← Chapters

ဇီချင်း၏ လမ်းစဉ်

Vol. 120 Ch. 1833

ဇီချင်း၏ လမ်းစဉ်

Vol. 120 Ch. 1833

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက သေဆုံးသွားသည်။

သူက အသင်္ချေမျိုးနွယ်စုများ၏ လက်ထဲမှာ သေဆုံးသွားခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား သူက သူ့ကိုယ်သူ ယဇ်ပူဇော်လိုက်ပြီး ရှေးဦးအပျက်အစီး၏ အကြည့်အောက်မှာ ပြာမှုန်ဖြစ်သွားခဲ့သည်။

ဤဘဝမှ မကျေမချမ်းစိတ်ဆန္ဒ ကိန်းအောင်းနေသော သူ၏ ဦးခေါင်းခွံသာလျှင် ပြာမဖြစ်သွားဘဲ စစ်မြေပြင်ပေါ်မှာ ကျန်နေခဲ့သည်။

ယင်းက သူချန်ထားခဲ့သော တစ်ခုတည်းသောပစ္စည်း ဖြစ်သည်။

သူနှင့်အတူ ထွက်သွားခဲ့သည်မှာ…

ပိုင်ရှောင်ကျိုးအပါအဝင် ကျစ်လွီဆဲ့တိုင်းပြည်တစ်ခုလုံးမှ မကျေမချမ်းဝိညာဉ်များ ဖြစ်ကြသည်။

သူတို့ထွက်သွားသည့်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းလာသည်။

မိုးရွာသွန်းမှုက ဝမ်ကူးကုန်းမြေထဲမှာ တစ်လနီးပါး ကြာမြင့်ခဲ့သည်။

မြူခိုးသည် ဝမ်ကူးကုန်းမြေကို တစ်လကြာ ဖုံးကွယ်ထားခဲ့သည်။

လူသားမျိုးနွယ်၏ နန်းမြို့တော်တွင် လူသားဧကရာဇ်ကျင့်ယွင်သည် တော်ဝင်ညီလာခံကို မတတ်ရောက်ခဲ့ပေ။ သူက ရက်အနည်းငယ်ကြာ တစ်ယောက်တည်း ထိုင်နေပြီး တောင်ပိုင်းဆီသို့ ငေးကြည့်နေလေ့ရှိသည်။

ယင်းက တစ်စုံတစ်ယောက် နန်းဟွမ်ကုန်းမြေဆီသို့ သွားရောက်ပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ ဦးခေါင်းခွံကို မကောက်ယူခင်အထိ ကြာမြင့်ခဲ့သည်။ ကျင့်ယွင်သည် ဦးခေါင်းခွံကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးမှုဖြင့် သက်ပြင်းချလိုက်သည်။ စိတ်မကောင်းဖြစ်သော ခံစားမှုက သူ၏ နှလုံးသားထဲမှ ပေါ်လျှိုးလာသည်။

ထို့နောက် သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားအတွက် အထိမ်းအမှတ်အုတ်ဂူကို ဆောက်လုပ်ခဲ့ပြီး အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယင်းက အနာဂတ်တွင် သူသေဆုံးသွားသည့်အခါ သူ၏ ရုပ်အလောင်းကို ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အထိမ်းအမှတ်အုတ်ဂူဘေးမှာ မြှုပ်နှံပေးရန် ဖြစ်သည်။

ထိုသို့ဖြင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ ဂုဏ်ကျက်သရေက နိဂုံးချုပ်သွားသည်။

ကျစ်လွီဆဲ့တိုင်းပြည်က သမိုင်းဇာတ်ကြောင်း ဖြစ်လာသည်။ အသင်္ချေမျိုးနွယ်စုများ၏ ဖုံးဖိမှုကြောင့် ကျစ်လွီဆဲ့တိုင်းပြည်၏ တည်ရှိမှုက ကောလဟာလတစ်ခုဖြစ်လာပြီး နောက်ဆုံးမှာ သမိုင်းထဲ၌ ပျောက်ကွယ်သွားသည်။

ထိုထဲမှာ ကျစ်လွီဆဲ့တိုင်းပြည်ထဲမှ နန်းတော်များလည်း ပါဝင်ကြသည်။ ယင်းတို့အားလုံးက အပျက်အစီးပုံများ ဖြစ်လာကြပြီး ဖုန်မှုန့်များအဖြစ် သမိုင်းထဲမှာ မြှုပ်နှံခံလိုက်ကြရသည်။

ကျစ်လွီဆဲ့တိုင်းပြည်၏ အစောပိုင်းနှစ်များတွင် တိုင်းပြည်မှ ထွက်ခွာသွားခဲ့ကြသော ပြည်သူပြည်သားတချို့သာလျှင် ကျစ်လွီဆဲ့မျိုးဆက်သွေးကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြသည်။

သူတို့ထဲမှ တချို့က နန်းဟွမ်ကုန်းမြေဆီသို့ ပြောင်းရွှေ့သွားကြသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

လူသားဧကရာဇ်ကျင့်ယွင် သေဆုံးသွားပြီးနောက် နောက်ထပ် လူသားဧကရာဇ်အသစ်တစ်ပါးက အောင်မြင်စွာ နန်းတတ်သွားသည်။

အသင်္ချေမျိုးနွယ်စုများ၏ အင်အားက တစ်နှစ်ထက်တစ်နှစ် ပိုပြီးကြီးထွားလာသည့်အခါ လူသားမျိုးနွယ်၏ အသက်ရှင်သန်မှုက ပိုပြီးခက်ခဲကျပ်တည်းလာသည်။

