မာထုံကိုနှိပ်ကွပ်ခြင်း
Vol. 1 Ch. 5
အချိန်များ စီးဆင်းကုန်ဆုံးခဲ့ရာ မျက်စိတစ်မှိတ်
အတွင်း ညနေခင်းသို့ ရောက်ရှိလာလေ၏။
လော့ထျန်သည် မြင်းဇောင်းသို့ နောက်ဆုံးမြောက်
မြက်မြောင်ကို ယူပြီးသယ်ဆောင်လာခဲ့ရာ မရောက်မီကပင် ဆူပူကြိမ်းမောင်းသံတစ်ခုကို ကြားလိုက်ရလေသည်။
“ဖုန်းလေ မင်းခွေးသူတောင်းစား၊ မင်း အပြင်ထွက်ပြီး ဒုက္ခရှာရဲရင်တော့ ငါ့လက်ချက်နဲ့ သေအောင် အရိုက်ခံရဖို့သာပြင်ထားလိုက်တော့”
“သခင်လေး တကယ်အဆင်ပြေရဲ့လား”
“မင်းလို အမှိုက်စကောင်က သခင်လေး လော့ယွဲ့နဲ့ ဒုက္ခရှာချင်သေးတယ်ပေါ့လေ၊ မင်း သေးပေါက်ပြီး ကိုယ့်ဟာကို ပြန်ကြည့်လိုက်ပါဦး၊ မင်းက ဘာအမှိုက်ကောင်မျိုးလဲဆိုတာကို”
“သခင်လေး တကယ်အဆင်ပြေရဲ့လား”
“ဖတ်၊ ဖတ်…”
စကားပြောနေရင်းတွင်ပင် ပါးရိုက်သံ နှစ်ချက်ကို ကြားလိုက်ရလေ၏။
နွားကြီးတစ်ကောင်ကဲ့သို့ ဧရာမခန္ဓာကိုယ်နှင့် အရပ် ၇ ပေခန့်ရှိသော လူငယ်တစ်ဦးသည် မာထုံ၏ဘေးတွင် ရပ်နေလေ၏။
သူသည် မည်မျှပင် ရိုက်နှက်ခံရကာမူစိတ်မမှန်သောသူတစ်ဦးကဲ့သို့ မျက်နှာတွင် အပြုံးကိုသာ ဆောင်ထားလေ၏။
သူ၏နာမည်မှာ ဖုန်းလေ ဖြစ်သည်။
လော့ထျန်၏ တစ်ဦးတည်းသော အစေခံ ဖြစ်သည်။
သူ့အား အစေခံဟု မခေါ်ဆိုဘဲ ညီအစ်ကိုဟု ခေါ်ဆိုလျှင် ပို၍သင့်တော်ချေသည်။
သူတို့နှစ်ဦးသည် အတူတူကြီးပြင်းလာကြသည်၊ မျိုးရိုးနာမည် တစ်ခုတည်း မဟုတ်ကြသော်လည်း သူတို့သည် သွေးသားရင်းခြား ညီအစ်ကိုများလိုပင် ရင်းနှီးချေသည်။
လော့ထျန် မသန်မစွမ်းဖြစ်သွားပြီးနောက်တွင် ဖုန်းလေသည် သူ့ကို စွန့်ခွာ၍ လော့မျိုးနွယ်စု၏ တရားဝင်တပည့်တစ်ဦး ဖြစ်လာနိုင်သော်လည်း သူသည် လော့ထျန်နောက်ကို ဆက်လက်လိုက်ရန် ရွေးချယ်ခဲ့သည်။
လော့ထျန်နှင့် သူ၏ ဆက်ဆံရေးကြောင့် ဖုန်းလေသည်လည်း နေ့တိုင်းလိုလို အရိုက်ခံခဲ့ရချေသည်။
အများစုမှာ လော့ထျန်အစား သူကိုယ်တိုင် အရိုက်ခံခဲ့ရခြင်းပင် ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များသည် ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းနေသော်လည်း သူ၏ဆုံးဖြတ်ချက်ကို တစ်ခါမျှ နောင်တမရခဲ့ပေ။
သူသည် အမြဲတမ်း ဤကဲ့သို့ပင် ရူးသွပ်သောသူတစ်ဦးလို ပြုမူနေခဲ့သည်။
