← Chapters

အဆင့်A မစ်ရှင်

Vol. 2 Ch. 16

အဆင့်A မစ်ရှင်

Vol. 2 Ch. 16

ညဥ့်နက်ချိန်၊ လော့ကျန့်ရှန်၏ အိပ်ခန်း။

လော့ကျန့်ရှန်သည် သူ၏လက်များကို နောက်သို့ပိုက်ကာ ပြတင်းပေါက်မှ အပြင်ဘက်ကို မှိုင်တွေစွာ ကြည့်နေခဲ့သည်။

သူ၏မျက်နှာတွင် စိတ်အလိုမကျမှုကြောင့် မျက်မှောင်ကြုတ်နေသည်။

သူသည် ယနေ့ သိုင်းလေ့ကျင့်ရေးကွင်းတွင် ဖြစ်ပျက်ခဲ့သည်များကို အလွန်စိတ်တိုနေခဲ့ပြီး အထူးသဖြင့် လော့ထျန်က “ယာယီမျိုးနွယ်ခေါင်းဆောင်” ဟု ထပ်တလဲလဲ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းသည် သူ၏နှလုံးသားကို ဆူးချွန်ဖြင့် ထပ်ကာထပ်ကာ ထိုးစိုက်နေသကဲ့သို့ ခံစားနေရသည်။

သူသည် လော့ထျန်ကို ဤနှစ်များတစ်လျှောက် အသက်ရှင်သန်ခွင့်ပေးခဲ့သည်မှာ သူသည် လော့မိသားစုကို လွှဲပြောင်းရယူရန် အချိန်လိုအပ်နေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

အထူးသဖြင့် သူ့ကို ဆန့်ကျင်နေသည့် အကိုသုံးဦးကို ထိန်းချုပ်ရန်ဖြစ်သည်။

လော့မိသားစုတစ်ခုလုံးကို သူ အပြည့်အဝချုပ်ကိုင်နိုင်ခြင်း မရှိသေးသော်လည်း လော့မိသားစု၏ မြေယာများနှင့် ပစ္စည်းဥစ္စာများ၏ သုံးပုံနှစ်ပုံကို ထိန်းချုပ်နိုင်ခဲ့သည်။

သူသည် ကျန်ရှိနေသည့် သုံးပုံတစ်ပုံကို ရရှိရန် နောက်ထပ်တစ်နှစ် အချိန်ယူရန် မူလက စီစဉ်ထားသော်လည်း သူသည် မည်သို့မျှ သည်းခံနိုင်တော့သနည်း။

“လင်အာ ဒီအမဲလိုက်ပြိုင်ပွဲမှာ ပထမရဖို့အပြင် မင်းမှာ လုပ်စရာ နောက်ထပ်အလုပ်တစ်ခု ရှိသေးတယ်” ဟု လော့ကျန့်ရှန်က ညင်သာစွာ ပြောလိုက်သည်။

လော့လင်က ဖြူဖွေးစွာ ပြုံးလိုက်ပြီး “သားသိပါတယ် ဖေဖေ အဲ့ဒီ အမှိုက်ပုံးကို သားရှင်းပစ်လိုက်ပါ့မယ်” ဟု ပြော၏။

လော့လင်သည် သိုင်းလေ့ကျင့်ရေးကွင်းတွင် ဖြစ်ပျက်ခဲ့သည်များကို ကြားပြီးနောက် အလွန် စိတ်တိုသွားသည်။

ဒန်ထျန်ပျက်နေသည့် အမှိုက်ပုံးတစ် ယောက်က ဤမျှ မောက်မာရဲနေပါသလော။

ငါသာ ထိုနေရာတွင် ရှိနေလျှင် လော့ထျန်ကို အကြမ်းပတမ်း နင်းသတ်ပစ်မိမှာ သေချာသည်။

လော့ကျန့်ရှန်၏ မျက်ခုံးများ လှုပ်ခါသွားပြီး သတိပေးလိုက်သည်မှာ “ငါက လော့ထျန်ကို ငါ့ရဲ့နက်နဲစွမ်းအင်နဲ့ ကြည့်ခဲ့တာအရဆို သူက နက်နဲတပည့် သိုင်းအဆင့် ၅ မှာ ရှိလောက်မယ်။