နန်းဟွမ်ကုန်းမြေမှ ကျစ်လွီဆဲ့ပြည်သူပြည်သားများသည် တိုးတတ်ကြီးပွားရန် အလုပ်ကြိုးစားခဲ့ကြသည်။ မျိုးဆက်ပေါင်းများစွာ အလုပ်ကြိုးစားပြီးသည့်နောက် သူတို့က နောက်ဆုံးမှာ ကျစ်လွီဆဲ့တိုင်းပြည်အသစ်ကို တည်ထောင်နိုင်သွားကြသည်။

သို့သော်လည်း ကံမကောင်းစွာပင် ကျစ်လွီဆဲ့တိုင်းပြည်က ကျိန်စာသင့်နေဟန် ရ၏။ နှစ်ပေါင်းများစွာကြာပြီးနောက် နန်းဟွမ်ကုန်းမြေမှ ကျစ်လွီဆဲ့တိုင်းပြည်သည် ရှေးဟောင်းမျိုးနွယ်စုကြီးသုံးခု၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှာ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။

ခရမ်းနယ်မြေဟူသော နာမည်သည် နန်းဟွမ်ကုန်းမြေ၏ ကျစ်လွီဆဲ့တိုင်းပြည်ထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား သေဆုံးသွားခဲ့သော ပြိုင်ဘက်ကင်းလွင်ပြင်သည်တော့ ယင်းက အချိန်ကြာလာသည်နှင့်အမျှ ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာနှင့် အတူတကွ ဆက်နွယ်သွားဟန် ရသည်။

မြို့တစ်မြို့က ထိုနေရာမှာ ပေါ်ထွန်းလာသော်လည်း စစ်ပွဲ၏ သက်ရောက်မှုအောက်မှာ အပျက်အစီးပုံဖြစ်သွားခဲ့သည်။

ထို့နောက် ရတနာမုဆိုးစခန်းများ ထွက်ပေါ်လာကြသော်လည်း သူတို့က အချိန်ကြာကြာ မတည်တံ့နိုင်ခဲ့ကြပေ။

ယင်းက လူသားမျိုးနွယ်၏ ရွှမ်ကျန်းပြက္ခဒိန် (၂၇၇၁)ခုနစ်ထိ ကြာမြင့်ခဲ့သည်။

ထိုနှစ်တွင် လေလွင့်ကျင့်ကြံသူအုပ်စုတစ်စုသည် ပြိုင်ဘက်ကင်းလွင်ပြင်ဆီသို့ ရောက်ရှိလာသည်။ သူတို့က ထိုနေရာမှာ တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံရန် ရိုးရှင်းသော ခြံဝန်းတစ်ခုကို တည်ဆောက်ခဲ့ကြသည်။

တစ်ချိန်တည်းမှာ သူတို့က သန္ဓေပြောင်းသားရဲများ၏ ညှဉ်းပန်းနှိပ်စက်ခံနေရသော လူသားများအပေါ် သနားကြင်နာခဲ့ကြသည်။

ရလဒ်အနေဖြင့် ထိုနေရာမှာ နေအိမ်အများကြီး တိုးပွားလာပြီး နောက်ဆုံးမှာ ယင်းက မြို့တစ်မြို့အရွယ်အစားထိ ကြီးမားသွားသည်။

မြို့ထဲမှ လူများသည် ယင်းကို ပြိုင်ဘက်ကင်းမြို့တော်ဟု ခေါ်ဆိုကြသည်။

…..

ရွှမ်ကျန်းပြက္ခဒိန်၏ (၂၉၁၈)ခုနစ်…

နန်းဟွမ်ကုန်းမြေ၏ ထျန်းချီပြက္ခဒိန် (၁၂၅)ခုနစ်တွင်…

ဆယ်စုနှစ်ပေါင်းများစွာ ဖွင့်ဖြိုးတိုးတတ်လာခဲ့သော ပြိုင်ဘက်ကင်းမြို့တော်သည် ယခု ဤဖရိုဖရဲလောကထဲမှာ အတော်အသင့် နာမည်ရလာသည်။ ယင်းက ပြိုင်ဘက်ကင်းလွင်ပြင်တစ်ခုလုံးတွင် အကြီးမားဆုံးမြို့ ဖြစ်သည်။

ထို့ပြင် ယနေ့သည် ပြိုင်ဘက်ကင်းမြို့တော်၏ နေ့ထူးနေ့မြတ် ဖြစ်သည်။

ထို့ကြောင့် မြို့တော်ထဲမှာ သွားလာလှုပ်ရှားနေသူများဖြင့် စည်ကားသိုက်မြိုက်နေသည်။

ဇီချင်းသည် ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ကို အနောက်မှာ စည်းနှောင်ထားသည်။ သူက လူအုပ်ကြားထဲမှာ တစ်ယောက်တည်း လမ်းလျှောက်နေသည်။

အစောနက သူဝယ်ယူခဲ့သော သူ၏ လက်ထဲမှ သကြားချောင်းက အနွေးဓာတ်တချို့ကို ထုတ်လွှတ်နေဆဲပင်။ မွန်းတည့်ချိန်နေ၏ အလင်းရောင်အောက်မှာ သူ၏ လက်ထဲမှ သကြားချောင်းက နီရဲတောက်ပသော အလင်းကို ရောင်ပြန်နေသည်။

လေထဲမှာ သကြား၏ ချိုမြိန်မှုနှင့် ပြည်နှက်နေဟန် ရ၏။ ထို့ပြင် မီးလောင်ကျွမ်းနေသော ဈာပနအဆောင်စာရွက်များထံမှ မီးခိုးငွေ့နှင့် လူအုပ်ကြီးထံမှ နံဟောင်သော ချွေးနံ့သည်လည်း လေထဲမှာ ပျံ့နှံ့နေသည်။ ယင်းတို့အားလုံးက လေထဲမှာ အတူတကွ ယှက်ထွေ‌နေပြီး သူ၏ ဘေးပတ်ပတ်လည်မှာ ရစ်သိုင်းနေသည်။

