တိုက်ပွဲခေတ်
Vol. 187 Ch. 2793
မျောက်ငယ်လေးသည် စကားမပြောတတ်ဘဲ ဆူဇီမိုနှင့် အခြားသူများဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ သူက စိုးရိမ်ကြောင့်လန့်နေခြင်း မရှိပေ။ သူက တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား ဗလုံးဗထွေးနှင့်သာ ရေရွတ်နေလေသည်။
မကြာမကြာဆိုသလို မျောက်ငယ်၏ နက်မှောင်နေသော မျက်လုံးထဲမှာ အနီဖျော့ဖျော့အလင်းက လက်လာတတ်သည်။
ဆူဇီမိုက ထိုအနီရောင်အလင်းကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
မျောက်၏ မျက်လုံးများမှာလည်း ဤကဲ့သို့သော သွင်ပြင်လက္ခဏာရှိလေသည်။
ဓားကမ္ဘာမှ အခြားသူများကလည်း ဤမျောက်ငယ်ကို တွေ့မြင်သောအခါ အံ့အားသင့်သွားကြသည်။ ဝမ်တုန်က ပြောလိုက်၏။
“ကြည့်ရတာတော့ ဒီမျောက်ငယ်က အပြစ်သားစိတ်ဝိညာဉ်တစ်ဦးရဲ့ မျိုးဆက်ဖြစ်ရမယ်… အဲဒါက နီညိုရောင်မျောက်ဝံမျိုးနွယ်ကဘဲ… သူ့ရဲ့မျက်လုံးထဲက အနီရောင်အလင်းက နီညိုရောင်မျောက်ဝံမျိုးနွယ်ရဲ့ တစ်မူထူးခြားတဲ့ သွင်ပြင်လက္ခဏာဘဲ”
ကုန်းစွန်ယွီက ပြောလိုက်၏။
“နီညိုရောင်မျောက်ဝံမျိုးနွယ်က မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေကြားမှာ အားမနည်းဘူး… အထူးသဖြင့် သူတို့တွေက ကြီးပြင်းလာပြီးတဲ့နောက် နီညိုရောင်မျောက်ဝံမျိုးနွယ်ရဲ့ မျိုးဆက်သွေးပင်ကိုယ်အရည်အသွေးကို နိုးထစေတဲ့ အချိန်မှာဘဲ… သူတို့က ရူးသွပ်ပေါက်ကွဲတဲ့ အခြေအနေတစ်ရပ်ကို ဝင်ရောက်သွားတဲ့အခါ သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာလိမ့်မယ်… သူတို့က မျိုးနွယ်စုတစ်သောင်းက ထိပ်သီးမျိုးနွယ်တွေနဲ့တောင်မှ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်တယ်”
ထိုအခိုက်အတန့်မှသာလျှင် မျောက်သည် အထက်ဘုံလောက၏ နီညိုရောင်မျောက်ဝံမျိုးနွယ်ထဲတွင် ပါဝင်ကြောင်း ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။
ဓားအင်မော်တယ်ထိုက်လိုင်က ပြောလိုက်သည်။
“ခေတ်တစ်ခေတ်မှာ နီညိုရောင်မျောက်ဝံမျိုးနွယ်က ပြိုင်ဘက်ကင်းတဲ့ တိုက်ခိုက်ရည်ခွန်းအားနဲ့ ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ စိုးမိုးခြယ်လှယ်နိုင်ခဲ့တယ်လို့ ငါကြားဖူးတယ်”
