← Chapters

ဒုတိယ‌နတ်သမီး

Vol. 1 Ch. 76

ဒုတိယ‌နတ်သမီး

Vol. 1 Ch. 76

“ ဟန်ဝူ အဲဒီမိန်းကလေးသာ ငါ့လက်အောက်ကိုဝင်ချင်ရင် မင်းကခွင့်ပြုမှာလား...”

ရုတ်တရက်မေးလာသည့် သူဌေးကြီး၏စကားကြောင့် အနီးရှိလူများအံ့အားသင့်သွားကြသလို ဟန်ဝူလည်းအလားတူပင်။

မည်သည့်အတွက် သူဌေးကြီးက ချင်းတန်ကိုစိတိဝင်စားသည်မသိသော်လည်း ထိုအဖြစ်ကို သူအံ့သြမှုသာရှိသည် ။ အကယ်၍ သူတားဆီးရှိဆန္ဒရှိလျှငိပငိတတ်နိုင်မည်မဟုတ်ပေ ။

“ ခင်ဗျားသာ သူ့ကိုလက်အောက်ငယ်သားအဖြစ်ခေါ်ချင်ရင် ကျုပ်ဘာမှမပြောလိုပါဘူး။ အစထဲက ကျုပ်တို့က ညီတူညီမျှဆက်ဆံရေးပဲရှိတယ်...”

ဟန်ဝူ၏စကားမှာအမှန်ပင်ဖြစ်ပြီး ချင်းတန်သူ့အဖွဲ့အစည်းသို့ဝင်ရောက်လာစဉ်ကပင် သူတို့ကြား၌ သဘောတူညီမှုတစ်ခုရှိခဲ့သည်။

ဤသည်က ချင်းတန်အလိုရှိသည့်အချိန်တွင်အဖွဲ့ထဲမှထွက်ခွာနိုင်ရန်ဖြစ်ပေသည်။

ဟန်ဝူ၏အဖြေကြောင့် သူဌေးကြီး၏မျက်နှာထက်၌ စိတ်ကျေနပ်သည့်အပြုံးတစ်ခုပေါ်လာပြီး ခေါင်းတဆက်ဆက်ညိမ့်လိုက်သည် ။

“ ကောင်းပြီ ဒါဆိုရင် မင်းကိုကျေးဇူးကြွေးတစ်ခုတင်သွားပြီ.. မင်းအကူအညီလိုတဲ့အခါ ငါတစ်ကြိမ်ကူညီပေးမယ်....”

သူဌေးကြီး၏စကားကြောင့် ဟန်ဝူ၏စိတ်ထဲတွင်လှုပ်ရှားသွားမိသည်။။

သူဌေးကြီးလိုဆန်းကြယ်၍အစွမ်းထက်သည့်ပုဂ္ဂိုလ်တစ်ဦးထံမှာယခုလိုကတိစကားကြားရခြင်းမှာ များစွာအသုံးဝင်လှသည်။

ဟန်ဝူ၏စိတ်ထဲတွင်အတွေးများစွာဖြတ်ပြေးသွားသော်လည်း အပြင်ပန်းတွင်တည်ငြိမ်နေလျက် သူဌေးကြီးကိုပြန်မေးလိုက်သည်။

“ ဒါဆိုရင် ကျုပ်က နန်ကုန်းမိသားစုကို ဖျက်ဆီးချင်တယ်ဆိုရင် ခင်ဗျားက ကူညီပေးမှာလား...”

ဟန်ဝူ၏မေးခွန်းကြောင့်သူတို့ဝိုင်းတစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။

ဗျပ်စောင်း၏သံစဉ်က ပထမဉီးစွာကြားရသောသံစဉ်နှင့်ကွဲလွဲကာ ပျော်ရွှင်မြူးကြွမှုကို သယ်ဆောင်လာသည်။

တောတောင်များအကြားတွင်တသွင်သွင်စီးဆင်းနေသည့်ချောင်းငယ်လေးမှ အပြောကျယ်လှသည့်ပင်လယ်ပြင်ကြီးအဖြစ်ပြောင်းလဲသွားသလို အားမာန်ပြင်းထန်လှသည့်လှိုင်းလုံးကြီးများကလည်း တဝုန်းဝုန်းရိုက်ခတ်နေသည် ။

