← Chapters

ပွင့်လင်းပြောကြားစိန်ခေါ်စကား

Vol. 1 Ch. 90

ပွင့်လင်းပြောကြားစိန်ခေါ်စကား

Vol. 1 Ch. 90

“ ရှင်းရှင်းလင်းလင်းပြောလိုက်ပါဒကာကြီး ကျုပ်တို့ရှောင်လင်ကို အခုလိုမျိုးလာစုံစမ်းတာ ဘာရည်ရွယ်ချက်ရှိသေးလို့လဲ ..”

ဆရာတော်ခုံးဝန်က မြိုသိပ်မထားနိုင်တော့သည့်အဆုံး ပွင့်လင်းစွာမေးလိုက်သည်။

ယခု သူ၏လုပ်ရပ်များကိုကြည့်၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ရှောင်လင်ရှိအစွမ်းထက်သိုင်းပညာရှင်များကိုစမ်းသပ်ခြင်းဖြစ်ကြောင်းသိနိုင်ပြီး ထိုလူ့ထံတွင် နောက်ထပ်ရည်ရွယ်ချက်များကျိန်းသေပေါက်ရှိရပေမည် ။

ဆရာတော်ခုံးဝန်၏မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ထူးဆန်းစွာပြုံးလိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။

“ ကျုပ်မှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခု တကယ်ပဲရှိနေတယ်။ ဒါက ရှောင်လင်ရဲ့အင်အားဘယ်လောက်ရှိသလိုဆိုတာကိုစမ်းသပ်ပြီးရင် နောက်လာမယ့် သိုင်းလောကမုန်တိုင်းတွေကို ထိမ်းသိမ်းနိုင်ပါ့မလားဆိုတာသိချင်လို့ပဲ။

လက်ရှိ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှာ ရှောင်လင်နဲ့ဝူတန်းကလွဲရင် ကျန်တဲ့ဂိုဏ်းကြီးလေးခုက ဒီ‌လောက်မဟုတ်ဝာာကို ဆရာတော်လည်းသိမှာပေါ့...”

သူ၏စကားကို ရှောင်လင်ဂိုဏ်းသားများနားမလည်နိုင်ကြသော်လည်း စင်မြင့်ထက်ရှိ ဆရာတော်ခုံးဝန်နှင့် အဖိုးစုလိုသိုင်းပညာရှင်များကတော့ သိသိသာသာတုန်လှုပ်သွားကြသည် ။

အကြောင်းက သာမန်လူများအမြင်တွင် ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းမှာ ဖြိုဖျက်ရန်မဖြစ်နိုင်သည့် အင်အားစုပြီးများဖြစ်သော်လည်း အစွမ်းထက်ပညာရှင်များအမြင်တွင်ထိုမျှမဟုတ်၍ဖြစ်သည်။

ရှောင်လင်ကျောင်းတွင် သိုင်း‌လောကအရေးများကိုဝင်ပါမည်မဟုတ်သည့် ကျောင်းထိုင်ဆရာတော်ကိုထည့်မတွက်ပါက သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိသည့် ပိဍိကတ်ဆရာတော်နှင့်ဆရာတော်ခုံးဝန်၊ သိုင်းဝိဇ္ဇာအလယ်အဆင့်များဖြစ်သည်ြ တံခါးနီအဆောင်မှူးဆရာတော်ခုံးတု ၊ တာမောအဆောင်မှူးဆရာတော်ခုံးရှနှင့် စည်းကမ်းထိမ်းသိမ်းရေးမှူးဆရာတော်တို့ရှိကြသည် ။

သာမန်သိုင်းဝိဇ္ဇာအဆင့်ရှိသူများက ဒုတိယကျောင်းထိုင်ဆရာတော်ရွှမ်းချင်နှင့် ဆရာတော်ရွှမ်းမင်တို့ရှိကြသည် ။

ထိုအင်အားစုက သာမန်ထိပ်တန်းအင်အားစုများထက်အဆများစွာသာလွန်နေသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အမြင်တွင် ဆရာတော်ခုံးဝန်နှငိ့ပိဍိကတ်အဆောင်မှူးတို့သာ အလေးထားရမည့်လူများဖြစ်ကြသည်။

