အင်အားစုကြီးလေးခု
Vol. 1 Ch. 78
ကလေးငယ်နှစ်ယောက်၏စိတ်တွင်းမှပြောင်းလဲတိုးတက်မှုကိုမည်သူမှသတိမပြုမိကြဘဲ အဖိူးဟွမ်က သူ၏ဝသီအတိုင်းအဖိုးစုကိုလှောင်ပြောင်လိုက်သည်။
“ မင်းက အရှုပ်ထုပ်လေသူတောင်းစားစုတ်ရ မင်းကိုဘယ်လိုလုပ်ပြီးကလေးက ခေါ်ချင်မှာလဲ ..”
အဖိုးဟွမ်၏လှောင်ပြောင်စကားကြောင့် နှစ်ပေါင်းများစွာ စကားများရန်ဖြစ်လာသူများပီပီအဖိူးစုကလည်း အောက်ကျမခံပြန်ပတ်လိုက်သည်။
“ မင်းကရော ဘာလို့ဒီမှာရှိနေသေးတာလဲ။ ရှောင်ယောင်ကိုကုသပြီးတာနဲ့ပြန်ရမှာလေ...ပြီးတော့ မင်းကို နဂါးဇာမဏီခြူလုံးလည်းပေးပြီးပြီနော်...”
အဖိုးစုက အဖိုးဟွမ်ကိုအထင်သေးစွာကြည့်ရင်း ရှုံ့ချသည့်ပုံစံဖြင့်ပြောလိုက်သည်။
ထိုအဖိူးအိုနှစ်ယောက်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင်ရင်နှီးလာသူများဖြစ်ကြပြီး မတည့်အတူနေများဟုဆိုနိုင်သည်။
အချင်းချင်းအတူရှိနေလျှင် လုံးဝမျကိနှာကြောမတည့်ဘဲ အချိန်ပြည့်စကားနိုင်လုရနိဖြစ်နေတတ်သော်လည်း အရေးကြုံပါက တစ်ယောက်ကိုတစ်ယောက်အသက်စွန့်၍ပင်ကူညီကြသေးသည် ။
အဖိုးစု၏ချေပမှုကြောင့် အဖိုးဟွမ်က သူ၏မျက်နှာကိုမော့ကာ ရှောင်ယောင်ကိုကြည့်၍ပြောလိုက်သည်။
“ ငါက ရှောင်ယောင်လေးကို ငါ့ရဲ့မျိုးဆက်လို့သဘောထားလို့လေ။ ဒါကြောင့်လည်း ငါ့ရဲ့သန့်စင်ခြင်းအတွင်းအားကျင့်စဉ်ကို အပြည့်အစုံသင်ပေးခဲ့တာပေါ့ ။ မင်းလိုမျိုးအသုံးမကျတဲ့ အရက်မူးဘာညာသင်ပေးတာမဟုတ်ဘူး...”
အဖိုးဟွမ်၏စကားမှာအမှန်ပင်ဖြစ်ပြီး ပြီးခဲ့သည့်သုံးလေးရက်အတွင်းက သူ၏သန့်စင်ခြင်းအတွင်းအားကျင့်စဉ်ကိုရှောင်ယောင်ကိုအဆုံးထိလက်ဆင့်ကမ်းသင်ပေးခဲ့သည်။
သန့်စင်ခြင်းအတွင်းအားကျင့်စဉ်မှာ စုစုပေါင်းအဆင့်ခုနစ်ဆင့်အထိရှိပြီးရှောင်ယောင်ကပထမသုံးဆင့်ကိုတတ်မြောက်ပြီးဖြစ်သည် ။
အဖိုး၏ဟွမ်၏ သန့်စင်ခြင်းအတွင်းအားကျင့်စဉ်မှာ ထိပ်တန်းအဆင့်ရှေးဟောင်းကျင့်စဉ်တစ်ခုဖြစ်ပြီး သိုင်းလောကထဲမှထိပ်တန်းအတွင်းအားကျင့်စဉ်အများစုထက်ပင်ပို၍အစွမ်းထက်သေးသည်။
အဖိုးဟွမ်၏စကားကို အဖိုးစုက မျက်လုံးကြီးပြူးကာ ပြန်လည်ရန်တွေ့မည်ပြုလိုက်စဉ် စန်းဟုန်းချန်က ဖြတ်မေးလိုက်သည်။
“ ခဏလေးပါ ဆရာကြီးဟွမ် စောစောက ဆရာကြီးစုပြောတဲ့ နဂါးဇာမဏီခြူလုံးဆိုတာ ကျုပ်ကြားဖူးသလားလို့။
ကျုပ်ဆရာဖိုးဖိုးပြောဖူးတာထင်တယ်။ တစ်ချိန်တုန်းက ကျုပ်တို့ဝူတန်းမှာလည်းအဲလိုခြူလုံးတစ်ခုရှိခဲ့ပြီးတော့ အခက်အခဲကြီးတစ်ခုနဲ့ကြုံလို့အသုံးပြုလိုက်ရတယ်ဆိုလား...”