ဖုန်းလေ၏သမိုင်းကို ပြောရလျှင် လော့မျိုးနွယ်စုတွင် မည်သူမျှ မသိကြပေ။
သူ့အား လော့ထျန်၏ဖခင်က “ဝိညာဉ်တောင်တန်း”မှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က သူသည် အသက် ၁ နှစ်ခန့်သာ ရှိသေးပြီး သူ၏မျက်လုံးများသည် သားရဲတစ်ကောင်၏ မျက်လုံးများနှင့်တူကာ ထူးဆန်းသော အမူအရာများကို ပြသနေချေသည်။
လော့မျိုးနွယ်စုတွင်ရှိသူတိုင်းက သူ့ကို နေခွင့်ပေးရန် ကန့်ကွက်ခဲ့ကြသော်လည်း လော့ကျန်းသည် မိသားစု၏ မျိုးနွယ်စုခေါင်းဆောင်အဖြစ် သူ၏အဆင့်အတန်းကို အသုံးပြုကာ သူ့ကို အတင်းအကျပ် နေခွင့်ပေးခဲ့သည်။
လော့ကျန်းသည် သူ့အား နာမည်ပေးခဲ့
ပြီး စကားပြောရန်၊ လမ်းလျှောက်ရန်နှင့် စာဖတ်ရန်တို့ကို ဖြည်းဖြည်းချင်း သင်ကြားပေးခဲ့သည်။ သူ့အား သားအစစ်အဖြစ် သဘောထားခဲ့လေသည်။
တစ်နှစ်အကြာတွင် လော့ထျန် မွေးဖွားလာခဲ့ပြီး ဖုန်းလေသည် သူ၏ညီလေးငယ်ကို ခင်မင်သောစိတ်ဖြင့် စောင့်ရှောက်ခဲ့သည်။ ထိုနေ့မှစ၍ ဖုန်းလေသည် လော့ထျန်အား ကောင်းစွာ ဂရုစိုက်ကာ စောင့်ရှောက်မည်ဟု မိမိကိုယ်ကို ကတိပေးခဲ့သည်။
သို့သော်…
နောက်ပိုင်းတွင် လော့ထျန်၏ပါရမီများ ထွက်ပေါ်လာပြီး သူသည် အလွန်လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့သည်။
အခြားတစ်ဖက်တွင် ဖုန်းလေသည် ကျင့်ကြံခြင်းနှင့်ပတ်သက်လာလျှင် ဘာမှမသိခဲ့ပေ၊ ထို့ကြောင့် အများအားဖြင့် လော့ထျန်က သူ့အား ကာကွယ်ပေးခဲ့ခြင်းပင် ဖြစ်သည်။
လော့ထျန်၏ ကျင့်ကြံမှု မပျက်စီးခင်ကပေါ့။
သူတို့နှစ်ဦး၏ဘဝသည် ရုတ်တရက် အဝီစိငရဲသို့ ကျဆင်းသွားခဲ့သည်။
လော့ထျန် အရိုက်ခံရတိုင်း ဖုန်းလေသည် မည်သူဖြစ်စေ၊ ပြိုင်ဘက်က မည်မျှပင် အင်အားကြီးမားစေကာမူ သူသည် အပြေးအလွှားသွား၍ လော့ထျန်အတွက် ရည်ရွယ်ထားသော ထိုးနှက်ချက်အများစုကို ခံယူခဲ့သည်။
လော့ထျန်၏အမှတ်တရများတွင် အများစုမှာ ဖုန်းလေနှင့် ပတ်သက်နေသည်။
လော့ထျန်သည် သူ့အမှတ်တရထဲတွင် မြင်ရသည့်အရာတိုင်းက သူ့စိတ်နှလုံးကို လှုပ်ရှားသွားစေခဲ့သည်။
သူသည် ထိုနှစ်ဦးတွင်ရှိသော ညီအစ်ကိုသံယောဇဉ်ကိုပင် အားကျခဲ့ချေသည်။
ထို့ကြောင့် လော့ထျန်သည် မြင်းဇောင်းထဲသို့ ဝင်လာသောအခါ ဖုန်းလေသည် မာထုံ၏အရိုက်ခံနေရသည်ကို မြင်သောအခါ သူသည် အပြေးအလွှားသွား၍ မာထုံအား