“အဲဒါအမှန်ဘဲ”
ကိုယ်တော်ကြွယ်ကျန့်ကလည်း ခေါင်းညိတ်ကာပြောလိုက်၏။
“အဲဒီခေတ်ကို တိုက်ပွဲခေတ်လို့ ခေါ်တယ်… အဲဒီအချိန်တုန်းက နီညိုရောင်မျောက်ဝံမျိုးနွယ်မှာ အနှိုင်းမဲ့ ပညာရှင်တစ်ဦး မွေးဖွားပေါ်ထွက်လာခဲ့တယ်… သူက ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ တိုက်ခိုက်ပြီး ပြိုင်ဘက်ကင်းခဲ့တယ်… နောက်ဆုံးမှာ သူက မဟာဧကရာဇ်တိုက်ပွဲဘွဲ့ကို ခံယူနိုင်ခဲ့တယ်”
ဆူဇီမို၏ စိတ်ထဲတွင် တောင်ဝှေးတစ်ချောင်းကို ကိုင်ထားပြီး လောကကို အထက်စီးကနေ ကြည့်နေသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လာရ၏။
သိုင်းတာအိုပင်မခန္ဓာသည် ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်ခဲ့စဉ်က ပြိုင်ဘက်ကင်း တိုက်ခိုက်ရည်ခွန်အားနှင့် မျောက်ဝံအိုကြီးတစ်ကောင်သည် ဒသမမြောက်ကပ်ဘေးမှာ စုဖွဲ့လာခဲ့လေသည်။ ယခုသူက အဲဒါကို တွေးကြည့်ရင်း.. ထိုသူသည် မဟာဧကရာဇ်တိုက်ပွဲ ဖြစ်လောက်လေသည်။
ကိုယ်တော်ကြွယ်ကျန့်က သက်ပြင်းချလိုက်၏။
“မဟာဧကရာဇ်တိုက်ပွဲက သူ့တစ်ဘဝလုံးကို တိုက်ခိုက်ခြင်းနဲ့ ကုန်ဆုံးစေခဲ့တယ်… နောက်ဆုံး သူသေဆုံးခဲ့တဲ့ တိုက်ပွဲမှာတောင် သူက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်… တကယ့်ကို နှမြောစရာဘဲ”
ထိုစကားကို ကြားသောအခါ ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“နီညိုရောင်မျောက်ဝံမျိုးနွယ်က အဲဒီပညာရှင်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီဘဲ.. သူ့ကို ဘယ်သူက သတ်နိုင်တာလဲ”
“ကျုပ် မပြောတတ်ဘူး”
ကိုယ်တော်ကြွယ်ကျန့် ခေါင်းခါပြလိုက်၏။
“မဟာဧကရာဇ်တိုက်ပွဲက ညှို့ငင်ဖမ်းစားခံရပြီး ဆိုးယုတ်မိစ္ဆာတွေနဲ့ ပူးပေါင်းသွားခဲ့တယ်… သူက မျိုးနွယ်စုတစ်သောင်းနဲ့ ရန်သူတွေဖြစ်လာခဲ့တယ်… ကောင်းကင်ဘုံတာအိုက အဲဒါကို သည်းမခံနိုင်တဲ့အတွက် သူ့ကို အပြစ်ပေးလိုက်တာလို့ ကျုပ်ထင်တယ်”
“အဲဒါကြောင့်ပဲ သူက ဆိုးယုတ်မိစ္ဆာတွေနဲ့ ပူးပေါင်းလိုက်တဲ့အတွက် နီညိုရောင်မျောက်ဝံမျိုးနွယ်ကပါ ရောပါဒုက္ခရောက်ပြီး ဖယ်ရှားသုတ်သင်ခံရလုနီးပါးဖြစ်ခဲ့တယ်”