စန်းဟုန်းလျန်၏မေးခွန်းကြောင့် အဖိုးအိုနှစ်ယောက်၏အာရုံကပြောင်းလဲသွားသလို ရှောင်ယောင်တို့ကလေးတစ်သိုက်၏မျက်လုံးများလည်းတောက်ပသွားကြသည်။
ထိုအဖိူးအိုနှစ်ယောက်မှာ ယခုအချိန်ထိကလေးဆန်နေဆဲဖြစ်သော်လည်း လွန်စွာအစွမ်းထက်သည့်ပုဂ္ဂိုလ်များဖြစ်၍ ယခုစန်းဟုန်းလျန်ပြောသည့်အကြောင်းအရာကလည်း စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်ပေမည်။
အဖိုးဟွမ်၏အမူအယာက အစောပိုင်းကနှင့်မတူတော့ဘဲ တည်ကြည်လေးနက်သည့်ပုံစံဖြင့်ခေါင်းညိမ့်၍ရှင်းပြလိုက်သည်။
“ တကယ်တော့ နဂါးဇာမဏိခြူလုံးဆိုတာ ငါတို့သူတော်စင်တောင်ကြားကိုအကူအညီတောင်းလို့ရတဲ့ပစ္စည်းတစ်ခုပဲ။
ခြူလုံးက တစ်ခုမဟုတ်ဘဲတစ်စုံကိုခေါ်တာ။ နဂါးနဲ့ဇာမဏီဆိုပြီး ခြူလုံးနှစ်ခုမလို့ နဂါးဇာမဏီခြူလုံးလို့အလွယ်ခေါ်တာ...ဟောဒီမှာကြည့်...”
အဖိုးဟွမ်က သူ၏အင်္ကျီအတွင်းမှာ အနီရောင်ကြိုးလေးဖြင့်ချည်ထားသည့် အဖြူရောင်ခြူငယ်နှစ်ခုကိုထုတ်ပြလိုက်သည်။
လက်လှုပ်လိုက်တိုင်းတချွင်ချွက်အသံမည်နေသည့် သေးငယ်သည့်ခြူလုံးငယ်လေးနှစ်ခုမှာ အနီရောင်ကြိုးလေးနှင့်လွန်စွာလိုက်ဖက်လှပြီး ရှောင်ယောင်တို့ကလေးသုံးယောက်ပင် မြင်မြင်ချင်းသဘောကျမိသည်။။
အဖိုးဟွမ်က ခြူလုံးလေးနှစ်ခုကိုညွန်ပြကာပြောလိုက်သည် ။
“ တွေ့လားဒီမှာ ခြူလုံးနှစ်ခု။ အထဲမှာရှိတဲ့ အဆံနှစ်ခုကိုခွဲကြည့်ရငိ တစ်ခုမှာ ဇာမဏိပုံရှိပြီး ကျနိတဲ့တစ်ခုက နဂါးပုံရှိတယ် ။
ပြီးတော့ ဒီခြူလုံးနှစ်ခုကိုလုပ်ထားတာသာမန်မဟုတ်ဘဲ ရှားပါးတဲ့မိုးကြိုးသံမဏိနဲ့လုပ်ထားတာ။ မိုးကြိုးသံမဏိနည်းနည်းကို လက်နက်တွေထဲထည့်လုပ်ရင်တောင် သာမန်ဓားလှံတွေကိုအလွယ်တကူခုတ်ဖြတ်နိုင်တဲ့ထိပ်တန်းလက်နကတစ်ခုဖြစ်သွားမှာ...”
