ရှောင်လင်ကိုစိန်ခေါ်သူ
Vol. 1 Ch. 83
ကျိုးတိ၏ရန်စသည့်စကားများကြောင့် ရှောင်လင်ဂိုဏ်းသားများ မခံချင်ဒေါသထွက်နေကြသော်လည်း မည်သူမှမတုန့်ပြန်ကြပေ။
အကြောင်းက ကျိုးတိ၏သိုင်းပညာကအစွမ်းထက်လွန်း၍ဖြစ်ပြီး သိုင်းပညာလေ့ကျင့်ရေးမှူးဆရာတော်ရွှမ်းချင်နှငိ့သူ့လူများပင်ရှုံးနိမ့်ရသည့်အတွက်ဖြစ်သည်။
ဆရာတော်ရွှမ်းချင်၏သိုင်းပညာကလည်း ကျားနဂါးဆရာတော်အများစုထက်ပင်သာလွန်နေရာ သူကိုယ်တိုင်ရှုံးနိမ့်သွားပြီးနောက် စင်မြင့်ထက်ရှိကျားနဂါးဆရာတော်များလည်း တစ်ဖက်လူကိုသူတို့အနိုင်မယူနိုင်မှန်းသိရှိကြသည် ။
တစ်ဖက်တွင် ဆရာတော်ရွှမ်းချင်က ကျိူးတိ၏လှောင်ပြောင်မှုများကိုလက်မခံနိုင်တော့သည့်အဆုံး ရှောင်ယောင်၏ဆရာ ဆရာတော်ရွှမ်းမင်ကိုတောင်းပန်လိုက်သည်။
“ အစ်ကိုတော် ရွှမ်းမင် ဒီကောင့်ကို ဆုံးမပေးပါဦး...”
အလားတူ လောဟန်ဆောင်၏ကျန်ဘုန်းကြီးများကလည်း ဆရာတော်ရွှမ်းမင်ကိုအကူအညီတောင်းလိုက်ကြပြီး သူတို့၏ပုံစံက ဆရာတော်ရွှမ်းမင်ကို လွန်စွာယုံကြည်အားကိုးဟန်တူသည်။
“ ဂိုဏ်းတူဦးလေးရွှမ်းမင် သူတို့ကို ဆုံးမပစ်လိုက်...”
“ ဆုံးမပစ်...”
အောက်ဘက်ဆီမှလည်းမည်သူ စအော်လိုက်သည်မသိဘဲ ဆရာတော်ရွှမ်းမင်ကို အားပေးသည့်အသံများက တခဲနက်ထွက်ပေါ်လာတော့သည် ။
စင်စစ် ဆရာတော်ရွှမ်းမင်က ယခင်မျိုးဆက်၏ထိပ်တန်းလူငယ်တစ်ဦးဖြစ်ရုံသာမက ရှောင်လင်၏ထိပ်ဆုံးပါရမီရှင်လည်းဖြစ်ပေသည်။။
ထို့ကြောင့် ရှောင်လင်ဂိုဏ်းသားတိုင်းလိုလိုက ဆရာတော်ရွှမ်းမင်၏အစွမ်းကိုလွန်စွာလေးစားကြည်ညိုကြပြီး သူသာဆိုပါက ကျိုးတိကိုအနိုင်ယူနိုင်မည်ဟုယုံကြည်ကြသည် ။
သို့သော် ရှောင်လင်ဂိုဏ်းသားများ၏ တက်ကြွသည့်အော်ဟစ်သံကိုကြားသည့်တိုင် ဆရာတော်ရွှမ်းမင်၏အမူအယာကတည်ငြိမ်နေဆဲဖြစ်ပြီး မရွေ့နိုင်သည့်တောင်တန်းကြီးတစ်ခုနှယ် မတုန်မလှုပ်နှင့်လွန်စွာခိုင်မာလှသည်
“ ဗုဒ္ဓလက်ဝါးကိုယ်တော် ကျုပ်ရှောင်လင်ကိုလိုက်ပါလာတဲ့အဓိကရည်ရွယ်ချက်က ခင်ဗျားနဲ့တိုက်ခိုက်ဖို့ပဲ ။
ကျုပ်က အရင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင် ဝူတန်းကချန်းရှောက်ကိုတောင် လက်ရည်တူတိုက်ခိုက်နိုင်ခဲ့တယ် ။ကိုယ်တော်က ကျုပ်ကိုအထင်သေးနေတာလား...”
