ချေးပိုးထိုးသတ်ဖြတ်သူ
Vol. 1 Ch. 2
“ဒင်”
ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသည်။
လော့ထျန်သည် ဘယ်ညာလှည့်ကြည့်ပြီးနောက် “အဲဒီအသံ ဘယ်ကလာတာလဲ” ဟု ကိုယ့်ဘာသာကိုယ်မေးလိုက်သည်။
မာထုံ၏ မျက်လုံးများ ပြူးကျယ်လာကာ နောက်တစ်ကြိမ် ထပ်ကန်ရင်း “ဟဲ့ကောင် ဘာအသံလဲ မြန်မြန်လုပ်စမ်း မလုပ်ရင် ငါမင်းကို နင်းသတ်လိုက်မယ်” ဟု ဆဲဆိုလိုက်သည်။
“ငါ တကယ်ပဲ အသံကို စိတ်ထင်နေလို့လား”
လော့ထျန်သည် ခေါင်းခါလိုက်ပြီး ဆက်လက်လျှောက်ရန် ပြင်လိုက်စဉ် ဒေတာအမြောက်အမြားသည် သူ့ဦးနှောက်ထဲသို့ လှိုင်းလုံးများပမာ ဝင်ရောက်လာသည်။
“ဒင်”
“ဂုဏ်ယူပါတယ် ကစားသမား လော့ထျန် သင်ဟာ ချေးပိုးထိုးတစ်ကောင်ကို သတ်လိုက်တဲ့အတွက် အတွေ့အကြုံ ၁ မှတ်၊ နက်နဲသော စွမ်းအင် ၀ မှတ် ရရှိပါတယ်…”
“ဂုဏ်ယူပါတယ် ကစားသမား လော့ထျန် သင်ဟာ ဝတ္ထုကျင့်ကြံမှု ဆုလာဘ်စနစ် ကို ဖွင့်လိုက်ပါပြီး။ ဆုလာဘ်ရဲ့စံနှုန်းများကို ကြည့်လိုပါသလာ”
“ဘာ ဘာဖြစ်နေတာလဲ”
သူ၏စိတ်ထဲတွင် လျှပ်စစ်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
လော့ထျန်သည် ထူပူနေပြီး ခေါင်းကို ညိတ်ကာ “ကြည့်မယ်” ဟု ပြောလိုက်သည်။
သူ ဆန္ဒရှိသည်နှင့်တစ်ပြိုင်နက် သူ့စိတ်ထဲရှိ စနစ်ကို ဖွင့်လိုက်၏။
ကစားသမား- လော့ထျန်
အဆင့်- ၀
အတွေ့အကြုံ- ၁/၁၀၀
နက်နဲသော စွမ်းအင်- ၀
ကျင့်ကြံမှုစွမ်းရည်- မရှိ
ထူးခြားသော စွမ်းရည်- မရှိ
အဖော်- မရှိ
“ဟားဟားဟား…”
“ကောင်းကင်က ငါ့ကို မစွန့်ပစ်သေးဘူး။ အဆင့်မြှင့်တင်တဲ့ စနစ်ကိုတောင် ပေးလိုက်သေးတယ်။ ငါ ချမ်းသာတော့မယ်၊ ငါ ချမ်းသာတော့မယ်။ ဟားဟားဟား…”
လော့ထျန်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဘေးနားမှ မာထုံသည် ရုတ်တရက်ရယ်သံကြောင့် ကြောက်ရွံ့သွားပြီး လော့ထျန်အား ကြည့်လိုက်ရင်း သူ ရူးသွားပြီဟု တွေးလိုက်သည်။
တကယ်ပင်…
လော့ထျန်၏ စိတ်လှုပ်ရှားနေသော မျက်နှာနှင့် အရူးအမူးရယ်မောမှုတို့သည် သူ ရူးနေသည်ဟု ထင်ရစေသည်။