အဖိုးအိုဟွမ်၏စကားကြောင့် အဖိုးစုမှလွဲ၍ကျန်လူများလည်း အဖြူရောင်သတ္တုနှငိ့တူသည့်ခြူလုံးနှစ်ခုကိုအံ့ဩစွာကြည့်လိုက်ကြသည်။
ထိုမျှမကသေးဘဲ အဖိုးစုက ခြူလုံးနှစ်ခုကိုချည်ထားသည့် အနီရောင်ကြိုးငယ်လေးကိုပြလိုက်သည်။
“ ပြီးတော့ ဟောဒီကြိုးလေးက သာမန်ပိုးကြိုးမဟုတ်ဘဲ ဖျက်ဆီးလို့မရ မီးနဲ့ရေကိုလည်းနိုင်တဲ့ နီလာပင့်ကူ လို့ခေါ်တဲ့ပိုးကောင်တစ်မျိူးရဲ့ပိုးမျှင်နဲ့ယပ်ထားတာ ။ သိုင်းလောကထဲကရတနာစာရင်းဝင်လက်နက်တွေတောင် ခုတ်ဖြတ်လို့မရဘူ။
ပြီးတော့ နီလာပင့်ကူရဲ့ပိုးမျှင်က ငါတို့သူတော်စင်တောင်ကြားရဲ့ အထွတ်အမြတ်ပစ္စည်းဖြစ်တဲ့ သူတော်စင်ပိုးပဝါကိုပြုလုပ်တဲ့နေရာမှာ အဓိကအသုံးပြုတဲ့ပစ္စည်းပဲ...”
ရှောင်ယောင်တို့သုံးယောက်မှာ ငယ်သေး၍ အဖိူးဟွမ်၏စကားထဲမှ သူတော်စင်တောင်ကြားနှင်ါသူတော်စင်ပိုးပဝါအကြောင်းကိုများစွာဂရုမစိုက်မိကြသော်လည်း ထိုအကြောင်းကိုသိရှိနေသည့် ဆရာတော်ရွှမ်းနန်တို့စန်းဟုန်းလျန်တို့ကား အံ့သြတုန်လှုပ်နေကြဟန်တူသည်။
ထိုစဉ် ကိုရင်ကြွယ်ယန်ကသိလိုစိတ်ကိုမထိမ်းနိုင်ဘဲ ဝင်မေးလိုက်မိသည် ။
“ ဒါဆိုရင် ဒါကဘယ်လိုသုံးရတာလဲအဖိုး...ဆရာကြီး...”
စကားများသည့်ကြွယ်ယန်မှာ အဖိုးဟွမ်ကိုအဖိုးကြီးဟုခေါ်မည်ပြုပြီးမှ သတိရ၍ ဆရာကြီးဟုပြောင်းလဲခေါ်လိုက်ရာ အဖိုးဆရာကြီးဖြစ်သွားသည် ။
ထိုမေးခွန်းကြောင့် ကြွယ်ယန်မှာ သူ့ဆရာဖြစ်သူဆရာတော်ရွှမ်းနန်၏မျက်နှာထင်းတင်းတင်းကြည့်ခြင်းကိုခံလိုက်ရသော်လည်း အဖိုးဟွမ်က စိတ်မကွက်ဘဲ ဆက်၍ရှင်းပြလိုက်သည်။
“ ဒါက ငါတို့သူတော်စင်တောင်ကြားကို ကြီးမားတဲ့ကိစ္စကြီးတစ်ခုအကူအညီတောင်းလို့ရတယ်။
ပြောရရင် သိုင်းလောကကြီးတစ်ခုလုံးကိုသုတ်သင်ဖိူ့တို့ ၊ ဂိုဏ်းအဖွဲ့တစ်ခုခုကိုအမြစ်ပြတ်သတ်ဖြတ်ဖိူ့တို့လို မဆီလျော်တဲ့တောင်းဆိုမှုများတော့မရဘူး။။
ငါတို့သူတော်စင်တောင်ကြားက လူ့အသက်ကယ်ရတဲ့ဆေးပညာရှငိအများဆုံးရှိပြီး သတ်ဖြတ်ရတာကိုမနှစ်သက်ဘူး။
အခုလို နဂါးဇာမဏီခြူလုံးတွေကို တည်ထောင်သူဘိုးဘေးသိုင်းလောကကမထွက်ခွာခင်က ဂိုဏ်းကြီးခြောက်ဂိုဏ်းက ဂိုဏ်းချုပ်တွေဆီကိုတစ်စုံစီပေးခဲ့တာ။
အရေးကြုံရင် တောင်ကြားကနေအကူအညီလာတောင်းလို့ရအောင်ပေါ့။ အဲလိုပဲ တခြားအင်အားစုသုံးခုကလည်း သက်ဆိုင်ရာအမှတ်အသားတွေပေးခဲ့မှာပဲ ။
