အံ့မခန်း ညီမလေး
Vol. 2 Ch. 19
“ဝတုတ်လေး အလောင်းတွေဆီကိုလုယူဖို့ မင်း တာဝန်ယူလိုက်ပါ။”
“အဖြူရောင်ဝတ်ထားတဲ့ညီမလေး မင်းက ဖျက်ဆီးတဲ့သူပဲ။ သူတို့ သေလုနီးနီးအခြေအနေမှာပဲ ထားခဲ့ဖို့ မင်းမှတ်ထားရမယ် ဒါမှ ငါ သတ်နိုင်မှာ”
“ငါက နတ်ဆိုးသားရဲတွေကို ဆွဲဆောင်ပြီး သူတို့ရဲ့ပစ်မှတ်အတွက် တာဝန်ယူမယ်”
“မင်းတို့ နားလည်လား” ဟု လော်ထျန်းသည် ၎င်းတို့နှစ်ဦးကို လှမ်းကြည့်ကာ မေးလိုက်သည်။
၎င်းသည် အွန်လိုင်း RPG များ၏ အခြေခံအကျဆုံး ဘာသာစကားနှင့် အသုံးအများဆုံး နည်းဗျူဟာလည်း ဖြစ်ပေသည်။
သို့သော်…
ဖန်လေသည် လီရွှယ်အာကို စိုက်ကြည့်ပြီး သူမကလည်း သူ့ကို ပြန်ကြည့်နေသည်။
ပြီးနောက် ၎င်းတို့နှစ်ဦးစလုံးသည် တူညီသောအသံဖြင့် “နားမလည်ဘူး” ဟု ခေါင်းကို တုန်နေအောင် ခါလိုက်သည်။
“သခင်လေး လုယူတာကဘာလဲ ပျက်စီးအောင် လုပ်တာကဘာလဲ ပစ်မှတ်ထားခံရတာကဘာလဲ။ ဘာလို့လဲဆိုတော့ ငါ တစ်ခုမှ နားမလည်ဘူး။”
“ကျွန်တော်တို့ နားလည်အောင် ပြောပေးလို့ရမလား”
လော်ထျန်းသည် လက်လျှော့ပြီး
“ညီမလေး နတ်ဆိုးသားတွေကို တိုက်ခိုက်ဖို့ မင်း တာဝန်ယူလိုက်ပါ။
ဝတုတ်လေး နတ်ဆိုးသားတွေ၏ သွေးယူဖို့ မင်း တာဝန်ယူလိုက်ပါ။
ငါက နတ်ဆိုးသားတွေကို လှည့်စားပြီး ခေါ်လာဖို့ တာဝန်ယူမယ် အခုတော့ မင်းတို့ နားလည်ကြပြီလား” ဟု ပြောလိုက်သည်။
“သခင်လေး အစကတည်းက အဲလိုပြောခဲ့ရင် ကျွန်တော်တို့ သေချာပေါက် နားလည်ခဲ့မှာပါ”
ဖန်လေသည် အူတူတူပြုံးလိုက်သည်။
လီရွှယ်အာက တဟဲဟဲရယ်မောသံကို ထိန်းလိုက်ပြီး “မှန်တာပေါ့” ဟု ပြောလိုက်သည်။
“ငါ့ကမ္ဘာက မဟုတ်တဲ့သူနဲ့ ဆက်သွယ်ဖို့ တကယ်ခက်ခဲတယ်”
လော်ထျန်းက သူ့ကိုယ်သူ ပြောလိုက်သည်။
ထိုနောက် သူ၏အကြည့်က တင်းမာသွားပြီး
တစ်နေရာသို့ လက်ညိုးထိုးကာ
“ဒီဘက်ကနေ နတ်ဆိုးသားတစ်ကောင် လာနေပြီ ငါ ပြောခဲ့တဲ့အတိုင်း လုပ်ရအောင်” ဟု ဟစ်အော်လိုက်သည်။
သူ၏အသံ တိတ်သွားသည်နှင့်…
လော်ထျန်းသည် ခုန်လိုက်ပြီး ‘သတ္တုအရေခွံဝက်’ တစ်ကောင်၏ ရှေ့တွင် ရပ်လိုက်သည်။