ထိုနည်းတူ ဝူတန်းတွင်လည်း သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိသည့် ဝူတန်းဂိုဏ်းချုပ်ကြီးနှငိ့ ကျန်အကြီးအကဲသုံးလေးယောက်ကသိုင်းဝိဇ္ဇာအဆင့်ရှိသည် ။

ထိုပမာဏက ရှောင်လင်ထက်နည်းပါးသည်ဆိုသော်လည်း အထင်သေးစရာမဟုတ်ပေ။

ကျန်ဂိုဏ်းကြီးလေးခုတွင်တော့ သိုင်းဝိဇ္ဇာတစ်ယောက်စနှစ်ယောက်စသာရှိ၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ထည့်မတွက်ခြင်းဖြစ်သည်။

ထို့အပြင် ကြီးခြောက်ဂိုဏ်းမှအစွမ်းထက်ပညာရှင်များသည်လည်း သိုင်းလောကအရေးများကိုလွယ်လွယ်နှင့်ဝင်မပါကြပေ။

ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားမှာ မှားယွင်းခြင်းမရှိဘဲ နှင်းငွေ့မိစ္ဆာသခင်နှင့်ခရမ်းရောင်သွေးလဂိုဏ်းတို့၏ဖြစ်ရပ်တွင်လည်း သိုင်းလောကတစ်ခုလုံး သူတိူ့ခြေထောက်အောက်သို့ရောက်လုဆဲဆဲဖြစ်သွားကြခြင်းဖြစ်၏ ။

“ မင်းကဘယ်သူလဲ ဘာအကြံအစည်တွေရှိနေတာလဲ...”

ဆရာတော်ခုံးဝန်၏စိတ်ထဲတွင် လွန်စွာကြီးမားသည့်အန္တရာယ်ကြီးတစ်ခုကျရောက်လာတော့မည်ဟု အလိုလိုခံစားမိနေ၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုစူးစိုက်ကြည့်ရင်းမေးလိုက်သည်။

သူ၏ပုံစံက အဆင်သင့်ဖြစ်နေပြီး ထိုလူ့ကိုတိုက်ခိုက်ရမည်ဆိုလျှင်ပင် တိကျသေချာသည့်အဖြေတစ်ခုကိုတော့လိုအပ်ပေသည်။

ဆရာတော်ခုံးဝန်၏အမူအယာကိုကြည့်၍ အနက်ရောင်ဝတ်စုံဝတ်လူကြီး ‌ခပ်တိုးတိုးရယ်မောလိုက်ပြီး ထီမထင်စွာဖြင့်ပြောလိုက်သည်။

“ ကျုပ်မှာ နာမည်တွေသုံးလေးခုရှိခဲ့တယ်။ အခု ဆရာတော်နဲ့တွေ့ဆုံတဲ့အချိန်မှာ ရှောင်လင်ကို ဧည့်သည်တစ်‌ယောက်အဖြစ်ရောက်လာတာ‌ဆိုတော့ အမည်မဲ့ဧည့်သည်လို့ခေါ်လို့ရပါတယ်.. ။။

ပြီးတော့ အခုမြင်ရသလောက်ဆိုရင် ရှောင်လင်ရဲ့အစွမ်းကလည်း မဆိုးဘူးလို့ပြောလို့ရတယ်။။

ကျုပ်ရဲ့ရည်ရွယ်ချက်က သိုင်းလောကတစ်ခုလုံးကို ကသောင်းကနင်းဖြစ်စေဖို့ပဲ။ အလွန်ဆုံးနောက်ဆယ်နှစ် ၊ ဆယ့်ငါးနှစ် အတွင်းမှာ သိုင်းလောကတစ်ခုလုံး ပရမ်းပတာဖြစ်ရပ်တွေဖြစ်လာလိမ့်မယ်။။

ရှောင်လင်ကျောင်းနဲ့ကျန်တဲ့ဂိုဏ်းကြီးငါးဂိုဏ်းက အစွမ်းအစရှိရင် တားဆီးကြပေါ့ ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ အောင်မြင်ခန့်ညားသည့်လေသံက ကွင်းပြင်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီး ကြားရသူတိုင်း ကြက်သီးဖြန်းဖြန်းထသွားမိကြ၏။

သူ၏ပွင့်လင်းသည့်စိန်ခေါ်စကားကြောင့် ဆရာတော်ခုံးဝန်လည်း မျက်နှာတစ်ချက်ပျက်သွားပြီး လှုပ်ရှားရန်ပြင်လိုက်သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ခန္တာကိုယ်က လေပေါ်သို့ရိပ်ခနဲတိုးတက်သွားသည် ။

“ မဖြစ်နိုင်တာ...”

