← Chapters

နောက်ဆုံးဘော့စ်ပေါ်လာပြီ

Vol. 2 Ch. 13

နောက်ဆုံးဘော့စ်ပေါ်လာပြီ

Vol. 2 Ch. 13

စွမ်းအားများက လျှံကျလာသကဲ့သို့ ဒေါသတကြီး ပေါက်ကွဲထွက်လာခဲ့၏။

မြားတစ်စင်းကဲ့သို့ လော့ထျန်သည် ဖုန်းလေရှေ့သို့ ပြေးထွက်သွားပြီး လော့ရှောင်းရှန်ကို စိုက်ကြည့်ကာ “အဘိုးကြီး မင်းကို ငါ ရှင်းပစ်မယ်” ဟု ဟိန်းဟောက်ပြောလိုက်သည်။

လော့ရှောင်းရှန်၏ မျက်လုံးများ ပြောင်းလဲသွားကာ လှောင်ပြုံးဖြင့် “ လူမျိုးစပ်ခွေးရေ ဒီအဖိုးကြီးက မင်းကို မင်းရဲ့ အမှိုက်မိဘတွေနဲ့ ပြန်ဆုံစေဖို့ ငရဲပို့ပေးလိုက်မယ်” ဟု ပြန်လည်ပြောဆိုလိုက်သည်။

ခဏအကြာတွင်…

လော့ရှောင်းရှန်သည် သူ၏နက်နဲစွမ်းအင်ကို စုစည်းလိုက်ပြီး ညာလက်ကိုဖွင့်လိုက်၏။

နက်နဲစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော လက်ဖဝါးကြီးသည် လေထဲတွင် ပေါ်လာပြီး လော့ထျန်ထံသို့ ဖိချလာသည်။

လော့ထျန်၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားသည်။

နက်နဲစွမ်းအင်ကို ရုပ်ပိုင်းဆိုင်ရာပုံစံအဖြစ် ပေါင်းစပ် ဖွဲ့စည်းနိုင်ခြင်းသည် ကျွမ်းကျင်ပညာရှင်များဖြစ် သည့် နက်နဲဆရာကြီး အဆင့်တွင်သာ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။

၎င်းသည်လည်း သူတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုနည်းလမ်းပင်ဖြစ်သည်။

လော့ရှောင်းရှန်သည် သူ၏အပေါ်သို့ ထိုသို့သော တိုက်ခိုက်မှုကို ပြုလုပ်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူ၏ လှုပ်ရှားမှုတိုင်းသည် အလွန်ရက်စက် ကြမ်းကြုတ်ကာ လော့ထျန်အား သတ်ချင်နေမှန်းသိသာထင်ရှားလှပေသည်။

လော့မိသားစုထဲက မည်သူပဲဖြစ်စေ သူ့ကို သေစေချင်ကြသည်ဟု ထင်ရပေသည်။

လော့မိသားစု၏ တပည့်များသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။

လော့ယွဲ့ လော့လင်တို့သည်လည်း ထိုအတိုင်းပင်ဖြစ်ပြီး လော့မိသားစု၏ မျိုးနွယ်ခေါင်းဆောင် ငါးဦးထဲမှ တစ်ဦးဖြစ်သည့် လော့ရှောင်းရှန်သည်လည်း ထိုအတိုင်းပင် ဖြစ်ပေသည်။

လော့ထျန်သည် ရယ်လိုက်ချင်သည်။ ကောင်းကင်သို့ မော့ပြီး ကျယ်လောင်စွာ ရယ်ချင်မိသည်။

လော့မိသားစုက သူ့ကို ဤသို့ဆက်ဆံနေသည်ဆိုလျှင် သူသည်လည်း သူတို့ကို အဆ ၁၀၀၀ သို့မဟုတ် အဆ ၁၀၀၀၀ ပြန်ပေးဆပ်စေရမည်။