“မင်း သူ့ကို နောက်တစ်ခါ ထပ်
ရိုက်ရဲရင်ရိုက်ကြည့်” ဟု အော်လိုက်သည်။
“သခင်လေး”
“သခင်လေး တကယ်အဆင်ပြေပါတယ်နော်”
ဖုန်းလေသည် အရူးတစ်ယောက်၏အပြုံးကဲ့သို့ပြုံးနေတော့သည်။
ထိုအချိန်တွင် ဖုန်းလေသည် ဒဏ်ရာများဖြင့် ပြည့်နေပြီး သူ၏ခန္ဓာကိုယ်သည် ရွှံ့များဖြင့် ဖုံးလွှမ်းနေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် တစ်စုံတစ်ယောက်က သူ့အား အလွန်ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်
ထားသည်ကို သိနိုင်ချေသည်။
လော့ယွဲ့သည် လော့ထျန်ကို ရိုက်နှက်ခဲ့သည်ကို သိရှိပြီးနောက်တွင် ဖုန်းလေသည် လော့ယွဲ့အား လက်စားချေရန် ရှာဖွေရင်း အပြင်သို့ အပြေးအလွှား ထွက်သွားခဲ့သည်။
နေ့လယ်ခင်းတွင် ဖုန်းလေသည် လော့ယွဲ့ကို သိုင်းပညာလေ့ကျင့်ရေးကွင်းတွင် တွေ့ရှိခဲ့သည်။
သူသည် လော့ယွဲ့နှင့်ပင် မနီးစပ်မီ လူအုပ်စုတစ်စုက သူ့အား ဝိုင်းရိုက်ပြီး သေလုနီးပါးအထိ ကန်ခဲ့သည်။
ဖုန်းလေသည် လော့ယွဲ့ဆီသွားနိုင်ရန် ရူးမူးစွာ ရုန်းကန်ခဲ့သည်။
သို့သော် သူ့အား ဝိုင်းရံထားသော လူများလွန်းသည့်အတွက် သူ၏ခွန်အားသည် အလွန်အားနည်းခဲ့ပြီး လော့မျိုးနွယ်စု၏တပည့်များ၏ အရိုက်ခံရခြင်းကိုသာ ခံယူနိုင်ခဲ့သည်။
သူသည် လက်စားမချေနိုင်သေးဘဲ အပြင်းအထန် အရိုက်ခံခဲ့ရချေသည်။
သူသည် မြင်းဇောင်းသို့ပြန်ရောက်ပြီးနောက် လော့ထျန်ကို ရှာမတွေ့သောအခါတွင် ထိတ်လန့်သွားပြီး မာထုံ၏ရိုက်နှက်ခြင်းနှင့်အတူ အမျက်ဒေါသထွက်
လုနီးပါး ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် သူသည် လော့ထျန်သည် တောမြက်ရိတ်ရန် နောက်ဘက်တောင်တန်းများသို့ သွားကြောင်း မာထုံထံမှ ကြားလိုက်သောအခါ သူ၏လူမိုက်လို အပြုံးသို့ ပြန်ရောက်သွားပြီး မာထုံက သူ့အား ဆူပူကြိမ်းမောင်းရန်နှင့် ရိုက်နှက်ရန် ခွင့်ပြုခဲ့သည်။
မာထုံ၏ မျက်လုံးများတွင် အသွင်ပြောင်းလဲသွားခဲ့ပြီး လော့ထျန်ကို အေးစက်စက်ကြည့်ကာ “ဟေ့၊ ဟေ့၊ မင်း ဝက်ဝံနှလုံးသားကို စားခဲ့တာလား ဒါမှမဟုတ် ကျားသစ်အသည်းကိုလား။
မင်းလို အမှိုက်တစ်စက ငါနဲ့ အဲလိုစကားပြောရဲတယ်ပေါ့” ဟု ကြိမ်းမောင်းလိုက်သည်။
