အတင်းအကြပ် စတင်လိုက်ရသော မစ်ရှင်
Vol. 1 Ch. 6
“ဖတ်”
“ဟေ့ကောင်၊ ဒီနေ့ ငါ့အတွက် လုပ်စရာအလုပ်တွေ ရှိသေးလားကွ”
“မရှိဘူး၊ မရှိပါဘူး…”
“ဖတ်”
“ဘယ်လိုလုပ် မရှိရမှာလဲ မြင်းကျောင်းတာ၊ မြက်ကျွေးတာ၊ မြင်းဇောင်းသန့်ရှင်းရေးလုပ်တာ စသဖြင့် အလုပ်တွေ အများကြီးပဲဟာ၊ မင်းမှာ ငါ့အတွက် အလုပ်ဘယ်လိုလုပ် မရှိရတာလဲ”
“ဒီကျွန်အိုလေးပဲ လုပ်ပါရစေ၊ သခင်လေးကို ဘယ်လိုလုပ် အလုပ်ပေးရဲမှာလဲ”
“ဖတ်”
“အားလုံး ငါ့ကိုပေးစမ်း”
“ကျွန်… ကျွန်တော်… မရဲပါဘူး၊ ဒီကျွန်အိုလေးပဲ လုပ်ပါရစေ”
“ဖတ်”
“ဒီအဖေက ပေးဆို ပေးလိုက်၊ စကားများမနေနဲ့”
မာထုံ၏ ပါးနှစ်ဖက်သည် အစိမ်းရောင်၊ ခရမ်းရောင်တို့ဖြစ်နေ၏။
သူ့မျက်လုံးနှစ်ဖက်မှာလည်း ဖူးယောင်ကာ ဝက်ဝံမျက်လုံးနှင့်တူနေချေသည်။
သူ့သွားအချို့လည်း ကျိုးသွားပြီး၊ ဆံပင်များလည်း ရှုပ်ပွနေကာ လူရုပ်ပင် မပေါက်တော့ချေ။
လော့ထျန်၏ ရိုက်နှက်ခြင်းကို ခံနေရသည့် မာထုံသည် လော့ထျန်အား အလွန်ပင် ကြောက်ရွံ့စွာကြည့်လျက် “ဒါ… ဒါ… ဒါဆိုရင် ကျွန်တော်၊ ကျွန်တော်၊ အလုပ်တွေ သခင်လေးကို ပေးပါ့မယ်” ဟု အားလျော့စွာ ပြောလိုက်၏။
“ဒင်”
“မစ်ရှင်တစ်ခု ရရှိပါသည်၊ မြင်းဇောင်း သန့်ရှင်းရေးလုပ်ပါ။ မစ်ရှင်ပြီးဆုံးပါက အတွေ့အကြုံ ၃၀ ရရှိပါမည်”
“မစ်ရှင်တစ်ခု ရရှိပါသည်၊ မြင်းကျောင်းပါ။ မစ်ရှင်ပြီးဆုံးပါက အတွေ့အကြုံ ၂၀ ရရှိမည်”
“မစ်ရှင်တစ်ခု ရရှိပါသည်၊ မြင်းများကို မြက်ကျွေးပါ။ မစ်ရှင်ပြီးဆုံးပါက အတွေ့အကြုံ ၁၀ ရရှိမည်”
လော့ထျန်သည် ကျေနပ်စွာပြုံးလိုက်ပြီး မာထုံ၏မျက်နှာကို ထပ်ရိုက်လိုက်၏။
ထို့နောက် ရယ်မောရင်း “မင်းက တကယ်ကို ရိုက်နှက်ပေးမှ ရတဲ့ကောင်ပဲ၊ ငါမင်းကို သေလုနီးပါးရိုက်လိုက်မှ အလုပ်တွေ ပေးရဲတော့တယ်” ဟု ပြောလိုက်၏။
သူသည် မာထုံကို မသတ်ခဲ့မိသည့်အတွက် အတွင်းစိတ်မှနေ၍ ကြိတ်ကျေနပ်မိ၏။
သို့မဟုတ်ပါက သူသည် ဤမစ်ရှင်များကို ရရှိမည်မဟုတ်ပေ။
အတွေ့အကြုံများမှာ များများစားစား မရှိသော်လည်း လက်ရှိလော့ထျန်အတွက် အမှတ်တိုင်းသည် အရေးပါ၏။
အစောပိုင်းတွင် အဆင့်တက်ရန် ဤအတွေ့အကြုံများ လိုအပ်ချေသည်။
“သခင်လေး သခင်လေး…”
ဖုန်းလေသည် အိတ်တစ်ခုကို သယ်လာရင်း မောဟိုက်စွာဖြင့် လော့ထျန်ထံသို့ ပြေးလာ၏။