စဉ်ဆက်မပြက်ရိုက်ခတ်နေသည့်လှိုင်းလုံးများလို စိတ်နှလုံးတုန်ဟည်းဖွယ်သံစဉ်က ခန်းမတွင်းရှိလူတိုင်း၏စိတ်ကိုမုန်တိုင်းထန်စေသလို မိန်းမချောလေးခုနစ်ယောက်၏အက ကလည်း ပို၍အားမာန်ပါလာသည်။

လှပသည့်လိပ်ပြာမလေးများက အားမာန်ပြည့်ဝ၍ ဝင့်ကြွားသည့်ဖီးနစ်မလေးများသဖွယ် တက်ကြွသည့်ပုံစံသို့ပြောင်းလဲသွားပြီး သူမတို့၏လှူပ်ရှားမှုတစ်ခုချင်းစီကပင် စိတ်အားတက်ကြွဖွယ်ကောင်းလွန်နေသည်။

ဤသည်က ပြီးပြည့်စုံသည့်ဗျပ်စောင်းသံစဉ်နှင့် လှပသည့် ကကြိုးအကွက်တို့ ပြည့်စုံစွာပေါင်းစပ်ခြင်းမည်၏ ။

အခန်းထောင့်ရှိစားပွဲဝိုင်းတွင် ဝူယွမ်နှင့် ရိယောင်တို့က ဟန်ဝူ၏မျက်နှာကိုမယုံကြည်နိုင်သလိုကြည့်ရှုနေကြပြီး အစောပိုင်းကပြောလိုက်သည့်စကားကိုပြန်ကြားယောင်မိကြသည် ။

“ နန်ကုန်းမိသားစုကိုဖျက်ဆီးရန်...”

ထိုစကားကိုပြောနေစဉ်က ဟန်ဝူ၏အမူအယာက ပကတိတည်ငြိမ်နေပြီး အပြောင်အပျက်ပြောနေခြင်းမဟုတ်ပေ။

ဟန်ဝူက နန်ကုန်းမိသားစုမှထွက်ခွာခဲ့သော်လည်း သူ၏ကိုယ်ထဲတွင်နန်ကုန်းမိသားစု၏သွေးများစီးဆငိးနေဆဲဖြစ်သည်။

နန်ကုန်းမိသားစုမှာ သူ၏အိမ်ဖြစ်သလိုသူ၏သွေးရင်များစွာရှိသည့်နေရာလည်းဖြစ်သည် ။

ထိုသို့သောနေရာမျိုးကိုပင်ဖျက်ဆီးပစ်မည်ဟုတွေးတောနေသည့် ဟန်ဝူ၏စိတ်ကိုသူ၏ဘေးရှိဝူယွမ်ပင်အနည်းငယ်ထိတ်လန့်မိသည် ။

ထို့ထက်ပို၍အရေးကြီးသည်က ထူးဆန်းစွာပြုံး၍ ပြန်ဖြေလိုက်သည့် သူ‌ဌေးကြီး၏စကားဖြစ်သည်။

“ ငါ့မှာလုပ်နိုင်စွမ်းရှိတယ်။ နန်ကုန်းမိသားစုတင်မကဘူး ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုတောင် ငါအလိုရှိရင် နောက်ဆယ်နှစ်အတွင်းအနိုင်ယူနိုင်တယ်။

ဒါပေမယ့် အဲလိုပြုလုပ်ဖို့အင်အားအရင်စုဆောင်းရမှာဖြစ်သလို မင်းပေးတဲ့တန်ကြေးက ဒီတောင်းဆိုမှူထက်အများကြီးလျော့နည်းနေတော့ ငါမကူညီနိုင်ဘူး...”

တည်ကြည်ခန့်ညားစွာပြန်ဖြေလိုက်သည့်သူ‌ဌေးကြီး၏အဖြေက ဝူယွမ်နှင့်ဟန်ဝူတိုတုန်လှုပ်ချောက်ခြားသွားစေခဲ့သည်။

နန်ကုန်းမိသားစုလို စီးပွားရေးအင်အားတောင့်တင်းလှသညိ့ထိပ်တနိးအင်အားစုကြီးနှင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းလို သိုင်းလောက၏ထိပ်ဆုံးနေရာရှိသည့်အင်အားစုများကိုအနိုင်ယူနိုင်ခြင်းက သာမန်လူတို့စိတိကူးပင်မယဉ်ဝံ့သည့်အရာပင်ဖြစ်၏ ။