ထိုသို့ပြောပြီးနောက်…
မာထုံ၏ လက်ဝါးသည် ဖုန်းလေ၏မျက်နှာပေါ်သို့ တစ်ဖန်ကျလာပြန်သည်။
မာထုံ၏မျက်လုံးများသည် လော့ထျန်ကို စိုက်ကြည့်
ရင်း “ငါ သူ့ကို ထိုးလိုက်တယ်၊ မင်း ဘာလုပ်မှာလဲ” ဟု ရန်လိုသောလေသံဖြင့် ပြောလိုက်သည်။
“မင်း အသုံးမကျတဲ့အမှိုက်၊ မင်း ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလားဆိုတာကို ဒီအဖေ ကြည့်လိုက်ပါဦးမယ်”
ထိုသို့ပြောပြီးနောက်…
မာထုံသည် နောက်တစ်ကြိမ် ထပ်ရိုက်ပြီး “ငါ သူ့ကို ထပ်ရိုက်လိုက်တယ်၊ မင်း ဘာလုပ်ရဲလဲ။ မင်းတို့ အမှိုက်နှစ်ကောင်က ငါ့အတွက် ဒုက္ခရှာဖို့ နေရာအနှံ့ ထွက်သွားကြတယ်။
တစ်ယောက်က သခင်လေး လော့ယွဲ့ကို သွားပြီး နှောင့်ယှက်တယ်၊ နောက်
တစ်ယောက်ကတော့ လျှောက်သွားပြီး သခင်လေး လော့လင်ကို နှောင့်ယှက်ချင်တယ်။
မင်းတို့ ကိုယ့်ကိုယ်ကို ဘာလဲဆိုတာကိုတောင် မကြည့်ကြဘူး၊ အမှိုက်တွေ၊ ပြီးပြည့်စုံတဲ့ အမှိုက်သက်သက်တွေ၊ မင်းတို့နှစ်ယောက်လုံးက လော့မျိုးနွယ်စုရဲ့ အကြီးမားဆုံးသော အမှိုက်ပုံကြီး နှစ်ပုံပဲ” ဟု ကြိမ်းမောင်းလိုက်သည်။
“ဖတ်”
နောက်ထပ် ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည်။
“ဖတ်”
နောက်ထပ် ပါးရိုက်သံတစ်ခု ထပ်ထွက်ပေါ်လာသည်။
ပထမအဆင့် နက်နဲသော တပည့်အဆင့်ရှိ ဖုန်းလေသည် တတိယအဆင့် နက်နဲသော တပည့်အဆင့်ရှိ မာထုံကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ဖုန်းလေသည် ရှောင်တိမ်းခြင်းမပြုခဲ့ပါ၊ အဘယ့်ကြောင့်ဆိုသော် မာထုံက သူ့ကို မထိနိုင်ပါက လော့ထျန် နောက်သို့ လိုက်သွားနိုင်သည်ကို သူ စိုးရိမ်ခဲ့သည်။
ထို့ကြောင့် သူသည် ထိုနေရာတွင် လူမိုက်တစ်ဦးကဲ့သို့ ရပ်နေခဲ့ပြီး မာထုံက သူ့အား သူလိုချင်သလို ရိုက်
နှက်ရန် ခွင့်ပြုခဲ့သည်။
ပါးရိုက်ချက်အများအပြားပြီးနောက် ဖုန်းလေ၏ပါးများသည် ဖူးရောင်နေပြီး သူ့ပါးစပ်ထောင့်တွင် သွေးအချို့ စိမ့်ထွက်လာခဲ့သည်။
လော့ထျန်၏နှလုံးသားတွင် ဒေါသများပြင်းထန်လာပြီး သူသည် မာထုံအား ဝါးစားလုနီးပါး ရန်လိုစွာ စိုက်ကြည့်နေခဲ့သည်။
မာထုံ၏ ခြေထောက်တစ်ချက်သည် ဖုန်းလေ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး မာထုံသည် လော့ထျန်ကို အေးစက်စွာ ကြည့်လိုက်ပြီး