“တိုက်ပွဲခေတ်မှာ နီညိုရောင်မျောက်ဝံကမ္ဘာက ထိပ်တန်းကမ္ဘာကြီးတစ်ခုပဲ… အခု ခေတ်အဆက်ဆက်ဖြတ်သန်းလာပြီးတဲ့နောက် နီညိုရောင်မျောက်ဝံကမ္ဘာက အခုချိန်ထိ နာလန်ပြန်မထူနိုင်သေးဘူး… သူတို့ကို အခုချိန်မှာ အဆင့်မြင့်ကမ္ဘာတစ်ခုလို့ပဲ ဆိုနိုင်တယ်”
ဝမ်တုန်က ပြောလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက နီညိုရောင်မျောက်ဝံမျိုးနွယ်က အရင်တုန်းက တိုက်ပွဲခေတ်ရဲ့ ဆိုးယုတ်စိတ်ဝိညာဉ်တွေရဲ့ မျိုးဆက်ပဲ… သူတို့က သူတို့ရဲ့ ဘိုးဘေးတွေရဲ့ ကြီးလေးတဲ့ အပြစ်ဒဏ်ကို ဆက်ခံကြရတယ်”
“နီညိုရောင်မျောက်ဝံကမ္ဘာက ကံကောင်းတယ်လို့ဆိုရမယ်”
ကုန်းစွန်းယွီကပြောလိုက်၏။
“သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ကမ္ဘာတွေနဲ့ မျိုးနွယ်စုတွေက အဲဒီကပ်ဘေးမှာ ချေမှုန်းဖျက်ဆီးခံခဲ့ရတယ်”
ချင်ကျုံးက ပြောလိုက်၏။
“ရှေးဟောင်းခေတ်ကတည်းက မကောင်းမှုဒုစရိုက်တွေက မှန်ကန်ဖြောင့်မတ်မှုကို ဘယ်တုန်းကမှ မတွန်းလှန်နိုင်ခဲ့ဘူး… သူက မဟာဧကရာဇ်တိုက်ပွဲ ဖြစ်တယ်ဆိုတော့ရော ဘာဖြစ်လဲ… သူက ဆိုးယုတ်မိစ္ဆာတွေနဲ့ တစ်ကြိတ်တည်း တစ်ဉာဏ်တည်း ဖြစ်လာပြီဆိုမှတော့ နောက်ဆုံးမှာ မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေရဲ့စွမ်းအားကို တွန်းလှန်နိုင်မှာ မဟုတ်ဘူး”
“သူက ဆိုးယုတ်စိတ်ဝိညာဉ်တွေရဲ့ မျိုးဆက်တစ်ဦးဆိုမှတော့ သူ့ကို သတ်ဖြတ်လိုက်ရုံပေါ့”
ရှန်းယွဲ့က သူ၏ ဓားကို ထုတ်ပြီး မျောက်ငယ်ကို သတ်ဖြတ်ဖို့ပြင်လိုက်၏။
“နေပါဦး”
ရုတ်တရက် ဆူဇီမိုက စကားပြောလိုက်၏။
“တောင်ထွတ်သခင်ဆူ… ဘာများဖြစ်လို့လဲ”
ရှန်းယွဲ့က လှည့်ကြည့်ပြီး မေးလိုက်၏။
တခြားသူများကလည်း ဆူဇီမိုကို ကြည့်လာခဲ့သည်။
ဆူဇီမိုက ပြောလိုက်၏။
“ဒီမျောက်ငယ်က လသားအရွယ်ဘဲ ရှိသေးတယ်… သူ့ကို သတ်လိုက်မယ်ဆိုရင်တောင် တိုက်ပွဲရမှတ်တစ်မှတ်ကိုမှ ရမှာမဟုတ်ဘူး… သူ့ကို အသက်ရှင်ခွင့် ပေးလိုက်ပါ”
တကယ်တော့ သူ၏ စိတ်ထဲမှာ အတွေးတစ်ခုက ဖျတ်ခနဲပေါ်ထွက်ခဲ့သည်။ ဤမျောက်ငယ်သည် မျောက်နှင့် သွေးသား တော်စပ်နေနိုင်မလား။