ယနေ့သည် နတ်ဘုရားကို ကိုးကွယ်ပူဇော်သည့်နေ့ ဖြစ်သည်။

ပွဲတော်ကြောင့် လူတိုင်းက ဈေးလမ်းထဲမှာ တိုးကြိတ်သွားလာနေကြသည်။

လူအုပ်ကြားထဲတွင် ဇီချင်းက တည်ငြိမ်သော အမူအရာဖြင့် ရှိနေသည်။ သူက ဈေးလမ်းထဲမှ လူအုပ်ကြီးကို ကြည့်လိုက်သည့်အခါ ရင်းနှီးကျွမ်းဝင်သော လေထုကို ခံစားမိသွားသည်။

“ အရသာရှိတဲ့ သကြားချောင်းတွေ ရမယ်ဗျို့ ”

လမ်းဘေးဈေးသည်တစ်ယောက်၏ အော်သံက ဈေးလမ်းတစ်လျှောက် ဆူဆူညံညံ ပဲ့တင်ထပ်နေသည်။

“ နောက်နှစ်ကျရင် ပိုပြီးဈေးရောင်းကောင်းမယ်လို့ ငါမျှော်လင့်တယ်…”

အဖွားအိုတစ်ယောက်၏ တီးတိုးစကားသံက စားသောက်ဆိုင်ထဲမှ ပျံ့လွင့်လာသည်။

“ အားလုံးပဲ… ညီညီညာညာ တန်းစီကြပါ… မစုပြုံကြပါနဲ့ ”

မြို့စောင့်တပ်သားများက ကျယ်လောင်စွာ အော်ပြောနေသော်လည်း သူတို့၏ အော်သံက လူအုပ်ကြီး၏ ပရမ်းပတာ ရွေ့လျားမှုကို မတားဆီးနိုင်ပေ။

“ အကိုတို့ အမတို့ခင်ဗျာ… ကျုပ်ရဲ့ ဈေးဆိုင်ထဲ တစ်ချက်လောက် ဝင်ကြည့်သွားကြပါဦး… ဒီဈာပနငွေစက္ကူက အရောင်သုံးရောင်မီးခိုးငွေ့ကို ထုတ်လွှတ်ပေးနိုင်ပါတယ် ”

စက္ကူဆိုင်ပိုင်ရှင်က သူ၏ လက်ထဲမှ နမူနာစက္ကူကို ဝှေ့ယမ်းပြနေသည်။

မရေမတွက်နိုင်သော အသံများက မထင်ရှားသော နွေးထွေးမှုစီးကြောင်းတစ်ခုအဖြစ် စုဝေးသွားကြပြီး ဇီချင်း၏ နားထဲသို့ ဝင်ရောက်လာသည်။

သူ၏ လက်ချောင်းများက သူ့လက်ထဲမှ သကြားချောင်းတုတ်၏ မာကျောမှုနှင့် အေးစက်မှုကို ခံစားမိသွားသည်။ ထိုစဉ် သူ၏ အကြည့်က လူအုပ်ကြီးကို ဖြတ်ကျော်သွားပြီး သူရင်းနှီးကျွမ်းဝင်သော အဝေးမှ ပုံရိပ်တချို့ပေါ်သို့ ကျရောက်သွားသည်။

သူတို့က ဤဘဝမှ သူ၏ အဖေ၊ အမေနှင့် ညီလေးဖြစ်ကြသည်။ ညီလေးကို အမေက ချစ်ခင်ကြင်နာစွာ ပွေ့ချီထားသည်။

သူတို့ကို လှမ်းကြည့်နေစဉ် အတိတ်ကို လွမ်းဆွေးသတိရသော အရိပ်အယောင်တစ်စွန်းတစ်စက ဇီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ထိုလွမ်းဆွေးသတိရမှုက သေမျိုးလောကမှ မီးခိုးငွေ့နှင့် ဆင်တူသည်။ ယင်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း လေတိုက်ခတ်မှုကြောင့် အဝေးသို့ လွင့်ပြယ်သွားသည်။

“ အချိန်ပြည့်တော့မယ်… ငါတို့ အမြန်ပြေးရအောင် ”

ကလေးတချို့သည် သစ်သားအရုပ်များကို လက်ထဲမှာ ကိုင်ထားလျက် ဇီချင်းကို လေကဲ့သို့ ဖြတ်ကျော်သွားကြသည်။ သူတို့က မြို့အလယ်ခေါင်၌ ထောင်မတ်နေသော ယဇ်ပလ္လင်ဆီသို့ ပြေးသွားနေကြသည်။

ထို့ကြောင့် ဇီချင်းက မျက်လုံးမှိတ်လိုက်သည်။ နောက်တစ်ကြိမ် သူမျက်လုံးပြန်ဖွင့်လိုက်သည့်အခါ အဝေးမှ သူ့အမေက သူ၏ အကြည့်ကို သတိထားမိသွားဟန် ရ၏။

ညီလေးကို ပွေ့ချီထားသော သူ့အမေက အနောက်သို့ လှည့်လိုက်သည်။ သူ၏ အကြည့်က လူအုပ်ကြီးကို ဖြတ်သန်းသွားပြီး သကြားချောင်းကို ကိုင်ထားသော သူ၏ သားကြီးပေါ်သို့ ကျရောက်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ သားကြီးက ထူးဆန်းစွာ တည်ငြိမ်နေသည်။

နူးညံ့သိမ်မွေ့သော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဇီချင်းကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

သူ၏ လက်မောင်းပေါ်မှ သားငယ်သည်လည်း အနောက်လှည့်လိုက်သည်။ ခုနစ်နှစ်အရွယ်သာရှိသေးသော ကလေးငယ်၏ မျက်နှာက နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သည်။ သူ၏ မျက်လုံးများက ကြည်လင်သည်။ သူ၏ မျက်လုံးထဲမှာ သကြားချောင်း၏ အနီရောင်အလင်းက ရောင်ပြန်နေပြီး စိတ်အလိုမကျသော အရိပ်အယောင်တချို့လည်း ရှိနေသည်။