သူ့ကို အမဲလိုက်ပြိုင်ပွဲအတွင်း ရှင်းပစ်ရမယ် ဒါပေမဲ့ မင်းကိုယ်တိုင် မကျူးလွန်တာ အကောင်းဆုံးပဲ။

မင်းက လော့မိသားစုရဲ့ အနာဂတ် အငယ်ဆုံးမျိုးဆက် သခင်ဖြစ်တာကြောင့် မင်းကိုယ်တိုင် လက်စောင်းခတ်ရင် မင်းရဲ့ပုံရိပ်နဲ့ ငါ့ပုံရိပ်ကိုပါ ထိခိုက်စေလိမ့်မယ်။ နားလည်ရဲ့လား”

လူငယ်သခင်တစ်ဦးအား လုပ်ကြံသတ်ဖြတ်မှုဖြင့် စွပ်စွဲခံရခြင်းသည် ကြီးမားသည့် ကိစ္စဖြစ်သည်။

လော့ကျန့်ရှန်သည် လော့မိသားစု၏ မျိုးနွယ် ခေါင်းဆောင်ဘွဲ့ကို ရယူလိုသည်နှင့်အညီ လူများကသူ့ကို ပြောစရာများဖြစ်စေသည့် မည်သည့်အထောက်အထားကိုမျှ သူ ချန်ထားခဲ့၍ မရပေ။

“ကျွန်တော် ကိုယ်တိုင် သတ်လို့မရဘူးလား”

လော့လင်က ပျင်းရိသော အမူအရာဖြင့် ပြုံးပြလိုက်ပြီး “ဖေဖေ စိတ်မပူပါနဲ့။ အမှိုက်ပုံးတစ် ယောက်အတွက် ဝိညာဉ်တောင်တန်းထဲမှာ အလောင်းတောင် ရှာမတွေ့ဘဲ သေဆုံးသွားစေရန် သားမှာ နည်းလမ်း ထောင်ပေါင်းများစွာ ရှိပါတယ်” ဟု ပြော၏။

လော့ကျန့်ရှန်က ခေါင်းညိတ်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

သူသည် လော့လင်၏ စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်ခဲ့သည်။

သူ၏ ကျင့်ကြံမှုစွမ်းရည် သို့မဟုတ် ဉာဏ်ရည်ဉာဏ်သွေး မည်သို့ပင်ဖြစ်စေကာမူ သူ့ကို မည်သည့်အခါမျှ စိတ်ပျက်စေခဲ့ခြင်း မရှိခဲ့ပေ။

ဤအမဲလိုက်ပြိုင်ပွဲအတွက် သူ့သား၏ စွမ်းဆောင်ရည်သည် ပြီးပြည့်စုံလိမ့်မည်ဟု သူ ယုံကြည်သည်။

ထို့နောက် ချက်ချင်းပင်…

လော့ကျန့်ရှန်သည် လက်မအရွယ်အစားရှိသော ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

၎င်းသည် မှိန်သော အလင်းရောင်ကို ထုတ်လွှတ်ပြီး ထူထဲသော နက်နဲသည့် စွမ်းအင်သည် အိပ်ခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

လော့လင်၏ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်မှာ “ဖေဖေ ဒါက ကျောက်နက်လား” ဟူ၍ပင်။

ကျောက်နက်သည် သဘာဝမှ ပေါက်ဖွားလာသော ပစ္စည်းဖြစ်သည်။

၎င်းတွင် ထူထဲသော နက်နဲသည့် စွမ်းအင် ပါဝင်ပြီး သိုင်းကျင့်ကြံသူတစ်ဦးအတွက် အလွန်အဖိုးတန်သည့် ရတနာဖြစ်သည်။

