← Chapters

နတ်ဘုရားသိုင်းပညာ၏ ကြမ်းတမ်းခြင်း

Vol. 1 Ch. 10

နတ်ဘုရားသိုင်းပညာ၏ ကြမ်းတမ်းခြင်း

Vol. 1 Ch. 10

ကျားနက်တစ်ကောင်လုံးကို လော့ထျန်က နောက်

ခြေထောက်တစ်ခြမ်းပဲ စားပြီး ကျန်သည်ကို ဖုန်းလေက အကုန်လုံး အစိမ်းလိုက်စား၏။

ဖုန်းလေသည် ကျားနက်အသားစိမ်းများကို လူရိုင်းတစ်ဦးပမာ စားသောက်နေ၏။ သွေးများ ပိုကျလေလေ သူ့အတွက် အရသာ ပိုကောင်းလေလေ ဖြစ်၏။ သူစားသောက်နေသည်ကို ကြည့်ပြီး လော့ထျန်တစ်ကိုယ်လုံး ကြက်သီးများ ထသွား၏။

ဝမ်းတစ်ထွာပြည့်အောင်စားပြီးနောက်…

သူတို့ခဏနားပြီးနောက် လော့ထျန်က ဖုန်းလေအတွက် အခြေခံတည်ဆောက်ဆေးလုံးသုံးလုံးကို ထုတ်ပေးပြီး “ဒီအခြေခံတည်ဆောက်ဆေးလုံး သုံးလုံးကို မင်းယူထားလိုက်ပါ” ဟုပြော၏။

ဖုန်းလေ၏မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး ချက်ချင်းပင် ငြင်းလိုက်၏။ “သခင်လေး သခင်လေးကိုယ်တိုင်ပဲသုံးပါ။ ကျွန်တော်က တိုးတက်ဖို့မဖြစ်နိုင်တော့လို့ ကျွန်တော်စားရင် အလကားပဲဖြစ်မှာပါ”

ဆယ်နှစ်ကျော်ကြာသော်လည်း သူက အဆင့်တစ်မှာပင်ရှိနေဆဲဖြစ်၏။ သူဘယ်လောက်ကြိုးစားကြိုးစား နည်းနည်းလေးမှ တိုးတက်မလာသည့်အတွက် ဖုန်းလေက ကျင့်ကြံခြင်းကို လုံးဝလက်လျှော့လိုက်ပြီ ဖြစ်၏။

လော့ထျန်က မျက်လုံးပြူးပြီး စိုက်ကြည့်ကာ “ငါက မင်းယူထားဆိုရင် ယူထားလိုက်ပေါ့ကွာ ဘာလို့အပိုတွေပြောနေရတာလဲ” ဟုပြော၏။

လော့ထျန်လည်း ဖုန်းလေဘာလို့မတိုးတက်လဲဆိုတာကို နားမလည်နိုင်ဖြစ်နေ၏။

သို့သော်လည်း အချို့အရာများက ကံပေါ်မှာမူတည်နေပြီး ကျင့်ကြံခြင်းသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။

ဖုန်းလေသည် ကျေးဇူးတင်စွာဖြင့် ဆေးလုံးများကို သေသေချာချာ သိမ်းထားလိုက်၏။ ထို့နောက် သူစိတ်ထဲမှာ “ဒီဆေးတွေက ငါ့အတွက် အသုံးမဝင်ဘူး သခင်လေးအတွက်ပဲ သိမ်းထားရမယ်” ဟုတွေးလိုက်၏။

သူတစ်ခုခုကောင်းတာရသည်နှင့် ပထမဆုံးသူ့စိတ်ထဲပေါ်လာသည်က လော့ထျန်ဖြစ်၏။ ဖုန်းလေသည် ငယ်စဉ်ကတည်းက ထိုသို့ဖြစ်နေခဲ့၏။

