သူ့ထက်သူလူစွမ်းကောင်း
Vol. 1 Ch. 80
အဖိုးဟွမ်က အနည်းငယ်ကျောချမ်းဟန်ဖြင့် ပခုံးတစ်ချက်တွန့်ရင်းဆက်ပြောလိုက်သည် ။
“ ပုံမှန်ဆိုရင် သိုင်းဝိဇ္ဇာနှောငိးပိုင်းရှိတဲ့လူတစ်ယောက်ကို အနိုင်ယူနိုင်ပေမယ့် သူတို့ဘက်က တခြားသိုင်းဝိဇ္ဇာတွေအများကြီးကျန်နေသေးတဲ့အပြင်ငါ့ရဲ့အတွင်းအားကလည်းတစ်ဝက်လောက်ပဲကျန်တော့ဘယ်လိုမှရင်ဆိုင်လို့မဖြစ်ဘူး။
ပြီးတော့ အဲဒီနန်းတော်ထဲမှာ နောက်ထပ်သိုင်းဝိဇ္ဇာတွေထပ်ပြီးရှိမနေဘူးလိူ့လည်းမပြောနိုင်ဘူးလေ။ ဒါကြောင့်ငါလည်း ချက်ခြင်းထွက်ပြေးခဲ့တာပဲ ။
သူတို့ကလည်းငါမပြောမဆိုထွက်ပြေးတာမြင်တော့ အံ့အားသင့်သွားပြီး နောက်ကအသဲအသန်လိုက်လာကြတယ်။။
ဒါပေမယ့် သူတို့ထဲမှာ ကိုယ်ဖော့ပညာငါ့လောက်ကောင်းတဲ့လူမပါတော့အလွယ်တကူမျက်ချေဖျက်နိုင်ပြီးလွတ်မြောက်လာခဲ့တာပေါ့။
အသွားတုန်းက အဲဒီနေရာကိုမျက်စေ့လည်ပြီးရောက်သွားပေမယ့် အပြန်မှာဘယ်လိုမျိုးပြန်ထွက်နိုင်လဲမသိပါဘူး။
ငါသတိပြုမိလိုက်တော့ သန့်စင်တောင်တန်းရဲ့ တောင်ဖျားကိုရောက်နေပြီ။ ငါလည်းပြီးမှအနီးကမြို့ရွာတွေဆီသွားပြီးအလယ်ပိုင်းကိုပြန်လာခဲ့ရတာ...”
အဖိုးစုက ရှည်လျားစွာပြောဆိုပြီးနောက် သူ၏စကားကိုအဆုံးသက်လိုက်သည်။
ထိုအချိန်တွင် ရှောင်ယောင်တို့လိုကလေးတစ်သိုက်သာမက ဆရာတော်ရွှမ်းနန်နှင့်စန်းဟုန်းလျန်တို့လိုလူများပင် အံ့ဩတုန်လှုပ်နေကြပြီး သိုင်းလောကတွင် နောက်ထပ်ပုန်းကွယ်နေသည့်အင်အားစုများရှိနေကြောင်းကိုသိရှိသွားကြသည်။
“ အောမိတောဖု...ဒါကြောင့်လည်း ဆရာက ကိုယ်တော်တို့ကို ဘယ်တုန်းကမှကိူယ့်သိုင်းပညာကို ဘဝင်မမြင့်ဖို့အမြဲတမ်းမှာကြားနေတာပေါ့။ ။
တစ်တောင်ထက်တစ်တောင်ပိုမြင့်သလို သိုင်းလောကဆိုတာ နဂါးတွေကျားတွေပုန်းအောင်းနေတဲ့နေရာတစ်ခုပဲ.. “
ဆရာတော်ရွှမ်းနန်က သံဝေဂရဟန်ဖြင့်ခပ်တိုးတိုးရေရွတ်လိုက်ပြီး တစ်ဆက်ထဲသူ၏တပည့်နှစ်ယောက်ကိုပါဆုံးမလိုက်သည်။။
“ ဟိုနှစ်ကောင် မင်းတို့လည်းကြားလား။ ဒိီလိုအင်အားစုမျိုးနဲ့ရင်ဆိုင်တွေ့တဲ့အခါ ဆရာကြီးစုလိုလူမျိုးတောင် အသက်လုပြေးလာရတယ်ဆိုတော့ မင်းတို့ရဲ့လက်ရှိသိုင်းပညာနဲ့ဆိုရင် လက်ရှိသိုင်းလောကမှာတောင် အောက်ဆုံးအဆင့်ပဲရှိသေးတယ်...”