“ ဒါက...”

အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုကြည့်၍ ရှောင်လင်ဂိုဏ်းသားများမှာ တုန်လှုပ်ချောက်ခြားသွားကြသည် ။

ထိုလူ၏ခန္တာကိုယ်က လေပေါ်တွင်လျှင်မြန်စွာရွေ့လျားနေပြီး ခပ်လှမ်းလှမ်းရှိကျောင်းဆောင်တစ်ခု၏ခေါင်မိုးထက်သို့ရောက်ရှိနေပြီဖြစ်သည် ။

သို့‌သော် ထိုသို့သွားရာ၌ လေပေါ်တွင် တစ်ဆင့်ခ့င်းရွေ့လျားသွား၍ဖြစ်ပြီး သူ၏ပုံစံကမမြင်ရသည့်လှေကားတစ်ခုကိုနင်းလျှောက်သွားသည့်သဖွယ်ထင်ရသည် ။

ဤသည်က သိုင်းလောက၏နံပါတ်တစ်ကိုယ်ဖော့ပညာရှင် တိမ်နဂါးယွင်ဖေးပင်လုပ်နိုင်သည့်အရာမဟုတ်ဘဲ လူသားတစ်ယောက်၏ကန့်သက်ချက်ကိုပင်ကျော်လွန်နေခြင်းဖြစ်သည် ။

အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုတိုက်ခိုက်မည်ပြုလိုက်သည့်ဆရာတော်ခုံးဝန်ပင် ထိုအဖြစ်ကြောင့်မတတ်နိုင်ဘဲ ကြောင်အမ်းအမ်းဖြစ်သွားရ၏ ။

“ ငါသိပြီ ဒါက တိမ်နင်းခြေလှမ်းပဲ။

ခြောက်နိုင်ငံခေတ်က နံပါတ်တစ်သိုင်းပညာရှင် တိမ်မဟာသိုင်းရာဇာရဲ့ပညာရပ်ပဲ ။

ပြီးတော့ စောစောက သူသုံးသွားတာက တိမ်မဟာသိုင်းကျမ်းထဲက တိမ်နက်ရိုက်ချက်ဆယ့်ကိုးချက်နဲ့ တိမ်တောက်လက်ချောင်းပညာတွေဖြစ်ရမယ်...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ကိုယ်ဖော့ပညာကိုမြင်ရပြီးနောက်မှ သူ၏သိုင်းပညာများကိုပါပြန်တွေးမိလိုက်၍ ဆရာတော်ရွှမ်းမင်က ရေရွတ်လိုက်ခြင်းဖြစ်စည်။

ထိုစဉ် အဝေးသို့ရောက်ရှိသွားပြီဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက အောက်ဘက်ရှိတိုက်ပွဲကွင်းပြင်ကိုလည်ပြန်ကြည့်၍ အော်ဟစ်လိုက်သည်။

“ နှုတ်ဆက်ပါတယ် ဆရာတော်ခုံးဝန်... ကျုပ်တို့ပြန်တွေ့ကြတာပေါ့ ...”

သူ၏လေသံက ကိုယ့်ကိုယ်ကိုယုံကြည်မှုပြည့်ဝနေပြီး အနည်းငယ်ထူးဆန်းလျက်ရှိသည်။

စကားအဆုံး၌ သူ၏ခန္တာကိုယ်ကိုတစ်ချက်လှုပ်လိုက်ပြီးတစ္တေသရဲတစ်ကောင်လိုလျှင်မြန်စွာပျောက်ကွယ်သွားတော့သည်။

ဆရာတော်ရွှမ်းနန်နှင့်ဆရာတော်ရွှမ်းမင်တို့ကလည်း စင်မြင့်ပေါ်သို့ရိပ်ခနဲခုန်တက်လာပြီး ဆရာတော်ရွှမ်းနန်ကမေးလိုက်သည် ။

“ ဂိုဏ်းတူဦးလေး ကျုပ်တို့ လူလွှတ်ပြီး သူတို့ကိုအရှာခိုင်းလိုက်ရမလား...”

