← Chapters

သိုင်းကွက်ငါးရာသက်မှတ်ချက်

Vol. 1 Ch. 88

သိုင်းကွက်ငါးရာသက်မှတ်ချက်

Vol. 1 Ch. 88

“ ဒကာကြီးက ကျုပ်တို့ရှောင်လင်ကျောင်းတော်ကို ဘာရည်ရွယ်ချက်နဲ့တိုက်ခိုက်ရတာလဲ....”

ဆရာတော်ခုံးဝန်၏အသံကအေးစက်နေပြီး ကြားရသူတိုင်းက သူဒေါသထွက်နေသည်ကိုသိရှိနိုင်သည်။

အနက်ရောင်ဝတ်စုံဝတ်လူကြီးက စင်မြင့်အလယ်တွင်တည်ငြိမ်စွာရပ်လျက်ရှိပြီး သူ၏ပုံစံက ဆရာတော်ခုံးတုကို အပြင်းအထန်ဒဏ်ရာရစေသူမဟုတ်သည့်အလားပင်။

ဆရာတော်ခုံးဝန်၏မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ထူးဆန်းစွာပြုံးလိုက်ပြီး ဩဇာပြည့်ဝသည့်လေသံဖြင့်ပြောလိုက်သည်။

“ ဟုတ်တယ် ကျုပ်မှာ ရည်ရွယ်ချက်တစ်ခုရှိတယ် ။ အခုလုပ်ခဲ့တာ ရှောင်လင်ကျောင်းတော်မှာ အစွမ်းထက်သိုင်းပညာရှင်တွေဘယ်လောက်ရှိနေလဲဆိုတာသိချင်တဲ့အတွက်ကြောင့်ပါပဲ။

ဒါပေမယ့်အခုမြင်ရသလောက်ကတော့ သိပ်ပြီးမဟန်လှဘူး ကျောင်းထိုင်ဆရာတော်၊ ပိဍိကတ်ဆရာတော်နဲ့ လောဟန်အဆောင်မှူးဖြစ်တဲ့ခင်ဗျားကလွဲရင် ဘယ်သူမှအဆင့်မရှိဘူး...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားက ရှောင်လင်ကျောင်းတော်ကိုပြောင်ပြောင်‌တင်းတင်းစော်ကားခြင်းဖြစ်၍ ဆရာတော်ခုံးဝန်၏မျက်နှာထက်တွင်တင်းမာသည့်အရိပ်အယောင်များထွက်ပေါ်လာသလို ဘေးပတ်လည်ရှ်ရှောင်လင်ဂိုဏ်းသားများကလည်း ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။

ထိုလူကြီး၏သိုင်းပညာကလွန်စွာအစွမ်းထက်လှသည်မှန်းသော်လည်း ရှောင်လင်ကျောင်းတော်တစ်ခုလုံးကိုအထင်သေးနိုင်သည့်အဆင့်ထိတော့ရောက်ရှိခြင်းမရှိသေးပေ။

ဆရာတော်ခုံးဝန်ကမျက်မှောင်ကြုတ်၍ တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဦးစွာပြောလိုက်သည်။

“ သိုင်းကွက်ငါးရာ ...ဆရာတော် ကျုပ်ရဲ့သိုင်းကွက်ငါးရာကို မရှုံးဘဲခံနိုင်ရင် ကျုပ်ရဲ့ရည်ရွယ်ချက်ကိုပြောပြမယ် ။ ပြီးတော့ ဒီကိစ္စက သိုင်းလောကတစ်ခုလုံးနဲ့သက်ဆိုင်နေတယ်.. “

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏နောက်ဆက်တွဲစကားကြောင့် ဆရာတော်ခုံးဝန်အံ့ဩစိတ်ရှုပ်ထွေးသွားပြီး ထို့လူကြီးကို အမြင်မကြည်ကြသည့် ရှောင်လင်ဂိုဏ်းသားများပင် ပါးစပ်ပိတ်သွားကြတော့သည် ။

သူ၏စကားအရ သိုင်းလောကတစ်ခုလုံးနှင့်သက်ဆိုင်နေသည်ဟုဆိုင်ဖြင့် ဆရာတော်ခုံးဝန်ပင် အလေးအနက်ထားကာပြန်မေးလိုက်သည်။

“ ဒကာကြီးက နှင်းငွေ့မိစ္ဆာသခင်လို သိုင်းလောကတစ်ခုလုံးကိုအုပ်စိုးချင်တာလား...”

