← Chapters

ဂုဏ်သတင်းကြီးသည့်သူဌေးကြီး

Vol. 1 Ch. 81

ဂုဏ်သတင်းကြီးသည့်သူဌေးကြီး

Vol. 1 Ch. 81

ကျန်းနန်

အလယ်ပိုင်း၏နတ်ဘုံဟုတင်စားကြသည့်ကျန်းနန်ကား အစဉ်အမြဲသာယာအေးချမ်းနေဆဲပင်။

မြို့ထဲတွင် ခရီးသွားများစဉ်ဆက်မပြက်ရှိနေကြသလို လမ်းပမ်းဆက်သွယ်ရောင်းကောင်းမွန်လှ၍ ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများလည်းခွန်စွာကောင်းမွန်လှသည်။

ကျန်းနန်မြို့အပြင်ဘက်ရှိသူရဲကောင်းကွင်ပြင်နှင့်မလှမ်းမကမ်းနေရာတစ်ခုတွင် လွန်စွာကျယ်ဝန်းလှသည့်ခြံဝန်းကျယ်ကြီးတစ်ခုရှိသည် ။

ခြံဝန်းအလယ်တွင် ခမ်းနားသည့်စံအိမ်ကြီးတစ်လုံးကိုဗဟိုပြု၍ အခြားအဆောက်အဦးများစွာရှိပြီး မသိလျှင် ရုံးတော်တစ်ခုနှင့်ပင်ဆင်တူနေသည်။

သိူ့သော်လည်း စံအိမ်ကြီးနှင့်အဆောက်အဦးများ၏ခမ်းနားမှုက နန်းမြို့တော်မှရုံးတော်များထက်အပြက်သာလွန်ကာ ထိုအဆောက်အဦးများဆောက်လုပ်ရာတွင် ငွေကြေးမြောက်များစွာကုန်ကျခံခဲ့ရသည်။

ခြံဝန်းကျယ်ကြီးကိုတော့ လူနှစ်ရပ်ခနိ့မြင့်မည့်အုတ်တံတိုင်းဖြင့်ပတ်လည်ကာရံထားသလို ခြံဝန်းထဲတွင် အလုပ်သမားများစွာနှင့် အစောင့်သိုင်းသမားများလည်း အများအပြားရှိနေသေးသည်။

ကျန်းနန်၏မြို့တော်ဝန်ခြံဝန်းထက်ပင်သားနားကာအစောင့်အကြပ်ထူထပ်လှသည့်ထိုစံအိမ်ကြီးကား နာမည်ကျော်သူဌေးကြီး ဝမ်ဖု၏ခြံဝန်းကျယ်ကြီးပင်ဖြစ်သည် ။

ခြံဝန်းတံခါးမကြီး၏တစ်ဖက်တစ်ချက်၌ မြင့်မားသည့်ကျောက်ခြင်္သေ့ရုပ်ကြီးနှစ်ခုရှိပြီး စံအိမ်အပြင်ဘက်လမ်းမကိုမျက်နှာမူကာ ဝံ့ကြွားစွာတည်ရှိနေသည်။

တံခါးမကြီး၏အထက်တွင်ရေးထိုးထားသည့် ရွှေတစ်ထောင်စံအိမ်ဆိုသည့်နာမည်က ရွှေရောင်ဖောင်းကြွစာလုံးများဖြင့်ထွင်းထုထားခြင်းဖြစ်ပြီး လက်ရာမြောက်သည့်ကျောက်ခြင်္သေ့ရုပ်ကြီးများနှင့်လွန်စွာပနံသင့်လှသည်။

ကျန်းနန်အနီးတစ်ဝိုက်တွင်အချမ်းသာဆုံးပုဂ္ဂိုလ်ကိုဖော်ပြပါဆိုလျှင် သူ‌ဌေးကြီးဝမ်ဖုကိုလက်ညိုးထိုးပြရမည်ဖြစ်ကာ ထိုင်ရာမထဘဲ အဆက်မပြက်ငွေဝင်နေသူဟု လူအများကညွှန်းဆိုကြသည်။