ကျောက်နက်များကို အမြင့် အလယ်နှင့် အနိ့်ဟူ၍ အမျိုးအစားများအဖြစ် ခွဲခြားထား၏။

အဆင့်မြင့်လေလေ နက်နဲစွမ်းအင်က ပိုထူထဲလာလေလေဖြစ်သည်။

လော့ကျန့်ရှန် ထုတ်ယူခဲ့သော ကျောက်နက်သည် အနိ့်အဆင့် အရည်အသွေးရှိသော ကျောက်နက်ဖြစ်သည်။

ထိုကဲ့သို့ အနိ့်အဆင့်ရှိသည့် ကျောက်နက်အတွက် လော့မိသားစု အသားတင်တန်ဖိုး၏ ငါးပုံတစ်ပုံနီးပါးဖြစ်သော ရွှေ ၁၀,၀၀၀ ကုန်ကျခဲ့သည်။

လော့ရှောင်းရှန်မှလွဲ၍ ကျန်အကြီးအကဲလေးဦးက ကျောက်စိမ်းနက်ဝယ်ယူသည်ကို ကန့်ကွက်ကြသည်။

သို့သော်လည်း လော့ကျင့်ရှန်ကမူ ထိုကန့်ကွက်မှုများကို လျစ်လျူရှုကာ ပထမဆုရရှိသူ၏ ဆုလာဘ်အဖြစ် ဖြည့်စွက်ပေးရန်အတွက် ထိုကျောက်စိမ်းနက်ကို ဝယ်ယူခဲ့လေသည်။

သူ၏ ရည်မှန်းချက်မှာ သူ၏သားဖြစ်သူ လော့လင်အား ပေးရန်ဖြစ်သည်။

နက်နဲတပည့် သိုင်းအဆင့် ၈ တွင်ရှိနေသည့် သူသည် လော့မိသားစု၏ အငယ်ဆုံးမျိုးဆက်တွင် အသန်မာဆုံးသူဖြစ်သည်။

ဤအမဲလိုက်ပြိုင်ပွဲတွင် မည်သူမျှ သူ၏ပြိုင်ဖက် မဟုတ်ချေ။

သူ ပထမနေရာကို သံသယဖြစ်ဖွယ်မရှိဘဲ ရရှိလိမ့်မည်။

လော့ကျန့်ရှန်သည် ပြုံးလိုက်ပြီး “လင်အာ မင်းဘယ်နေရာရောက်ရောက် ဘယ်လှုပ်ရှားမှုကိုပဲ လုပ်လုပ် ဒီကမ္ဘာမှာ ခွန်အားကသာ အရာအားလုံးကို လွှမ်းမိုးထားတယ်ဆိုတာ မင်း မှတ်ထားရမယ်” ဟု ဆို၏။

“ဒီကျောက်နက်ကို ကိုင်ထားလိုက်ပါ။ သရဲတောင်တန်းမှာ ဒီအမဲလိုက်ပြိုင်ပွဲအတွင်း ပထမနေရာရဖို့နဲ့ လော့ထျန်ကို ရှင်းပစ်ဖို့အပြင် မင်းဟာ နက်နဲတပည့် သိုင်းအဆင့် ၉ ကို ထိုးဖောက်ဖို့ လိုအပ်တယ်။

မင်းသာ တိုးတက်နိုင်ခဲ့ရင် အဲ့ဒီ ကန့်ကွက်သံတွေအားလုံး မင်းကြောင့် တိတ်ဆိတ်သွားလိမ့်မယ်။

ပြီးတော့ ငါ ဒီကျောက်နက်ကို ဝယ်ယူခဲ့တာကို မင်းကို ဘယ်သူမှ ပြစ်တင်ပြောဆိုရဲတော့မှာ မဟုတ်ဘူး”

