မင်းအမလာ
Vol. 2 Ch. 12
“ကြမ်းတမ်းခြင်း”
“ဂရုမ်…”
တိုးညှင်းသော ပေါက်ကွဲသံနောက်တွင် လော့ထျန်၏မျက်လုံးများ ပြောင်းလဲသွား၏။
သူ၏ကိုယ်ခန္ဓာမှ စွမ်းအင်များ ထွက်ပေါ်လာပြီး ကြီးမားသော အားတစ်ခုက အတွင်း၌ ပေါက်ကွဲထွက်လာ၏။
ပထမအဆင့် ကြမ်းတမ်းခြင်း။
နက်နဲစွမ်းအင် အမှတ် ၃၀၀ ကိုအသုံးပြုလိုက်၏။
ထိုအမှတ် ၃၀၀ က သူ့အတွင်းစွမ်းအင်၏ တစ်ဝက် ဖြစ်သည့်အတွက် လော့ထျန်၏ နှလုံးသာကိုနာကျင်သွားလေသည်။
သို့သော် သူ၏စွမ်းအားကို သက်သေပြရမည်ဖြစ်သည့်အတွက်
ပွဲရှိလူတိုင်း သေချာမြင်နိုင်ရန် သူ လုပ်ပစ်လိုက်ချေပြီ။
ကြမ်းတမ်းခြင်းကို အသက်သွင်းလိုက်သည်နှင့်
သူ၏စွမ်းအား နှစ်ဆ၊ အရှိန် နှစ်ဆနှင့် အခြားစွမ်းအားများအားလုံး နှစ်ဆတိုးသွား၏။
အတွင်းစွမ်းအင်အဆင့် ၅ ရှိသော လော့ယွဲ့ကို ရင်ဆိုင်ရာတွင်
ကြမ်းတမ်းခြင်းကို အသက်သွင်းရန် မလိုအပ်ပေ။
ဒုတိယအဆင့် လျှပ်စီးကျားလက်သီးနှင့်ပင်လျှင် သူ့ကိုသတ်ရန် လုံလောက်လေသည်။
သို့သော်လည်း သူ၏အရည်အချင်းနှင့်ပတ်သက်ပြီး
အဆက်မပြတ်အနှိမ်ခံနေရခြင်း၊ အဆက်မပြတ်မျက်နှာပျက်နေခြင်း…
ဤကဲ့သို့ ဖြစ်လာသညိ့အတွက် လော့ထျန်က သူ့တွင် မည်သည့် အရည်အချင်းများရှိနေသနည်း ကို ပြလိုက်ချေပြီ။
ဤသည်မှာ သူသည် ယခင်ကအမှိုက်ပုံး လော့ထျန်မဟုတ်တော့သည့်ကို လူတိုင်းသိနိုင်ရန် အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်၌ လူတိုင်း အံ့အားသင့်သွားကြ၏။
လော့ထျန်၏ခန္ဓာကိုယ်မှ အရှိန်အဝါက သိသာစွာပြောင်းလဲသွား၏။
ဖုန်းလေသည် လက်ပိုက်ပြီး အနည်းငယ်နောက်သို့ ဆုတ်လိုက်၏။
သူ၏မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပြီး
“သခင်လေးက နောက်ဆုံးတော့ လှုပ်ရှားလိုက်ပြီပဲ” ဟုရေရွတ်လိုက်၏။
လော့ယွဲ့၏မျက်လုံးများက ဆွံ့အမှုများကိုပြနေပြီး
လော့ထျန်ကိုစိုက်ကြည့်ကာ
“ကျူးမေ နည်းနည်းနောက်ဆုတ်နေလိုက်၊ ငါ ဒီအမှိုက်ကို ကောင်းကင်ဘုံက ဘယ်လောက်မြင့်လဲဆိုတာကို ဘယ်လိုသင်ခန်းစာပေးမှာကို ကြည့်နေလိုက်” ဟုပြော၏။
ကျူးမေသည် အေးဆေးစွာ ပြုံးပြီး
“အစ်ကိုကြီး လော့ယွဲ့ ရဲ့ လက်သီးတစ်ချက်တည်းနဲ့ သူ့ကိုသတ်ပစ်လိုက်ပါ။ သူ့ပုံစံကိုမြင်ရတာ ကျွန်မစိတ်တွေကို အနှောင့်အယှက်ဖြစ်စေတယ်”