အဲဒါက ဖြစ်နိုင်ခြေနည်းသော်လည်း အဲဒီမှာ ဖြစ်နိုင်ခြေခပ်ပါးပါးရှိနေသည်နှင့်အမျှ ဆူဇီမိုသည် ဤမျောက်ငယ်ကို ဤနေရာမှာ အသေမခံနိုင်ပေ။
ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာများ သို့မဟုတ် အပြစ်သားစိတ်ဝိညာဉ်များဆိုတာကို ဂရုမစိုက်ပေ။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူနှင့် ပထမဆုံး ညီအစ်ကိုဖြစ်ခဲ့သည့် မျောက်ကိုသာ သိရှိလေသည်။
သူက အားနည်းနေသေးပြီး လုံလောက်သည့် ခွန်းအားမရှိခဲ့စဉ်က မျောက်သည် ဝံပုလွေများ၏ ပါးစပ်ဝကနှင့် အခြေတည်အဆင့် ကျင့်ကြံသူများ၏ လက်ထဲကနေ သူ့ကို အသက်စွန့်ပြီး ကယ်ခဲ့လေသည်။
ဤမျောက်ငယ်သည် မျောက်၏ ကလေးဖြစ်နေမည်ဆိုလျှင် သူက ဤမျောက်ငယ်ကို သေချာပေါက် ထိခိုက်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
“အော်မီထော်ဖော်”
ကိုယ်တော်ကြွယ်ကျန့်က ဗုဒ္ဓအာလုတ်စကားတစ်ခုကို ရွတ်ဆိုလိုက်၏။
“ခင်ဗျားက တော်တော်ကြင်နာတတ်တာဘဲ တောင်ထွတ်သခင်ဆူ”
သို့သော်လည်း ရှန်းယွဲ့က မှင်သေသေဖြင့် ရှိနေ၏။
ရှန်းယွဲ့က ပြောလိုက်၏။
“ဒီမျောက်ငယ်က အခုချိန်မှာ ခြိမ်းခြောက်မှု ရှိချင်မှရှိလိမ့်မယ် ဒါပေမဲ့… တစ်နေ့မှာ သူက ကြီးပြင်းလာပြီး သွေးဆာရက်စက်ကြမ်းတမ်းတဲ့ အပြစ်သားစိတ်ဝိညာဉ်တစ်ဦး ဖြစ်လာဦးမှာဘဲ”
“ကျုပ်တို့က သူငယ်တုန်းမှာ သတ်လိုက်မယ်ဆိုရင် အဲဒါက အခြားကမ္ဘာတစ်ထောင်လောကက သက်ရှိတွေကို သူ့လက်ထဲမှာ သေရမယ့်ဘေးကနေ ကြိုတင်ကာကွယ်တားဆီးပေးလိုက်တာနဲ့ အတူတူပဲ”
“ညီကိုရှန်း… အဲဒါထားလိုက်ပါ”
ဝမ်တုန်က သူ့ကိုဘေးကနေ ဖျောင်းဖျလိုက်၏။
“ဒါက မျောက်ငယ်လေးတစ်ကောင်ပဲ”
တကယ်တော့ လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများက တိုက်ခိုက်ဖို့စိတ်ကူး မရှိကြပေ။
သူတို့၏ ရင်ထဲမှာ လသားအရွယ် မျောက်ငယ်လေးကို သတ်ဖြတ်ဖို့ကိစ္စကို ငြင်းဆန်ထားဆဲ ဖြစ်လေသည်။
မျောက်ငယ်သည် မွေးကင်းစ ကလေးငယ်တစ်ဦးနှင့် တူလေသည်။ သူသည် အမှားအမှန်ကို မသိရှိဘဲ သူ၏ ရင်ထဲမှာ မည်သည့်မုန်းတီးမှုမှလည်း မရှိပေ။
သူက သူတို့လိုမျိုး သူစိမ်းများနှင့် ရင်ဆိုင်ရချိန်မှာတောင် လုံးဝစိုးရိမ်ကြောက်လန့်ခြင်း မရှိပေ။