ဆရာတော်ရွှမ်းနန်ဆိုလိုသည့်အရာက အနက်ရောင်ဝတ်စုံဝတ်လူကြီးနှင့် ကျိုးတိတို့ဆရာတပည့်နှစ်ယောက်ကိုဆိုလိုခြင်းဖြစ်၏။

ကျိုးတိနှင့်သူ၏တပည့်လူငယ်လည်းမည်သည့်အချိန်ထဲက ဆုတ်ခွာသွားသည်မသိရဘဲ သူတို့၏နေရာတွင်မရှိတော့သည်မှာ ကြာပြီဖြစ်သည်။

ယခုကိစ္စက လွန်စွာအရေးကြီးသည့်အပြင် အနက်ရောင်ဝတ်စုံဝတ်လူကြီးကလည်း သိုင်းလောကကို ဖျက်ဆီးမည်ဟုပွင့်ပွင့်လင်းလင်းကြေညာသွားသည့်အပြင် ရှောင်လင်ကျောင်းကိုပါ စိန်ခေါ်သွားသေးသည်။

ထိုအဖြစ်ကြောင့် ရှောင်လင်ဂိုဏ်းသားများသာမက သူတို့လိုလူများပင် တည်တည်ငြိမ်ငြိမ်ဆက်မနေနိုင်တော့ပေ။

“ ထားလိုက်တော့...”

ဆရာတော်ခုံးဝန်က ခေါင်းယမ်း၍ ဖြေးညင်းစွာပြောလိုက်သည် ။

ယခု ရှောင်လင်ကျောင်းတော်တွင် ကျောင်းထိုင်ဆရာတော်နှင့် ပိဍိကတ်ဆရာတော်မှလွဲ၍ သူကသိုင်းပညာအဆင့်အမြင့်မားဆုံးဖြစ်ပြီး အစောပိုင်းကတိုက်ပွဲ၌ အနက်ရောင်ဝတ်စုံဝတ်လူကြီးက အားကုန်ထုတ်ခြင်းမရှိဟုခံစားမိနေသည် ။

ထို့ကြောင့် တစ်ဖက်လူကသာပြန်၍တန်ပြန်တိုက်ခိုက်ပါက ရှောင်လင်ဂိုဏ်းသားမည်မျှစေလွှတ်ပါစေ အသတ်ခံရမည်သာဖြစ်သည် ။

“ ရွှမ်းမင် နဲ့ ရွှမ်းနန် မင်းတို့လည်း ညီတော်ခုံးယင်ကိုသွားအကြောင်းကြားပြီး ပိဍိကတ်ဆောင်ကိုလာခဲ့ကြ...အရေးကြီးကိစ္စတိုင်ပင်စရာရှိတယ်...”

ဆရာတော်ခုံးဝန်၏လေးနက်သည့်စကားကြောင့် ဆရာတော်ရွှမ်းမင်တို့နှစ်ဦးလုံး ခေါင်းညိမ့်လိုက်ကြမိသည် ။

“ အော်မီတောဖု မကြာခင်နှစ်တွေမှာ သိုင်းလောကကြီးတော့ မုန်တိုင်းထန်ဦးမှာလား....”

ဆရာတော်ခုံးဝမ်က လက်အုပ်ချီ၍ခေါင်းယမ်းရင်း လေးပင်စွာရေရွတ်လိုက်မိသည်။

&&&&

ရှောင်လင်ကျောင်းတော်တည်ရှိရာ ရှောင်ရှိတောင်ခြေ၌ လူရိပ်သူံးခု ဖြေးညင်းစွာလျှောက်လာကြသည်။

တောင်တက်လမ်းတစ်လျှောက်ရှိ ကျောက်လှေကားထစ်များထက်မှ အေးဆေးစွာလျှောက်လာသည့်သူတို့၏ပုံစံက အလည်အပတ်လာသည့်ခရီးသွားများနှင့်ပင်တူလှသည်။

အကယ်၍ သူတိူ့သုံးယောက်ကသာ လွန်ခဲ့သည့်အချိနိအနည်းငယ်က သိုင်းလောက၏ဥလျှောင်ရှောင်လင်ကို မုန်တိုင်းထန်စေခဲ့သည်ဟုပြောဆိုပါကမည်သူမှယုံကြည်နိုင်မည်မဟုတ်ပေ ။