ဟုပျံ့လွင့်သောလေသံဖြင့် ပြော၏။
ကင်းမြီးကောက်ပမာ အဆိပ်ရှိသောသူပင်။
“စိတ်မပူပါနဲ့ မြင်းဇောင်းမှာတုန်းက သူကံကောင်းသွားတာ၊ ဒီတစ်ခါတော့ သူ့ကို ကောင်းကင်ဘုံကို သေချာပို့ပစ်လိုက်မယ်”
ဟု လော့ယွဲ့က ကျယ်လောင်စွာရယ်မောပြီး သူ၏လက်သီးများကိုဖြေလျှော့လိုက်၏။
သူသည် ရိုးရှင်းသောခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး သူ၏အရှိန်က လျင်မြန်စွာပြောင်းလဲသွား၏။
တစ္ဆေတစ်ကောင်ပမာ သူ့ခန္ဓာကိုယ်က နောက်မှာအရိပ်တစ်ခု ကျန်ရစ်သွားသကဲ့သို့ ဖြစ်သည်။
“တစ္ဆေလှုပ်ရှားမှုလား”
“အဆင့် ၁ ကျင့်စဉ် တစ္ဆေလှုပ်ရှားမှုလား”
“ဝါး ဒါက အဆင့် ၁ ကျင့်စဉ်။ အစ်ကိုကြီး လော့ယွဲ့က အဆင့် ၁ ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့တာပဲ။ အမှိုက်ပုံး လော့ထျန်မှာ အသက်ဆယ်ချောင်းရှိတောင်မှ မလုံလောက်သေးဘူး”
လော့ထျန်က တွေးမိပြီးနောက်
“အဆင့် ၁ ကျင့်စဉ်က အားကြီးနေလို့လား” ဟုပြော၏။
လော့ထျန်က လှုပ်ရှားခြင်းမရှိဘဲ
လော့ယွဲ့က သူ့ဆီသို့ပြေးလာသည်ကို ဟာသတစ်ခုပမာ အမူအရာဖြင့် ကြည့်နေ၏။
“ဒီအမှိုက်ကောင်က ကြောက်လန့်ပြီးရူးသွားတာပဲ”
“ဟားဟားဟား… သူလှုပ်ဖို့တောင်မပြောနဲ့ ဒီအမှိုက်ပုံးက အလိုလိုသေနေပြီဆိုတာ သေချာနေပြီ”
“တစ္ဆေလှုပ်ရှားမှုရဲ့အရှိန်က အရမ်းမြန်တော့ အမှိုက်ပုံးက ဘယ်လိုတုံ့ပြန်နိုင်မှာလဲ။ သူသေခြင်းကိုပဲ စောင့်ဆိုင်းနေနိုင်တော့မှာပဲ”
ပတ်ဝန်းကျင်မှလူအုပ်က
လော့ထျန်က ကြောက်လန့်လွန်းလို့ မလှုပ်ရဲတော့ဟု ထင်နေကြ၏။
ဖုန်းလေ၏မျက်နှာမှာမူ အပြုံးတစ်ပွင့်က ပိုမိုတောက်ပနေပါသည်။
“အမှိုက်ပုံး သေလိုက်တော့”
လော့ယွဲ့က အော်လိုက်၏။
သူ၏လက်သီးများက လက်ဖဝါးများဖြစ်သွားပြီး
“ကျားလက်ဝါး” ဟုထပ်မံအော်လိုက်သည်။
“ဝါး နောက်ထပ် အဆင့် ၁ ကျင့်စဉ်တစ်ခု လား”
“အိုးမိုင်ဂွတ် သခင်လေး လော့ယွဲ့က အဆင့် ၁ ကျင့်စဉ်နှစ်ခုကို ကျင့်ကြံနိုင်ခဲ့တာပဲ။ သူ…”
“သူသေတော့မှာပဲ၊ လော့ထျန်က သေပြီဆိုတာ သေချာပြီ”
လော့ယွဲ့က အဆင့် ၁ ကျင့်စဉ်နှစ်ခုကို အဆက်မပြတ်ပြသသည်ကို မြင်လိုက်ရသောသူအချို့သည် လျှောက်ပြောနေကြ၏။
ထျန်ရွှမ်နယ်မြေတွင် ကျင့်စဉ်များက အလွန်ရှားပါး၏။