ရယ်မောရင်း “သခင်လေး ကျွန်တော် အိမ်သာကျင်းတိုင်းမှာ လိုက်ရှာလာတာ ဒီလောက်ပဲ တွေ့တယ်” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ဖုန်လေသည် အိတ်ကို ဖွင့်လိုက်ရာ အနံ့ဆိုးတစ်ခု ထွက်လာ၏။
အိတ်ထဲတွင် ချေးပိုးထိုး ၁၀ ကောင်ကျော် ရှိနေချေသည်။
လော့ထျန်သည် ဖုန်းလေ၏ပခုံးကို ပုတ်လျက် “ဖုန်လေဝ မင်းတော်တယ်ကွ။ သခင်လေး ပိုက်ဆံရရင် မင်းကို အသားကျွေးမယ်” ဟု ပြောလိုက်၏။
ဖုန်းလေသည် ခေါင်းကိုကုတ်ကာ အပြုံးရယ်တစ်မျိုး ပြုံးလိုက်၏။
အသားစားရမည်ဟု ကြားလိုက်ရသည်နှင့် သူ့ပါးစပ်မှ တံတွေးများ ကျလုနီးပါး ဖြစ်နေချေသည်။
အသားစားရခြင်းသည် သူ့အတွက် အမြဲတမ်း အိပ်မက်တစ်ခု ဖြစ်ခဲ့၏။
သုံးနှစ်တောင် ရှိပြီဖြစ်ပြီး အသားအရသာကိုပင် မေ့နေပြီဖြစ်သည်။
လော့ထျန်သည် အိတ်ကို ပြန်စည်းပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
ထို့နောက် ဒေါသတကြီးဖြင့် နင်းချေလိုက်၏။
ဖုန်းလေသည် လော့ထျန်၏ ထူးဆန်းသောလုပ်ရပ်များကို ကြည့်နေသော်လည်း မေးခွန်းမထုတ်တော့ပေ။
သူသည် ဘေးတွင် အရူးတစ်ယောက်ကဲ့သို့ ရပ်နေရင်း လော့ထျန်က သူ့ကို အသားလိုက်ကျွေးမည့် အကြောင်းကို အိပ်မက်မက်နေ၏။
လော့ထျန်၏ စိတ်ထဲတွင်စနစ် သတိပေးချက်များ ထူးဆန်းစွာ ပေါ်လာ၏။
“ဒင်”
“ကစားသမား လော့ထျန် ချေးပိုးထိုး တစ်ကောင်ကို သတ်လိုက်သည့်အတွက် ဂုဏ်ယူပါသည်။ အတွေ့အကြုံ ၁ မှတ် ရရှိပြီး လျှို့ဝှက်စွမ်းအင် ၀ ရရှိသည်…”
“ဒင်”
“ဂုဏ်ယူပါသည်…”
မိနစ်တောင် မပြည့်ခင်တွင် ချေးပိုးထိုး ဆယ်ဂဏန်းကျော် လော့ထျန်၏ ခြေအောက်တွင် ဝမ်းနည်းဖွယ်ရာ သေဆုံးသွားကြသည်။
သူသည် အပိုဆယ်ဂဏန်းကျော် အတွေ့အကြုံ ရရှိခဲ့၏။
လော့ထျန်သည် သူ့အတွေ့အကြုံဘားကို ကြည့်ရင်း အပြုံးဖြင့် “ဖုန်းလေဝ၊ အပြင်ထွက်ပြီး ငါ့အတွက် ချေးပိုးထိုးတွေ ထပ်ရှာပေးပါအုံး။ အကောင် ၁၀၀ ရှာတွေ့ရင် သခင်လေး မင်းကို အသားကျွေးမှာ သေချာတယ်” ဟု ပြောလိုက်၏။
ဖုန်းလေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး “အသားစားရမှာ တကယ်လား” ဟု မေးလိုက်၏။
“တကယ်ပေါ့ သခင်လေး မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ” လော့ထျန်က ပြန်ဖြေလိုက်၏။
ဖုန်းလေသည် အိတ်ကိုယူကာ ပြုံးပြီး မောဟိုက်စွာဖြင့် ပြေးထွက်သွားချေသည်။