လော့ထျန်သည် ဖုန်းလေဘာတွေးနေလဲဆိုတာကို သိပြီးနောက် “အခုပဲ တစ်လုံးကို စားပြလိုက်ပါ” ဟုပြော၏။

ဖုန်းလေက အားမရှိသောမျက်လုံးများဖြင့် လော့ထျန်ကိုကြည့်ပြီး အခြေခံတည်ဆောက်ဆေးလုံးကို ထုတ်ကာ “သခင်လေး သခင်လေးကိုယ်တိုင်ပဲ သိမ်းထားသင့်ပါတယ်၊ ကျွန်တော်စားလည်း ဘာမှအသုံးဝင်မှာမဟုတ်ပါဘူး…” ဟုပြော၏။

ဖုန်းလေ စကားမဆုံးခင်ကပင် လော့ထျန်သည် မျက်လုံးပြူးပြီး ဒေါသထွက်ချင်ယောင်ဆောင်ကာ “ငါက မင်းရဲ့သခင်လေး ဟုတ်သေးရဲ့လား၊မဟုတ်တော့ဘူးလား” ဟုပြော၏။

“ဟုတ်ပါတယ်”

“ဒါဆိုရင် ငါပြောတဲ့စကားကို နားထောင်မှာလား”

“နားထောင်ပါ့မယ်”

“ငါ့အတွက် ဆေးတစ်လုံးစားပြ မစားဘူးဆိုရင် မင်းရဲ့သခင်လေးအဖြစ်ကနေ ရပ်စဲပြီမှတ်” ဟု လော့ထျန်က အမိန့်ပေးသံဖြင့် ပြော၏။

ဖုန်းလေသည် သူ့အစ်ကိုဖြစ်၏။

တစ်သက်လုံး သူ့ကိုစွန့်မသွားခဲ့သော အစ်ကိုအရင်းဖြစ်၏။ လော့ထျန်သည် သူ့အစ်ကိုအရင်းအပေါ်၌ ဘယ်တော့မှ မနှမြောပေ။

အခြေခံတည်ဆောက်ဆေးလုံးများသည် ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းစေ၏။ ထို့အပြင် တစ်ကိုယ်လုံးကို သန်မာစေ၏။ ဖုန်းလေအပါအဝင် မည်သည့်သိုင်းပညာရှင်အတွက်မဆို အသုံးဝင်၏။

တခြားရွေးချယ်စရာမရှိသည့်အတွက် ဖုန်းလေသည် အခြေခံတည်ဆောက်ဆေးလုံးကို မျိုချလိုက်၏။

လော့ထျန်သည် ကျေနပ်သည့်အပြုံးကို ပြုံးပြပြီး “ကောင်းတယ် ခဏနေရင် ငါနဲ့အတူ တောရိုင်းသားရဲတွေ သွားသတ်ကြမယ်” ဟုပြော၏။

“အင်း” ဟု ဖုန်းလေက ခေါင်းငြိမ့်၏။ သူတို့ဘာလို့ တောရိုင်းသားရဲတွေသတ်ရမယ်ဆိုတာကို မသိသော်လည်း သူက လော့ထျန်၏စကားများကို အမြဲအခြေအနေမရွေး နားထောင်တတ်၏။

နာရီဝက်ကြာပြီးနောက်…

“အူ…အူ…”

“အာရူဝါ…”

“ဂရဲ….ဂရဲ…”

လူတစ်ကိုယ်လုံးနီးပါးအရွယ်ရှိသော သားရဲ လေးငါးကောင်- နှစ်မီတာနီးပါးရှိသော ကျားသစ်တစ်ကောင်

နှင့် တောရိုင်းသားရဲအချို့က လော့ယန်နှင့် သူ၏အဖော်များ၏အလောင်းများကို လုယူရန် ကြိုးစားနေကြ၏။

“ငါဒီလိုဖြစ်မယ်ဆိုတာ သိသားပဲ”

