမ၏ထောင့်တစ်နေရာတွင်ကား ဝူယွမ်၏နှုတ်ဆက်စကားကြောင့် သူဌေးကြီး၏နောက်ဘက်ရှိ ရိယောင်က အေးစက်သည့်မျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်သည်။
ဝူယွမ်နှင့်ရိယောင်တို့နှစ်ဦးစလုံးက ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင် အထက်အောက်ဖြစ်သည့်အပြင် အဖြူရောင်သိုင်းလောကသားစစ်စစ်ဖြစ်သည့် ရိယောင်နှင့် အနက်မကျအဖြူမကျစိတ်ထင်ရာလုပ်တတ်သည့်ဝူယွမ်တို့ကြားတွင် တိုက်ပွဲအကြိမ်အနည်းငယ်ဖြစ်ပွားခဲ့သေးသည် ။
ထိုတိုက်ပွဲများတွင် ရိယောင်ကအမြဲလိုလိုအသာစီးရခဲ့သော်လည်း ဝူယွမ်၏ကိုယ်ဖော့ပညာကအစွမ်းထက်လှ၍ တစ်ကြိမ်မှအပြက်အသက်အနိုင်မယူနိုင်ခဲ့ပေ။
ထို့နောက် ရိယောင်တစ်ယောက် သိုင်းလောကမှအကြောင်းမဲ့ပျောက်ကွယ်သွားသလို ဝူယွမ်ကလည်း ရှောင်လင်ကျောင်းမှသိုင်းကျမ်းများကိုခိုးယူကာ ဇာတ်မြုပ်လေ့ကျင့်နေခဲ့သည် ။
ယခု ဆယ်ခြောက်နှစ် ၊ ဆယ့်ခုနစ်နှစ်ခန်ကြာပြီးနောက်တွက် ပြိုင်ဘက်ဟောင်းနှစ်ဦးမှာ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ခဲ့ပြီဖြစ်သည်။
“ ရိယောင် ရိယောင်.. မင်းလိုမာနကြီးပြီး တဇွတ်ထိုးဆန်တဲ့လူတစ်ယောက်က ထူးဆန်းတဲ့တစ်စုံတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်လိမ့်မယ်လို့ငါတစ်ခါမှမထင်ထားခဲ့ဘူး။
ဒီအကြောင်းတွေကိုသာ မင်းဆရာလျှပ်စီးဓားရှင်သိသွားရငိ ဝါဆန်းတောင်ကနေချက်ခြင်းဆင်းလာပြီး မင်းကိုဓားနဲ့ခုတ်လိမ့်မယ်...”
ရောက်ရောက်ချင်းဆောက်နဲ့ထွင်း ဆိုသလို ရိသဲ့သဲ့ပုံစံဖြင့်လှောင်ပြောင်လိုက်သည့် ဝူယွမ်၏စကားကြောင့် ရိယောင်၏မျက်ဝန်းလုံးများက ပို၍အေးစက်လာပြီး တင်းမာသည့်လေသံဖြင့်ပြန်ပြောလိုက်သည်။
“ ငါဘာလုပ်ရမယ်ဆိုတာ မင်းသင်ပေးစရာမလိုပါဘူး။ ပြီးတော့ ခေါင်းဆောင်ရဲ့လက်အောက်မှာ အလုပ်လုပ်ရတာ ငါ့အတွက်ဂုဏ်ယူစရာပဲ...”