“မင်း ခွေးကောင်၊ မင်း ငါ့ကို အဲလိုကြည့်ရဲတယ်ပေါ့လေ။ ဒီအဖေထင်တာက မင်းရဲ့အရေပြားက အရိုက်ခံရဖို့ ယားနေတာပဲ”
ဟု လက်ညှိုးထိုးကာ ကြိမ်းမောင်းလိုက်သည်။
ထိုသို့ပြောပြီးနောက်…
မာထုံသည် သူ၏ခါးတွင်ရှိသော ကြိမ်လုံးကို ဆွဲထုတ်လိုက်သည်။
သူ၏ညာလက်ကို မြှောက်လိုက်ပြီး လော့ထျန်၏ဦးတည်ရာသို့ ကြိမ်ဖြင့် ရိုက်လိုက်သည်။
လော့ထျန်သည် သူ၏လက်သီးကို ဆုပ်ကိုင်လိုက်ပြီး ရှောင်တိမ်းခြင်းမပြုခဲ့ပေ။
ကြိမ်လုံး၏အဆုံးသည် သူ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာရာ ကြွက်သားများ ပွင့်သွားပြီး ပူလောင်လာခဲ့သည်။
နာကျင်မှုသည် သည်းမခံနိုင်စရာဖြစ်သော်လည်း လော့ထျန်သည် အေးစက်စွာ ပြုံးကာ “သခင်ကြီး မာ၊ ကျွန်တော် မြက်တစ်ဆယ်မြောင်ကို ရိတ်ပြီးပါပြီ” ဟု ပြောလိုက်သည်။
“ဟင်”
ခဏတာမျှ မာထုံသည် မည်သို့ပြန်ဖြေရမှန်း မသိခဲ့ဘဲ ခေါင်းညိတ်လိုက်သည်။
“ဒင်”
“ကစားသမား လော့ထျန်၊ ‘မြင်းများအတွက် မြက်စိမ်း ၁၀မြောင်ကို ရိတ်ပါ’ ဆိုသော အလုပ်ကို ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။
အလုပ်ပြီးမြောက်ခဲ့သည့်အတွက် အတွေ့အကြုံမှတ် ၅၀ ရရှိပါသည်”
သူ၏အတွေ့အကြုံမှတ်များ ချက်ချင်းပင် အမှတ် ၅၀ ပြည့်သွားသည်။
ထိုနောက်တွင် စနစ်၏အသိပေးချက်က ထပ်မံထွက်ပေါ်လာသည်။
“ဒင်”
“ကစားသမား လော့ထျန် အဆင့်တက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။
သင်သည် ယခု တတိယအဆင့် နက်နဲသော တပည့်
အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်”
အဆင့်တက်ခြင်းအတွက် အသိပေးချက် ထွက်ပေါ်လာပြီးနောက်တွင် လော့ထျန်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူသည် လက်သီးဖြင့်ထိုးကာ
“မင်းရဲ့ဘိုးဘွားတွေကို ထိုးမယ်”
ဟု တစ်ချိန်တည်းတွင် ကြိမ်းမောင်းလိုက်သည်။
လော့လင်းသည် အဆင့် ၈ နက်နဲသော တပည့်အဆင့်တွင်ရှိရာ ကွာဟချက် အလွန်များသည့်အတွက် ကျွန်တော်က သူ့ကို မရင်ဆိုင်နိုင်ခဲ့ပါဘူး။
ယခုတော့ ဒီအဖေ အဆင့်တက်ပြီး တတိယအဆင့် နက်နဲသော တပည့်အဆင့်သို့ ဝင်ရောက်လာပြီ၊ မြင်းဇောင်းရဲ့ မန်နေဂျာလေးတစ်ယောက်ကို မည်သို့ မရင်ဆိုင်ဘဲ နေနိုင်မည်လဲ။