မကောင်းဆိုးဝါးဝိညာဉ်တောင်ပေါ်မှာ နေရာတိုင်းတွင် တောရိုင်းသားရဲများရှိနေ၏။ ထို့အပြင် သွေး၏အနံ့က နေရာတိုင်းရှိ တောရိုင်းသားရဲများကို ဆွဲဆောင်

မည်မှာ သေချာလေ၏။

လော့ထျန်သည် လော့ယန်နှင့်သူ၏အဖော်

များ၏အလောင်းများကို မမြှုပ်ခဲ့ခြင်းမှာ ဒီအချက်

ကြောင့်ပင် ဖြစ်၏။

ဒီတောရိုင်းသားရဲများက သူတို့၏အလောင်းများကို များများဝါးစားလေလေ သူ့အတွက် ပိုကောင်းလေလေဖြစ်၏။ လော့မိသားစုက ဒီကိစ္စကို စုံစမ်းစစ်ဆေးရင်တောင် အပြစ်က သူ့အပေါ်ကျမည်မဟုတ်ချေ။

တောရိုင်းသားရဲများစွာကိုမြင်ရပြီး လော့ထျန်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောပြီး “အဆီတုံး လေရေ သူတို့ရဲ့ထွက်လမ်းကိုပိတ်ထားလိုက် တစ်ကောင်မှ လွတ်မသွားစေနဲ့” ဟုပြော၏။

ဖုန်းလေသည် ခေါင်းတစ်ချက်ပွတ်ပြီး လက်မောင်းများကို ကွေးကာ ဧရာမလူကြီးတစ်ဦးပမာ ရပ်နေ၏။

လော့ထျန်သည် သူ၏ညာဘက်ခြေဖြင့် ဆောင့်နင်းပြီး လေထဲသို့ခုန်တက်ကာ တောရိုင်းသားရဲများ၏အလယ်သို့ ဆင်းသက်လာ၏။ ကြောက်စရာကောင်းသော အပြုံးဖြင့် “လာကြ ငါ့ရဲ့အတွေ့အကြုံမှတ်တွေ ဖြစ်ကြပေတော့” ဟုပြော၏။

လူသားတစ်ကောင်လား။

သူသည် သက်ရှိလူသားတစ်ယောက်ဖြစ်၏။ သူ့အသားသည် သေနေသောအလောင်းထက်ပို၍ အရသာရှိမည်ပင်။

ရုတ်တရက်…

ဝံပုလွေငါးကောင်က ပထမဆုံးတိုက်ခိုက်လာ၏။

တစ်ကောင်ချင်းစီ လော့ထျန်ဆီသို့ ခုန်အုပ်လာကြ၏။ သူတို့၏မျက်လုံးများထဲ၌ အစိမ်းရောင်အလင်းတန်းများ လင်းလက်နေပြီး သူ၏အစွယ်များက လော့ထျန်ကို ကိုက်သတ်ရန်ရည်ရွယ်သည့်အတွက် ထွက်ပေါ်နေ၏။

“ဟမ့်”

လော့ထျန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် အသံပြုကာ သူ၏လက်များကို ရိုက်ခတ်ပြီး သူ့၏အရင်ဘဝက ရုပ်ရှင်ထဲမှ ဂိုဏ်းချုပ်ကြီးများကို အတုခိုးဟန်ဆောင်၏။ သူသည် သူ၏ညာလက်ကို လက်ဟန်ခြေဟန်ပြုပြီး “ငရဲကိုသွားတော့” ဟုပြော၏။

သူ၏လက်သီးနှစ်ဖက်သည် လေပမာဖြစ်ပြီး အဆက်မပြတ် ငါးကြိမ်တိုင်တိုင် ထိုးလိုက်၏။

“ဘန်း ဘန်း…”

ဝံပုလွေငါးကောင်၏ခေါင်းများက ပွင့်ထွက်သွားပြီး သွေးများ ပန်းထွက်လာ၏။ သူတို့၏ကိုယ်ခန္ဓာများသည် မြေပေါ်သို့ကျသွားကာ အနည်းငယ်လှုပ်ရွပြီးနောက် မည်သည့်အသံမျှ မထွက်ပေါ်လာတော့ချေ။