ထို့နောက် သူ၏ အတွေးများ ပြောင်းလဲသွားတော့သည်။

သူ့ထံသို့ ဖိဆင်းလာသည့် လေထဲရှိ လက်ဖဝါးကြီးကို ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှပင် မရှိခဲ့ချေ။

သူ မရှောင်တိမ်းနိုင်ပါက ၎င်းကို ဖြတ်ကျော်ဖျက်စီးပစ်မည်ဟု တွေးလိုက်တော့သည်။

ထိုအချိန်တွင် လူတိုင်းက လော့ထျန်သည် သူ၏ကိုယ်ပိုင်စွမ်းအားကို ယုံကြည်မှုလွန်ကဲသည်ဟု ထင်ခဲ့ကြသည်။

သူသည် သူ၏စွမ်းအားကို အထွတ်အထိပ်သို့ ပြန်လည်ရရှိနိုင်ခဲ့လျှင်တောင် နက်နဲဆရာကြီး အဆင့် လော့ရှောင်းရှန်အတွက် ပြိုင်ဘက်မဖြစ်နိုင်သေးပေ။

ထို့ပြင် နက်နဲဆရာကြီး အဆင့်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်နေရချိန်တွင် သူသည် မည်သို့သောနည်းဖြင့် ဖြတ်ကျော်နိုင်မည်နည်း။

သူသည် မည်သည်ကို အသုံးပြုပြီး ဖြတ်ကျော်မည်နည်း။

စိတ်ပျက်အားလျော့နေချိန်တွင် မည်သို့သောနည်းဖြင့် တွန့်ဆုတ်နိုင်မည်နည်း။

သိုင်းပညာလမ်းပေါ်သို့ ခြေချပြီးသည်နှင့် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။

ကံကြမ္မာက ဤသို့ဖန်တီးပေးခဲ့လျှင် အဘယ်ကြောင့် ကိုယ့်လမ်းကိုယ် ဖောက်ထွက်မသွားနိုင်ရမည်နည်း။

တောင်၏စွမ်းအားကဲ့သို့ ဖိအားကြောင့် လော့ထျန်သည် အသက်ရှုရခက်ခဲစေသည်။

သူ၏မျက်နှာပေါ်သို့ လှုပ်ခတ်လာသည့် လေဖိအားသည် ဓားများဖြင့် လှီးဖြတ်နေသကဲ့သို့ ခံစားရစေ၏။

လော့ထျန်သည် အာရုံစိုက်ပြီး အသက်အောင့်ကာ သူ၏ခွန်အားအားလုံးကို လက်သီးထဲသို့ ပေါင်းစည်းလိုက်သည်။

သူ၏ မျက်လုံးများကို နေရာတစ်ခုထဲသို့ စူးစိုက်လိုက်ပြီး အာရုံစိုက်မှုအားလုံးကို ထိုနေရာသို့ ပစ်လွှက်လိုက်လေပြီ။

“သေတော့”

ဖိဆင်းလာသည့် လက်ဖဝါးကြီးသည် ကြမ်းတမ်းသော လေကို လွင့်စဉ်စေသည်။

ဤကြမ်းတမ်းသော လေပြင်းသည် နက်နဲတပည့်အဆင့် ၁ နှင့် ၂ တွင်ရှိသော တပည့်များကိုပင် ထိုနေရာမှ လွင့်ထွက်သွားစေသည်။

လော့ထျန်သည် သွားကိုကျစ်ပြီး “လျှပ်စီး ကျားသစ်လက်သီး တိုက်ခိုက်ခြင်း” ဟု ဟိန်းဟောက်လိုက်သည်။

၎င်းသည် အဆင့် ၂ လျှပ်စီးကျားသစ်လက်သီး၏ လှုပ်ရှားမှုအသစ်ဖြစ်ပေ၏။

၎င်းသည် ကျားတိုက်ခိုက်ခြင်း နှင့် လျှပ်စီးရိုက်ခတ်ခြင်း၏ စွမ်းအားကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းထားသည့် လက်သီးတစ်လုံးပင်ဖြစ်သည်။