ဆရာတော်ခုံးဝန်၏မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးကအဓိပ္ပာယ်ဖော်ရခက်သည့်အပြုံးဖြင့်ပြူံးလိုက်ရင်းခေါင်းယမ်းပြလိုက်သည်။

“ ဒါက ဆရာတော်ကျုပ်ရဲ့သိုင်းကွက်ငါးရာကိုခုခံနိုင်ရင်ပြောပြမှာပေါ့ ။ ပြီးတော့ စောစောကတိုက်ပွဲမှာ ကျုပ်အတွင်းအားဆယ်ပုံခြောက်ပုံပဲသုံးထားတာနော်...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားအဆုံး၌ ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားကြတော့သည် ။

ဆရာတော်ခုံးတုလိုအစွမ်းထက်ပညာရှင်တစ်ယောက်ကိုသိုင်းကွက်သုံးရာခန့်ဖြင့်အနိုင်ယူခဲ့ပြီး ဤသည်က သူ၏အစွမ်းကုန်ထုတ်သုံးခြင်းပသါမဟုတ်သေးပေ။

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏သိုင်းအဆင့်ကိုခန့်မှန်းမိသည့်ဆရာတော်ခုံးဝန်ပင် ထိုစကားကြောင့်အလေးအနက်ဖြစ်သွားပြီး သူ၏မျက်နှာထက်၌ တင်းမာသည့်အရိပ်အယောင်များပျောက်ကွယ်သွားကာ လွန်စွာတည်ကြည်သည့်အမူအယာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။

“ ကောင်းပြီ ကျုပ်သဘောတူတယ်...”

ဆရာတော်ခုံးဝန်၏လက်ခံစကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက သဘောကျစွာပြုံးရင် သတိပေးစကားပြောလိုက်သည်။

“ သတိထားပါ.....”

သူ၏စကားအဆုံးတွင် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ခန္တာကိုယ်က ဆရာတော်ခုံးဝန်၏အနီးသို့ရောက်နှင့်ပြီးဖြစ်သည်။

ယခုတစ်ကြိမ်တွင် အနက်ရောင်ဝတ်စုံဝတ်လူကြီးက သူ၏လက်ညိးနှင့်လက်ခလယ်ကိုပူး၍ ဆရာတော်ခုံးဝန်၏ခန္တာကိုယ်ရှိသွေးကြောများကိုဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။

ပြိုင်ဘက်က စတင်၍တိုက်စစ်ဆင်လာခြင်းဖြစ်သော်လည်း ဆရာတော်ခုံးဝန်ကား တည်‌ငြိမ်သည့်တောင်တန်းကြီးတစ်ခုလိုမြဲမြံစွာရပ်နေပြီး သူ၏လက်ဝါးနှစ်ဖက်ကိုမြောက်၍ ခုခံကာကွယ်လိုက်သည်။

“ ဝုန်း...”

အတွင်းအားများစွာပါဝင်သည့်လက်ညိုးရိပ်များကြောင့် ဆရာတော်ခုံးဝန်၏လက်ဝါးနှစ်ဖက်လုံးထုံကျင်သွားပြီးတစ်ဖက်လူ၏အတွင်းအားကို ဖြုံသွားမိသည်။

သူကိုယ်တိုင်က သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်သို့ရောက်နေပြီဖြစ်သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီးအတွင်းအားက သူ့ထက်ပင်အနည်းငယ်သာလွန်နေသေးသည်။

သို့သော် တိုက်ပွဲပေါင်းမရေမတွက်နိုင်အောင်တိုက်ခိုက်ဖူးသည့်အတွေ့အကြုံရင့်သိုင်းဝိဇ္ဇာတစ်ယောက်ပီသစွာ ဆရာတော်ခုံးဝန်က ပြိုင်ဘက်ကိုထိတ်လန့်မနေဘဲ တန်ပြန်လက်ဝါးချက်များဖြင့်တိုက်ခိုက်လိုက်သည်။

“ ဝုန်း...ဝုန်း...”