“ဒင်း”

“ကစားသမား လော့ထျန် ဝံပုလွေကိုသတ်လိုက်ပြီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်၊ အတွေ့အကြုံမှတ် ၂၀ အတွင်းစွမ်းအင် ၁ ရရှိပါသည်…”

“ဂုဏ်ယူပါတယ်…”

အဆက်မပြတ်သတိပေးချက်ငါးခု ထွက်ပေါ်လာပြီး လော့ထျန်ကို အတွင်းစိတ်မှ ပျော်ရွှင်စေ၏။ “ငါခဏလေးအတွင်းမှာ အတွေ့အကြုံမှတ် ၁၀၀ ရလိုက်တယ်၊ဒီတော့ အဆင့်တက်ဖို့အတွက် အတွေ့အကြုံမှတ် ၁၀,၀၀၀ က အများကြီးမဟုတ်တော့ပါဘူး။ ရက်အနည်းငယ်လောက် သတ်ပြီးရင်တော့ အဆင့်တက်နိုင်မှာပါ”

ရက်အနည်းငယ်အတွင်းမှာ အဆင့် ငါးသို့တက်

မည်လား။

မည်သူမဆို လော့ထျန်၏စကားများကို ကြားရပါက သူရူးသွားပြီဟု သေချာပေါက်ထင်ကြလိမ့်မည်။

တစ်စုံတစ်ယောက် အဆင့် ၄ မှ အဆင့် ၅ သို့ တက်

ရန်အတွက် အနည်းဆုံး တစ်နှစ်သို့မဟုတ် နှစ်နှစ်

ကြာ၏။ လော့မိသားစု၏ ပါရမီရှင် လော့လင် ပင်လျှင် အဆင့်တက်ရန် ဆေးလုံးများစွာ၏အကူအညီဖြင့် ဆယ်လကြာခဲ့ရ၏။

လူတိုင်းအတွက် ကျင့်ကြံခြင်း၏အဓိပ္ပာယ်မှာ ကောင်းကင်နှင့်မြေကြီး၏ အတွင်းစွမ်းအင်ကို ခံစားပြီး တစ်ကိုယ်လုံးကို ထိန်းညှိကာ သူ၏ချုပ်နှောင်ခြင်းများကို အဆက်မပြတ်ဖြတ်ကျော်ရန်ဖြစ်၏။ သို့သော် လော့ထျန်အတွက်မူ သားရဲများကို သတ်ပြီး အတွေ့အကြုံမှတ်များရရန်သာဖြစ်၏။

ဝံပုလွေငါးကောင်ကိုရှင်းလင်းပြီးနောက် လော့ထျန်၏ကိုယ်ခန္ဓာသည် အရောင်ပြောင်းသွားပြီး သူ့ကိုအမြဲစိုက်ကြည့်နေသော ကျားသစ်ဆီသို့ ပြေးသွား၏။

“လျှပ်စီးကျားသစ်လက်သီး”

“လျှပ်စီးတိုက်ခိုက်ခြင်း…”

“ကျားသစ်တိုက်စစ်…”

လှပသောလက်သီးနှစ်ချက်ကို ထိုးလိုက်၏။ ပထမလက်သီးက ကျားသစ်ကို လေထဲသို့ ပစ်ထုတ်လိုက်ပြီး ဒုတိယလက်သီးက ပြင်းထန်စွာထိုးချလိုက်၏။

“ဘန်း”

ကျားသစ်သည် တုံ့ပြန်ရန်အချိန်မရခင်မှာပင် သူ့ကိုယ်ပေါ်၌ ကြီးမားသော အပေါက်နှစ်ခုပေါ်လာ၏။ သူ့မျက်လုံးများက ပြူးထွက်လာပြီး သူသေဆုံးသွားချေပြီ။

