ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်း… ကံကြမ္မာကို လုယက်ခြင်း
Vol. 120 Ch. 1823
ကျစ်လွီဆဲ့တိုင်းပြည်၏ နန်းတော်ထဲဝယ်…
ဇီချင်းက နဂါးရာဇပလ္လင်ပေါ်မှာ ထိုင်နေရင်း နန်းတော်အပြင်ဘက်မှ မြေကွက်လပ်ပေါ်မှာ မတ်တတ်ရပ်နေသော ရွှီချင်းကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်က အကြည့်ချင်းဆုံသွားကြသည်။
ရွှီချင်းသည် သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် အကြည့်ချင်းဆုံခဲ့ချိန်ကို မှတ်မိနေသေးသည်။ ယင်းက လူသားနန်းမြို့တော်ထဲမှာ သူသေဆုံးသွားခဲ့သည့်အချိန် ဖြစ်သည်။
ထိုမတိုင်ခင်အချိန်က ယင်ဟွမ်ပြည်နယ်ထဲမှ မိုးသည်းထန်စွာ ရွာသွန်းနေသော တောအုပ်တစ်ခုမှာ ဖြစ်သည်။
ထိုအချိန်တုန်းက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် ဆဌမသခင်ကြီး၏ ဦးခေါင်းကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့သည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြစဉ် ထိုမြင်ကွင်းများက ရွှီချင်း၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
သို့သော်လည်း ယခင်တစ်ခေါက်နှင့် မတူညီသည်မှာ ယခု ရွှီချင်း၏ အကြည့်က အေးဆေးတည်ငြိမ်သည်။
သူက ဇီချင်းကို ကြည့်လိုက်သည်။ ထိုမျှနီးကပ်သော အကွာအဝေးကြောင့် သူက တစ်ဖက်လူ၏ စွမ်းအင်အခြေခံကို ရှင်းလင်းစွာ အာရုံခံနိုင်သွားသည်။ သူက နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာသာ ဖြစ်သည်။
အတိတ်မှာ ဇီချင်းသည် ဧကရီ၏ နတ်ဘုရားအဖြစ် တတ်လှမ်းခြင်းကို အသုံးချ၍ သူ့ကိုယ်ပိုင် ရိုးရာဓလေ့တစ်ခုကို ဆောင်ရွက်ခဲ့ပြီး နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းသွားခဲ့သည်။
သို့သော်လည်း ဤနှစ်များမှာ သူက နောက်ထပ် အဆင့်မတတ်နိုင်ခဲ့ဘဲ ရပ်တန့်သွားဟန် ရ၏။
ထို့ကြောင့် ယခု သူက နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာသာ ရှိသေးသည်။
သို့သော်လည်း ရွှီချင်းသည် တစ်ဖက်လူ၏ နတ်ဘုရားအခြေခံကြောင့် နည်းနည်းလေးမှ သတိမပေါ့ဆဝံ့ချေ။ ရှေးဦးအပျက်အစီး၏ ပုံတူရုပ်တုက ဤနေရာမှာ တည်ရှိနေလေရာ တစ်စုံတစ်ယောက်၏ စွမ်းအင်အခြေခံက အရေးမကြီးတော့ကြောင်း ရှင်းလင်းစွာ သူသိသည်။
အထူးသဖြင့် ဇီချင်းကဲ့သို့ ဉာဏ်များသူအတွက် ဖြစ်သည်။ ထိုဉာဏ်များမှုအားလုံးက သူ့မှာ ကြီးမားသော ရည်မှန်းချက်များရှိကြောင်း ဖော်ပြနေသည်။
ဇီချင်းထံမှ စကားကို ကြားသောအခါ ရွှီချင်းက မထူးမခြားနား ပြန်ပြောသည်။
“ ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ငါနဲ့ ပေါင်းစပ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အဲ့ဒါကို ဒီနေရာဆီ ငါခေါ်ဆောင်လာတာပဲဖြစ်ဖြစ်… ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်က မင်းရဲ့ အရှေ့မှာ ထွက်ပေါ်လာမယ်ဆိုရင်… အဲ့ဒီအခါ… ”
“ ရှေးဦးအပျက်အစီးရဲ့ အသွေးအသားတွေနဲ့ ဖန်တီးထားတဲ့ နတ်ဘုရားခန္ဓာကိုယ်က ငါ့အပိုင် ဟုတ်ပါတော့မလား ဘယ်သူသိနိုင်မလဲ ”