ကလေးငယ်က သူ၏ အကိုကြီးနှင့် သူ့လက်ထဲမှ သကြားချောင်းကို မြင်သွားသောအခါ မျက်လုံးဝင်းလက်သွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ ကြည်လင်သော မျက်လုံးက မြန်ဆန်စွာ စိုစွတ်သွားသည်။ သူ၏ မျက်လုံးက နီရဲလာပြီး အော်ငိုသံက သူ၏ သေးငယ်သော ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။

“ အို ဒီကလေးကတော့… ဘာလို့ မျက်လုံးနီလာပြန်တာလဲ ”

သူ့အဖေက ပြုံးလိုက်ပြီး အကူအညီမဲ့သော လေသံဖြင့် ပြောသည်။

သူ့အမေ၏ အသံသည်လည်း ပဲ့တင်ထပ်လာသည်။

“ ချင်းအာ… သားက ယောင်္ကျားမဟုတ်ဘူးလား… သားအကို ထွက်သွားတာကို မြင်တဲ့အခါ မငိုရဘူးလေ ”

“ ဟိုးကို ကြည့်လိုက်… မကြာခင် ယဇ်ပူဇော်မှုကို စတင်ကြတော့မှာ ”

ထိုစကားများက ဇီချင်း၏ နားထဲသို့ ဝင်ရောက်လာသည့်အခါ သူ၏ အကြည့်က သူ့အမေ၏ နူးညံ့သိမ်မွေ့သော ပုံရိပ်၊ သူ့အဖေ၏ ကျယ်ပြောသော ပခုံးနှင့် သူ့ညီလေး၏ မျက်ရည်စိုစွတ်နေသော မျက်လုံးကို ဖြတ်ကျော်သွားသည်။

နောက်ဆုံးမှာ သူ၏ အကြည့်က ယဇ်ပလ္လင်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူ၏ အကြည့်က ကောင်းကင်ဘုံကိုးခု၏ အပေါ်မှာ ထာဝရတည်ရှိနေသော အေးတိအေးစက် မျက်နှာပျက်ကြီးအပေါ်သို့ ရွှေ့ပြောင်းသွားသည်။

“ အချိန်ကျပြီ ”

ဇီချင်းက နူးညံ့စွာ ပြောသည်။

သူက သကြားချောင်းကို ကိုင်ထားလျက် တိတ်တဆိတ် ဇာတ်ပွဲကြည့်သူပမာ အရှေ့သို့ လျှောက်သွားသည်။

သူက ဤဘဝမှ သူ၏ မိသားစုဆီသို့ လျှောက်သွားသည်။ သူက သူ့လက်နှင့် ကိုယ်တိုင်ရွေးချယ်ခဲ့သော ယဇ်ပလ္လင်ဆီသို့ လျှောက်သွားသည်။

ယဇ်ပလ္လင်ပေါ်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော နတ်ဆရာက သူ၏ လက်နှစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်သည်။ သူ၏ တမူထူးခြားသော အေးတိအေးစက်အသံက လောက၏ အဆုံးသတ်ကို ကြေညာနေသော နှဲမှုတ်သံပမာ ပျံ့လွင့်သွားသည်။ ယင်းက မြို့တော်ထဲမှ လူတိုင်းကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။

“ ထျန်းချီပြက္ခဒိန်ရဲ့ (၁၂၅)ခုနစ်… တောင်ပိုင်းဖီးနစ်ရဲ့ တစ္ဆေပွဲတော်ညမှာ… ”

“ ငါတို့ပုရွက်ဆိတ်တွေက ရွှမ်ဒူမြေပေါ်မှာ ဝပ်တွားရင်း… နတ်ဘုရားမျက်နှာပျက်ကြီးဆီ လက်ဆောင်ပဏ္ဏာ ဆက်သလိုက်ပါတယ်… ”

နတ်ဆရာ၏ စကားသံက ကျယ်လောင်စွာ ပျံ့လွင့်သွားနေစဉ် ဇီချင်းက အရှေ့သို့ ဆက်လျှောက်သွားပြီး တည်ငြိမ်စွာ ခေါင်းမော့လိုက်သည်။

သူ၏ အကြည့်က နတ်ဆရာ၏ တဖျပ်ဖျပ်လှုပ်ခတ်နေသော အနီရောင်ဝတ်စုံကို ဖောက်ထွင်းသွားပြီး ယဇ်ပလ္လင်ပေါ်တွင် အသတ်ခံရန် စောင့်ဆိုင်းနေကြသော အကျဉ်းသားတစ်ရာ၏ ကြောက်ရွံ့နေသော မျက်နှာများကို ဖြတ်သန်းသွားကာ ကောင်းကင်ပေါ်မှ မထူးမခြားနား ဧရာမမျက်နှာပျက်ကြီးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုမျက်နှာပျက်ကြီးသည် ယခင်အတိုင်း အေးစက်နေပြီး မပြည့်စုံသေးပေ။

သို့သော်လည်း သူတို့ကြားမှ သဘောတူညီမှုက မကြာခင် စတင်တော့မည်ဖြစ်ကြောင်း သူသိသည်။

အတိတ်မှာ နတ်ဘုရားမျက်နှာပျက်ကြီးထံသို့ သူ့ကိုယ်သူ ယဇ်ပူဇော်ခဲ့စဉ်က အနာဂတ်တွင် သူပြန်မွေးဖွားလာသည့်အခါ သူမြင်မြင်သမျှ အရာအားလုံးကို ယဇ်ပူဇော်ပစ်မည်ဟု ပြောခဲ့သည်။

