← Chapters

အခန်း (၁၃၂)

Vol. 11 Ch. 132

အခန်း (၁၃၂)

Vol. 11 Ch. 132

လုယန် ပြုံးလျက် သူ့လက်တစ်ဖက်စီမှာ ကလေးနှစ်ယောက်ကို ပွေ့ဖက်ထားလိုက်၏။ သို့သော် ပွေ့ဖက်ပြီးနောက်တွင်မူ သူ့အဝတ်အစားပေါ်မှာ တံတွေးအမှတ်အသားနှစ်ခု ကျန်သွားပါတော့သည်။

ဒီသွားရည်တွေစီးကျနေတဲ့ ချစ်စရာကလေးပေါက်စလေးတွေက ဘယ်လိုပဲကြည့်ကြည့် တုံးအမိုက်မဲနေတဲ့ပုံပေါက်နေတယ်ရော...

ကလေးနှစ်ယောက်လုံးဟာ စိတ်သဘောကောင်းကြတယ်ဆိုတာကို ချင်းရို့ တွေ့ရှိခဲ့လေ၏။ သူတို့လေးတွေက ငိုယိုပြဿနာရှာတာတွေနည်းပါးပြီး နေ့တိုင်းပျော်ရွှင်နေကြသည်ပင်။

သူတို့အမေကို တွေ့တဲ့အခါ ရယ်ပြပြုံးပြတယ်၊ သူတို့အဖေကို တွေ့ရင်လည်း ရယ်ပြကြတယ်။ သူတို့အဘိုးနဲ့အဘွားကို တွေ့တဲ့အခါလည်း ပျော်နေကြပြန်ရော။ ရှမင်ရှီးကို တွေ့ရင်လည်း စိတ်လှုပ်ရှားစွာ တုံ့ပြန်တတ်ကြပြီးတော့ ရှောင်ကျင်းရိက သူတို့လေးတွေအတွက် ပန်းချီဆွဲပေးတဲ့အခါ ရယ်မောနေကြပြန်တယ်...

ဒီကလေးနှစ်ယောက်ဟာ အရမ်းကိုပေါင်းသင်းဆက်ဆံဖို့ လွယ်ကူလွန်းနေတာပဲကွယ်။

သူမသာ သူတို့လေးတွေကို စားဖို့တစ်ခုခုပေးထားသရွေ့ စားပြီးသောက်ပြီးသည်နှင့် နေ့တိုင်း လူးလှိမ့်ပြကာ အလိုလိုက်ံရတဲ့ကလေးလေးတွေလို လုပ်ပြနေမှာဖြစ်ပြီး ကလေးတွေဟာ သွားရည်တွေစီးကျနေလျက် ဖျော်ဖြေပြနေပါလိမ့်မည်။

တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာအောက်ရှိ တုံးအအမိုက်မဲတဲ့ ပန်ဒါပေါက်လေးနှစ်ကောင်အလား။

ကလေးတွေဟာ ဒီလောက် အကျင့်စာရိတ္တကောင်းမွန်ပြီး နာခံမှုရှိကြလိမ့်မယ်လို့ ချင်းရို့ တစ်ခါမှမတွေးထားဖူးခဲ့ပေ။ သူမရဲ့ကလေးတွေငိုရင် သူမက ချော့မြူပေမည်။

အရင်တုန်းက ပိပိပုစွန်နှစ်ကောင်လေးမွေးလာမှာကို သူမကြောက်ခဲ့ပေမယ့် အခုတော့ ချင်းရို့က ငတုံးသားလေးနှစ်ယောက်ကို ပျိုးထောင်ရမှာကို စိုးရိမ်နေချေပြီ။

ချင်းရို့က ယောက္ခမ ကျန်းဖျင်ဆီ သွားမေးကြည့်လိုက်၏။ "လုယန် ငယ်ငယ်တုန်းကလေ အရမ်းနာခံတတ်လားဟင်?"