နဂါးရာဇပလ္လင်ပေါ်မှာ ထိုင်နေသော ဇီချင်းက နွေးထွေးစွာ ပြုံးလိုက်သည်။
“ ဉာဏ်ကောင်းလိုက်တဲ့ ငါ့ရဲ့ ညီလေး… မင်းဘာတွေ ပြင်ဆင်လာလဲ အကိုကြီးကို ပြစမ်းပါဦး ”
ဇီချင်းက နွေးထွေးစွာ ပြောပြီးနောက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။
ထိုဆင့်ခေါ်မှုကြောင့် ကောင်းကင်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး မြေပြင်က တုန်လှုပ်သွားသည်။ ထို့နောက် လေဟာနယ်လှိုင်းအတွန့်များနှင့်အတူ ဧရာမဝဲကတော့တစ်ခုက ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး စတင်လှည့်ပတ်သွားသည်။
ဝဲကတော့က ကောင်းကင်ပေါ်မှ အနက်ရောင်မြူခိုးအားလုံးကို အဝေးသို့ မောင်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာ မြင်ကွင်းတစ်ခုက ဝဲကတော့ထဲမှာ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းထဲမှ ပုံရိပ်က ကျောက်ရှာတောင် ဖြစ်သည်။
မြင်ကွင်းထဲမှာ ကျောက်ရှာတောင်ပေါ်မှ အရာအားလုံးက ရှင်းလင်းစွာ ပုံရိပ်ပြန်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဝဲကတော့ထဲမှ မြင်ကွင်းကို သေချာကြည့်မည်ဆိုလျှင် ပုံရိပ်တစ်ခုက ကျောက်ရှာတောင်ထဲမှာ တင်ပျဉ်ခွေ၍ တရားထိုင်နေကြောင်း မြင်နိုင်လိမ့်မည်။
ထိုပုံရိပ်က အလွန်သိပ်သည်းသော နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းက ရွှီချင်း၏ နတ်ဘုရားခန္ဓာကိုယ် ဖြစ်သည်။
၎င်း၏ ဘေးပတ်ပတ်လည်တွင် ရှုပ်ထွေးနက်နဲသော မှော်အစီအရင်များက အရေအတွက်များပြားစွာ တည်ရှိနေကြသည်။ ယခု ထိုမှော်အစီအရင်အားလုံးက အသက်ဝင်လာကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကို စတင်လိုက်ကြသည်။
စည်းချအစီအရင်၏ အပြင်ဘက်၊ ကျောက်ရှာတောင်၏ အပြင်ဘက်တွင် ပုံရိပ်အများအပြားက ကျောက်ရှာတောင်ကို ဝန်းရံထားကြကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
သူတို့က ကျိုးကျန်းလီ၊ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများ ဖြစ်ကြသည်။
သူတို့အားလုံးက တင်ပျဉ်ခွေထိုင်၍ ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းနေကြသည်။ သူတို့က သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်၍ ကျောက်ရှာတောင်ပေါ်မှ စည်းချအစီအရင်ကို အားဖြည့်ပေးနေကြသည်။
သို့ဖြစ်၍ ဤနေရာမှ ဖိနှိပ်မှုအင်အားက ကောင်းကင်အထိ မြှောက်တတ်သွားနေသည်။
သို့သော်လည်း ယင်းက အဓိကအချက် မဟုတ်ပေ။ ရွှီချင်း၏ နတ်ဘုရားခန္ဓာကိုယ်ကို အမှန်တကယ် ဖိနှိပ်နေသူသည် သတ္တမသခင်ကြီးသာ ဖြစ်သည်။
သတ္တမသခင်ကြီးသည် ကျောက်ရှာတောင်ထိပ်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေရင်း သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားဖြင့် ရွှီချင်း၏ နတ်ဘုရားခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။