ထိုစကားအတိုင်းပင် သူဌေးကြီးဝမ်ဖုက ကျန်းနန်တွင်အနားယူရင်း စီးပွားရေးလုပ်ငန်းအချို့တွင်ရင်းနှီးမြုပ်နှံခဲ့သည့်တိုင် သူ၏လုပ်ငန်းမှန်သမျှကညး အဆင်ပြေချောမွေ့နေရာ မည်သည့်လုပ်ငန်းကိုမှဖိဖိစီးစီးမလုပ်ဘဲ ဝင်ငွေများနေ့စဉ်တိုးတက်နေခြင်းဖြစ်သည်။

ထို့အပြင် မရှိဆင်းရဲသားများကိုကူညီတတ်ပြီး ကြင်နာသနားတတ်သာ့်သူဌေးကြီးဝမ်ဖုးဂုဏ်သတင်းက လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ကောင်းသတင်းသာမွှေးပျံ့နေပေသည်။

လုပ်စရာမယ်မယ်ရရမရှိသည့်သူဌေးကြီးဝမ်ဖုမှာ နေ့စဉ်လိုလိုပြုလုပ်တတ်သည့်ကိစ္စနှစ်ခုရှိပေသည်။

ထိုကိစ္စနှစ်ခုက နံနက်ပိုင်းတွင်ကျန်းနန်မြို့တွင်းရှိ မိဘမဲ့ဂေဟာနှစ်ခုကိုသွားရောက်လည်ပတ်ခြင်းနှင့် နေ့လည်စာစားချိန်တွင် မြို့ထဲရှိ ရတနာစုရပ်စားသောက်ဆိုင်ကိုသွားရောက်၍နေ့လည်စာစားခြင်းဖြစ်သည်။

ကျန်းနန်မြို့၏မိဘမဲ့ဂေဟာနှစ်ခုမှာ ယခင်က လှူတန်းသူနည်းပါး၍ ခြောက်တီးခြောက်ကပ်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့်ဆယ့်ငါးနှစ်က ရတနာစုရပ်လုပ်ငန်းများပိုင်ရှင်သူ‌ဌေးကြီးကျန်းလီ၏ကောင်းမှုကြောင့် စည်ပင်ဖွံ့ဖြိူးလာခဲ့သည်။

သူဌေးကြီးကျန်းလီက လွန်ခဲ့သည့်နှစ်များစွာက ကျန်းနန်၏နာမည်ကျော်သူဌေးတစ်ဦးဖြစ်ပြီး သူ၏ရတနာစုရပ်လုပ်ငန်းများက နိုင်ငံအနှံ့ပင်ခြေဆန့်ခဲ့နိုင်သည် ။

သို့သော်လည်း ကံမကောင်းအကြောင်းမလှစွာဖြင့်သိုင်းလောကအရှုပ်အထွေးတွင်ဝင်ပါခဲ့မိရာမှစ၍ ကျန်းနန်သွေးချောင်းစီးလူသတ်ပွဲပြီးနောက်တွင် ပိုင်ဆိုင်သမျှကိုလှူဒါန်းကာ မြို့မှပျောကိကွယ်သွားတော့သည် ။

ထိုအချိန်မှစ၍ သူဌေးကြီးကျန်းလီမှာမြို့ခံလူများ၏ပါးစပ်ဖျားတွင် ပုံပြင်တစ်ပုဒ်လိုသာကျန်ခဲ့ပြီး နှစ်များကြာသည်နှင့်မေ့လျော့ပျောက်ကွယ်သွားပြီဖြစ်သည် ။

သို့သော်လည်း သူပိုင်ဆိုင်သမျှကိုရောင်းချ၍ ကူညီထောက်ပံ့ခဲ့သည့်မိဘမဲ့ဂေဟာနှစ်ခုမှာ ကျန်းနန်မြို့သာမက နယ်တစ်ခုလုံးတွင်ပါအကြီးဆုံးဖြစ်လာပြီး ယခု ထိုဂေဟာနှစ်ခု၏ပင်တိုင်အလှူရှင်မှာ သူဌေးကြီးဝမ်ဖုဖြစ်လာခဲ့ပေသည်။

“ ဟိုမှာ သူဌေးကြီးဝမ်ဖုပဲ...”

“ သူဌေးကြီး နေကောင်းရဲ့လား...”

