← Chapters

အလဲမထိုးနိုင်သည့် မျိုးရိုးဗီဇ

Vol. 1 Ch. 9

အလဲမထိုးနိုင်သည့် မျိုးရိုးဗီဇ

Vol. 1 Ch. 9

“နက်နဲသောတပည့်အဆင့် ၅” ဆိုသည့် အဆင့်

သည် အဆင့်တစ်ခုနှင့် တစ်ခုကြားတွင် အကြီးမားဆုံးသော ကွာဟချက်ကို ပိုင်ဆိုင်သည်ဟု သတ်မှတ်ထားကြသည်။

“နက်နဲသောတပည့်အဆင့် ၄” နှင့် “အဆင့် ၅” တို့အကြားတွင် စွမ်းအားကွာခြားမှုက အလွန်ကြီးမားလှ၏။

လော့ထျန်သည် သူ၏စနစ် ကို ဖွင့်ပြီး နောက်

တစ်ဆင့်တက်ရန်အတွက် အတွေ့အကြုံမှတ်မည်မျှလိုသည်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာအမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး “မင်းရဲ့ အမ စနစ်လာ” ဟု ကျိန်ဆဲတော့သည်။

“နက်နဲသောတပည့်အဆင့် ၃” ကနေ “အဆင့် ၄” ကို တက်ရန်အတွက် အတွေ့အကြုံအမှတ် ရာအနည်းငယ်သာ လိုအပ်သည်။ သို့သော် “အဆင့် ၄” မှ “အဆင့် ၅” ကို တက်ရန်အတွက်မူ အတွေ့အကြုံအမှတ် တစ်သောင်း လိုအပ်နေသည်။

ရုတ်တရက် အတွေ့အကြုံအမှတ်လိုအပ်မှုက ရာပေါင်းများစွာ တိုးလာလေသည်။ ဤအခြေအနေသည်…

လော့ထျန်၏ ဒေါသများ ပေါက်ကွဲထွက်လာပြီး စနစ် ၏ ဘိုးဘွားမျိုးဆက်ပေါင်း ၁၀၈ ဆက်လုံးကို ဆဲဆိုကြိမ်းမောင်းလေတော့သည်။

သူက “ခဏလေးနေရင် နောက်တစ်ဆင့်တက်တော့မယ် ‘ကြမ်းတမ်းမှု’ ဆိုသည့် နတ်ဘုရားသိုင်းပညာကိုလည်း မြန်မြန်ရတော့မယ်” ဟု မူလက တွေးထားခဲ့သည်။ သို့သော် ယခုမူ… လော့ထျန်သည် လုံးဝကို အကျပ်အတည်းနှင့် ရင်ဆိုင်နေရလေပြီ။

သူသည် စိတ်ရှိလက်ရှိ ကျိန်ဆဲနိုင်သော်လည်း လက်တွေ့ဘဝကို ရင်ဆိုင်ရပေဦးမည်။

စိတ်ပျက်လက်ပျက် ဖြစ်နေသော လော့ထျန်သည် ထိုစာသားကို စက္ကန့်အနည်းငယ်ကြာအောင် ထပ်ဖတ်ပြီးနောက် သူ၏ အခြားသော စွမ်းရည်များကို စစ်ဆေးကြည့်လိုက်သည်။

သိုင်းပညာစွမ်းရည် – လျှပ်စီးကျားသစ်လက်သီး

အဆင့် – အဆင့် ၁

ကျွမ်းကျင်မှု – ၁၀/၁၀၀

“ဒီလက်သီးလုံးအတွဲရဲ့ အစွမ်းက မဆိုးပါဘူး။ တိုက်ခိုက်လို့လည်း ရတယ်။ ကာကွယ်လို့လည်း ရတယ်။ ငါ့မှာသာ ‘ကြမ်းတမ်းမှု’ စွမ်းရည်ရှိရင် စွမ်းအားနှစ်ဆတိုးသွားမှာ ဖြစ်လို့ အများကြီး ပိုပြီးတော့ အစွမ်းထက်လာနိုင်ပါတယ်” လော့ထျန်သည် ကိုယ့်ဘာသာ စကားပြောနေရင်းက ရုတ်တရက် ဒေါသထွက်လာပြန်၏။ “‘ကြမ်းတမ်းမှု’ ငါ့ ‘ကြမ်းတမ်းမှု’ ကတော့လေ…”

