အခန်း (၁၂၈)
Vol. 11 Ch. 128
ကျောက်ကျန်းဟုန်လည်း ချင်းကျိုးကျွန်းသို့ ပြောင်းရွှေ့ခဲ့လေသည်။ သူကိုယ်၌က အပြောင်းအရွှေ့အတွက် လျှောက်ထားခဲ့ခြင်းပင်။ သူနှင့် သူ့ဇနီးထန်ရို့တို့ရဲ့ အိမ်ထောင်သက်မှာနှစ်တော်တော်ကြာခဲ့ပြီဆိုပေမယ့် သားသမီးမထွန်းကားသလို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ မခိုင်မာလွန်းတာကြောင့် ထန်ရို့ကတော့ သူ့အနောက်လိုက်ခဲ့ဖို့ အမြဲငြင်းဆန်နေခဲ့သည်။
သူက ထန်ရို့အား နှစ်အတော်ကြာ နှစ်သက်ခဲ့၍ သူမက သူ့ကိုလက်ထပ်ဖို့ သဘောတူလိုက်တဲ့အခါ ကျောက်ကျန်းဟုန်လည်း ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့အနာဂတ်လေးကို စိတ်ကူးယဉ်နေခဲ့ဖူးသည်။ သို့သော်လည်း နှစ်တွေကြာလာတာနဲ့အမျှ ဒီကျောက်တုံးကို သူ ဘယ်လောက်ပဲဖုံးအုပ်နေပါစေ ပူနွေးလာမှာမဟုတ်မှန်း သူသိရှိသွားခဲ့ရပြီ။
ကျောက်ကျန်းဟုန်ဟာ သူမနှလုံးသားထဲမှာ ဘယ်သူ့ကို သဘောကျနေမှန်း မသိခဲ့ပေမယ့် လုယန်ကတော့ သူ့ကို ကတိတစ်ခုပေးခဲ့လေ၏။ သူက ထန်ရို့ကို လုံးဝမကြိုက်သလို သူတို့ရဲ့ ဆက်ဆံရေးမှာလည်း ဝင်ပါဖို့ပင် စိတ်မဝင်စားကြောင်း ပြောပြထားခဲ့သည်။
သို့သော် မကြာသေးမီက လုယန်ဟာ သူ့ဇနီးနာမည်နှင့်တူတဲ့ ချင်းရို့အမည်ရှိ မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ခဲ့ကြောင်း သူကြားလိုက်ရ၏။
ထိုအခါ သူ့ညီအစ်ကိုကောင်းက ရုတ်တရက်ကြီး ဒီလိုခန့်မှန်းလိုက်သေးသည်။
"ဒါကြောင့် လုယန် ပင်းချန်မှာ ကျောင်းတက်ဖို့ရွေးချယ်လိုက်တာပဲ၊ အဲဒါဆို သံသယကိုရှောင်ကွင်းနိုင်သွားတာပေါ့ကွာ၊ မင်း ထန်ရို့ကို ကြိုက်နေတာ လူတိုင်းသိခဲ့တာလေ။ ဒီတော့ သူက ညီအစ်ကိုကောင်းတစ်ယောက်အနေနဲ့ မင်းကိုလည်း အရှက်မရစေချင်တာကြောင့် သူက..."