ဒါပေမယ့် ဂိုဏ်းကြီးခြောက်ဂိုဏ်းကလည်း နက်ရှိုင်းတဲ့အုတ်မြစ်ရှိပြီး သူတိူ့အင်အားကမခေတော့ တော်ရုံတန်ရုံဆိုရင်အကူအညီမတောင်းကြပါဘူး။။
တစ်ချို့ဂိုဏ်းတွေဆိုရင် ဒီအကြောင်းတွေကို မသိဘဲ မေ့ပျောက်ကုန်ကြပြီ ။ ဒါကြောင့် အခုလိုအမှတ်အသားတွေအကြောင်း သိတဲ့လူတောင်လက်ချိူးရေလို့ရတော့မယ်။။
ရှောင်ယောင်ရဲ့ရောဂါက ကုသအောင်မြင်လို့သာလွယ်ကူတယ်လို့ထင်ရတာ တကယ်တမ်းကျ တစ်ချက်မှားတာနဲ့တန်းပြီးသေလောက်အောင်အန္တရာယ်များတယ်။။
ဒီအတွက်လည်း ပိုပြီးသေချာအောင် ငါက သူတောင်းစားစုတ်ဆီက နဂါးဇာမဏိခြူလုံးကိုယူပြီး ငါတို့နေရာမှာတောင် ခေါင်းဆောင်တွေပဲသင်ခွင့်ရှိတဲ့ စိတ်ဝိညာဉ်အပ်ကိုးစင်းပညာကိုသွားပြီးသင်ယူလာခဲ့တာ ။
တစ်ခုခုချွတ်ချော်ရင် ရှောင်ယောင်ကို ကယ်နိုင်အောင်လို့ပေါ့ ကံကောင်းထောက်မစွာနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးခဲ့လို့...’
အဖိူးအိုဟွမ်၏ရှင်းပြမှုကိုကြားမှ ရှောင်ယောင်လည်း သူ၏သွေးကြောမကြီးများဖွင့်လှစ်ခြင်းမှာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုနားလည်သွားသလို သူ့အတွက် ဂိုဏ်းမှတန်ဖိုးကြီးပစ္စည်းတစ်ခုကိုပင်အလွယ်တကူစွန့်လွှတ်လိုက်သည့်အဖိုးစုကိုလည်း ပို၍ကျေးဇူးတင်လာမိသည်။
အဖိူးဟွမ်က စန်းဟုန်းလျန်ကိုကြည့်ကာ ဆက်ပြောလိုက်သည် ။
“ စောစောက မင်းမေးတာက လွန်ခဲ့တဲ့တစ်နှစ်ရာလောက်ကဖြစ်ခဲ့တာ။
ကြီးမြတ်တဲ့ဝူအင်ပါယာပျက်သုန်းခါနီးမှာ အနက်ရောက်သိုင်းလောကသားတွေထကြွပြီး ဝူတန်းက မြင့်မြတ်ဓားပျောက်ဆုံးမှုဖြစ်တာပဲ။
ဒါတွေကိုတော့ နောက်ကြုံမှပဲပြောတော့မယ်...”
အဖိုးအိုဟွမ်၏စကားကြောင့် လူအားလုံး၏ရင်ထဲတွင် ထူးခြားသည့်ခံစားမှုတို့ခံစားလိုက်မိကြ၏။
ဆရာတော်ရွှမ်းနန်နှင့်အဖိူးစုတို့က ယနေ့ထက်တောင် ကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်သည့် ပုန်းကွယ်နေသည့် အင်အားစုကြီးလေးခုကိုတွေးမိပြီး သက်ပြင်းချလိုက်မိကြသလို စန်းဟုန်းလျန်ကား မြင့်မြတ်ဓားပျောက်ဆုံးမှုကိုသိလိုက်၍ များစွာအံ့အားသင့်နေမိသည်။
ဝူတန်းဂိုဏ်းတည်ထောင်သူကိုင်ဆောင်ခဲ့သည့် မြင့်မြတ်ဓားက ဂိုဏ်း၏အမွေအနှစ်ပစ္စည်းဟုပြော၍ရကာ လက်ရှိသိုင်းလောက၏ရတနာစာရင်းဝင်လက်နက်များထဲတွင်ထိပ်ဆုံးနေရာ၌ရှိပေမည်။
ထို့အတူ ဂိုဏ်းချုပ်တိုင်းကထိုဓားကိုလွန်စွာတန်ဖိုးထားကြပြီး သူတို့ကိုယ်တိုင်ပင်အသုံးမပြုဘဲ အလေးအမြတ်ပစ္စည်းအဖြစ်ထားရှိခဲ့သည်။