သူ့ကိုဥပမာပေး၍အနှိုင်းခံလိုက်ရ၍ အဖိုးစု၏မျက်နှာက ရှုံ့တွသွားသလို ကိုရင်ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း တည်ကြည်သည့်မျက်နှာထားများဖြင့်ရှိနေကြသည် ။
ယခင်က သူတို့နှစ်ယောက်မှာ ရှောင်လင်၏ထိပ်တန်းလူငယ်မျိုးဆက်များဖြစ်သော်လည်း ယခု စကားဝိုင်းကိုနားထောင်ပြီးနောက်မှ ရေတွင်းထဲမှဖားသူငယ်ကဲ့သို့သူတို့မည်မျှသေးနုတ်သည်ကိုသိလိုက်ရပြီး သိုင်းပညာကိုပို၍ကြိုးစားလေ့ကျင့်ရန်ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန်တွင် အဖိုးအိုဟွမ်က တည်ကြည်လေးနက်သည့်အမူအယာဖြင့်ရှိနေပြီးအချိန်အတော်ကြာမှ ခေါင်းယမ်း၍ပြောလိုက်သည်။
“ မင်းပြောတဲ့ပုံအရဆိုရင် ဒီအင်အားစုက ငါတို့အင်အားစုလေးခုထက်မနိမ့်ကျဘူး။ ဒါပေမယ့် ဒီလောက်အထိကြောက်စရာကောင်းတဲ့အင်အားစုက တစ်ချိန်လုံးပုန်းကွယ်ပြီးနေတာက မဖြစ်နိုင်ဘူး။
မင်းသူတို့အကြောင်းကို တစ်ခုမှမသိခဲ့ဘူးလား...”
ထိုမေးခွန်းကြောင့် အဖိုစုလည်း မျက်မှောင်ကြုတ်၍စဉ်းစားလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာဝင်းပသွားသည်။
“ တစ်ခုတော့ရှိတယ်။ ပထမ သိုင်းဝိဇ္ဇာတွေထွက်လာတုန်းက သူတို့က ငါ့အစွမ်းအစကိုမြင်တော့ သူတို့အဖွဲ့အစည်းထဲဝင်စေချင်တာကွ။
နေပါဦး သူတို့ပြောတဲ့နာမည်က အထွတ်အမြတ်ဘာဆိုလား...”
“ အထွတ်အမြတ်နတ်နန်းတော်လား...”
အဖိုးဟွမ်က ဝင်ထောက်လိုက်၍ အဖိုးစုလည်းခေါင်းညိမ့်ပြရင်းပြန်မေးလိုက်သည်။
“ ဟုတ်တယ် အထွတ်အမြတ်နတ်နန်းတော်ဆိုပဲ။ မင်းကသူတို့အကြောင်းကိုသိနေတာလား...”
အဖိုးဟွမ်က အဖိုးစု၏စကားကိုဂရုမစိုက်နိုင်သေးဘဲ သူ၏ပေါင်ကိုဖြန်းခနဲပုတ်ကာ တစ်ကိုယ်တည်းရေရွတ်နေသည် ။
“ သေချာတာပေါ့..ဒီကောင်တွေပဲနေမှာ အထွတ်အမြတ်နတ်နန်းတော်ဆိုပြီး တင်တင်စီးစီးနာမည်ပေးထားတာ...”
အဖိုးဟွမ်က အချိန်အတော်ကြာစဉ်းစားမရသည့်ကိစ္စကိုအဖြေတွေ့သွား၍ သဘောကျနေဟန်တူသည်။
သို့သော် ထိုအကြောင်းကို လွန်စွာသိလိုစိတ်ဖြစ်နေသည့်အဖိုးစုက မနေနိုင်ဘဲ ချက်ခြင်းထပ်မေးလိုက်သည်။
“ ဟွမ်ကြီး မင်းတစ်ခုခုသိထားရင်ငါ့ကိုလည်းပြောဦးလေ...”