လော့ထျန်သည်လည်း အလုပ်မအား မစ်ရှင်များကို တစ်ခုပြီးတစ်ခု အမြန်ဆုံး ပြီးမြောက်အောင် လုပ်နေသည်။
သုံးရက်ကြာပြီးနောက်။
မနက်စောစော။
လော့ထျန်သည် မာထုံကို ရိုက်နှက်လိုက်သော်လည်းကံမကောင်းစွာဖြင့် မစ်ရှင်များ ထပ်မရခဲ့ချေ။
မာထုံက လော့ထျန်ကို အလုပ်မပေးခြင်း မဟုတ်ဘဲသူ့ထံတွင် ပေးစရာ မစ်ရှင် မရှိတော့ခြင်း ဖြစ်၏။
မစ်ရှင်များအားလုံး ပြီးဆုံးသွားသည့်သဖွယ် ဖြစ်နေချေသည်။
ဤသည်ကား လော့ထျန် မာထုံကို ရိုက်နှက်နေရခြင်း၏ အကြောင်းရင်းဖြစ်၏။
“ဘယ်လိုလုပ် မစ်ရှင်တွေ ထပ်မရှိတာလဲ”
သူသည် နက်နဲတပည့်အဆင့် ၄ အထိပင် အဆင့် မတက်သေးဘဲ မစ်ရှင်များ မရှိတော့ချေ။ လော့ထျန် ဘယ်လိုလုပ် စိတ်မဆိုးဘဲ နေနိုင်မှာလဲ ဘာကြောင့် မာထုံကို မရိုက်နှက်ပဲနေမှာလဲ?
မာထုံသည် သူ့ကို အပြင်းအထန်ဆုံး ရိုက်နှက်ခဲ့သည့်သူဖြစ်ပြီး လော့ထျန်က သူ့အပေါ် စိတ်မရှိလျှင် သူသည် လော့ထျန် မဟုတ်ပေ။
နေ့စဉ်မစ်ရှင်များ မရှိတော့ခြင်းသည် အတွေ့အကြုံများစွာ ဆုံးရှုံးရခြင်းနှင့် တူပြီးအဆင့် တက်နှုန်းကို သိသိသာသာ နှေးကွေးစေမည်။
မာထုံကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီးနောက် လော့ထျန်သည် မြင်းဇောင်း၏ ထောင့်တစ်နေရာတွင် ထိုင်ရင်း “ငါ့မှာ အခု မစ်ရှင်တွေ မရှိတော့ဘူးဆိုတော့အတွေ့အကြုံရဖို့ တခြားနည်းလမ်းရှာရမယ်။ ငါ ဒီတိုင်းထိုင်စောင့်နေလို့မဖြစ်ဘူး” ဟု သူ့ဘာသာ ရေရွတ်လိုက်၏။
“ဖုန်းလေဝ ကျောက်စိမ်းတောင်မြို့အနီးအနားမှာ သားရဲတိရစ္ဆာန်တွေ အများကြီးရှိတဲ့နေရာ ရှိလား”
“ပုံမှန်သားရဲတွေနော် နတ်ဆိုးသားရဲတွေ မဟုတ်ဘူး” ဟု လော့ထျန်က သတိပေးလိုက်၏။
ပုံမှန်သားရဲများနှင့် နတ်ဆိုးသားရဲများမှာ အဆင့် ကွာခြား၏။ ပုံမှန်သားရဲများကို သတ်နိုင်သော်လည်းနတ်ဆိုးသားရဲများကို သတ်ရန်မူ သူတွေးပင် မတွေးရဲပေ။
ဖုန်းလေသည် မြေပြင်ပေါ်တွင် ထိုင်ရင်း ခေါင်းကို ခဏမျှ ကုတ်လိုက်၏။ ထို့နောက် ခေါင်းကိုခါယမ်းလျက် “ကျွန်တော် တကယ်တော့ မသိဘူး။ သခင်လေးက သားရဲတွေကို သတ်ပြီး ကျွန်တော့်ကို အသားကျွေးဖို့ စဉ်းစားနေတာလား” ဟု ပြောလိုက်၏။
မနေ့က ဖုန်းလေသည် ချေးပိုးထိုး ၁၀၀ ရှာရန် သူ့တာဝန်ကို ပြီးဆုံးခဲ့သည်ဖြစ်ရာ သူ့ခေါင်းထဲတွင် အသားစားရန် တစ်ခုတည်းသာ ရှိ၏။