ကြမ်းတမ်းခြင်း၏ စွမ်းအားမြှင့်တင်မှုအောက်တွင် လျှပ်စီးကျား တိုက်ခိုက်ခြင်း လက်သီးသည် စွမ်းအားအလွန်အမင်း တိုးလာခဲ့၏။

အချိန်မဆွဲတော့ဘဲ သူသည် နက်နဲစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် လက်ဖဝါးကြီးကို တိုက်ရိုက် ထိုးလိုက်သည်။

“ဘုန်း…”

“ဘုန်း…”

“ဘုန်း…”

တစ်ခဏအတွင်းတွင် ထိုစွမ်းအင်နှစ်ခုသည် တိုက်မိကြ၏။

ပြင်းထန်သော ထိခိုက်မှု၏ အသံသည် နတ်ဘုံကိုးဘုံမှ မိုးကြိုးကဲ့သို့ ဟိန်းဟောက်သွား၏။

၎င်းသည် မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေပြီး လူတိုင်း၏ စိတ်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

လော့ရှောင်းရှန်သည် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။

လော့ထျန်၏ စွမ်းအားသည် ထိုမျှလောက် မယုံနိုင်စရာကောင်းမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

“ငါ ဒီကောင်လေးကို မဖယ်ရှားနိုင်ရင် နောက်ဆုံးမှာတော့ အဆုံးမရှိတဲ့ ဒုက္ခတွေရှိလာလိမ့်မယ်” ဟု ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် တွေးလိုက်သည်။

“ကွဲစေ”

လော့ထျန်သည် သူ၏ဆံပင်များ လေထဲတွင် လွင့်စဉ်နေသည်အထိ ဟိန်းဟောက်လိုက်သည်။

သူ၏ရှည်လျားသော ဆံပင်များ လေထဲတွင် ယိမ်းထိုးနေပြီး ပြဲနေသော င်္အကျီလက်မှစ၍ သူ၏လက်မောင်းတွင် အကြောများ ဖောင်းကြွထွက်နေသည်ကို တွေ့ရ၏။

သူ၏ပုံရိပ်တစ်ခုလုံးသည် လူသားထက် နတ်ဆိုးနှင့် ပိုတူနေပေသည်။

“ဘုန်း”

နောက်ဆုံးတွင် ကြီးမားသော လက်ဖဝါးကြီး၏ ဗဟိုချက်က ဖောက်ထွင်းခံလိုက်ရပြီး။

နက်နဲသော စွမ်းအင်များ ပျံ့နှံ့သွားပြီး အရာအားလုံးသည် တည်ငြိမ်သွားခဲ့၏။

လော့ထျန်သည် ဗဟိုချက်တွင် ရပ်နေပြီး သူ၏နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုဖြင့် ကွေးညွှတ်နေခဲ့သည်။

သူသည် လော့ရှောင်းရှန်၏ နှာခေါင်းကို ညွှန်ပြကာ မာနကြီးစွာဖြင့် “ယုတ်မာတဲ့အဘိုးကြီး မင်းရဲ့စွမ်းအားက ဒီလောက်ပဲရှိတာလား” ဟု ကြိမ်းမောင်းလိုက်သည်။

၎င်းသည် တကယ်ပင် ဖောက်ထွင်းခံလိုက်သည်။

ပရိသတ်သည် အုတ်အော်သောင်းနင်းဖြစ်သွားပြီး သူသည် နက်နဲဆရာကြီး၏ အပြင်းထန်ဆုံး လှုပ်ရှားမှုကိုပင် ဖြတ်ကျော်နိုင်ခဲ့သည်လေ။