လော့ထျန်သည် စနစ် ၏ ဇာတ်ကောင်စရိုက်အချက်အလက်ကို ပိတ်တော့မည့်အချိန်တွင် အပိုဆောင်းစာကြောင်းတစ်ကြောင်းကို သတိပြုမိလိုက်သည်။

အလဲမထိုးနိုင်သည့်တန်ဖိုး – ၄ မှတ်

“အလဲမထိုးနိုင်သည့်တန်ဖိုးဆိုတာ ဘာလဲ”

“ငါသတ်လိုက်တဲ့ လူတိုင်းဟာ ဒီတန်ဖိုးကို ၁ မှတ် တိုးလာစေပုံရတယ်။ ဒါက ကစားသူသတ်စနစ် တစ်ခုလား” လော့ထျန်သည် အယူအဆအမျိုးမျိုးကို စတင်တွေးတောတော့သည်။ အွန်လိုင်းဗီဒီယိုဂိမ်းများတွင် အခြားကစားသမားများကို သတ်လိုက်သောအခါ တစ်ယောက်၏ နာမည်သည် အနီရောင်သို့ ပြောင်းသွားတတ်သည်။ စနစ် ၏ အလဲမထိုးနိုင်သည့်တန်ဖိုးနှင့် နာမည်နီခြင်းသည် သဘောတရားချင်း တူညီနေနိုင်မည်လား။

လော့ထျန်သည် သိပ်မတွေးချင်တော့ဘဲ အလဲမထိုးနိုင်သည့်တန်ဖိုး၏ ဖော်ပြချက်ကို တိုက်ရိုက်သွားကြည့်လိုက်၏။

ဖော်ပြချက် ၁။ လူတစ်ဦးကို သတ်ပြီးနောက် သင်သည် အလဲမထိုးနိုင်သည့်တန်ဖိုး ၁ မှတ် ရရှိမည်။ အလဲမထိုးနိုင်သည့်တန်ဖိုးသည် သတ်မှတ်ထားသော အမှတ်သို့ ရောက်ရှိသောအခါ သင်သည် ၎င်းကို ညီမျှသော အလဲမထိုးနိုင်သည့် မျိုးရိုးဗီဇ တစ်ခုနှင့် လဲလှယ်နိုင်မည်။

ဖော်ပြချက် ၂။ အလဲမထိုးနိုင်သည့်တန်ဖိုးသည် လျော့ကျသွားမည်မဟုတ်သလို ပြန်လည်သတ်မှတ်မည်လည်း မဟုတ်ပေ။ သို့မဟုတ်ပါက အလဲမထိုးနိုင်သောစနစ်သည် ပိုင်ရှင်၏ နာကျင်မှုကို နှစ်ဆ တိုးစေမည်ဖြစ်သည်။

“အလဲမထိုးနိုင်တဲ့ မျိုးရိုးဗီဇလား”

“မင်းက ငါ့ကို ဟန်ဆောင်ပန်ဆောင်လုပ်နေတာလား။ မင်းမှာ ဘယ်လိုမျိုးရိုးဗီဇတွေရှိလဲ ငါကြည့်လိုက်ဦးမယ်” လော့ထျန်သည် အလဲမထိုးနိုင်သည့်တန်ဖိုး၏ လဲလှယ်စနစ်ကို ဖွင့်လိုက်၏။ မကြည့်ခင်အထိတော့ အဆင်ပြေသေးသည်။ သို့သော် တစ်ချက်ကြည့်လိုက်ပြီးနောက်… သူသည် လုံးဝကို အံ့ဩမှင်သက်သွားလေသည်။

• အလဲမထိုးနိုင်သော နဂါးပြာ မျိုးရိုးဗီဇ…

• အလဲမထိုးနိုင်သော လိပ်နက် မျိုးရိုးဗီဇ…

• အလဲမထိုးနိုင်သော ကျီးနီ မျိုးရိုးဗီဇ…

• အလဲမထိုးနိုင်သော ကျားဖြူ မျိုးရိုးဗီဇ…

နတ်ဘုရားသားရဲကြီးလေးကောင်၏ မျိုးရိုးဗီဇများလား။ ၎င်းတို့သည် အလွန်အစွမ်းထက်သော အရာများ ဖြစ်၏။