ထို့နောက် သူက လက်ညိုးကို ကွေးလိုက်ကာ
“ကလေးလေး မင်းအဘိုးက ဒီမှာ” ဟု ခေါ်လိုက်သည်။
‘သတ္တုအရေခွံဝက်’သည် လော်ထျန်း ပြောနေသည့်အရာကို သိနေသည့်ပုံပေါ်သည်။
၎င်းသည် နှစ်ချက် ညည်းတွားပြီးနောက်
ရှေ့ခြေထောက်များကို မြေပြင်ပေါ်၌ ကုတ်ခြစ်ကာ သူ့ထံသို့ အရူးအမူး ပြေးလာသည်။
သူ ပစ်မှတ်ထားခံရချေပြီ
လော်ထျန်းသည် ဝက်၏ပါးစပ်မှ ထွက်နေသည့် ချွန်ထက်သော အစွယ်များကို မြင်သောအခါ
ထိတ်လန့်သွားပြီး စတင်ပြေးတော့သည်။
သူ့၏ ကြီးမားသော နှာခေါင်းဖြင့် ပြေးလာပြီးတိုက်ခံရပါက
သူ လေထဲသို့ လွင့်စင်သွားမည်မှာ သေချာသည်။
သူ ပြေးနေစဉ် လော်ထျန်းက
“လာနေပြီ လာနေပြီ ညီမလေး တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထား” ဟု ကျယ်လောင်စွာ သတိပေးလိုက်သည်။
‘သတ္တုအရေခွံဝက်’က လော်ထျန်းနောက်သို့ အရူးအမူးလိုက်နေသည်ကို မြင်သောအခါ
လီရွှယ်အာ၏ အကြည့်များ တင်းမာသွားသည်။
သူမသည် အစိမ်းရောင်ရှိသော ဝက်ကို စိုက်ကြည့်ပြီး
“နင့်အသက်ကို ငါယူမယ်” ဟု ကြမ်းတမ်းစွာ ရွတ်ဆိုလိုက်သည်။
အဖြူရောင်အလင်းတစ်ခု လင်းလက်လာသည်။
“ဖယ်ပေး ငါ ဖြေရှင်းမယ်”
သူမ စကားမဆုံးခင်မှာပင်
လီရွှယ်အာသည် သူမ၏ဓားဖြင့် ရိုက်သွင်းလိုက်သည်။
လော်ထျန်းသည် လီရွှယ်အာ၏ လျှပ်စီးကဲ့သို့ လျင်မြန်သော ဓားသည်
‘သတ္တုအရေခွံဝက်’၏ ခေါင်းထဲသို့ ထိုးသွင်းနိုင်ရန် ချက်ချင်း ဦးတည်ရာကို ပြောင်းလိုက်သည်။
“ပူချီ~”
လတ်ဆတ်သော သွေးများ ပန်းထွက်လာပြီး
‘သတ္တုအရေခွံဝက်’၏ ပါးစပ်မှ နာကျင်သောအသံ “အို” ဟူ၍ ထွက်ပေါ်လာသည်။
“အိုး ဒီညီမလေးက တကယ်ပဲ အရမ်းအားကောင်းတာပဲ”
အဆင့် ၁ နတ်ဆိုးသားရဲများအားလုံးအနက်
‘သတ္တုအရေခွံဝက်’၏ ကာကွယ်ရေးစွမ်းရည်က အကောင်းဆုံးဖြစ်လိမ့်မည်။
သို့တိုင်
ဓားတစ်ချက်တည်းဖြင့်ပင် ၎င်း၏ခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
သူမ၏ တိုက်ခိုက်မှုစွမ်းရည်က ရိုးရှင်းကာအစွမ်းထက်လွန်းသည်။
လော်ထျန်းသည် အတွင်းစိတ်မှ ထိတ်လန့်သွားပြီး
