← Chapters

နောက်ထပ် အနမ်း

Vol. 2 Ch. 17

နောက်ထပ် အနမ်း

Vol. 2 Ch. 17

ဝိညာဉ်တောင်တန်းသည် နတ်ဆိုးသားရဲများ လှည့်လည်သွားလာနေသော ကျယ်ပြောသည့် မြေယာများဖြင့် ဖွဲ့စည်းထားသည်။

ထျန်းရွှမ်နယ်မြေတွင် ၎င်းကို အန္တရာယ်အရှိဆုံးနေရာဆယ်ခုထဲမှ တစ်ခုအဖြစ် လူသိများသည်။

နတ်ဆိုးသားရဲများသည် လူသားများနှင့် အတူတူပင် ဖြစ်ပြီး ၎င်းတို့သည် သိုင်းပညာ ကျင့်ကြံနိုင်ပြီး အဆင့်တိုးမြှင့်နိုင်ကြသည်။

၎င်းတို့အတွက် သိုင်းပညာ လေ့ကျင့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အမဲလိုက်ခြင်းပင်ဖြစ်သည်။

ထို့နောက် ၎င်းတို့သည် သားကောင်၏ သွေးကို စားသုံးကြသည်။

သူတို့သည် သွေးမှ နက်နဲ စွမ်းအင်ကို ထုတ်ယူပြီး သူတို့၏ကိုယ်ခန္ဓာထဲသို့ ပေါင်းစပ်ကြသည်။

၎င်းသည် သူတို့၏ခွန်အားနှင့် ကိုယ်ခန္ဓာကို ပိုမိုအားကောင်းစေလိမ့်မည်ပင်။

ရှင်သန်ရန်အတွက် နတ်ဆိုးသားရဲများကြားတွင် အဆုံးမဲ့ တိုက်ခိုက်မှုများ ရှိလိမ့်မည်။

ဤတွင် သူတို့၏ အရေခွံကို သံမဏိကဲ့သို့ မာကျောစေပြီး လူသားများအတွက် ကိုင်တွယ်ရန် အလွန်ခက်ခဲစေသည်။

နေ့လယ်ခင်းတွင်…

လော့မိသားစု၏ တပည့် ရာကျော်သည် အမဲလိုက်ကွင်းသို့ ရောက်ရှိလာကြသည်။

အမဲလိုက်ကွင်းကို သုံးရက်မတိုင်မီက ကြိုတင် ပြင်ဆင်ထားသည်။

သူတို့တပည့်များ၏ ဘေးကင်းရေးကို သေချာစေရန်အတွက် လော့မိသားစုသည် လွန်ခဲ့သည့် တစ်လခွဲကပင် ဤ ၁၀၀ ကီလိုမီတာရှိသော နယ်မြေတွင် နတ်ဆိုးသားရဲအချို့ကို မောင်းထုတ်ခဲ့သည်။

၎င်းသည် ပြိုင်ပွဲအတွင်း အလွန် အားကြီးသည့် နတ်ဆိုးသားရဲတစ်ကောင် ရုတ်တရက် မဝင်ရောက်လာစေရန်အတွက်လည်း ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်ကြသော တပည့်များအားလုံးက နက်နဲတပည့်အဆင့်တွင် ရှိနေသောကြောင့် သိုင်းပညာအဆင့် ၂ ရှိသော နတ်ဆိုးသားရဲတိုင်းသည် ဝံပုလွေများနှင့်တူနေမည်ဖြစ်ပြီး သူတို့၏ တပည့်များသည် သိုးများနှင့် ဆင်တူကြလိမ့်မည်။

လော့မိသားစု တပည့်များက ၎င်းတို့ကို ကိုင်တွယ်နိုင်မည့် နည်းလမ်းမရှိပေ။

သို့သော်လည်း…

အမဲလိုက်ပြိုင်ပွဲ၏ မြေပြင်ကို ရှင်းလင်းထားသော်လည်းချွတ်ယွင်းချက် လုံးဝမရှိသည်ကို မည်သူမျှ အာမခံနိုင်မည် မဟုတ်ချေ။

“ကောင်းပြီ မင်းတို့ အခု ကွင်းထဲကို ဝင်နိုင်ပြီ”

