← Chapters

အခန်း (၁၂၂)

Vol. 11 Ch. 122

အခန်း (၁၂၂)

Vol. 11 Ch. 122

ဒီနေ့ ကနေရင်း ရွှယ်ရှောင်ဟွေ့တစ်ယောက် မကြာခဏ အာရုံထွေပြားနေကာ စိတ်လွတ်နေခဲ့၏။ ချင်းရို့ကတော့ သူမဟာ နောက်ရက်အနည်းငယ်အတွင်းမှာ မိသားစုခြံဝင်းဆီသို့ ပြောင်းရွှေ့လာရတော့မှာမို့ စိတ်လှုပ်ရှားနေတာပဲဖြစ်မယ်လို့ ခန့်မှန်းမိလိုက်သည်။

လောင်ဝမ်ရဲ့ လျှောက်လွှာကို အတည်ပြုပြီးသွားပြီလေ...

"ရှောင်ချင်း... နင်... နင်က တော်လိုက်တာနော်၊ နင် ရေငတ်နေလား? လာလာ ရေသောက်လိုက်"

ရွှယ်ရှောင်ဟွေ့က ချင်းရို့ကို ရေတစ်ဖန်ခွက် ကမ်းပေးလာခဲ့သည်။

"ရေသောက်ချင်နေတာ အတော်ပဲ၊ ပြီးရင် နည်းနည်းထပ်ကကြမယ်လေ"

ချင်းရို့ ပြုံးလိုက်ရင်း ခေါင်းမော့ကာ ရေနည်းနည်းသောက်လိုက်၏။ သူမ ရေသောက်ပြီးတဲ့နောက် သူမအရှေ့မှာ အဖြူရောင်ရေတပ်ဝတ်စုံနဲ့ လူနှစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။

အဖြူရောင်ယူနီဖောင်းမှာ နေရောင်အောက်တွင် စူးရှတောက်ပနေလျက်...

"အဟွတ်-"

ချင်းရို့ ရေသောက်နေရင်း သီးသွားရတော့သည်။

ဘုရားရေ! သူမ ထင်ယောင်ထင်မှားတွေပဲဖြစ်နေတာလား... ဒါမှမဟုတ် သူမ တကယ်ပဲ လောင်ဝမ်နဲ့ သူ့ဘေးက သူမရဲ့အမျိုးသားလေးကို မြင်နေရတာလား?

ချင်းရို့ ကြက်သေသေသွားလျက် ရွှယ်ရှောင်ဟွေ့ဘက် ခေါင်းလှည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သူတို့ ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ?"

ချင်းရို့ ကပြီးပြီးချင်းမှာပဲ ဒီလူနှစ်ယောက်ရောက်လာတာဖြစ်ဖို့ မျှော်လင့်နေခဲ့၏။ သူမရဲ့ အမျိုးသားလေးဟာ အရမ်းအရပ်ရှည်သလို တောက်ပနေတဲ့ မီးသီးလိုမျိုး ချောမောလွန်းတာကြောင့် သူရောက်လာတာကို သူမ ဘယ်လိုလုပ်ပြီး သတိမထားမိဘဲနေမှာလဲလို့?!

သူတို့ အခုလေးတင်ပဲ ရောက်လာတာဖြစ်မှာပါ... သူမ ကနေတာကို သူမြင်မသွားလောက်ပါဘူးလေ...

"တော်တော်ကြာနေပြီ၊ ငါ ကျောင်းအုပ်နဲ့ စကားပြောနေချိန်မှာပဲ သူတို့ရောက်လာကြတာ"

"ရှောင်ချင်း နင် သူတို့ကို အခုမှ တွေ့တာလား?" ရွှယ်ရှောင်ဟွေ့ ကြောင်အသွားလျက်။

ရွှယ်ရှောင်ဟွေ့က သူတို့နှစ်ယောက် ရောက်လာလာချင်းမှာပဲ သတိထားမိခဲ့တာလေ။ သူမ ချင်းရို့ကိုကြည့်လိုက်တော့ ချင်းရို့ဆီမှာ ဘာမှသက်ရောက်မှုမရှိတာကို မြင်လိုက်ရ၍ သူမလည်း ရှက်ရွံ့ခြင်းနှင့် သတ္တိနည်းခြင်းတို့မှ တိတ်တဆိတ် ခုခံခဲ့လေသည်။

ရှောင်ချင်းက အံ့သြစရာကောင်းလိုက်တာနော်...

ချင်းရို့: "!!!!!!!"

