← Chapters

ကံကြမ္မာ မူလတစ်ခုတည်းသို့ ပြန်ခြင်း

Vol. 120 Ch. 1825

ကံကြမ္မာ မူလတစ်ခုတည်းသို့ ပြန်ခြင်း

Vol. 120 Ch. 1825

“ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေက အစက ကွဲပြားခြားနားကြတယ် ”

ရွှီချင်းက ဇီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒါပေမဲ့… ရွှမ်ကမ္ဘာမြေကို စွန့်လွှတ်လိုက်ပြီး အပေါ်တတ်လာဖို့ ရွေးချယ်လိုက်တဲ့အချိန်မှာ… အင်မော်တယ်တွေက နတ်ဘုရားတွေနဲ့ အခြေခံအားဖြင့် တူညီသွားကြတယ် ”

“ ဒါကြောင့် အထက်ကြယ်တာရာစက်ဝန်းတွေထဲမှာ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ကွဲပြားခြားနားတယ်လို့ ထင်ရပေမဲ့… တကယ်တော့ သူတို့က ဇစ်မြစ်တစ်ခုတည်းကနေ ဆင်းသက်လာကြတာ ဖြစ်တယ် ”

“ ဒီတော့… ငါသေနိုင်ရင်…မင်းလည်း သေနိုင်တယ် ”

“ ဒါပေမဲ့ ဘယ်သူသေမလဲ ယှဉ်ပြိုင်မယ့်အစား… မင်းရဲ့ ကံကြမ္မာက ပိုပြီးနက်နဲသိမ်မွေ့လား ဒါမှမဟုတ် ငါ့ရဲ့ ဒိုင်မန်းရှင်းက ပိုပြီးအကန့်အသတ်မဲ့လားဆိုတာ ငါမြင်ချင်မိတယ် ”

ရွှီချင်း၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပေတစ်ထောင်အကွာအဝေးကို တိုက်ရိုက် ဖြတ်ကျော်သွားသည်။ သူက ခန်းမအပြင်မှ ဇီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ခန်းမအပြင်တွင် ဇီချင်း၏ အကြည့်က အဝေးမှ ချဉ်းကပ်လာနေသော ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ သူ၏ အမူအရာက အေးစက်နေပြီး သူက မည်သည့်စကားမှ မပြောချေ။

သူ့အနောက်မှ ခန်းမဆောင်ထဲမှ ဇီချင်းက ခါတိုင်းကဲ့သို့ နွေးထွေးစွာ ပြုံးထားဆဲပင်။ သူက သိမ်မွေ့စွာ စကားပြောလိုက်သည့်အခိုက် သူ၏ အသံက ကံကြမ္မာဂိတ်တံခါးကို ဖြတ်၍ ကံကြမ္မာအခွဲရှိသော ခန်းမအပြင်ဆီသို့ ပဲ့တင်ထပ်သွားသည်။

“ ညီလေး… မင်းရဲ့ အတွေးက ငါ့ရဲ့ အတွေးနဲ့ အတူတူပဲ ”

“ ကံကြမ္မာ… ထပ်ဆင့်လွှမ်းခြုံခြင်း ”

သူ၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ခန်းမအပြင်မှ ဇီချင်းက အေးတိအေးစက် အမူအရာဖြင့် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ ဦးတည်ရာဆီသို့ ညင်သာစွာ ဖိချလိုက်သည်။

ထိုဖိချမှုကြောင့် ကံကြမ္မာစွမ်းအားက တိတ်တဆိတ် ဆင်းသက်လာပြီး သဏ္ဍာန်မဲ့စိတ်ဆန္ဒတစ်ခုကို ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ ဖွဲ့စည်းသွားစေသည်။ ထို့နောက် စိတ်ဆန္ဒက အလွှာအထပ်ထပ်အဖြစ် ပြောင်းလဲသွားသည်။