အရာအားလုံးက အစတွင် ပုံမှန်သာ ဖြစ်သည်။ သို့သော်လည်း ဇီချင်းက ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်နှင့်ချက်ချင်း စည်းချအစီအရင်၏ အလယ်ဗဟိုမှာ တင်ပျဉ်ခွေထိုင်နေသော နတ်ဘုရားခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။
၎င်း၏ မျက်လုံးများက ဆတ်ခနဲ ပွင့်သွားသည်။
တစ်ချိန်တည်းမှာ နတ်ဆိုးအကြည့်က ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤသည်မှာ ၎င်းက ရွှီချင်း မဟုတ်တော့သည့်အလားပင်။
နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက နတ်ဘုရားခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး အပြင်ဘက်မှ စည်းချအစီအရင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။ ၎င်းက စည်းချအစီအရင်ထဲမှ ထွက်သွားချင်ပြီး ကျောက်ရှာတောင်ကို ချိုးဖြတ်ကာ ၎င်းကို ဆင့်ခေါ်နေသော နေရာဆီသို့ ပျံသန်းသွားချင်နေသည်။
၎င်းထုတ်လွှတ်လိုက်သော နတ်ဘုရားစွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ ယင်းက စည်းချအစီအရင်ကို ဝင်ဆောင့်သွားသည့်အခိုက် စည်းချအစီအရင်က အပြင်းအထန် တုန်ယင်သွားပြီး ပြိုကွဲပျက်စီးတော့မည့် လက္ခဏာများကို ချက်ချင်း ဖော်ပြလာသည်။
စည်းချအစီအရင်ကို စွမ်းအင်ထောက်ပံ့နေကြသော ကျိုးကျန်းလီနှင့် တခြားလူများက ကြီးမားသော တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ကြရသည်။ ကျိုးကျန်းလီနှင့် ကြယ်တာရာစက်ဝန်းသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ကြရသည်။
ရှဲလင်းဇီ၊ လီမုန့်တု၊ ယွင်ရှန်းစုနှင့် တခြားလူများသည်လည်း အခြေအနေမကောင်းကြပေ။ သူတို့၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး သွေးက သူတို့၏ ဒွါရခုနစ်ပေါက်မှ စီးကျလာသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ သတ္တမသခင်ကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ညာလက်ကို တောင်ပေါ်သို့ ဖိချလိုက်သည်။
ထိုသို့ဖိချလိုက်သည့်အခါ ရွှမ်ကမ္ဘာမြေစွမ်းအားက မြေကြီးထဲမှ ပေါ်လျှိုးလာပြီး ကျောက်ရှာတောင်ကို အပြင်လောကမှ သီးခြားခွဲထုတ်လိုက်သည်။
ထို့နောက် သူက ဘယ်လက်ကို မြှောက်လိုက်ပြီး ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
ယင်းက ကြေးမုံအပိုင်းအစတစ်ခု ဖြစ်သည်။
ထိုပစ္စည်းက ရွှီချင်းကို အင်မော်တယ်အရှင်သခင်မီမင် လက်ဆောင်ပေးခဲ့သောအရာဖြစ်ပြီး ကြေးမုံထဲမှာ သူ့ကိုယ်ပိုင် အာဏာစက်ဥပဒေသအစွမ်း ပါရှိသည်။
ကြေးမုံ၏ ကူညီပေးမှုအောက်မှာ သတ္တမသခင်ကြီး၏ ရွှမ်ကမ္ဘာမြေစွမ်းအားက နောက်ဆုံးမှာ ကျောက်ရှာတောင်ကို အပြင်လောကမှ သီးခြားခွဲထုတ်နိုင်သွားသည်။ ယင်းက နတ်ဘုရားခန္ဓာကိုယ်ကို ကျောက်ရှာတောင်မှ မထွက်ခွာနိုင်စေရန် တားဆီးလိုက်သည်။
ထိုနည်းလမ်းက အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည်မဟုတ်သော်လည်း လောလောဆယ်မှာ ယင်းက ဇီချင်း၏ ပထမအကြိမ် ဆင့်ခေါ်မှုကို တားဆီးနိုင်သွားသည်။