စနစ်မှ သတိပေးအသံထွက်လာ၏။

အခြေအနေမကောင်းမှန်းသိသည့်အတွက် တခြားတောရိုင်းသားရဲများသည် ထွက်ပြေးရန်ကြိုးစား၏။

ထိုအချိန်၌ပင် ဖုန်းလေသည် လေထဲသို့ အော်ဟစ်လိုက်၏။ ကြောက်စရာကောင်းသောသားရဲ၏ ဩဇာက သူဆီမှ ပေါက်ကွဲထွက်လာပြီး ထွက်ပြေးနေသော တောရိုင်းသားရဲများကို နောက်ပြန်ဆုတ်ခိုင်းလိုက်၏။

“ငါတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက မဆိုးဘူးပဲ”

လော့ထျန်က ချီးမွမ်းလိုက်၏။ သူ၏အရှိန်သည်မကျသွားဘဲ သူ၏ခန္ဓာကိုယ်က တောရိုင်းသားရဲများပေါ်သို့ လဲကျသွား၏။ သူသည် သူ၏လျှပ်စီးကျားသစ်လက်သီးများဖြင့် ထိုးနှက်လိုက်ပြီး လှုပ်ရှားမှုအနည်းငယ်အတွင်းမှာပင် တောရိုင်းသားရဲအားလုံးကို ရှင်းလင်းလိုက်၏။

“သွားကြစို့”

“ဆက်သွားကြရအောင်”

လော့ထျန်သည် လက်ကိုပုတ်ခတ်လိုက်၏။

ဖုန်းလေသည် တောရိုင်းသားရဲအလောင်းများကို ကြည့်ပြီး သူ့ပါးစပ်ကို နာရီလက်တံပမာ ပွတ်လိုက်ကာ ဗိုက်ဆာသောပုံစံ ပေါ်လာ၏။

လော့ထျန်သည် လက်ကိုဝှေ့ယမ်းပြီး “ဒီကောင်ကွာ မင်းကိုယ်ပေါ်မှာ အဆီတွေ ဘယ်လောက်ရှိနေပြီလဲ၊နည်းနည်းလေးလျော့စားရင် သေသွားမှာလား” ဟုပြော၏။

ဖုန်းလေသည် သူ့ခေါင်းကိုကုပ်ပြီး အရူးကဲ့သို့ပုံစံဖြင့် “ကျွန်တော်တို့က သူတို့ကို သတ်လိုက်ပြီးပြီဆိုတော့ မစားရင် အလကားပဲဖြစ်မှာပေါ့” ဟုပြော၏။

“လက်လျှော့လိုက်ပြီ”

“ငါမင်းကို ရှေ့မှာစောင့်နေမယ်၊ မြန်မြန်စားပြီး လိုက်လာခဲ့” ဟုပြော၏။ ဖုန်းလေက ဘာလို့ သွေးအသားစိမ်းတွေမြင်ရင် သူကသားရဲလိုဖြစ်သွားပြီး သူ့ကိုယ်သူမထိန်းချုပ်နိုင်ရတာလဲဟု လော့ထျန်က တွေးလိုက်၏။

မကြာခင်…

ဖုန်းလေသည် နွေးနွေးထွေးထွေးရှိသေးသော တောရိုင်းသားရဲအလောင်းများကို ဝါးမြိုစားသောက်၏။ တောရိုင်းသားရဲတစ်ကောင်ကဲ့သို့ သူ၏သွားများဖြင့် အသားများကို ကိုက်ဖြတ်၏။

သူကိုယ်တိုင် နားမလည်ပေ။

သူဒီလိုအရာတွေကိုမြင်ရင် သူ့ပါးစပ်ကို မထိန်းချုပ်နိုင်ဖြစ်ရ၏။

ပထမနေ့တွင် လော့ထျန်သည် တောရိုင်းသားရဲ တစ်ရာနီးပါးကိုသတ်ခဲ့ပြီး အတွေ့အကြုံမှတ် ၂၀% တိုးလာ၏။