“ ကျိုးတိ မင်းတောင် အရိပ်ပြရင်အကောင်မြင်တတ်လာပြီပဲ...ငါက မင်းတို့ကိုပါ ကယ်ပြီးထွက်သွားရမယ်မှတ်‌နေတာ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏‌စကားက သူ၏နောက်ဘက်နေရာတွင် ခပ်ရို့ရို့ဖြင့်လျှောက်လာသည့် ကျိုးတိကိုချီးကျူးလိုက်သည်။

ကျိုးတိက ဆရာတော်ရွှမ်းနန်၏လက်ဝါးချက်ကြောင့် အတွင်းဒဏ်ရာရရှိခဲ့သော်လည်း များစွာပြင်းထန်သည့်အဆင့်သို့မရောက်ဘဲ ရှောင်လင်ကျောင်းတွင် အချိန်အတော်ကြာကုစားခဲ့ပြီးဖြစ်၍ အတော်အတန်သက်သာနေပြီဖြစ်သည်။

သူ့ခေါင်းဆောင်၏ချီးကျူးစကားကြောင့် ကျိုးတိ၏မျက်နှာထက်တွင် အပြုံးတစ်ခုထွက်ပေါ်လာပြီး အရိုအသေပေး၍ပြောလိုက်သည်။

“ ဒါက ကျနော့်တပည့်လေးကြောင့်ပါ ။ ခေါင်းဆောင်နဲ့ ဆရာတော်ခုံးဝန်တို့တိုက်ပွဲမပြီးခင်မှာ သူက ကျုပ်ကိုထွက်သွားရအောင်လို့သတိပေးခဲ့တာ...”

ကျိုးတိ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက သူ၏ခြေလှမ်းများကိုရပ်လိုက်ပြိး ကျိူးတိ၏ဘေးတွင်ရှိနေသည့်လူငယ်ကိုကြည့်ကာ ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။

“ ကောင်းတယ် ငါကသိုင်းပညာထူးချွန်တဲ့လူတွေထက် ပါးရည်နပ်ရည်ရှိတဲ့လူတွေ‌ကို ပိုပြီးသဘောကျတယ် ။အချိန်မတိုင်ခင် သေသွားတဲ့ပါရမီရှင်က ဘယ်တော့မှထိပ်ဆုံးကိုမရောက်ဘ။

သိုင်းပညာတစ်ခုထဲထူးချွန်ရုံနဲ့ကတော့ အမြင့်ကိုရောက်မှာမဟုတ်ဘူး ။ လက်ရှိသိုင်းလောကမှာ ထိပ်ပိုင်းကိုရောက်နေတဲ့လူတွေအားလုံးက ဉာဏ်များပြီးပါးနပ်တဲ့လူတွေပဲ...။

အချိန်တိုင်း မာန်မာနကြီးတာကလည်းမကောင်းဘူး။။နှိမ့်ချသင့်တဲ့နေရာမှာ နှိမ့်ချပြီး အသက်ရှင်အောင်ကြိုးစားရမယ် ။ မကျေနပ်တာတွေကိုအချိန်တန်ရင် ပြန်ပြီးလက်စားချေလို့ရတယ် ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ လေးနက်သည့်စကားကြောင့် ကျိုးတိ၏ဘေးရှိလူငယ်လည်း ရိုသေလေးစားသည့်ဟနိဖြင့်အရိုအသေပေး၍‌ပြန်ဖြေလိုက်သည် ။

“ ကျုပ်မှတ်ထားပါ့မယ်ခေါင်းဆောင်ကြီး...”

လူငယ်၏ရိုကျိုးမှုနှင့်ပါးနပ်မှုတို့ကိုသဘောကျသွားပြီး အနက်ရောင်ဝတ်စုံဝတ်ကြီး၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည် ။

“ ကောင်းတယ် ငါတို့စံအိမ်ကိုပြန်ရောက်ရင် မင်းသဘောကျနေတဲ့ မုန်တိုင်းခွဲလက်ကို သင်ပေးဖို့စုန်းယိကို ငါမှာလိုက်မယ်....”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် လူငယ်၏စိတ်ထဲတွင် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး အကြိမ်ကြိမ်ဦးညွှတ်လိုက်တော့သည်။

All Chapters