ဆယ့်ခုနစ်နှစ်အရွယ်တွင် နက်နဲတပည့် သိုင်းအဆင့် ၉ ဖြစ်လာခြင်း ဤအချက်တစ်ခုတည်းကပင် လော့မိသားစုမှ မည်သူမျှ သူ့ကို ပြစ်တင်ပြောဆိုရန် အကြောင်းပြချက် မရှိတော့ပေ။

လော့ကျန့်ရှန်၏ အစီအစဉ်များတွင် ဤအရာတစ်ခုတည်း မဟုတ်ဘဲ သူ၏မျက်နှာတွင် ဂုဏ်ယူဝံ့ကြွားသည့် အသွင်အပြင်ကို ထုတ်ဖော်လိုက်သည်။

“ဆယ့်ခုနစ်နှစ်သားအရွယ်တစ်ယောက်က… နက်နဲတပည့် သိုင်းအဆင့် ၉ မှာ ရှိနေတာက အစိမ်းရောင်မိုးတိမ်ဂိုဏ်းရဲ့ ပြင်ပတပည့်အဖြစ် အရည်အချင်းပြည့်မီသွားပြီ။

မင်းသာ အစိမ်းရောင်မိုးတိမ်ဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်နိုင်ခဲ့ရင် လော့မိသားစု ဒါမှမဟုတ် ကျောက်စိမ်းတောင်မြို့တစ်ခုလုံးတောင် မင်းကို နှောင့်ယှက်ရဲတော့မှာမဟုတ်ဘူး”

လော့ကျန့်ရှန်၏ ရည်ရွယ်ချက်မှာ အလွန် မြင့်မားခဲ့သည်။

သူသည် အရာအားလုံးကို ဤအရာပေါ်ကို အခြေခံကာ စီစဉ်ခဲ့သည်။

ဤနှစ်များအတွင်း လော့မိသားစု၏ နိမ့်ကျလာမှု လော့မိသားစုအတွင်း မတည်ငြိမ်မှုနှင့် သူတို့၏ နယ်မြေများကို မျက်စိကျနေသော ကျောက်စိမ်းတောင်မြို့မှ အခြားမိသားစုကြီးများအကြောင်းကိုသူ အားလုံး ထည့်သွင်းစဉ်းစားခဲ့သည်။

သူ၏သားသည် အစိမ်းရောင်မိုးတိမ်ဂိုဏ်း၏ တပည့်ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဤပြဿနာများအားလုံးသည် အလိုအလျောက် ပြေလည်သွားလိမ့်မည်။

ဤအရာအားလုံးကို သူသည် ဤနှစ်များတစ်လျှောက်လုံး စီစဉ်ခဲ့ခြင်းပင် ဖြစ်ပေသည်။

လော့လင်သည် ကျောက်နက်ကို လက်ခံရရှိပြီးနောက် စိတ်ထဲတွင် ပျော်ရွှင်နေခဲ့ပြီး “ဖေဖေ ကျွန်တော် ဖေဖေ့ကို စိတ်ပျက်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး” ဟု ပြော၏။

မနက်စောစော လော့မိသားစု၏ သိုင်းလေ့ကျင့်ရေးကွင်း။

နေရာတိုင်းတွင် လူများပြည့်နေပြီး မနေ့ကထက်ပင် ပိုမိုစိတ်လှုပ်ရှားနေကြသည်။

လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟိုရှိ စင်မြင့်တစ်ခုတွင် လော့ကျန့်ရှန် လော့ရှောင်ရှမ်းနှင့် အခြားလော့မိသားစု ခေါင်းဆောင်လေးဦးတို့ ထိုင်နေကြသည်။

အောက်တွင် လော့မိသားစု၏ တပည့်များသည် စိတ်အားထက်သန်စွာနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေကြသည်။

မကြာမီတွင် လော့ကျန့်ရှန်သည် အပေါ်သို့ လျှောက်သွားပြီး လူတိုင်းက တိတ်ဆိတ်သွားတော့သည်။