"ဒီတော့ ထန်ရို့ကို မင်းလက်ထပ်လိုက်တော့ရော ဘာထူးလို့လဲ သူမရဲ့နှလုံးသားထဲမှာ မင်းမှမရှိတာပဲ"
*
ကျောက်ကျန်းဟုန် အရက်မူးနေချေပြီ။ သူတကယ်အမှားလုပ်မိသွားတာလားလို့ တွေးတောနေမိလျက်။ သူက ချစ်သူစုံတွဲတစ်တွဲကို ခွဲပစ်ခဲ့မိတာပဲ... လုယန်က ညီအစ်ကိုစိတ်ဓာတ်ကို ဦးစားပေးတာကြောင့်နဲ့ သူ့အမျိုးသမီးကို သူ့ဆီပေးခဲ့တာလားကွာ? (Translator mode : 🙄)
သူ့ရဲ့ ခံစားချက်တွေ ရှုပ်ထွေးနေပြီး ဒီအကြောင်းကိုပဲ ထပ်ခါထပ်ခါ တွေးတောနေမိသဖြင့် နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့ပေ။ ကျောက်ကျန်းဟုန် ပြောင်းရွှေ့လျှောက်လွှာကို တင်ခဲ့ပြီး ချုံကျိုးကျွန်းသို့ သွားရန်အစပြုလိုက်တော့သည်။ လုယန်က အဲဒီမှာရှိနေတာကို သူသိသဖြင့် သူတို့ရဲ့ အရင်ကကိစ္စတွေကို ပြေလည်ချင်ခဲ့၍သာ။
ကျောက်ကျန်းဟုန်က ချုံကျိုးကျွန်းသို့ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ ထန်ရို့အား ပြောပြခဲ့ပြီး သူမ စစ်တပ်ထဲဝင်လိုခြင်းရှိမရှိ မေးမြန်းခဲ့သည်။ ထန်ရို့က အရင်တုန်းက ဆန္ဒမရှိခဲ့ရင်တောင်မှ ဒီတစ်ကြိမ်မှာတော့ သဘောတူလိုက်လေ၏။
ကျောက်ကျန်းဟုန် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။
ပြောရပါလျှင် သူနဲ့ လုယန်ရဲ့ ဆက်ဆံရေးမှာ အရင်က အရမ်းကောင်းခဲ့ပေမယ့်် နောက်ပိုင်းမှာတော့ သူက "ချစ်သူ"တွေကို ကွဲကွာစေခဲ့တဲ့ ဗီလိန်ဖြစ်သွားခဲ့ရတာပဲ…
ကျောက်ကျန်းဟုန်က လုယန်ကို မဆက်သွယ်ခဲ့တာ တော်တော်ကြာသွားခဲ့ချေပြီ။ သူက လုယန်ကို ဆက်သွယ်ဖို့ အစမပြုခဲ့သလို လုယန်ကလည်း သူ့ဆီ ဘယ်တော့မှမလာတော့ပေ။
သူတို့နှစ်ယောက်ရဲ့ ညီအစ်ကိုကောင်းဆက်ဆံရေးဟာ မိန်းမတစ်ယောက်ကြောင့် ခွါပြဲခဲ့ရလေသည်။
"မင်းက လူကောင်းတစ်ယောက်ဖြစ်ပြီး စာရိတ္တကောင်းသူဖြစ်နေပေမယ့် ငါကတော့ စောက်ဗီလိန်ကောင်ဖြစ်နေတာပဲကွာ"
ကျောက်ကျန်းဟုန်က သူတို့ရဲ့ စိတ်မပါတော့တဲ့ အိမ်ထောင်ရေးကို ရှေ့ဆက်ဖို့ရာ အဓိပ္ပါယ်မရှိတော့ဘူးလို့ ခံစားလိုက်ရသည်။ သူက ဇနီးဖြစ်သူထန်ရို့ နှင့် ကွာရှင်းလိုသော်လည်း မကွာရှင်းမီတွင် ကောင်းမွန်တဲ့အရာတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့လေသည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေး သဘောကျနေကြတာ မဟုတ်ဘူးလား? ဒါဆို ဒီတစ်ခါတော့ သူ လူကောင်းတစ်ယောက်ဖြစ်ပေးလိုက်မှာပေါ့။