လော့မိသားစုတွင် အဆင့်ရှိသောသိုင်းပညာများကို လက်ချိုးရေလို့ရသည်။
လော့ယွဲ့က ကျင့်စဉ်နှစ်ခုကို ချက်ချင်းပြသလိုက်သည့်အတွက်
လူတိုင်းက အဘယ့်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
သို့သော်လည်း…
လော့ထျန်က
“အဆင့် ၁ ကျင့်စဉ်နဲ့ ငါ့ရှေ့မှာကြွားဝါရဲတယ်ပေါ့။ ဒီကောင်က မင်းကို နတ်ဘုရားသိုင်းပညာက ဘာလဲဆိုတာကို ပြပေးမယ်”
ဟုအေးစက်သော အပြုံးဖြင့်ပြောလိုက်သည်။
“ဘုန်း…”
သူ၏ကိုယ်ခန္ဓာအတွင်းမှ အားအင်များက ဆူနာမီပမာ ထွက်ပေါ်လာ၏။
ကြမ်းတမ်းခြင်း၏တိုးတက်မှုအောက်တွင် ဒီစွမ်းအားက ယခင်ကထက်ပိုပြီး အားကြီးလေ၏။
လော့ယွဲ့၏လေကို ပေါက်ကွဲထွက်စေသော ကျားလက်ဝါးများကို ရင်ဆိုင်ရင်း
လော့ထျန်က နောက်ဆုံးတွင်လှုပ်ရှားလိုက်သည်။
ပျောက်ကွယ်သွားပြီ။
လော့ထျန်သည် သူ၏နေရာမှ အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွား၏။
လော့ယွဲ့၏မျက်လုံးများက အေးစက်လာပြီး
သူ၏ဂုဏ်ယူသောအပြုံးကိုထုတ်ဖော်ကာ
လှောင်ပြောင်မှုများနှင့်အတူ ကျိန်ဆဲတော့မည့်အချိန်တွင်
လေတစ်ခုက သူ့ဆီသို့ တိုက်ခတ်လာ၏။
တုံ့ပြန်ရန်အချိန်ပင်မရဘဲ
သူ၏ရင်ဘတ်ပေါ်၌ ပြင်းထန်သော ထိချက်၏နာကျင်မှုကို ခံစားလိုက်ရသည်။
“ဘန်း”
လက်သီးတစ်ချက်က မည်သည့်ကျင့်စဉ်မှမပါဘဲ လွှဲပစ်လိုက်သည်။
၎င်းသည် ရိုးရှင်းသောအင်အားသက်သက်သာ ဖြစ်၏။
သူ၏ရင်ဘတ်က ပွင့်ထွက်ပြီး သွေးများပန်းထွက်လာ၏။
လော့ယွဲ့၏ကိုယ်ခန္ဓာက လေထဲသို့ပျံဝဲသွားပြီး
သူ၏မျက်နှာက ဖြူဖျော့ကာ မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
ထိုအချိန်၌ပင်…
လော့ယွဲ့၏ကိုယ်ခန္ဓာက လေထဲရှိနေချိန်တွင်
လော့ထျန်၏ညာခြေထောက်က မြေကိုနင်းပြီး လေထဲသို့ခုန်တက်လိုက်၏။
သူ၏မျက်လုံးများထဲတွင် အေးစက်သောအလင်းတန်းများ လင်းလက်လာကာ
“အရည်အချင်းတဲ့လား၊ ဒီကောင့်ရဲ့ အရည်အချင်းက အခုဆို လုံလောက်ပြီလား” ဟုအော်လိုက်သည်။
ထိုဝါကျပြီးဆုံးသည်နှင့်
လော့ထျန်သည် လက်သီးတစ်ချက်ကို ထပ်မံရိုက်ချလိုက်သည်။
“ဘန်း”
လော့ယွဲ့၏ကိုယ်ခန္ဓာက အကျက် ချက်ထားသည့် ပုစွန်တစ်ကောင်ပမာ ကွေးသွား၏။
သူ၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး
သူ၏ခန္ဓာကိုယ်သည် မြေပေါ်သို့ လျင်မြန်စွာကျသွား၏။
“ဘုန်း” ဟူသော အသံဖြင့် သူကမြေပေါ်သို့ ရောက်ရှိသွား၏။
သူ၏မျက်နှာသည် အလွန်ဖြူဖျော့ပြီး အရင်က မာနကြီးသောအမူအရာ မရှိတော့ချေ။
သူ၏ကိုယ်ခန္ဓာက အနည်းငယ်တွန့်လိမ်ကာ သတိမေ့မြောသွား၏။
လော့ထျန်သည် လေးလံစွာ ဆင်းသက်လာ၏။
သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် အနည်းငယ်ပင်ကြောင်သွား၏။
“ကြမ်းတမ်းခြင်း… ကြမ်းတမ်းခြင်းက အရမ်းကိုကောင်းလွန်းတယ်”
အဆင့် ၅ ၏စွမ်းအားနှင့် အဆင့် ၁ ကျင့်စဉ်နှစ်ခုရှိသော လော့ယွဲ့သည်
ချက်ချင်းသတိမေ့မြောသွားအောင် တစ်ချက်တည်းနှင့်သတ်ပစ်လိုက်သကဲ့သို့ပင်။
သူတို့၏မျက်လုံးရှေ့ရှိ ဤအဖြစ်အပျက်ကို လက်ခံရန်ခက်ခဲ၏။
အချို့သူများသည် သူတို့၏မျက်လုံးများနီရဲသည်အထိ ပွတ်သပ်နေကြပြီး
သူတို့ရှေ့တွင် အရာအားလုံးက လှည့်စားခြင်းပမာပင်။
ဤမှာ ဒန်ထျန်ပျက်စီးပြီး မြင်းဇောင်းအစောင့်ဖြစ်လာသော အမှိုက်ပုံးတစ်ကောင်ဟုတ်သေးသလား။
သူသည် ကျောက်စိမ်းတောင်မြို့၏ ရယ်စရာလူတစ်ယောက်၊
လော့မိသားစု၏အပယ်ခံတစ်ယောက်ဟုတ်သေးသလား။
လူတိုင်း၏စိတ်သည် သူတို့ဘာဖြစ်နေသည်ကို မတွေးတောနိုင်တော့သကဲ့သို့ ဖြစ်နေ၏။
သူတို့သည် လော့ထျန်ကို ဂြိုဟ်သားတစ်ကောင်ကို ကြည့်နေသကဲ့သို့ကြည့်နေကြ၏။
ကြီးမားသော သိုင်းပညာလေ့ကျင့်ရေးကွင်း၏ တစ်ခုလုံးက စိတ်မသက်မသာဖြစ်နေပြီး ထူးဆန်းစွာတိတ်ဆိတ်နေ၏။
ရာနှင့်ချီသော မျက်လုံးများက လော့ထျန်ကိုစိုက်ကြည့်နေပြီး
လော့ထျန်၏မျက်လုံးများက ထက်မြက်ကာ အေးစက်သော မာနများဖြင့်ပြည့်နှက်နေ၏။
သူ၏ပြင်းထန်သောလက်သီးနှစ်ချက်က
ပါရမီရှင် လော့ထျန်ပြန်လာပြီဖြစ်ကြောင်းကို ကမ္ဘာကိုကြေညာလိုက်ချေပြီ။
လော့ယွဲ့သည် လက်သီးနှစ်ချက်ဖြင့် ရှုံးနိမ့်သွား၏။
အဆင့် ၆ ရှိသောသူပင် ဤကဲ့သို့ မလုပ်နိုင်ပေ။
သို့ဖြစ်ပါက
လော့ထျန် မည်သို့လုပ်လိုက်သနည်း။
သူသည် ဒန်ထျန်ပျက်စီးနေသော အမှိုက်ပုံးတစ်ကောင်လား
သို့မဟုတ် သူ၏ကျင့်ကြံမှုက ကြောက်စရာကောင်းသော အဆင့်အသစ်သို့ ရောက်ရှိသွားပြီလား။
ဘယ်သူမှ မပြောနိုင်ကြ။
ထိုနေရာမှလူအများစုသည် လော့ထျန်ကိုလှောင်ပြောင်ခဲ့ကြပြီး