“ဒီနေ့ဟာ မွန်မြတ်တဲ့နေ့ပဲ… လော့မိသားစုအတွက် ကောင်းမွန်တဲ့နေ့ မင်းတို့အတွက်လည်း ကောင်းမွန်တဲ့နေ့ပဲ။

ဒီသုံးရက်အတွင်း မင်းတို့အများစုဟာ လော့မိသားစုရဲ့ ထိပ်တန်းတပည့်တွေ ဖြစ်လာမယ်လို့ ငါ ယုံကြည်တယ်။

မင်းတို့တွေဟာ လော့မိသားစုရဲ့ ပြည့်စုံတဲ့ ကျင့်ကြံမှုကို ရရှိမှာဖြစ်ပြီး သိုင်းကျင့်ကြံရေးအရင်းအမြစ်များစွာကို ရရှိလိမ့်မယ်။

အနာဂတ်မှာ မင်းတို့ဟာ လော့မိသားစုရဲ့ အားကိုးရာ တံတိုင်တွေ ဖြစ်လာမှာဖြစ်ပြီး မိသားစုတစ်ခုလုံးက မင်းတို့ရဲ့နာမည်အပေါ်ဂုဏ်ယူနေကြလိမ့်မယ်”

“ဘာတဲ့လဲ စကားပြောကောင်းလိုက်တာ”

“လက်ခုပ် လက်ခုပ် လက်ခုပ်…”

စင်မြင့်အောက်တွင် ကျယ်လောင်စွာ လက်ခုပ်သံများ ထွက်ပေါ်လာပြီး လော့မိသားစု တပည့်များအားလုံး ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။

လော့ကျန့်ရှန်သည် ဆူညံသံများ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ဆက်ပြောလိုက်သည်။

“ငါက အမဲလိုက်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ထပ်ပြောဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်။

လူတိုင်း ရှင်းရှင်းလင်းလင်း သိကြတယ်လို့ ယုံကြည်တယ်။

မင်းသာ သိုင်းအဆင့် ၁ သရဲဘီလူးကို သတ်နိုင်ခဲ့ရင် မင်းဟာ အမာခံတပည့်တစ်ဦး ဖြစ်လာလိမ့်မယ်။

လူတိုင်း တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် သိုင်းအဆင့် ၁ သရဲဘီလူးကို ကိုင်တွယ်ဖို့ ခက်ခဲတော့မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။

ငါ ထပ်ပြောချင်တဲ့ အချက်တစ်ခုရှိတယ်။

အဲဒါကတော့ မင်းတို့အားလုံးဟာ လော့မိသားစုရဲ့ တပည့်တွေပဲ။

ဝိညာဉ်တောင်တန်းထဲကို ဝင်ရောက်တဲ့အခါ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး အချင်းချင်း သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ်။

စည်းမျဉ်းတွေကို လျစ်လျူရှုတာ တွေ့ရှိရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်”

“နောက်ဆုံးအနေနဲ့…”

လော့ကျန့်ရှန်သည် ညင်သာစွာ ပြုံးလိုက်ပြီး “ဒီနှစ်ရဲ့ အမဲလိုက်ပြိုင်ပွဲအတွက် လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို မြှင့်တင်ဖို့အတွက် ဆုလာဘ်တွေကို တမင်တကာ တိုးမြှင့်ထားပါတယ်”

“ဆေးလုံးတွေနဲ့ အဆင့် ၁ သိုင်းပညာတွေကို လေ့ကျင့်ခွင့်ရရှိတဲ့အပြင် ကျောက်နက်တစ်ခုကို ဆုလာဘ်အဖြစ် ထပ်ပေါင်းထည့်ထားပါတယ်”

စကားလုံးများ အဆုံးသတ်သွားသည်နှင့်အမျှ စင်မြင့်အောက်တွင် ဆွေးနွေးမှုသံများ ထွက်ပေါ်လာသည်။

“ဒါဆို ဒါက တကယ်ပဲပေါ့”