သို့‌သော် သူ‌ဌေးကြီး၏စကားကလည်း အပိုပြောနေခြင်းမဟုတ်ဘဲ သူ၏အစွမ်းအစပ အမှန်တကယ်လုပ်နိုင်စွမ်းရှိသည်ကို သူတို့နှစ်ယောက်လုံးခံစားမိနေသည်။

သူ၏စကားအတိုင်းဆိုပါက သူဌေးကြီးကိုစိတ်ကျေနပ်စေသည့်တန်ဖိုးတစ်ခုသာပေးအပ်ပါပ နန်ကုန်းမိသားစုကိုပင်ဖျက်ဆီးကောင်းဖျက်ဆီးပစ်နိုင်ပေမည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်လုံး သူဌေးကြီး၏စကားကို အံ့ဩဟန်မပြဘဲတည်ငြိမ်စွာရှိနေသညိ့ရိယောင်ကိုကြည့်လိုက်မိကြပြီး တစ်စုံတစ်ခုကို နားလည်လာကြသလို ခံစားမိလိုက်ကြသည်။

အတန်ကြာမှ ဟန်ဝူက ထိတ်လန့်တုန်လှုပ်နေသည့်စိတ်ကိုဖိနှိပ်လိုက်ရင်း ဟန်ဆောင်ပြုံးကာပြန်ပြောလိုက်သည် ။

“ ကျုပ်က စနောက်လိုက်တာပါ ။ ကျုပ်လိုချင်တာက ဘာကြောင့် ချင်းတန်ကိုလက်အောက်ငယ်သားတစ်ဦးအဖြစ်လိုချင်ရတာလဲဆိုတာပဲ .....”

ဟန်ဝူ၏မေးခွန်းကြောင့်ဝူယွမ်၏မျက်လုံးများလည်းတောက်ပသွားပြီးသူ‌‌ဌေးကြီးကိုအကဲခပ်လိုက်သည်။

သူဌေးကြီးဆိုသည့်နာမည်နှင့် ထူးဆန်းသည့်ထိုလူမှာ သိုင်းပညာခန့်မှန်းမရအောင်မြင့်မားလှသလို ရိယောင်လိုလူတစ်ယောက်ကိုပင်လက်အောက်ငယ်သားအဖြစ်ထားရှိသာ်က သူ၏ဩဇာအာဏာကိုပြသနေသည်။

ထို့အပြင် အစောပိုင်းက သူ၏စကားအရ သူဌေးကြီး၏လက်အောက်တွင်အခြားလူများလည်းရှိနေသေးဟန်တူပြီး ဆန်းကြယ်ကာလျှို့ဝှက်လှသညိ့ထိုအင်အားစုက သူတို့၏သိလိုစိတ်ကိုနှိုးဆွဲနေပေသည်။

ဟန်ဝူ၏မေးခွန်းက သူ့အင်အား၏အတိမ်အနက်ကိုစမ်းသပ်ခြင်းဖြစ်ကြောင်းသိရှိသော်လည်း သူဌေးကြီးက တည်ငြိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

“ ကောင်းပြီ တကယ်တော့ ငါသူ့ကိုဒုတိယမီးလျှံနတ်သမီးအဖြစ်ပျိုးထောင်ပေးဖို့ပဲ။

သူ့ရဲ့ထက်မြက်တဲ့အရည်အချင်းတွေနဲ့ဆိူရင် ငါ့ရဲ့အင်အားစုမှာ အတော့်ကိုအသုံးဝင်လာမှာပဲ...”

“ မီးလျှံနတ်သမီး... “

ထိုနာမည်ကို ဝူယွမ်နှင့်ဟန်ဝူတို့နှစ်ဦးစလုံးရင်းရင်းနှီးနှီးကြားဖူးကြသော်လည်း မည်သူမည်ဝါဖြစ်သည်ကို ချက်ခြင်းမပြောနိုင်ကြပေ။

သူတို့၏အမူအယာကိုကြည့်၍ သူဌေးကြီးက ခေါင်းညိမ့်ပြကာဆက်ပြောလိုက်သည်။

“ ဟုတ်တယ် မီးလျှံနတ်သမီးပဲ။ ခရမ်းရောင်သွေးလဂိုဏ်းရဲ့မီးလျှံနတ်သမီးအကြောင်းကို မင်းတို့ကြားဖူးမှာပေါ့...”