သိူ့သော် စန်းဟုန်းလျန်လို ဂိုဏ်းချုပ်၏တပည့်ရင်းတစ်ယောက်ပင်မြင့်မြတ်ဓားကိုတစ်ကြိမ်သာတွေ့ဖူးပြီး ထိုအကြိမ်ကလည်းဆရာဖိုးဖိုး၏ဓားလိုဏ်ဂူထဲသို့ဝင်ရောက်ခွင့်ရချိန်ဖြစ်သည်။
ယခု အဖိုးအိုဟွမ်၏စကားကိုကြားမှ ထိုမြင့်မြတ်ဓားပင် ပျောက်ဆုံးခဲဘဖူးကြောင်းကိုသိလိုက်ရခြင်းဖြစ်သည် ။
ထိုအချိန်တွင် ကိုရင်ကြွယ်ယန်တို့နှစိဦးကတော့ အဖိုးဟွမ်၏စကားများကိုလက်မခံနိုငိကြဘဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
သူတိူ့၏စိတ်ထဲတွင် သိုင်းလောကတစ်ခုလုံး၌ ဂိုဏ်းကြီးခြောက်ဂိုဏ်းကအင်အားအကောင်းဆုံးဖြစ်ပြီး အဖိုးဟွမ်၏စကားထဲတွင်မကြာခဏပါလေ့ရှိသည့် သူတောင်စင်တောင်ကြားကိုပင်များစွာအထင်မကြီးပေ ။
အေးဆေးတိတ်ဆိတ်သည့်ကိုရင်ကြွယ်စင်းက သူ့ပုံစဲအတိုင်း ခပ်ကုတ်ကုတ်သာရှိသော်လည်း ကိုရင်ကြွယ်ယန်ကမူ လက်မခံနိုင်ဟန်ဖြင့်ထပ်မေးလိုက်သည်။
“ ဒါနဲ့ ဆရာကြီးပြောတဲ့ အင်အားစုကြီးတွေက ဒီလောက်အထိအင်အားကောင်းလို့လား ။ ဘာလို့သူတို့ကသိုင်းလောကထဲမှာနာမည်မကြီးတာလဲ...”
ကိုရင်ကြွယ်ယန်ကလည်းသူ့အတွေးဖြင့်သူမေးလိုက်သလို အဖိုးအိုဟွမ်ကလည်း ထိုမေးခွန်းကိုသဘောကျစွာဖြင့်ရယ်မောရင်းပြန်ဖြေလိုက်သည်။
“ ဟားဟား...မင်းမလို့မေးတတ်တယ်။ ငါပြောတဲ့အင်အားစုကြီးတွေက ဂိုဏ်းကြီးခြောက်ဂိုဏ်းထက်အင်အားအများကြီးပိုတာပေါ့ ။။
ဂိုဏ်းကြီးခြောက်ဂိုဏ်းလောက်သက်တမ်းမရှိဘဲ အုတ်မြစ်မနက်ရှိုင်းသေးဘူးဆိုပေမယ့် သူတို့ကိုတည်ထောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေက ပြိုင်ဘက်ကင်းသိုင်းပညာရှငိတွေဖြစ်သလို သူတို့ကလည်းမျိုးရိုးအဆက်ဆက်အပြင်သိပ်မထွက်ဘဲ ကိာယ့်ပညာကိုယ်တိုးတက်အောင် လေ့ကျင့်နေကြတော့ သူတို့ရဲ့အင်အားကလုံးဝလျော့ကျမသွားဘူး။
ဒါပေမယ့်သူတို့က လူသိမခံဘဲလျှို့ဝှက်ပြီးနေလို့နာမည်မကြီးပေမယ့်သိုင်းလောကထဲက ဂိုဏ်းကြီးခြောက်ဂိုဏ်းနဲ့ ထိပ်တန်းအင်အားစုတွေကတော့ သူတို့အကြောင်းကိုကောင်းကောင်းသိကြတယ်။
သာမန်သိုင်းလောကသားတွေကြားမှာတော့ သူတို့က တကယ်ရှိမရှိမသေချာတဲ့ဒဏ္ဍာရီဆန်ဆန်တည်ရှိမှုပေါ့။
သူတို့တစ်ကြိမ်ပေါ်ထွက်လာတိုင်းမှာ သိုင်းလောက တစ်ခုလုံးလှုပ်ခတ်ရတယ်...”
အဖိုးဟွမ်၏လေသံထဲတွင် ဂုဏ်ယူဝံ့ကြွားမှုတို့က အတိုင်းသားပါဝင်နေပြီး သူကိုယ်တိုင်ကလည်း ထိုအင်အားစုကြီးလေးခုအနက်တစ်ခုမှဆင်းသက်လာခြင်းဖြစ်ပေသည်။