“မှတ်ထား ဒီသုံးရက်ပြိုင်ပွဲအတွင်းမှာ မင်းတို့ ဘယ်အချိန်မဆို စွန့်လွှတ်ဖို့ ရွေးချယ်နိုင်တယ်။ နတ်ဆိုးသားရဲတစ်ကောင်တည်းကို သတ်ပြီးနောက် မင်းတို့ အမာခံတပည့်တစ်ဦးဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့အတွက် ပြိုင်ပွဲကွင်းကနေ ထွက်ခွာဖို့လည်း ရွေးချယ်နိုင်တယ်”

“မင်းတို့အားလုံး မှတ်ထားရမယ့် အရေးကြီးတဲ့အချက်တစ်ခုကတော့ သုံးရက်ကြာပြီးနောက် မင်းတို့ ဒီကို ပြန်လာရမှာဖြစ်ပြီး မဟုတ်ရင် မင်းတို့ရဲ့ ရလဒ်တွေက အကျုံးမဝင်တော့ဘူး။ မင်းတို့အားလုံး နားလည်ရဲ့လား”

လော့မိသားစု တပည့်များအားလုံးသည် သူတို့၏လက်များကို စိတ်အားထက်သန်စွာ ပွတ်သပ်နေကြပြီးနောက် “နားလည်ပါပြီ” ဟု တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။

“သွားကြ”

လော့မိသားစု၏ အိမ်တော်စောင့်သည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး လော့မိသားစု တပည့် ရာကျော်သည် ဝိညာဉ်တောင်တန်းထဲသို့ တောရိုင်းတိရစ္ဆာန်များကဲ့သို့ အပြေးအလွှား ဝင်ရောက်သွားကြသည်။

လော့ထျန်သည် ဝင်ပေါက်တွင် ရပ်နေခဲ့ပြီး မှောင်မိုက်သော သစ်တောကို ကြည့်နေသည်။

သူသည် မျက်လုံးများကို မှေးစင်းလိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် “ဂိမ်းကို စကြရအောင်” ဟု ပြောလိုက်၏။

ဖုန်လေးကိုပါသူနှင့်အတူခေါ်လာ၏။

“ဘာ”

“မင်းတို့ သူမကို မျက်ခြည်ပြတ်သွားတယ် ဟုတ်လား။ မင်းတို့ ငယ်ငယ်တုန်းက ချီးတွေစားပြီး ကြီးလာတာလား။ လူတွေဒီလောက်များနေတာတောင် မိန်းကလေးတစ်ယောက်ကို မျက်ခြည်ပြတ်ခံလိုက်ရတယ် ဟုတ်လား။ မင်းတို့လို အမှိုက်တွေကို ဘာလို့ ကူညီပံ့ပိုးနေရတာလဲဆိုတာ ငါတကယ်မသိတော့ဘူး။”

လော့လင်၏ မျက်နှာသည် စိတ်အလိုမကျသည့် အသွင်ဖြင့် သူတို့ကို ဆူပူကြိမ်းမောင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် တောင်ထဲသို့ ဝင်ရောက်လာကြသော လူအများအပြား ရှိခဲ့ပြီး လီရွှယ်အာ၏ ပုံရိပ်သည် သူ့နောက်ကွယ်မှ ပျောက်ကွယ်သွားသည်။

၎င်းသည် လော့လင်ကို လုံးဝ စိတ်ဆိုးသွားစေခဲ့သည်။

“အဲ့ဒီအမှိုက်ပုံး လော့ထျန်က ဘယ်မှာလဲ” ဟု လော့လင်က မေးလိုက်သည်။

“သူက အရှေ့တောင်ဘက်ကို သွားပါတယ်”

လော့လင်သည် အရှေ့တောင်ဘက်သို့ လှည့်ကာ မိုက်မဲသော အမူအရာဖြင့် “ခွေးစုတ်လေး မင်းကို နောက်ထပ်တစ်ရက် အသက်ရှင်ခွင့်ပေးလိုက်မယ်” ဟု ရေရွတ်လိုက်သည်။

ထို့နောက် ချက်ချင်းပင်…

လော့လင်၏ အကြည့်သည် ပြောင်းလဲသွားပြီး ညင်သာစွာ ပြောလိုက်သည်မှာ “မင်းတို့နှစ်ယောက် လော့ထျန်ကို ဆက်ကြည့်နေလိုက်။ ကျန်တဲ့မင်းတို့တွေက ငါ့အတွက် လီရွှယ်အာကို ရှာလိုက်” ဟူ၍ပင်။