သူ့ရှင်သန်မှုကြောင့် အရှက်ရခဲ့ကြ၏။
အခု သူတို့သည် လော့ထျန်၏အေးစက်သောမျက်လုံးများကို စိုက်ကြည့်နေကြပြီး
သူတို့အတွင်းထဲ၌ ထိတ်လန့်မှုများ ပေါက်ကွဲထွက်လာပြီး
ရှင်းပြမရနိုင်သော ကြောက်ရွံ့မှုများ တိုးလာ၏။
ဖုန်းလေသည် ရိုးရှင်းသော အပြုံးတစ်ခုဖြင့် ပြေးလာပြီး
သူ့ခေါင်းကိုကုပ်ကာ
“သခင်လေး ကျွန်တော်တို့ ဒီလိုလုပ်တာက အရမ်းပေါ်လွင်လွန်းတယ်မလား” ဟုပြော၏။
“ပေါ်လွင်လွန်းတယ်ဟုတ်လား”
လော့ထျန်သည် အပြုံးတစ်ခုပြုံးပြီး
သူ၏မျက်လုံးများက လူအုပ်ကိုဝေ့ကြည့်ပြီး
“ဒါက ငါ့ရဲ့စွမ်းအားကို ရိုးရိုးလေးပြလိုက်တာပါ။ ဒီကောင်ပြန်လာပြီဆိုတာကို လူတိုင်းကို သိစေချင်တယ်”
ဟုကျယ်လောင်စွာ ပြောလိုက်သည်။
သူ၏အသံက မိုးခြိမ်းသံပမာ သိုင်းပညာလေ့ကျင့်ရေးကွင်းတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
ရုတ်တရက်…
“ဒီ ‘ဒီကောင်ပြန်လာပြီ’ ဆိုတဲ့ စကားက ကောင်းလိုက်တာ” ဟူသော အားကြီးသောအသံက ပြင်ပနေရာမှ လာ၏။
ထိုအသံ၏ပဲ့တင်သံမပျောက်ခင်မှာပင် လူတစ်ယောက်က လူအုပ်ကြားမှ သွက်လက်စွာဖြတ်သန်းလာပြီး လော့ထျန်၏ဘေးသို့ ချက်ချင်းရောက်လာ၏။
ထိုလူသည် မြေပေါ်တွင် သတိမေ့မြောနေသော လော့ယွဲ့၏ကိုယ်ခန္ဓာကိုကြည့်လိုက်ပြီး သူ၏မျက်လုံးများ ပြောင်းလဲသွား၏။
သူ၏ဘုန်းကြီးသော အတွင်းစွမ်းအင်က ပေါက်ကွဲထွက်လာပြီး သူ၏မျက်လုံးနှစ်လုံးက လော့ထျန်ကိုစူးစူးဝါးဝါးကြည့်ကာ “မင်းက ငါ့သားကို ထိရဲတယ်ပေါ့၊ ငါ့အတွက်သေလိုက်စမ်း” ဟုအော်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း…
လော့ရှောင်းရှန်၏ညာလက်ဝါးက လှုပ်ရှားသွားပြီး ကျား၏အော်ဟစ်သံကို ကြားရ၏။
ရိုက်ခတ်မှုက လော့ထျန်၏ခေါင်းပေါ်သို့ တည့်တည့်လာပြီး ပြင်ဆင်ချိန်မရသည့် အကောက်ကြံသောလှုပ်ရှားမှု တစ်ခုဖြစ်၏။
လော့ရှောင်းရှန်သည် လော့ယွဲ့၏ဖခင်ဖြစ်သည်။
သူသည် လော့မိသားစု၏ ခေါင်းဆောင်ငါးဦးထဲကတစ်ဦးဖြစ်ပြီး မျိုးနွယ်ခေါင်းဆောင် လော့ကျန့်ရှန်၏ညီငယ်ဖြစ်ကာ အဆင့် ၂ ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်၏။
ကျွမ်းကျင်သူအဆင့်သည် အလွန်အားကြီးပြီး အဆင့် ၅ နှင့်ယှဉ်လို့ရသော အရာမဟုတ်ချေ။