ကျိုးတိ၏ ကျယ်လောင်သည့်စကားသံကြောင့် ရှောင်လင်ဂိုဏ်းသားများ၏အသံက မီးကိုရေဖြင့်ညိမ်းသက်လိုက်သည့်နှယ် တိတ်ဆိတ်သွားပြီး အံ့ဩတုန်လှုပ်သွားကြပုံပေါ်သည်။
အကြောင်းက သိုင်းထိပ်သီးဆယ်ယောက်စာရင်းပြန်မစီစဉ်မီ လွန်ခဲ့သည့်ဆယ့်ငါးနှစ်ကျော်က ဆရာတော်ရွှမ်းမင်မှာ ထိပ်သီးဆယ်ယောက်စာရင်း၏အောက်ခြေနားတွင်သာရှိခဲ့ဖြစ်ပြီး ကျိုးတိကား နံပါတ်နှစ်နေရာမှလူကိုပင်လက်ရည်တူယှဉ်နိုင်၍ဖြစ်သည်။
ထို့ကြောင့် သူတို့လည်း ဆရာတော်ရွှမ်းမင်၏သိုင်းပညာကို ယုံကြည်စိတ်ချကြသော်ငြားကျိုးတိကိုအနိုင်ယူနိုင်မည်ကိုတော့ အနည်းငယ်သံသယဝင်လာကြသည် ။
သို့သော် ရှောင်ယောင်နှင့်စန်းဟုန်းလျန်တို့လို ဆရာတော်ရွှမ်းမင်၏လက်ရှိသိုင်းအဆင့်ကိုသိထားသည့် လူများကား ကျိုးတိကိုသနားနေမိကြသည်။
ယုန်သူငယ်ကခြင်္သသေ့ကိုကြောက်ရကောင်းမှန်းမသိသလိုပင် ကျိုးတိက ကိုယ့်သေတွင်းကိုယ်အကြိမ်ကြိမ်တူးနေခြင်းဖြစ်ပြီး ဆရာတော်ရွှမ်းမင်သာတည်ငြိမ်သည့်စိတ်ထားမရှိပါက ယခုအချိန်လောက်ဆိုလျှငိကျိုးတိတစ်ယောက် အသက်မသေလျှင်ပင်ဒဏ်ရာအပြင်းအထန်ရရှိနေလောက်လေပြီ။
ကျိုးတိ၏သိုင်းပညာကသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဖြစ်ပြီး သိုင်းဝိဇ္ဇာများကိုယှဉ်တိုက်နိုင်သည်ဟုဆိုလျှင်ပင် ဆရာတော်ရွှမ်းမင်လို အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ဦးကိုတော့ လုံးဝယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ဆရာတော်ရွှမ်းမင်က သူ့ထက်သိုင်းပညာနိမ့်ကျသည့်ကျိုးတိကိုလုံးဝတိုက်ခိုက်မည်မဟုတ်ဘဲ ထို့ကြောင့်လည်း ကျိုးတိတစ်ယောက် ယခုလိုထောင်လွှားနိုင်ခြင်းဖြစ်ပေသည်။
ထိုအခိုက် အဝါရောင်အရိပ်တစ်ခုက လူအုပ်ကြားမှပြေးထွက်သွားပြီး စင်မြင့်ပေါ်ရှိဆရာတော်ရွှမ်းမင်၏ဘေးသို့ရိပ်ခနဲရောက်ရှိသွားလေသည်။
“ ဒါက ဆရာတော်ရွှမ်းနန်ပဲ...”
“ ဆရာတော်ရွှမ်းနန်ပါရောက်လာပြီ...”
ရှောင်လင်ဂိုဏ်းသားများမှာ စင်မြင့်ပေါ်သို့ရောက်လာသည့်ဆရာတော်ရွှမ်းနန်ကိုမြင်၍ ဝမ်းသာအားရဖြစ်သွားကြသည်။။
သူတိူ့တင်မဟုတ်ပေ စင်မြင့်ပေါ်ရှိဆရာတော်များပင်အံ့အားသင့်သွားကြဟန်တူသည်။
“ ဂိုဏ်းတူဦးလေးရွှမ်းနန်..”
