စီစဉ်မထားသည့်တိုက်ဆိုင်မှု
Vol. 1 Ch. 77
သူဌေးကြီး၏အဖြေက ဝူယွမ်တို့နှစ်ဦးကို ပို၍ပင်ရှုပ်ထွေးသွားစေသည်။
“ ဘာဖြစ်လို့လဲ မိန်းကလေးရဲ့အစစ်အမှန်ရည်ရွယ်ချက်ကိုသိရင် ချက်ခြင်းရှင်းပစ်ရမှာပေါ့...”
ဟန်ဝူ၏မေးခွန်းကြောင့် သူဌေးကြီးက လေးနက်သည့်အမူအယာဖြင်ြပြောလိုက်သည် ။
“ ဘာကြောင့်လဲဆိုတော့ မိန်းကလေးရဲ့အရည်အချင်းကို သူသိသွားတဲ့အပြင် သူကိူယ်သူယုံကြည်မှုပြည့်ဝလို့ပဲ။ ပြောရရင် အဲဒီမိန်းကလေးဘယ်လောက်ပဲခရမ်းရောင်သွေးလဂိုဏ်းကိုဖျက်ဆီလိုပါစေ သူရှိနေရင်လုံးဝမဖျက်ဆီးနိုင်ဘူးဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်ပေါ့ ။
ခရမ်းရောင်သွေးလဂိုဏ်းဆိုတာ နှင်းငွေ့မိစ္ဆာသခင်ကိုဗဟိုပြုပြီးဖြစ်တည်လာတဲ့ဂိုဏ်းကြီးပဲ။ ပြီးဝောာ့ နှင်းငွေ့မိစ္ဆာသခင်ကရဲစွမ်းသတ္တိနဲ့ပြည့်စုံလှသလို အကြွင်းမဲ့ယုံကြည်ချက်လဲရှိတယ်။။
အဲဒီလိုမျိုးယုံကြည်ချက်ပြည့်ဝရအောင်လည်း သူက သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်လောက်တဲ့အထိ အစွမ်းထက်ခဲ့တယ်။ တကယ်လို့ ကျုံဟွာတောင်တိုက်ပွဲမှာ ပထမဓားသခင်သာအဆင့်တတ်မသွားရင် အခုချိနိမှာသိုင်းလောကတစ်ခုလုံးက နှင်းငွေ့မိစ္ဆာသခင်ရဲ့လက်အောက်ကိုရောက်နေမှာ ။
ဘယ်သူသိမှာလဲ အဲဒီလိုရောက်ပြီးရင် သူ့ရဲ့နောက်ထပ်ခြေလှမ်းကြောငိ့ သိုင်းလောကတစ်ခုလုံးပျက်စီးကောင်းပျက်စီးသွားနိုင်တယ်...”
သူဌေးကြီး၏စကားကအနည်းငယ်ထူးဆန်းသောိလည်း ဝူယွမ်တို့သုံးဦးမှာ တုန်လှူပ်မှုနှင့်အတူလေးစားမှူကိုပါခံစားလိုက်မိကြ၏။
မိမိစွမ်းအားကိုအကြွင်းမဲ့ယုံကြည်မှု
ထိုစကားလုံးကနှင်းငွေ့မိစ္ဆာသခင်လိုလူမျိုးသာ ပြောဆိုဝံ့ပေမည်။
ထိုအကြောင်းကိုပြောရာတွင် တစ်ချိန်လုံးတည်ငြိမ်နေသည့်သူဌေးကြီး၏မျက်နှာထက်တွင်ပင် လေးစားသည့်အမူအယာကိုတွေ့နိုင်သည်။
သူဌေးကြီးက ဝူယွမ်တို့ကိုဝေ့ကြညိ့ရင်းပြုံးလိုက်ပြီး ဆက်ပြောလိုက်သည် ။