အမျက်ဒေါသရှိသမျှ လော့ထျန်ထံမှ ပေါက်ကွဲထွက်လာခဲ့သည်။
လက်သီးတစ်ချက်သည် ပြင်းထန်စွာ ထိုးနှက်လိုက်
သည်။
တတိယအဆင့် နက်နဲသော တပည့်အဆင့်၏ စွမ်းအားအားလုံး ပေါက်ကွဲထွက်လာသည်။
သူ၏နှလုံးသားတွင်ရှိသော ဒေါသမီးတောက်သည်
လည်း ချက်ချင်းပင် ထုတ်လွှတ်လိုက်သည်။
စော်ကားမှုများ၊ လှောင်ပြောင်မှုများ၊ အရိုက်ခံရမှုများ၏ အမှတ်တရများ ထွက်ပေါ်လာသည်…
နောက်ဘက်တောင်တန်းများတွင် လော့လင်ကြောင့် ခံစားခဲ့ရသော ရှက်ရွံ့မှု…
မိမိ၏ကံကြမ္မာကို မထိန်းချုပ်နိုင်ခြင်း၏ သည်းမခံနိုင်သော နာကျင်မှု… နင်းခြေခံရခြင်း၏ သည်းမခံနိုင်သော နာကျင်မှု…
ဤအရာအားလုံးသည် ထိုလက်သီးတစ်ချက်နှင့်အတူ ပါလာပြီး ပေါက်ကွဲထွက်လာခဲ့သည်။
လှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။
လော့ထျန်သည် သူ၏မျက်လုံးများ သွေးရောင်ပြောင်းသွားသည့်အတွက် ရူးသွပ်သော နတ်ဆိုးတစ်ပါးနှင့် ဆင်တူနေခဲ့သည်။
မာထုံသည် လော့ထျန်က လှုပ်ရှားလာလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် ကာကွယ်ချိန်မရခဲ့ပေ။ သူသည် လော့ထျန်၏ခွန်အားသည် တတိယအဆင့် နက်နဲသော တပည့်အဆင့်သို့ ရောက်ရှိသွားသည်ကို လုံးဝမမျှော်လင့်ထားခဲ့ပေ။
ဤလက်သီးသည် သူ့အား နောက်သို့ မီတာများစွာ လွင့်သွားစေခဲ့သည်။
သို့သော်…
မာထုံသည် တတိယအဆင့် နက်နဲသော တပည့်အဆင့်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး သူ၏ကျင့်ကြံမှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။
သူ၏ရင်ဘတ်တွင်ရှိသော နာကျင်မှုကို ခံနိုင်ရည်ရှိစွာဖြင့် မာထုံ၏မျက်လုံးနှစ်လုံးသည် မီးတောက်များ ထွက်လာတော့မတတ် ကြည့်နေခဲ့သည်။
သူသည် ရှေ့သို့ခြေလှမ်းလှမ်းပြီး
“မင်း ကောင်စုတ်လေး၊ မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ မင်း အသက်ရှည်ချင်ပုံမရဘူး” ဟု အော်ဟစ်လိုက်သည်။
သူ စကားပြောနေသကဲ့သို့ပင် သူသည် လော့ထျန်ဆီသို့ အပြေးအလွှား သွားခဲ့သည်။
လော့ထျန်၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး သူသည်
“ဘယ်သူက အသက်ရှည်ချင်ပုံမရဘူးလဲဆိုတာ ကြည့်ရအောင်”