တကယ်လို့ မင်းသာ ဒါမျှပဲ ရှိသည်ဟု တွေးလိုက်လျှင် လုံးဝမှားပေမည်။ နတ်ဘုရားသားရဲကြီးလေးကောင်၏ မျိုးရိုးဗီဇသည် အပေါ်ယံမျှသာ ဖြစ်သည်။ လော့ထျန် ဖတ်လိုက်သော နောက်အပိုင်းသည် သူ့ကို လုံးဝ ထိတ်လန့်စေခဲ့သည်။

နောက်လာမည့်အပိုင်းက ပို၍ပင် ထိတ်လန့်စရာကောင်းပြီး လူများကပင် စိတ်ကူးမယဉ်ရဲသော အရာများ ဖြစ်သည်။

အလဲမထိုးနိုင်သော တထာဂတ (ဗုဒ္ဓ) မျိုးရိုးဗီဇ၊ အလဲမထိုးနိုင်သော ဖန်ကူ မျိုးရိုးဗီဇ၊ အလဲမထိုးနိုင်သော နတ်ဘုရားသိုင်းပညာ မျိုးရိုးဗီဇ၊ အလဲမထိုးနိုင်သော ဟုန်မန်သခင်၏ မျိုးရိုးဗီဇ ၊ အလဲမထိုးနိုင်သော… အမိုက်ဆုံးကတော့ အလဲမထိုးနိုင်သော အရှင်သခင်ကိုယ်တော်တိုင်၏ မျိုးရိုးဗီဇ ဖြစ်သည်။

“ငါ့…ငါ့…ငါ့…လေဒီဂါဂါ ဒါက ငါ့ကို လုံးဝ ထိတ်လန့်သွားစေပြီး” လော့ထျန်သည် အလွန်စိတ်လှုပ်ရှားသွား၍ တုံးအသွား၏။ ထိုမျှ အဆုံးမရှိသော အလွန်အစွမ်းထက်သည့် မျိုးရိုးဗီဇများစွာ ရှိမည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ဖူးပေ။ ထိုမျိုးရိုးဗီဇများထဲမှ တစ်ခုခုကို သူသာ ရရှိခဲ့ပါလျှင် ထျန်ရွှမ်ဒေသပေါ်

တွင် ဟန်ပါပါ လျှောက်သွားနိုင်မည်ဖြစ်၏။ သူစိတ်တိုင်းမကျသည့်သူများကို တွေ့ပါက သေလုနီးပါး ကစားနိုင်မည့် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေမည်။

လော့ထျန်သည် တံတွေးများ ကျလာသည်။

ဒါက အလွန်ရူးသွပ်ဖွယ်ရာ ဖြစ်သည်။

မျိုးရိုးဗီဇဆိုသည်မှာ ထျန်ရွှမ်ဒေသ၏ အနက်ရှိုင်းဆုံးသော အင်အားဖြစ်ပြီး အစွမ်းအထက်ဆုံးသော အင်အားလည်း ဖြစ်၏။

မျိုးရိုးဗီဇကို လွှဲပြောင်းရယူနိုင်သည့် နည်းလမ်းနှစ်ခု ရှိသည်။

ပထမနည်းမှာ မိမိ၏ မျိုးဆက်မှ သဘာဝအတိုင်း ဆင်းသက်လာခြင်း ဖြစ်သည်။

၎င်းသည် မိမိ၏ ဘိုးဘွားမျိုးရိုးတွင် အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ပေါက်လာသောအခါ ဖြစ်ပေါ်လာသည်။

ထိုသူ၏ စွမ်းအားများသည် မျိုးဆက်များစွာအထိ လက်ဆင့်ကမ်းလာပြီး အချို့သည် သူတို့တွင်ရှိသော စွမ်းအားများ၏ တစ်စိတ်တစ်ပိုင်းကို ရရှိကြ၏။

၎င်းသည် သူတို့၏ ကျင့်ကြံမှု သို့မဟုတ် သူတို့၏ ကိုယ်ခန္ဓာကြောင့် ဖြစ်စေ ပို၍အစွမ်းထက်လာမည်။