“ မိန်းကလေးကို နှင်းငွေ့မိစ္ဆာသခင်က တပည့်အဖြစ်လက်ခံပြီး သိုင်းပညာသင်ပေး ၊ ဂိုဏ်းရဲ့အရေးပါတဲ့နေရာကိုပေးရတဲ့ အရေးအကြီးဆုံးအချက်က သူ့ရဲ့တပည့်တစ်ဦးဖြစ်တဲ့ဝမ်းတုက မိန်းကလေးကို အလွန်ချစ်မြတ်နိုးနေတဲ့အတွက်ပဲ။
နှင်းငွေ့မိစ္ဆာသခင်က ကျန်တဲ့လူတွေအားလုံးအပေါ်မှာခက်ထန်ရက်စက်ပေမယ့် သူငယ်ငယ်ထဲက မွေးစားပြီးပညာသင်ပေးလာတဲ့ ဝမ်းတနဲ့ဝမ်းတုကိုတော့ အတော့်ကိုဦးစားပေးဂရုစိုက်တယ်။ ဒီလိုနဲမိန်းကလေးက ခရမ်းရောင်သွေးလဂိုဏ်းထဲရောက်လာခဲ့တာပေါ့။
သူ့ရဲ့ဉာဏ်ရည် ၊ အရည်အချင်းနဲ့စွမ်းဆောင်နိုင်စွမ်းက တကယ့်ကိုပဲထက်မြက်တယ်။ ပြီးတော့တစ်ဖက်မှာလည်း တေလေဂိုဏ်းချုပ်တို့လို အဖြူရောင်သိုင်းဝိဇ္ဇာတွေနဲ့ဆက်သွယ်ပြီး ခရမ်းရောင်သွေးလဂိုဏ်းရဲ့အခြေအနေတွေကို သူသိသလောက် တစ်ချိန်လုံးသတင်းပို့နေခဲ့တာ။
ဒီမိန်းကလေးရဲ့သတ္တိက ဩချစရာကောင်းသလို ဒီအကြောင်းတွေအားလုံးကို တစ်ချိနိလုံးသိနေတာတောင် မသိချင်ယောင်ဆောင်ပြီးမျက်စေ့မှိတ်ထားပေးတဲ့နှင်းငွေ့မိစ္ဆာသခင်ရဲ့ယုံကြည်မှုက ပိုပြီးချီးကျူးထိုက်တယ်...”
သူဌေးကြီး၏စကားကြောင့် နားထောင်နေကြသည့်ဝူယွမ်တို့သုံးယောက်မှာ သူတို့နှင့်မဆုံခဲ့မိသည့် တစ်ခေတ်တစ်ယောက်ပုဂ္ဂိုလ်ကြီးအပေါ်ပို၍ပင်လေးစားလာမိသည်။
ထို့ကြောင့်လည်း နှင်းငွေ့မိစ္ဆာသခငိသေဆုံးပြီးဆယ်နှစ်ကျော်ကြာပြီဖြစ်သည့်တိုင် သူ့အကြောင်းကိုပြောမိတိုင်း ကြောက်ရွံ့မှု၊ တုန်လှုပ်မှုနှငိ့လေးစားမှုတို့ကိုခံစားမိကြခြင်းဖြစ်ပေမည်။
သူဌေးကြီးက ပေါ့ပါးသည့်ပုံစံဖြင့်ဆက်ပြောလိုက်သည်။
“ နှင်းငွေ့မိစ္ဆာသခင်ရဲ့မှန်းဆချက်က တကယ်ပဲမှန်ကန်ခဲ့ပါတယ်။ အဲဒီမိန်းကလေးက နှစ်နှစ်သူံးနှစ်အတွင်းမှာ ခရမ်းရောင်သွေးလဂိုဏ်းအတွက်အများကြီးအကျိုးဆောင်ပေးနိုင်ခဲ့ပြီး အနက်ရောင်သိုင်းလောကကိုစုစည်းလို့ သူ့ရဲ့အစီအစဉ်တွေကိုတောင်လေးငါးနှစ်လောက်ပိုပြီးစောအောင်စနိုင်ခဲ့တယ် ။
တကယ်လို့ သူသာမရှိရင် ကျုံဟွာတောင်တိုက်ပွဲဆိုတာ အခုဖြစ်ခဲ့တဲ့အချိန်ထက်လေးငါးနှစိလောက်နောက်ကျသွားနိုင်တယ် ။
ပြီးတော့ တိုက်ဆိုင်မှုလို့ပဲပြောရမလား ။ မီးလျှံနတ်သမီးဖြစ်လာမယ့်စန်းလျှံနဲ့ ဝမ်းတတို့က ဟောဒီလောင်းကစားမြို့မှာစပြီးတွေ့ဆုံခဲ့တာ။