“ဆုလာဘ်အဖြစ် ကျောက်နက်တဲ့… ဒါက ဘယ်တုန်းကမှ မရှိဖူးဘူး”

“ဒါက အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

“မင်း ဘာဖြစ်လို့ စိတ်လှုပ်ရှားနေတာလဲ။ ကျောက်နက်က မင်းဆီတောင် ရောက်လာမှာ မဟုတ်ဘူး။ ဒါက သခင်လေး လော့လင်အတွက် သေချာပေါက် သီးသန့်ပေးထားတာပဲ”

“ဟုတ်တယ်လေ။သခင်လေး လော့လင်က အရမ်းချောပြီး အရမ်းသန်မာတယ် သူက ပထမနေရာကို သေချာပေါက် ရမှာပဲ။ ငါ တကယ်ကို သူ့ကို ကြိုက်တယ်… သူသာ ငါ့ကို လက်ထပ်လိုက်ရင်”

“စိတ်ကူးယဉ်တာ ရပ်ပြီး နိုးလာလိုက်စမ်း လူငယ်သခင် လော့လင်ဘေးမှာ ဘယ်သူ ရပ်နေလဲဆိုတာ ကြည့်လိုက်ဦး”

“သူက ဘယ်သူလဲ။ သူမက အရမ်းလှတယ် ငါ့နှလုံးသားတောင် မခံနိုင်တော့ဘူး”

လီရွှယ်အာသည် သူမပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို မကြားသကဲ့သို့ ဘေးတွင် အေးစက်စွာ ရပ်နေ၏။

သူမသည် ဆုလာဘ်အဖြစ် ကျောက်နက်အပေါ်တွင် စိတ်ဝင်စားမှုအနည်းငယ်မျှ မရှိခဲ့ပေ။

လော့ကျန့်ရှန်က ကျောက်နက်အကြောင်း ပြောသောအခါ သူမ မျက်တောင်ပင် မခတ်ခဲ့ချေ။

သူမသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး လူအုပ်ကြီးထဲမှ တစ်နေရာကို တွေဝေစွာ စိုက်ကြည့်နေခဲ့သည်။

ဤအချိန်တွင်…

လော့ထျန်သည် ထုံပေပေ ဖြစ်နေသည်။

လော့ထျန်သည် လော့ကျန့်ရှန် စကားစပြောသည့်အချိန်မှစ၍ ပျင်းရိနေပြီး သူ့ကို မြန်မြန်ပြောရန် စိတ်ထဲမှ တိတ်တိတ်ကလေးသာ ကျိန်ဆဲနိုင်ခဲ့သည်။

သို့သော် လော့ကျန့်ရှန်က ကျောက်နက်အကြောင်း ပြောသောအခါ သူ၏စိတ်ထဲတွင် သတိပေးချက်တစ်ခု ပေါ်လာသည်။

“ဒင်”

“မစ်ရှင်တစ်ခု လက်ခံရရှိပါပြီ– အမဲလိုက်ပြိုင်ပွဲတွင် ပထမနေရာအတွက် ယှဉ်ပြိုင်ပါ။ ဤမစ်ရှင်သည် အဆင့် A မစ်ရှင်ဖြစ်ပြီး အတွေ့အကြုံမှတ် ၂၀,၀၀၀ နက်နဲစွမ်းအင်မှတ် ၁,၀၀၀ နှင့် အဆင့် ၃ အထောက်အကူပြု သိုင်းပညာကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါလိမ့်မည်”

“ဟာကွာ”

“အဆင့် ၃ သိုင်းပညာကို ဆုလာဘ်အဖြစ် ပေးတဲ့ အဆင့် A မစ်ရှင်လား”

လော့ထျန်သည် သူ၏လက်များကို ပွတ်သပ်ရင်း တိတ်တိတ်ကလေး ပျော်ရွှင်နေပြီး “ဒီ အဖေကြီး ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ပြမယ်” ဟု ဆိုလိုက်၏။

All Chapters