← Chapters

အခန်း (၁၂၇)

Vol. 11 Ch. 127

အခန်း (၁၂၇)

Vol. 11 Ch. 127

ယခုလည်း သူမ ကိုယ်ဝန်ရှိလာပြီးနောက် တစ်ခုခုကို လေးလေးနက်နက် လုပ်နေပြန်ပြီ။

"ဟွားဟွားရေ နင့်ကြည့်ရတာလေ အမြွှာကိုယ်ဝန်များဖြစ်နေသလားမသိဘူးနော်"

ထိုအမျိုးသမီးက ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်၏။

"နင် ရှောင်ချင်းနဲ့ စကားများများပြောပေါ့၊ သူမဆီက ကောင်းချီးတွေကို ရယူပြီးတော့ နင့်ရဲ့လောင်လျိုအတွက် ဝဝကစ်ကစ်သားနှစ်ယောက်မွေးပေးလိုက်လေ"

ထိုအမျိုးသမီးဟာ ထဖို့တောင် ပျင်းရိလွန်းတဲ့ လီချင့်ဟွားကို ဝဝကစ်ကစ်သားနှစ်ယောက်ရလာမှာကို တကယ်ပဲ မြင်ချင်နေမိသည်ပင်။

လီချင့်ဟွားက ဂရုမစိုက်စွာပင် သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး "ငါက သမီးလေးလိုချင်နေတာ၊ တစ်ကြိမ်တည်းမှာ နှစ်ယောက်ရလောက်တဲ့အထိတော့ ကံမကောင်းပါဘူးဟယ်"

"နင် ရှောင်ချင်းဆီသွားပြီးတော့ ကောင်းချီးတွေကို ယူလိုက်ပေါ့"

"ကျန်းချန်ပေ့က ကံကောင်းဖို့အတွက် ရှောင်ချင်းအိမ်သွားကြဖို့ လောင်လျိုကို ပြောသေးတယ်လေ။ ငါက ငြင်းလိုက်တာ၊ ငါ့ကိုယ်ဝန်က သမီးလေးဖြစ်တယ်ဆိုတဲ့ အိပ်မက်တစ်ခုမက်ထားလို့လေ"

ထိုအချိန်၌ လက်တွေ့ဆန်တဲ့လူတစ်ယောက်က ပြောလာခဲ့သည်။

"နင် တကယ်ရူးတာပဲနော်။ အမျိုးသားတွေက အဲဒါကို မယုံကြဘူးလေ။ ကောင်းချီးတွေကို ဒီလိုထိလိုက်ရုံနဲ့ မရနိုင်တဲ့ဟာကို အိပ်မက်က မှန်ဖို့ဆိုတာ ပိုတောင်ဝေးသေး။ သားလေးမွေးမယ့်သူက သားလေးကိုယ်ဝန်ရှိနေပြီးတော့ သမီးလေးမွေးမယ့်သူက သမီးလေးကိုယ်ဝန်ရှိနေမှာပဲလေ"

"အမှန်ပဲ"

ချင်းရို့ ခြံထဲမှာ ငါးခြောက်လှမ်းနေလေ၏။ သူမ မကြာသေးမီက လိုင်ချီးနှင့် တောကြက်မောက် သီးပင်နှစ်ပင်ကို စိုက်ပျိုးထားခဲ့ပေမယ့် ပိန္နဲသီးကိုတော့ မစိုက်ပျိုးရဲသေးပေ။ သူမ ကုန်အောင်မစားနိုင်မှာကို စိုးရိမ်လို့ပါပဲ။

ပိန္နဲသီးက အရသာရှိပေမယ့် အလုံးကြီးတာမို့ အလွန်အကျွံစားလိုက်ရင် ငြီးငွေ့သွားပေလိမ့်မည်။ လီချင့်ဟွားကလည်း ပိန္နဲပင်တွေစိုက်ထားတာဆိုတော့ ချင်းရို့ သူမအိမ်မှာ သွားစားလို့ရတာပဲလေ။

ချင်းရို့ ယခင်က ပုဇွန်ဆိတ်အခွံတွေကိုလည်း အခြောက်ခံထားခဲ့၏။ ပုဇွန်ဆိတ်အခွံတွေဟာ ကယ်လ်စီယမ်အတွက် မှော်ဆန်လှတဲ့ ဖြည့်စွက်စာပင်။ ၄င်းတို့ကို ဟင်းချက်ရာတွင် လတ်လတ်ဆတ်ဆတ်ဖြစ်စေရန်အတွက် ထည့်နိုင်လေ၏။ ဟင်းရွက်ကြော်၊ ကြက်ဥမွှေကြော်ရာတွင် သို့တည်းမဟုတ် ဟင်းချိုချက်ရာတွင် ၄င်းတို့ကို အသုံးပြုနိုင်သဖြင့် အလွန်အဆင်ပြေပြီး အရသာရှိလှပေသည်။