လော့ထျန်သည် အင်တာနက်ဝတ္ထုများကို အများအပြား ဖတ်ဖူးပြီး ထိုအသံများက မည်သည်ကို ကိုယ်စားပြုကြောင်း ရှင်းရှင်းလင်းလင်း သိသည်။
ဤစနစ်၏ အသုံးဝင်ပုံကို သူ တပ်အပ်သိနေသည်။
ဤသည်မှာ ဗီဒီယိုဂိမ်းနှင့်ဆင်တူသော စနစ်တစ်ခုပင် ဖြစ်သည်။
ကမ္ဘာမှ အိုတာကူးလူငယ်တစ်ဦးအတွက် ကျင့်ကြံနိုင်ခြင်းသည် ဒဏ္ဍာရီဆန်သော ပုံပြင်တစ်ခုနှင့်တူ၏။
ဒန်ထျန် သို့မဟုတ် နက်နဲသော စွမ်းအင် မည်သို့ပင်
ဖြစ်စေ ၎င်းတို့ကို ဝတ္ထုများထဲတွင် ဖတ်ဖူးသည်မှအပ အခြားဘာမျှ မသိပေ။
သို့သော် ဗီဒီယိုဂိမ်းများနှင့်ပတ်သက်လာလျှင် ကမ္ဘာမှ အိုတာကူးအားလုံးသည် ရင်းနှီးကျွမ်းဝင်ကြသည်။
သားရဲများကို သတ်ခြင်း၊ မစ်ရှင်များကျော်ဖြတ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများသည် အလွန်ရင်းနှီးသော အကြောင်းအရာများဖြစ်သည်။
လော့ထျန်သည် သူ၏ တန်တျန် ချို့ယွင်းသွားသည်ကို သိလိုက်ရသောအခါ စိတ်ဓာတ်ကျခဲ့သည်။
ဤကမ္ဘာတွင် ကျင့်ကြံ၍မရသောသူသည် ပုရွက်ဆိတ်ထက်ပင် နိမ့်ကျပြီး လှောင်ပြောင်ခံရခြင်း၊ စော်ကားခံရခြင်းနှင့် ရိုက်နှက်ခံရခြင်းတို့ပင် ရှိနိုင်ပေသည်။
လူသားတစ်ဦး၏ အခြေခံအကျဆုံး ဂုဏ်သိက္ခာပင် မရှိတော့ပေ။
ဤအရာအားလုံးကို ပြောင်းလဲရန် တစ်ခုတည်းသောနည်းလမ်းမှာ ခွန်အားပိုမိုကြီးလာစေရန်ဖြစ်သည်။
ကျင့်ကြံ၍မရသောအခါ အရာအားလုံးကို ပြောင်းလဲလိုခြင်းသည် မဖြစ်နိုင်ချေ။
လော့ထျန်သည် လော့မျိုးနွယ်စုမှ ထွက်ပြေးပြီး ကျောက်စိမ်းတောင်
မြို့မှ ရှောင်တိမ်းကာ လူသူနှင့်ဝေးသောနေရာတွင် သွားရောက်နေထိုင်ရန် ရည်ရွယ်ခဲ့သည်။
သို့သော် အခုတော့ အရာအားလုံး ပြောင်းလဲသွားချေပြီ။
သူသည် အဆင့်မြှင့်တင်ခြင်းစနစ်ကို ပိုင်ဆိုင်ထားသဖြင့် ကျင့်ကြံလိုခြင်းနှင့် အဆင့်တိုးတက်လိုခြင်းသည် ပြဿနာမဟုတ်တော့ပေ။
ယခုအခါ…
လော့ထျန်၏ နှလုံးသားသည် ခိုင်မာလာပြီး
“ကျင့်ကြံတာနဲ့ အဆင့်တက်တာကို ငါ နားမလည်ဘူး။
ဒါပေမဲ့ သားရဲတွေကို သတ်ပြီး အဆင့်တက်တာကတော့ ငါ သေချာပေါက် လုပ်နိုင်တယ်”
ဟု ကိုယ့်ဘာသာကိုယ် ပြောလိုက်သည်။
“မာထုံဆိုတဲ့ ခွေးကောင်”