သူ ထန်ရို့ကိုခေါ်သွားပြီး ချုံကျိုးကျွန်းကို ပြောင်းရွှေ့လိုက်မယ်။ ပြီးရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်မယ်လေ။ ဒီလိုဆို သူလည်း လုယန်ရဲ့ ညီအစ်ကိုကောင်းပြန်ဖြစ်လာမှာပေါ့။
သူ ထန်ရို့ကို လုယန်ဆီ ပြန်ပေးလိုက်မယ်လေ။ လုယန်က ချင်းရို့နှင့် လက်ထပ်ခဲ့တာ မဟုတ်ဘူးလား။ ဒါဆို သူက အဲဒီချင်းရို့ကို လက်ထပ်လိုက်မယ်လေလို့ ကျောက်ကျန်းဟုန် တစ်ကိုယ်တည်း တွေးတောခဲ့လေ၏။
ကျောက်ကျန်းဟုန်က ချုံကျိုးကျွန်းကို တစ်ယောက်ထဲ အရင်ရောက်နှင့်နေပြီး မိသားစုခြံဝင်းကို ရောက်လာခဲ့လေပြီ။ သူက လုယန်ကို အရင်ဆုံးရိုက်နှက်ပြီးမှသာ စုံတွဲကို အတူတူရှိခွင့်ပေးဖို့ စီစဉ်ထားခဲ့သည်။
သူက မိသားစုခြံဝင်းထဲရှိ လုယန်ရဲ့ နေအိမ်ကို စုံစမ်းမေးမြန်းလိုက်ပြီး နားလည်ရခက်တဲ့ မခံမရပ်ဖြစ်မှုတွေကို ရင်ဝယ်ပိုက်လျက် လုယန်အိမ်သို့ ထွက်လာခဲ့သည်။
ကျောက်ကျန်းဟုန်က သူ့ကိုယ်သူ သူရဲဘောကြောင်သူလို့ တွေးနေခဲ့ကာ သူက လုယန်ကို အမြဲလိုလို ရှောင်နေခဲ့ပေမယ့် နောက်ဆုံးတော့ သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကို လာရသည်နဲ့သာ အဆုံးသတ်သွားခဲ့ရပြီ။
ကျောက်ကျန်းဟုန်ရဲ့ ခြေလှမ်းတွေဟာ နှေးကွေးသွားသလို သူ့ဦးနှောက်လည်း ရှုပ်ထွေးနေလျက်။ ဒီအချိန်မှာတောင် သူ့နှလုံးသားထဲမှာ မလိုလားအပ်တဲ့ဆန္ဒများစွာ ရှိနေပါသေးသည်။
ဟုတ်တယ်လေ၊ သူက လုယန်လောက် မချောမောသလို အရည်အချင်းကလည်း သူ့လောက် မကောင်းမွန်ဘူး။ အရင်တုန်းကတော့ ညီအစ်ကိုကောင်းတွေဟာ လုယန်က ဒေါသကြီးတတ်သူမို့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားလို့ ပြောနေခဲ့ကြပါသေးသည်။
မျက်မမြင်အမျိုးသမီးကသာ သူ့ကို သဘောကျလိမ့်မှာလို့ ဆိုကြတာပဲလေ…
ကျောက်ကျန်းဟုန် စိတ်မသက်မသာဖြစ်နေလျက်။ သူ လုယန်အိမ်သို့ မရောက်မီတွင် ခြံထဲမှာ အဝတ်လျှော်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၍ ကျောက်ကျန်းဟုန် မတတ်နိုင်ဘဲ ရပ်ပြီး စောင့်ကြည့်နေမိသည်။
- ဒါက အမျိုးသမီးတွေ လုပ်ရမယ့်အလုပ်မဟုတ်ဘူးလား?
အဝတ်လျှော်၊ အချက်အပြုတ်နှင့် ကလေးထိန်းတာတွေက အမျိုးသမီးတွေ လုပ်သင့်တဲ့အလုပ်တွေပဲလေ။ အရင်တုန်းက အိမ်မှာ ရဲဘော်တွေက ဒီလိုအရာတွေလုပ်နေတယ်လို့ ပြောသံတစ်ခါမှ မကြားဖူးဘူးပဲ၊ ကြားဖူးရင်တောင် ရယ်စရာအဖြစ်ပဲ ယူဆမိမှာလေ။
ကျောက်ကျန်းဟုန်: "..."
