← Chapters

စင်မြင့်ထက်မှစိန်ခေါ်ပွဲ

Vol. 1 Ch. 84

စင်မြင့်ထက်မှစိန်ခေါ်ပွဲ

Vol. 1 Ch. 84

စင်မြင့်ထက်တွင်ရပ်နေသည့် ကျိုးတိ၏နဖူးစပ်မှချွေးစများကျဆင်းလာပြီး သူနှင့်ခြေဆယ်လှမ်းအကွာရှိဆရာတော်ရွှမ်းနန်ကို စူးစိုက်ကြည့်နေသည် ။

သိုင်းပညာလေ့ကျင့်ရေးမှူးဆရာတော်ရွှမ်းချင်နှင့်သူ၏လူများကိုပင် တစ်ကိုယ်တော်အနိုင်ယူနိင်ခဲ့သည့်ကျိူးတိကား နာမည်မကျော်ကြားသည့်ထိုဘုန်းကြီးကိုရင်ဆိုင်ရာတွင် အမှန်ပင်အခက်တွေ့နေမိသာ်။

အကြောင်းက ဆရာတော်ရွှမ်းနန်မှာ သိုင်းဝိဇ္ဇာအဆင့်သို့မရောက်သေးဘဲ သူနှင့်အဆငိ့တူဖြစ်သည်ကိုကောင်းစွာအကဲခပ်‌မိသော်လည်း ဆရာတော်ရွှမ်းနန်၏ခန္တာကိုယ်မှအန္တရာယ်အငွေ့အသက်ကိုခံစားမိ၍ဖြစ်သည်။။

ထို့ကြောင့်လည်း ချက်ခြင်းမတိုက်ခိုက်သေးဘဲ တစ်ချက်ထဲဖြင့်အသာစီးယူနိုင်အောင် ဆရာတော်ရွှမ်းနန်၏ဟာကွက်ကိုရှာဖွေနေသည့်တိုင်ယခုအချိန်ထိတွေ့ရှိခြင်းမရှိပေ။

ဆရာတော်ရွှမ်းနန်၏ပုံစံက တည်ငြိမ်သည့်တောင်တန်းကြီးတစ်ခုလိုအေးဆေးစွာရပ်နေသည့်အပြင် ကျိုးတိကို တစ်သက်လူံးပိတ်ဆို့ထားတော့မည်ဟုထင်ရသည်။

ထိုခံစားချက်ကြောင့်ကျိုးတိ၏စိတ်ထဲတွင်ကြိတ်၍တုန်လှူပ်သွားမိပြီး တိုက်ပွဲမစမီကပင် သူ၏စိတ်အင်အားလျော့နည်းနေသည်ကိုသတိပြုမိလိုက်၏။

ထိုအချက်ကြောင့် ကျိုးတိလည်းသူ၏အကောင်း ဆုံးအခြေအနေသို့ရောက်ရှိရန် ပြင်ဆင်ရာ စိတ်ကိုပြန်တင်းရင်း အော်ဟစ်မာန်သွင်းလိုက်သည် ။

“ ယား...”

အတွင်းအားပြည့်ဝသည့်အော်ဟစ်သံကာစင်မြင့်အောက်ရှိရှောင်လင်ဂိုဏ်းသားတိုင်း၏နားကိုအူထိုင်းသွားစေပြီး အဆင့်လွန်ထိပ်သီးအဆင့်ရှိသည့်ကျားနဂါးဆရာတော်များပင်တစ်ဖက်လူ၏အတွင်းအားကိုဖြုံသွားမိသည် ။

သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဟုဆိုရာတွင် အတွင်းအားကသိုင်းဝိဇ္ဇာအဆင့်သို့ရောက်နေပြီဖြစ်ပြီး နားလညိသဘောပေါက်မှူနိမ့်ကျနေ၍သာ အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်မဖြစ်သေးခြင်းဖြစ်သည် ။