“လော့ယွဲ့နဲ့ ကျူးမေး မင်းတို့ ခွေးမသားနှစ်ကောင်၊ လော့ကျန့်ရှန်ဆိုတဲ့ ခွေးအို၊ လော့မျိုးနွယ်စုတစ်ခုလုံး မင်းတို့ တစ်ယောက်ချင်းစီ ငါ့ကို စောင့်နေကြ”
ရုတ်တရက်…
လော့ထျန်သည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ခေတ္တမျှ လင်းလက်သွားသည်။
သူသည် အခြားသူတစ်ဦးအဖြစ် လုံးဝပြောင်းလဲသွားသကဲ့သို့ ခိုင်မာသော ယုံကြည်မှုတစ်ခု ပေါ်ထွက်လာ၏။
ဘေးနားရှိ မာထုံသည် လော့ထျန်ထံမှ ကွဲပြားသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ သူ လော့ထျန်အား မှင်တက်စွာနှင့် လှမ်းကြည့်လိုက်
သည်။ သူ ပြောင်းလဲသွားသည်ဆိုပါတော့ သူသည် အသုံးမကျသူ ဖြစ်နေဆဲ ဖြစ်သည့်အတွက် ဘာလုပ်နိုင်အုံးမှာလဲ။
မင်း၏ ဒန်ထျန်သည် တစ်ခါချို့ယွင်းသွားပါကတစ်သက်တာလုံး ပြန်ထူနိုင်တော့မည် မဟုတ်ပေ။
ချက်ချင်းပင်…
မာထုံသည် ခြေထောက်ဖြင့်ကန်ကာ “ရူးကြောင်ကြောင်လုပ်တာ ရပ် ငါ့အတွက် မြင်းဇောင်းတွေကို ဘာလို့ မရှင်းပေးသေးတာလဲ” ဟု ဆဲဆိုလိုက်သည်။
လော့ထျန်သည် ကန်ခံလိုက်ရသဖြင့် ယိုင်လဲသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူ လှည့်ကြည့်ပြီး မာထုံအား ဒေါသတကြီး စိုက်ကြည့်ကာ တစ်ခုခု ပြောတော့မည်ပြုစဉ် သူ့စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒင်”
“မစ်ရှင်တစ်ခု ရရှိပါသည် - မြင်းဇောင်းကို ရှင်းလင်းပါ။ အလုပ်ပြီးမြောက်ပါက အတွေ့အကြုံ ၃၀ မှတ် ရရှိပါမည်။ လက်ခံလိုပါသလား”
“အဲ”
လော့ထျန်သည် မာထုံအား ပြန်လည်ဆဲဆိုရန် ပြင်နေစဉ် မာထုံ၏ စကားအနည်းငယ်သည် မစ်ရှင်တစ်ခု ဖြစ်သွားနိုင်ကြောင်း သဘောပေါက်သွားကာ သူ့ဒေါသသည် ချက်ချင်း ငြိမ်းသွားသည်။ မင်းက မစ်
ရှင်ပေးလိုက်ပြီဖြစ်၍ ငါမင်းကို မျက်နှာသာပေးပြီး ခဏလောက် သည်းခံလိုက်အုံးမယ်ဟု တွေးပြီးနောက် “လက်ခံမယ်” ဟု စိတ်ထဲမှ ပြန်ဖြေလိုက်၏။
ကံကောင်းစွာပင် လော့ထျန်သည် မာထုံအား ပြန်မဆဲလိုက်သဖြင့် နောက်ထပ်ရိုက်နှက်ခံရခြင်းမှ လွတ်မြောက်သွားသည်။
သည်းခံရမည်။
သူ သည်းခံရမည်ပင်။
ခွန်အားမပြည့်ဝခင် သူ၏ ဒေါသကို လွယ်