ဒါက လုယန်ရဲ့ အိမ်နီးချင်းဖြစ်ပုံရတယ်။ ကျောက်ကျန်းဟုန် လှည့်ပတ်ကြည့်ရှုသော်လည်း လုယန် နေထိုင်လောက်မယ့် ခြံဝင်းကို ရှာမတွေ့ခဲ့။
လုယန်ရဲ့ ခွေးလိုဒေါသမျိုးနဲ့ဆို အမျိုးသမီးတွေကို ကောင်းပေးဖို့ ဟန်ဆောင်နေမှာမဟုတ်ဘူး... သူ့အမျိုးသမီးကိုလည်း ဂရုစိုက်မှာ၊ ချော့မော့မှာ မဟုတ်ဘူးလေ။ သူက အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့လို့ ဒီမျက်နှာချောချောလေးနဲ့ဆိုရင်တောင်မှ သူ့လိုဒေါသကြီးပုံမျိုးနဲ့ဆို ဘယ်သူကများ သူ့ဒေါသကို ခံနိုင်ရည်ရှိမှာတဲ့လဲ။
ကျောက်ကျန်းဟုန် အဝတ်လျှော်နေတဲ့သူကိုသာ စိုက်ကြည့်နေမိလျက်။
သူ့ရှေ့က စစ်သားဟာ ခြိမ်းခြောက်ဖွယ်ဖြစ်နေသော်ငြား ခြံထဲတွင် သူ့ဇနီးအတွက် အဝတ်အစားတွေ ကူညီလျှော်ဖွပ်ပေးနေဆဲဖြစ်ကြောင်း ကျောက်ကျန်းဟုန် တွေးနေမိလျက်။
ကျောက်ကျန်းဟုန်: "…"
ကျန်းချန်ပေ့ မော့ကြည့်လိုက်တဲ့အခါ ထူးဆန်းတဲ့လူတစ်ယောက်က တိရစ္ဆာန်ရုံထဲက ဂေါ်ဇီလာကို တွေ့နေရသည့်အလား သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။
မစ္စတာကျန်း သူ့နှလုံးသားထဲတွင် ဆဲရေးလိုက်မိသည်။ 'မင်း ဘာကြည့်နေတာတုန်းကွ၊ ယောကျာ်းတစ်ယောက် အဝတ်လျှော်နေတာကို မင်းတစ်ခါမှမမြင်ဖူးဘူးလားကွ'
"ရဲဘော်ရေ လုယန်- အရာရှိလုကို မင်းသိလား?"
"ငါ သူ့ကိုသိတာပေါ့၊ လောင်လုက ဘေးအိမ်ကပဲလေ၊ ငါ သူ့ကို မသိဘဲ ဘယ်နေမလဲ"
ကျန်းချန်ပေ့က ဒင်းကြောင့်ပဲ ဒီမှာ အဝတ်လျှော်နေရတာပဲလေလို့ သူ့ဘာသူတွေးနေမိလျက်။
လုယန်နာမည်ကို တစ်စုံတစ်ယောက်ရဲ့ နှုတ်ကနေ ကြားလိုက်ရသဖြင့် ကျောက်ကျန်းဟုန် အံ့အားသင့်သွားရလျက်။ သူ လုယန်ကို ချက်ချင်းကြီး မတွေ့ချင်သေး၍ သူ့အရှေ့ကလူနဲ့ပဲ စကားစမြည်ဆက်ပြောလိုခဲ့သည်။
"ယောက်ျားတစ်ယောက်ကိုပဲ နှစ်အတော်ကြာ နောင်တမရှိဘဲ ပေးဆပ်လိုတဲ့ မိန်းမတစ်ယောက်ကို မင်း မြင်ဖူးလား?"
"အင်း ဒါပေါ့ ငါမြင်ဖူးတယ်"
ကျန်းချန်ပေ့က သူ့အကြောင်းသူ တွေးနေမိလျက်။ 'အဲဒါ အရင်တုန်းက ငါ့မိန်းမပုံစံပဲမဟုတ်ဘူးလား၊ သူမက နေ့တိုင်း အိမ်မှုကိစ္စနိုင်နင်းပြီးတော့ ဇနီးကောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတာပဲ မဟုတ်လား'
သို့သော် ယခုတော့ သူမက တခြားအမျိုးသမီးတွေနဲ့ ယှဥ်ပြိုင်ဖို့ ပျင်းရိသွားလေပြီ။
ကျောက်ကျန်းဟုန် အံ့သြသွားရကာ "ဒါဆို အဲဒီအမျိုးသမီးကို အရမ်းကြီးခေါင်းမမာဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသိလား?"
"အင်း သူမကို ပိုကောင်း ပိုစာနာတတ်တဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ပေးလိုက်"
"ဒါဆို ငါနဲ့ လုယန်ထဲက ဘယ်သူက ပိုကောင်းမယ်လို့ မင်းထင်လဲ?"
ကျန်းချန်ပေ့: "..." မင်းဘာတွေပြောနေတာလဲ?
ကြည့်ရတာ ဒီကောင်လည်း ယောက်ျားတွေကြားထဲက သစ္စာဖောက်တစ်ယောက်ပဲဖြစ်မယ်ကွာ…