ကြောက်မက်ဖွယ်ကောင်းသည့်လက်ဝါးရိပ်ကြီးက စင်မြင့်ပေါ်သို့တည့်မက်စွာရိုက်မိသွားပြီး အောက်ခံကျောက်ပြားများပင် တစစီဖြစ်ကုန်သည်။

အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဆရာတော်ခုံးဝန်၏လက်ဝါးချက်ကို ပွတ်ကာသီကာလေးရှောင်တိမ်းလိုက်ပြီး ဘေးဘက်သို့ရိပ်ခနဲရွေ့လျားကာ လက်ညိုးသိုင်းမှလက်ဝါးပုံစံသို့ပြောင်းလဲကာ တိုက်ခိုက်လိုက်သည်။

“ ဝုန်း...”

ဆရာတော်ခုံးဝန်က တစ်ဖက်လူ၏လက်ဝါးချက်ကိုအချိန်မီကာကွယ်နိုင်လိုက်‌သော်လည်း နက်ရှိုင်းသည့်အတွင်းအားကြောင့် နောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။။

ဤသည်က ဆရာတော်ခုံးတုကို အပြင်းအထန်ဒဏ်ရာရရှိစေသည့်သိုင်းပညာဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးက အခွင့်ကောင်းကိုလက်လွတ်မခံဘဲ နောက်မှလိုက်လံတိုက်ခိုက်တော့သည်။

“ ဝုန်း. “

“ ဟူး...ဟူး...”

အတွင်းအားပေါက်ကွဲသံများ ၊ လေတိုးသံများက ဆူညံနေပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးက လက်ဝါးသိုင်းတစ်လှည့် ၊ လက်ချောင်းသိုင်းဖြင့်တစ်သွယ် အမျိုးမျိုးပြောင်းလဲတိုက်ခိုက်လျက်ရှိသည်။

ဆရာတော်ခုံးဝန်ကတော့ လေမိုးကြားမှ ‌ကျောက်ဆောင်တစ်ခုလို မည်မျှပြင်းထန်သည့်တိုက်ကွက်များဝင်ရောက်လာပါစေ အေးဆေးစွာချေဖျက်နေလေသည်။

သို့‌သော် တိုက်ပွဲအစကပင် ဆရာတော်ခုံးဝန်အတွက် တစ်ကြိမ်နှစ်ကြိမ်သာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး တစ်လျှောက်လုံးခံစစ်အနေအထားဖြင့်သာခုခံနေရသည်။

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏လက်ဝါးသိုင်းက ပြိုင်ဘက်၏ဟာကွက်ပျော့ကွက်များကိုတိုက်ခိုက်ရာ၌ လွန်စွာထိရောက်ပြီး သူ၏လက်ချောင်းသိုင်းကလည်း ဆရာတော်ခုံးဝန်၏ အားကောင်းသည့်တိုက်ကွက်များကိုချေဖျက်နိုင်ရာ လက်ရှိအခြေအနေက ဆရာတော်ခုံးဝန်အတွက်အရေးမသာလှပေ။

လျှင်မြန်ပြင်းထန်သည့်သိုင်းကွက်များကိုတန့်သွားစေနိုင်သည့်လက်ဝါးသိုင်းနှင့် အားပြင်းသည့်တိုက်ကွက်များကိုချေဖျက်နိုင်သည့်လက်ချောင်းသိုင်းတို့၏ပေါင်းစပ်မှုက လုံးဝဟန်ချက်ညီနေသည်ဟုဆိုရမည် ။

အနက်ရောင်ဝတ်စုံဝတ်လူကြီးသာ အစောပိုင်းကတိုက်ပွဲ၌ ထိုလက်ဝါးသိုင်းနှင့်လက်ချောင်းသိုင်းတို့ကို ပေါင်းစပ်အသုံးပြုပါက ဆရာတော်ခုံးတုမှာ သိုင်းကွက်တစ်ရာမပြည့်မီရှုံးနိမ့်သွားနိုင်သည်။

ယခုလည်း ဆရာတော်ခုံးဝန်မှာ ပြိုင်ဘက်၏စည်းချက်ညီသည့်တိုက်ခိုက်မှုများကိုရင်ဆိုင်ရာတွင် သူတတ်မြောက်ထားသည့်သိုင်းပညာများအားလုံးကိုထုတ်သုံးနေရပြီဖြစ်သည်။