ဒေါသထွက်နေသော လီရွှယ်အာကို မြင်သောအခါ
“ညီမလေး ငါ သတ်နိုင်အောင် သူ့ကို သေလုနီးနီး အခြေအနေမှာ ထားခဲ့ပါ” ဟု ချက်ချင်းပြောလိုက်သည်။
သူမ နောက်တစ်ကောင်ကို ထပ်သတ်လိုက်ပါက
သူ့၏အတွေ့အကြုံများ ထပ်ပြီး ဆုံးရှုံးသွားလိမ့်မည်။
ထိုသို့ အချည်းအနှီး ဖြစ်သွားလို့ မရပေ။
လော်ထျန်းသည် မြှားတစ်စင်းလို ရှေ့သို့ အပြေးသွားပြီး “ငါ လုပ်မယ်” ဟု အော်လိုက်သည်။
လီရွှယ်အာက သူမ၏လျှာကို ထုတ်လိုက်ပြီး တစ်ဖက်သို့ ခုန်သွားသည်။
“ကောင်းပြီ ကျွန်မ နားလည်ပြီ”
‘သတ္တုအရေခွံဝက်’သည် နာကျင်မှုကြောင့် အော်ဟစ်နေသည်။
၎င်း၏အသက်က မကြာမီ ဆုံးတော့မည်ဖြစ်ပြီး
ရှောင်တိမ်းရန် ခွန်အားလည်း မရှိချေ။
ထို့နောက် လော်ထျန်း၏ လက်သီးက ရိုက်ချလိုက်သည်။
“ထိုးလိုက်”
“ဒင်”
“ကစားသမား လော်ထျန်း ‘သတ္တုအရေခွံဝက်’ကို သတ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်နော်။ မင်း အတွေ့အကြုံ ၂၀၀ နက်နဲသောစွမ်းအင် ၂၀ ရရှိခဲ့ပါတယ်…”
“ကစားသမား လော်ထျန်း ‘သတ္တုအရေခွံဝက်’၏ အနှစ် ၁ မှတ် ရရှိခဲ့သည့်အတွက် ဂုဏ်ယူပါတယ်”
“အတွေ့အကြုံ ၂၀၀… အဆင့် ၁ နတ်ဆိုးသားရဲက တကယ်ပဲ သူတို့ နာမည်နဲ့ ထိုက်တန်တယ်
ဆုလာဘ်တွေက အရမ်းပေါများလိုက်တာ ‘နက်နဲတပည့်’ အဆင့် ၆ ကို တက်ဖို့ အတွေ့အကြုံ ၃၀,၀၀၀ လိုအပ်တယ် ဆိုလိုသည်မှာ အကောင် ၁၅၀ ကို သတ်လိုက်ရင် ငါ အဆင့်တက်နိုင်ပြီ” ဟု လော်ထျန်းက သူ့ကိုယ်သူ ပြောလိုက်သည်။
အတွေ့အကြုံအပြင်
သူသည် အရေးအကြီးဆုံးအရာ - နက်နဲသောစွမ်းအင်ကို ရရှိခဲ့သည်။
‘ကြမ်းတမ်းခြင်း’က နက်နဲစွမ်းအင်ကို အလွန်အကျွံသုံးစွဲသောကြောင့်
ဤသုံးရက်အတွင်း သူတတ်နိုင်သမျှ နက်နဲသောစွမ်းအင်များ စုဆောင်းရမည်။
လော်မိသားစုခြံဝင်းတွင် ခက်ခဲသောတိုက်ပွဲတစ်ခုက သူ့ကို စောင့်ကြိုနေဖွယ်ရှိသည်။
သူ့တွင် နက်နဲစွမ်းအင် အလုံအလောက်ရှိနေသရွေ့တော့
သူ လော်ရှောက်ရှန်းကို ထပ်ပြီး ရင်ဆိုင်ရရင်တောင် မကြောက်တော့ချေ။
“ဝတုတ်လေး ဒီနတ်ဆိုးသားရဲကို မင်းဆီ လက်လွှဲလိုက်ပြီ”