ထို့ကြောင့် သိုင်းဝိဇ္ဇာအတွင်းအားရှိသည့်အတွက် ကျိုးတိကဆရာတော်ရွှမ်းချင်တို့လူစုကိုအသာအယာအနိုင်ယူနိုင်ခြင်းဖြစ်ပြီးယခုလည်းမတိုက်ခိုက်မီကပင် ဆရာတော်ရွှမ်းနန်၏စိတ်ကိုခြောက်လှန့်လိုက်ခြင်းဖြစ်သည် ။

ကျိုးတိ၏အော်ဟစ်သံကြောင့် လူအားလုံးတုန်လှုပ်သွားကြစဉ် စင်မြင့်ထက်ရှိကျိုးတိ၏ခန္တာကိုယ်က ရိပ်ခနဲရွေ့လျားသွားပြီး ဆရာတော်ရွှမ်းနန်၏ရင်ဝသို့ပြင်းထန်သည့်လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

ဆရာတော်ရွှမ်းနန်မှာ သာမန်မဟုတ်ဘဲအခန့်မသင့်ပါက သူကိုယ်တိုင်ပင်ရှုံးနိမ့်သွားနိုင်၍ ကျိုးတိလည်းတိုက်ပွဲသည်နှင့်အသာစီးယူနိုင်ရန်သူ၏အကောင်းဆုံးသိုင်းပညာကိုထုတ်သုံးလာခြင်းဖြစ်သည်။

ကျိုးတိ၏လက်ဝါးချက်က လေထုကိုပင်တုန်ခါသွားစေပြီး ဆရာတော်ရွှမ်းနန်ဆီသို့လျှင်မြန်စွာကျရောက်လာသည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် ကျိုးတိ၏ပြင်းထန်လှသည့်ရှောင်တိမ်းဟန်မပြဘဲ ဆရာတော်ရွှမ်းနန်က သူ၏လက်ဝါးတစ်ဖက်ကိုမြောက်ကာထိတ်တိုက်ရင်ဆိုင်လိုက်သည်။

“ ဝုန်း...”

ကျယ်‌လောင်သည့် အသံကြီးနှင့်အတူ ဆရာတော်ရွှမ်းနန်ရော ကျိုးတိပါ နောက်သို့ခြေသုံးလှမ်းစီဆုတ်ပေးလိုက်ကြရသည် ။

ထိုအဖြစ်ကြောင့် ကျိုးတိ၏မျက်နှာထက်တွင်တုန်လှုပ်သည့်အရိပ်အယောင်တစ်ခုပေါ်လာသော်လည်း တိုက်ပွဲအတွေ့အကြုံများစွာရှိသည့်ဝါရင့်သိုင်းသမားတစ်ဦးပီပီ ပြိုင်ဘက်ကိုအခွင့်အရေးမပေးဘဲ ရှေ့သို့မြားတစ်စင်းလိုတိူးဝင်ကာ ဆက်တိုက်တိုက်ခိုက်လိုက်သည်။

ဆရာတော်ရွှမ်းနန်ကလည်း ကျိုးတိ၏တိုက်ကွက်မှန်သမျှကိုတည်ငြိမ်စွာခုခံနေပြီးသူ၏ပုံစံက လေမိုးများသဲထန်နေသည့်ကြားမှ ကြံ့ကြံ့ခံနေသည့် ထိုက်စန်းတောင်တန်းကြီးအလား လွန်စွာတည်ငြိမ်လှသည် ။

“ ဝုန်း...ဝုန်း...”