အဖိုးစု၏တောင်းပန်စကားကြောင့် အဖိုးဟွမ်၏မျက်နှာကြီးပြုံးဖြီးသွားပြီး ဝံ့ကြွားသည့်ပုံစံဖြင့်ပြန်ပြောလိုက်သည်။
“ သူတောင်းစားစုတ် မင်းလည်းငါ့ကို အားကိုးတကြီးမေးရတဲ့အချိန်ရှိတာပဲမလားသေချာနားထောင်။ အထွတ်အမြတ်နန်းတော်ဆိုတာ သောက်ကျိူးနည်းမောက်မာပြီး ဘဝင်မြင့်တဲ့ကောင်တွေစုနေတဲ့နေရာပဲ။
အဲဒီနာမည်က သူတို့ကိုယ်သူတို့ပေးထားတာ သူတို့ကို သိုင်းလောကသားတွေခေါ်ကြတာက နတ်သိုင်းနန်းတော်တဲ့ ။ မင်းတို့ဂိုဏ်းရဲ့မှတ်တမ်းမှတ်ရာတွေပြန်ကြည့်ရင်တွေ့မှာပါ...”
အဖိုးဟွမ်က မိန့်မိန့်ကြီးပြုံး၍ဆရာကြီးလုပ်နေသော်လည်း အဖိုးစုက ဂရုမထားနိုင်သေးဘဲ ထိုနာမည်ကို တဖွဖွရေရွတ်နေသည်။
“ နတ်သိုင်းနန်းတော် နတ်သိုင်းနန်းတော် ...ဒီနာမည်ကိုတော့ငါလည်းကြားဖူးတယ်...မဟုတ်မှလွဲရော ခြောက်နိုင်ငံခေတ်က သိုင်းလောကကိုလွှမ်းမိုးခဲ့တဲ့ကောင်တွေလား...”
အဖိုးစု၏မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သည့်အရိပ်အယောင်များရှိနေပြီး သူ့လိုသိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိသူတစ်ယောင်ကိုပင်ထိုနာမည်ကခြောက်လန့်နေဆဲပင်။
အဖိုးစု၏အထိတ်အလန့်မေးခွန်းကို အဖိုးဟွမ်က ခေါင်းညိမ့်ကာပြန်ဖြေလိုက်သည် ။
“ အသေအချာပေါ့...ဒီကောင်တွေက ငါတို့တည်ထောင်သူဘိုးဘေးတို့ခေတ်ကိုရောက်တော့ပျောက်သွားခဲ့ကြပြီး ဒီဘက်ခေတ်တွေအထိပေါ်ထွက်မလာတော့အားလုံးက သူတို့ကိုတိမ်မြုပ်ပျောက်ကွယ်သွားပြီပဲထင်ကြတာ ။
ဘယ်ဟုတ်မလဲဒီကောင်တွေက လျှိူ့ဝှက်တဲ့နေရာတစ်ခုမှာအခုထိရှိနေသေးတာကိုး...”
အဖိုး၏ဟွမ်၏အမူအယာကလည်းလေးနက်တည်ကြည်နေပြီး သိုင်းလောက၏ထိပ်ဆုံးတွင်ရှိသည့်ပညာရှင်များကိုပင် တုန်လှုပ်စေသည့်ထိုနေရာကမည်သည့်နေရာပင်နည်း ။
ထိုစဉ် ဘေးဘက်မှကျီးကြည့်ကြောင်ကြည့်ဖြစ်နေကြသည့် ဆရာတော်ရွှမ်းနန်တို့ကား မည်သည့်အရာကိုမှနားလည်နိုင်ကြဘဲ အဖိုးအိုနှစ်ယောက်ကိုမေးလည်းမမေးဝံ့ပေ။
ထိုအချက်ကိုရိပ်စားမိ၍ ရှောင်ယောင်က အလိုက်သိစွာဖြင့်မေးလိုက်သည် ။
“ အဖိုးဟွမ် နတ်သိုင်းနန်းတော်ဆိုတဲ့အကြောင်းကို နည်းနည်းရှင်းပြပါဦးလား...”