“အမိန့်အတိုင်းပါပဲ”

လူတိုင်း အော်ဟစ်လိုက်ပြီးနောက် အမြန်ခွဲထွက်သွားကြသည်။

အခြားနေရာတစ်ခုတွင်။

လော့ထျန်သည် ဖုန်းလေကို ခေါ်ဆောင်ကာ အရှေ့တောင်ဘက်သို့ အရှိန်အဟုန်ဖြင့် လိုက်သွားသည်။

သူတို့သည် သိုင်းအဆင့် ၁ နတ်ဆိုးသားရဲများစွာနှင့် တွေ့ဆုံခဲ့ရသော်လည်း သူတို့ကို သတ်ရန် ဆန္ဒမရှိခဲ့ပေ။

နာရီဝက်ကြာပြီးနောက်…

ပတ်ဝန်းကျင်သည် မှောင်မိုက်နေပြီး အခြားသော လော့မိသားစုတပည့်များ၏ တစ်စုံတစ်ယောက်မျှပင် မတွေ့ပေ။

ဖုန်းလေသည် ကျောက်တုံးပေါ်သို့ ခုန်ချလိုက်ပြီး မောဟိုက်စွာ “သခင်လေး ငါတို့ ဘာလို့ ဒီလောက်အထိ အဝေးကြီး ပြေးလာတာလဲ” ဟု ရှုပ်ထွေးစွာ မေးလိုက်သည်။

လော့ထျန်သည် ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်ပြီး “ငါတို့က ခေါင်းဆောင်တစ်ဦးကို စော်ကားခဲ့ပြီး လော့ကျန့်ရှန်ကိုလည်း စော်ကားခဲ့တယ်။ သူတို့ ငါတို့ကို ဘာမှ မလုပ်ဘူးလို့ မင်းထင်နေလား။ သူတို့က ငါ့ကို အမဲလိုက်ပြိုင်ပွဲအတွင်းမှာ သေချာပေါက် ဒုက္ခပေးလိမ့်မယ် ဒီအခွင့်အရေးကို အသုံးချပြီး ငါ့ကို တစ်ခါတည်း ရှင်းပစ်နိုင်တယ်။ ငါတို့ ဘေးကင်းတဲ့နေရာ ရှာရမယ်” ဟု ပြန်ဖြေ၏။

လော့ထျန်သည် ဤပြဿနာကို စောစောကတည်းက စဉ်းစားထားပြီးသားဖြစ်သည်။

သို့သော်လည်း…

အမဲလိုက်ကွင်းများသည် နတ်ဆိုးသားရဲများ ပြည့်နေသည်။

သူသာ နက်နဲတပည့် သိုင်းအဆင့် ၈ အထိ တိုးတက်နိုင်ခဲ့ပါက ဤနေရာရှိ အဘယ်သူက သူ့ပြိုင်ဖက် ဖြစ်နိုင်မည်နည်း။

၎င်းသည် သူ့အတွက် အခွင့်အရေးပင်ဖြစ်သည်။

အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။

ဖုန်းလေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး “ဘယ်သူ ရဲရင် လုပ်ကြည့်လိုက်။ ကျွန်တော် သူ့ကို သေတဲ့အထိ ကစားပြမယ်” ဟု ဟိန်းဟောက်လိုက်သည်။

ဖုန်းလေ ထိုသို့ပြောလိုက်သောအခါ သူ၏ ဗိုက်မှအဆီများ လှုပ်ခါသွားသည်။

လော့ထျန်သည် ပြုံးလိုက်ပြီး “ မင်းကိုယ်ပေါ်က အဆီတွေကို အရင်ရှင်းလိုက်အုံး” ဟု ပြော၏။

ဖုန်းလေသည် မိုက်မဲသောပုံစံဖြင့် ရယ်မောလိုက်ပြီး တစ်ခုခု ပြောတော့မလို ရှိသေးသည်…

လော့ထျန်၏ မျက်လုံးများက တစ်ခုခုသတိထားမိသွားပြီး တိတ်ဆိတ်စွာ နေရန် အမူအရာပြလိုက်သည်။

“တစ်ယောက်ယောက် လာနေတယ်”