တုန်လှုပ်ခြင်း။

အဆုံးမဲ့သော တုန်လှုပ်မှု။

လော့မိသားစု၏ တပည့်အားလုံးသည် လုံးဝဆွံ့အသွားခဲ့ကြ၏။

မယုံကြည်နိုင်ဆုံးသော အရာမှာ လော့ထျန်သည် တစ်စုံတစ်ရာမျှ ထိခိုက်မှုမရှိဘဲ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

ထို့ပြင် သူသည် မာနကြီးစွာဖြင့် လော့ရှောင်းရှန်ကို မျက်စိထဲပင် မထည့်တော့ချေ။

အာဏာကြီးလွန်းသည်။ ဤတွင် တကယ့်ကို အာဏာကြီးလွန်းလှသည်တကား။

တစ်ဖက်တွင် ဖြူဖျော့နေသည့် ဖုန်းလေသည် ပြုံးပြီး ကျယ်လောင်စွာ ရယ်မောလာသည်။

“သခင်လေးက အကြီးမြတ်ဆုံးပဲ သခင်လေးက အာဏာအရှိဆုံးပဲလော့ရှောင်းရှန် အဘိုးကြီး မင်းက ရုပ်ရည်မရှိဘဲ လူငယ်တွေကို အနိုင်ကျင့်တယ်။ မင်းက ဘယ်လို လော့မိသားစု ခေါင်းဆောင်မျိုးလဲ။ မင်း ခေါင်းဆောင်အဖြစ် ဆက်ရှိဖို့ အရည်အချင်းရှိသေးရဲ့လား။”

လော့ရှောင်းရှန်၏ မျက်နှာအိုသည် အဆက်မပြတ် ပြောင်းလဲနေခဲ့၏။

သူ၏အပြင်းထန်ဆုံး လှုပ်ရှားမှုကို လော့ထျန်က ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မတွေးခဲ့မိပေ။

သူသည် အရှိန်အဟုန်အရ လော့ထျန်ကိုပင် ရှုံးနိမ့်သွားခဲ့ရသည်။

ဤအရာက သူ၏ ဒေါသကို အဆက်မပြတ် မြင့်တက်လာစေခဲ့သည်။

သူသည် သွားများကို ကျောက်ပွတ်တိုက်သံများ ကြားရသည်အထိ တင်းတင်းကျစ်ကျစ် ကြိတ်ထားပြီး လော့ထျန်အား အစိမ်းလိုက် မျိုချတော့မည့်အလား စိုက်ကြည့်လိုက်သည်။

“လူမျိုးစပ်ခွေး မင်း ဒီအဘိုးကြီးကို မလေးမစားလုပ်ရဲတာလား”

“ဒီအဘိုးကြီးက မင်း ဘယ်နှစ်ခါလောက် ခံနိုင်ရည်ရှိမယ်ဆိုတာကို ကြည့်ချင်သေးတယ်။”

ဤသို့ပြောပြီးနောက် လော့ရှောင်းရှန်သည် သူ၏နက်နဲသော စွမ်းအင်ကို ထပ်မံစုစည်းလိုက်ရာ ကောင်းကင်သည် မှောင်မိုက်သွားခဲ့သည်။

လော့ထျန်၏ မျက်နှာများ ပြောင်းလဲသွားပြီး “မကောင်းတော့ဘူး” ဟု ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။

သူသည် ကြီးမားသော လက်ဖဝါးကြီးကို ဖြတ်ကျော်နိုင်ခြင်းမှာ သူသည် အသက်အောင့်ပြီး နတ်ဘုရားသိုင်းပညာဖြစ်သည့် ကြမ်းတမ်းခြင်း၏ နောက်ကွယ်မှ စွမ်းအားအားလုံးကို အသုံးပြုခဲ့သောကြောင့်ပင်။

သူ၏အင်္ဂါအစိတ်အပိုင်းများအားလုံးသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးသားဖြစ်၏။

