← Chapters

မျောက်ငယ်

Vol. 187 Ch. 2792

မျောက်ငယ်

Vol. 187 Ch. 2792

တစ်ချိန်တည်းမှာပင် အရိပ်မည်း ဆယ်ခုသည် နက်ရှိုင်းသော တောအုပ်ထဲကနေ တိုးထွက်ပြီး ဧရာမလင်းနို့များကဲ့သို့ ကောင်းကင်ထက်ကနေ ဆင်းသက်လာကြသည်။ သူတို့က ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများထံသို့ ပြေးဝင်လာလေသည်။

“အားလုံးပဲ သတိထားကြ”

ဝမ်တုန်က ရင်တစ်ချက် ထိတ်သွားပြီး အော်ပြောလိုက်လေသည်။

လင်းနို့ကဲ့သို့ အနက်ရောင် အရိပ်များသည် ကောင်းကင်ယက္ခများ ဖြစ်ကြလေသည်။

ယက္ခအုပ်စုသည် သံမဏိခက်ရင်းလှံများကို ကိုင်စွဲထားပြီး ကြောက်မက်ဖွယ်ရာ အမူအရာများနှင့်အတူ သွားဖြဲထားကြလေသည်။ ထက်ရှ၍ မညီညာသော လွှသွားပုံစံ သွားစွယ်နှစ်တန်းက အပေါ်အောက်ကြိတ်ပြီး ထူးဆန်းသော အသံတစ်ခုကို ထွက်ပေါ်နေစေ၏။

မြေကြီးထဲကနေ ယခုတင် ထွက်လာသည့် ယက္ခက မြေယက္ခတစ်ကောင် ဖြစ်လေသည်။

ယက္ခနှစ်မျိုးစလုံးက ရုပ်ဆိုးအကျည်းတန်ပြီး သူတို့၏ ကိုယ်ကာယမှာ သိသာထင်ရှားသော ကွာခြားချက်ရှိနေသည်။

ဥပမာအားဖြင့် ကောင်းကင်ယက္ခ၏ နံရိုးများအောက်ဘက်မှာ သူ၏ လက်များ၊ ခြေများနှင့် ချိတ်ဆက်ထားသော ခပ်ပါးပါးအသားပြားတောင်ပံတစ်လွှာ ရှိလေသည်။ သူတို့ကို လုံးလုံးလျားလျား ဖြန့်ကြက်လိုက်သည့်အခါ သူတို့က ဧရာမလင်းနို့များနှင့် ဆင်တူလေသည်။

ကောင်းကင်ယက္ခများသည် လေထဲတွင် တိုက်ခိုက်ရာမှာ အတော်ဆုံးဖြစ်ပြီး သူတို့မှာ ပေါ့ပါးဖျတ်လတ်သည့် လှုပ်ရှားမှုနည်းစနစ်များ ရှိလေသည်။

မြေယက္ခများကတော့ သူတို့သည် မြေအောက်မှာ ရေထဲမှာရှိသော ငါးများကဲ့သို့ သွားလာနိုင်လေသည်။

ယက္ခများ၏ အချိန်ကိုက်တိုက်ခိုက်မှုက အရမ်းကို တိကျနေသည်။

လင်းရွှင်ကျန်းက ထွက်ခွာ၍ ဓားဝင်္ကပါက ပျက်ပြယ်သွားသည့်ခဏမှာပင် သူတို့က တိုက်ခိုက်လိုက်ကြသည်။ မြေယက္ခ၏ တိုက်ခိုက်ရည်ခွန်အားက အရမ်းကို သန်မာပြီး ၎င်းသည် သုခဘုံလေဟာနယ်နယ်ပယ်မှာ ရှိလေသည်။ သူက လင်းရွှင်ကျန်းနှင့်ပင် တိုက်ခိုက်နိုင်ပြီး အချိန်တိုအတွင်းမှာ အနိုင်ရလဒ်ကို ဆုံးဖြတ်ဖို့ ခက်ခဲနေ၏။