တိတိကျကျပြောရရင် စန်းလျှံက သူ့ကိုအာရုံစိုက်လာအောင် ဝမ်းတုကိုအကွက်ကျကျစီစဉ်ခဲ့တာပဲ ။ တကယ်ထူးချွန်တဲ့မိန်းကလေးပေါ့ ။
ပိုပြီးရယ်စရာကောင်းတာကအခု စုန်းယောင်ကို ခေါ်နေကြတဲ့ ဒုတိယမြောက်သေမင်းနက်ဆိုတဲ့နာမည်ရဲ့မူလပိုင်ရှင်က ဝမ်းတုပဲ။
သူက အားလပ်ချိန်တွေမှာ လောင်းကစားမြို့တော်ကိုလာပြီးစိတ်အပန်းဖြေရင်းနဲ့ သေမင်းနက်ဆိုတဲ့နာမည်ကိုရခဲ့တာ ။
ဆယ်နှစ်ကျော်ကြာပြီးတာတောင် ဒီနာမည်ကလောင်းကစားမြို့တော်ထဲမှာကျန်နေတုန်းဆိုတော့ သူတို့ဆရာတပည့်တွေက ရှာမှရှားတဲ့လူပဲ ...”
သူဌေးကြီး၏ရှင်းပြမှုကြောင့် ဝူယွမ်နှင့်ဟန်ဝူတို့လည်း သူဌေးကြီး၏နောက်ရှိရိယောင်ကိုအလိုလိုကြည့်လိုက်မိကြသည်။
ထို့အပြင် တစ်ခါတစ်ရံ၌ အလိုလိုတိုက်ဆိုင်သည့်အဖြစ်အပျက်များမှာ စီစဉ်ထားသည်ထက်ပင်အကွက်ကျနေသေးသည်။
“ ဒါတွေထားလိုက်ပါ ။ အခု ဒီမိန်းကလေးက အဲဒီတုန်းကမီးလျှံနတ်သမီးလိုပဲ ငါ့အတွက် အများကြီးအကူအညီဖြစ်စေနိုင်တယ်... “
သူဌေးကြီးက သူ၏စကားကိုအဆုံးသတ်လိုက်ပြီး စင်မြင့်ထက်မှဖျော်ဖြေမှုကိုစိန်ပွင့်များအလား တဖျက်ဖျက်တောက်ပနေသည့်မျက်ဝန်းများဖြင့်စူးစိုက်ကြည့်လိုက်သည် ။
အမြင့်ပိုင်းသို့ရောက်နေသည့်ဗျပ်စောင်းသံက တဖြေးဖြေးပြန်၍တည်ငြိမ်လာသလို အချိန်အတော်ကြာကခုန်နေရသည့်မိန်းမချောလေးခုနစ်ယောက်သည်လည်း ပင်ပန်းနေကြပြီဖြစ်သည် ။
သို့သော် သူတို့၏ကြိုးကကွက်များမှာ အနည်းငယ်ပင်တိမ်းစောင်းချွတိချော်မှုမရှိဘဲ ပြီးခါနီးလေ ပို၍ကောင်းမွန်လာလေလေဖြစ်ပြီး စားပွဲရှည်ကြီးရှိလူများကား ပတ်ဝန်းကျင်ကိုပင်ဂရုမစိုက်နိုင်လောက်အောင်နစ်မျောနေကြပေသည်။
ထို့အတူ ဝူယွမ်တို့နှစ်ဦးသည်လည်း သူဌေးကြီး၏ဇာတ်လမ်းထဲတွင်နစ်မျောနေပြီး ဟန်ဝူက မရိုးမယွပုံစံဖြင့်မေးလိုက်သည် ။
“ မီးလျှံနတ်သမှး စန်းလျှံဆိုတဲ့မိန်းကလေးက ဘယ်လိုဖြစ်သွားတာလဲဆိုတာ ဆက်ပြီးပြောဦးလေ...သူက ကျုံဟွာတောင်တိုက်ပွဲမတိုင်ခင်မှာ ပျောက်သွားတာလားလို့...”