“စား၊ စား၊ စား၊ မင်းသိတာဆိုလို့ စားဖို့ပဲရှိတယ်” လော့ထျန်သည် အမှန်တကယ် စိတ်မဆိုးပါဘဲ “အသားတစ်နပ်ပဲ မဟုတ်လား ငါ မင်းကို သေချာပေါက် ကျွေးမှာပါ” ဟု ဆက်ပြောလိုက်၏။
သူ့တွင် ပိုက်ဆံတစ်ပြားတစ်ချပ်မှပင် မရှိချေ။ အသားစားရန် မဆိုထားနှင့် တစ်နေ့သုံးနပ် စားရန်ပင် ကြီးမားသောအခက်အခဲ ဖြစ်နေ၏။
ထိုအချိန်တွင် လော့မျိုးနွယ်စု၏ တရားဝင်တပည့် လေးယောက်သည် မြင်းဇောင်းသို့ လာကြ၏။
“မကြာခင်မှာ အမဲလိုက်ပြိုင်ပွဲ စတော့မယ် ဒီတစ်ခါတော့ ငါ သေချာပေါက် အဓိကတပည့် ဖြစ်ရမယ်”
“ငါတို့ ညီအစ်ကိုတွေ အတူတူ သတ်မယ်ဆိုရင် ငါတို့ အဓိကတပည့် ဖြစ်နိုင်တဲ့ အခွင့်အရေးရှိမယ်လို့ ငါယုံကြည်တယ်”
“မင်းတို့ ကြားပြီးပြီလား ဒီတစ်ခါ အမဲလိုက်ပြိုင်ပွဲရဲ့ ဆုကြေးက အရမ်း ရက်ရောတယ် မနှစ်က ဆုကြေးတွေအပြင် ကျောက်နက် တစ်တုံးလည်း ပါတယ်”
“ကျောက်နက်လာ လျှို့ဝှက်စွမ်းအင်တွေ ပြည့်နေတဲ့ ကျောက်နက်လား အဲဒါက တကယ်ကို လေ့ကျင့်ဖို့အတွက် အဖိုးတန်တဲ့ ရတနာပဲ ကျောက်နက်တစ်တုံးတည်းနဲ့ လျှို့ဝှက်
သခင်နယ်ပယ်ကို ထိုးဖောက်နိုင်မယ်”
“အကယ်၍ ငါသာ အဲဒါကို ရရင် ငါသေချာပေါက် လျှို့ဝှက်သခင်နယ်ပယ်ထဲကို ဝင်နိုင်မယ်”
“အိပ်မက်မက်တာ ရပ်လိုက်တော့ ငါတို့မျိုးနွဉ်စုခေါင်းဆောင်က ဒီတစ်ခါ ဆုကြေးတွေ ဘာကြောင့် တိုးပေးလဲဆိုတာ ရှင်းပါတယ်၊ လော့လင်က နက်နဲတပည့်အဆင့် ၈ ကို ရောက်နေပြီဆိုတော့ ဘယ်သူက သူ့ကို ယှဉ်နိုင်မလဲ၊ ရှင်းနေတာပဲ၊ တရားမျှတမှုအမည်ခံပြီး မျိုးနွယ်စုခေါင်းဆောင်က သူ့သားကိုကျောက်နက်ပေးတော့မှာ။ မင်းတို့ ဒါကို မမြင်ကြဘူးလား”
“မင်းပြောတော့မှ ဒါက ဖြစ်နိုင်ချေအရှိဆုံးပဲ”
“လော့မိသားစုရဲ့ လူငယ်တပည့်တွေထဲမှာ သခင်လေးလော့လင်တစ်ယောက်တည်းပဲ ကျောက်နက်ကို ရနိုင်တဲ့ အရည်အချင်းရှိတယ်၊ တခြားဘယ်သူမှ မရသင့်ဘူး”
“ဟုတ်တယ်၊ လော့မိသားစုမှာ သခင်လေးလော့လင်ကို ပြိုင်နိုင်တဲ့သူ မရှိဘူး”
“လော့ထျန် မချို့တဲ့ခင်တုန်းကဆိုရင်တော့…”
“အဲဒီ့ အသုံးမကျတဲ့ကောင်ကြီးက ငါတို့ လော့မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို အကုန်လုံး ဖျက်ဆီးခဲ့တာ
သူက ဘယ်အရည်အချင်းနဲ့ သခင်လေးလော့လင်နဲ့ ယှဉ်နိုင်မှာလဲ။ သူ့အကြောင်းတွေးမိတိုင်း ငါ စိတ်ဆိုးတယ်ကွာ။ သူ့ကြောင့်သာ မဟုတ်ရင် ငါတို့ လော့မျိုးနွယ် ဒီလို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