သူသည် အခြားသူများ သတိမထားမိစေရန်အတွက် နာကျင်မှုကို ထိန်းချုပ်ပြီး ကောင်းစွာ ဟန်ဆောင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လော့ရှောင်းရှန်သည် နက်နဲဆရာကြီး အဆင့်တွင် ရှိနေပြီး သူသည် နက်နဲတပည့်အဆင့် ၅ တွင်သာ ရှိနေသေး၏။

ကွာဟချက်သည် အလွန်ကြီးမားလှသည်။

လော့ရှောင်းရှန်သည် နောက်ထပ် လက်ဖဝါးတစ်ချက် ထပ်ထုတ်လျှင်…

လော့ထျန်သည် စိတ်ပူနေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။

သူ၏မာနသည် ပိုမိုတိုးလာခဲ့၏။

“ယုတ်မာတဲ့ အဘိုးကြီး မင်း စိတ်မကျေနပ်ရင် ထပ်လာခဲ့။ ဒီကောင်က မင်းရဲ့ ပထမဆုံး လက်ဖဝါးကို ဖြတ်ကျော်နိုင်ရင် ဒုတိယ လက်ဖဝါးကိုလည်း ဖြတ်ကျော်နိုင်တယ်။ မင်းက မင်းထက်ငယ်တဲ့သူအပေါ်မှာ ဒီလောက်စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုကို အသုံးပြုရဲတဲ့ အဘိုးကြီး မင်းရဲ့ဂုဏ်သိက္ခာ ဘယ်လောက်ကျန်တော့မဲဆိုတာ ငါ မြင်ချင်တယ်။ ဟားဟားဟား…”

သူ့ထက် အဆင့်ငယ်သည့်သူကို တိုက်ခိုက်နေခြင်းသည်ပင် မှားယွင်းနေပြီးသား ဖြစ်၏။

ထို့အပြင် သူသည် နက်နဲဆရာကြီး အဆင့်၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို အသုံးပြုခဲ့ပြီး လော့ထျန်ကို မထိခိုက်စေနိုင်သေးပါက လူအများက ဤအကြောင်းကို သေချာပေါက် ပြောဆိုကြမည်။

ပထမ လက်ဖဝါးက အလုပ်မဖြစ်ခဲ့သဖြင့် ဒုတိယ လက်ဖဝါးသည် ထွက်လာပြန်၏။

လော့ထျန်သည် ဒုတိယအကြိမ်ကိုလည်း တွန်းလှန်နိုင်ခဲ့ပါက လော့ရှောင်းရှန်သည် မည်သည့်အခါမျှ ခေါင်းမော့နိုင်မည်မဟုတ်တော့ချေ။

လော့ထျန်သည် ဒုတိယ လက်ဖဝါးတိုက်ခိုက်မှုကို တွန်းလှန်နိုင်မည်ဟု လုံးဝမဖြစ်နိုင်ပေ။

တစ်ခုတည်းသော နည်းလမ်းမှာ အန္တရာယ်ရှိသော လှုပ်ရှားမှုကို အသုံးပြုရန်ပင်။

လော့ရှောင်းရှန်ကို ရပ်တန့်ရန်အတွက် အများပြည်သူ၏ အမြင်ကို အသုံးပြုခြင်းဖြစ်သည်။

ဖုန်းလေသည် ဤအခွင့်အရေးကိုယူကာ ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။

“သားက အသုံးမကျတော့ အဖေက ရှေ့ထွက်လာတယ်။ အဖေကလည်း အသုံးမကျရင် သူက သူ့အဖေကို သင်္ချိုင်းကနေ ထွက်လာခိုင်းတော့မှာလား။ မင်းမှာ မျက်နှာကျန်သေးရဲ့လား။ လော့မိသားစုတစ်ခုလုံးက ဒီပြက်လုံးကို ကြည့်နေကြတာ မင်း အကြီးအကဲအဖြစ်ကနေ အခုကတည်းက စွန့်လွှတ်သင့်တယ်လို့ ငါထင်တယ်။ ဟားဟားဟား…”