ချင်းရို့တစ်ယောက် မိုးကြိုးထိမှန်သွားရသည့်အလား...

လုယန်က သူမ ကနေတာကို တွေ့သွားပြီ...

"ရှောင်ချင်း ရှောင်ချင်းရေ နင်ဘာဖြစ်နေတာလဲဟင်?"

ရွှယ်ရှောင်ဟွေ့ သူမရှေ့မှ မိန်းမလှလေးရဲ့ ပန်းသွေးရောင်မျက်နှာလေးကနေ ချက်ပြီးသား အနီရောင်ကျောက်ပုစွန်လိုမျိုး လောင်မြိုက်သွားရသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး"

ချင်းရို့ စိတ်ထဲမှာတော့ တုန်ယင်နေကာ - ငါ ပျောက်ကွယ်သွားချင်လိုက်တာ...

"ဦးလေး၊ ဦးလေး!!! ဒါ ငါ့ဦးလေးလေ!!!!"

ကျောင်းအုပ်ဝူမင်က သူမအား တောက်ပစွာ ပြုံးပြလိုက်ပြီး

"ရှောင်ချင်းရေ မင်းရဲ့အမျိုးသားက အရမ်းချောတာပဲကွယ်။ မင်းတို့နှစ်ယောက်က တကယ်လိုက်ဖက်တာပဲ။ ပြီးတော့ မင်း အမြွှာလေးမွေးထားတာဆို၊ မင်းရဲ့ ကလေးနှစ်ယောက်ကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူးကွယ်။ ဒါပေမဲ့ ကလေးတွေက မူကြိုတက်ရဖို့အတွက် နှစ်နည်းနည်းလောက် ထပ်စောင့်ရဦးမှာတော့ ဝမ်းနည်းစရာပါပဲ..."

*

ချင်းရို့ကတော့ ဒီမူကြိုကို ပြန်မလာချင်တော့ပါဘူးနော်...

သူမ မူကြိုကနေ ဘယ်လိုထွက်လာမှန်း မသိတော့ပေ။ သူမနှင့် လုယန်တို့က ရှမင်ရှီးနှင့် ရှောင်ကျင်းရိတို့ကို ခေါ်ကာ အတူတူအိမ်ပြန်ခဲ့ကြ၏။ ရှမင်ရှီးက တစ်ခုခုမှားယွင်းနေတာကို သတိမထားမိဘဲ ရှောင်ကျင်းရိနှင့် လူကြီးတွေ နားမလည်တဲ့ အကြောင်းအရာတွေကို စိတ်အားထက်သန်စွာ ဆွေးနွေးနေလေသည်။

ချင်းရို့ရဲ့ မျက်နှာမှာ တင်းမာနေကာ ကျက်သရေရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့ မျက်နှာလေးမှာ အမူအရာမဲ့နေလျက်။

သူမ တခြားသူတွေကို လုံးဝမစနောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တော့သည်။

လုယန်လည်း အံ့အားသင့်နေရာ သူမကို စကားမပြောဖြစ်ခဲ့ပေ။ သူက လက်တစ်ဖက်မှာ သူတို့ဇနီးမောင်နှံအတွက် ကျောင်းအုပ်ဝူက ခင်မင်မှုလက်ဆောင်အဖြစ် ပေးလိုက်တဲ့ ကြွေဇလုံကို ကိုင်ထားပြီး နောက်လက်တစ်ဖက်တွင်မူ သူ့ဇနီးလေးရဲ့ အချိန်ပိုင်းအလုပ်မှရရှိလာတဲ့ ဂျုံမှုန့်နှစ်ဆယ်ကတ်တီကို သယ်ထားခဲ့သည်။

ချင်းရို့က သူ့ကို မကြည့်သလို စကားလည်းမပြောသဖြင့် တိတ်ဆိတ်နေလျက်။

ဇနီးမောင်နှံအတွဲက အိမ်သို့ တိတ်တဆိတ်ပြန်လာခဲ့ကြရာ လုယန်က ယခင်ကနဲ့မတူစွာ နှုတ်ဆိတ်လွန်းနေသဖြင့် ချင်းရို့ရဲ့ စိတ်ထဲမှာ hotဖြစ်နေတဲ့ ခေါင်းစဥ်ပေါင်းများစွာ အဆက်မပြတ် ထွက်ပေါ်လာလေတော့သည် -

'ဇနီးသည်က အပြင်မှာ အရိုင်းဆန်စွာ ကနေရင်း ယောကျ်ားဖြစ်သူထံမှဖမ်းမိသွား'

'မြေခွေးဝိဥာဥ်ရဲ့ မူလပုံစံက ရယ်စရာဖြစ်လာ...'