“ညီမလေး လော်မိသားစုက မင်းကို ပေးထားတဲ့ သစ်သားနေရာပြားကို ဝတုတ်လေကို ပေးလိုက်ပါ။
ငါတို့ရဲ့ဟာကို မဖြည့်ခင် မင်းရဲ့ဟာကို အရင်ဖြည့်လိုက်ရအောင်” ဟု လော်ထျန်းက ပြောလိုက်သည်။
ညီမေလးသည် အဓိကပျက်စီးအောင် လုပ်သူဖြစ်သောကြောင့်
နတ်ဆိုးသားရဲ၏ ဦးခေါင်းသည် သူမအတွက်သာ ဖြစ်သင့်ပေသည်။
သစ်သားနေရာပြားသည် ‘ထျန်ရွှမ်’ဒေသကြီး၏ နက်နဲမှုအရှိဆုံး တိုင်းတာခြင်း သိုလှောင်ရေးပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။
အတွင်းရှိ နေရာလွတ်သည် အခန်းငယ်လေးတစ်ခန်းခန့်ရှိသည်။
ပြိုင်ပွဲဝင်အားလုံးကို နတ်ဆိုးသားရဲများ၏ ဦးခေါင်းများကို သိုလှောင်ရန်အတွက် တစ်ခုစီ ပေးအပ်ခဲ့သည်။
နတ်ဆိုးသားရဲကို သတ်ပြီးနောက် ၎င်း၏ဦးခေါင်းကို ဖြတ်ခြင်းသည် အမဲလိုက်မှုအတွက် သက်သေပြနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။
အဆင့် ၁ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပြိုင်ပွဲမှ ထွက်ခွာနိုင်ပြီး လော်မိသားစု၏ အဓိကတပည့် ဖြစ်လာနိုင်ပေသည်။
သို့သော် ပထမနေရာအတွက် ယှဉ်ပြိုင်လိုပါက နတ်ဆိုးသားရဲများကို ဆက်လက်သတ်ဖြတ်ရမည်။
အမဲလိုက်ပြိုင်ပွဲ၏ စည်းမျဉ်းများ -
အဆင့် ၁ နတ်ဆိုးသားရဲသည် ၁ မှတ်
အဆင့် ၂ နတ်ဆိုးသားရဲသည် ၅ မှတ်
အဆင့် ၃ နတ်ဆိုးသားရဲသည် ၁၀ မှတ်
အဆင့် ၄ နတ်ဆိုးသားရဲသည် ၁၀၀ မှတ်
အဆင့် ၅ နတ်ဆိုးသားရဲသည် ၁၀၀၀ မှတ် ဖြစ်သည်။
အဆင့် ၁ နတ်ဆိုးသားရဲသည် အလွန်အတွေ့များသော်လည်း
ပြိုင်ပွဲကွင်းအတွင်း၌ အဆင့် ၂ နတ်ဆိုးသားရဲကို ရှာရခက်သည်။
အဆင့် ၃ နတ်ဆိုးသားရဲနှင့် တွေ့ဆုံပါက သေခြင်းနှင့် ညီမျှသည်။
အဆင့် ၄ နှင့် အဆင့် ၅ နတ်ဆိုးသားရဲများသည် ‘ဝိညာဉ်တောင်တန်း’၏ နက်ရှိုင်းသောနေရာများ၌သာ ပေါ်လာမည်ဖြစ်ပြီး
ဆင်ခြေဖုံးများတွင် ပေါ်လာနိုင်ခြင်းမရှိချေ။
အဆင့် ၄ သို့မဟုတ် အထက်ရှိသော နတ်ဆိုးသားရဲများတွင် နတ်ဆိုးအနှစ်များ ရှိကြသည်။
နတ်ဆိုးအနှစ်များတွင် ကြွယ်ဝသော နက်နဲစွမ်းအင်များ ပါဝင်သည်။