ရှောင်ယောင်၏မေးခွန်းကြောင့် အဖိုးစုက သူ၏ဦးခေါင်းကိုဖြေးညင်းစွာညိမ့်လိုက်ပြီး လေးနက်သည့်လေသံဖြင့်စတင်ရှင်းပြလိုက်သည် ။
“ တကယ်တော့ ဒီအဖွဲ့အစည်းက ငါတို့အင်အားစုလေးခုထက်တောင်ပိုပြီးရှေးကျသေးတယ်။။
လွန်ခဲ့တဲ့အနှစ်ငါးရာကျော်ခြောက်ရာလောက်က ထန်ပြည်ထောင်ပျက်သုဉ်းပြီးနောက်ပိုင်းမှာ ဒီကောင်တွေစပြီးပေါ်ထွက်လာတာပဲ။
သူတို့ကိုစတင်တည်ထောင်ခဲ့တဲ့လူက ထန်ပြည်ထောင်က မင်းမျိုးမင်းနွယ်ဟောင်းတစ်ဦးဖြစ်တဲ့အပြင် သိုင်းပညာတစ်ဖက်ကမ်းခပ်တတ်မြောက်တဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ ။
သူ့ရဲ့ခေတ်ကဆိုရင် သူက သိုင်းလောကထဲက ပညာရှင်အားလုံးကိုဖိနှိပ်ပြီး အသက်ငါးဆယ်မပြည့်ခင်မှာ ပြိုင်ဘက်ကင်းအဆင့်ကိုရောက်ခဲ့တယ်။
သူကစတင်ပြီးနတ်သိုင်းနန်းတော်ကိုတည်ထောင်ခဲ့တာ ထန်ပြည်ထောင်ပျက်သုဉ်းလို့ခြောက်နိုင်ငံခေတ်ကိုရောက်တော့သူတို့ရဲ့အထွတ်အထိပ်အချိန်ပေါ့။
သူတို့ဆီမှာ မြောက်များလှတဲ့ထိပ်တန်းသိုင်းကျမ်းတွေ မရေမတွက်နိုင်အောင်ရှိပြီး အဲဒီအချိနိက ဂိုဏ်းကြီးခြောက်ဂိုဏ်းပေါင်းအင်အားလောက်တောင်ရှိခဲ့တယ်။။
သိုင်းလောကထဲက သိုင်းဝိဇ္ဇာတွေကတောင် နတ်သိုင်းနန်းတော်ဆိုတဲ့နာမည်ကိုကြားရင်လန့်ရတဲ့အချိန်ပေါ့။
တစ်ခုကောင်းတာက သူတို့က သိုင်းလောကကိုအုပ်ချုပ်လိုတဲ့စိတ်မရှိသလို သိုင်းပညာကိုပဲစိတ်ဝင်စားပြီး အပြင်လူတွေကိုလက်မခံတဲ့အချက်ပဲ။
ပြောရရင် သူတို့ကြောင့် သိုင်းလောကကြီးထိခိုက်မှုမရှိဘူးပေါ့ ။
ဒါပေမယ့် နတ်သိုင်းနန်းတော်က သာမန်အဖွဲ့ဝင်တွေကတောင် အလွန်မောက်မာဝံ့ကြွားပြီး ဘယ်သူ့ကိုမှလူမထင်ကြဘူး။
ပြီးတော့ သူတို့နောက်ခံကြောင့် နတ်သိုင်းနန်းတော်ဟေ့ဆိုရင် သိုင်းဝိဇ္ဇာတွေတောင်လက်ရှောင်ရတဲ့အထိပဲ...”
ထိုနေရာအရောက်တွင် အဖိုးစုမှလွဲ၍ ကျန်လူအားလုံးပင့်သက်ရှိုက်လိုက်မိကြပြီး နတ်သိုင်းနတ်တော်၏ ကြောက်မက်ဖွယ်အင်အားကို ထိတ်လန့်သွားမိကြသည်။
ထိုအင်အားစုက နှင်းငွေ့မိစ္ဆာသခင်၏ခရမ်းရောင်သွေးလဂိုဏ်းထက်ပင်များစွာအင်အားကြီးမားပြီး နိုင်ငံခြောက်ခုခေတ်တစ်လျှောက်လုံးကိုလွှမ်းမိုးနိုင်ခဲ့သည်ဟုပင်ဆိုနိုင်သည်။
“ ဒါဆို ဒီလိူအင်အားစုကြီးတစ်ခုက ဘာလို့ တောနက်ထဲမှာ ဇာတ်မြုပ်နေရတာလဲဟင်..”