ကျိုးတိ၏ကြောက်မက်ဖွယ်ကောင်းသည့်တိုက်ကွက်များက တရစပ်ကျရောက်နေသလို ဆရာတော်ရွှမ်းနန်၏တန်ပြန်တိုက်ကွက်များကလည်း လွတ်စွာပြင်းထန်လှသည်။

ဆရာတော်ရွှမ်းနန်မှာ ရှောင်လင်ခုနစ်ဆယ့်နှစ်မျိူးမှသိုင်းပညာဘယ်နှစ်မျိုးအထိအောင်မြင်ထားသည်ကိုမသိရသော်လည်း လက်ရှိသိုင်းကွက်ငါးဆယ်အတွင်း၌ပင် အင်အားပြင်းထန်သည့်လက်သီးသိုင်းနှင့်လက်ဝါးသိုင်းနှစ်မျိုးတို့ကို ပြောင်းလဲအသုံးပြုနေသည်။

သူတို့နှစ်ဦး၏တိုက်ကွက်များဆုံတွေ့မိတိုင်း တဝုန်းဝုန်းမည်သံများကအဆက်မပြက်ထွက်ပေါ်နေပြီး စင်မြင့်အောက်ဘက်ရှိ သိုင်းပညာနိမ့်ကျသည့်ရှောင်လင်ဂိုဏ်းသားများမှာ အသဲအူတုန်သလိုပင်ခံစားနေမိကြသည် ။

“ ဒီဘုန်းကြီးကဘယ်သူလဲဟ...”

တိုက်ပွဲမစမီကပင် ဆရာတော်ရွှမ်းနန်ကိုရှိန်နေသည့် ကျိုးတိကား စိတ်ထဲတွင် ကြိတ်၍တုန်လှုပ်နေပြီဖြစ်သည်။။

ယခု သူတို့နှစ်ယောက်တိုက်ခိုက်နေသည်မှာ သိုင်းကွက်တစ်ရာနီးပါးသို့ရောက်ရှိနေပြီဖြစ်သည့်တိုင် ဆရာတော်ရွှမ်းနန်က သူ၏တိုက်ကွက်မှန်သမျှကိုလွယ်ကူစွာကာကွယ်ပိတ်ဆို့နိုင်ပြီး ကြောက်စရာကောင်းသည့်တန်ပြန်တိုက်ကွက်များဖြင့် ဆီးကြိုတိုက်ခိုက်လိုက်နိုင်သေးသည်။

ထို့အပြင် သိုင်းဝိဇ္ဇာအဆင့်အတွင်းအားရှိသည့်သူ့ထက်ပင် အတွင်းအားပိုမိုပြည့်ဝဟန်တူသည့်ဆရာတော်ရွှမ်းနန်ကြောင့် ကျိုးတိ၏တုန်လှုပ်မှုက ပိုမိုတိုးပွားလာခြင်းဖြစ်သည်။

လက်ရှိအချိန်၌ သူကအပေါ်စီးမှဖိတိုက်နေသည်ဟုထင်ရသော်လည်းစင်စစ် ဆရာတော်ရွှမ်းနန်က တိုက်စစ်မဆင်သေး၍ဖြစ်သည်။

“ ဝုန်း...”

လက်သီးနှင့်လက်ဝါးတို့ ထိတ်တိုက်ဆုံတွေ့သွားပြီး ကျိုးတိမှာ ပထမဆုံးအကြိမ်အဖြစ်နောက်ဘက်သို့ဆုတ်ပေးလိုက်ရသည်။

ထိုစဉ် ဆရာတော်ရွှမ်းနန်ကား အခွင့်အရေးကိုလက်လွတ်မခံဘဲ နောက်မှထပ်ကြပ်မကွာလိုက်၍တိုက်ခိုက်တော့သည်။

“ ဒါက ပန်းလော့လက်ဝါးပဲ...”

“ သိုင်းလောကထဲကလုတွေရဲ့စကားအရဆိုရင် နဂါးနိုင်လက်ဝါးနဲ့တောင်မတိမ်းမယိမ်းအဆင့်ရှိတယ်လို့ဆိုကြတာပေါ့ ...”