“တော်ပြီ၊ တော်ပြီ၊ အဲဒီ့အသုံးမကျတဲ့ကောင်ကို မပြောကြနဲ့တော့။ ငါတို့ ဒီကို တောင်တွေထဲမှာ လေ့ကျင့်ဖို့ မြင်းတွေ ရွေးဖို့လာတာ။ ဒီလေ့ကျင့်မှုက ငါတို့အတွက် အရမ်းအရေးကြီးတယ်၊ ဒါကြောင့် သေချာ ဂရုစိုက်ပြီး လုပ်ရမယ်…”
ထိုလေးယောက်သည် မြင်းဇောင်းထဲသို့ ဝင်လာပြီး ခေါင်းဆောင်ဖြစ်သူက အသံကျယ်ကျယ်ဖြင့် “မာကြီး၊ မာကြီး၊ မင်းရဲ့ အကောင်းဆုံးမြင်း လေးကောင်ကို ငါတို့အတွက် ရွေးပေးစမ်းပါ။ ငါတို့ တောင်တွေထဲမှာ လေ့ကျင့်ဖို့ သွားရမှာမို့လို့” ဟု အော်လိုက်၏။
မာထုံသည် သူ့မျက်နှာကို လက်ဖြင့်ကိုင်ကာ သူ့ရုံးခန်းထဲမှ ထော့နဲ့ထော့နဲ့ ထွက်လာပြီး “ဟိုဘက်က မြင်းဇောင်းတွေက အကောင်းဆုံးမြင်းတွေ၊ မင်းတို့ ကိုယ့်ဘာသာ ရွေးလို့ရတယ်” ဟု ချိုသာစွာ ပြုံးပြလိုက်၏။
“မာကြီး၊ မင်းမျက်နှာ…”
“ဟားဟားဟား…”
“ဟားဟားဟား…”
သူ၏ နှာခေါင်းသည် အစိမ်းရောင်သမ်းနေပြီး မျက်နှာ ဖူးယောင်ပြီး ဝက်ဝံမျက်လုံးနှင့် ရှေ့သွားနှစ်ချောင်း မရှိပေ။ ထို့အပြင် ထူးဆန်းသော ထော့နဲ့ထော့နဲ့ လမ်းလျှောက်ပုံတို့ကြောင့် ထိုလေးယောက်စလုံးသည် သူ့ကိုမြင်သည်နှင့် ရယ်မောကြ၏။
မာထုံ၏ မျက်လုံးများတွင် မျက်ရည်များ လည်နေပြီး အမုန်းတရားအချို့လည်း ပါဝင်နေသည်။
သူ တစ်ခုခု ပြောရန် ပြင်ဆင်လိုက်စဉ် လော့ထျန်က သူတို့အနီးသို့ လာ၏။ လက်တစ်ဖက်ဖြင့် မာထုံ၏ ပခုံးကိုပုတ်ပြီး ပြုံးလျက် “ဒီသခင်လေးတွေကို ကျွန်တော်တို့ ဘာများကူညီပေးရမလဲ” ဟု ပြောလိုက်၏။
မာထုံသည် သူ့ပခုံးပေါ်တွင် နာကျင်မှုကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူ့လည်ချောင်းသို့ ရောက်နေသည့် စကားလုံးများအားလုံးကို ပြန်မျိုချလိုက်ရသည်။
လော့ထျန်ကို မြင်လိုက်သည်နှင့် ထိုလေးယောက်၏ မျက်နှာသည် မထီမဲ့မြင် ဖြစ်သွားကြ၏။
တစ်ယောက်သောသူက အေးစက်စက်ဖြင့် “ဟွန့်၊ မင်း အသုံးမကျတဲ့ကောင်က မသေသေးဘူးလား? ငါတို့ကြားတာကတော့ သခင်လေးလော့ယွဲ့ က သူ့ကို သေအောင် ရိုက်ခဲ့တယ်လို့” ဟု ပြောလေသည်။
“မင်းရဲ့ ခွေးအသက်က တကယ်ကို မာတာပဲ”
“မင်းက အသက်ရှင်နေရုံနဲ့ လော့မိသားစုရဲ့ ဂုဏ်သိက္ခာကို ကျစေပြီး အစားအသောက်တွေ အလဟဿ ဖြစ်စေတာပဲ။ ဘာလို့ စောစောစီးစီး မသေတာလဲ?”