မြင်ကွင်းများစွာက ထိုအလွှာများပေါ်မှာ ထွက်ပေါ်လာကြသည်။

ထိုမြင်ကွင်းများထဲမှာ ရွှီချင်း၏ ပုံရိပ်များက အလင်းပြန်လာကြသည်။ ယင်းတို့က အချိန်လေဟာနယ်စွမ်းအားမှ ဖြစ်ပေါ်လာသော အပြိုင်စကြာဝဠာပုံရိပ်များ မဟုတ်ကြချေ။ ယင်းအစား ယင်းတို့က ရွှီချင်း၏ မူလကံကြမ္မာထံမှ ခွဲထွက်သွားသော ကံကြမ္မာအခွဲများ ဖြစ်ကြသည်။

ယင်းတို့ကို ဘဝကံကြမ္မာ၏ မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများဟုလည်း သတ်မှတ်နိုင်ပေသည်။

ဖြစ်နိုင်ခြေတစ်ခုစီက ဤအခိုက်အတန့်မှာ မြင်ကွင်းတစ်ခု ဖြစ်လာကြသည်။

“ အချိန်ဆိုတာ တကယ်တော့ မရှိဘူး… အဲ့ဒါက အရာဝတ္ထုတွေနဲ့ သက်ရှိတွေရဲ့ သဘာဝအလျောက် ယိုယွင်းပျက်စီးမှုကို တိုင်းတာဖို့ သက်ရှိတွေ သူတို့ဘာသာ ဖန်တီးထားတဲ့ နိယာမတစ်ခုပဲ ဖြစ်တယ် ”

“ ဒါကြောင့်… မင်းရဲ့ အချိန်လေဟာနယ်ထဲမှာ ပြစ်ချက်တစ်ခု ရှိတယ် ”

“ ပြီးတော့… ငါက သဘာဝအလျောက် ယိုယွင်းပျက်စီးမှုကို တိုင်းတာဖို့ အချိန်လေဟာနယ်ကို အသုံးမပြုဘူး ”

ခန်းမထဲမှ ဇီချင်းက နူးညံ့စွာ ပြောသည်။

သူ၏ အသံက ခန်းမအပြင်ဆီသို့ ပဲ့တင်ထပ်သွားသည့်အခါ မြင်ကွင်းများက တအိအိလှုပ်ခတ်သွားကြသည်။

မြင်ကွင်းအားလုံးက ဖရိုဖရဲဖြစ်သွားကြသည်။

ဥပမာ တချို့မြင်ကွင်းများထဲတွင် ရွှီချင်းက ရန်သူများဖြင့် တိုက်ခိုက်နေပြီး တချို့မြင်ကွင်းများထဲတွင် ရွှီချင်းက တရားထိုင်နေသည်။ ထိုပုံရိပ်များက ကံကြမ္မာစီးကြောင်းတစ်ခုထဲမှာ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေကြသည်။

တခြားကံကြမ္မာစီးကြောင်းထဲတွင် သူက သေဆုံးနေသော်လည်း ထိုကံကြမ္မာစီးကြောင်းထဲမှာပင် သူက အခွင့်အလမ်းကောင်းကို ရရှိသွားသည်။

တချို့မြင်ကွင်းများထဲတွင် သူ့မိတ်ဆွေများနှင့် မိသားစုဝင်များက ပျောက်ဆုံးသွားကြသော်လည်း တူညီသော ကံကြမ္မာစီးကြောင်းထဲမှ တခြားမြင်ကွင်းများထဲတွင် လူတိုင်းက သူ့ကို နွေးထွေးကြင်နာစွာ ကြိုဆိုနေကြသည်။

ယင်းက ကံကြမ္မာ ထပ်ဆင့်လွှမ်းခြုံခြင်း ဖြစ်သည်။

ယင်းက ရွှီချင်း၏ မရေမတွက်နိုင်သော ကံကြမ္မာများကို တစ်ချိန်တည်းမှာ အချင်းချင်း ယှက်ထွေသွားစေသည်။

ကံကြမ္မာများက ထိုသို့ယှက်ထွေသွားပြီး ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် အစိတ်အပိုင်းများအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။