ယင်းက ကျစ်လွီဆဲ့တိုင်းပြည်ဆီသို့ ရွှီချင်းမသွားခင် သူကြိုပြင်ဆင်ထားခဲ့သော အစီအစဉ်များအနက် တစ်ခုဖြစ်သည်။
သူက အဖြေတစ်ခုကို သုံးသပ်ထားပြီးပြီ ဖြစ်သည်။
ဇီချင်းသည် ရှေးဦးအပျက်အစီးနှင့် နက်ရှိုင်းသော ဆက်သွယ်မှုရှိသည်။ သို့ဖြစ်၍ ရှေးဦးအပျက်အစီး၏ အသွေးအသားများဖြင့် ဖန်တီးထားသော သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် ဇီချင်းနှင့် ဆက်သွယ်မှုတစ်ခု ရှိနိုင်သည်။
ထိုအကြောင်းအရင်းကြောင့် ရွှီချင်းသည် ကျစ်လွီဆဲ့တိုင်းပြည်ဆီသို့ သူမသွားခင် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို ဖိနှိပ်ရန် စီစဉ်ထားခဲ့သည်။ သို့မှသာ သူက မတော်တဆကိစ္စများ ဖြစ်ပေါ်လာမည်ကို ကြိုတင်တားဆီးနိုင်လိမ့်မည်။
တစ်ချိန်တည်းမှာ သူ၏ နတ်ဘုရားခန္ဓာကိုယ်က ဤနေရာမှာ မထွက်ပေါ်လာနိုင်သောကြောင့် သူက အင်မော်တယ်နတ်ဘုရားအသွင်သဏ္ဍာန်ကို အသုံးမပြုနိုင်တော့ပေ။
ထို့ကြောင့် ယခု သူက အင်မော်တယ်ခန္ဓာကိုယ် တစ်ခုတည်းကိုသာ အသုံးပြုနိုင်တော့သည်။
ထိုအကြောင်းအရင်းကြောင့် သူက ဤနှစ်များမှာ တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
သူက အင်မော်တယ်အရှင်သခင်အဆင့်သို့ ချိုးဖြတ်ချင်သည်။
သို့သော်လည်း ဆယ်စုနှစ်အနည်းငယ် သူတံခါးပိတ်ကျင့်ကြံခဲ့သည့်တိုင် သူက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်သော ဆန်းကြယ်အလင်းကိုလည်း အကောင်းဆုံး စုပ်ယူခဲ့သည့်တိုင် အင်မော်တယ်အရှင်သခင်အဆင့်၏ နောက်ဆုံးအတားအဆီးကို မကျော်လွှားနိုင်ခဲ့ပေ။
သူ၏ အာဏာစက်က အင်မော်တယ်အရှင်သခင်အဆင့်သို့ ရောက်ရှိနေသော်လည်း နွေဦးအင်မော်တယ်မှ အင်မော်တယ်အရှင်သခင်အဆင့်သို့ တတ်လှမ်းရန် လိုအပ်သော မူလအနှစ်သာရပမာဏက အလွန်အမင်း များပြားသည်။
ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်သော ဆန်းကြယ်အလင်းသည်ပင် ဆယ်စုနှစ်အနည်းငယ်ကြာ သူစုပ်ယူပြီးသည့်နောက် ယင်း၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။
ဆန်းကြယ်အလင်းထဲမှာ မူလအနှစ်သာရတချို့ ကျန်ရှိနေသေးသော်လည်း ရွှီချင်းက ယင်းကို ဆက်ပြီး မစုပ်ယူနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ကျန်ရှိသော မူလအနှစ်သာရက ရှေးခေတ်မိခင်ဂြိုလ်ကို ဖွင့်လှစ်နိုင်စေမည့် သော့အတွက် အခြေခံအုတ်မြစ် ဖြစ်သည်။
ယင်းကို ပြင်ပအင်အားစုများက မခိုးယူနိုင်ပေ။
ထို့ကြောင့် ရွှီချင်းက တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာခဲ့ပြီး ကျစ်လွီဆဲ့တိုင်းပြည်ဆီသို့ သွားရန် ရွေးချယ်ခဲ့သည်။
ဤအခိုက်အတန့်မှာ ဇီချင်း ဆင့်ခေါ်လိုက်သော ဝဲကတော့၏ မြင်ကွင်းထဲမှ ကျောက်ရှာတောင်က ပြန်ငြိမ်သက်သွားသည့်အခါ နန်းတော်၏ မြေကွက်လပ်ပေါ်မှာ မတ်တတ်ရပ်နေသော ရွှီချင်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။