ဖုန်းလေ၏ မျက်နှာပေါ်တွင် ဒေါသများ ပေါ်လာပြီး ဘေးတွင် လက်သီးကို ကျစ်နေအောင် ဆုပ်ထားသည်။ လော့ထျန်ကသာ သူ့ကို မတားဆီးထားပါက သူသည် ထိုလူများကို တိုက်ခိုက်ရန် ပြေးသွားမိမည်။
ဖန်လေး တိုက်ခိုက်ပါက တစ်ခုတည်းသော ရလဒ်သာ ရှိ၏။
သူ ဆိုးဆိုးရွားရွား အရိုက်ခံရမည်ပင်။
လော့မိသားစု၏ တရားဝင်တပည့်များမှာ နက်နဲတပည့်အဆင့် ၃ သို့မဟုတ် ထိုထက် အဆင့်မြင့်ကြသည်။
လေးယောက်ထဲမှ နှစ်ယောက်မှာ နက်နဲတပည့်အဆင့် ၄ တွင် ရှိနှင့်ပြီးဖြစ်သည်။
တကယ်သာ တိုက်ခိုက်ကြလျှင် လော့ထျန်သည် ထိုနှစ်ယောက်ကို မနိုင်ပေ။
လော့ထျန်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး ဦးညွှတ်လျက်
“ဒီသခင်လေးလေးယောက်က မြင်းကို သွားရွေးသင့်ပါတယ်” ဟု ပြောလိုက်၏။
လော့ထျန်က ချီးကျူးစကားပြောသည်ကို မြင်လိုက်ရသည့်အခါ သူတို့ထဲမှ တစ်ယောက်က
“အသုံးမကျတဲ့ကောင်က အသုံးမကျတဲ့ကောင်ပဲ” ဟု လှောင်ပြောင်လိုက်၏။
ထိုလေးယောက်သည် မြင်းဇောင်းများဆီသို့ သွားပြီး မြင်းလေးကောင်ကို အမြန်ဆုံး ရွေးချယ်လိုက်သည်။
လော့ထျန်နှင့် ဖုန်းလေသည် မြင်းများကို မြင်းဇောင်းမှ ထုတ်လာပြီး မြင်းကြိုးများကို ထိုလေးယောက်ထံသို့ ပေးလိုက်၏။
မူလက ပြီးဆုံးပြီဟု တွေးထားခဲ့သော်လည်း…
အဖွဲ့ခေါင်းဆောင်ဖြစ်သူက လော့ထျန်ကို တစ်ချက်ကြည့်ပြီး အေးစက်စက်ပြုံးလျက်
“ငါတို့ တောင်ပေါ်မှာ ရက်အတော်ကြာ လေ့ကျင့်ရမှာဆိုတော့ မင်းနှစ်ယောက်က ငါတို့မြင်းတွေကို ဂရုစိုက်ပေးရမယ်” ဟု ပြောလိုက်၏။
“ဘာ”
“ကျွန်တော်တို့က မြင်းဇောင်းထဲက မြင်းတွေကိုပဲ တာဝန်ယူတာပါ။
မြင်းဇောင်းအပြင်က မြင်းတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။
ခင်ဗျားတို့မြင်းတွေကို ဂရုစိုက်ပေးမယ့်သူ လိုချင်ရင် တခြားတစ်ယောက် ရှာပါ” ဟု ဖုန်းလေက မကျေမနပ် ပြောလိုက်၏။
“ဟေ့ကောင်”
“မင်းလို အသုံးမကျတဲ့ကောင်နှစ်ယောက်က ငါတို့မြင်းတွေကို ဂရုစိုက်ပေးရတာ မင်းတို့အတွက် ကံကောင်းခြင်းပဲ။
ငါ မင်းတို့မျက်နှာကို ကြည့်ပြီး ပြောနေတာကို မင်းတို့က အကဲမခတ်တတ်ကြဘူး။
မင်းလို အသုံးမကျတဲ့ကောင်မျိုးဆို ငါ့အဖေက သေအောင်ရိုက်လို့ရတယ်၊ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး”
“မင်းတို့ အရမ်းလွန်နေပြီ!”