ကျန်းနန်၏လူစည်ကားရာလမ်းမထက်တွင် အရပ်ပုပုအဖိုးအိုတစ်ယောက်က လက်နောက်ပစ်၍လျှောက်လာပြီး တစ်လမ်းလုံးရှိဈေးသည်များ၊ ဈေးဝယ်များနှင့် ထိုအဖိူးအိုကို သိရှိသူတိုင်းက တလေးတစားဖြင့်နှုတ်ဆက်နေကြသည်။

သူ၏အသက်ကအသက်ခြောက်ဆယ်ခန့်ရှိမည်ဖြစ်ကာ ငါးပေပင်မပြည့်သည့်အရပ်အမောင်းနှင့် မည်းနက်သည့်အသားအရေ ၊ ပိန်လှီသည့်သွင်ပြင်တို့ကြောင့် မျောက်အိုတစ်ကောင်နှင့်ပင်ဆင်တူနေသည် ။

အဖိုးအို၏ ရုပ်သွင်က သူ၏ကိုယ်ပေါ်ရှိတန်ဖိုးကြီးအဝတ်အစားများနှင့်များစွာမလိုက်ဖက်လှသော်လည်း အမြဲလိုလိုပြူံးရွှင်နေသည့်မျက်နှာထားရှိကာ သူ၏ပုံစံကအထက်တန်းကျသူတစ်ဦး၏အရှိန်အဝါရှိသည်။

ထိုအဖိုးအိုကား ကျန်းနန်၏နာမည်ကျော် သူဌေးကြီးဝမ်ဖုမှလွဲ၍အခြားမဟုတ်ဘဲ သူ၏ကိုယ်ရံတော်သိုင်းသမားတစ်စုကား နောက်ဘက်ခပ်လှမ်းလှမ်းမှလိုက်ပါလာကြသည်။

သူ‌ဌေးကြီးဝမ်ဖုမှာ ရှေးဘဝကုသိုလ်ကံကြောင့် ရုပ်ဆင်းအင်္ဂါချို့တဲ့သော်လည်း ပစ္စည်းဥစ္စာလွန်စွာကြွယ်ဝလှသလို အလှူအတန်းရက်‌ရောလှ၍ချစ်သူခင်သူပေါများလှသလို စိတ်ထားလည်းလွန်စွာကောင်းမွန်နေသေးသည် ။

လူဆိုးသူခိုးများ၏ရန်ကြောင့်မတတ်သာ၍ သူစံအိမ်ကြီးတွင်အစောင့်သိုင်းသမားများငှားရမ်းထားရသော်လည်း ကိန်းကြီးခမ်းကြီးမနိုင်ဘဲ တန်ဖိုးကြီးစီးစရာယဉ်ဟု၍ ကိုယ်တိုင်မြင်းလှည်းတစ်ခုပင်မရှိပေ။

ထို့ကြောင့်ပင် သူ‌ဌေးကြီး၏ကိုယ်ရံတော်များမှာ မကြာခဏဒုက္ခရောက်ရပြီး အရေးကြီးပုဂ္ဂိုလ်တစ်‌ ယောက်လိုဆက်ဆံခံရခြင်းကို မနှစ်သက်သူတို့၏သူ‌‌ဌေးကို မလှမ်းမကမ်းနေရာမှသာ ကာကွယ်နိုင်ရှာသည်။

ယခုလည်း သူ၏နေ့စဉ်ပြုလုပ်နေကြဖြစ်သည့် မိဘမဲ့ဂေဟာနှစ်ခုသို့သွားရောက်စစ်ဆေးရန် ကိုယ်ရံတော်များကို နောက်တွင် ကျနိခဲ့စေရန်အမိန့်ပေးကာ သာမန်လူများလိုလမ်းလျှောက်သွားနေခြင်းဖြစ်ပြီး လမ်းတစ်လျှောက်လုံးတွင် သူ့ကိုနှုတ်ဆက်လာသူများကိုလည်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ခေါင်းညိမ့်ကာပြုံးပြနေပေသည်။

ဤသို့ဖြင့် လမ်းမတစ်လျှောက်လုံး ဘုရားပွဲလှည့်သလို လူသူတရုံးရုံးဖြစ်နေပြီး ကျန်းနန်မှမဟုတ်သည့်ခရီးသွားများပင် တအံ့တဩငေးမောရသည်အထိပင်။

“ မိတ်ဆွေ ဒီလူကဘယ်သူများလဲ သူက အတော်လေးလူသိများပါလား...”