ကျန်းဖျင်က ရှက်ရွံ့စွာ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလာခဲ့သည်။

"ဖြစ်နိုင်ပါတယ်"

ချင်းရို့: "…"

"သူ လသားအရွယ်တုန်းက သူ့သားတွေလိုပုံစံပါပဲ"

ချင်းရို့: "...တကယ်လား?"

ကျန်းဖျင်က မိခင်တစ်ယောက်အနေနှင့် ချွေးမလေးအား အကြံဥာဏ်တချို့ပေးရမယ်လို့ ခံစားမိကာ ပြောလိုက်၏။

"ဒီအချိန်က ကလေးတွေကို သေချာသွန်သင်လို့ရတဲ့ အကောင်းဆုံးအချိန်ပဲ"

"ဘာလို့?"

ပထမဆုံးအကြိမ် မိခင်ဖြစ်ဖူးတဲ့ ချင်းရို့ကတော့ ထိုအကြောင်းကို အမှန်တကယ်ပင် မတွေးခဲ့မိပေ။ ကလေးငိုသံနဲ့ ဆူဆူညံညံသံတွေလုပ်လေ့ရှိတဲ့အခါ အိမ်နီးနားချင်းတွေကို စိတ်ပျက်စေပြီး မိခင်တွေလည်း မီးဖွားပြီးနောက်ပိုင်း စိတ်ကျရောဂါကို ဖြစ်စေတယ်လို့ အရင်တုန်းက သူမကြားဖူးခဲ့သည်။

သူမရဲ့ ကလေးနှစ်ယောက်က ငိုလည်းမငို၊ ပြဿနာလည်းမရှာတတ်၊ သူတို့ညီအစ်ကိုနှစ်ယောက်စလုံးက လိမ္မာကြပြီး နေ့တိုင်း ပျော်ပျော်ကြီး စားလိုက်သောက်လိုက်လုပ်ကြကာ *ဝက်ဝံကလေးတွေရဲ့ လက္ခဏာတွေ လုံးဝမတွေ့ရပါချေ။ (*ဆိုးသွမ်းတဲ့ကလေးတွေ)

"ဒီကလေးနှစ်ယောက်က တွားသွားလို့တောင်မတတ်သေးဘူးလေ"

ချင်းရို့: "…"

အမှန်ပါပဲ...

အနှီချစ်စရာကောင်းတဲ့ ပေါက်စလေးနှစ်ယောက်ကတော့ လူးလှိမ့်ရုံမှတစ်ပါး ဘာမှမလုပ်နိုင်ကြသေးဘဲ သွားရည်တွေစီးကျနေလျက် မိခင်နို့အတွက် ချစ်စရာကောင်းအောင် ပြုမူနေကြသည်။

ချစ်စဖွယ်ပိုးကောင်လေးနှစ်ကောင်လေးအလား...

ချင်းရို့ သူမသားတွေရဲ့ မျက်နှာဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်ပြီး ယခု အချိန်ကောင်းကို မြတ်နိုးသင့်သလားလို့ တွေးတောနေမိလျက်။

အနှီကလေးပေါက်စလေးတွေဟာ များသောအားဖြင့် နူးညံ့ကာ ချစ်ရာကောင်းကြပြီး လွယ်လွယ်လေးဘူလီလို့ရပေမယ့် သူတို့လေးတွေ အိပ်ပျော်နေတဲ့အခါ အိပ်နေတဲ့ ကိုယ်ဟန်အနေအထားမှာ ဇာတ်ကောင်တစ်ခုလို ထူးထူးခြားခြား ရဲရင့်ခံ့ညားနေကြလေသည်။

နှစ်ယောက်သား အတူတူအိပ်ကြတဲ့အခါ အပြန်အလှန်ဖက်တွယ်ထားကြလျက် ပျော်ပျော်ကြီး စေးကပ်နေကြလေသည်။