ချင်းရို့ ပုဇွန်ဆိတ်အခွံတွေကို ဘေးဖယ်ကာ အိတ်ကြီးတစ်လုံးထဲ ခွဲထည့်လိုက်၏။ သူမရဲ့ အစ်မဖြစ်သူ ချင်းမျန့်အိမ်သို့ သွားပို့ပေးကာ အစ်မဖြစ်သူနဲ့ ခဲအိုတို့ဆီ သွားလည်ဖို့ စီစဥ်ထားခဲ့သည်။

ချင်းမျန့်က ချင်းရို့ကို တွေ့ရတာ အရမ်းပျော်ရွှင်နေလျက်။ ချင်းရို့က ချင်းမျန့်ကို သူမအတွက် အဝတ်အစားသေးသေးလေးတွေ ချုပ်ခိုင်းဖို့ အထည်စတွေလည်း ယူလာခဲ့လေသည်။

"ကလေးတွေက တစ်နေ့တစ်နေ့ ထွားတာမြန်ကြတယ်ဆိုတော့ နင့်ကလေးတွေအတွက် ချုပ်မယ်ဆိုရင် ပိုကြီးကြီးရှည်ရှည်လေး ချုပ်မှရမယ်။ မဟုတ်ရင်တော့ ရက်အနည်းငယ်ကြာလို့ ဝတ်မရတော့ဘူးဆို လွှင့်ပစ်ရတာနဲ့ပဲ အဆုံးသတ်သွားရလိမ့်မယ်"

"ဘောင်းဘီရှည်ရင် တိုအောင်လို့ ခေါက်ထားလိုက်လို့ရတယ်၊ တိုသွားရင်တော့ ဖာထေးရရင် ရုပ်ဆိုးသွားမှာလေ"

...

ချင်းရို့က အစ်မဖြစ်သူ ချင်းမျန့်ရဲ့ စကားကို အပြုံးလေးနှင့် နားထောင်နေရင်း ကလေးတွေရဲ့ အဝတ်အစားတွေဟာ ကလေးဆိုဒ်ထက် ပိုကြီးတာ ကောင်းတယ်လို့ တွေးနေမိလျက်။

အရင်တုန်းက ကျောင်းဝတ်စုံထုတ်တဲ့ စက်ရုံတွေ လုပ်လေ့ရှိခဲ့တာပဲလေ။ အဲဒါတွေကို ၁တန်းမှ ၅တန်းအထိ ဝတ်လို့လည်းရသလို အလယ်တန်းရော အထက်တန်းအတွက်ပါ ဝတ်လို့ရပါသေးသည်။

သို့သော် နောက်ပိုင်းတွင်မူ ကျောင်းသားတွေရဲ့ ကျောင်းဝတ်စုံတွေဟာ ပိုလှပလာခဲ့သည်။

ချင်းရို့ ကလေးဝတ်အထည်သေးသေးလေးတွေကို လှန်လှောကြည့်လိုက်ရာ သူမပိုကြည့်မိလေလေ ပိုပျော်လာလေလေပင်။ သို့သော် ကံမကောင်းစွာဖြင့် ချင်းရို့ဆီမှာ သူ့အစ်မလို အချုပ်အလုပ်ကျွမ်းကျင်မှု မရှိတာကြောင့်အဝတ်အစားတွေကို မဖန်တီးနိုင်ခဲ့ပေ။

"ချစ်စရာကောင်းတယ်ဟုတ်? ငါ့ညီမလေးလည်း အမေတစ်ယောက်ဖြစ်လာပြီပဲ"

ချင်းမျန့် အပြုံးလေးနှင့် သက်ပြင်းချလိုက်၏။

"အရမ်းပျော်တာပဲ၊ ငါ့အစ်မရဲ့ လက်ရာက အရမ်းကောင်းလိုက်တာနော်"

ချင်းရို့ ယခုတစ်ကြိမ်လည်း အနီရောင်အထည်စအချို့ ယူလာခဲ့ပြီး ကျိုးကျိုးနှင့် ဖက်ထုပ်လေးအတွက် အနီရောင်ရှေ့ဖုံးခါးစည်းသေးသေးလေးနှစ်ထည်ကို အစ်မဖြစ်သူအား ချုပ်ပေးစေချင်ခဲ့သည်။ မကြာခင်မှာ ကျရောက်လာတော့မှာဖြစ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ဆင်နွှဲကျင်းပဖို့ရာ အမြွှာလေးတွေအတွက် အထူးစပယ်ရှယ်ဝတ်စုံအနီရောင်လေးတွေကို ဝတ်ဆင်ပေးလိုခဲ့သည်။

"ခါးစည်းသေးသေးလေးလား... ကောင်းပြီလေ၊ ဒီအနီရောင်အထည်စက တော်တော်ကောင်းတာပဲဟယ်၊ ကလေးတွေ ဝတ်ဖို့အတွက်ဆိုလည်း နှမျောစရာမကောင်းတော့ပါဘူး..."