ပတ်ဝန်းကျင်ရှိ လော့မိသားစု တပည့်အုပ်စုသည် တိုးတိုး တိတ်တိတ် ဆွေးနွေးနေခဲ့ကြသည်။

လော့ရှောင်းရှန်၏ မျက်နှာသည် အလွန်အမင်း ရုပ်ဆိုးလွန်းနေခဲ့ပြီး သူ၏မျက်လုံးများသည် ပတ်ဝန်းကျင်သို့ လှည့်လည်ကြည့်လိုက်သည်။

တပည့်များအားလုံးသည် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ကြ၏။

အလွန်ဒေါသထွက်နေချိန်တွင် သူ၏ ကြမ်းတမ်းသောမျက်နှာက “ဘာတဲ့ ပါးစပ်က အလွန်သွက်နေတယ်နော် ဒါပေမဲ့ အသုံးမဝင်ဘူး။ ဒီကမ္ဘာပေါ်မှာ ခွန်အားကသာ အရာအားလုံးကို ဆုံးဖြတ်ပေးမယ်။ မင်းက အမှိုက်တွေလို ပြောပြီး ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား။ မင်း အလွန်အမင်း အလွန်းတယ်။ သွားသေလိုက်တော့” ဟု အော်ပြောလိုက်သည်။

“ဖက်… ဒီအဘိုးကြီးက မယုံဘူး”

လော့ရှောင်းရှန်၏ ဒေါသထွက်နေသော မျက်နှာကို မြင်ပြီး လော့ထျန်၏ နှလုံးသား တင်းကြပ်သွားခဲ့သည်။

“ငါ ဒုက္ခရောက်ပြီ” ဟု ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။

လော့ရှောင်းရှန် ပြောခဲ့သည့်အတိုင်းပင် ဤကမ္ဘာပေါ်တွင် ခွန်အားသည်သာ အရာအားလုံးကို ဆုံးဖြတ်ပေသည်။

ခွန်အားက အရာအားလုံးကို ဆုံးဖြတ်၏။

မည်မျှပင် ယုတ္တိကျသည့်စကားဟု ဆိုစေကာမူ အားနည်းသူတစ်ဦးကို အားကြီးသူ၏ လက်သီးတစ်ချက်ဖြင့် ကြေမွသွားစေနိုင်ပေသည်။

လော့ထျန်သည် ခွန်အား၏ အရေးကြီးပုံကို နောက် တစ်ကြိမ် နားလည်ခဲ့ရ၏။

သူ၏နက်နဲတပည့်အဆင့် ၅ သည် လော့မိသားစု၏ တပည့်များနှင့် ရင်ဆိုင်ရန် လုံလောက်သည်ဟု သူ အစက ထင်ခဲ့သည်။

သို့သော် လော့ရှောင်းရှန်ကဲ့သို့ နက်နဲဆရာကြီးအဆင့်က ပေါ်လာမည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ။

လော့ရှောင်းရှန် သူ့အား ပြောခဲ့သည့် စကားများအတိုင်း သူသည် အလွန်အ နေသေးသည်။

ဖက်…

ငါ့ဘဝကို အဆုံးထိ စတေးပစ်မယ်

လော့ထျန်သည် သွားများကိုကျစ်ပြီး သူ၏ စိတ်ကို ကာကွယ်ပေးနေသည့် နက်နဲစွမ်းအင်အားလုံးကို ထွက်လာစေခဲ့၏။

လော့ရှောင်းရှန်သည် နောက်ထပ် လက်ဖဝါးတိုက်ခိုက်မှု တစ်ခုပြုလုပ်ပါက သူ၏နက်နဲသော စွမ်းအင်အားလုံးကို အကုန်သုံးရတော့မည်။