ပြီးတော့ သူတို့လေးတွေက အချင်းချင်းရဲ့ ပါးဖောင်းဖောင်းလေးတွေကို ပွတ်ပေးကြဖို့ လက်လေးတွေကို ဆန့်ထုတ်လိုက်ကြပါသေးသည်... ဟားဟားဟား

"တကယ်ပဲ ငါ့ရဲ့ တုံးအအသားလေးနှစ်ယောက်ပါပဲ"

တကယ့်ကို ထူးဆန်းတာတစ်ခုပြောရပါလျှင် ကလေးနှစ်ယောက်ဟာ အဆီဖောင်းဖောင်းမျက်နှာလေးကလွဲရင် အရပ်အမောင်းနှင့် ကိုယ်အလေးချိန် အတူတူပင်။

သူတို့လေးတွေက အကြိမ်ပေါင်းများစွာ ထပ်တူညီတဲ့အပြုအမူလေးတွေ လုပ်တတ်ကြ၏။ ဥပမာဆိုရသော် အကြီးလေးက လှည့်ချင်ရင် အငယ်လေးကလည်း ရုတ်တရက်ကြီး လှည့်ချင်လာပေလိမ့်မည်။ တစ်ယောက်က ဘယ်ဘက်လှည့်ကာ နောက်တစ်ယောက်က ညာဘက်လှည့်လာပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင်ဖြစ်သွားကြတော့သည်။

"အာ?"

"အာ?"

ချင်းရို့က ကလေးတွေကို "အဲ့ဒါ သားလေးလား?" "သားဟုတ်လား?" လို့ ခေါ်၍ စနောက်နေလေ၏။

ဥာဏ်ရည်မမှီတဲ့ တုံးအမိုက်မဲတဲ့ကလေးတွေဟာ အလွန်ပျော်ရွှင်နေလေသည်။

ထိုအချိန်တွင် ဘေးအိမ်ရှိ အစ်မဟွမ်နှင့် အစ်မဟွားဟွားတို့ နှစ်ယောက်လုံး ဗိုက်ကြီးကြီးရှိနေကြပြီဖြစ်ရာ ယခုအချိန်တွင် ကိုယ်ဝန်ဆောင်ပညာရေး စတင်ခဲ့ကြသည်။

ယင်းကြောင့်ပဲ ပြဿနာတစ်ရပ်ပေါ်ပေါက်လာလေရဲ့။ ကျန်းချန်ပေ့က အရမ်းဆန်းသစ်တီထွင်စွာဖြင့် သူ့သမီးလေးအတွက် ကိုယ်ဝန်ဆောင်ပညာပေးဖို့ ခြံထဲတွင် အာ့ဟူတီးခတ်ခဲ့လေသည်။

ကျန်းချန်ပေ့က အရည်အချင်းနည်းနည်းရှိတယ်လို့ ပြောလို့ရပေမည်။ သူက တယောမတီးတတ်သော်လည်း သူ့ရဲ့အာ့ဟူစကေးက တကယ့်ကိုကောင်းမွန်လှ၏။ မွေးရာပါအနုပညာဗီဇမပါရှိတဲ့ လုယန်နှင့်မတူပါချေ။

သူ့၏ အာ့ဟူက နားထောင်လို့ကောင်းပြီး သံစဥ်တွေက လူတွေကို ငိုစေနိုင်လောက်အောင် ဝမ်းနည်းစရာကောင်းလှသည်။ သူ စတီးခတ်ချင်းမှာပဲ ဘာမှလုပ်စရာမရှိတဲ့ အမျိုးသမီးတွေလည်း ရှိုးကြည့်ဖို့ရောက်လာကြကာ ကျန်းချန်ပေ့က တေးသွားအနည်းငယ် သီဆိုပေလိမ့်မည်။

"ကောင်းတယ် နောက်ထပ်ဟေ့ နောက်တစ်ပုဒ်!!"