ဆရာတော်ရွှမ်းမင်၏ဘေးရှိကျားနဂါးဆရာတော်လေးပါးနှင့် လောဟန်ဆောင်မှဘုန်းကြီးများက ဆရာတော်ရွှမ်းနန်ကိုအရိုအသေပေးလိုက်ကြသည်။။
ဝါစဉ်တူများဖြစ်ကြသည့်ဆရာတော်ရွှမ်းချင်နှင့် ရွှမ်းမင်တို့ကတော့ ခေါင်းညိမ့်ပြလိုက်ကြသည် ။
ဆရာတော်ရွှမ်းမင်ကိုသာ အာရုံစိုက်နေသည့် ကျိုးတိသည်လည်း နောက်ထပ် ဘုန်းကြီးတစ်ပါးရုတ်တရက်ရောက်ရှိလာ၍အံ့အားသင့်သွားသလိုထိုဘုန်းကြီး၏လျှင်မြန်လှသည့်ကိုယ်ဖော့ပညာကြောင့်စိတ်ထဲတွင် ကြိတ်၍ချီးကျူးလိုက်မိ၏။
“ ဒီတော့ နောက်ထပ်ဘုန်းကြီးတစ်ပါးပေါ့...ခင်ဗျားကရော ကျုပ်ရဲ့စိန်ခေါ်မှုကို လက်ခံနိုင်မလား...”
ကျိုးတိက ဆရာတော်ရွှမ်းနန်ကိုမသိသော်လည်း အောက်ဘက်ရှိလူများ၏တုံ့ပြန်မှုကိုကြည့်၍ ထိုဘုန်းကြီးသည်လည်းနယ်နယ်ရရမဟုတ်သည်ကို ရိပ်စားမိ၍ ပြောင်းလဲစိန်ခေါ်လိုက်ခြင်းဖြစ်သည်။
သူ၏စကားကြောင့် ဆရာတော်ရွှမ်းနန်က လက်အုပ်ချီ၍ တည်ငြိမ်စွာပြောလိုက်သည်။
“ အောမီတောဖု...ညီတော်ရွှမ်းမင်က ဒကာကြီးနဲ့မတိုက်တာ ဒကာကြီးက သူ့ထက်သိုင်းပညာနိမ့်ကျနေလို့ပါ ။ ဒကာကြီးရဲ့ဆန္ဒကို ကျုပ်ဖြည့်ဆည်းပေးပါ့မယ်...”
ဆရာတော်ရွှမ်းနန်၏စကားကြောင့် ရှောင်လင်ဂိုဏ်းသားများအံ့ဩဝမ်းမြောက်သွားကြသလို ကျိုးတိ၏ရင်ထဲတွင်လည်း တုန်လှုပ်သွားမိသည်။
အကြောင်းက သူ၏သိုင်းပညာမှာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သို့ရောက်ရှိနေသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီးသူ့ထက်သိုင်းပညာမြင့်မားသူဟူ၍သိုင်းဝိဇ္ဇာများသာရှိတော့သည်။
ထို့ကြောင့် သူ့ထက်ပင်လေးငါးခြောက်နှစ်ခန့်ငယ်ဦးမည့်ဆရာတော်ရွှမ်းမင်ကသိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်နေခြင်းကို အံ့ဩတုန်လှုပ်မိခြင်းဖြစ်သည်။
ထိုအချိန်တွင် စင်မြင့်အောက်ရှိလူအုပ်ထဲ၌ ရှောင်ယောင်ကလည်း နားမလည်သည့်ပုံစံရှိနေပြီး စန်းဟုန်းလျန်ကိုမေးလိုက်သည် ။
“ ဦးလေးစန်း ဘာဖြစ်လို့ အဖိုးလေးက စင်ပေါ်ကိုတတ်ပြီးဟိုလူရဲ့စိန်ခေါ်မှုကိုလက်ခံရတာလဲ သူ့က အမြဲတမ်းအေးအေးဆေးဆေးပဲနေတာမဟုတ်လား...”