ဤအရာများသည် သူတို့၏နှစ်ပေါင်းတစ်ထောင်ကျော် ပေါင်းစည်းထားသည့် တိုးတက်မှုအနှစ်သာရဖြစ်ပေသည်။
နတ်ဆိုးအနှစ်များ၏ စျေးနှုန်းသည် အနည်းဆုံး ကျောက်နက်၏ ဆယ်ဆရှိသည်။
၎င်းသည် ကျင့်ကြံသူများ၏ မျက်လုံးများတွင်
အမြင့်ဆုံးသော ရတနာဖြစ်ပြီး ရှာရန်မဖြစ်နိုင်လောက်သော ပစ္စည်းပင်ဖြစ်သည်။
နတ်ဆိုးအနှစ်များရှိသော နတ်ဆိုးသားရဲများသည် အားကြီးသော သတ္တဝါများ ဖြစ်ကြသည်။
အဆင့် ၅ နတ်ဆိုးသားရဲတစ်ကောင်သည် ‘ကျောက်စိမ်းတောင်မြို့တော်’တစ်ခုလုံးကို တစ်နေ့အတွင်း ပြားချပ်သွားစေနိုင်သည်။
လော်မိသားစု၏ အမဲလိုက်ပြိုင်ပွဲသမိုင်းတွင် ၎င်းသည် တစ်ခါမျှ ပေါ်မလာခဲ့ပေ။
အကြောင်းမှာ တစ်ကြိမ်ပေါ်လာပါက မိသားစုအတွက် ဖျက်ဆီးမည့် တိုက်ခိုက်မှုဖြစ်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။
လီရွှယ်အာသည် သူမ၏နေရာပြားကို ထုတ်မလာဘဲ
လေးလေးနက်နက်ဖြင့် “ကျွန်မ သွေးထွက်သံယိုရှိတဲ့ ခေါင်းတွေကို မလိုချင်ပါဘူး။
ကျွန်မက မင်းတို့ကို ကူညီပြီး သတ်ပေးနိုင်ပါတယ် ဒါပေမဲ့ ကျွန်မ မလိုချင်ဘူး မင်းတို့ အားလုံး ယူလိုက်လို့ရတယ်” ဟု ပြောလိုက်သည်။
လော်ထျန်းသည် လီရွှယ်အာကို ကြည့်ပြီး
သူမ အလွန်လေးနက်နေကြောင်း သိလိုက်သည်။
ထို့နောက်
“ဝတုတ်လေ ငါတို့ မင်းရဲ့နေရာပြားကို အရင်ဖြည့်လိုက်ကြရအောင်” ဟု ပြောလိုက်သည်။
“ရပြီဗျို့”
ဖန်လေသည် ‘သတ္တုအရေခွံဝက်’ကို ကောက်ယူပြီး
သူ့ဓားမကို ထုတ်ကာ ခုတ်လိုက်သည်။
‘သတ္တုအရေခွံဝက်’၏ ခေါင်းပြုတ်သွားသည့်အချိန်မှာပင်
သူသည် သွေးအနှစ်အားလုံးကို စတင်စုပ်ယူလိုက်သည်။
သွေးအနှစ်သည် သူ့ပါးစပ်ထဲသို့ ဝင်သွားသောအခါ
ဖန်လေ၏ မျက်နှာသည် နီရဲလာပြီး
စက္ကန့်အနည်းငယ်အတွင်းတွင် ပုံမှန်ပြန်ဖြစ်သွားသည်။
လော်ထျန်းက ဝတုတ်လေး၏ ပါးစပ်သည် မည်မျှ အစွမ်းထက်သည်ကို အံ့ဩနေမိသည်။
သူ့မျက်လုံးများတွင် ရမ္မက်ကြီးခြင်းကို မြင်သောအခါ
သွေးအနှစ်ကို နှစ်သက်ရုံမျှသာ မဟုတ်ဟု လော်ထျန်းက ခန့်မှန်းလိုက်သည်။
၎င်းသည် ကာမဂုဏ်ရမ္မက်နှင့် တူသည်။