"မစ္စတာကျန်းအတွက် လက်ခုပ်တီးပေးကြပါ"

*

အနှီမြင်ကွင်းမှာ ရှေးခေတ်လူ့အဖွဲ့အစည်းရှိ ဖျော်ဖြေတင်ဆက်မှုမြင်ကွင်းနှင့် အတိအကျတူနေလေသည်။ ကိုယ်ဝန်ဆောင်ဟွမ်ရှင်းရင်က သူမ ပန်းကန်လုံးတစ်လုံးယူပြီး သူတို့အား အားပေးကြတဲ့လူတွေကို ကျေးဇူးတွေတင်ကာ ပန်းကန်လုံးထဲကို ကြေးပြားတွေကျလာတဲ့ အသံတွေတောင် ကြားနိုင်တယ်လို့ မတွေးမိဘဲမနေနိုင်တော့ပေ။

(T/N : သူတို့က လမ်းမပေါ်မှာ ဖျော်ဖြေပြ၊ ဝိုင်းကြည့်တဲ့သူတွေက အကြွေစေ့လေးတွေပစ်ထည့်သွားတာမျိုးလေးကို မြင်ယောင်မိနေတာပါတဲ့)

"ငါ့သမီးလေးကတော့ အနာဂတ်ကျရင် အနုပညာအဖွဲ့ကို၀င်မှာ အသေအချာပဲ"

ဟွမ်ရှင်းရင်က ချင်းရို့ကို ပြောလိုက်သည်။

"အရမ်းကောင်းပါတယ်၊ အဲဒါက သင့်တော်တာပဲ"

ချင်းရို့က ဒီလိုမျိုး ကိုယ်ဝန်ဆောင်ပညာရေးကို နားထောင်ပြီး မွေးဖွားလာတဲ့ ကလေးလေးဟာ သူမရဲ့ တုံးအအရတနာလေးတွေထက် ဂီတမှာ ပိုထူးချွန်မှာပဲလို့ တွေးနေခဲ့သည်။

ချင်းရို့က ဂီတတူရိယာတွေ တီးခတ်ရန် ပြင်ဆင်မှုတွေကို စွန့်လွှတ်ထားပြီးဖြစ်သည်။

သူမ ကလေးတွေကို သူတို့အဖေဆီကနေ တယောတီးတာကို တိုက်ရိုက်သင်ယူစေလိုက်မယ်။ ရိုးရှင်းတဲ့ ကလေးသီချင်းအနည်းငယ်ကို တီးခတ်နိုင်တာကပဲ ကျေးဇူးတင်စရာပင်။

"ငါကတော့ သမီးလေးကို အာ့ဟူတီးသင်ဖို့ ခွင့်မပြုပါဘူးနော်။ သူမလေးကို တယောတီးသင်စေချင်တာ၊ ငါ့သမီးလေးက တယောတီးရင် အရမ်းလှမှာ သေချာတယ်"

"အချိန်တန်ရင် ငါ့သားတွေဆီက တယောပြန်သင်ပေါ့၊ အသက်နှစ်နှစ်ကွာတာက ပြဿနာမှမဟုတ်ဘဲလေ၊ အိမ်နီးချင်းတွေဆိုတော့ အနာဂတ်ကျ သူတို့လေးတွေလည်း မကြာမကြာ အတူတူဆော့ကစားကြမှာပဲဟာ"

ဟွမ်ရှင်းရင် ခေါင်းညိတ်လိုက်သည်။

တစ်နေ့တွင် လုယန် အိမ်ပြန်ရောက်တဲ့အခါ ဘေးအိမ်မှ ကျန်းချန်ပေ့က သူ့ကို ဆွဲခေါ်လိုက်ကာ ခဏကြာ စကားပြောနေခဲ့သည်။

ထို့နောက်တွင်မူ လုယန်က သူ့ဇနီးလေးကို ပြောလာခဲ့သည်။

"လောင်ကျန်းက ကိုယ်တို့သားတွေကို အာ့ဟူတီးနည်း သင်ပေးချင်တယ်တဲ့။ ဒါပေမဲ့ ကိုယ်ကတော့ သူ့ဆီကနေ ကိုယ့်သားတွေကို မသင်စေချင်ပါဘူး"