ရိယောင်၏လေသံထဲတွင် နက်ရှိုင်းသည့် လေးစားကြည်ညိုမှုတို့ရှိနေ၍ ဝူယွမ်မှာအမှန်ပင်အံ့အားသင့်သွားသည်။။
အသက်နှစ်ဆယ်မှစ၍ သိုင်းလောကထဲတွင်ကျင်လည်ခဲ့သညိဘ ရိယောင်မှာလွန်စွာမာနကြီးပြီး သူမှန်သည်ထင်သည်အား ဇွတ်တရွတ်လုပ်တတ်၍ လူအတော်များများနှင့်ပြဿနာတတ်ပေါင်းများခဲ့ပြီဖြစ်သည်။
ထိုသို့သောလူတစ်ယောက်ပင် တစ်စုံတစ်ယောက်၏လက်အောက်ခံအဖြစ်ရှိနေရာ ထိုအဖြစ်၍ ဝူယွမ်၏သိလိုစိတ်ကိုပို၍တိုးပွားလာစေသည်။
ဝူယွမ်က သူနှင့်မဆိုင်သလိုထိုင်ရင်း မိန်းမချောလေးများ၏ဖျော်ဖြေမှုကိုကြည့်ရှုနေသည့်သူဌေးကြီးကိုတစ်ချက်ကြည့်ကာ ရိယောင်ကိုဆက်၍စမ်းသပ်ရန်ဆုံးဖြတ်လိုက်သည်။
အကြောင်းရင်းကား ဇာတ်မြုပ်နေသည့်အချိန်အတွင်း သူ၏သိုင်းပညာကတဟုန်ထိုးတိုးတက်လာသလို ရိယောင်ကလည်း ရပ်တန့်မနေဘဲ များစွာတိုးတက်လာသည်ကိုအကဲထပ်လိုက်မိ၍ဖြစ်သည်။။
ထို့ကြောငိ့ ဝူယွမ်၏စိတ်ထဲတွင် ဆန်းကြယ်သည့်သူဌေးကြီးကိုစိတ်ဝင်စားမှုပိုတိုးလာပြီး ရန်ဘက်ဟောင်းများပီပီ ရိယောင်၏အားနည်းချက်ကိုကောင်းစွာသိထား၍ဆက်ပြောလိုက်သည်။
“ ငါတော့ဒီနှစ်နှစ်အတွင်း သိုင်းလောကမှာကျင်လည်နေတော့ ဝူတန်းက လူ့ဂွစာမုချန်းအကြောင်းကိုနည်းနည်းကြားသေးတယ်။။
ဒီကောင်က ကျုံဟွာတောင်တိုက်ပွဲမတိုင်မီထဲက သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေတဲ့အပြင် ဓားဆန္ဒကိုပါနားလည်ထားတယ်ဆိုပဲ။
လူမဆန်တဲ့ဒီကောင့်ရဲ့တိုးတက်မှုကတော့ တကယ်ပါပဲ ..”
ဝူယွမ်က တစ်ကိုယ်တည်းရေရွတ်သလိုဖြင့်ပြောဆိုရင်း ရိယောင့်ကိုမသိမသာအကဲခပ်လိုက်စည်။
အနက်ရောင်ခမောက်က သူ၏မျက်နှာတစ်ဝက်ကိုဖုံးကွယ်ထား၍ရိယောင်၏အမူအယာကိုမမြင်ရသော်လည်း တင်းကြပ်စွာဆုပ်ထားသည့်လက်သီးကြောင့် စိတ်ထဲတွင် ဒေါသအကြိးအကျယ်ထွက်နေပြီဖြစ်မှန်းသိလိုက်သည်။
သူတို့၏ဘေးရှိ ဟန်ဝူကား သူတို့နှစ်ယောကိကြားရှိတင်းမာမှုကိုမသိချင်ယောင်ဆောင်၍ ပြပွဲကောင်းကောင်းကိုစောင့်မျှော်နေဟနိတူသည်။
ဟန်ဝူအတွက်လည်း နတ်သမီးခုနစ်ပါးအကထက်သူ၏ရှေ့ရှိလူနှစ်ယောက်ကပို၍ပင်စိတ်ဝင်စားစရာကောင်းနေသည်။။
ဝူယွမ်က ချောင်းတစ်ချက်ဟန်ပ၍ဆက်ပြောလိုက်သည်။
“ ဒါနဲ့ မုချန်းကမင်းကိုနောက်တစ်ကြိမ်တွေ့ရင် မသေမရှင်ဖြစ်အောင်လုပ်ပစ်မယ်လို့ကျိန်းမောင်းနေတာငါကြားလိုက်သလားလို့...။
အော် ....မေ့လို့ အရင်ကလည်း သူ့ကိုလူ့ဂွစာလို့ခေါ်လို့ မင်းအိပ်ယာထဲမှာသုံးလလောက်လဲနေတဲ့အထိအဆော်ခံရတယ်မလား...”