ရှောင်ယောင်၏အံ့အားသင့်ဟန်တူသည့်မေးခွန်းကြောင့် အဖိုးစုကပြုံး၍ပြန်ဖြေလိုက်သည်။
“ ဘာကြောင့်လဲဆိုတော့ သူတို့က ရန်မစသင့်တဲ့လူတစ်ယောက်ကိုသွားပြီးရန်စမိလို့ပေါ့။
ထန်နိုင်ငံပျက်သုန်းပြီးချိန်ကစလို့ သိုင်းလောကကိုလွှမ်းမိုးနိုင်ခဲ့တဲ့ နတ်သိုင်းနန်းတော်က ခြောက်နိုင်ငံခေတ်တစ်လျှောက်လုံးမှာ သူတို့အင်အားအကြီးမားဆုံးအချိနိကိုရောက်ခဲ့တယ်။။
အဲဒီခေတ်က အဖြူရောင်သိုင်းလောကက အင်အားနည်းပါပြီး အနက်ရောင်သိုင်းဂိုဏ်းတွေမှိုလိုပေါနေတဲ့အချိန်ပေါ့။
ဒါပေမယ့် သူတို့အားလုံးက နတ်သိုင်းနန်းတော်က သာမန်အစောင့်ကိုတောင်မှမလေးမစားမလုပ်ဝံ့ဘူး။ ဒါကိုကြည့်ရင် နတ်သိုင်းနန်းတော်ဘယ်လောက်အင်အားကြီးလဲဆိုတာကိုသိနိုင်တာပေါ့။
သူတို့က သိုင်းလောကကို အုပ်စိုးလိုခြင်းမရှိဘူး မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုပေမယ့် စောစောကပြောခဲ့သလို မောက်မာဝံ့ကြွားပြီးသူတို့ဆီကလူတွေကလွဲရင်ကျန်တဲ့လူတွေကိုနိမိ့ကျတယ်လို့သက်မှတ်ခဲ့ကြတယ်။။
ဒါကြောင့်လည်း ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်ကိုရောက်တော့ ပြိုင်ဘက်ကင်းသိုင်းသမားတစ်ယောက်ထွက်ပေါ်လာပြီး သူတစ်ယောက်ထဲနဲ့နတ်သိုင်းနန်းတော်တစ်ခုလုံးကိုအနိုင်ယူပြီး နောက်ထပ်သိုင်းလောကထဲကိုခြေမချဖို့မောင်းထုတ်လိုက်တာပေါ့ ။
အဲဒီအချိန်ကနေစပြီး နတ်သိုင်းနန်းတော်ပျောက်ကွယ်သွားခဲ့တာ အခုသူတောင်းစားစုတ်မပြောခင်အထိ သူတို့အကြောင်းကိုဘယ်သူမှမသိကြတော့ဘူး...”
အဖိုးအိုဟွမ်က ရှောင်ယောင်၏မေးခွန်းကိုဖြေရင်း သူ၏စကားကိုအဆုံးသက်လိုက်သည်။
ကျန်ရှိနေသည့်လူများမှာ တိတ်ဆိတ်နေကြပြီး ခံစားချက်အမျိုးမျိုးဖြစ်ပေါ်နေကြသည်။
ယနေ့ စကားဝိုင်းမှတစ်ဆင့်ရှေးခေတ်အချိန်များက ခရမ်းရောင်သွေးလဂိုဏ်းထက်ပင်အင်အားကြီးမားသည့်အဖွဲ့အစည်းများရှိခဲ့သည်ဆိုခြင်းကိုသူတို့အားလုံးသိရှိခဲ့ရသလို ထိုအင်အားစုများကိုပင်တစ်ကိုယ်တော်အနိုင်ယူနိုင်စွမ်းရှိသူများလည်းရှိခဲ့သည်ဟု အံ့ဩဖွယ်သိလိုက်ရသည်။
ထို့ကြောင့် သူတို့၏စိတ်ထဲ၌ မိမိသိုင်းပညာကိုမည်မျှနိမ့်ကျနေသေးသည်ဟုတွေးလိုက်မိကြပြီး သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေသည့် ဆရာတော်ရွှမ်းနန်ပင်ချွင်းချက်မဟုတ်ပေ။
ထိုအခိုက် ရှောင်လင်ကျောင်းတော်တစ်ခုလုံး၌ဆူညံစွာအဆက်မပြက်ပေါ်ထွက်လာသည့်ခေါင်းလောင်းသံများကြောင့် သူတို့အားလုံးအထိတ်တလန့်ဖြစ်သွားကြသည်။
“ ဒါက ရှောင်လင်ရဲ့သတိပေးခေါင်းလောင်းသံပဲ ရန်သူကျူးကျော်လာပြီဆိုတဲ့အချက်ပေးသံပဲ ..”
ဆရာတော်ရွှမ်းနန်က လေးလံသည့်လေသံဖြင့်ရေရွတ်လိုက်မိသည် ။