ကောင်းကင်ထံသို့ သူလက်မြှောက်လိုက်သည့်အခါ အလွန်သိပ်သည်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်မှ ဝဲကတော့က နောက်တစ်ကြိမ် မြည်ဟိန်းသွားပြီး ဝဲကတော့က ဆန့်ကျင်ဘက်အရပ်သို့ လှည့်ပတ်သွားသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး ပေါ်လျှိုးလာပြီး ကောင်းကင်ဘုံကို တုန်လှုပ်သွားစေသည်။
နှောင်းပိုင်းအဆင့် နွေဦးအင်မော်တယ်တစ်ပါး၏ ကျင့်ကြံခြင်းအရှိန်အဝါက လောကတစ်ခွင် ချက်ချင်း ဖုံးလွှမ်းသွားပြီး ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။ နောက်အခိုက်အတန့်မှာ ယင်းက ဝဲကတော့ကို ပြောင်းပြန်လှည့်ပတ်သွားစေမည့် ပြင်ပအင်အားအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာ ရွှီချင်းက နဂါးရာဇပလ္လင်ပေါ်မှာ ထိုင်နေသော ဇီချင်းကို ကြည့်လိုက်ပြီး ကောင်းကင်ဘုံတာအိုအသံဖြင့် ပြောသည်။
“ လုယက်စမ်း ”
တာအိုအသံက သူ၏ နှုတ်မှ ထွက်သွားသည့်အခိုက် မဟာကြီးမြတ်သော ပွဲအခမ်းအနားတစ်ခုက ဝမ်ကူးကုန်းမြေမှ လူသားနန်းမြို့တော်ထဲမှာ စတင်လာသည်။
ထိုပွဲအခမ်းအနားအတွက် လူသားမျိုးနွယ်ထဲမှ အစွမ်းထက်ကျင့်ကြံသူအားလုံးက နန်းမြို့တော်ထဲမှာ စုဝေးရောက်ရှိနေကြသည်။ ဧကရီ၏ အမိန့်ပေးမှုအောက်မှာ လူသားမျိုးနွယ်၏ ကံကြမ္မာက ရုတ်တရက် ပရမ်းပတာ လှုပ်ခတ်သွားသည်။
ပွဲအခမ်းအနား စတင်သည်နှင့်တစ်ပြိုင်နက် အလွန်သိပ်သည်းသော အလင်းတန်းက နန်းမြို့တော်ထဲမှ တစ်ဟုန်ထိုး မြှောက်တတ်လာပြီး ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ ဦးတည်ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာ ဝမ်ကူးကုန်းမြေထဲမှ အသင်္ချေမျိုးနွယ်စုများသည် လူသားမျိုးနွယ်၏ ပွဲအခမ်းအနားစတင်မှုကို အာရုံခံမိသွားကြသည်။ ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအားလုံးသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ၎င်းတို့ကြိုပြင်ဆင်ထားကြသော ပွဲအခမ်းအနားကို တစ်ပြိုင်နက် စတင်လိုက်ကြသည်။
ပွဲအခမ်းအနားတစ်ခုစီက မျိုးနွယ်စုတစ်ခုလုံး၏ စွမ်းအားကို စုစည်းထားသည်။
ယင်းတို့က အလွန်သိပ်သည်းသော အလင်းတန်းအဖြစ် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး တဝီဝီမြည်သံနှင့်အတူ ရွှီချင်းရှိနေသော ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ ဦးတည်ပျံသန်းသွားသည်။
ယင်းကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
အသင်္ချေမျိုးနွယ်စုများထံမှ အလင်းတန်းက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး လူသားမျိုးနွယ်ထံမှ အလင်းတန်းနှင့် တိုက်ရိုက် ပေါင်းစည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလင်းတန်းက ကောင်းကင်ဝါးမျိုဒေသကြီး၏ ကောင်းကင်ပေါ်သို့ ဥက္ကာပျံတစ်စင်းနှယ် ကျရောက်လာသည်။
ကောင်းကင်ယံမှာ အလင်းတန်းများက တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြသည်။