ဝူယွမ်၏အဆက်မပြက်လှောင်ပြောင်မှုများအောက်တွင် ရိယောင်၏သည်းခံနိုင်စွမ်းက ကုန်ခမ်းသွားခဲ့ပြီး ခေါင်းဆောင်ကိုပင်ဂရုမစိုက်နိုင်တော့ဘဲ သူ၏ဓားကိုရွှမ်းခနဲဆွဲထုတ်လိုက်တော့သည်။
“ ဝူယွမ် မင်းက ဇာတ်ပြုတ်ချင်လို့ ငါ့ကိုရန်စနေတာလား ။ ကောင်းပြီ ငါ မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်...”
ရိယောင်၏ခန္တာကိုယ်က အားကောင်းသည့် အတွင်းအားလှိုင်းများထွကိပေါ်လာပြီး သူ၏လေသံထဲတွင်သတ်ဖြတ်လိုသည့်အငွေ့အသက်များစွာပါဝင်နေသည် ။
သူ၏လက်ရှိပုံစံက ထက်ရှသည့်ဓားတစ်စင်းလို အန္တရာယ်အငွေ့အသက်များစွာပေးစွမ်းနိုင်လေသည်။
ယခုအချိန်တွင် လွန်စွာကြောက်စရာကောင်းနေသည့် ရိယောင်၏ပုံစံကိုကြည့်၍ ဟန်ဝူ၏စိတ်ထဲတွင်ပင်တုန်လှုပ်သွားမိသည်။
ယခင်က ရိယောင်၏အဆင့်ကိုသူနှင့်တန်းတူခန့်ရှိမည်ဟုတွေးထင်ထားသော်လည်း ယခု တစ်ဖက်လူက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိရာ တိုက်ပွဲဖြစ်သည်နှင့် သူထွက်ပြေးရန်ကြိူးစားရပေမည် ။
“ ဒီကောင်က ငါ့လိုပဲအများကြီးတိုးတက်လာတာပဲ ဒါက ဒီလူနဲ့ဆိုင်နေမလား...”
ကာယကံရှင်ဖြစ်သည့် ဝူယွမ်ကိုယ်တိုင်လည်း ရိယောင်၏တိုးတက်မှူကို စိတ်ထဲတွင် အံ့အားသင့်နေမိသော်လည်း ထိတ်လန့်ခြင်းတော့မဖြစ်မိပေ။
အကြောင်းကား သူကိုယ်တိုင်လည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သို့ရောက်နေသည့်အတွက်ဖြစ်သည်။
သူ၏ အံ့မခန်းကိုယ်ဖော့ပညာနှင့် ရှောင်လင်ကျောင်းမှခိုးယူလာသည့်ပညာရပ်များကိုပေါင်းလိုက်ပါက ရိယောင်ကိုအနိုင်မရလျှင်ပင် အသာစီးတိုက်ခိုက်နိုင်ပေမည်။
“ ဒါဆိုလည်း စလိုက်တာပေါ့...”
ဝူယွမ်က ကျန်အချက်များကိုဂရုမစိုက်ဘဲ ရိယောင့်ကိုစိန်ခေါ်လိုက်သညိ ။
အမှန်တကယ်တိုက်ခိုက်ကြတော့မည့်သူတို့နှစ်ဦး၏အပြုအမူကြောင့် ဟန်ဝူလည်းအနည်းငယ်ထိတ်လန့်သွားပြီး သူဌေးကြီးကို အားကိုးတကြီးကြည့်လိုက်မိ၏။
ရွှင်ပျော်ပျော်အဖွဲ့အုပ်ချုပ်သည့်နေရာများတွင် မတိုက်ခိုက်ရဆိုသည့်စည်းမျဉ်းကိုသူချမှတ်ထားခြင်းဖြစ်ပြီး သူတို့၏ညဉ့်ဦးယံကပွဲတွင်သာတိုက်ပွဲကြီးဖြစ်ပွားပါက အဖွဲ့အစည်း၏ဂုဏ်သတင်းမှာ အောက်ဆုံးသို့ကျဆင်းသွားပေမည် ။
ထို့အပြင် ဝူယွမ်တို့နှစ်ဦးသာတိုက်ခိုက်ကြပါက သူကိုယ်တိုင်လည်းတားဆီးနိုင်မည်မဟုတ်၍ဖြစ်သည်။
အရေးကြီးသည့်အချိန်ကိုရောက်ရှိလာ၍ မိန်းမချောလေးများ၏ဖျော်ဖြေမှုကို အေးဆေးစွာကြည့်ရှုနေသည့်သူဌေးကြီးက ရိယောင်၏ဘက်သို့လှည့်၍တည်ငြိမ်စွာပြောလိုက်သည်။
“ မင်းရဲ့ဓားကိုပြန်သိမ်းလိုက်စမ်း စုန်းယောင်...”