ဒုတိယနည်းမှာ စေတန်နတ်ဆိုးသားရဲ၏ မျိုးရိုးဗီဇနှင့် ပေါင်းစည်းခြင်း ဖြစ်သည်။

အောင်မြင်စွာ ပေါင်းစည်းနိုင်ပါက စေတန်နတ်ဆိုးသားရဲ၏ စွမ်းအားကို ရရှိမည်ဟု ဆိုလိုသည်။

စေတန်နတ်ဆိုးသားရဲသည် အစွမ်းထက်လေ အောင်မြင်စွာ ပေါင်းစည်းနိုင်ခြေက မြင့်မားလေဖြစ်ပြီး မင်းမှာ ပို၍ အစွမ်းထက်လာလေဖြစ်သည်။

သို့သော် ထိုအစွမ်းထက်သော စာတန်နတ်ဆိုးသားရဲများကို မည်သူကမှ သွားပြီး ရန်စရဲမည်မဟုတ်ပေ။

မိမိ၏ မျိုးဆက်မှ ဆင်းသက်လာသော မျိုးရိုးဗီဇဖြစ်စေ သို့မဟုတ် စေတန်နတ်ဆိုးသားရဲ၏ မျိုးရိုးဗီဇနှင့် ပေါင်းစည်းခြင်းဖြစ်စေ ဤမျိုးရိုးဗီဇများသည် သူ့ စနစ် ၏ အလဲမထိုးနိုင်သော မျိုးရိုးဗီဇများနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။

ထျန်ရွှမ်ဒေသကြီးတွင် အလဲမထိုးနိုင်သော မျိုးရိုးဗီဇ တိုင်းသည် အနှိုင်းမဲ့ဖြစ်လေ၏။

“ငါသာ မျိုးရိုးဗီဇတွေထဲက တစ်ခုခုနဲ့ လဲလှယ်နိုင်ခဲ့မယ်ဆိုရင်…”

ထိုအကြံကို တွေးလိုက်သည်နှင့် လော့ထျန်၏ နှလုံးသားသည် တုန်ယင်သွားသည်။

သို့သော် လဲလှယ်ရန် အချိုးအစားကို မြင်လိုက်သောအခါ သူ့မျက်လုံးများ ပြောင်းလဲသွားပြီး အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲတော့သည်။

“မင်း အမ စနစ်၊ မင်းက ငါ့ကိုလာကစားနေတာလာ”

အလဲမထိုးနိုင်သည့်တန်ဖိုး ၂၀၀၀ မှတ်ကို နဂါးပြာမျိုးရိုးဗီဇနှင့် လဲလှယ်နိုင်သည်…

အမှတ် ၂၀၀၀၀ လဲလှယ်မှု အချိုးအစား…

အမှတ် ၂၀၀၀၀၀၀၀၀ လဲလှယ်မှု အချိုးအစား…

လော့ထျန်သည် ကျိန်ဆဲနေသော်လည်း အလဲမထိုးနိုင်သည့်တန်ဖိုးက သူ့ကို စိုးရိမ်စိတ်ထက် ပိုမိုပျော်ရွှင်စေသောကြောင့် မသိစိတ်မှာမူ ပျော်ရွှင်နေ၏။

သို့သော် နဂါးပြာမျိုးရိုးဗီဇအတွက် လိုအပ်သော အမှတ်များကို ကြည့်လိုက်သောအခါ သူ့ကိုယ်သူ ညည်းတွားနေမိသည်။

လူတစ်ဦး၏ ခေါင်းသည် တစ်မှတ်နှင့် ညီမျှသည်၊ ဆိုလိုသည်မှာ နဂါးပြာမျိုးရိုးဗီဇကို ရရှိရန်အတွက် လူ ၂၀၀၀ ကို သတ်ရမည်ဟု ဆိုလိုသည်။

ထိုသို့ဆိုလျှင် သူသည် ရူးသွပ်သော လူသတ်သမား ဖြစ်လာမည်မဟုတ်ပေလား။

သူ၏ သနားစရာကောင်းသော အလဲမထိုးနိုင်သည့်တန်ဖိုး ၄ မှတ်ကို ကြည့်လိုက်သောအခါ လိုအပ်သည့် ၂၀၀၀ မှတ်နှင့် အလွန်ဝေးကွာနေသည်။