ညီအစ်မနှစ်ယောက် စကားပြောပြီးသွားတဲ့အခါ ချင်းမျန့်က အထည်တိုင်းထွာဖို့ ခေါင်းငုံ့လိုက်ပြီးနောက် ညီမဖြစ်သူကို ပြန်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောတော့သည်။

"မမ ဘာဖြစ်နေတာလဲ? နင် ငါ့ကို ဘာလို့ရယ်နေတာတုန်းဟာ?"

ချင်းမျန့် သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်ကာ သူမရဲ့ခြေထောက်တွေလက်တွေ လှုပ်လိုက်ရင်း ခုန်လိုက်လေ၏။

ချင်းရို့: "မမရေ နင် ဒီလို ကပြလိမ့်မယ်လို့ ငါမထင်ထားမိဘူးဟာ"

ချင်းရို့: "..."

တကယ်ပဲ ရှက်စရာကောင်းလိုက်တာနော်။

"ကျင်းရိ နင့်ဆီက သင်ထားတာ မဟုတ်လား? ဒီကလေးက အရင်က လှုပ်ရှားရတာကို မကြိုက်ပေမယ့် အခုတော့ ပြေးလွှားခုန်ပေါက်တတ်လာပြီ။ သူ့အဖေကလည်း သူ့ကို ဒီလိုပုံစံမျိုးနဲ့ တွေ့ရတာ ဝမ်းသာနေတာလေ"

ချင်းရို့ အပြုံးလေးနဲ့ မေးလိုက်သည်။

"ခဲအိုရော အခုတလော နေကောင်းတယ်မလား?"

"သူ အရင်အတိုင်းပါပဲ"

ချင်းမျန့် သူမရဲ့ ခင်ပွန်းအကြောင်းပြောတဲ့အခါ သူမရဲ့ မျက်နှာပေါ်ရှိ အပြုံးမှာ မထင်မှတ်စွာပင် ပျောက်ကွယ်သွားလေသည်။

ချင်းမျန့်တစ်ယောက် မကြာသေးမီက အဖြစ်အပျက်တစ်ခုကို ပြန်တွေးနေရင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။

"မမရေ နင်ဘာကိစ္စရှိနေလို့လဲဟင်? မကြာသေးခင်က ဘာဖြစ်သွားလို့လဲ?"

"အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူးဟာ" ချင်းမျန့်က သူမရဲ့ ညီမလေးရှေ့တွင် ဖုံးကွယ်မထားချင်ဘဲ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတစ်ခုကို ပြောပြလိုက်၏။

"သူတို့ကျောင်းမှာ ပညာတတ်လူငယ်ဖြစ်ဖူးတဲ့ ဆရာမအသစ်တစ်ယောက်ရောက်လာတယ်လေ။ သူမက တော်တော်လေးလှပြီးတော့ သူမကို အင်္ဂလိပ်စာသင်ပေးဖို့ နင့်ခဲအိုဆီကို လာပြီးပူဆာနေလို့ဟယ်"

"မမ နင် စိတ်မသက်မသာဖြစ်နေတာလား?"

"နည်းနည်းပေါ့ဟာ၊ ဒါပေမယ့် ငါလည်း ဘာမှပြောလို့မရဘူးလေ။ သူမက သင်ယူချင်နေတာဆိုတော့"

ချင်းရို့လည်း အစ်မဖြစ်သူဟာ သဝန်တိုနေမှန်း သဘောပေါက်လိုက်တာကြောင့် ပြောလိုက်သည်။

"မမ နင် စိတ်မသက်မသာဖြစ်သင့်တာပဲလေ"

"ညီမလေးရေ နင်ဆိုရင်ရော? ဒီလိုမျိုးကြုံလာရင် နင်ဘာလုပ်မှာလဲဟင်?"