ဟန်ဝူ့နည်းတူ ဝူယွမ်သည်လည်း ထိုဇာတ်လမ်း၏အဆုံးသက်ကိုလွန်စွာသိလိုစိတ်ဖြစ်နေပြီး ဟန်အမူအယာကင်းမဲ့စွာဖြင့်ရှိနေသည့်ရိယောင်ပင် သူဌေးကြီးထံမှထွက်ပေါ်လာမည့်စကားကိုစောင့်မျှော်နေသည်။
သူတို့၏စိတ်ဝင်တစားအမူအယာများကြောင့် သူဌေးကြီးက ခပ်ဖွဖွပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။
“ ဒီလိုနဲ့ ကျုံဟွာတောင်တိုက်ပွဲမတိုင်ခင် နှစ်လသုံးလလောက်အလိုမှာ နှင်းငွေ့မိစ္ဆာသခင်က အဲဒီမိန်းကလေးကို သူ့သရုပ်မှန်ကိုချပြပြီး မြေအောက်နန်းဆောင်မှာတင်ဖမ်းဆီးထားလိုက်တယ်။
ဝမ်းတကတော့ လုံးဝကိုအရူးမီးဝိုင်းဖြစ်သွားတာပေါ့ ။ မကြာပါဘူး ဒုတိယအကြိမ်စန်နုန်ကျတိုက်ပွဲမှာ ထိပ်တန်းအင်အားစုခေါင်းဆောင်တွေနဲ့ အနက်ရောက်သိမ်းငှက်ချွင်းရှန်တို့ရဲ့လက်ချက်ကြောင့် သူသေဆုံးသွားခဲ့တယ်။။
တစ်ခါ နှင်းငွေ့မိစ္ဆာသခင်နဲ့ ဝမ်းတငတို့ကလည်း ကျုံဟွာတောင်တိုက်ပွဲမှာသေဆုံးသွားတော့ လက်စားချေချင်တဲ့ သူ့ရဲ့ဆန္ဒတွေပြည့်ဝသွားတာပေါ့။
ပြီးတော့ သူတိူ့ရဲ့လျှို့ဝှက်နေရာဖြစ်တဲ့မြေအောက်နန်းဆောင်ကလည်း အကြောင်းတစ်ခုခုကြောင့်လုံးဝပျက်စီးသွားခဲ့ပြီဆိုတော့ နှင်းငွေ့မိစ္ဆာသခင်နဲ့ခရမ်းရောင်သွေးလဂိုဏ်းက မြေကြီးထဲကိုရောက်သွားတာပေါ့။
မြေအောက်နန်းဆောင်မှာ အကျဥ်းချခံရတဲ့မိန်းကလေးရဲ့ဇာတ်သိမ်းကိုတော့ ဘယ်သူမှသေချာမသိဘူး။
ငါထင်တာမမှားရင် အဲဒီမိန်းကလေးအကျဉ်းချခံရတော့ သူ့ဆီမှာ ဝမ်းတရဲ့ကလေးကို ကိုယ်ဝန်ရှိနေပြီ။
တကယ်လို့ကံကောင်းထောက်မလို့ သူအသက်ရှငမပြီး အဲဒီကလေးမွေးလာရင် သူ့အသက်က ဆယ့်နှစ်နှစ်လောက်တော့ရှိရောပေါ့...”
&&&&
“ အဖိုးစု အဖိုးနဲ့ဦးလေးစန်းတို့ ဘယ်ရက်ပြန်မှာလဲ...”