လွယ်ကူကူ မပြသင့်ပေ။ မာထုံသည် နက်နဲသော တပည့်တတိယအဆင့်ဖြစ်ပြီး သူ မယှဉ်နိုင်သောသူတစ်ဦး ဖြစ်သည်။
အဆင့်မြှင့်တင်ရမည်။
သူသည် မြင်းဇောင်းကို တာဝန်ယူရတဲ့သူတစ်
ယောက်၏ အနိုင်ကျင့်ခြင်းမှလွတ်မြောက်ရန် အမြန်ဆုံး အဆင့်မြှင့်တင်ရမည်။
ဤကိစ္စကြောင့် သူမျက်နှာပျက်စရာဖြစ်ရသည်မှာများနေပြီး။
လော့ထျန်သည် သူ့စိတ်ထဲမှ ငိုကြွေးရင်း တံမြက်စည်းကို ဆွဲယူကာ မြင်းဇောင်းများကို ရှင်းလင်းလိုက်သည်။
ရှင်းလင်းနေစဉ် မြင်းချေးများကို လှိမ့်နေသော ချေးပိုးထိုးများကိုပင် သူ မလွတ်တမ်း သတ်ပစ်သည်။ အတွေ့အကြုံက အနည်းငယ်မျှသာဖြစ်သော်လည်း လော့ထျန်သည် တစ်မှတ်၏တစ်ဝက်ကိုပင် လျှော့မတွက်ချေ။
“ဒင်”
“ကစားသမား လော့ထျန် သင်သည် ချေးပိုးထိုးတစ်ကောင်ကို သတ်လိုက်သဖြင့် အတွေ့အကြုံ ၁ မှတ် နက်နဲသော စွမ်းအင် ၀ မှတ် ရရှိပါသည်…”
“ဒင်”
စနစ်သည် တစ်ခါတစ်ရံတွင် ဤကဲ့သို့ ကြေညာချက်များ ပြုလုပ်သည်။
သူ၏ အတွေ့အကြုံသည် တစ်မှတ်ချင်းစီ တိုးလာသည်။ လော့ထျန်သည် ထောင့်ချိုးတစ်ခုကိုမျှပင် မချန်ဘဲ တစ်နာရီကြာပြီးနောက် မြင်းဇောင်းသည် အသစ်အတိုင်းဖြစ်အောင် သန့်ရှင်းသွားသည်။
“မာမန်နေဂျာ မြင်းဇောင်းတွေကို ရှင်းပြီးပါပြီ။ ကျွန်တော် လုပ်ရမယ့် တခြားအလုပ်တွေ ရှိပါသေးလား” လော့ထျန်သည် မာထုံထံသို့ ယဉ်ကျေးစွာ ပြေးသွားရင်း “ဒါဆို မစ်ရှင်ပြီးသွားပြီလို့ သတ်မှတ်လို့ရပြီလား” ဟု ကိုယ့်ဘာသာကိုယ် တွေးလိုက်သည်။
မာထုံသည် သူ၏ အခန်းမှ ထွက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများတွင် အံ့သြမှု ပေါ်လာသည်။ သူသည် လော့ထျန်အား ဆဲဆိုရန် အပြစ်ရှာရန် မျှော်လင့်ခဲ့သော်လည်း မြင်းဇောင်းများ မည်မျှသန့်ရှင်းနေသည်ကို မြင်လိုက်ရသောအခါ တစ်ခုမျှ အပြစ်ရှာ၍မရချေ။ မာထုံသည် လော့ထျန်အား အေးစက်စွာ ကြည့်လိုက်ပြီး “ဒါလုပ်ပြီးရင် နားလို့ရပြီလို့ မတွေးနဲ့။ နောက်တောင်ဘက်ကို သွားပြီး မြင်းတွေအတွက် မြက်ခြောက် ၁၀ စတုံး (၁၄၀ ပေါင်) သွားလှီးခဲ့။ မိုးမချုပ်ခင် မပြီးရင် မင်းခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်” ဟု ပြောလိုက်သည်။