သို့သော်လည်း အတွေ့အကြုံပြည့်ဝပြီးသမာဓိအားကောင်းသည့်သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်နှင့်အညီ အနက်ရောင်ဝတ်စုံဝတ်လူကြီး၏သိုင်းကွက်များမည်မျှအစွမ်းထက်ပါစေ ဆရာတော်ခုံးဝန်ကတည်ငြိမ်စွာခုခံနိုင်ဆဲပင်။

ထို့ကြောင့် သူတို့၏တိုက်ပွဲကသိုင်းကွက်သုံးရာကျော်လေးရာနီးပါးသို့ရောက်ရှိလာပြီဖြစ်သော်လည်း တိုက်စစ်နှင့်ခံစစ်ညီမျှနေကာ မည်သူမှအသာစီးမရသေးပေ ။

အောက်ဘက်ရှိရှောင်လင်ဂိုဏ်းသားများမှာတော့ တစ်သက်လျှင်တစ်ကြိမ်သာမြင်တွေ့ခွင့်ရမည့်တိုက်ပွဲကြီးကို အသက်မရှူစတမ်းစောင့်ကြည့်နေမိကြသည်။

ယခုတိုက်ပွဲက ဆရာတော်ခုံးတု၏တိုက်ပွဲလောက်ပြင်းထန်ခြင်းမရှိသော်ငြား လွန်စွာပညာသားပါပြီး ဆရာ‌တော်ရွှမ်းမင်လို သိုင်းဝိဇ္ဇာအဆင့်ရောက်ပြီးလူမျိုးပင် ငေးမောနေရသည် ။

လက်ရှိအချိန်၌ ကွင်းပြင်တွင်တစ်ရာကျော်သာကျန်တော့ပြီး ဤသည်က အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အသံလှိုင်းဒဏ်ကြောင့်မထိခိုက်သူများဖြသ်သည် ။

ထို့ကြောင့် ကျန်ရှိသူများလည်း သူတို့၏ဘဝတွင်မြင်တွေ့ရသမျှတိုက်ပွဲများအနက် အကောင်းဆုံးဟုဆိုရမည့်တိုက်ပွဲကိုမြင်တွေ့ခွင့်ရခြင်းဖြစ်သည် ။

အစောပိုင်းကအသံလှိုင်းဖြင့်တိုက်ခိုက်ခံရ၍ လူများစွာထိခိုက်အပြီးတွင် ထိပ်တန်းအဆင့်အောက်နိမ့်ကျသူများကို သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်မှထွက်ခွာသွားစေပြီးဖြစ်သည်။

ထိုလူများအတွက်တော့ နောက်ရက်များစွာအတွင်း ကြိတ်မနိုင်ခဲမရ တသသပြောရမည့်တိုက်ပွဲတစ်ခုကိုလက်လွတ်သွားကြခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် အစောပိုင်းက အဖိုးအိုနှစ်ယောက်၏ကာကွယ်ပေးမှုအောက်တွင်ရှိ၍ ကိုရင်ကြွယ်ယန်နှင့်ကြွယ်စင်းတို့ပါ ထိခိုက်ခြင်းမရှိဘဲဆက်ရှိနေကြပြီး သိုင်းပညာအဆင့်မြင့်ဘုန်းကြီးများအလယ်တွင် ကိုရင်ဟူ၍သူတို့နှစ်ယောက်သာ ကျန်ရှိခြင်းဖြစ်၏။

သူတို့နှစ်ယောက်သာမက ရှောင်ယောင်ပါ တိုက်ပွဲကိုမျက်စေ့မလွှဲငေးမောနေကြပြီး အစောပိုင်းကလို မေးခွန်းထုတ်နိုင်ခြင်းပင်မရှိရှာပေ။

ယခုတိုက်ပွဲက သူတို့၏နုနယ်သည့်စိတ်နှလုံးများထဲ၌ စွဲထင်ကျန်စေမည့်တိုက်ပွဲလည်းဖြစ်ပြီး နှစ်ကာလကြာ၍ အသက်အရွယ်ကြီးရင့်လာလျှင်ပင်လွယ်လွယ်မေ့လျော့နိုင်ကြမည်မဟုတ်ပေ။