သူမ ရှက်ရွံ့သလိုရော ဒေါသထွက်သလိုပါ ခံစားနေရလျက်...

အိမ်ရှိ ဘေဘီပိစိလေးတွေကပဲ သူတို့အမေကို နှစ်သိမ့်ပေးနိုင်တော့မယ်...

ချင်းရို့ သူမရဲ့ဘေဘီလေးတွေကို တွေ့ချင်နေခဲ့ပေမယ့် သူမရဲ့အရှေ့မှာ တောင်တစ်တောင် ရှိနေခဲ့သည်။ ချင်းရို့ သူမခေါင်းကို မော့ကြည့်ကာ လုယန်ကို စိုက်ကြည့်လိုက်၏။

သူမ မျက်လုံးမှတစ်ဆင့် 'ရှင်ဘာလိုချင်တာလဲ?' လို့ မေးလိုက်လေသည်။

လုယန် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ့လေသံမှာ အနည်းငယ်အံ့အားသင့်သလို ဖြစ်နေလျက်။ သူက သူ့ဇနီးလေးရဲ့ လက်မောင်းကို တွန်းလိုက်ရင်း ပြောမိသွားခဲ့သည်။

"ကိုယ် မင်းကတာ အရင်က တခါမှမမြင်ဖူးဘူးကွာ"

အရင်တုန်းကတော့ အရာရှိလုက သူ့ဇနီးလေးဟာ အနုပညာအဖွဲ့မှာ သီချင်းဆိုတယ်ဆိုတာပဲ သိထားခဲ့သည်ပင်။

ဟုတ်ပါတယ်... သူမက အသံကောင်းပြီးတော့ သီချင်းကောင်းကောင်းဆိုနိုင်တယ်လေ။ ဒါပေမဲ့ သူမမျှော်လင့်မိတာကတော့ သူမက ကလည်းကနိုင်တယ်တဲ့... အက,ကလည်း ဒီလိုကလေးကကွက်လေးတွေတဲ့....

လောင်ဝမ်ဟာ တကယ့်ကိုပဲ ညီအစ်ကိုကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်းတစ်ယောက်ဖြစ်လေရဲ့။ သူသာ သတ္တိရှိရှိရောက်မလာခဲ့ရင် ဒီလိုမြင်ကွင်းကို သူမြင်နိုင်မှာမဟုတ်ဘူးလေ...

ချင်းရို့: "…"

လုယန်ရဲ့ မျက်နှာချောချောလေးပေါ်မှာ ထူးဆန်းတဲ့ အပြုံးလေးတစ်ခု ပေါ်လာကာ ပြောလာလေ၏။

"မင်း ကိုယ့်ကို အိမ်မှာရော ကပြလို့ရမလား?"

ချင်းရို့ အနည်းငယ် ယားယံလာသလို ခံစားလိုက်ရပြီး ဒလိမ့်တုံးယူဖို့ မီးဖိုချောင်သို့ သွားချင်နေပေမယ့် သူမရဲ့မျက်လုံးတွေက သူ့အား အန္တရာယ်ရှိစွာ မျက်စောင်းထိုးလိုက်သည်။

"ရှင် ဘယ်လိုအကမျိုးကို မြင်ချင်လဲ?"

"ဘယ်ဟာဖြစ်ဖြစ်"

လုယန် ပြုံးလျက် သူ့ခေါင်းထိပ်မှာ လက်ချောင်းနှစ်ချောင်းမြှောက်ကာ သူ့ခေါင်းလေးကို စောင်းလိုက်၍ လက်ချောင်းလေးတွေကို ကွေးပြလိုက်လေ၏။

ချင်းရို့: "Pfft—"

ခက်ထန်ကြမ်းတမ်းတဲ့ဒီလူဟာ ချစ်ဖို့ကောင်းအောင် လုပ်ပြနေတာပဲ။

ချင်းရို့ သူ့ကို တွန်းဖယ်လိုက်ကာ ကလေးတွေကို ကြည့်ဖို့ အခန်းကို ဝင်သွားလိုက်သည်။ သူမရဲ့ ယောက္ခမ ကျန်းဖျင်က သူတို့ကိုတွေ့တော့ "ပြန်လာပြီလား?"