မူလကတည်းက စိတ်မကောင်းဖြစ်နေသည့် ဖုန်းလေသည် င်္အကျီလက်ကို လိပ်လျက် ရှေ့သို့ ပြေးတိုက်ခိုက်ရန် ပြင်လိုက်၏။
လော့ထျန်သည် ရယ်မောလိုက်ပြီး ဒေါသထွက်နေသည့် ဖုန်းလေကို တားဆီးထားလိုက်၏။
ထို့နောက် ရယ်လျက်
“ဒီသခင်လေးလေးယောက်ရဲ့ မြင်းတွေကို ဂရုစိုက်ပေးရတာ ကျွန်တော်တို့အတွက် ကံကောင်းခြင်းပါပဲ။
ကျွန်တော်တို့ လိုက်ပါ့မယ်၊ သေချာပေါက် လိုက်ပါ့မယ်” ဟု ပြောလိုက်၏။
ထိုတပည့်က မြင်းများကို ဂရုစိုက်ပေးရန် ပြောသည့်အချိန်တွင် လော့ထျန်၏ စိတ်ထဲ၌ သတိပေးချက်တစ်ခု ပေါ်လာသည်။
“ဒင်”
“မစ်ရှင်တစ်ခု ရရှိပါသည်၊ မြင်းများကို ဂရုစိုက်ပါ။ မစ်ရှင်ပြီးဆုံးပါက အတွေ့အကြုံ ၈၀ ရရှိမည်”
မစ်ရှင်ပါဝင်နေသည့်အတွက် သူ သေချာပေါက် လုပ်ရမည်ဖြစ်၏။
ထို့အပြင် ထိုလေးယောက်၏ စကားဝိုင်းမှ လော့ထျန်က သူတို့သည် တောင်ပေါ်သို့ လေ့ကျင့်ရန် သွားနေကြောင်း သတိပြုမိလိုက်သည်။
သူတို့၏ လက်ရှိခွန်အားဖြင့် နတ်ဆိုးတောင်တန်းထဲသို့ ဝင်ရန် သေချာပေါက် မရဲကြပေ။
ထို့ကြောင့် တခြားတောင်တစ်ခုခုဖြစ်ရမည်။
သူတို့ အမဲလိုက်နိုင်သည့် သားရဲတိရစ္ဆာန်များ ရှိသည့် တခြားဘယ်နေရာများ ရှိသေးလဲ?
“သခင်လေး…”
“ဒီလေးယောက်က လော့မျိုးနွယ်ရဲ့ အခြွေအရံတွေပဲ ရှိပါသေးတယ်။
သူတို့က ဘယ်အရည်အချင်းနဲ့ သခင်လေးရှေ့မှာ ဒီလောက် မာနထောင်လွှားနေရတာလဲ?
အရင်တုန်းက သူတို့က သခင်လေးရှေ့မှာ ခွေးလိုပဲ…” ဟု ဖုန်းလေက ဒေါသတကြီး ပြောလိုက်၏။
“ဟေ့ကောင် ဝတုတ် မင်း ဘာပြောလိုက်တာလဲ?”
“ဟေ့ကောင်၊ ဒီအဖေကတော့ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလို့ ထင်တယ်”
“ဘယ်လို သခင်လေးလဲ? မင်းတို့က အရင်တုန်းကနဲ့ အခု အတူတူရှိနေသေးတယ်လို့ ထင်နေတုန်းပဲလား?