ထိုအစိတ်အပိုင်းများကြားတွင် ရွှီချင်း၏ မူလခန္ဓာကိုယ်က ဝေဝါးလာသည်။ ဤသည်မှာ သူက ဖယ်ရှားခံနေရသည့်အလားပင်။ အရှေ့သို့ သူရွေ့လျားလိုက်သည့်အခါတိုင်း မရေမတွက်နိုင်သော ကြွင်းကျန်ပုံရိပ်များက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြလိမ့်မည်။

ထိုကြွင်းကျန်ပုံရိပ်များက နောက်ထပ် ကံကြမ္မာအသစ်များအဖြစ် ပြောင်းလဲသွားကြသည်။

ယင်းတို့က အကန့်အသတ်မဲ့သည်။

ဤသည်မှာ သူက ဘဝပေါင်းများစွာကို တစ်ချိန်တည်းမှာ တွေ့ကြုံနေရသည့်အလားပင်။

ထိုသို့အခြေအနေမျိုးမှာ ရွှီချင်း၏ လှုပ်ရှားမှုတိုင်းက သူ့အတွက် သေစေနိုင်သော တိုက်ခိုက်မှုများ ဖြစ်လာသည်။ သူ၏ နှလုံးခုန်သံသည်ပင် ဖြစ်နိုင်ခြေအသစ်များကို မွေးထုတ်ပေးနေသည်။ သူ၏ ကံကြမ္မာက ဖရိုဖရဲဖြစ်လာပြီး မတည်မငြိမ်ဖြစ်လာသည်။ ဤသည်မှာ သူ၏ ကံကြမ္မာက အချိန်မရွေး အစားထိုးခံရတော့မည့်အလားပင်။

ယင်းကို ထိန်းချုပ်ရန် အလွန်ခက်ခဲသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ မူလကံကြမ္မာက ကံကြမ္မာအခွဲများနှင့် ပေါင်းစပ်သွားနေသောကြောင့် ဖြစ်သည်။

ဤသည်မှာ သူက ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်ခိုက်နေသည့်အလားပင်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ တည်ငြိမ်သော အသံက မရေမတွက်နိုင်သော ကံကြမ္မာအစိတ်အပိုင်းများထဲမှ ပျံ့လွင့်လာသည်။

“ ဒီလိုအခြေအနေကို အရင်က ငါကြုံဖူးတယ် ”

“ ငါကျင့်ကြံတာက အချိန်တစ်ခုတည်း မဟုတ်သလို လေဟာနယ်တစ်ခုတည်း မဟုတ်ဘူး… ငါဆင်ခြင်နားလည်ထားတဲ့ အာဏာစက်က… ”

“ မူလတစ်ခုတည်းသို့ ပြန်ခြင်း ”

“ အချိန်က မူလတစ်ခုတည်းသို့ ပြန်နိုင်တယ်… လေဟာနယ်က မူလတစ်ခုတည်းသို့ ပြန်နိုင်တယ်… အချိန်လေဟာနယ်က မူလတစ်ခုတည်းသို့ ပြန်နိုင်တယ်… အပြိုင်စကြာဝဠာတွေက မူလတစ်ခုတည်းသို့ ပြန်နိုင်တယ်… ကံကြမ္မာလည်းပဲ မူလတစ်ခုတည်းသို့ ပြန်နိုင်တယ် ”

ထိုစကားကို ရွှီချင်းပြောလိုက်သည့်အခိုက် သူ၏ ဝေဝါးနေသော ညာလက်က အပေါ်သို့ မြှောက်တတ်သွားသည်။

အာဏာစက်အစွမ်းက ရုတ်တရက် ပေါ်လျှိုးလာသည်။ ရွှီချင်း လက်မြှောက်လိုက်သည်နှင့် ယင်းက မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်အားလုံးကို ထိုးဖောက်သွားသည်။

မျဉ်းကြောင်းက ကံကြမ္မာအစိတ်အပိုင်းအားလုံးကို ဖောက်ထွင်းသွားပြီး ယင်းတို့အားလုံးကို အတူတကွ ချိတ်ဆက်ပေးလိုက်သည်။