ချင်းရို့လည်း သူမခင်ပွန်းဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြသည့်နှယ် ခေါင်းညိတ်လိုက်၏။

ဒါပေမယ့် လုယန်က နောက်ထပ်အကြောင်းအရာတစ်ခုကို မျှော်လင့်နေတာကြောင့်ပါပဲ။

"မိန်းမရေ အနာဂတ်ကျ မင်း ကလေးတွေကို အိမ်မှာပဲ အကနဲ့ သီချင်းဆိုသင်ပေးလို့ရတယ်လေ"

"ကိုယ်တို့ခြံထဲမှာ ကလိုက်ရုံပဲ၊ နေရာလည်းကျယ်တယ်လေ"

ခြံထဲမှာ ချစ်ဖို့ကောင်းတဲ့ပေါက်စလေးနှစ်ယောက်နှင့် သူ့ဇနီးလေးက အတူတူကနေရင် အဲဒီမြင်ကွင်းလေးဟာ တကယ့်ကိုပဲ...

လုယန်က ထိုမြင်ကွင်းကို အရမ်းမြင်ချင်နေလေပြီ။ ဒါဟာ သူ့ရဲ့ အနာဂတ်တိုက်ပွဲအစီအစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

ကနဦးတိုက်ပွဲရည်ရွယ်ချက်တွေပေါ့...

ချင်းရို့: "…"

မဖြစ်နိုင်ဘူး၊ အဲဒါကို စဉ်းတောင်မစဥ်းစားပါနဲ့!

လုယန် ရိုးရိုးရှင်းရှင်း ရေချိုးလိုက်ပြီး သန့်ရှင်းတဲ့ အဝတ်အစားတွေ လဲဝတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာဖြင့် သူ့ဇနီးလေးအား ပြောပြလာသည်။

"လောင်ကျန်းက ဒီရက်ပိုင်း တစ်ခုခုထူးဆန်းနေသလိုပဲလို့ ကိုယ်ထင်တယ်ကွာ"

"ဟုတ်တယ်၊ နည်းနည်းတော့ ထူးဆန်းနေတယ်"

ဒါပေမယ့် ချင်းရို့က ဒါဟာ ပုံမှန်ပါပဲလို့ တွေးမိတာကြောင့် "ဘာပဲဖြစ်ဖြစ် သူက အဖေတစ်ယောက်ဖြစ်လာတော့မှာလေ"

"သူက ကိုယ်တို့သားရဲ့ အနှီးကို တစ်ချိန်လုံး စိုက်ကြည့်နေတာကွာ၊ ပြီးတော့ အဲဒါက ကျိုးကျိုးဟာလား ဖက်ထုပ်လေးဟာလားလို့ မေးသေးတယ်"

ချင်းရို့: "... သူစပ်စုချင်နေတာနေမယ်။ အင်းလေ ကျိုးကျိုးနဲ့ ဖက်ထုပ်လေးက အရမ်းဆင်တူလွန်းတာကိုး"

"ဖြစ်နိုင်ပါတယ်" လုယန်လည်း ဒါကို သိပ်အလေးအနက်မထားခဲ့ပေ။

ဘေးအိမ်ရှိ လောင်ကျန်းက မကြာသေးမီက သမီးရူးရူးနေခဲ့တာကိုတော့ လုယန်တို့နှစ်ယောက် မသိရှာပါပေ။ လောင်ကျန်းက သူ့မှာ သမီးလေးတစ်ယောက်ရှိလာခဲ့ရင် အနာဂတ်တွင် သူ့ရဲ့ချစ်လှစွာသောသမီးလေးကို ဘယ်သူနဲ့လက်ထပ်ပေးရမလဲလို့ တွေးတောနေခြင်းသာ။

All Chapters