ယက္ခအုပ်စုသည် အမှောင်ထုထဲမှာ ဘယ်အချိန်ကတည်းကမသိ ပုန်းလျှိုးနေပြီး လင်းရွှင်ကျန်းက တိုက်ခိုက်ရည်ခွန်အား အမြင့်မားဆုံးဖြစ်သည်ကို လေ့လာအကဲခတ်မိထားသည်။ ထို့ကြောင့် လင်းရွှင်ကျန်း ထွက်ခွာသွားသည်ကို အခွင့်ကောင်းယူကာ သူတို့က ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်ပြီး လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများကို တိုက်ပွဲမြေနှစ်ခု ခွဲထုတ်ကာ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ဖျက်ဆီးဖို့ ရည်ရွယ်လိုက်လေသည်။

အသင်္ချေဓားဝင်္ကပါကို စုဖွဲ့ဖို့အတွက် အနည်းဆုံး လူရှစ်ဦး ရှိနေရမည်ဖြစ်သည်။

ယက္ခဆယ်ဦးသည် ကြမ်းကြုတ်ခက်ထန်၍ လျင်မြန်သော တိုက်ခိုက်မှုများနှင့်အတူ ကောင်းကင်ထက်ကနေ ဆင်းသက်လာကြသည်။ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများသည် သူတို့၏ ခံစစ်စုဖွဲ့ပုံကို တတ်နိုင်သမျှချုံ့ပြီး ဆူဇီမိုနှင့် ပေမင်ရွှယ်ကို အလယ်မှာထားကာ ကာကွယ်ပေးနေကြသည်။ အဲဒီမှာ ကောင်းကင်ယက္ခ ဆယ်ဦးရှိသော်လည်း သူတို့သည် ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများနှင့် ရင်ဆိုင်ရာမှာ မည်သည့်အားသာချက်ကိုမှ မရရှိနိုင်ပေ။

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက အားသာချက် ရရှိနေသည်ကို ဆူဇီမိုတွေ့မြင်သောအခါ သူက တိုက်ခိုက်ဖို့ကို အလောတကြီး ရှိမနေပေ။

“ဟမ်”

ရုတ်တရက် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က ဖျတ်ခနဲပေါ်ထွက်လာ၏။

သူ၏ အာရုံခံအသိစိတ်မှာ မြေယက္ခတစ်ကောင်သည် မြေအောက်အနက်ပိုင်းထဲမှာ ပုန်းလျှိုးနေပြီး ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများကို စိုက်ကြည့်ကာ တိုက်ခိုက်ဖို့ အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေ၏။

ဤမြေယက္ခသည် သုခဘုံလေဟာနယ်နယ်ပယ်မှာရှိပြီး ဆူဇီမိုကို လုံးဝ အတည်အတံ့မှတ်ယူမထားပေ။ ထိုအစား သူက ဝမ်တုန်နှင့် အခြားသူများကို ချောင်းမြောင်းတိုက်ခိုက်လိုလေသည်။

မြေယက္ခသည် မြေအောက်အနက်ပိုင်းထဲမှာ ကောင်းကောင်းပုန်းလျှိုးနေပြီး သူ၏ အသက်ရှူသံနှင့် နှလုံးခုန်သံကိုပင် လျစ်လျူရှု၍ ရသလောက်နီးပါး ထိန်းထားကာ သူ၏ မျိုးဆက်သွေး စီးဆင်းမှုကပင် အတော်လေးတည်ငြိမ်နေ၏။

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများသည် ကောင်းကင်ယက္ခဆယ်ဦးနှင့် တိုက်ခိုက်နေပြီး မြေအောက်အနက်ပိုင်းထဲမှာ ပုန်းလျှိုးနေသည့် အန္တရာယ်ကို ယခုအချိန်ထိ သတိမထားမိကြသေးပေ။

တကယ်ဆို ဆူဇီမို၏ စွမ်းအားကြီးမားသော အာရုံခံအသိစိတ်ကြောင့် မဟုတ်လျှင် သူသည်လည်းပဲ မြေယက္ခ၏ တည်ရှိမှုကို အာရုံခံမိနိုင်ချင်မှ ခံမိနိုင်ပေလိမ့်မည်။

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏ လက်ညှိုးဖြင့် သူ၏ နှာရောင်ကို ညင်သာစွာ ထိလိုက်၏။ အစိမ်းရောင်အလင်းတစ်ခုက ဖျပ်ခနဲလက်သွားလေသည်။