သူဌေးကြီး၏စကားကြောင့် သူတို့၏မျက်လုံးများပြူးကျယ်သွားကြပြီး ပြိုင်တူပြောလိုက်ကြသည်။

“ မီးလျှံနတ်သမီးစန်းလျှံ...”

လက်ရှိအချိန်တွင် လူအများမေ့လျော့နေပြီဖြစ်သည့်ထိုနာမည်ကို လူအနည်းငယ်ကသာအမှတ်ထင်ထင်ရှိနေဦးမည်ဖြစ်သည် ။

နှင်းငွေ့မိစ္ဆာသခင်၏လက်အောက်တွင် အစွမ်းအထက်ဆုံးနှင့်အကျော်ကြားဆုံးဖြစ်သည့်လူများထဲတွင် ထိုနာမည်ကလည်းအပါအဝင်ဖြစ်ပေသည်။။

ဘုရင်ငါးပါး၊ အာဏာရှင်နှစ်ယောက်၊ မီးလျှံနတ်သမီးနှင့်အရိပ်တပ်ဖွဲ့.

နှင်းငွေ့မိစ္ဆာသခင်၏လက်အောက်ရှိလူများထဲတွင် ထိုလူများကခရမ်းရောင်သွေးလဂိုဏ်း၏အမာခံများဖြစ်ခဲ့ဖူးသည်။

ခရမ်းရောင်သွေးလဂိုဏ်းကြီးစိုးစဉ်အမှောင်ခေတ်က ထိုနာမည်များကို နေရာအနှံ့ကြောက်လန့်တကြားရေရွတ်ခဲ့ရပြီး လူတိုင်းလိုလိုသိရှိကြသည့်နာမည်များလည်းဖြစ်ကြသည် ။

မီးလျှ့နတ်သမီးစန်းလျှံမှာ ထိုအထဲတွင်သိုင်းပညာအနိမ့်ဆုံးဖြစ်သော်လည်းသိုင်းလောကထဲတွင်လူသိအများဆုံးနာမည်လည်းဖြစ်သည်။

သိုင်းပညာမြင့်မားခြင်းမရှိသော်လည်း လွန်စွာဉာဏ်ရည်ထက်မြက်၍ လိမ္မာပါးနပ်ကာ အနက်ရောင်သိုင်းဂိုဏ်းများစွာနှငိ့ တစ်ကိုယ်တော်ထိပ်သီးများကို ခရမ်းရောင်သွေးလဂိုဏ်းနှင့် ပူးပေါင်းအောင်စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။

သူမကြောင့်လည်း ခရမ်းရောင်သွေးလဂိုဏ်းမှာအချိနိတိုအတွင်းတဟုန်ထိုးကြီးထွားခဲ့ခြင်းဖြစ်ပေသည်။

ထို့ကြောင့် နန်ကုန်းမိသားစုတွင်တစ်ချိန်လုံးရှိနေသည့်ဟန်ဝူနှင့် ဇာတ်မြုပ်နေသည့်ဝူယွမ်တို့ပင် သူမ၏နာမည်ကိုကြားဖူးနေခြင်းဖြစ်သည်။

“ ဟုတ်တယ် ဒီမိန်းကလေးက မီးလျှံနတ်သမီးလိုမျိုးကိုယ်ရည်ကိုယ်သွေးရှိတယ် ။။သူ့ကိုကောင်းကောင်းပျိုးထောင်ပေးလိုက်ရင် ငါ့အတွက်အသုံးဝင်တဲ့လက်အောက်ငယ်သားတစ်ယောက်ဖြစ်လာမှာ ..”

သူဌေးကြီးက စူးရှတောက်ပသည့်မျက်လုံးများဖြင့် စင်မြင့်ထက်ရှိချင်းတန်ကိုစူးစိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။

“ တကယ်တော့ မီးလျှံနတ်သမီးဆိုတဲ့ကောင်မလေးက အာဂ သတ္တိခဲလေးပဲ။ သူက သူ့အဖေအသက်ခံရတာကိုလက်စားချေဖို့ရည်ရွယ်ချက်နဲ့ ခရမ်းရောင်သွေးလဂိုဏ်းကိုဝင်ခဲ့တာပဲ ။

သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဝမ်းတနှင့်ဝမ်းတုကိုသတ်ဖြတ်ပြီး ခရမ်းရောင်သွေးလဂိုဏ်းကိုလုံးဝဖျက်ဆီးပစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့...”