သူသည် သူ့ကိုယ်သူ တိတ်တိတ်ကလေး ကျိန်ဆဲလိုက်သည်။

“ဒီအဖေကြီးက ဒီလောက်အထိ အဝေးကြီး ပြေးလာတာတောင် မင်းတို့က နောက်က လိုက်လာသေးတယ်။ မင်းတို့က ဒီအဖေကြီးကို ပြိုင်ပွဲကွင်းကနေ ထွက်ခိုင်းဖို့ တကယ်ပဲ အတင်းအကြပ် လုပ်ချင်နေတာလား”

“ဟွတ်…”

“ဟွတ်…”

အဖြူရောင် ပုံရိပ်သည် သစ်တော၏ သစ်ပင်များကြားမှ ပျံသန်းလာသည်။

အဖြူရောင် ဂါဝန်သည် နောက်ဘက်တွင် လွင့်မျောနေပြီး ရှည်လျားသော ဆံပင်နှင့် ခန္ဓာကိုယ်သည် အရှေ့အနောက် ယိမ်းထိုးနေသည်။

ဤမြင်ကွင်းသည် သူ၏ ယခင်ဘဝမှ မြေခွေးနတ်သမီး ပေါ်လာသည့် ရုပ်ရှင်ကဲ့သို့ အလွန်လှပနေသည်။

ဖုန်းလေသည် အံ့သြစွာ ကြည့်လိုက်ပြီး အဖြူရောင် ပုံရိပ်ကို လက်ညှိုးထိုးကာ “သခင်လေး ကြည့်ပါဦး နတ်သမီးတစ်ပါးပဲ” ဟု ရေရွတ်လိုက်သည်။

လော့ထျန်သည် တိတ်တိတ်ကလေး အံ့အားသင့်သွားပြီး တောင်နောက်ဘက်တွင် သူတွေ့ခဲ့သော အဖြူရောင်ဝတ်ထားသည့် အမကို ချက်ချင်း သတိရသွားသည်။

အဖြူရောင်ဝတ်ထားသော မိန်းကလေးသည် သူတို့၏ အသံကို ကြားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

လော့ထျန်ကို မြင်သောအခါ သူမ ညင်သာစွာ ပြုံးလိုက်ပြီး တစ်ခုခု ပြောတော့မည်ကို…

လော့ထျန်သည် ချက်ချင်း အော်ဟစ်လိုက်သည်။

“ဟေးညီမလေး သတိထား”

သူမသည် လျင်မြန်စွာပျံသန်းနေသည့်အတွက်ရှင်းရှင်းလင်းလင်း မကြားနိုင်ခဲ့ပေ။

လီရွှယ်အာသည် သူမ၏ ခေါင်းကို နှိမ့်ချလိုက်ပြီး “မင်း ဘာပြောတာလဲ” ဟု မေးလိုက်သည်။

လော့ထျန်သည် လီရွှယ်အာ၏ ရှေ့ရှိ တစ်ခုခုကို လက်ညှိုးထိုးပြလိုက်ပြီး အမြန်ပြောလိုက်သည်မှာ “မင်းရှေ့မှာ ရှေ့မှာ ရှေ့ကို ကြည့်လိုက်” ဟူ၍ပင်။

“ရှေ့မှာလား”

“ရှေ့မှာ ဘာရှိလို့လဲ”

လီရွှယ်အာသည် ခေါင်းမော့ကြည့်လိုက်ပြီး သူမ၏ရှေ့တွင် ၂ မီတာအောက်မြင့်သည့် မားမားမတ်မတ်ရှိသော သစ်ပင်ကြီးတစ်ပင်ကို သတိပြုမိလိုက်သည်။

သူမသည် ထိတ်လန့်သွားပြီး သူမ၏ နက်နဲစွမ်းအင်စီးဆင်းမှုသည် အနှောင့်အယှက်ဖြစ်သွားသည်။

နက်နဲစွမ်းအင်၏ အထောက်အပံ့ မပါဘဲ သူမသည် အတောင်ပံမဲ့သော ငှက်ကဲ့သို့ အောက်သို့ စတင်ပြုတ်ကျလာသည်။

“ဘာလဲ”

“နောက်တစ်ခါလား”

လော့ထျန်သည် သူ၏မျက်နှာတွင် အံ့သြသောအမူအရာကို ပြုလုပ်လိုက်ပြီး တောင်နောက်ဘက်မှ မြင်ကွင်းကို ချက်ချင်းပြန်သတိရသွားသည်။