အဲဒါသည် ဖန်တီးခြင်းကြာပဒုမ္မာ အဆင့် ၁၂အထိ ကြီးပြင်းလာပြီးနောက် ဆင်းသက်ပေါ်ထွက်လာသော အနှိုင်းမဲ့နတ်ဘုရားလက်နက် ချင်းဖျင်ဓား ဖြစ်လေသည်။

ဆူဇီမိုသည် ချင်းဖျင်ဓားကို သူ၏ လက်ထဲမှာ ကိုင်စွဲပြီး မည်သည့်အပိုလှုပ်ရှားမှုမှ မရှိဘဲ အဲဒါကို ပစ်ထုတ်လိုက်၏။ ချက်ချင်းပင် ချင်းဖျင်ဓားက မြေကြီးထဲသို့ နစ်ဝင်သွားပြီး မြေပြင်ပေါမှာ နှစ်လက်မအရွယ် ဓားပေါက်တစ်ခု ပေါ်ထွက်လာ၏။

ထက်ရှသော ဓားတစ်လက်က အပေါ်ကနေ ဆင်းသက်လာပြီး သူ၏ ဦးခေါင်းထဲသို့ ဝင်ရောက်လာလိမ့်မည်ဟု မြေယက္ခက ဘယ်လိုလုပ် ထင်မှတ်ထားပါ့မလဲ။

သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး သူက နေရာမှာပင် သေဆုံးသွားလေသည်။

သူသေဆုံးသည့် အချိန်မှာပင် မြေယက္ခက ဖြစ်ပျက်သွားခဲ့သည့်အရာကို မသိရှိခဲ့ပေ။

ဆူဇီမိုက ချင်းဖျင်ဓားကို ရုပ်သိမ်းလိုက်၏။ ဖြစ်စဉ်တစ်ခုလုံးသည် လုံးဝ တိတ်တဆိတ်နီးပါး ဖြစ်ပျက်သွားခဲ့လေသည်။ မြေအောက်အနက်ပိုင်းထဲမှ မြေယက္ခကို မပြောနှင့် ဝမ်တုန်နှင့် အခြားသူများပင်လျှင် ဖြစ်ပျက်ခဲ့သည့်အရာကို မသိရှိလိုက်ပေ။

ဆူဇီမိုသည် မြေယက္ခကို သတ်ဖြတ်ပြီးနောက် အခြေအနေတစ်ရပ်လုံးက ရုတ်တရက်ပြောင်းလဲသွားသည်။

အစက ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများနှင့် တိုက်ခိုက်နေသော ကောင်းကင်ယက္ခဆယ်ဦးက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ရုတ်တရက် စိတ်ဓာတ်ကျသွားသည့်ပုံပေါ်လာ၏။ သူတို့က နောက်ဆုတ်ဖို့ကိုပင် တွေးလာခဲ့ပြီ ဖြစ်လေသည်။

လင်းရွှင်ကျန်းနှင့် တိုက်ခိုက်နေသော မြေယက္ခသည် ရုတ်တရက် ထိတ်ထိတ်ပျာပျာဖြစ်လာပြီး အားနည်းချက်များစွာကို ထုတ်ဖော်မိလိုက်သည်။ ထို့နောက် သူသည် လင်းရွှင်ကျန်း၏ အင်မော်တယ်နှိမ်နင်းဓားဖြင့် နေရာမှာပင် သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

“ငါသတ်လိုက်တဲ့ မြေယက္ခက မြင့်မားတဲ့ အဆင့်အတန်းတစ်ခု ရှိနေတဲ့ပုံပဲ”

ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ထို့ကြောင့်ပင် ယက္ခများက ပျာပျာသလဲဖြစ်လာကြခြင်းပင်။

ကောင်းကင်ယက္ခ ဆယ်ဦးသည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူတို့က လှည့်ထွက်ပြေးလိုက်ကြ၏။

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများ၏ အော်ရာများက တလိပ်လိပ်ထိုးတက်လာ၏။ သူတို့သည် ဤယက္ခများကို ဘယ်လိုလုပ် အလွယ်တကူ လွှတ်ပေးနိုင်ပါ့မလဲ။ သူတို့က ယက္ခများနောက်သို့ ပြေးလိုက်သွားပြီး လင်းရွှင်ကျန်းနှင့်အတူ ပူးပေါင်းလိုက်လေသည်။