သူဌေးကြီး၏စကားက ခတ်ထန်ခြင်းမရှိသော်လည်း ငြင်းဆန်မရသည့်အမိန့်အာဏာတြိုပါဝင်နေ၍ ရိယောင်လည်း သူ၏ဓားကိုပြန်သိမ်းကာ မူလနေရာတွင်ပြန်ထိုင်လိုက်သည်။
ပြီးခဲ့သည့်အချိန်အနည်းငယ်အတွင်း ဤတတိယထပ်တွင် ပြင်းထန်သည့်တိုက်ပွဲကြီးတစ်ခုအစပျိုးတော့မည်ကဲ့သို့ဖြစ်ခဲ့သော်လည်း မိန်းမချောလေးများ၏ဖျော်ဖြေမှုကို စိတ်ရောကိုယ်ပါနစ်ဝင်နေကြသည့် ကျန်လူများကား လုံးဝသတိမထားမိလိုက်ရှာပေ။
တစ်ဖက်တွင်လည်း ဟန်ဝူက သူဌေးကြီးကိုကျေးဇူးတင်စွာကြည့်လိုက်ရင်း ဝူယွမ့်ကိုပြောလိုက်သည်။
“ ခင်ဗျားကိုဖိတ်တာမှားပြီထင်တယ် ။ ကျုပ်နေရာကိုလာပြီးပြဿနာရှာတာတော့မကောင်းဘူး...”
ဟန်ဝူ၏မကျေမနပ်လေသံကြောင့် ဝူယွမ်၏မျက်နှာထက်၍ အပြုံးတစ်ခုပေါ်လာပြီး စားပွဲပေါ်ရှိအရက်တစ်ခွက်ကိုငှဲ့ကာ ဟန်ဝူ့ဆီသို့ကမ်းပေးလိုက်သည်။
“ ဟဲ ဟဲ...ကျုပ်က ရိယောင်နဲ့မတွေ့တုကြာတော့ လက်ရည်စမ်းချင်လို့ပါ။ ညီလေးဝူတောင်ကို အခက်တွေ့အောင်လုပ်တာမဟုတ်ပါဘူး...”:
ဝူယွမ်၏စကားအရ သူလည်းဟန်ဝူ၏ဇာတ်မြစ်ကိုသိရှိဟန်တူပြီးသူတို့ကြားတွင်အတော်ပင်ရင်းနှီးမှုရှိဟန်တူသည်။
ထိုစဉ် ဝူယွမ်နှင့်စကားတစ်ခွန်းမှမပြောသေးသည့် သူဌေးကြီးကဝူယွမ့်ကိုထူးဆန်းသည့်အပြုံးဖြင့်စိုက်ကြည့်ရင်း ဖြေးညင်းစွာပြောလိုက်သည်။
“ မင်းသာဆန္ဒရှိရင် ဒီကထွက်လာပြီးရင် စုန်းယောင်နဲ့လက်ရည်စမ်းနိုင်ပါတယ် ။
တစ်ခုတော့ရှိတယ်။ ရှောင်လင်ကသိုင်းပညာတွေကိုလေ့ကျင့်အောင်မြင်တော့ မင်းရဲ့သိုင်းပညာတွေအများကြီးတိုးတက်လာပြီး သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုရောက်နေတယ်ဆိုပေမယ့် စုန်းယောင်ကလည်း လွန်ခဲ့တဲ့နှစ်တွေကလိုမဟုတ်တော့ဘူးနော်...”