“ဒင်”
“ကစားသမား လော့ထျန် သင်သည် ‘မြင်းဇောင်းကို ရှင်းလင်းပါ’ မစ်ရှင်ကို ပြီးဆုံးသဖြင့် ဆုလာဘ်အဖြစ် အတွေ့အကြုံ ၃၀ မှတ် ရရှိပါသည်”
“ဒင်”
“သင်သည် မစ်ရှင်အသစ်တစ်ခုကို ရရှိပါသည် - မြင်းများအတွက် မြက်ခြောက် ၁၀ စတုံးလှီးပါ။ မစ်ရှင်ပြီးမြောက်ပါက ဆုလာဘ်အဖြစ် အတွေ့အကြုံ ၅၀ မှတ် ရရှိပါမည်။ လက်ခံလိုပါသလား”
“ငါ သေချာပေါက် လက်ခံမယ်”
“အတွေ့အကြုံ ၅၀ မှတ်က အများကြီးပဲ အဆင့်တက်ဖို့အတွက် ငါ အဲဒါကိုပဲ အားကိုးရတော့မယ်”
လော့ထျန်သည် ပျော်ရွှင်နေပြီး မြင်းဇောင်းမှ မြက်လှီးတောင်းကို ကောက်ကိုင်ကာ အဆောက်အအုံအပြင်သို့ အပြေးထွက်သွားသည်။ သူ ထွက်လာသည်နှင့် မြင်းချေးများကို ခက်ခက်ခဲခဲ လှိမ့်နေသော ချေးပိုးထိုးတစ်ကောင်ကို သတိထားမိသည်။ လော့ထျန်၏ နှုတ်ခမ်းများသည် ကွေးညွှတ်ကာ ပြုံးလိုက်ပြီး “ချေးပိုးထိုးညီ ငါ တောင်းပန်ပါတယ်ကွာ ဒီအစ်ကိုလေး အဆင့်တက်ဖို့အတွက် မင်းကို ပူဇော်ရတော့မယ်” ဟု ဆိုလိုက်သည်။
ချေးပိုးထိုးသည် ခဏရပ်ပြီး လော့ထျန်အား မော့ကြည့်လိုက်သည်။ ထို့နောက် သေရမယ့်သူတစ်ဦး၏ အသွင်အပြင်ကို ထုတ်ဖော်ပြသသည်။
လော့ထျန်သည် သူ၏ခြေထောက်ဖြင့် နင်းချလိုက်၏။
“စွပ်” ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒင်”
“ကစားသမား လော့ထျန် သင်သည် ချေးပိုးထိုးတစ်ကောင်ကို သတ်လိုက်သဖြင့် အတွေ့အကြုံ ၁ မှတ် နက်နဲသော စွမ်းအင် ၀ မှတ် ရရှိပါသည်”
“ကစားသမား လော့ထျန် သင်သည် ချေးပိုးထိုး ၇၀ ကို သတ်လိုက်သဖြင့် ‘ချေးပိုးထိုးအား သတ်ဖြတ်သူ’ ဟူသော ဘွဲ့ကို ရရှိပါသည်။ သင်သည် ဆုလာဘ်အဖြစ် အတွေ့အကြုံ ၁၀ မှတ် ရရှိပါသည်”
“ချေးပိုးထိုးအား သတ်ဖြတ်သူ…”
လော့ထျန်သည် ရယ်မောလုနီးပါး ဖြစ်သွားသည်။ ဤဘွဲ့အမည်သည် အရမ်းကို အံ့မခန်းပေတကား။
စနစ်သည် ရုတ်တရက် အခြားသတိပေးချက်တစ်ခု ထုတ်ပြန်သည်။
“ဒင်”
“ကစားသမား လော့ထျန် သင် အဆင့်တက်ပါပြီ။ သင်၏ လက်ရှိအဆင့်သည် နက်နဲသော တပည့်တော် ပထမအဆင့်ဖြစ်ပါသည်”
“ငါ အဆင့်တက်သွားပြီလား”