အသက်ရှူချိန် ဆယ်ကြိမ်မပြည့်ခင်မှာ သူတို့သည် ကောင်းကင်ယက္ခ ဆယ်ဦးစလုံးကို သတ်ဖြတ်ပစ်လိုက်၏။

ဤတိုက်ပွဲက စွမ်းအင်များစွာကို ကုန်ဆုံးစေပုံရသော်လည်း ဝမ်တုန်နှင့် အခြားသူများက အနည်းငယ် စိတ်လှုပ်ရှားတက်ကြွနေသည်။

ကောင်းကင်ယက္ခ ဆယ်ဦးစလုံးက သုခဘုံလေဟာနယ် နယ်ပယ်မှာ ရှိကြလေသည်။ အဲဒါက တိုက်ပွဲရမှတ်များစွာကို ရရှိစေလေသည်။

စောစောကတင် သူတို့သတ်ဖြတ်ခဲ့သော အပြစ်သားစိတ်ဝိညာဉ်များနှင့်အတူ ထပ်ပေါင်းပါက ဤတိုက်ပွဲမှာ လူတိုင်းသည် တိုက်ပွဲရမှတ် ၁၅၀ နီးပါးကို ရရှိလိုက်ကြသည်။

ဤတစ်ခေါက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ လာရာခရီးစဉ်က လူတိုင်းတွေးထင်ထားသည်ထက် များစွာပိုမိုချောမွေ့နေသည်။

“ဒီနေရာကနေ အရင်ထွက်ကြရအောင်”

တိုက်ပွဲမြေကို ရှင်းလင်းပြီးနောက် ရပ်နားခြင်းမရှိဘဲ လင်းရွှင်ကျန်းက လူတိုင်းကို ဦးဆောင်လိုက်လေသည်။

ဤနေရာမှာရှိသော သွေးနံ့က ပို၍ပင် သန်မာသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို ဆွဲဆောင်မိဖို့ ဖြစ်နိုင်ခြေများလေသည်။ ကမ္ဘာတစ်ထောင်လောကမှ အခြားသော သက်ရှိများနှင့်ပင် သူတို့က ကြုံတွေ့ရနိုင်ခြေ ရှိလေသည်။

လူတိုင်းက ကြီးမားသော တိုက်ပွဲတစ်ခုကို ယခုတင် ဆင်နွှဲထားပြီး အနားယူဖို့ လိုအပ်နေသည်။

သူတို့က ခပ်မြန်မြန် သုတ်ခြေတင်လာပြီး နောက်ဆုံးမှာ ညမမှောင်ခင် ထူထပ်သော တောအုပ်ထဲကနေ ထွက်လာနိုင်ခဲ့ကြသည်။

“အရင်ဆုံး အခြေချဖို့ ဘေးကင်းလုံခြုံတဲ့နေရာတစ်ခု ရှာရအောင်”

ဝမ်တုန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

လူတိုင်းသည် တောင်ခြေရင်းမှာ လှည့်ပတ်၍ ရှာဖွေလိုက်ပြီး နောက်ဆုံးမှာ ဖုံးကွယ်ထားသည့် လိုဏ်ဂူတစ်ခုကို ရှာတွေ့သွားသည်။

သို့သော်လည်း လိုဏ်ဂူထဲမှာ ဘာရှိနေသည်ကို မသိရဘဲ ညှီစို့စို့အနံ့တစ်ခု ထွက်ပေါ်နေ၏။

လူတိုင်းက မျက်မှောင်ကြုတ်လိုက်ပြီး ရွံရှာစက်ဆုပ်သော အကြည့်များကို ထုတ်ဖော်ကာ ဤနေရာကနေ ထွက်ခွာ၍ နောက်ထပ်အနားယူရာတစ်နေရာကို ရှာဖွေရန် ပြင်လိုက်ကြသည်။

လင်းရွှင်ကျန်း၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး ရုတ်တရက်ပြောလိုက်၏။