တာမောအဆောင်ရှိ ဆရာတော်ရွှမ်းနန်၏အခန်းလေးထဲတွင် ရှောင်ယောင်က သူ၏ရှေ့ရှိလူနှစ်ယောက်ကိုမေးလိုက်ခြင်းဖြစ်သည်။
သူ၏သွေးကြောမကြီးများအောင်မြင်စွာဖွင့်လှစ်ပြီးသည်က ငါးရက်ခန့်ရှိပြီးဖြစ်ပြီး ထိုအတောအတွင်း ရှောင်ယောင်အတွက်စိုးရိမ်၍ စန်းဟုန်းလျန်နှင့်အဖိုးစုတို့သာမက အဖိုးအိုဟွမ်ပင် ရှောင်လင်ကျောင်းတွင်ဆက်ရှိနေခြင်းဖြစ်သည် ။
သို့သော်လည်း သွေးကြောမကြီးများဖွင့်လှစ်ပြီးပြီးချင်းအနည်းငယ်အားနည်းသွားသည်မှအပရှောင်ယောင်၏ခန္တာကိုယ်မှာ လွန်စွာကောင်းမွန်နေပြီး ယခုဆိုလျှင် အတွင်းအားကိုပင်စတင်လေ့ကျင့်နေပြီဖြစ်သည်။
သိုင်းဝိဇ္ဇာများသာရရှိနိုင်မည့် သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်ပြီးစီးသည့်အပြင် အဖိုးဟွမ်သင်ပေးသည့်သန့်စင်ခြင်းအတွင်းအားကလည်းအစွမ်းထက်သည့်ထိပ်တန်းအဆင့်အတွင်းအားကျင့်စဉ်တစ်ခုဖြစ်ရာ ရှောင်ယောင်၏လေ့ကျင့်ရေးအမြန်နှူန်းက အံ့မခန်းလျှင်မြန်လှသည်။
အတွင်းအားလမ်းစဉ်တစ်ခုထဲကိုသာအာရုံစိုက်ပါက ရှောင်ယောင့်အတွက် အတွင်းအားလုံးဝမရှိသည့်ဘဝမှ သိုင်းထိပ်သီးအဆင့်ကိုရောက်ရန် အများဆုံးဆယ်နှစ်သာအချိန်ယူရမည်ဖြစ်ပြီး ထိုလေ့ကျင့်ရေးအမြန်နှုန်းက သိုင်းလောက၏ခေတ်အဆက်ဆက်တွင်ပင်အထူးချွန်ဆူံဟုပြောနိုင်ပေသည်။
သို့သော်လည်း ရှောင်ယောင်က အတွင်းအားလမ်းစဉ်ကိုသာမက အပြင်အားလမ်းစဉ်ကိုပါဆက်လက်လေ့ကျင့်ရန်ရွေးချယ်ခဲ့ရာ သူ၏အမြန်နှုန်းက တစ်ဝက်တိတိလျော့ကျသွားပေမည်။
သို့တိုင် ရှောင်ယောင်၏လေ့ကျင့်နှုန်းက သိုင်းလောကမှပါရမီရှင်များ၏အမြန်နှုန်းနှင့်တူညီနေဆဲဖြစ်ပြီး လမ်းစဉ်နှစ်ခုလုံးလျှောက်သူတစ်ယောက်အနေဖြင့် သူ၏တိုက်ပွဲစွမ်းအားက အခြားလူများထက်နှစ်ဆသာလွန်နေမည်ကို ဗေဒင်မေးနေစရာပင်မလိုပေ။
ယနေ့နံနက်ပိုင်း သိုင်းပညာလေ့ကျင့်၍ခေတ္တနားချိန်တွင် အဖိုးစုက ရှောင်ယောင့်ကို ကျုံဟွာတောင်တိုက်ပွဲနှင့်နှင်းငွေ့မိစ္ဆာသခင်၊ ပထမဓားသခင် စသူတို့အကြောင်းကိုသေချာရှင်းပြနေခြင်းဖြစ်သည်။
သူတို့နှင့်အတူ ဆရာတော်ရွှမ်းနန်သာမက ကိုရင်ကြွယ်စင်းနှင့်ကြွယ်ယန်တို့ပါရှိနေကြသည်။
ရှောင်ယောင်၏ဆရာဖြစ်သည့် သိုင်းပညာရူးသွပ်သူဆရာတော်ရွှမ်းမင်ကား တစ်ရက်လျှင်လေးနာရီသာပုံမှန်သင်ကြားပြီး ယနေ့တွင်လည်း ရှောင်ယောင့်ကိုလေ့ကျင့်ပေးပြီးနောက် သူ၏အဆောင်သို့ခပ်သုတ်သုတ်ပြန်သွားသည်။