လော့ထျန်သည် သိပ်ကြာကြာမတွေးတော့ပေ။

အဘယ်ကြောင့်ဆိုသော် အလဲမထိုးနိုင်သည့်တန်ဖိုးက ပျောက်ကွယ်သွားမည်မဟုတ်သောကြောင့် ဖြစ်သည်။

ဤ လူသားချင်းသတ်ဖြတ်သည့် ကမ္ဘာတွင် ထိုတန်ဖိုးသည် နောက်ဆုံးတွင် သူ့အလိုလို တိုးလာလိမ့်မည်။

ချက်ချင်းပင်…

လော့ထျန်သည် ထိုကျားသစ်နက်၏ အလောင်းကို ကောက်ယူပြီး တောင်ခြေသို့ ပြန်ဆင်းသွားသည်။

“အသား အသား ငါ နောက်ဆုံးတော့ အသားစားရပြီ”

ဖုန်းလေ၏ မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ လင်းလက်သွားပြီး လော့ထျန်သည် ကျားသစ်နက်ကို သယ်လာသည်ကို မြင်လိုက်ရသောအခါ သူ့မေးစေ့မှ တံတွေးများ စီးကျလာသည်။

လော့ထျန်သည် ညင်သာစွာ ပြုံးလိုက်ပြီး “အဆီတုံးလေ ဒီနေ့ကစပြီး မင်းကို နေ့တိုင်း အသားစားခွင့် ပေးမယ်” ဟု ဆိုလိုက်၏။

သူ စကားကိုပင် မဆုံးသေးခင်…

ဖုန်းလေသည် လော့ထျန်ဘေးသို့ ပြေးသွားပြီး ကျားသစ်နက်ကို သူ၏ ပခုံးပေါ်သို့ ပစ်တင်လိုက်သည်။

ရွှင်ပြုံးစွာဖြင့်ပင် “သခင်လေး သခင်လေးက တကယ်ကို အရမ်းကောင်းတာပဲ” ဟု ချစ်ခင်စဖွယ် ပြောလိုက်သည်။

ထိုမျက်လုံးများနှင့် ထိုအကြည့်သည် လော့ထျန်ကို တုန်လှုပ်စေသောကြောင့် သူသည် “ကျစ် အဆီတုံး အဲဒီလိုပုံစံနဲ့ ငါ့ကို ထပ်ကြည့်မယ်ဆိုရင် ဒီအသားကို စားဖို့တောင် မစဉ်းစားနဲ့တော့” ဟု အမြန်ပြောလိုက်သည်။

သူမစားရတော့ဘူးလား။

ဖုန်းလေသည် ထိတ်လန့်သွားပြီး သူ့မျက်နှာအမူအရာက မကျေမနပ်ဖြစ်နေပုံ ပေါ်သည်။

ထို့နောက် “သခင်လေး ကျွန်တော် မှားသွားပါတယ်နော်” ဟု သနားစဖွယ် ပြောလိုက်သည်။

လော့ထျန်သည် သူ့ကို မကြည့်နိုင်တော့ဘဲ “သွားပြီးတော့ ကျားသစ်အသားကို သန့်ရှင်းရေးလုပ်ပြီး ကင်လိုက်တော့။ ငါ တော်တော်ဆာနေပြီ” ဟု အမြန်ပြောလိုက်သည်။

“အမိန့်ကိုနာခံပါတယ်”

ဖုန်းလေသည် ကျားသစ်နက်ကို ကောက်ယူပြီး စိတ်အားထက်သန်စွာဖြင့် ချောင်းငယ်လေးဆီသို့ အမြန်ပြေးသွား၏။

နာရီဝက်ကြာပြီးနောက်။

မီးကို မွှေးပြီး အသားတုံးများကို ကင်နေကြသည်။

မကြာမီပင် ဆီများက မီးတောက်များပေါ်သို့ စီးကျလာတော့သည်။

လော့ထျန်သည် ကောင်းကောင်းကင်ထားသော အသားတစ်တုံးကိုယူပြီး “မင်းအရင်စားလိုက်” ဟု ပြုံး၍ ဖုန်းလေကို ပေးလိုက်သည်။

ဖုန်းလေသည် ခေါင်းကို ခါလိုက်ပြီး မကျက်သေးဘဲသွေးများ စီးကျနေဆဲဖြစ်သော အသားတစ်တုံးကို ဆွဲယူလိုက်သည်။