ထို့နောက် တတိယတိုက်ခိုက်မှု ရှိတော့မည်မဟုတ်ပေ။

ဤသီအိုရီသည် လော့ထျန်၏ လောင်းကစားတစ်မျိုးသာ ဖြစ်၏။

သူ၏ ဘဝကို စတေးပြီး လောင်းကစားခြင်းဖြစ်သည်။

ဤလောင်းကစားမျိုးသည် တကယ်ပင် စိတ်မကောင်းစရာပင်။

လော့ထျန်သည် တိတ်တဆိတ် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။

“ဖက် မင်း ငါ့ကို မရှင်သွားစေနဲ့။ မဟုတ်ရင် မင်း ဒီကမ္ဘာမှာ မွေးဖွားလာရတာကို နောင်တရစေရမယ်”

“ဘုန်း…”

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော လက်ဖဝါးကြီးသည် မှောင်မိုက်နေသော ကောင်းကင်ယံတွင် ထင်ရှားစွာ ပေါ်လာသည်။

လော့ရှောင်းရှန်သည် “သွားသေလိုက်တော့” ဟု ဟိန်းဟောက်လိုက်သည်။

လော့ထျန်သည် သူ၏ကိုယ်ကို ထိန်းနိုင်ရန် မြေကြီးကို ပြင်းထန်စွာ နင်းပြီး ခေါင်းမော့ကာ “လာခဲ့” ဟု ဟိန်းဟောက်လိုက်သည်။

ထိုအချိန်တွင်…

ရုပ်တစ်ခုသည် လျင်မြန်စွာ ပေါ်လာပြီး အာဏာကြီးစွာဖြင့် “ရှောင်းရှန်း မင်းရဲ့လက်ကို ရပ်လိုက်” ဟု အော်ဟစ်ခဲ့သည်။

ပေါ်လာသည့်သူမှာ လော့မိသားစု၏ ယာယီခေါင်းဆောင်ဖြစ်သည့် လော့ကျန့်ရှန်ပင်ဖြစ်သည်။

သူသည် သိုင်းလေ့ကျင့်ကွင်းသို့ အစောကတည်းက ရောက်ရှိနေခဲ့သည်။

သို့သော် သူသည် နောက်ခံမှသာ ကြည့်နေခဲ့ပြီး အတွေးများစွာကို ခေါင်းထဲတွင် လှည့်ပတ်နေခဲ့၏။

သူသည် လော့ထျန်ကို သေစေချင်ပြီး ၎င်းကို လုပ်ဆောင်ရန် နည်းလမ်းများစွာကို ရှာဖွေခဲ့သည်။

သို့သော် လော့ထျန်သည် လော့မိသားစုထဲတွင် မသေသင့်ပေ။

အထူးသဖြင့် သူ၏ ညီငယ်ဖြစ်သည့် လော့ရှောင်းရှန်၏ လက်ထဲတွင် လုံးဝ မသေသင့်ပေ။

သူသည် လော့မိသားစု၏ ခေါင်းဆောင်ရာထူးကို တည်ငြိမ်စွာ ဆက်လက်ရယူလိုပါက လူတိုင်းသည် သူ၏ စရိုက်လက္ခဏာကို ယုံကြည်စိတ်ချနေရမည်။

လော့ထျန်သည် လော့ရှောင်းရှန်၏ လက်ချက်ဖြင့် အသတ်ခံရပါက ၎င်းသည် မိသားစုစည်းမျဉ်းများကို ချိုးဖောက်ခြင်းနှင့် တူညီပြီး လူအများကို စည်းရုံးနိုင်မည်မဟုတ်ပေ။

ထို့ပြင် ဆက်ဆံရေးကြောင့် သူ၏ ယာယီခေါင်းဆောင်ရာထူးကိုပင် အစားထိုးခံရနိုင်သည်။

လော့ထျန်သည် သူ၏စွမ်းအားကို ပြန်လည်ရရှိခဲ့လျှင်တောင် သူသည် နက်နဲတပည့်တစ်ဦးသာ ရှိသေးသောကြောင့် သူကို သေစေရန်အတွက် နည်းလမ်းများစွာ ရှိသေးပေသည်။