ထိုစကားက ဤအခိုက်အတန့်မှာ ကမ္မပဲ့တင်ပြန်မှုကို ဖြစ်ပေါ်လာစေသည်။

“ မိုးပြာရောင်နဂါးက ကောင်းကင်ကနေ ဆင်းသက်လာတဲ့အခါ အနက်ရောင်လိပ်က ကုန်းမြေပေါ် တတ်လာတယ်… ပထမဆုံး မင်းမျက်လုံးဖွင့်လိုက်တဲ့အခါ အနီရောင်နေလုံးက သတ္ထုတွေကို အရည်ပျော်စေပြီး ရေကန်တွေကို ခမ်းခြောက်စေတယ်… ကြယ်တွေက သတ္ထုမျှားတွေအဖြစ် ခွဲထွက်သွားပြီး တောအုပ်ကို ဖောက်ထွင်းသွားတယ် ”

ကမ္မပဲ့တင်ပြန်မှု ဖြစ်ပေါ်လာနေစဉ် နတ်ဆရာ၏ ရွတ်ဆိုမှုက ပိုပြီးကျယ်လောင်လာသည်။

ထို့ကြောင့် ဇီချင်း၏ အကြည့်က သူ၏ မိဘများနှင့် သူ၏ ညီလေးပေါ်သို့ ပြန်ရောက်သွားသည်။

သူ့အဖေက တစ်စုံတစ်ခုကို အာရုံခံမိသွားကြောင်း ဇီချင်း မြင်လိုက်သည်။ သူ့အဖေက မျက်မှောင်ကြုတ်လိုက်ပြီး ဘေးသို့ ချက်ချင်း လှည့်ကာ သူ၏ ဇနီးနှင့် ကလေးကို သူ့အနောက်မှာ ကာကွယ်ပေးလိုက်သည်။

သူ့အမေက ညီလေးကို ပွေ့ချီထားသည်။ သူ့အမေ၏ မျက်နှာက ကလေးအတွက် နူးညံ့သိမ်မွေ့နေသော်လည်း နတ်ဆရာ၏ စကားများက သူ့အပေါ် စိတ်မသက်မသာဖြစ်စေကြောင်း ထင်ရှားပေသည်။

သူ၏ ညီလေးက ညှိုးမှိုင်သော လေထုကြောင့် ကြောက်လန့်သွားပုံပေါ်သည်။ သူ၏ မျက်နှာသေးသေးလေးက သူ့အမေ၏ ရင်ဘက်ပေါ်မှာ နစ်မြုပ်သွားသည်။

သူတို့ကို ငေးကြည့်နေစဉ် ဇီချင်း၏ နှလုံးသားက သေခြင်းတိတ်ဆိတ်မှုနှင့်အတူ အေးခဲသွားသည်။ ယခု သူက မည်သည့်လှိုင်းဂယက်မှ၊ မည်သည့်စိတ်ခံစားချက်ကိုမှ မစားမိတော့ပေ။ သဘောတူညီမှုကို ပြီးမြောက်ချင်သည့် စိတ်ဆန္ဒသာလျှင် သူ့မှာ ရှိသည်။

သူ၏ လက်ထဲမှ သကြားချောင်း၏ နွေးထွေးမှုက တစ်စတစ်စ လွင့်ပြယ်သွားနေသည်။ သကြားချောင်းတုတ်က သူ၏ လက်ဖဝါးကဲ့သို့ အေးစက်လာသည်။

“ ဒီနေ့… အပျက်အစီးနေရာတွေမှာ တစ္ဆေမီးတောက်တွေ လောင်ကျွမ်းနေတုန်းပဲ… သက်ရှိတွေက သုသာန်မြေကို စားသုံးနေကြတယ်… သွေးက မင်းရဲ့ မျက်တောင်ထဲမှာ အေးခဲနေတယ်… သေမျိုးတွေရဲ့ နောက်ဆုံးအသက်ရှူငွေ့က မင်းရဲ့ မျက်လုံးထဲမှာ ပုံရိပ်ပြန်နေတယ် ”

နတ်ဆရာက အော်ပြောလိုက်သည်။

“ နတ်ဘုရား ”

“ မင်းရဲ့ သွားကြားထဲကနေ စိမ့်ထွက်လာတဲ့ အကြွင်းအကျန်တွေက ငါတို့ကို အသက်ရှင်နိုင်စေမယ့် ရိက္ခာတွေပါ… မင်းရဲ့ မျက်နှာအရိပ်က သေမျိုးတွေကို ကပ်ဘေးကနေ လွတ်မြောက်စေနိုင်ပါတယ် ”

“ ဒီနေ့… အကျဉ်းသားတစ်ရာကို ငါတို့ပေးလှူပါတယ်… မင်းရဲ့ မျက်လုံးကို ထွန်းလင်းဖို့ သူတို့ရဲ့ မျက်လုံးတွေကို ငါတို့ဖြတ်တောက်ပါမယ်… မင်းရဲ့ မျက်တောင်ကို ချိပ်ပိတ်ဖို့ သူတို့ရဲ့ အသက်ကို ငါတို့ဖြတ်တောက်ပါမယ် ”

နတ်ဆရာ၏ လက်နှစ်ဖက်က ခေါင်းဖြတ်ဓားများသဖွယ် လေထဲမှာ အကြမ်းပတမ်း ဝှေ့ယမ်းသွားသည်။ ထို့နောက် သူက ယဇ်ပလ္လင်ပေါ်မှာ ဒူးထောက်နေကြသော အကျဉ်းသားများထံသို့ ညွှန်ပြလိုက်သည်။

“ နတ်ဘုရား… ထာဝရ အိပ်စက်တော်မူပါ ”

“ နတ်ဘုရား… ထာဝရ အိပ်စက်တော်မူပါ ”

“ နတ်ဘုရား… မျက်လုံးမဖွင့်ပါနဲ့ ”

ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော အသံများက လေထဲမှာ ပေါင်းစည်းသွားပြီး အသံဒီရေလှိုင်းအဖြစ် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

မြို့တော်ထဲမှ လူတိုင်းက သံပြိုင်အော်ပြောနေကြစဉ် လူအုပ်ကြားထဲမှ ဇီချင်းက တီးတိုးရေရွတ်လိုက်သည်။

“ ငါပြန်လာပြီ ”

“ ငါမြင်လိုက်တဲ့ အရာအားလုံးနဲ့ အရင်ဘဝက ငါ့ကတိကို ဖြည့်ဆည်းမယ် ”

ထိုစကားကို သူပြောလိုက်သည့်အခိုက်…

ကောင်းကင်ပေါ်တွင် ရှေးခေတ်ကတည်းက မှိတ်ထားသော နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်ခွံပေါ်မှာ အသူရာချောက်နက်သဖွယ် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

၎င်း၏ မျက်လုံးထဲမှာ မည်သည့်အလင်းရောင်မှ၊ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ မွန်မြတ်သန့်စင်ပြီး အေးစက်သော ဗလာနတ္ထိဟင်းလင်းပြင်သာလျှင် ရှိသည်။ ဤအခိုက်အတန့်မှာ တုနှိုင်းမဲ့‌သော အဖျက်စွမ်းအားက ထိုမျက်လုံးထံမှ ဆင်းသက်လာသည်။

သဘောတူညီမှုကို ဖြည့်ဆည်းလိုက်သည်။

ဗုန်း…

အမြစ်ဖြတ်သုတ်သင်မှု၏ တိတ်တဆိတ် ပေါက်ကွဲမှုက ဇီချင်း၏ စိတ်ဝိညာဉ်ကို ရုတ်တရက် တုန်လှုပ်သွားစေသည်။

သူ၏ မျက်စိအရှေ့မှ လောကက နိဂုံးချုပ်ရန် ကံပါလာသည်။

နတ်ဘုရားမျက်နှာပျက်ကြီး၏ အေးတိအေးစက် အကြည့်အောက်မှာ ပြိုင်ဘက်ကင်းမြို့တော်ကို တည်ဆောက်ထားသော အုတ်များ၊ သစ်သားများ၊ လမ်းများနှင့် အရာဝတ္ထုအားလုံးက ချက်ချင်း ပြိုကျပျက်စီးသွားကြသည်။

ယင်းတို့က တိတ်တဆိတ် ဖျက်ဆီးခံလိုက်ကြရပြီး မီးခိုးရောင်ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် ဖုန်မှုန့်က သဏ္ဍာန်မဲ့လေဖြင့် ဆောင်ကြဉ်းခံလိုက်ရသည့်အလား ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

မြို့တစ်မြို့လုံးက သဏ္ဍာန်မဲ့ဧရာမလက်တစ်ဖက်၏ ယူဆောင်မှုအောက်မှာ ကမ္ဘာမြေပေါ်မှ နည်းနည်းချင်းစီ ဖယ်ရှားခံလိုက်ရသည်။

“ အဲ့ဒါ… အဲ့ဒါက… ”

“ နတ်ဘုရားက မျက်လုံးဖွင့်လိုက်တယ် ”

“ မဟုတ်ဘူး… ”

မရေမတွက်နိုင်သော အော်ဟစ်ငိုကြွေးသံများက သေခြင်းတိတ်ဆိတ်မှုကို ချက်ချင်း ဖယ်ရှားပစ်လိုက်ပြီး ပြိုင်ဘက်ကင်းမြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဇီချင်း၏ ဘေးပတ်ပတ်လည်မှ သက်ရှိတစ်ယောက်ပြီးတစ်ယောက်က အော်ဟစ်ညည်းညူလိုက်ကြပြီး စတင်ပုံပျက်တွန့်လိမ်သွားကြသည်။

အမျိုးသမီးတစ်ယောက်၏ အရေပြားက ဆုတ်ဖြဲခံလိုက်ရပြီး သူ၏ အရိုးများက အက်ကွဲသွားသည်။

ကလေးတစ်ယောက်၏ ခန္ဓာကိုယ်က အကန့်အသတ်ထိ ဖောင်းကားသွားပြီး နောက်ဆုံးမှာ ပေါက်ကွဲသွားသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် အသွေးအသားများက နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။

အဖိုးအိုတစ်ယောက်၏ ဦးခေါင်းက ဟက်တက်ကွဲသွားပြီး သူ၏ ဦးနှောက်က အပြင်ဘက်သို့ စီးကျလာသည်။

ထွားကြိုင်းသန်မာသော အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်အကြေးခွံများ ထွက်ပေါ်လာကြပြီး သူ၏ ပါးစပ်ထဲတွင် အစွယ်များ ရှည်ထွက်လာကြသည်။

တိတ်ဆိတ်ငြိမ်းချမ်းသော ပြိုင်ဘက်ကင်းမြို့တော်သည် အတိတ်မှ ဇီချင်း၏ သဘောတူညီမှုကို ဖြည့်ဆည်းရန် ဤအခိုက်အတန့်မှာ အသားကြိတ်ဆုံအဖြစ် ပြောင်းလဲသွားသည်။

သန္ဓေမပြောင်းလဲသူများက ပိုပြီးဆိုးဝါးသော အခြေအနေသို့ ကျရောက်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က သွေးမြူအဖြစ် တိုက်ရိုက် အက်ကွဲသွားပြီး လေထဲသို့ မြှောက်တတ်သွားသည်။ နောက်အခိုက်အတန့်မှာ သွေးမြူက သွေးမိုးစက်များအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြန်ကျဆင်းလာကြသည်။