ထို့နောက် ရွှီချင်းက သူ၏ ညာလက်ကို လက်သီးဆုပ်လိုက်သည်။

ထိုအခိုက်အတန့်မှာ သူ၏ ဘေးပတ်ဝန်းကျင်မှ ကံကြမ္မာအစိတ်အပိုင်းအားလုံးက ဝုန်းခနဲ မြည်ဟိန်းသွားကြသည်။ ယင်းတို့ထဲမှ ပုံရိပ်အားလုံးက လက်ရှိပစ္စုပ္ပန်မှ သူကိုယ်တိုင်အဖြစ် အတင်းအဓမ္မ ပြောင်းလဲခံလိုက်ရသည်။

ထို့နောက် မြင်ကွင်းအားလုံးက ရွှီချင်း၏ ပုံရိပ်နှင့် မြန်ဆန်စွာ ထပ်ဆင့်လွှမ်းခြုံသွားကြသည်။

မြင်ကွင်းအားလုံးထဲမှ ပုံရိပ်အားလုံးက လက်ရှိပစ္စုပ္ပန်မှ သူဖြစ်သောကြောင့် ထိုထပ်ဆင့်လွှမ်းခြုံမှုက နောက်ထပ် ပုံရိပ်အသစ်များကို မဖြစ်ပေါ်စေပေ။ ယင်းအစား ပုံရိပ်အားလုံးက တစ်ခုတည်းအဖြစ် အတူတကွ ပေါင်းစည်းသွားကြသည်။

ယင်းက အစက ဝေဝါးနေသော ရွှီချင်း၏ ခန္ဓာကိုယ်ကို ပိုပြီးကြည်လင်ထင်ရှားလာစေသည်။

နောက်ဆုံးမှာ သူ၏ ဘေးပတ်ပတ်လည်မှ မြင်ကွင်းအားလုံးက ပျောက်ကွယ်သွားကြသည်။ သို့ဖြစ်၍ မြေကွက်လပ်ပေါ်မှာ မတ်တတ်ရပ်နေသည့် ရွှီချင်းက အစစ်အမှန်ဖြစ်ပြီး အလွန်အမင်း ထင်ရှားသည်။

ထို့နောက် သူ၏ အသံက ပဲ့တင်ထပ်သွားသည်။

" ကျဆင်းစမ်း "

ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက မြန်ဆန်စွာ ပြောင်းလဲသွားသည်။

ကောင်းကင်နှင့် မြေပြင်က ကျယ်လောင်စွာ မြည်ဟိန်းသွားသည့်အခါ မင်ရည်အလွှာတစ်ခုက ရွှီချင်းရှိနေသော နေရာမှ ထွက်ပေါ်လာသည်။

မင်ရည်ပန်းချီကားသည် ရွှီချင်း၏ အာဏာစက်အစွမ်းကို သယ်ဆောင်လျက် သူ့ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။

အရာအားလုံးက မြန်ဆန်စွာ ကူးစက်ခံလိုက်ရသည်။

မင်ရည်ဖြတ်သန်းသွားသည့်နေရာတိုင်း တော်ဝင်နန်းတော်ဖြစ်စေ၊ နန်းမြို့တော်ဖြစ်စေ သို့မဟုတ် ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးဖြစ်စေ ဤအခိုက်အတန့်မှာ ယင်းတို့အားလုံးက အရောင်ကင်းမဲ့သွားကြသည်။

တစ်ဖက်မှာတော့ ရွှီချင်းက ပိုပြီးကြည်လင်ထင်ရှားလာသည်။

အမြင့်နိယာမက ဖယ်ရှားခံလိုက်ရသည့်အခါ သုံးဖက်မြင်ရှုထောင့်က ပြားချပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အရာအားလုံးက မင်ရည်ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။

ယင်းက ဒိုင်မန်းရှင်းလျော့ချခြင်း ဖြစ်သည်။

ထိုထဲမှာ တော်ဝင်နန်းတော်၏ အဓိကခန်းမဆောင်နှင့် ခန်းမအပြင်ဘက်မှ အေးတိအေးစက် ဇီချင်းလည်း ပါဝင်သည်။