နောက်အခိုက်အတန့်မှာ အလင်းတန်းထဲတွင် ရှေးဟောင်းကောင်းကင်ဘုံတာအို၏ ပုံရိပ်က ထွက်ပေါ်လာသည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာနှင့် ရွှီချင်း၏ သားတော် ကောင်းကင်ဘုံတာအိုကို ထိုအလင်းထဲမှာ မြင်နိုင်ပေသည်။
ကောင်းကင်ဘုံတာအိုများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အလင်းတန်းနှင့် ပေါင်းစပ်သွားကြပြီး ကောင်းကင်ဝါးမျိုဒေသကြီး၏ ကောင်းကင်ထက်မှာ ထွန်းလင်းတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ကြသည်။
မကြာမီ ဧရာမကြေးမုံတစ်ချပ်က ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ကြေးမုံက မြေပြင်ပေါ်မှ ကောင်းကင်ဝါးမျိုဒေသကြီးကို မျက်နှာမူထားပြီး ကောင်းကင်ဝါးမျိုဒေသကြီးထဲမှ တောင်တန်းများ၊ ပင်လယ်များနှင့် အရာအားလုံးကို ပုံရိပ်ပြန်နေသည်။
ထုံးစံအားဖြင့် ထိုထဲမှာ ကျစ်လွီဆဲ့တိုင်းပြည်နှင့် တော်ဝင်နန်းတော်လည်း ပါဝင်ကြသည်။
ကြေးမုံ၏ ပုံရိပ်ပြန်မှုနှင့် ပြောင်းပြန်လှည့်ပတ်နေသော ဝဲကတော့၏ စုပ်ယူမှုအောက်တွင် ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးက ချက်ချင်း ဝေဝါးလာသည်။ ထို့နောက် ကံကြမ္မာအခိုးအငွေ့များက လေထဲမှာ ထွက်ပေါ်လာကြပြီး ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။
ထို့နောက် ယင်းတို့က ကြေးမုံ၏ စုပ်ယူခံလိုက်ကြရသည်။
မြေပြင်ပေါ်မှ ကောင်းကင်ဝါးမျိုဒေသကြီးက ဝေဝါးလာနေသည်နှင့်အမျှ ကြေးမုံပေါ်မှ အရာအားလုံးက မြန်ဆန်စွာ ထင်ရှားလာသည်။
ယင်းက တိုင်းပြည်၏ ကံကြမ္မာကို လုယက်ခြင်း ဖြစ်သည်။
ရွှီချင်းသည် ကောင်းကင်ဝါးမျိုဒေသကြီး၏ ကောင်းကင်ယံမှာ ဝမ်ကူးကြေးမုံကို ဖွဲ့စည်းရန် အသင်္ချေမျိုးနွယ်စုများ၏ စွမ်းအားကို စုစည်းခဲ့သည်။
ယင်းက ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာကို လုယက်ရန် ဖြစ်သည်။
ယင်းက ရွှီချင်း၏ အစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။
ဇီချင်းက သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို လုယက်ရန် ကြိုးစားချင်သည်။ အပြန်အလှန်အနေဖြင့် ရွှီချင်းက သူပိုင်ဆိုင်ထားသော ကံကြမ္မာတစ်ဝက်ကို လမ်းညွှန်မှုအဖြစ် အသုံးပြု၍ ကျစ်လွီဆဲ့တိုင်းပြည်၏ ကျန်ကံကြမ္မာတစ်ဝက်ကို လုယက်ချင်သည်။
ကောင်းကင်ဝါးမျိုဒေသကြီးထဲမှ တော်ဝင်နန်းတော်၏ အဓိကခန်းမဆောင်ထဲ၌ နဂါးရာဇပလ္လင်ပေါ်မှာ ထိုင်နေသော ဇီချင်းက အပြင်သို့ ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှ အပြုံးက ပိုပြီးထင်ရှားလာသည်။ သူက ရွှီချင်းကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
“ စိတ်ဝင်စားဖို့ကောင်းသားပဲ ”
“ ငါ့ရဲ့ ညီလေးက တကယ် အရွယ်ရောက်လာပြီ ”
“ ငါတို့မိသားစုရဲ့ ကြယ်ဝမှုကို ငါ့ဆီကနေ ဘယ်လိုလုယက်ရမလဲ မင်းသိသွားပြီပေါ့ ”
“ ဒါပေမဲ့ ညီလေး… ငါတို့မိသားစုရဲ့ ကြွယ်ဝမှုက ဘယ်လောက်တောင် များလဲဆိုတာ မင်းသိလား ”
ဇီချင်းက သိမ်မွေ့စွာ ပြုံးလိုက်သည်။