သူသည် သူ၏နှုတ်ခမ်းများကို အနည်းငယ် စူလိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် “ငါ သူ့ကို တကယ် ဖမ်းရမှာလား။ ဒီလောက်အမြင့်ကနေ ပြုတ်ကျတော့ သူအဆင်ပြေမှာလာ” ဟု ပြောလိုက်၏။

သူသည် ဆိုးရွားသောလူဟု နောက်တစ်ကြိမ် အခေါ်မခံချင်တော့ပေ။

ထို့ကြောင့် သူသည် ရပ်နေပြီး လွတ်လပ်စွာ ပြုတ် ကျနေသည်ကို ကောင်းစွာ ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

“အားးးးး…”

“ကျွန်မ ပြုတ်ကျနေတယ် ပြုတ်ကျနေတယ်…”

“ကယ်ပါ ကယ်ပါ အစ်ကိုကြီး လော့ထျန် အမြန်ကယ်ပါ…”

လီရွှယ်အာသည် အော်ဟစ်လိုက်ပြီး တောင်နောက်ဘက်မှ မြင်ကွင်းကိုလည်း သတိရသွားသည်။

သူမ၏ ပါးများ ပန်းရောင်စတင်ပြောင်းသွားပြီး သူမကိုယ်သူမ “အစ်ကိုကြီး လော့ထျန်နဲ့ တွေ့တိုင်း ငါ အမြဲ မျက်နှာပျက်ရတယ်။ ဒီပျံသန်းတဲ့ နက်နဲပညာက ငါ စိုးရိမ်နေရင်ရင် အမြဲ အလုပ်မလုပ်ဘူး” ဟု ဆူပူကြိမ်းမောင်းလိုက်သည်။

“အစ်ကိုကြီး လော့ထျန်လား”

“သူ ငါ့ကို ခေါ်နေတာလား”

“ဒီနှုတ်ဆက်မှုက ငါ့ရဲ့ မှတ်ဉာဏ်မှာ နည်းနည်းရင်းနှီးနေသလိုပဲ”

လီရွှယ်အာ ပြုတ်ကျတော့မည့်အသွင်ကို မြင်သောအခါ

လော့ထျန်၏ နှလုံးသားသည် တင်းမာလာပြီး ဆက်လက် စဉ်းစားမနေတော့ပေ။

သူသည် မြှားတစ်စင်းကဲ့သို့ ရှေ့သို့ လှမ်းလိုက်ပြီး လီရွှယ်အာကို ညင်သာစွာ ဖမ်းလိုက်သည်။

“ဟင်”

“ဘာလို့ ဒီလောက် နူးညံ့ပြီး နေတာလဲ။

ငါ ဘာကို ကိုင်ထားမိလို့လဲ”

သူ ထိုသို့ပြောနေစဉ်တွင်

လော့ထျန်၏ လက်များသည် နည်းနည်းလေး ညှစ်လိုက်ပြီး အလွန်သက်သောင့်သက်သာဖြစ်သည်ကို ခံစားရသည်။

သူ၏လက်ဖဝါးများကလည်း ကောင်းစွာပံ့ပိုးပေးသည့် အရာတစ်ခုကို ခံစားလိုက်ရသည်။

“ဒါ ဖြစ်နိုင်သလား…”

လော့ထျန်သည် ပိုမိုနီးကပ်စွာ ကြည့်လိုက်ပြီး

သူ၏လက်တစ်ဖက်သည် လီရွှယ်အာ၏ ရင်ဘတ်ကို ကိုင်ထားသည်ကို သတိပြုမိလိုက်သည်။

သူ၏ မျက်လုံးများ ပြူးကျယ်လာပြီး “ဂလု” ဟူသည့် အသံကို သူ၏ လည်ချောင်းတွင် ကြားရသည်။

တစ်ခဏအတွင်းမှာပင်…

သူ၏ ခန္ဓာကိုယ်မှ မကောင်းဆိုးဝါးမီးသည် သူ၏ ခေါင်းထဲသို့ အလျင်အမြန် ရောက်ရှိလာပြီးနောက်