ကျန်ရှိနေသည့်ရှောင်ယောင်တို့ကလေးသုံးယောက်က အဖိုးစုပြောသည့်ကျုံဟွာတောင်တိုက်ပွဲအကြောင်းနှင့်သိုင်းလောကဗဟုသုတများကိုနားထောင်နေခြင်းဖြစ်သည် ။
ထိုလူစုထဲတွင် ရှောင်ယောင်မှလွဲ၍ အားလုံးက ကျုံဟွာတောင်တိုက်ပွဲနှင့်ပတ်သတ်၍ ယခင်ကလည်ူသိရှိပြီးသားဖြစ်သော်လည်း တေလေဂိုဏ်းချုပ်ကိုယ်တိုင်ပြောပြသည့်အခါ ပို၍အသေးစိတ်ကျပြီး တစ်ခါတစ်ရံ ဆရာတော်ရွှမ်းနန်နှင့်စန်းဟုန်းလျန်တို့မသိသည့်အချက်များပင်ပါဝင်သည်
ထို့အပြင် အဖိုးစုက လေလွင့်တေလေဆိုသည့်နာမည်နှင့်လိုက်အောင် နေရာအနှံ့ရောက်ဖူးပြီး သူ၏ ရင်သပ်ရှုမောဖွယ်အတွေ့အကြုံများကရေတွက်၍ပင်မကုန်နိုင်ပေ။
“ ဟားဟား...နောက်ရက်ကျရင်တော့ပြန်မှာပေါ့ ဘာလဲ မင်းက ငါ့ကိုပြန်စေချင်ပြီလား...”
အဖိုးစုက ရှောင်ယောင်၏ဦးခေါင်းကိုပွတ်သတ်ရင်းမေးလိုက်သည်။။
အဖိုးစု၏စနောက်သည့်စကားကြောင့် ရှောင်ယောင်လည်းပြုံး၍ခေါင်းယမ်းပြလိုက်သည်။
ကိုရင်ကြွယ်ယန်တို့နှစ်ဦးမှာတော့ တေလေဂိုဏ်းချုပ်ကြီး ၊ ထိုက်ကျိဓားစန်းဟုန်းလျန်တို့လို နာမည်ကြီးပုဂ္ဂိုလ်များ၏ဂရုစိုက်ကြင်နာမှုကိုခံရသည့်ရှောင်ယောင့်ကို ကြိတ်၍အားကျနေကြသည်။
ထို့အပြငိ ရှောင်လင်ကျောင်း၏မျိုးဆက်ဟောင်းပါရမီရှင် ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ ရှောင်ယောင်၏ဆရာဖြစ်ပြီး ၊ သိုင်းပညာမြငိ့မားသည့်သူတို့၏ဆရာ ရွှမ်းနန်ဆရာတော်ကလည်းရှောင်ယောင်နှင့်ဆွေမျိုးအရင်းအချာဖြစ်သည် ။
ထို့ကြောင့်အမှန်တကယ်သာစဉ်းစားကြည့်ပါက ရှောင်ယောင်၏နောက်ခံမှာ လွန်စွာတောင့်တင်းနေပြီး ထိုအထဲတွင် အဖိုးအိုဟွမ်ကိုထည့်တွက်ရသေးခြင်းမရှိပေ။
ရုတ်တရက် ကိုယ့်ကိုယ်ကိုနောက်ခံတောင့်သည်ဟုထင်နေသည့် ကိုရင်ကြွယ်ယန်လည်း သူ၏မိသာစုနောက်ခံမရှိပါကသူမည်မျှအားနည်းနေသေးသည်ကိုသတိထားလိုက်မိကာ ပို၍ကြိုးစားလေ့ကျင့်ရန်ဆုံးဖြတ်လိုက်သည်။
သူ၏စရိုက်အတိုင်း တိတ်တဆိတ်ရှိနေသည့် ကိုရင်ကြွယ်စင်းသည်လည်း ရှောင်ယောင်အတွင်းအားလေ့ကျင့်နိုင်သည့်အတွက် စိတ်ရင်းဖြင့်ပျော်ရွှင်မိသည့်တိုင် ရှောင်ယောင်၏ပါရမီကိုသိရှိ၍ သူ၏လေ့ကျင့်မှုကို ယခင်ထက်ပို၍တိုးမြှင့်ရန်ဆုံးဖြတ်လိုက်သည်။