အစောပိုင်းကဆရာတော်ရွှမ်းနန်သုံးသွားသည့်သိုင်းပညာများက လူသိနည်းသော်လည်း ယခုတစ်ကြိမ်အသုံးပြုသည့်လက်ဝါးသိုင်းကအတော်ပင်ကျော်ကြားမှုရှိ၍ ရှောင်လင်ဂိုဏ်းသားများမှာ တက်ကြွစွာပြောဆိုဆွေးနွေးနေကြသည်။

ထို့အတူ ဆရာတော်ရွှမ်းနန်က ပြင်းထန်အားကောင်းသည့်လက်ဝါးသိုင်းပိုင်ရှင်ကျိူးတိကို အမာစားသိုင်းပညာသီးသန့်သုံးကာ တန်ပြန်တိုက်ခိုက်နေခြင်းဖြစ်ပြီး ပန်းလော့လက်ဝါး၊ ဝရဇိန်နတ်လက်ဝါးစသည့် နာမည်ကျော်ပညာရပ်များမှစ၍ မိုးဖြိုသံမဏိလက်သီး၊ လေထဲကလက်ဝါးစသည့် ရှောင်လင်ခုနစ်ဆယ့်နှစ်မျိုးမှလူသိနည်းသည့်ပညာရပ်များကိုပါ တစ်မျိုးပြီးတစ်မျိုးအသူံးပြုနေသည် ။

မဆုံးနိုင်သည့်ထိပ်တန်းသိုင်းပညာများကိုတစ်ခုပြီးတစ်ခုထုတ်သုံးနေသည့်ဆရာတော်ရွှမ်းနန်ကြောင့် ကျိုးတိမှာ အချိန်ကြာလေလေပို၍ထိတ်လန့်မိလေလေဖြစ်သည်။။

ဤသည်က ဆရာတော်ရွှမ်းနန်၏အဓိကရည်ရွယ်ချက်ဖြစ်ပြီး တိုက်ပွဲကိုအနိုင်ယူရန်ထက်ရှောင်လင်ကျောင်းတော်ကိုပါမခန့်လေးစားပြုမူသည့်ကျိူးတိ၏ရင်ထဲသို့ ကြောက်စိတ်ထည့်သွင်းပေးလိုခြင်းဖြစ်သည်။

တိုက်ပွဲက သိုင်းကွက်ငါးရာနားသို့ရောကိရှိလာသော်လည်းလွန်စွာပြင်းထန်ကြမ်းတမ်းဆဲဖြစ်ပြီး ရှောင်လင်ဂိုဏ်းသားအများစုမှာ သူတိူ့၏ဘဝတွငိတွေ့ဖူးသမျှတိုက်ပွဲများအနက် အပြင်းထန်ဆုံးတိုက်ပွဲကိုကြည့်ရှုနေရသည်ဟု မှတ်ယူမိကြပေသည်။

အမာကိုအမာချင်းယှဉ်ပြိုင်သည့်တိုက်ပွဲဖြစ်၍ အတွင်းအားပေါက်ကွဲသံများက အဆက်မပြက်ထွက်ပေါ်နေပြီး သိုင်းဝိဇ္ဇာများ၏တိုက်ပွဲနီးပါးပင်ပြင်းထန်လှသည်။

“ ခေါင်းဆောင် ဒီတစ်ပွဲမှာ ဆရာအနိုင်ရပါ့မလား...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏နောက်ဘက်တွင်ရပ်နေသည့်လူငယ်က ပြင်းထန်လှသည့်တိုက်ပွဲကိုကြည့်ရင်း ခပ်တိုးတိုးမေးလိုက်သည်။

သူ၏အမူအယာက လွန်စွာရိုကျိုးနေပြီး သူ၏ရှေ့ရှိလူကြီးကိုကြည့်နေသည့်မျက်ဝန်းထဲတွင် လေးစားကြည်ညိုမှုနှင့် ကြောက်ရွံ့မှုတစ်စွန်းတစ်စတို့ပါဝင်နေပေသည်။

လူငယ်ကား ကျိုးတိ၏တပည့်ဖြစ်ပြီး အစောပိုင်းက မြောက်ကြွကြွပုံစံဖြစ်သော်လည်းဆရာတော်ရွှမ်းနန်နှင့်တိုက်ပွဲစသည်နှင့်သူ၏ဆရာအရေးမသာဘဲဖြစ်နေရာ အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုမေးလိုက်ခြင်းဖြစ်သည်။