သူတို့အားလုံးက ပန်းချီကား၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။

အရောင်ကင်းမဲ့နေသော လောကထဲတွင် ရွှီချင်းတစ်ယောက်တည်းသာ အရောင်ရှိသည်။ သူက မင်ရည်ပန်းချီကားပေါ်မှာ မတ်တတ်ရပ်နေသည်။

သူက ညာခြေထောက်ကို မြှောက်လိုက်လေရာ သူ၏ ခြေဖဝါးက ကောင်းကင်ကို ဖုံးလွှမ်းသွားတော့မည့်ဟန် ရသည်။ သူက မင်ရည်ပန်းချီကားထဲမှ အဓိကခန်းမဆောင်ပေါ်သို့ ခြေချလိုက်သည်။

ယင်းက ရွှီချင်း၏ အာဏာစက်ဥပဒေသ၏ နောက်ထပ်နိယာမတစ်ခု ဖြစ်သည်။

သူ၏ ခြေဖဝါးက အောက်သို့ ကျဆင်းလာသည့်အခိုက် မင်ရည်ပန်းချီကားထဲမှ ခန်းမဆောင်အရှေ့မှာ မတ်တတ်ရပ်နေသော ဇီချင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို အစားထိုးသွားတော့မည့် အနက်ရောင်အရိပ်ကို ကြည့်လိုက်သည်။

သူက ခံစားချက်မဲ့စွာ ပြောသည်။

“ ပြိုင်ဘက်ကင်းမြို့တော်ထဲမှာ ပထမဆုံးအကြိမ် မင်းသေခဲ့တုန်းက မင်းရဲ့ သက်တမ်းက ခုနစ်နှစ်ပဲ ရှိသေးတယ် ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ပြိုင်ဘက်ကင်းမြို့တော်ထဲမှ ရွှီချင်း၏ ကလေးပုံရိပ်က ဇီချင်း၏ ဘယ်ဘက်မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ပုံရိပ်က ချက်ချင်း အက်ကွဲသွားသည့်အခါ ငွေရောင်ချည်မျှင်ခုနစ်မျှင်က လေထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။

ချည်မျှင်တစ်မျှင်က တစ်နှစ်သက်တမ်းကို ကိုယ်စားပြုသည်။

“ ချီယွဲ့ထုံဂိုဏ်းထဲမှာ… မင်းက ကံကြမ္မာအများကြီးနဲ့ တွေ့ကြုံခဲ့ပြီး အခွင့်အလမ်းငါးခုကို ရရှိခဲ့တယ် ”

ဒုတိယစကားသံ ပဲ့တင်ထပ်သွားသည့်အခါ ချီယွဲ့ထုံဂိုဏ်းမှ ရွှီချင်း၏ ပုံရိပ်က ဇီချင်း၏ ညာဘက်မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။ ထို့နောက် ရွှေရောင်လိပ်ပြာငါးကောင်က သူ၏ ညာဘက်မျက်လုံးထဲမှ ပျံသန်းထွက်လာကြသည်။

လိပ်ပြာတစ်ကောင်စီက အခွင့်အလမ်းတစ်ခုကို ကိုယ်စားပြုသည်။

“ ဧကရီက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့တယ်… ဒုတိယအကြိမ် မင်းသေဆုံးခဲ့တယ်… မင်းမှာ ကံကြမ္မာဆိုးနှစ်ခု ရှိတယ် ”

တတိယစကားကို ပြောလိုက်သည်နှင့်ချက်ချင်း မြင်ကွင်းတစ်ခုက ဇီချင်း၏ အရှေ့မှ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းက လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲမှာ ရွှီချင်းသေဆုံးသွားခဲ့သော မြင်ကွင်း ဖြစ်သည်။

သူ၏ သေဆုံးမှုမြင်ကွင်း ထွက်ပေါ်လာသည့်အခိုက် အနက်ရောင်သံကြိုးနှစ်ချောင်းက မြင်ကွင်းထဲမှ ဆန့်တန်းထွက်လာကြသည်။