လမ်းဘေးရှိ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ခုထဲတွင် အနီရောင်သိုင်းဝတ်စုံဝတ်သိုင်းသမားတစ်ဦးက ဆိုင်ရှင်ကိုမေးလိုက်ခြင်းဖြစ်သည် ။

ပစ္စည်းအနည်းငယ်သာ ခင်းကျင်းပြဿထားသည့်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှာ သာမန်ဆိုင်ငယ်တစ်ခုသာဖြစ်သော်လည်း သိုင်း‌လောကသားများစည်ကားရာကျန်နန်မြို့တွင်တည်ရှိသည့်အလျှောက်တစ်ခါတစ်ရံအချီကြီးပွတတ်၏ ။

အကြောင်းက သိုင်းလောကသားများမှာ သူတို့လိုချင်တပ်မက်သည့်ပစ္စည်းတစ်ခုခုကိုတွေ့လျှင် အနှမျောမရှိဘဲ မတန်တဆပေးဝယ်တတ်ကြသလို ဆိုးသွမ်းရက်စက်သည့်အနက်ရောင်သိုင်းသမားများဆိုလျှင် မရရသည့်နည်းဖြင့်ယူဆောင်တတ်ကြသည့်အတွက်ဖြစ်သည်။။

ကျန်းနန်မြို့လို လူစည်ကားသည့်မြို့လယ်ခေါင်တွင်ကား အနက်ရောင်သိုင်းသမားများပင် လူသိရှင်ကြားမတိုက်ခိုက်ဝံ့ဘဲ ဈေးသည်များအတွက်လည်းဘေးကင်းသည်ဟုဆိုရပေမည်။

“ သူက ကျန်းနန်တစ်ဝိုက်မှာ မသိသူမရှိတဲ့ သူ‌ဌေးကြီးဝမ်ဖုလေ မိတ်ဆွေကသာ ဒီနယ်ကမဟုတ်လို့မသိတာ ကြွယ်ဝချမ်းသာချက်က ရွှေငွေတွေထားစရာမရှိဘူးလို့တောင်ကြားတယ် ဒါ့အပြင် ဆင်းရဲနွမ်းပါးတဲ့လူတွေကိုထောက်ပံ့တာတို့ အလှူအတန်းလုပ်တာတို့ဆို မကြာခဏပဲ...”

ဆိုင်ရှင်က သူ၏ဇာတိမြို့ကျန်းနန်မှထင်ရှားသူတစ်ဦး၏အကြောင်းကိုပြောဆိုနေခြင်းဖြစ်၍ အထူးတက်ကြွလှသည်။။

သူ၏ရှေ့ရှိ အနီရောင်ဝတ်စုံဝတ်သိုင်းသမားက အသက်လေးဆယ်ဝန်းကျင်ရှိကာ နှုတ်ခမ်းမွှေးစစနှငိ့ကြည့်ကောငိးသည့်ရုပိရည်ရှိသည်။

သူ၏နောက်ကျောတွင်တော့ ဓားရှည်တစ်လက်ကိုသိုင်းလွယ်ထားပြီး ဝတ်ပုံစားပုံကိုကြည့်ရုံနှင့် တော်ရုံတန်ရုံလူမဟုတ်သည်ကိုသိရှိနိုင်ပေသည်။

ဆိုင်ရှင်၏အဖြေကြောင့် အနီရောင်ဝတ်စုံဝတ်လူလည်း ခေါင်းတညိမ့်ညိမ့်ဖြစ်သွားပြီးနောက် သူဌေးကြီးဝမ်ဖု၏အကြောင်းများကိုဆက်၍မေးမြန်းလိုက်သည် ။

ထိုလူ၏အထက်တန်းကျသည့်ပုံစံကြောင့်လည်းကောင်း ပင်ကိုယ်စကားများသူဖြစ်သည့်အတွက်ကြောင့်လည်းကောင်း ဆိုင်ရှင်မှာ သူ‌ဌေးကြီးဝမ်ဖုအကြောင်းကို သူသိထားသမျှဖောက်သည်ချလိုက်သည်မှာ အချိန်အတော်ကြာသည်။

ထို့နောက်အတန်ကြာမှ အနီရောင်ဝတ်စုံဝတ်လူက ကျေနပ်သွားဟန်တူပြီး သူ၏ရှေ့တွင်ခင်းကျင်းပြသထားသည့်ပစ္စည်းများထဲမှ ဖုန်တတ်နေသည့် ဆေးပေါင်းအိုးငယ်လေးတစ်လုံးကိုကောက်ယူလိုက်သည်။

“ အခုလိုရှင်းပြပေးတာကျေးဇူးပဲသူဌေး ဒါက ဘယ်လောက်ကျလဲ...”