ဤကဲ့သို့သော မျောက်ငယ်တစ်ကောင်ကို သတ်ဖြတ်ရခြင်းသည် ကလေးငယ်တစ်ဦးကို သတ်ဖြတ်ရခြင်းနှင့် တူလေသည်။
လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများက ပကတိအင်မော်တယ်များသာ ဖြစ်ကြပြီး ထိုအပြုအမူများအပေါ် စိတ်တိမ်းညွှတ်မှုမရှိကြပေ။
ဝမ်တုန်၏ ဖျောင်းဖျစကားကို ကြားသောအခါ ရှန်းယွဲ့က ခေါင်းမာမနေတော့ဘဲ ညင်သာစွာပခုံးတွန့်လိုက်၏။
“ဘာပဲဖြစ်ဖြစ်လေ သူ့ကို မသတ်ဘူးဆိုရင်တောင်မှ သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဘယ်လောက်ကြာကြာရှင်သန်နိုင်မှာလဲ”
ထိုသို့ပြောရင်း ရှန်းယွဲ့က လိုဏ်ဂူ၏ အပြင်ဘက်သို့ လျှောက်လှမ်းထွက်လာခဲ့၏။
သိပ်မကြာခင် လမ်းဆုံတစ်ခုမှ အမှောင်ရိပ်ထဲကနေ ပုံရိပ်တစ်ခုက ရုတ်တရက် ရှန်းယွဲ့ထံသို့ ခုန်အုပ်လာပြီး မာန်ဖီဟိန်းဟောက်လိုက်လေသည်။
ရှန်းယွဲ့၏ တုံ့ပြန်မှုကလည်း အရမ်းကို မြန်ဆန်လေသည်။ သူက ဘေးတစ်ဖက်သို့ ချက်ချင်းပင် ဆုတ်ခွာပြီး သူ၏ အင်မော်တယ်ဓားကို ဆင့်ခေါ်ကာ အနက်ရောင်အရိပ်ရှိရာဘက်သို့ လက်ပြန်ခုတ်ပိုင်းချလိုက်လေသည်။
ချက်ချင်းပင် ဓားအရိပ်များစွာက ဓားထံကနေ ပေါ်ထွက်လာပြီး အနက်ရောင်အရိပ်ကို ချက်ချင်းပင် အုပ်မိုးသွားလေသည်။
ဖောက်…
အနက်ရောင်အရိပ်က ခပ်သဲ့သဲ့ညည်းတွားပြီး ၎င်း၏ ခန္ဓာကိုယ်ကနေ သွေးစီးကြောင်းတချို့က ပန်းထွက်လာ၏။ သို့သော်လည်း အနက်ရောင်အရိပ်သည် နောက်ဆုတ်မည့် မည်သည့် လက္ခဏာမှ မရှိပေ။ ထိုအစား ၎င်းက ပို၍ပင် ရူးသွပ်ပေါက်ကွဲလာပြီး ၎င်း၏ မျက်လုံးများက အနီရောင်အလင်းဖြင့် တောက်ပလာကာ သူ၏ အသက်ကို ပဓာနမထားဘဲ ရှန်းယွဲ့ရှိရာသို့ ပစ်ဝင်လာလေသည်။
လင်းရွှင်ကျန်းနှင့် အခြားသူများကလည်း အလောတကြီးလျှောက်လှမ်းလာပြီး အနီးကပ်ကြည့်လိုက်ကြ၏။
အနက်ရောင်အရိပ်သည် သွေးများ ဖုန်များဖြင့် ပေကျံနေသည့် အရပ်အမောင်းမြင့်မားသည့် မျောက်ဝံအမတစ်ကောင်ဖြစ်လေသည်။
သူမမှာ ရှန်းယွဲ့ကြောင့် ရရှိလာသော အနာအသစ်အပြင် အနာဖေးများပင် မဖြစ်ပေါ်သေးသည့် ဒဏ်ရာများစွာလည်း သူမမှာ ရှိနေသေးလေသည်။