ဇီချင်း၏ အေးတိအေးစက် အကြည့်က လေထဲမှ မီးခိုးရောင်ဖုန်မှုန့်နှင့် သွေးမြူကို ဖောက်ထွင်းသွားပြီး သူ့မိဘများနှင့် သူ့ညီလေး၏ ဦးတည်ရာသို့ ကျရောက်သွားသည်။

သူ့အဖေက ရုတ်တရက် အနောက်လှည့်လိုက်ပြီး သူ၏ ဇနီးနှင့် သားငယ်လေးကို ကာကွယ်ပေးရန် ကြိုးစားလိုက်ကြောင်း ဇီချင်း မြင်သွားသည်။ သို့သော်လည်း သူအနောက်လှည့်လိုက်သည့်အခိုက် ထိတ်လန့်မှုနှင့် စိတ်ဓာတ်ပြတ်သားမှုက သူ၏ မျက်နှာပေါ်မှာ အပြည့်အဝ မပေါ်လာမီ သူ့အဖေ၏ ခန္ဓာကိုယ်က ကျောက်ရုပ်သဖွယ် တောင့်တင်းသွားသည်။ ထို့နောက် သူ၏ လက်ချောင်းများမှစတင်၍ သူက တစ်လက်မချင်းစီ ဖုန်မှုန့်ဖြစ်သွားသည်။

ထိုလုပ်ငန်းစဉ်အတွင်းမှာ သူ၏ ပါးစပ်မှ မည်သည့်အော်သံမှ မထွက်ပေါ်လာချေ။ သူက လေထဲမှာ ဖုန်မှုန့်အဖြစ် လုံးဝ ပြောင်းလဲသွားပြီး ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။

ညီလေးကို ပွေ့ချီထားသော သူ့အမေကို ဇီချင်း မြင်လိုက်သည်။ သူ၏ နူးညံ့သိမ်မွေ့သော မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုက အစားထိုးထွက်ပေါ်လာသည်။ သူက သူ့ခင်ပွန်းပျောက်ကွယ်သွားသော နေရာဆီသို့ လှည့်ကြည့်ရန်ပင် အချိန်မရခဲ့ပေ။ ဤအခိုက်အတန့်မှာ သူ၏ ပိန်ပါးသော ခန္ဓာကိုယ်က…

မီးဖိုထဲသို့ ပစ်ထည့်ခံလိုက်ရသော ဖယောင်းတိုင်နှယ် သူ၏ ဦးခေါင်းထိပ်မှစတင်၍ သူက မြန်ဆန်စွာ အရည်ပျော်သွားသည်။

သူ့အမေ၏ အသွင်လက္ခဏာများဖြစ်သော အနက်ရောင်ဆံပင်၊ ဖြူဖျော့သော အရေပြားနှင့် သိမ်မွေ့သော မျက်လုံးများက စေးကပ်သော အနီရောင်အရည်အဖြစ် မြန်ဆန်စွာ အရည်ပျော်သွားကြသည်။ သွေးသည် သူ့လက်ထဲမှ ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်သို့ စီးကျသွားသည်။

“ အား… ”

သူ့ညီလေးက ကြောက်လန့်တကြား အော်လိုက်သည်။ အမေက မြန်ဆန်စွာ အရည်ပျော်သွားလေရာ ညီလေးက ပူနွေးသော သွေးအိုင်ထဲသို့ ပြုတ်ကျသွားသည်။ အနီရောင်သွေးက မြေပြင်ပေါ်မှာ စီးဆင်းသွားသည်။

ကလေးငယ်၏ ခန္ဓာကိုယ်က သွေးအိုင်ထဲမှာ လူးလွန့်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ သူ့အမေ၏ သွေးဖြင့် ရွှဲစိုနေသည်။

ထိုအခိုက်အတန့်မှာ လေထဲမှ မီးခိုးရောင်ဖုန်မှုန့်က ဈာပနအဆောင်စက္ကူများသဖွယ် ဖြစ်လာဟန် ရ၏။ ယင်းတို့က စေးကပ်သော သွေးမိုးနှင့် ရောယှက်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။

သေခြင်းက တိတ်တဆိတ် ဆင်းသက်လာသည်။ သန္ဓေပြောင်းလဲသွားသူများသည်ပင် သန္ဓေပြောင်းလဲမှု ပြီးဆုံးသွားပြီးနောက် ယိုယွင်းပျက်စီးသွားကြသည်။

သွေးမိုးက တဖြည်းဖြည်း ပိုပြီးသည်းထန်လာသည်။

မိုးရေထဲတွင် ဇီချင်းက ပူနွေးပြီး စေးကပ်သော သွေးမြေပေါ်သို့ ခြေချလိုက်သည်။ သူက သွေးအိုင်ထဲမှာ တုန်ယင်နေသော ကလေးငယ်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

နောက်ဆုံးမှာ သူက ကလေးငယ်၏ အရှေ့မှာ ရပ်လိုက်သည်။

သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ညီလေးကို ကြည့်လိုက်သည်။

ညီလေး၏ သေးငယ်သော ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေသည်။ သူ၏ ပါးလွှာသော အဝတ်အစားက သွေးမိုးရွာသွန်းမှုအောက်မှာ ရွှဲစိုနေသည်။ သူက သွေးပင်လယ်ဆီသို့ စွန့်ပစ်ခံလိုက်ရသော ကလေးငယ်တစ်ယောက်နှင့် ဆင်တူသည်။ သူ့ဆီမှာ တိတ်ဆိတ်မှု၊ ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုသာ ကျန်ရှိတော့သည်။

ဤအခိုက်အတန့်မှာ ဇီချင်း၏ အကြည့်အောက်တွင် ကလေးငယ်က ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။