လော့ထျန်၏ စိတ်ဝိဉာဉ်သည် တုန်ရီလာပြီး ဒဏ်ရာဗလဗွများဖြင့် သူ၏ ကိုယ်ခန္ဓာသည် ချက်ချင်း ပျောက်ကင်းသွားသည်။ လော့ထျန်သည် မည်သည့်နာကျင်မှုကိုမျှ မခံစားရတော့ပေ။ “ဒါက ဗီဒီယိုဂိမ်းနဲ့ တူတူပဲ။ အဆင့်တက်ရင် စွမ်းရည်အားလုံး ပြန်
ပြည့်တယ် ဟားဟားဟား…” ဟု ကိုယ့်ဘာသာကိုယ်
ပျော်ရွှင်စွာ ပြောဆိုမိသည်။
သူ အပျော်မဆုံးခင်ပင် သတိပေးချက်များ ဆက်တိုက် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
“ကစားသမား လော့ထျန် သင် အဆင့်တက်
သောကြောင့် ဝတ္ထုများမှ သိုင်းပညာများကို ဆုလာဘ်အဖြစ် ရရှိပါသည် -လျှပ်စစ် ကျားသစ်လက်သီး၊ ရှစ်နယ်မြေ လက်သီး၊မတ်တက် မိုးတိမ်
စွမ်းအင်။ တစ်ခုသာ ရွေးချယ်နိုင်ပါသည်။ကျေးဇူးပြု၍ ရွေးချယ်ပါ”
“အဲ”
လော့ထျန်သည် အံ့သြသွားသည်။
“ဝတ္ထုများမှ သိုင်းပညာများ” ဟူသော စကားကို ကြားလိုက်သောအခါ ချေးပိုးထိုးများ သတ်နေသည့်အရာပင် မေ့သွားသည်။
“ဒီ ဝတ္ထုတွေက သိုင်းပညာတွေက ဘာလဲ” ဟု လော့ထျန်သည် ကိုယ့်ဘာသာကိုယ် ပြောလိုက်သည်။
စဉ်းစားလိုက်သည်နှင့် သူသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်လိုက်သည်။
ဝတ္ထုများမှ သိုင်းပညာများ၏ ဖော်ပြချက်- သင့်လျော်သောအဆင့်သို့ ရောက်ရှိသောအခါ ကစားသမားသည် သိုင်းပညာများဖြင့် ဆုချခံရမည်ဖြစ်သည်။ သိုင်းပညာများသည် အချို့သော ဝတ္ထုများမှ ဇာတ်လိုက်များက အသုံးပြုခဲ့ကြသည်များ ဖြစ်သည်။
“ဟုတ်လား”
“ဒီသိုင်းပညာတွေရဲ့ နာမည်တွေက ဘာလို့ ရင်းနှီးနေရတာလဲလို့ ငါ တွေးမိတာ။ ဒါက ဝတ္ထုတွေထဲမှာ အချို့ဇာတ်လိုက်တွေ အသုံးပြုခဲ့တဲ့ သိုင်းပညာတွေပဲကိုး” လော့ထျန်သည် တုန်လှုပ်သွားသော်လည်း ဝတ္ထုများ၏ နာမည်များကို စနစ်ထဲတွင် ရှာဖွေခဲ့သည်။ မသိခင်က ပြဿနာမဟုတ်သော်လည်း လော့ထျန် တွေ့လိုက်သောအခါတွင် သူ လုံးဝ ထိတ်လန့်သွား၏။
ဤဝတ္ထုများသည် လော့ထျန်၏ ကွန်ပျူတာဖိုင်တွဲထဲတွင် အားလုံးရှိနေသည်။
ဤဝတ္ထုများရှိ ဇာတ်ဆောင်များအားလုံးသည် ၎င်းတို့၏ခေတ်အသီးသီးတွင် အရမ်းရေပန်းစားခဲ့ပြီး အစွမ်းထက်သောသူများ ဖြစ်လာခဲ့ကြသည်။ သူတို့၏သိုင်းပညာများကိုကျင့်ကြံနိုင်ရန်အလို့ငှါ…