ရှောင်ယောင်မေးလည်း မေးချင်စရာပင်။
ဆရာတော်ရွှမ်းနန်၏စရိုက်က အေးဆေးတည်ငြိမ်ပြီး ပြဿနာများနှင့်ဝေးဝေးနေတတ်၍ သိုင်းလောကထဲကိုပင်တစ်ခါတစ်ရံသာဆင်းလေ့ရှိသည်။
အမှန်တွင် ဆရာတော်ရွှမ်းနန်၏ပါရမီနှင့်အရည်အချင်းက ဆရာတော်ရွှမ်းမင်နှင့်တန်းတူရှိပြီး ယခုလည်းသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိရန်များစွာမလိုတော့ပေ။
သိူ့သော် သူ၏စရိုက်က ပြဿနာများနှင့်ဝေးရာတွင်နေလိုပြီး အေးဆေးတိတ်ဆိတ်စွာရှိလိုသည့်အတွက် လွန်ခဲ့သည့်နှစ်များစွာက ဝါစဉ်ကြီးဆရာတော်များကဆရာတော်ရွှမ်းမင်ကိုသာ သိုင်းလောကထဲစေလွှတ်ခဲ့ခြင်းဖြစ်သည် ။
ထိုအကြောင်းကြောင့်လည်း ယခင်မျိုးဆက်၏ရှောင်လင်ပါရမီရှင်နှစ်ယောက်တွင် ဆရာတော်ရွှမ်းမင်ကသာကျော်ကြားခြင်းဖြစ်ပြီး တာမောဆောင်တွင်သာအနေများသည့်ဆရာတော်ရွှမ်းနန်ကိုရှောင်လင်ဂိုဏ်းသားများသာသိရှိကြခြင်းဖြစ်ပေသည်။
ယခု ဆရာတော်ရွှမ်းနန်လိုလူမျိုးက စင်ပေါ်သို့တက်သွားပြီး ကျိုးတိ၏စိန်ခေါ်မှုကိုလက်ခံနေရာ ရှောင်ယောင်သာမက ကြွယ်ယန်တို့နှစ်ယောက်ပင်နားမလည်နိုင်သလိုဖြစ်နေမိကြသည်။။
သို့သော် စန်းဟုန်းလျန်ကိုယ်တိုင်လည်းအံ့ဩသည့်ပုံစံဖြင့်ရှိနေ၍ သူကိုယ်တိုင်လည်းထိုအကြောင်းကိုမသိသည်မှာ ထင်ရှားလှသည်။
“ ရွှမ်းနန်ကိုယ်တော်အခုလိုလုပ်တာ ဆရာတော်ခုံးဝန်က ခိုင်းစေလို့ပဲ...”
သူ၏အနီးသို့ကပ်၍ခပ်တိုးတိုးပြောလိုက်သည့် အဖိုးဟွမ်ကြောင့် ရှောင်ယောင်လည်း ဘေးပတ်ဝန်းကျင်သို့ဝေ့ကြည့်လိုက်မိရာ သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်နှင့်အနည်းငယ်လှမ်းသည့်အဆောင်တစ်ခုပေါ်တွင် ရပ်နေသည်ဘုန်းကြီးအိုသုံးပါးကိုတွေ့မြင်လိုက်ရသည်။
အဖိုးစုတို့လို သိုင်းပညာရှင်များနှင့်လက်ပွန်းတတီးနေလာသည်မှာကြာပြီဖြစ်၍ ရှောင်ယောင်လည်း မည်သို့ဖြစ်ပျက်သွားသည်ကိုရိပ်မိလိုက်ပြီး ထိုမျှဝေးကွာသည့်အကွာအဝေးကပင် အသံပို့လွှတ်၍ပြောနိုင်သည့်ဆရာတော်ခုံးဝန်၏အတွင်းအားကိုကြိတ်၍ချီးကျူးလိုက်မိသည်။။
ထို့အတူ ဆရာတော်ခုံးဝန်၏အနီးရှိ တာမောအဆောင်မှူးဆရာတော်ခုံးရှ ၊တံခါးနီအဆောင်မှူးဆရာတော်ခုံးတိကိုကိုပါမြင်လိုက်၍ ဝါစဉ်ကြီးဆရာတော်များလည်းစောင့်ကြည့်နေသည်ကိုသိလိုက်ပြီး ဝမ်းမြောက်သွားမိ၏ ။
ဝါစဉ်ကြီးဆရာတော်များ၏စောင့်ကြည့်မှုဖြင့်ဆိုလျှင် တစ်ဖက်လူများရှောင်လင်၌ စိတ်တိုင်းကျရမ်းကားခွင့်ရမည်မဟုတ်ပေ။
ရှောင်ယောင်၏အတွေးကိုခနိ့မှန်းမိဟနိဖြင့် အဖိုးအိုဟွမ်က ခေါင်းယမ်း၍ဆက်ပြောလိုက်သည်။
“ သိပ်ပြီးတွေးမနေတဲ့ ဒီလူက အစွမ်းထက်လွန်းတယ် ငါတို့ထက်မသာရင်တောင် လုံးဝမနိမ့်ဘူး...တကယ်တိုက်ခိုက်ဖြစ်ရင် ဆရာတော်ခုံးဝန်တို့သုံးပါးပေါင်းမှအနိုင်ယူနိုင်လိမ့်မယ် ...”