"ဟုတ်ကဲ့၊ သမီး ကလေးတွေကို လာကြည့်တာ"

ချင်းရို့က ကလေးတွေဘေးမှာ ထိုင်ချလိုက်ရာ ကလေးတွေက သူတို့အမေကို မြင်လိုက်တာနဲ့ ဂနာမငြိမ်ဖြစ်သွားကြလျက်။ ချင်းရို့ အပြုံးလေးနှင့် ကလေးတွေရဲ့ မျက်နှာကို ဆွဲညစ်လိုက်၏။

သူမဆီမှာ နို့များများစားစားမထွက်သဖြင့် အဆင်ပြေစေရန်အတွက် ကလေးနှစ်ယောက်ကို ဖြည့်စွက်စာအဖြစ် နို့မှုန့်ပါ တိုက်ကျွေးရ၏။

ကလေးလေးနှစ်ယောက်ကိုလည်း ကြံ့ခိုင်သန်စွမ်းအောင် ပြုစုပျိုးထောင်ပေးရမယ်...

လုယန် သူမနောက်သို့ လျှောက်လာကာ စွဲမက်ဖွယ်အပြုံးလေးတစ်ခုကို ပေးလာခဲ့သည်။

ချင်းရို့: "…"

ချင်းရို့ ခေါင်းငုံ့ကာ တောင်းဆုတစ်ခုပြုပြီးနောက် ကလေးလေးတွေရဲ့ အနှီးကို စစ်ဆေးလိုက်သည်။

အရမ်းကောင်းတာပဲ... သူမရဲ့ သားလေးတွေဟာ မျှော်လင့်ထားတဲ့အတိုင်းပဲ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြတယ်... သူမက လုယန်လက်ထဲကို အနှီးတွေ ထိုးထည့်ပေးလိုက်ပြီး မြန်မြန်ထွက်သွားတော့သည်။

လုယန် အနှီးထုပ်ကို ကိုင်၍ ခေါင်းယမ်းလိုက်ရင်း ခြံထဲမှာ အလုပ်လုပ်ရန် အောက်ထပ်သို့ နာနာခံခံလေး ဆင်းသွားတော့သည်။

လျှော်ဖွပ်နေရင်း သူတွေ့ခဲ့ရတဲ့မြင်ကွင်းတချို့ကို ပြန်တွေးမိသွားတဲ့အခါ သူ့မျက်နှာပေါ်မှာ အပြုံးရိပ်လေး ထင်ဟပ်လာလေ၏။

ကျန်းချန်ပေ့က သူ့အိမ်တံခါးဝတွင် ခါးထောက်ရပ်ကာ လုယန်အား ရန်သူတစ်ယောက်လိုမျိုး ကြည့်နေခဲ့သည်။

လုယန်က ကျန်းချန်ပေ့ကို မြင်လိုက်ရတာကို အံ့အားသင့်မနေဘဲ အပြုံးလေးနဲ့ နှုတ်ဆက်လိုက်၏။

"လောင်ကျန်း!"

ကျန်းချန်ပေ့: "…"

မင်းက ပြုံးနေတယ်?! မင်း ငါ့ကို သတ်မိတော့မလိုဖြစ်သွားတာ မင်းသိရဲ့လားကွ! !

မင်း ဘာဖြစ်နေတာတုန်းကွ! မင်းက ငါတို့အမျိုးသားထုကြီးရဲ့ သစ္စာဖောက်တစ်ယောက်ပဲ!!

အခု မင်းက ခြံထဲမှာ ကလေးအနှီးတွေ လျှော်နေတော့ ငါ့မိန်းမမြင်သွားရင် အနာဂတ်ကျ သူမကလည်း ငါ့ကို အဲလိုခိုင်းတော့မှာလေ...

မိန်းမတစ်ယောက်ရဲ့ နှိုင်းယှဥ်တတ်တဲ့ နှလုံးသားက ကြောက်စရာကောင်းလွန်းတယ်ကွာ!

ကျန်းချန်ပေ့တစ်ယောက် နောက်နှစ်မှာ သူ့ရဲ့ ဝမ်းနည်းဖွယ်ရာနေ့ရက်တွေကို ကြိုမြင်နိုင်သည့်နှယ် သူ့မျက်နှာမှာ အရုပ်ဆိုးသွားရလျက်။ သူလည်း ခြံထဲမှာ ကလေးအနှီးတွေ လျှော်ရတော့မယ်ကွာ...

ကျန်းချန်ပေ့က လုယန်လက်ထဲက အနှီးတွေကို စိုက်ကြည့်ရင်း အထိတ်တလန့်ဖြစ်နေလျက် သူ့ကိုယ်သူ မကယ်တင်နိုင်တော့ပေ။

All Chapters