စကြဝဠာ ပြောင်းလဲခြင်း ထဲက ချင်ယွီ …
နဂါးခွေနန်းတော် ထဲက လင်းလေ့…
နတ်ဘုရား အုတ်ဂူထဲကချန်နန်…
အားလုံးရှိသည်။ အင်တာနက်ကို လှုပ်ခတ်စေခဲ့သော ဝတ္ထုများအားလုံးပင်။
ထိုဇာတ်ဆောင်များ သင်ယူခဲ့သော သိုင်းပညာများသည် အလွန်အားကောင်းသော်လည်း လော့ထျန်သည် အချို့ဝတ္ထု၏ ဆန်းကြယ်သောသိုင်းပညာများကို နားမလည်ချေ။
ရှားပါးသော ဂန္ထဝင်ဖြစ်သည့် ရွှေပန်းအိုးထဲကမက်မန်းပင်…
ရွှေပန်းအိုးထဲကမက်မန်းပင် ထဲက ရှင်းမန်ချင်းတွင် ထို ရှင်းမန်ချင်း၏ ကျင့်ကြံသော သိုင်းပညာအမည်က ဘာလဲ။
“ပိုကြီး၊ ပိုထူ၊ မရှုံးနိမ့်နိုင်တဲ့ ကင်းကောင် နတ်ကျင့်စဉ်”
လော့ထျန်သည် သူ၏ ခြေသလုံးကို ကြည့်ရင်း မကောင်းသော အပြုံးဖြင့် ပြုံးလိုက်သည်။
“ဒီလိုသာဆိုရင် အနာဂတ်မှာ… ဒီအကြောင်း စဉ်းစားရတာ အရမ်း စိတ်လှုပ်ရှားစရာပဲ” လော့ထျန်၏ နှလုံးသားသည် ပျော်ရွှင်မှုကြောင့် တုန်ယင်နေပြီး သူ တုံးအသွား၏။* “ဒီလောက်များတဲ့ အမိုက်စားသိုင်းပညာတွေနဲ့ ငါ့ရှေ့မှာ ဘယ်သူလာပြီး ကြွားဝံ့မလဲဆိုတာ စောင့်ကြည့်လိုက်။ သူတို့ကို ငါသေတဲ့အထိ ကစားပြမယ်”
နောက်တစ်ခဏတွင်…
လော့ထျန်သည် စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးလျှပ်စစ် ကျားသစ်လက်သီးကို ရွေးချယ်ခဲ့သည်။
စနစ်သည် ချက်ချင်းပင် သတိပေးချက် ထုတ်ပြန်သည်။
“ကစားသမား လော့ထျန် သင်သည် လျှပ်စစ် ကျားသစ်လက်သီးကို ရွေးချယ်ခဲ့သဖြင့် ဂုဏ်ယူပါသည်။ ယခုပင် ကျင့်ကြံလိုပါသလား”
“ဟုတ်ကဲ့”
“ကစားသမား လော့ထျန် သင်သည် သိုင်းပညာကို အောင်မြင်စွာ သင်ယူနိုင်ခဲ့သဖြင့် ဂုဏ်ယူပါသည်”
သိုင်းပညာ-လျှပ်စစ် ကျားသစ်လက်သီး
အဆင့်- အဆင့် ၁ သိုင်းပညာ
ကျွမ်းကျင်မှု- ၀/၁၀၀
“ဒင်”
စနစ်၏အကြံပြုချက်- အဆင့် ၁ ဆုလာဘ် ပြီးဆုံးသွားပြီဖြစ်သည်။ ဒုတိယဆုလာဘ်သည် နက်နဲသော တပည့်တော်၏ ပဉ္စမအဆင့်ဖြစ်ပြီး ဆုချမည့် သိုင်းပညာမှာ - ကြမ်းတမ်းခြင်း ဖြစ်သည်။
“ဘာ”
“ကြမ်းတမ်းခြင်းလား။
‘တုနှိုင်းမဲ့ အဆင့်တိုးမြှင့်မှု’ ဝတ္ထုထဲက ကြမ်းတမ်းသော မျောက်ဘုရင်ရဲ့ နတ်ဘုရားသိုင်းပညာလား”