လော့ထျန်က မှင်တက်သွားသော်လည်း ချက်ချင်းနောက်သို့ အနည်းငယ်ဆုတ်လိုက်၏။
အားကြီးသောဖိအားတစ်ခုက သူ့မျက်နှာကို တိုက်ခတ်လာ၏။
သူ၏စိတ်၊ သူ၏အတွေးများ၊ အရာအားလုံးက ဖိနှိပ်ခံနေရ၏။
လော့ထျန်က အဆင့် ၅ သာရှိသည့်အတွက် သူက ခုခံရန်နည်းလမ်းမရှိပေ။
သူသည် လမ်းဆုံးထိရောက်သည်အထိ နောက်သို့ဆက်ဆုတ်နေ၏။
လော့ရှောင်းရှန်က “ဒီအဘိုးကြီးက မင်းဘယ်ကိုထွက်ပြေးလို့ရလဲဆိုတာကို ကြည့်လိုက်မယ်” ဟု ဝမ်းနည်းစွာအော်လိုက်သည်။
ခြေတစ်ဖက်နင်းလိုက်သည်နှင့် တစ္ဆေလှုပ်ရှားမှုများက ကျားလက်ဝါးကျင့်စဉ်နှင့်အတူ ပါဝင်လာ၏။
ကျွမ်းကျင်သူအဆင့်ရှိသူတစ်ယောက်က ဒီကျင့်စဉ်များကို လော့ယွဲ့ထက် အဆပေါင်းများစွာ ပိုအားကြီးကြောင်းပြသလိုက်သည်။
“ဘန်း”
ဖုန်းလေသည် ရှေ့သို့တက်ပြီး ခုန်ဝင်လိုက်၏။
လော့ရှောင်းရှန်၏လက်ဝါးက လော့ထျန်ဆီသို့ မရောက်ခင်မှာပင် သူ၏အားအင်များက ပြင်းထန်သွားပြီး သူ့ကြွက်သားများက သူ၏အဝတ်များကို ဆုတ်ဖြဲမတတ်ကြီးလာ၏။
ဖုန်းလေ၏မျက်လုံးများက လော့ရှောင်းရှန်ကိုစိုက်ကြည့်ပြီး “ပြေးပါ သခင်လေး” ဟုအော်ဟစ်လိုက်သည်။
“ဖုန်းလေ မြန်မြန်ဘေးဖယ်စမ်း” ဟု လော့ထျန်က အံ့အားသင့်စွာအော်လိုက်ပြီး ဖုန်းလေ ရုတ်တရက်ဒီကိုရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။
“ဖယ်စမ်း” ဟု လော့ရှောင်းရှန်က အော်လိုက်ပြီး သူ၏လက်ဝါးက ဖုန်းလေ၏ရင်ဘတ်ပေါ်သို့ ကျရောက်သွား၏။
“ဘုန်း”
ပေါင် ၃၀,၀၀၀ အားရှိသော စွမ်းအားတစ်ခုက သူ့ရင်ဘတ်ကို ရိုက်ချလိုက်ပြီး ဖုန်းလေ၏နောက်ကျောက ခုံးသွား၏။
သူသည် အနက်ရောင်သွေးများ အဆက်မပြတ်အန်ထုတ်လာပြီး သူ၏မျက်နှာနီရဲနေမှုက ဖျော့တော့သွား၏။
ပြင်းထန်သောနာကျင်မှုက သူ့ကိုသတိမေ့မြောအောင် လုပ်လိုက်တော့မလိုပင်။
သို့သော် သူက လော့ထျန်ရှေ့တွင် မျောက်ဝံရုပ်ထုပမာ မလှုပ်မယှက်ရပ်နေ၏။
ထို့နောက် သွေးများထွက်နေသောသူ၏ပါးစပ်ကိုဖွင့်ကာ “သ…သခင်လေး မြ…မြန်မြန်ပြေးပါ” ဟုပြောလိုက်သည်။
“မင်း ရဲ့အမလာ ”
“ကြမ်းတမ်းခြင်း”
ကြမ်းတမ်းခြင်း၏ပြင်းထန်သောစွမ်းအားက ထပ်မံပေါက်ကွဲထွက်လာ၏။
လော့ထျန်သည် သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ရက်စက်ကြမ်းကြုတ်စွာဖြင့် ရှေ့သို့ပြေးသွားလေတော့သည်။