“ မင်းဆရာ ရှုံးမှာ သေချာတယ်။ တကယ်လို့ ဟိုဘက်ကဘုန်းကြီးကအားကုန်ထုတ်တိုက်ရင်သိုင်းကွက်သုံးရာတောင်ခံမှာမဟုတ်ဘူး..။

အခုက ဘုန်းကြီးက ပညာလျှိုထားပြီး ပွတ်ကာသီကာအနိုင်ယူချင်လို့ဒီ‌လောက်အထိတိုက်ပွဲရှည်နေတာ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် လူငယ်လည်းမျက်နှာကွက်ခနဲပျက်သွားတော့သည်။

အနက်ရောင်ဝတ်စုံဝတ်လူကြီးက တိုက်ပွဲကို မမှိတ်မသုန်ပုံစံဖြင့်ကြည့်ရှုနေသော်လည်း သူ၏အာရုံကအခြားနေရာတွင်ရှိနေဟန်တူပြီး သူ၏နှုတ်ခမ်းထောင့်စွန်းက မသိမသာကွေးတက်လာသည်။

“ အဓိကလူတွေအကုန်ရောက်နေကြပြီ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားသံကမည်သူ့ကိုရည်ညွှန်းသည်မသိသော်လည်း အနီးရှိလူငယ်ကား ရုတ်တရက်ထွက်ပေါ်လာသည့်အငွေ့အသက်တို့ကြောင့် ကြက်သီးမွှေးညင်းများထသည့်အထိတုန်လှုပ်သွားမိ၏။

ထိုအချိန်တွင် တိုက်ပွဲကြာ‌လေလေ ထိတ်လန့်လေလေဖြစ်နေသည့် ကျိုးတိကား အံကိုတင်းတင်းကြိတ်၍ အရဲစွန့်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။

ယခုပုံစံအတိုင်းသာဆက်သွားပါက နောက်ထပ်သိုင်းကွက်တစ်ရာအတွင်းသူရှုံးနိမ့်သွားနိုင်ပြီး ထိုအဖြစ်ကိုအလိုမရှိသည့်ကျိူးတိလည်း တိုက်ခိုက်နေရင်း ဘယ်ဘက်ပခုံးနေရာတွင်ဟာကွက်တစ်ခု မသိမသာဖွင့်ပေးလိုက်သည်။

ကျိုးတိခန့်မှန်းထားသည့်အတိုင်း ဆရာတော်ရွှမ်းနန်၏လက်ဝါးက ကျိုးတိ၏ဘယ်ဘက်ပခုံးနေရာသို့လျှပ်တပြက်ဝင်ရောက်လာ၍ ကျိုးတိလည်း ဝမ်းမြောက်သွားမိသည်။။

ထို့နောက် ဆရာတော်ရွှမ်းနန်၏လက်ဝါးကို ရှောင်တိမ်းခြင်းမရှိဘဲ ဒဏ်ရာအပြင်းအထန်မရစေရန် ဘယ်ပခုံးနေရာသို့အတွင်းအားပို့လွှတ်ခံဆောင်လိုက်ကာ သူ၏လက်ဝါးနှစ်ဖက်ကိုသုံး၍ ဆရာတာ်ရွှမ်းနန်ကို အားကုန်တိုက်ခိုက်လိုက်သည်။

စင်မြင့်တစ်ဖက်ရှိအနက်ရောင်ဝတ်စုံဝတ်လူကြီးကတော့ ကျိုးတိ၏လုပ်ရပ်ကိုထွင်းဖောက်မြင်နိုင်ဟန်ဖြင်ပ ခေါင်းယမ်းလိုက်မိသည် ။