ကြောက်မက်ဖွယ်ကောင်းလှသည့်တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး သက်မှတ်ထားသည့်သိုင်းကွက်ငါးရာအနီးသို့ချဉ်းကပ်လာပြီဖြစ်သည် ။

အမှန်ဆိုလျှင် သူတို့၏တိုက်ပွဲကတန်းတူရည်တူမဟုတ်ဘဲ အနက်ရောင်ဝတ်စုံဝတ်လူကြီးကသိုင်းကွက်ငါးရာအတွင်းအနိုင်မယူစေရန် ဆရာတော်ခုံးဝန်က ကြိုးစား၍ခုခံနေရခြင်းဖြစ်သည် ။

ပုံမှန်ဆိုလျှင် ဆရာတော်ခုံးဝန်လိုသိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိသည့်ပညာရှင်တစ်ယောက်အနေဖြင့် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏သိုင်းကွက်ငါးရာကိုခုခံရန်ကများစွာမခက်ခဲလှဟုတွေးနိုင်စရာရှိသော်လည်း လက်ရှိတိုက်ပွဲအခြေအနေအရ ဆရာတော်ခုံးဝန်ကပင်အရေးနိမ့်လာသလိုလိုဖြစ်နေသဘ်။

အထူးသဖြင့် နောက်ဆုံးတိုက်ကွက်တစ်ရာအတွင်းရောက်ရှိနေပြီဖြစ်၍ အနက်ရောင်ဝတ်စုံဝတ်လူကြီး၏တိုက်ကွက်များက ပို၍ကြောက်မက်ဖွယ်ကောင်းလာသလို ဆရာတော်ခုံးဝန်ကလည်း သတိကြီးစွာထား၍အစွမ်းကုန်ခုခံနေရသည်။

အလားတူပင် ဆရာတော်ခုံးဝန်၏စိတ်ထဲ၌ ပူပင်ကြောင့်ကြစိတ်အချို့ဖြစ်လာမိ၏။

အကြောင်းက အနက်ရောင်ဝတ်စုံဝတ်လူကြီးလို အစွမ်းထက်ပညာရှင်တစ်ယောက်ဆိုင်းမဆင့်ဗုံမဆင့်ပေါ်ထွက်လာခြင်းက ငြိမ်သက်နေသည့်သိုင်းလောကကြီးအတွက်ကောင်းကျိုးထက်ဆိုးကျိူးက ပိုများ၍ဖြစ်သည်။။

ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ယခုအချိန်ထိထိုလူ၏ရည်ရွယ်ချက်ကိုတိတိကျကျမခန့်မှန်းနိုင်သေးခြင်းဖြစ်ပြီး ထိုလူက မြူခိုးများပိတ်ဖုံးနေသည့်သဖွယ် ခန့်မှန်းရခက်လှ၏။

တိုက်ခိုက်နေရင်း အတွေးများသွားသည့်အတွက် ဆရာတော်ခုံးဝန်၏ရင်ဘက်နေရာတွင် မဆိုစလောက်ဟာကွက် လေးတစ်ခုပေါ်လာသည် ။

သာမန်သိုင်းသမားတို့၏တိုက်ပွဲတွင် တစ်ယောက်ကိုတစ်ယောက်အနိုင်ရရန်သာအဓိကထားယှဉ်ပြိုင်ကြ၍ နှစ်ဦးနှစ်ဖက်ဟာကွက်အပြည့်ရှိကြသည်။

အစွမ်းထက်ပညာရှင်များ၏တိုက်ပွဲတွင်မူ သိုင်းတစ်ကွက်က အနိုင်အရှုံးဆုံးဖြတ်ပေးနိုင်သလို မည်မျှသေးငယ်သည့်ဟာကွက်ကလေးပင်ဖြစ်စေ ပြိုင်ဘက်ကအမိအရအသုံးချတိုက်ခိုက်နိုင်ကြသည် ။

ယခုလည်း ထိုအဖြစ်ကြောင့် ကြည့်ရှုနေသူများဟာခနဲဖြစ်သွားကြသည်။

သူတို့ထိတ်လန့်သည်ကမှ နောက်ကျနေသေးသည် ။ ဟာကွက်ပေါ်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏တိုက်ကွက်ကလည်း ထိုနေရာသို့ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်တိုးဝင်ပြီးဖြစ်သည်။။

All Chapters