“ဒီနေရာက အတော်လေး လုံခြုံမှုရှိတယ်… ဒီအနံ့က ငါတို့ရဲ့အော်ရာတွေကို ဖုံးကွယ်ပေးနိုင်တယ်”

ထိုစကားကို ကြားသောအခါ ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်၍ ငေးငိုင်သွားလေသည်။

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက လင်းရွှင်ကျန်း၏ ဆုံးဖြတ်ချက်ကို ကြားသိရသောအခါ သူတို့က တစ်စုံတစ်ရာပြောဆိုခြင်း မရှိတော့ပေ။ သူတို့သည် အသက်အောင့်ပြီး လိုဏ်ဂူထဲသို့ လျှောက်လှမ်းဝင်ရောက်လိုက်ကြ၏။

ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး လိုဏ်ဂူ၏ ဘေးပတ်လည်နံရံများကို ကြည့်နေ၏။

၎င်းအပေါ်မှာ တစ်ခုခုကို သုတ်လိမ်းထားပုံရပြီး ညှီစို့စို့အနံ့က ထိုနေရာကနေ ထွက်ပေါ်နေခြင်းဖြစ်သည်။

ဝမ်တုန်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“လိုဏ်ဂူထဲမှာ သူ့ရဲ့မစင်ကို သုတ်လိမ်းထားရအောင် ဒီလိုမျိုးထူးဆန်းတဲ့ အကျင့်စရိုက်ရှိတာက ဘယ်လိုတောရိုင်းကောင်မျိုးပါလိမ့်”

ဆူဇီမို၏ ရင်ထဲမှာ ထပ်မံ၍ လှုပ်ခတ်သွားသည်။

တကယ်တော့ လင်းရွှင်ကျန်း စကားပြောလိုက်ပြီးနောက် သူက မျောက်ကို တွေးမိသွားလေသည်။

သို့သော်လည်း လောကမှာ ဤကဲ့သို့သော တိုက်ဆိုင်မှုတစ်ခု ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။

ဒါ့အပြင် မျောက်သည် သားရဲမျိုးနွယ်ထဲမှာ ပါဝင်ပြီး မျောက်ဝံတစ်ကောင် ဖြစ်လေသည်။ သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရှိမနေသင့်ပေ။

သူတို့ညီအစ်ကိုခုနစ်ဦးက တက်လှမ်းလာခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း သူတက်လှမ်းလာပြီးနောက် ဆူဇီမိုသည် မျောက်၊ ညဝိညာဉ်နှင့် အခြားသူများ၏ မည်သည့်သတင်းကိုမှ မရရှိခဲ့ပေ။

မျောက်၊ ညဝိညာဉ်နှင့် အခြားသူများက ဘယ်နေရာကို ရောက်ရှိနေလဲ၊ သူတို့က အဆင်ပြေရဲ့လား သူ မသိပေ။

ဆူဇီမိုက စဉ်းစားတွေးတောရင်း လူတိုင်းနောက်ကနေ လိုက်ပါလာကာ လိုဏ်ဂူ၏ အဆုံးနားသို့ တဖြည်းဖြည်းရောက်ရှိလာကြသည်။

ရုတ်တရက် လိုဏ်ဂူ၏ အဆုံးကနေ အော်ဟစ်သံတစ်သံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် လိုဏ်ဂူ၏ အနက်ပိုင်းထဲမှာ မျောက်ငယ်တစ်ကောင်သည် ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းထွက်လာ၏။ ၎င်းသည် လသားအရွယ်သာ ရှိသည့်ပုံပေါ်ပြီး လမ်းလျှောက်တတ်ခါစ ဖြစ်လေသည်။

မျောက်ငယ်က သူ့ဘာသာသူ ကြိုးစား၍ မတ်တတ်ထရပ်ပြီး သူ၏ လက်ချောင်းများကို စုပ်နေ၏။ သူ၏ နက်မှောင်နေသော မျက်လုံးများကို ပြူးကျယ်ထားပြီး သူ၏ ခေါင်းကို အနည်းငယ်စောင်းငဲ့ကာ ဆူဇီမိုနှင့် အခြားသူများကို စူးစမ်းလိုသော အကြည့်ဖြင့် ငေးကြည့်နေလေသည်။

All Chapters