မျောက်ဝံအမ၏ ပေါင်ပေါ်မှ ဒဏ်ရာများက အဆိုးဝါးဆုံးဖြစ်လေသည်။ ဒဏ်ရာ၏ ဘေးပတ်လည်မှ အသားများက ဆွေးရိနေပြီဖြစ်ပြီး အထဲမှာရှိသော အရိုးဖြူများကပင် ပေါ်ထွက်နေပြီဖြစ်ကာ သူမက လမ်းလျှောက်ရင်း ခွေယိုင်နေ၏။
“ဆိုးယုတ်သတ္တဝါ နင်သေချင်နေတာပဲဖြစ်မယ်”
ရှန်းယွဲ့၏ အမူအရာက အေးစက်လာခဲ့သည်။
မျောက်ဝံအမသည် သုခဘုံလေဟာနယ်နယ်ပယ်မှာ ရှိသော်လည်း သူမ၏ ဒဏ်ရာများက အရမ်းကို ပြင်းထန်ပြီး ရှန်းယွဲ့ကို လုံးဝမယှဉ်နိုင်ပေ။ ရှန်းယွဲ့က နောက်တစ်ဖန်တိုက်ခိုက်လိုက်သည်။
ထိုဓားချက်သည် အရမ်းကို မှင်တက်စရာကောင်းပြီး ဓားအလင်းက တဖျတ်ဖျတ်တလက်လက်တောက်ပနေ၏။ ချက်ချင်းပင် ဓားရိပ်ပေါင်းထောင်ချီက ပစ်လွင့်ထွက်ပေါ်လာပြီး အင်မော်တယ်ဓားအစစ်က ဘယ်နေရာမှာ ရှိသည်ကို ခွဲခြားဖို့ မဖြစ်နိုင်တော့ပေ။
ဓားအလင်း၏ အရောင်အဝါအောက်မှ မျောက်ဝံမသည် သူမ၏ မျက်လုံးထဲမှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားနေရပြီး မျက်ရည်များက အထိန်းအကွပ်မဲ့စွာ စီးကျလာ၏။ သို့သော်လည်း သူမက သူမ၏ မျက်လုံးနှစ်ဖက်ကို မရမက ပြူးကျယ်ထားဆဲဖြစ်ပြီး မဆင်မခြင်ဖြင့် ရှေ့သို့ပြေးဝင်လာခဲ့လေသည်။
သူမသည် သူမအသက်ကို စွန့်ရမည်ဆိုလျှင်တောင် သူမ၏ ကလေးကို ကာကွယ်လိုလေသည်။
ရှန်းယွဲ့၏ အကြည့်က အေးစက်လာပြီး သူ၏ မျက်လုံးထဲမှာ အထင်အမြင်သေးသော အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူ၏ ခုတ်ချက်သည် ပုံရိပ်ဓားတာအို၏ စိတ်ဆန္ဒကို လုံးဝထုတ်ဖော်လိုက်လေသည်။
မျောက်ဝံအမသည် လက်ရှိဒဏ်ရာများရရှိထားသည်ကို မပြောနှင့် သူမ၏ အထွတ်အထိပ် အခြေအနေမှာ ရှိနေမည်ဆိုလျှင်တောင် ထိုလှုပ်ရှားကွက်ကို ခုခံနိုင်မည်မဟုတ်ပေ။
အင်မော်တယ်ဓား၏ အစစ်အမှန်ကိုယ်ထည်က ပုံရိပ်ယောင်များစွာနောက်မှာ ပုန်းကွယ်ပြီး မျောက်ဝံအမ၏ နှာရောင်ရှိရာသို့ ပစ်ဝင်လာခဲ့လေသည်။
သူ၏ အင်မော်တယ်ဓားက မျောက်ဝံအမ၏ နှာရောင်နှင့် ထိတော့်မည့်ဆဲဆဲမှာပင် မြစိမ်းရောင်အလင်းတစ်ခုက ရုတ်တရက်ဖျတ်ခနဲလက်ပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်များစွာကို ထိုးဖောက်ကာ သူ၏ အင်မော်တယ်ဓားကျောရိုးကို ရိုက်ချလိုက်လေသည်။