“ ဒီနေ့… မင်းရဲ့ သက်တမ်းက ငွေရောင်ချည်မျှင်တွေ ဖြစ်လာပြီး မင်းရဲ့ အခွင့်အလမ်းတွေက ရွှေရောင်လိပ်ပြာတွေ ဖြစ်လာမယ်… မင်းရဲ့ ကံကြမ္မာဆိုးတွေက အနက်ရောင်သံကြိုးတွေ ဖြစ်လာမယ်… ပြီးတော့ အဲ့ဒါတွေအားလုံးက မင်းရဲ့ ကံကြမ္မာလိပ်ပြာကို ဖွဲ့စည်းသွားလိမ့်မယ် ”

နောက်အခိုက်အတန့်မှာ ငွေရောင်ချည်မျှင်များ၊ ရွှေရောင်လိပ်ပြာများနှင့် အနက်ရောင်သံကြိုးများက ဟင်းလင်းပြင်ထဲမှာ အတူတကွ ယှက်ထွေသွားကြပြီး သုံးရောင်ခြယ်လိပ်ပြာတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုလိပ်ပြာ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မင်ရည်ပန်းချီကားတစ်ချပ်လုံး ပရမ်းပတာ လှုပ်ခါသွားသည်။

ဤသည်မှာ ပန်းချီကားက ပုံပျက်တွန့်လိမ်သွားသည့်အလားပင်။

သုံးရောင်ခြယ်လိပ်ပြာက ၎င်း၏ အတောင်ပံကို တဖျပ်ဖျပ်လှုပ်ခတ်လိုက်သည့်အခါ အရောင်သုံးရောင်က ၎င်းကို ဗဟိုပြု၍ မင်ရည်ပန်းချီကားတစ်ခုလုံးဆီသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

ယင်းက မင်ရည်ပန်းချီကားကို အသက်ဝင်လာစေဟန် ရ၏။ ပန်းချီကားက ယခင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်မနေတော့ပေ။

ထို့နောက် လိပ်ပြာက ကောင်းကင်ဆီသို့ ရုတ်တရက် ပျံသန်းသွားသည်။

လိပ်ပြာဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက အရည်ပျော်သွားသည်။ ၎င်းက မြင့်သထက် အမြင့်သို့ ပျံတတ်သွားသည်။ နောက်ဆုံးမှာ ၎င်းက မင်ရည်ပန်းချီကားလောကထဲမှ ချိုးဖြတ်နိုင်သွားသည်။

လိပ်ပြာက ပန်းချီကားအပြင်ဘက်မှာ ထွက်ပေါ်လာသည်နှင့် မင်ရည်ပန်းချီကားတစ်ခုလုံး စတင်အက်ကွဲသွားသည်။

သုံးရောင်ခြယ်လိပ်ပြာက တုန်ယင်သွားပြီး မရေမတွက်နိုင်သော လိပ်ပြာငယ်များအဖြစ် ခွဲထွက်သွားကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းလိုက်ကြပြီး ရွှီချင်းထံသို့ ခုန်အုပ်လိုက်ကြသည်။

ရွှီချင်း၏ စိတ်အာရုံထဲတွင် လိပ်ပြာတစ်ကောင်စီက သူနှင့် နက်ရှိုင်းသော ဆက်သွယ်မှု ရှိသည်။ ဤသည်မှာ လိပ်ပြာတစ်ကောင်စီက သူကိုယ်တိုင် ဖြစ်သည့်အလားပင်။

တစ်ချိန်တည်းမှာ မင်ရည်ပန်းချီကား အက်ကွဲသွားသည်နှင့် ဇီချင်း၏ အသံက ခန်းမဆောင်ထဲမှာ ပျံ့လွင့်သွားသည်။

“ မင်းရဲ့ ကံကြမ္မာလိပ်ပြာက မင်းအတွက် ကံကြမ္မာလှောင်ချိုင့် ဖြစ်လာလိမ့်မယ် ”

“ ချုပ်နှောင်စမ်း ”

All Chapters