သို့သော် လော့ထျန်သည် ယနေ့ မသေနိုင်ပေ။

အနည်းဆုံး လော့မိသားစု၏ သိုင်းလေ့ကျင့်ကွင်းတွင် မသေသင့်ပေ။

“ဘုန်း”

လော့ရှောင်းရှန်သည် သူ၏စွမ်းအားကို အချိန်မီ မဆုတ်နိုင်ဘဲ ကြီးမားသော လက်ဖဝါးကြီးသည် ဆက်လက် ဖိချလာ၏။

လော့ကျန့်ရှန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ညာလက်ကို ညင်သာစွာ မြှင့်တင်လိုက်သည်။

နက်နဲသော ထူထဲသည့် စွမ်းအင်သည် သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လော့ထျန်ကို လမ်းမှ အတင်းအကြပ် ရိုက်ထုတ်လိုက်သည်။

လော့ထျန်သည် အရှက်ရစွာဖြင့် အကြိမ်အနည်းငယ် လူးလှိမ့်သွားခဲ့၏။

ခွေးမစင်တစ်လုပ်စာကို စားလိုက်ရသကဲ့သို့ ခံစားရသည်။

ထို့နောက် “ဖက်… မင်းရဲ့ အဘိုးကို ဖက်လိုက်” ဟု တိတ်တဆိတ် ကြိမ်းမောင်းလိုက်၏။

“ဗြိန်း”

လော့ကျန့်ရှန်သည် ကြီးမားသော လက်ဖဝါးကြီးကို အလွယ်တကူ ရိုက်ချေဖျက်ဆီးလိုက်သည်။

နှိုင်းယှဉ်၍မရနိုင်သော စွမ်းအားပေတည်း။

ပတ်ဝန်းကျင်မှ လော့မိသားစု တပည့်အုပ်စုသည် သူတို့၏ နှလုံးသားထဲတွင် လေးစားချီးကျူးမှုများနှင့် ကိုးကွယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“တော်လိုက်တာ”

မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် လူးလှိမ့်ပြီးနောက် လော့ထျန်သည် ရွှံ့များဖြင့် ဖုံးလွှမ်းသွားခဲ့၏။

ရွှံ့များက သူ၏မျက်နှာကို ဖုံးလွှမ်းထားပြီး ဆံပင်များလည်း ဖရိုဖရဲဖြစ်နေကာ သူတောင်းစားကဲ့သို့ပင် ဖြစ်နေခဲ့သည်။

သူ၏ ယခင်အေးမြသော ပုံရိပ်အားလုံး လုံးဝ ပျောက်ဆုံးသွားခဲ့သည်။

လော့ကျန့်ရှန်သည် သူ့အား ထပ်မံ ထင်ပေါ်ခွင့် ပေးနိုင်မည်မဟုတ်ပေ။

မြေကြီးပေါ်မှ တွားတက်လာပြီးနောက် လော့ထျန်သည် ပြုံးလာခဲ့၏။

လော့ကျန့်ရှန်၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရချိန်တွင် သူ၏ကိုယ်ပိုင် အပြုံးသည် ရူးသွပ်သူတစ်ဦး၏ အပြုံးနှင့်တူနေခဲ့သည်။

သူသည် လုံးဝ စိတ်ရှုပ်ထွေးနေခဲ့သည်။

“နောက်ဆုံးတော့… နောက်ဆုံးတော့ မင်း ပေါ်လာပြီ”

“နောက်ဆုံး ဘော့စ်”

“ရွှေရောင် တောက်ပနေတဲ့ နောက်ဆုံး ဘော့စ်…”

All Chapters