သူဌေးကြီး၏နောက်ဆက်တွဲစကားကြောင့် ရိယောင်၊ ဝူယွမ်နှင့်ဟန်ဝူတို့အားလုံးထိတ်လန့်တုန်လှုပ်သွားမိသည်။

နှင်းငွေ့မိစ္ဆာသခင်‌သေဆုံးပြီး ခရမ်းရောင်သွေးလဂိုဏ်း လုံးဝပျက်စီးခဲ့သည်မှာ ဆယ့်နှစ်နှစ်ခနိ့ရှိပြီဖြစ်သော်လည်း ထိုအဖြစ်ကိုပြန်တွေးမိတိုင်း သိုင်းလောကသားတိုင်းတုန်လှုပ်နေကြဆဲပင်။

“ ဘုရားရေ ဒီမိန်းကလေးက တကယ့်ကိုသတ္တိရှိတာပဲ။ နှင်းငွေ့မိစ္ဆာသခင်လိုလူမျိူးဆီကိုတောင် အကြံအစည်နဲ့စပြီးချဉ်းကပ်ခဲ့သေးတယ်...”

ဝူယွမ်က တုန်လှုပ်သည့်ပုံစံဖြင့်ရေရွတ်လိုက်သော်လည်း သူ၏လေသံထဲတွင်လေးစားမှုတိူ့ပါဝင်နေသည် ။

နှင်းငွေ့မိစ္ဆာသခင်မရှိတော့သော်လည်း ထိုနာမည်ကိုသိုင်းလောကသားတိုင်းကြောက်ရွံ့လေးစားနေကြဆဲဖြစ်သလို ထိုသို့‌သောပုဂ္ဂိုလ်တစ်ယောက်၏အနီးသို့မကောင်းသညိ့အကြံအစည်ဖြင့်လာရောက်ဝံ့သည့်မီးလျှံနတ်သမီးဆိူသည့်မိန်းက‌လေးကားပို၍ပင်လေးစားဖွယ်ကောင်းသေးသည်။

သူ‌ဌေးကြီးက ခေါင်းတစ်ချက်ညိမ့်ပြ၍ဆက်ပြောလိုက်သည်။

“ ဟုတ်တယ် ဒီမိန်းကလေးက ငရဲဓားဝမ်းတုကနေတစ်ဆင့် နှင်းငွေ့မိစ္ဆာသခင်ဆီကိုရောက်လာခဲ့တာ။

နှင်းငွေ့မိစ္ဆာသခင်ကလည်း သူ့ရဲ့စိတ်ဓာတ်နဲ့ကိုယ်ရည်ကိုယ်သွေးကိုတန်းသိတော့ သူ့တပည့်အဖြစ်တောင်လက်ခံလိုက်သေးတယ်...”

‌ထိုနေရာတွင် ဟန်ဝူက အံ့ဩဟန်ဖြင့်ဖြတ်မေးလိုက်သည်။

“ ဒါဆိုရင် သူ့အကြောင်းက ဘယ်ချိနိမှထွက်ပေါ်လာတာလဲ.. နှင်းငွေ့မိစ္ဆာသခင်ကရော သူ့အကြောင်းကိုမသိဘူးလား...”

ဟန်ဝူ၏မေးခွန်းကြောင့် သူဌေးကြီးက မဲ့ပြုံးပြုံးကာပြန်ဖြေလိုက်သည်။

“ မသိဘဲနေမလား သူက မီးလျှံနတ်သမီးကိုမြင်တာနဲ့ သူ့ရဲ့နောက်ကြောင်းတွေကို အကုန်စုံစမ်းပြီးသား။

နှင်းငွေ့မိစ္ဆာသခင်ရဲ့လက်‌အောက်က အရိပ်တပ်ဖွဲ့

ကအလွန်ကြောက်စရာကောင်းတယ်။။သူက ဂိုဏ်းအဖွဲ့တိုင်းကို‌ထိုးဖောက်နိုင်ပြီးသိုင်းလောကမှာ မသိတဲ့သတင်းမရှိဘူး ။

ဒါကြောင့်လည်း နှင်းငွေ့မိစ္ဆာသခင်က မီးလျှံနတ်သမီးရဲ့ရည်ရွယ်ချက်အစစ်အမှန်ကိုအစထဲကသိနေတာပေါ့...”

All Chapters