သူ၏ သေးငယ်သော မျက်နှာပေါ်မှာ သွေးများ၊ မျက်ရည်နှင့် ဖုန်မှုန့်က ကပ်ညိပေကျံနေသည်။

တစ်ချိန်က ကြည်လင်ခဲ့သော သူ၏ မျက်လုံးထဲမှာ ယခု ဗလာနတ္ထိသာ ကျန်ရှိတော့သည်။ ယင်းတို့က စိတ်ပျက်အားငယ်ခြင်းဖြင့် ပြည့်နှက်နေသော ရေတွင်းနှစ်ခုနှင့် ဆင်တူသည်။

သူက ဝမ်းနည်းကြေကွဲစွာ ငိုရှိုက်နေရင်း တုန်တုန်ယင်ယင် ပြောသည်။

“ အကိုကြီး… အဖေနဲ့ အမေက… ”

သူ့ညီလေး၏ အသံကို ကြားသောအခါ ဇီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

သူ၏ လက်ထဲမှ သကြားချောင်းတုတ်က သူသတိမထားမိခင်မှာ သူ၏ လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်သွားခဲ့သည်။

ပူနွေးသော သွေးစက်များက သကြားချောင်းတုတ်မှ စီးကျလာပြီး မြေပြင်ပေါ်သို့ တတောက်တောက် ကျဆင်းသွားသည်။ သူ၏ သွေးစက်များက သူ့အမေ၏ သွေးနှင့် ဤမြို့မှ သွေးနှင့် တစ်သားတည်းဖြစ်သွားသည်။

သို့သော်လည်း သူက နာကျင်မှုကို မခံစားရပေ။ အတိတ်မှ သဘောတူညီမှုကို ဖြည့်ဆည်းပေးရမည်ဟူသော အေးတိအေးစက် အသံသည်သာ သူ၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေသည်။

သို့သော်လည်း သူမလုပ်နိုင်ပေ။

သူပြုလုပ်ခဲ့သော အမြစ်ဖြတ်သုတ်သင်မှု၏ အရှေ့မှာ သူက မည်သည့်စကားမှ မဆိုနိုင်ပေ။

သူက အတိတ်မှ ကတိကို ဖြည့်ဆည်းပေးခဲ့ရုံမျှသာ ဖြစ်သော်လည်း သူ၏ လုပ်ရပ်က ကြောင်သူတော်နှင့်မခြားပေ။

နောက်ဆုံးမှာ သူက သွေးစွန်းနေသော သူ၏ လက်ကို သွေးပေကျံနေသော သူ့ညီလေး၏ ဦးခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။

သူ၏ လုပ်ဆောင်မှုက တည်ကြည်မြဲမြံသည်။

တစ်ချိန်တည်းမှာ သူက တခြားလက်ဖြင့် ကိုင်ထားသော ညစ်ပတ်နေသည့် သကြားချောင်းကို သူ့ညီလေး၏ အရှေ့မှာ ထားလိုက်သည်။

သူ၏ အက်ကွဲနေသော နှုတ်ခမ်းက ပွင့်ဟသွားသည်။ သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသော အသံက တည်ငြိမ်သည်။ ဤသည်မှာ သူက ဈာပနပွဲအခမ်းအနား၏ နောက်ဆုံးအနှစ်ချုပ်ကို ရွတ်ဖတ်နေသည့်အလားပင်။ ယင်းက သွေးမိုးနှင့် သူ့ညီလေး၏ ငိုရှိုက်သံများကြားမှာ ရှင်းလင်းစွာ ပဲ့တင်ထပ်သွားသည်။

“ ညီလေး... ”

သူက အကြောက်တရားဖြင့် ပြည့်နှက်နေသော သူ့အရှေ့မှ မျက်လုံးတစ်စုံကို စိုက်ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ... မငိုပါနဲ့ ”

သူ၏ လက်ဖဝါးက အောက်သို့ ကျဆင်းသွားသည်။

သူ၏ လက်က သူ့ညီလေး၏ ဦးခေါင်းနှင့် ထိတွေ့တော့မည့်အချိန် ကောင်းကင်နှင့် မြေပြင်ကို အက်ကွဲသွားစေမည့် မြည်ဟိန်းသံက မိုးကောင်းကင်ထံမှ ပဲ့တင်ထပ်လာသည်။

တုနှိုင်းမဲ့သော ထိုမြည်ဟိန်းသံအောက်မှာ သက်တံ့အလင်းရောင်က အချိန်လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး ဤလောကထဲမှာ ထွက်ပေါ်လာသည်။

အလင်းရောင်က ကောင်းကင်၊ မြေပြင်နှင့် သွေးမိုးကို ထွန်းလင်းသွားစေသည်။

ယင်းက ကျောက်ရှာအလင်း ဖြစ်သည်။

ကျောက်ရှာအလင်းက အရာအားလုံးကို တားဆီးပိတ်ဆို့လိုက်သည်။ ယင်းက အကန့်အသတ်မဲ့ပင်လယ်သဖွယ် ဤလောကထဲမှ အရာအားလုံးကို အစားထိုးလိုက်သည်။

အလင်းရောင်က ဇီချင်းကိုလည်း ဖုံးလွှမ်းသွားသည်။

ထွန်းလင်းတောက်ပသော အာရုဏ်ဦးအလင်းရောင်အောက်မှာ လက်တစ်ဖက်က ဗလာလေဟာနယ်ထဲမှ ဆန်းတန်းထွက်လာသည်။

ထိုလက်က သူ့ညီလေး၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားတော့မည့် ဇီချင်း၏ လက်ကို ဖမ်းဆုပ်လိုက်သည်။

သူက လက်ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။

ထို့နောက် သူက ဇီချင်းကို အဝေးသို့ ပစ်လွှတ်လိုက်သည်။

ဇီချင်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အား၏ ပစ်လွှတ်မှုကြောင့် သူက အဝေးသို့ လွင့်စင်သွားသည်။

သူက သက်တံ့အလင်းရောင်ထဲမှ ထွက်ပေါ်လာနေသော ပုံရိပ်ကို စိုက်ကြည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့ ”

All Chapters