ဟု အေးစက်စွာ ပြောလိုက်သည်။
သူ တတိယအဆင့် နက်နဲသော တပည့်အဆင့်သို့ မရောက်ရှိမီက လော့ထျန်သည် လှုပ်ရှားရဲခြင်းမရှိခဲ့ပေ။
၎င်းသည် အဆင့် ၁ခုကွာခြားချက်တစ်ခု ရှိနေသည့်အတွက်ပင် ဖြစ်သည်။
သူသည် ကျရှုံးခဲ့ပါက အကျိုးဆက်များသည် တွေးမရနိုင်အောင် ဖြစ်လိမ့်မည်။
အလုပ်ပြီးမြောက်ပြီးနောက်တွင် သူ အဆင့်တက်ရန် လုံလောက်ခဲ့သည်။
တတိယအဆင့် နက်နဲသော တပည့်အဆင့် vs တတိယအဆင့် နက်နဲသော တပည့်အဆင့်
လော့ထျန် ကြောက်ရွံ့နေလျှင်ပင် သူ တိုက်ခိုက်ရပေဦးမည်။
ကျင့်ကြံရေးလမ်းကြောင်းပေါ်ရှိ လူတစ်ဦးသည် ကြောက်ရွံ့နေ၍ မရနိုင်ချေ။
ကွာဟချက်သည် အလွန်ကြီးမားပါက သူ အကူအညီမဲ့နေသော်လည်း သူတို့သည် အဆင့်တူဖြစ်နေပါက အဘယ့်ကြောင့် မတိုက်ခိုက်ရမည်လဲ။
သူ၏အစ်ကို အရိုက်ခံနေရသည်ကို ကြည့်ပြီး လက်မြှောက်ထားပါက သူသည် လူသားဟု သတ်မှတ်နိုင်ပါဦးမည်လော။
လော့ထျန်သည် သူ၏လက်သီးနှစ်ဖက်စလုံးကို မြှောက်လိုက်ပြီး ထို့နောက် ထိုးနှက်လိုက်သည်။
သူသည် သူ၏စိတ်ထဲတွင် “လျှပ်စစ် ကျားသစ်
လက်သီး” ဟု အော်လိုက်သည်။
တစ်ချိန်တည်းမှာပင်…
မာထုံသည်လည်း ပြင်းထန်သော လက်သီးတစ်
ချက်ကို ထိုးလိုက်သည်။
သို့သော် သူ၏လက်သီးနောက်ကွယ်ရှိ ကျွမ်းကျင်မှုသည်သာမန်ဖြစ်ပြီး ၎င်းတွင် မည်သည့်သိုင်းပညာကျွမ်းကျင်မှုမျှ မပါဝင်ခဲ့ပေ။
သူသည် မည်သည့်သိုင်းပညာကျွမ်းကျင်မှုမျှ မသင်ယူဖူးခဲ့ဘဲ လော့မျိုးနွယ်စုတွင် သိုင်းပညာကျွမ်းကျင်မှုကို သင်ယူရန် အရည်အချင်းမပြည့်မီခဲ့ပေ။
သူတို့နှစ်ဦး၏လက်သီးများ ဆုံတွေ့ခဲ့ရာ မာထုံ၏လက်မောင်းမှ “ခရာ့” ဟူသော အသံ ထွက်ပေါ်လာသည်။ ၎င်းသည် အရိုးကျိုးခြင်း၏အသံ ဖြစ်ချေသည်။
လက်သီးတစ်ချက်ဖြင့် အနိုင်ယူခဲ့ခြင်းပင် ဖြစ်သည်။
၎င်းသည် သိုင်းပညာကျွမ်းကျင်မှု၏ အားသာချက် ဖြစ်သည်။
အဆင့်တူသူများ တိုက်ခိုက်ကြသောအခါ သူတို့၏ကိုယ်ပိုင်သိုင်းပညာကျွမ်းကျင်မှုသည် ပြိုင်ဘက်၏အောက်တွင်ရှိနေပါက အနိုင်ကျင့်ခံရခြင်းကိုသာ လက်ခံရပေမည်။
မာထုံ၏မျက်နှာသည် ရုတ်တရက် အရောင်အသွေးအားလုံး ဆုံးရှုံးသွားပြီး လော့ထျန်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