သူသည် အသားကို ကိုက်လိုက်ပြီး ဝါးလိုက်သောအခါ ကျေနပ်ပျော်ရွှင်နေပုံ ပေါ်သည်။

“သခင်လေး ကျွန်တော်က အသားစိမ်းကြိုက်တယ်”

လော့ထျန်သည် ဖုန်းလေကို အလွန်နှစ်ခြိုက်စွာ စားနေသည်ကို ကြည့်ပြီး အံ့ဩသွားကာ “ဘယ်လို.. ထူးခြားတဲ့ စွမ်းရည်ပဲ” ဟု ချီးကျူးလိုက်သည်။

လော့ထျန်၏ မှတ်ဉာဏ်များတွင် ဖုန်းလေသည် ငယ်စဉ်ကတည်းက သွေးများ စီးကျနေသည့် အသားစိမ်းကို စားရသည်ကို အမြဲတမ်း နှစ်သက်ခဲ့သည်။

သူသည် သားရိုင်းတစ်ကောင်နှင့်တူသည်။

လော့ထျန်သည် သူ့ကို လွှတ်ထားပြီး ကင်ထားသော အသားအချို့ကို ယူကာ သူ့ဘာသာ စားတော့သည်။

အသားစိမ်းစားနေရင်း ဖုန်းလေသည် တုံ့ဆိုင်းနေသော အကြည့်ဖြင့် လော့ထျန်ကို ခဏခဏ ကြည့်နေသည်။

လော့ထျန်က သူ့ကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်ပြီး “ပြောစရာရှိရင် ပြောလိုက်ပါ” ဟု ဆို၏။

ဖုန်းလေသည် သူ၏ ခေါင်းနောက်ဘက်ကို ကုတ်လိုက်ပြီး ရယ်စရာကောင်းသော ပုံဖြင့် “သခင်လေး သခင်လေးရဲ့ စွမ်းအားက…” ဟု မေးလိုက်သည်။

လော့ထျန်သည် ဖုန်းလေ မေးလာမည်ကို သိခဲ့သည်။

သို့သော် အဆင့်တိုးစနစ်နှင့်ပတ်သက်၍ သူ မည်သူ့ကိုမှ အသိမပေးလိုပေ။

ရှင်းပြခဲ့ရင်တောင် ဖုန်းလေသည် နားလည်နိုင်မည်မဟုတ်သောကြောင့် “အဲဒီနေ့က လော့ယွဲ့က ငါ့ကို အသိမဲ့သွားအောင် ရိုက်နှက်လိုက်တုန်းက ငါ အဘိုးကြီးတစ်ယောက်ကို အိပ်မက်မက်ခဲ့တယ်။ သူက ငါ့ဒဏ်ရာအားလုံးကို ကုသပေးခဲ့ပြီး ငါ့ကို ဒန်ထျန်ပျက်သော်လည်း ကျင့်ကြံနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု ပေးခဲ့တယ်။ ဒီရက်တွေအတွင်း ငါ့ရဲ့ စွမ်းအားက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာတာကို မင်းလည်း မြင်ပါတယ်” ဟု ပြောလိုက်သည်။

ဖုန်းလေ၏ ပါးစပ်သည် အို-ပုံသဏ္ဍာန်ဖြစ်သွားသော်လည်း သူက အလေးအနက် နားထောင်နေသည်။

သူသည် လော့ထျန်၏ စကားတစ်ခွန်းကိုပင် သံသယမဝင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် “သခင်လေး အဲဒါဆိုရင် အနာဂတ်မှာ ကျွန်တော်တို့ လက်စားချေနိုင်ပြီလို့ ဆိုလိုတာလား” ဟု ဆို၏။

“အဲဒီအချိန်တုန်းက သခင်လေးကို လျှို့ဝှက်လူတစ်ယောက်က ဒဏ်ရာရအောင်လုပ်ခဲ့ပြီးနောက် အက်စစ်ပျော်ဆေးလုံးကို မှားယွင်းစားသုံးမိတာတွေ၊ဒါတွေအားလုံးကို လော့ကျန့်ရှန်က စီစဉ်ခဲ့တာပဲ။

အရင်ခေါင်းဆောင်ရဲ့ သေဆုံးမှုကလည်း သူ့နဲ့ ဆက်စပ်နေနိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်။