မိတ်ဆွေတစ်ယောက်ကိုသတိပေးနေသည့်အလား ရင်းနှီးနွေးထွေးသည့်သူဌေးကြီး၏လေသံကြောင့် ဝူယွမ်၏ကျောထဲတွင်စိမ့်တက်သွားသည်။
ယနေ့အချိန်အထိ သူ့ဘဝတွင်တစ်စုံတစ်ယောက်ကိုအလွန်အမင်းကြောက်ရွံ့မှုမဖြစ်ခဲ့သော်လည်း ယခု သူ၏ရှေ့ရှိသူဌေးကြီးနှငိ့မျကိနှာချင်းဆိုင်ရာတွင်အလိုလိုပင်ထိတ်လန့်နေမိ၏။
အထူးသဖြင့် သူ၏လျှို့ဝှက်ချက်မှန်သမျှကိုထွင်းဖောက်သိရှိနေဟန်တူသည့်စူးရှသည့်မျက်လုံးအစုံနှငိ့ ဩဇာလွှမ်းမိုးသည့်အငွေ့အသက်တို့က ဝူယွမ့်လို အကြောက်အရွံ့မရှိသည့်လူတစ်ယောက်ကိုပင်ထိတ်လန့်စေခဲ့သည်။
“ ဟားဟား...ကျုပ် ခင်ဗျားတို့ကိုအလုပ်မရှုပ်စေတော့ပါဘူး။ နောက်ကြုံမှပေါ့...”
ဝူယွမ်လည်း နောက်ကျောတွင်ချွေးများစိမ့်ထွက်လာမိသည့်တိုင် အပြုံးမပျက်ဘဲငြင်းလိုက်သည်။
အကြောင်းက သူဌေးကြီးသတိပေးစကားမပြောမီ ရိယောင့်ကိုအနိုင်ယူရန် ရှစ်ဆယ်ရာခိုင်နှုန်းအထိသေချာနေသော်လည်း လူများစွာမသိသည့်အကြောင်းအရာများကိုပင်ကြိုတင်သိရှိနေဟန်တူသညိ့ သူဌေးကြီး၏စကားကြောင့် ရိယောင်နှင့်ခိုက်ရန်ကို စိုးထိတ်နေမိသည်။
သူဌေးကြီး၏အစွမ်းအစကိုကိုယ်တိုင်သိရှိထားသည့် ဟန်ဝူလည်း ဝူယွမ်တစ်ယောက်ကြိတ်၍တုန်လှုပ်နေသည်ကိုရိပ်စားမိပြီး သဘောကျစွာပြုံးကာ သူ့ရှေ့ရှိအရက်ခွက်ကို ဝူယွမ့်ဘက်သို့တိုးပေးလိုက်သည်။
“ အိုး...ခင်ဗျားကိုကြည့်ရတာ ချွေးတွေထွက်နေသလိုပဲ ကျုပ်တို့ဆိုင်ရဲ့အကောင်းဆုံးအရက်ကိုမြည်းကြည့်ပါဦး...”
အစောပိုင်းက ဝူယွမ်က ရိယောင်ကိုတမင်ရန်စကာ သူ၏နေရာတွင်တိုက်ခိုက်မည်ပြုသည့်အတွက် ဟန်ဝူကအနည်းငယ်အစာမကျေခြင်းဖြစ်၏။
ဝူယွမ်ကလည်း ပါးနပ်သူပီပီဟန်ဝူ၏မကျေလည်မှုကိုရိပ်စားမိ၍ မဲ့ပြုံးပြုံးလိုက်ပြီး တောင်းပန်သည့်အနေဖြင့် အရက်ခွက်ကိုကုန်သည်အထိမော့သောက်လိုက်သည်။
ထိုအချိန်တွင် မိန်းမချောလေးများ၏ တီးမှုတ်သံများတစ်ပြိုင်နက်ရပ်တန့်သွားပြီး သာယာသည့်ဗျပ်စောင်းသံတစ်ခုက စတင်ထွက်ပေါ်လာသည်။