ကြောက်ရွံ့မှုသည် သူ၏နှလုံးသားတွင် တိုးပွားလာပြီး သူသည် နောက်သို့ လူးလွန့်သွားသည်။
ထို့နောက် သူသည် နာကျင်မှုနှင့်အတူ
“မင်း… မင်း… မင်းရဲ့ဒန်ထျန်က မသန်မစွမ်း ဖြစ်နေတာမဟုတ်ဘူးလား။ မင်း ဘယ်လိုလုပ် ဒီလောက်စွမ်းအားတွေ ပိုင်ဆိုင်နိုင်တာလဲ။ မင်း… မင်း… မင်း ငါ့ကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ” ဟု ပြောလိုက်
သည်။
“လာစမ်း”
ထိုသို့ပြောလိုက်သည်နှင့် မာထုံ၏မျက်နှာပေါ်သို့ ပါးရိုက်သံတစ်ခု ကျရောက်သွားခဲ့သည်။
“ထပ်လာစမ်း”
နောက်ထပ် ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည်။
“မင်း ငါ့ဆီကို ထပ်လာစမ်း။ မင်းအရမ်းရိုင်းနေလာ။ မင်းအရမ်း စိတ်ကြီးဝင်နေလာ။ မင်း ခွေးကောင်၊ မင်း ငါ့ကို ဘယ်လို မာနကြီးခဲ့တယ်ဆိုတာကို ဒီအဖေကို အခုဘာဖြစ်လို့ မပြတော့တာလဲ” ဟု လော့ထျန်က အော်ဟစ်လိုက်သည်။
ထိုနောက်တွင် ပါးရိုက်ချက်များ ဆက်တိုက်ထွက်ပေါ်လာရာ မာထုံကို ရှုပ်ထွေးပြီး မျက်လုံးပြာသွားစေသည်။
ပြန်တိုက်ခိုက်ရန်ဆိုထားနှင့် လော့ထျန်ကို ကြည့်ရန်
ပင် မဝံ့ရဲခဲ့ပေ။
သူ၏နှလုံးသားသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နေပြီး သူသည် သနားခံစ ပြုလာသည်။
ခြေထောက်တစ်ချက်ဖြင့် လော့ထျန်သည် မာထုံကို မြင်းဇောင်းထဲသို့ ပစ်တင်လိုက်သည်။
မာထုံသည် ထို့နောက် သတိလစ်သွားခဲ့သည်။
သတိလစ်နေသော မာထုံကို မြင်လိုက်သောအခါ လော့ထျန်သည် သူ့ကိုယ်သူ
“ဒီလောက်ပဲထား၊ နောင်လည်း မင်းက ငါ့ကို မစ်ရှင်တွေ ပေးဦးမှာမို့လို့ မဟုတ်ရင် ဒီအဖေက မင်းကို သတ်ပြီးပြီ!” ဟု ပြောလိုက်သည်။
အဆင့်တက်ရန်အတွက် သူသည် နေ့စဉ် အလုပ်ငယ်လေးများကို အားကိုးရပြီး ၎င်းတို့ကို လွတ်သွား၍ မရနိုင်ချေ။
မဟုတ်ပါက လော့ထျန်သည် အမှန်တကယ်ပင် သေစေလောက်သော ထိုးနှက်ချက်ကို ပြုလုပ်ခဲ့ပြီးပေလိမ့်မည်။
ဖုန်းလေသည် အချိန်တစ်လျှောက်လုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘေးတွင် ရပ်နေခဲ့ပြီး သူသည် အရူးတစ်ဦးလို လော့ထျန်ကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။
သူသည် “သခင်လေးက အရမ်းစွမ်းအားကြီးတာပဲ” ဟူသော ဝါကျတစ်ကြောင်းကို မပြောမီ အချိန်ထိအတော်ကြာငိုင်နေခဲ့ပေသည်။