အနီရောင်ဝတ်စုံဝတ်လူ၏အပြုအမူကြောင့် လေကုန်ခံရသည်မှာ ကျေနပ်သည်ဟုအောင့်မေ့ကာ ဆိုင်ရှင်ကလည်း အပြုံးများဝေဆာနေသည့်မျက်နှာဖြင့်ပြောလိုက်သည်။

“ ဒီဆေးအိုးက ရွှေသုံးတူံးကျပါတယ် ။ သူက သာမန်လို့ထင်ရပေမယ့် တကယ်တမ်းက ထန်မင်းဆက်ခေတ်တုန်းက...”

ဆိုင်ရှင်က သူအလွတ်ကျက်ထားသည့်စကားလုံးများကိုတရစက်ရေရွတ်မည့်ပြုလိုက်သော်လည်း အနီရောင်ဝတ်စုံဝတ်လူက လက်ကာပြလိုက်ပြီး သူ၏အင်္ကျီအတွင်းမှရွှေသူံးတုံးကိုထုတ်ပေးလိုက်သည်။

“ နောက်မှပေါ့သူဌေး...ကျုပ် ကိစ္စလို့ရှိသွားဦးမယ်...”

အနီရောင်ဝတ်စုံဝတ်လူ၏လုပ်ရပ်ကြောင့်အနည်းငယ်စိတ်ခုသွားသော်လည်း ကြေးပြားသုံးဆယ်ဖြင့်ဝယ်ထားလိုက်သည့် ဆေးပေါင်းအိုးက အဆတစ်ရာခန့်အမြတ်ထွက်၍ဆိုင်ရှင်လည်းကျေနပ်အားရသွားပြီး ရွှေတုံးများကိုအလျှင်အမြန်ကောက်ယူ၍သိမ်းဆည်းလိုက်သည်။

ထိုအချိန်တွင် ရှေးဟောင်းပစ္စည်းဆိုင်မှထွက်သွားသည့်အနီရောင်ဝတ်စုံဝတ်သိုင်းသမားကလည်း အနောက်ဘက်မြို့တံခါးအနီးသို့အလျှင်အမြန်ရောက်ရှိသွားပြီး လမ်းမဘေးတွင်ရပ်၍ အကြောဆန့်ကာ တစ်ကိုယ်တည်းပြောသည့်ဟန်ဖြင့်ရေရွတ်လိုက်သည်။။

“ ဟူး...ကျန်းနန်မြို့က နာမည်နဲ့လိုက်အောင် တကယ်သာယာတာပဲ ။ ဒီကအစားအသောက်တွေကလည်း ထိပ်တန်းမှာရှိတယ်။ ဒီအတိုင်းဆိုရင် အိမ်ကိုပြန်ရင် လုံလုံလောက်လောက်သယ်သွားရမယ်...”

အနီရောင်ဝတ်စုံဝတ်လူ၏စကားသံက အနီးရှိလူများကောင်းစွာကြားနိုင်ရာ လမ်းသွားလမ်းလာများလည်း အထင်သေးသည့်ပုံစံဖြင့်နှာခေါင်းရှုံ့သွားကြသည်။

သို့သော် ပေါ်တင်တော့မပြုလုပ်ဝံ့ပေ။ အကြောင်းက အနီရောင်ဝတ်စုံဝတ်လူ၏နောက်ကျောရှိဓားနှင့် သိုင်းသမားတစ်ယောက်ဖြစ်ကြောင်းသိသာစေသည့်သူ၏ပုံစံက သာမန်လူများကိုအဟန့်အတားဖြစ်စေ၍ဖြစ်သည် ။