အောက်သို့ ပြန်ရောက်ရှိသွားပြီး သူ၏နှာခေါင်းမှ ထွက်ကျလုနီးပါးပင်ဖြစ်တော့သည်။

သည်းခံ

လော့ထျန်သည် သူ၏ အသက်နှင့်ရင်း၍ သည်းခံလိုက်သည်။

သူသည် အမျိုးသမီးများ၏ အနံ့ကိုပင် မသိခဲ့သော အိုတာကူတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့သည်။

သူသည် ယခုအခါ ယောကျာ်းတိုင်းကိုအသက်ရှူကျပ်စေနိုင်သော အလွန်လှပသည့် ညီမလေးတစ်ယောက်ကို ရုတ်တရက် ဆုပ်ကိုင်ထားမိသည်။

၎င်းသည် သူမ၏ ရင်ဘတ်ဖြစ်နေသည်။

ဤခံစားမှုသည် အလွန်သက်တောင့်သက်သာဖြစ်သည်။

လီရွှယ်အာ၏ ပန်းရောင်သမ်းနေသည့်ပါးများသည်

ဖျော်ရည်များညှစ်ထုတ်နိုင်မည့်အလား လုံးဝနီရဲသွားသည်။

သူမ၏ ထိုအမူအရာသည် လူများကို ရပ်တန့်လိုစိတ် ဖြစ်ပေါ်စေသော်လည်း မရပ်တန့်နိုင်ခဲ့ပေ။

သူမသည် လော့ထျန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းစူလိုက်သည်။

“ဆိုးရွားတဲ့ လူ အစ်ကိုကြီး လော့ထျန်က ဆိုးရွားတဲ့ လူပဲ”

သူမ ထိုသို့ပြောနေစဉ်တွင် လီရွှယ်အာသည် ပြင်းထန်စွာ ရုန်းကန်နေခဲ့သည်။

လော့ထျန်သည် သူ၏ ဆန္ဒများကို ဖိနှိပ်ပြီးနောက်

နောက်ဆုံးတွင် သတိပြန်ရလာသည်။

လီရွှယ်အာ အလွန်ရုန်းကန်နေသည့်အတွက်

သူ အမြန်လွှတ်ပေးလိုက်သည်။

လွှတ်ပေးလိုက်သောအခါ

သူ၏ဘဝတွင် တစ်စုံတစ်ရာ ဆုံးရှုံးသွားသကဲ့သို့ ခံစားရပြီး

သူ၏လက်ကို အနည်းငယ်ဆန့်ထုတ်လိုက်ခြင်းမှ မတတ်နိုင်ခဲ့ပေ။

လော့ထျန် ရုတ်တရက် လွှတ်ပေးလိုက်သောကြောင့်

လီရွှယ်အာ၏ ဒြပ်ဆွဲအားဗဟိုသည် ပြောင်းလဲသွားပြီး

သူမ အော်ဟစ်လိုက်သည်။

ထို့နောက် သူမသည် လော့ထျန်ကို ရင်ဆိုင်ရင်း ပြုတ်ကျလာခဲ့သည်။

လော့ထျန်သည် လက်လှမ်းမီရန် အချိန်ပင် မရလိုက်ဘဲ

သူ၏ပါးစပ်သည် နှုတ်ခမ်းစူနေသော နှုတ်ခမ်းသေးသေးလေးများပေါ်တွင် ထိကပ်မိခဲ့သည်။

ထို့နောက် လျှာတစ်ချောင်းသည် အတွင်းသို့ လျှောဝင်သွား၏…

၎င်းသည် နူးညံ့ပြီး ချောမွေ့ကာ ချိုမြိန်သော အရသာရှိသည်။

သူ့ရင်ဘတ်ကို နူးညံ့သော ရင်ဘတ်ဖြင့် ဖိထားသည်ကို ပေါင်းလိုက်သောအခါ ထိုခံစားချက်…

ဝိုး

ဤသည် အလွန်အံ့သြဖွယ်ကောင်းပေသည်။

ဘေးဘက်တွင်

ဖုန်းလေသည် လူနှစ်ဦးကို ပါးစပ်အဟောင်းသားနှင့် အံ့သြစွာ ကြည့်နေခဲ့သည်။

ထို့နောက် သူ၏နှလုံးသားအတွင်းမှ

“သခင်လေးက အရမ်းမိုက်တာပဲ” ဟု ချီးကျူးလိုက်သည်။

All Chapters