သူက မိသားစုရဲ့ ဂိုဏ်းချုပ်နေရာကို မက်မောခဲ့လို့ ပညာရှင်ကြီးအချို့ရဲ့ အင်အားစုနဲ့ပူးပေါင်းပြီး သူ့ကို သတ်ဖို့ ဖိအားပေးခဲ့တယ်။

အဲဒါကြောင့်လည်း သူ့သေဆုံးမှုက တကယ့်ကို ဝမ်းနည်းစရာပဲ”

“နောက်ပြီး လော့လင်လည်း ရှိတယ်။ သူက သခင်လေးပိုင်ဆိုင်ရမယ့် အရာအားလုံးကို သိမ်းယူသွားတယ်”

“ပြီးတော့ လော့ယွဲ့လည်း ရှိသေးတယ် သူက သခင်လေးရဲ့ စေ့စပ်ထားတဲ့သူကိုတောင် ယူသွားတယ်…”

ဤအရာများကို ပြောပြီးနောက် ဖုန်းလေ၏ မျက်လုံးများတွင် မျက်ရည်များ အရိပ်အယောင်ပေါ်လာပြီး သူသည် ခေါင်းကို ငုံ့၍ သူ့ကိုယ်သူ အပြစ်တင်တော့သည်။

“ကျွန်တော့်မှာ စွမ်းရည်ညံ့ဖျင်းလို့ပါ။ အသုံးမကျတဲ့အတွက် ကျွန်တော့်ရဲ့ အပြစ်ပါပဲ။

ကျွန်တော် ဒီလောက်အချိန်ကြာအောင် ကျင့်ကြံခဲ့ပေမဲ့ အခုထိ နက်နဲသောတပည့် အဆင့် ၁ အမှိုက်ပဲ ဖြစ်နေတုန်းပဲ။

သခင်လေးရဲ့ အမေ မသေခင်က ကျွန်တော့်ကို သခင်လေးကို ဂရုစိုက်ဖို့ ပြောသွားခဲ့တယ် ဒါပေမဲ့ ကျွန်တော်က…”

ဖုန်းလေသည် ကိုယ့်ကိုယ်ကို အပြစ်တင်မှုများဖြင့် ပြည့်နှက်နေ၏။

လော့ထျန်ကို လှောင်ပြောင်ခံရတိုင်း၊ အရှက်ရတိုင်း သို့မဟုတ် အရိုက်ခံရတိုင်း သူသည် သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။

လော့ထျန်၏ ဒန်ထျန် ပျက်စီးသွားပြီး ကျင့်ကြံနိုင်တော့ခြင်း မရှိသောအခါ ဖုန်းလေသည် လော့ထျန်ကို ကာကွယ်ရန်အတွက် သူ၏ ကျင့်ကြံမှုကို တိုးတက်စေလိုခဲ့သည်။

သို့သော် နှစ်အတော်ကြာ ကြိုးစားခဲ့ပြီးနောက် သူ၏ ကျင့်ကြံမှုသည် နက်နဲသောတပည့် အဆင့် ၁ တွင်သာ ရှိနေဆဲဖြစ်ပြီး အနည်းငယ်မျှပင် တိုးတက်လာခြင်း မရှိခဲ့ပေ။

လော့ထျန်၏ နှလုံးသားသည်လည်း စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၏။

သူသည် ဖုန်းလေ၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး အလေးအနက်ထား၍ “စိတ်မပူပါနဲ့ လော့မိသားစုက ငါ့ကို ဘာလုပ်ခဲ့တယ်ဆိုတာကို ငါ ပြန်ပေးဆပ်ခိုင်းမယ်။

အဆပေါင်း ရာနဲ့ချီပြီးတောင် ဖြစ်နိုင်တယ်။ ငါ သူတို့ထဲက တစ်ယောက်ကိုမှ လွှတ်ပေးမှာမဟုတ်ဘူး။

သူတို့အားလုံးကို ဒီကမ္ဘာပေါ်မှာ မွေးဖွားလာရတာကို နောင်တရအောင် လုပ်ပေးမယ်” ဟု ပြောလိုက်သည်။

“ငါ လော့ထျန် ကောင်းကင်ဘုံကို ကျိန်ဆိုတယ်”

All Chapters