“ သေစမ်း.. “

ကျိုးတိ၏အော်ဟစ်မာန်သွင်းသံနှင့်အတူ သူ၏လက်ဝါးရိပ်များကဆရာတော်ရွှမ်းနန်၏တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားသည်။

သူနာကိုယ်နာ ပုံစံဖြင့်တိုက်ခိုက်လိုက်သည့် ကျိုးတိ၏ဗျူဟာက အတော်ပင်ထိရောက်သည်ဟုဆိုရမည်ဖြစ်ပြီး ဆရာတော်ရွှမ်းနန်၏ဘက်ကတိုက်ကွက်ကိုရုတ်သိမ်းခြင်းမရှိပါက နှစ်ဦးစလုံးအထိနာမည်ဖြစ်သလို တိုက်ကွက်ရုတ်သိမ်း၍ရှောင်တိမ်းလျှင်လည်း သူ၏လက်ဝါးချက်များကိုအကုန်အစင်လွတ်မြောက်မည်မဟုတ်ပေ။

နှစ်ဦးစလုံးအထိနာလျှင်ပင် ဆရာတော်ရွှမ်းနန်က ပို၍ဒဏ်ရာပြင်းထန်မည်ဖြစ်ပြီး သမားရိုးကျယှဉ်ပြိုင်မရ‌တော့သည်ကိုသိလိုက်၍ ကျိုးတိက ဉာဏ်ဆင်ကာအနိုင်ရစေရန်ကြိုးပမ်းခြင်းဖြစ်ပေသည်။

သူသေကိုယ်သေတိုက်ပွဲမဟုတ်သည့် ယှဉ်ပြိုင်ပွဲတွင်ယခုလိုပြုလုပ်ခြင်းက အရှက်မဲ့ရာကျသော်လည်းကျိုးတိ၏စိတ်ထဲတွင်တော့ သူ၏လုပ်ရပ်ကို ကောက်ကျစ်သည်ဟုမဆိုနိုင်ဘဲ အနိုင်ရစေရန်ဉာဏ်သုံးယှဥ်ပြိုင်ခြင်းဟုသာ ခံယူထားပေသည်။

“ ဆရာတော်ရွှမ်းနန် သတိထား...”

အောက်ဘက်မှ ထိတိလန့်တကြားအော်ဟစ်သံများဆူညံသွားသလို စင်မြင့်ပေါ်ရှိ ဆရာတော်ရွှမ်းချင်တို့လူစု တုန်လှုပ်သွားသကြသည် ။

တိုက်ပွဲအစအဆုံးတည်ငြိမ်စွာရှိနေသည့် ဆရာတော်ရွှမ်းမင်ပင် မျက်မှောင်ကြုတ်နေပြီး လိုအပ်ပါက ဝင်ပါနိုင်ရန်အဆင်သင့်ပြင်ဆင်ထားဟန်တူသည်။

အောက်ဘက်ရှိရှောက်‌ယောင်တို့သည်လည်း ဆရာတော်ရွှမ်းနန်အတွက်စိုးရိမ်ပူပန်မိသွားကြသော်လည်း ထင်မှတ်မထားသည့်ဖြစ်ရပ်က ဖြစ်ပွားလာသည်။

“ ဝှစ်... “

ဆရာတော်ရွှမ်းနန်၏ခန္တာကိုယ်က ရိပ်ခနဲရွေ့လျားသွားပြီး ကျိူးတိ၏လက်ဝါးရိပ်များကြားမှပျောက်ကွယ်သွားလေသည်။

ထိုအဖြစ်ကြောင့် ကြည့်ရှုနေကြသူများသာမက ကျိူးတိပင်ကြောက်တောင်တောင်ဖြစ်သွားကြစဉ် သူ၏ဘေးဘက်တွင်ရုတ်တရက်ပေါ်လာသည့် ဆရာတော်ရွှမ်းနန်၏လက်သီးက ကျိူးတိ၏နံဘေးသို့တည့်မည့်စွာဝင်ရောက်လာပေသည် ။

All Chapters