မင်းတို့ နိုးထသင့်ပြီ”
လော့ထျန်သည် ဖုန်းလေအား မျက်လုံးဖြင့် အချက်ပြသော်လည်း ထိုကောင်ကြီးက လုံးဝလျစ်လျူရှုလိုက်၏။
လော့ထျန်သည် ရှေ့သို့ တိုးလာပြီး
“ဒီသခင်လေး လေးယောက် စိတ်မဆိုးပါနဲ့။ ကျွန်တော့်ညီက ဦးနှောက်မမှန်လို့ပါ။
ကျွန်တော်တို့က သခင်လေးတို့ရဲ့ မြင်းတွေကို ဂရုစိုက်ပေးမယ်လို့ သဘောတူထားပြီးပါပြီ၊ သေချာပေါက် လုပ်ပေးပါ့မယ်” ဟု တောင်းပန်သော အပြုံးဖြင့် ပြောလိုက်၏။
“ဟွန့် မင်း ဘယ်လို ပြုမူရမယ်ဆိုတာ သိတာ ကောင်းတယ်!”
လော့ထျန်သည် ခြောက်ကပ်ကပ် ပြုံးလိုက်ပြီး၊ မြင်းဇောင်းထဲသို့ ထပ်ဝင်ရန် ရည်ရွယ်ကာ မြင်းနှစ်ကောင် ထပ်ယူ၏။
“မင်း ဘာလုပ်နေတာလဲ?”
“မင်းက မြင်းဇောင်းထိန်းပဲ ရှိတာ၊ မြင်းတွေနဲ့အတူတူ စီးပြီး လိုက်ချင်တယ်လား?
မင်းတို့ ကိုယ့်အဆင့်ကိုယ် ပြန်ကြည့်ပါအုံး”
လော့ထျန်သည် နောက်လှည့်ပြီး
“ကျွန်တော်တို့က မြင်းမစီးရင် ခင်ဗျားတို့ကို ဘယ်လိုလုပ် အမှီလိုက်နိုင်မှာလဲ?” ဟု အကူအညီမဲ့စွာ မေးလိုက်၏။
“မင်းတို့ခြေထောက်တွေနဲ့ ပြေးလေ၊ အဲဒါတွေက အလှထားတာလား”
“လော့မျိုးနွယ်ရဲ့ အကြီးမားဆုံး အသုံးမကျတဲ့ကောင်က မြင်းစီးချင်တာလား
လူတွေ သွားကျိုးအောင် ရယ်ကြမှာကို မကြောက်ဘူးလား?”
လော့ထျန်၏ မျက်လုံးအမူအရာများ ပြောင်းလဲသွားပြီး သူသည် မြင်းဇောင်းထဲမှ ထွက်လာ၏။
လိမ်လည်သည့် အပြုံးဖြင့်
“ဒီသခင်လေးတွေ ရှေ့ကနေ ဦးဆောင်ပေးပါ” ဟု ပြောလိုက်၏။
“ဟားဟားဟား…”
“ဒီလောက် အလွယ်တကူ နာခံလိုက်တာ။ တစ်ချိန်တုန်းက သြဇာကြီးခဲ့တဲ့ လော့မျိုးနွယ်စုရဲ့ အပြီးပြည့်စုံဆုံး ဉာဏ်ကြီးရှင်က အခုတော့ ဒီလိုဖြစ်သွားပြီ။
ဟားဟားဟား…”
ထိုလေးယောက်သည် မြင်းပေါ်သို့ တက်ကြပြီး၊ သူတို့၏ မြင်းကိုရိုက်ကာ မြင်းဇောင်းထဲမှ ထွက်ခွာသွားကြ၏။
“အသုံးမကျတဲ့ကောင်ကြီး ငါတို့နောက်အမြန်လိုက်ခဲ့။
မလိုက်နိုင်ရင် ဒီအဖေက ညှာတာမှုမရှိဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့နော်”
ဖုန်းလေသည် ဒေါသတကြီးဖြင့်
“သခင်လေး…” ဟု အပြင်းအထန် ပြောလိုက်၏။
လော့ထျန်သည် သူ့မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ထိုလေးယောက်၏ ကျောပြင်များကို သတ်ရန် ရည်ရွယ်ချက်များဖြင့် စိုက်ကြည့်နေသည်။
ထို့နောက်
“ဒီအဖေရဲ့ မစ်ရှင်ပြီးတဲ့အထိ စောင့်နေလိုက် အဲဒီ့အခါကျရင် မင်းတို့ရဲ့ အမှောင်ကာလ ရောက်လာလိမ့်မယ်…” ဟု သူ့ဘာသာ ရေရွတ်လိုက်၏။