"လုယန်ကို အပူကပ်နေတဲ့ မိန်းမရှိတယ်လို့ နင်ဆိုလိုတာလား? သူမရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါကတော့ လုယန်ကို ငါမပျော်ရွှင်တဲ့အကြောင်း ပြောပြမှာသေချာတယ်"

ချင်းရို့က သူမရဲ့ယောက်ျားကို လာကပ်တွယ်နေတဲ့ အမျိုးသမီးတစ်ဦးရှိတဲ့အကြောင်း စိတ်ကူးကြည့်တဲ့အခါ သူမ တကယ်ပဲပေါက်ကွဲသွားနိုင်တယ်လို့ ခံစားမိသွားခဲ့၏။

ယခုဆို လုယန်နှင့် သူမတို့ရဲ့ ဆက်ဆံရေးဟာ ပို၍နက်ရှိုင်းလာသည်နှင့်အမျှ သူ့အပေါ် သူမရဲ့ ပိုင်ဆိုင်လိုစိတ်သည်လည်း ပို၍ပို၍ပြင်းထန်လာချေပြီ။

"မမရေ နင် စိတ်ထဲအဆင်မပြေတဲ့အကြောင်း ခဲအိုကို ပြောပြသင့်တယ်နော်။ ပြီးရင် သူ့ကို သတိထားဖို့အကြောင်းပါ ပြောပြထားရမယ်လေ"

ချင်းမျန့်က တစ်ခုခုပြန်ပြောတော့မည့်အချိန်မှာပင် "မင်းညီမပြောတာမှန်တယ်"လို့ ပြောလာတဲ့ အပြင်မှ ယောက်ျားသံတစ်သံကို ကြားလိုက်ရ၏။

"မင်းအဆင်မပြေရင် ပြောသာပြောလိုက်"

ချန်မျန့် ပြောရင်းဆိုရင်း လျှောက်ဝင်လာခဲ့သည်။

မကြာသေးမီက ပညာတတ်လူငယ်အမျိုးသမီးတစ်ဦးဟာ သူ့ကို လာလာနှောင့်ယှက်နေတတ်၏။ ရိုးရှင်းတဲ့မေးခွန်းတွေက အဆင်ပြေသော်လည်း အကြိမ်ရေ ခဏခဏဖြစ်လာတဲ့အခါ ချန်မျန့်လည်း တော်တော်လေး စိတ်မသက်မသာဖြစ်ခဲ့ရသည်ပင်။ သူလည်း ဒီနှစ်ရက်အတွင်းမှာ ထိုဆရာမနှင့် ရှင်းရှင်းလင်းလင်းပြောရန် အခွင့်အရေးရှာဖို့ ကြိုးစားခဲ့ပေသည်။

"ဒါဆိုလည်း ကျွန်မ အခုပဲပြောလိုက်တော့မယ်၊ ကျွန်မ တကယ်ကို စိတ်မချမ်းသာဘူး။ အဲဒီဆရာမက ကျွန်မကို ရှင်နဲ့မတန်ဘူးလို့ တွေးနေတာလေ။ ဟုတ်ပါတယ် ဟိုးအစကတည်းက ကျွန်မက ရှင်နဲ့မတန်ခဲ့တာပါပဲ၊ အရင်ကတည်းက ဒီလိုမျိုးတွေ မကြာမကြာကြားခဲ့ဖူးပြီးသား-"

ချင်းမျန့်က ပြောရင်း ရယ်မောလိုက်ကာ "ပြီးခဲ့တဲ့နှစ်တွေထဲမှာ ဖြစ်ရိုးဖြစ်စဥ်ဖြစ်သွားသလိုပဲလေ"

"ကိုယ်တို့ စုံတွဲအိုကြီးတွေဖြစ်နေပါပြီကွာ၊ မင်းဘာတွေပြောနေတာလဲ"

"ရှင် ကျွန်မအတွက် အချစ်ကဗျာတွေ ရေးခဲ့ဖူးတယ်လေ။ ကလေးလေးနဲ့ အတူတူ အိုမင်းလာကြမယ့် ကျွန်မတို့အကြောင်း ရှေးဟောင်းကဗျာတွေလေ။ အခုတော့ ရှင်က ကျွန်မတို့ စုံတွဲအိုကြီးတွေဖြစ်လာပြီလို့ ပြောလာပြီပေါ့လေ။ ကျွန်မစာမတတ်လို့ ရှင် ကျွန်မကို မကြိုက်တော့ဘူးပဲ"

ချန်မျန့် ရယ်မောနေရင်း "မင်းအခုပြောနေတာကို ကြည့်လိုက်ပါဦး၊ မင်းက စာမတတ်ဘူးတဲ့လား"

"ကျွန်မက ဗဟုသုတအများကြီး တကယ်မသိပါဘူးနော်"

သူမဘေးက ချင်းရို့မှာ သူမဟာ ခွေးစာတွေစားဖို့ ရောက်လာမိပြီပဲလို့ တွေးနေပါတော့သည်။

All Chapters