လီရွှယ်အာ သူ့ရှေ့တွင် ကိုယ်တုံးလုံးဖြစ်နေပါက
လော်ထျန်း ရမ္မက်ထန်နေသကဲ့သို့ပင် ဖြစ်သည်။
လီရွှယ်အာသည် ထိုအရာကို ကြည့်ပြီး အန်ချင်လာသော်လည်း
သူမ ဘာမှမပြောပေ။
အချိန်က တန်ဖိုးရှိသောကြောင့်
လော်ထျန်းလည်း မေးခွန်းများ မမေးတော့ပေ။
“ငါ အရင်သွားပြီး ရှာလိုက်မယ် မင်းတို့ နောက်က လိုက်ခဲ့”
လော်ထျန်းသည် မှောင်မိုက်နေသော တောအုပ်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
လီရွှယ်အာသည် လော်ထျန်းကို နတ်ဆိုးသားရဲများ တိုက်ခိုက်မည်ကို ကြောက်ရွံ့နေသောကြောင့်
သူ့နောက်သို့ အလျင်အမြန် လိုက်သွားသည်။
ဖန်လေသည် သူ၏သွေးများပေကျံနေသော ပါးစပ်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် သုတ်လိုက်သည်။
သူ့ခေါင်းပြောင်ပေါ်တွင် အနီရောင်အလင်းတန်းတစ်ခုကို ခဏတာ မြင်လိုက်ရသည်။
နတ်ဆိုးသားရဲ၏ ပုံစံသည် သူ၏ဦးခေါင်းပေါ်တွင် ပေါ်လာပြီး
ရှေးဟောင်းသားရဲ၏ ကြမ်းတမ်းသော ခံစားမှုတစ်ခုကို ပေးစွမ်းပြီးနောက် ပျောက်ကွယ်သွားသည်။
“ညီမလေး နောက်ဆုတ်လိုက် ငါ လုပ်မယ်”
“ထိုးလိုက်”
“ဒင် ကစားသမား ဂုဏ်ယူပါတယ်…”
“ထိုးလိုက်”
“ထိုးလိုက်”
နတ်ဆိုးသားရဲများသည် အမြဲတမ်း သေလုနီးနီး အခြေအနေရောက်ရှိနေပြီးနောက်မှ သတ်ပစ်ခံရသည်။
လီရွှယ်အာသည် သူမ၏ဓားဖြင့် ရိုက်သွင်းပြီး
လော်ထျန်းက လက်သီးဖြင့် လိုက်ထိုးသည်။
နတ်ဆိုးသားရဲများ ဆက်သေလေလေ အတွေ့အကြုံများ ပိုစုပြုံလာလေဖြစ်သည်။
၎င်းတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုလိုက်ဖက်လာသည်။
နှစ်နာရီကြာအောင် သတ်ဖြတ်ပြီးနောက်
၎င်းတို့သည် နတ်ဆိုးသားရဲ ဆယ်ကောင်ကျော်ကို ရှင်းလင်းပြီးပြီ။
အတွေ့အကြုံများ ပေါများလညသည့်အပြင်
လော်ထျန်း၏ နက်နဲစွမ်းအင်သည် အမှတ်တစ်ထောင်နီးပါး ရရှိထားသည်။
ဤအရာသည် အလွန်အံ့ဩစရာကောင်းသည်။
ထိုသို့ဆက်သွားပါက သူသည် ငါးနာရီအတွင်း အဆင့်တက်မည်
လော်ထျန်းသည် သူ့စိတ်ထဲမှ “ဒီညီမလေးက တကယ့်ကို အံ့မခန်းပဲ” ဟု သက်ပြင်းချလိုက်မိတော့သည်။