မကောင်းဆိုးဝါးဝိညာဉ်တောင်၏ ပြင်ပဒေသမှ သားရဲအားလုံးကို သူရှင်းလင်းခဲ့၏။

ဖုန်းလေသည် ထိုသားရဲများ၏သွေးများကို စားသောက်ခဲ့ပြီး သူ၏ဝမ်းဗိုက်သည် ဖရဲသီးဝိုင်းပမာဖြစ်နေချေပြီ။

သုံးရက်မြောက်နေ့တွင် သူတို့နှစ်ယောက်သည် မကောင်းဆိုးဝါးဝိညာဉ်တောင်၏ အတွင်းဘက်သို့ရောက်ရှိနေပြီး လော့ထျန်၏အတွေ့အကြုံမှတ်များက အံ့မခန်းတိုးတက်နေ၏။

လျှပ်စီးကျားသစ်လက်သီးသည်လည်း အဆင့်တက်လာပြီး ဖုန်းလေသည် သားရဲများ၏သွေးများကို အဆက်မပြတ်စားသောက်နေဆဲပင်။

ငါးရက်မြောက်နေ့တွင် မကောင်းဆိုးဝါးဝိညာဉ်တောင်တွင် လှည့်လည်သွားလာနေသော သားရဲကိုရှာရန် ခက်ခဲလာ၏။

အတွေ့အကြုံမှတ်ရသရွေ့ လော့ထျန်သည် ပုရွက်ဆိတ်များကိုပင် မချန်ခဲ့ပေ။

ဝိညာဉ်နက်တောင်တစ်ခြမ်းလုံးသည် သွေးအနံ့များဖြင့် ပြည့်နှက်နေ၏။

“ဘန်း”

လက်သီးသည် သံတူရွင်းပမာရိုက်ချလိုက်၏။

လမ်းပျောက်နေသော မီးပုရွက်ဆိတ်သည် အနှစ်များအဖြစ်သို့ ပြောင်းသွား၏။

သူ့စိတ်ထဲမှစနစ်က သတိပေးအသံပြုလုပ်လိုက်၏။

“ဒင်”

“ကစားသမား လော့ထျန် မီးပုရွက်ဆိတ်ကိုသတ်လိုက်ပြီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံမှတ် ၁ အတွင်းစွမ်းအင် ၀ ရရှိပါသည်…”

“ဒင်”

“ကစားသမား လော့ထျန် အဆင့်တက်သွားပြီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ လက်ရှိမှာ အဆင့် ၅ ဖြစ်ပါသည်…”

“ဒင်”

“ကစားသမား လော့ထျန် အဆင့်တက်ပြီး ဝတ္ထုတွေထဲက ဒုတိယမြောက်ကျင့်စဉ်ကို ဆုလက်ဆောင်အနေနဲ့ ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုလက်ဆောင်ဟာ ဖြစ်ပါသည်”

“လာပြီ လာပြီ ကြမ်းတမ်းခြင်းလာပြီ ဟားဟားဟား…”

လော့ထျန်သည် အရူးတစ်ယောက်ပမာ ရယ်မောနေ၏။

သူသည် ငါးရက်ကြာ သွေးထွက်သံယို တိုက်ပွဲများကိုရင်ဆိုင်ပြီးနောက် နောက်ဆုံး၌ အဆင့်တက်သွားပြီ ဖြစ်၏။

သူသည် ကြမ်းတမ်းခြင်းကိုရရှိသည်နှင့် သူ့မျက်လုံးများသည် အေးစက်သောအကြည့်သို့ ချက်ချင်းပြောင်းလဲသွားပြီး သူ့ကိုယ်သူတိုးတိုးလေးပြောလိုက်သည်မှာ

“လော့မျိုးနွယ်စု ငါလာနေပြီ” ဟူသတည်း။

All Chapters