ထိုစကားကြောငိ့ ရှောင်ယောင်မှာ လွန်စွာအံ့အားသင့်သွားပြီး ဘာပြောရမှန်းပင်မသိတော့ပေ။
သူ၏မျက်လုံးများက စင်မြင်အနောက်ဘက်ခြမ်းရှိ အနက်ရောင်ဝတ်စုံဝတ်လူကြီးကို နားမလည်နိုင်သည့်ပုံစံဖြင့်ကြည့်ရှုလိုက်မိသည်။
ထိုလူ၏နောက်ဘက်တွင် အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်လည်းရှိပြီး ထိုလူက စင်မြင့်အလယ်ရှိကျိုးတိကို ဂုဏ်ယူလေးစားသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေသည် ။
ထိုအချက်ကိုထောက်ရှု၍လူငယ်က ကျိုးတိ၏တပည့်သို့မဟုတ် မျိုးဆက်ဖြစ်ဟန်တူပြီး အဖိုးစုတို့ပင် သတိထားနေရသည့်ခန့်မှန်းမရသည့်အနက်ရောင်ဝတ်စုံဝတ်လူကြီးကား ကျိုးတိ၏ခေါင်းဆောင်ဖြစ်ပေမည်။
စင်မြင့်ထက်တွင် ဆရာတော်ရွှမ်းနန်၏လက်ခံမှုကြောင့် ကျိုးတိ၏မျက်လုံးများအနည်းငယ်ကျဥ်းမြောင်းသွားပြီး လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။
“ ကောင်းပါပြီ ဒါဆိုရင် ကိုယ်တော်ရဲ့နာမည်ကို သိပါရစေ...”
ဆရာတော်ရွှမ်းနန်ကလည်း စင်မြင်အလယ်သို့တည်ငြိမ်စွာလျှောက်သွားလိုက်ပြီး အေးဆေးသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ ဒီဘုန်းကြီးက ရှောင်လင်က ရွှမ်းနန်ပါ...ဒကာကြီးစနိုင်ပါပြီ...”
ဆရာတော်ရွှမ်းနန်က အပိုစကားများမဆိုတော့ဘဲ လက်အုပ်ချီ၍ရပ်နေရင်း ကျိုးတိ၏တိုက်ခိုက်မှုကိုစောင့်မျှော်လျက်ရှိသည်။
ထိုအချိန်တွင် ဒဏ်ရာကိုယ်စီရရှိထားကြသည့်ဆရာတော်ရွှမ်းချင်နှင့်လောဟန်ဆောင်မှဘုန်းကြီးများက စင်မြင့်တစ်ဖက်စွန်းသို့ဆုတ်ခွာသွားကြသည်။
သိုင်းပညာလေ့ကျင့်ရာကွင်းပြင်မှာ ပေသုံးရာပတ်လည်ကျယ်ဝန်းပြီး ကွင်းပြင်၏အလယ်ရှိစင်မြင့်ကပင် ပေငါးဆယ်နီးပါးကျယ်ဝန်းပေသည်။
ထို့ကြောင့်စင်မြင်၏အရှေ့ဘက်အစွန်း၌ ဆရာတော်ရွှမ်းမင်တို့လူစုနှင့်အနောက်ဘက်အစွန်း၌ အနက်ရောင်ဝတ်စုံဝတ်လူကြီးနှင့်လူငယ်တို့ရှိနေသော်လည်း အလယ်တွင် လွတ်လပ်စွာတိုက်ခိုက်နိုင်ရန်ကျယ်ဝန်းသည့်နေရာတစ်ခုကျန်နေဆဲပင်။
လက်ရှိအချိနိ၌ ဆရာတော်ရွှမ်းနန်က လက်အုပ်ချီ၍ တည်ငြိမ်စွာရပ်နေသလိုကျိုးတိကလည်း သတိကြီးကြီးထား၍ ဆရာတော်ရွှမ်းနန်ကိုအကဲခပ်နေသည်။
ကျိုးတိက သာမန်ပုံစံသာရှိသည့်ထိုဘုန်းကြီးကိုခန့်မှန်းမရသည့်အတွက်ရုတ်တရက်တိုက်ခိုက်ခြင်းမရှိဘဲ ဟာကွက်ရှာနေခြင်းဖြစ်သည်။
ထိုအချက်ကိုကြည့်၍ ကျိုးတိမှာ ရန်စစော်ကားတတ်သည့်သူ၏အပြင်ပန်းပုံစံနှင့်မတူဘဲ လွန်စွာသတိကြီး၍ စေ့စပ်သူတစ်ဦးဖြစ်ကြောင်းသိနိုင်စာ် ။