အနီရောင်ဝတ်စုံဝတ်လူကမူ အခြားလူများ၏အပြုအမူကိုစိတ်ထဲမထားဘဲ ဘေးပတ်ဝန်းကျင်ကိုမျက်စေ့ကစားလိုက်ရာ လမ်းဘေးခေါက်ဆွဲဆိူင်တစ်ဆိုင်မှထသွားသည့်လူနှစ်ယောက်၊ မြိုပြင်သို့ဦးတည်သွားသည့် အထမ်းသမားကြီးတစ်ဦးနှင့် ဆိုင်သိမ်းပြီဟုအော်ဟစ်နေသည့် လမ်းဘေးဈေးသည်တစ်ဦးတို့ကိုမြင်လိုက်ရ၍ သူ၏နှုတ်ခမ်းထောင့်စွန်းကတွန့်ကွေးသွားသည်။

ထို့နောက် လက်ထဲရှိဖုန်တက်နေသည့်ဆေးပေါင်းအိုးကိုကြည့်ရင်း အထင်သေးစွာခေါင်းယမ်းလိုက်သည်။။

“ ဒီဆိုင်ရှင်ကတော့ ကြုံမှပဲပညာပေးရတော့မယ်...”

အနီရောင်ဝတ်စုံဝတ်လူက မကျေမနပ်ဖြင့်ရေရွတ်ရင်း သူ၏အနီးရှိသူတောင်းစားလေးဆီသိူ့လျှောက်သွားကာ သူတောင်းစားလေး၏ခွက်ထဲသို့ ‌ကြေးပြားအနည်းငယ်ထည့်လိုက်သည် ။

လမ်းသွားလမ်းလာများစွာရှိသော်လည်း ငွေထည့်သူမရှိ၍ အိပ်ငိုက်လုမတတ်ပင်ဖြစ်နေသည့်သူတောင်းစားလေးမှာ ခွက်ထဲသို့ဝင်လာသည့်ကြေးပြားအချို့ကြောင့် အနီရောင်ဝတ်စုံဝတ်လူကို တသီတတန်းကြီးဆုပေးတော့သည်။

သူတောင်းစားငယ်လေး၏ ဆုပေးသံကြောင့် စိတ်ကူးတစ်ခုပေါ်လာ၍ အနီရောင်ဝတ်စုံဝတ်လူ၏မျကိနှာထက်တွင်ညစ်ကျယ်ကျယ်အပြုံးတစ်ခုပေါ်လာပြီး သူတောင်းစားလေး၏ပခုံးကိုပုတ်ကာပြောလိုက်သည်။

“ ကောင်လေး မင်းရဲ့အရိုးအဆစ်တွေက သိုင်းပညာလေ့ကျသ့်ဖိူ့အများကြီးသင့်လျော်တယ် ။ မင်းက နှစ်တစ်ရာမှာတစ်ယောက်ပဲပေါ်နိုင်တဲ့ပါရမီရှင်ပဲ။

ဒါပေမယ့် ငါ့မှာမအားမလပ်တော့မင်းကို အချိန်ပေးပြီးသိုင်းပညာသင်မပေးနိုင်ဘူး။ ဟောဒီကျောက်စိမ်းဆေးပေါင်းအိုးကိုယူထား ။ သူကမင်းအတွက်အသုံးဝင်လာလိမ့်မယ်...”

ထိုနောက် အနီရောင်ဝတ်စုံဝတ်လူက သူ၏လက်ထဲရှိ ရွှေသုံးတုံးပေးဝယ်လာရသည့်ဆေးပေါင်းအိုးကို သူတောင်းစားငယ်လေးဆီသို့ပေးကာ လေချွန်လျက်မြို့အပြင်သို့ထွက်သွားတော့သည်။

အလိုလိုနေရင်း ဆေးပေါင်းအိုးအစုတ်အပြတ်တစ်ခုရလိုက်သည့်သူတောင်းစားငယ်လေးကတော့ ခေါင်းကုတ်ရင်းနားမလည်နိုင်သည့်ဟန်ဖြင့်ရေရွတ်ကာကျန်နေခဲ့တော့သည်။။

“ ဒီဟာကို ငါကောက်ရလို့ သူဌေးရီရဲ့ဆိုင်မှာ ဟိုတစ်နေ့ကမှသွားရောင်းလာတာပါ ဘာလို့ဒီလူက ကြောင်တောင်တောင်တွေလုပ်သွားတာပါလိမ့်...”

All Chapters