← Chapters

ညရဲ့စိတ်ဝိညာဉ်

Vol. 187 Ch. 2796

ညရဲ့စိတ်ဝိညာဉ်

Vol. 187 Ch. 2796

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများစွာသည် ဤနေရာမှာ စုဝေးရောက်ရှိနေကြသည်။

တစ်ဘက်မှာတော့ သူတို့သည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ တိုက်ပွဲများကို စောင့်ကြည့်ရင်း အတွေ့အကြုံယူနေကြကာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ မြေပြင်အနေအထားနှင့် ပတ်ဝန်းကျင်ကို အတွေ့အကြုံယူနေကြသည်။

တစ်ဘက်မှာတော့ လုယွင်၊ ယုလန်နှင့် အခြားသူများကဲ့သို့ အမျိုးမျိုးသောကမ္ဘာများက သူတို့၏ ပကတိအင်မော်တယ်တပည့်ဂိုဏ်းသားများကို အာရုံစိုက်ကြည့်နေသည့်သူများလည်းရှိလေသည်။

ဆူဇီမို၊ လင်းရွှင်ကျန်းနှင့် အခြားသူများ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်သွားပြီး နေ့တစ်ဝက်ကြာသောအခါ ပကတိအင်မော်တယ်ယုလန်၊ ဖုန့်ရှု၊ ပီထျန်ရှင်းနှင့် မုန့်ဟောင်တို့က ထွက်ခွာမသွားကြပေ။

လင်းရွှင်ကျန်းနှင့် အခြားသူများက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် ယခုတင်တွေ့ကြုံဖြတ်သန်းနေသည့် မြင်ကွင်းကို သူတို့ငါးယောက်က သတိထားမိကြသည်။

“ညီကိုဆူ ပြန်ထွက်လာမယ်ဆိုရင်လည်း ကောင်းတာပါပဲ”

လုယွင်က ပြောလိုက်၏။

“သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ပထမဆုံးအကြိမ်ရောက်လာတာဆိုတော့ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေအကြောင်း များများစားစားသိမှာ မဟုတ်လောက်ဘူး… အဲလိုကြောင့် သူက သူတို့ကို သတ်ဖြတ်တဲ့နေရာမှာ ပြတ်သားမှုမရှိဖြစ်နေတာပဲ”

“သူက နောက်ထပ်ရက်နဲနဲလောက် လေ့လာအကဲခတ်ကြည့်ပြီးရင် အဲဒါနဲ့ အသားကျသွားပါလိမ့်မယ်”

“ဟုတ်တယ်”

ယုလန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

“ရောင်းရင်းဆူနှင့် ပေမင်ရွှယ်မရှိရင် ရွှင်ကျန်းနဲ့ တခြားသူတွေက သူတို့လုပ်ချင်ရာကို လုပ်လို့ရပြီ… တိုက်ပွဲရမှတ်တစ်ထောင်ကို စုဆောင်းဖို့အခွင့်အရေးကလည်း ပိုပြီးတော့ မြင့်တက်လာလိမ့်မယ်”

လူတိုင်းက ဆွေးနွေးပြောဆိုနေစဉ် ဧရာမပိတ်သားပြင်တစ်ချပ်က ရုတ်တရက်ပွင့်ထွက်သွားပြီး ပုံရိပ်နှစ်ခုက လျှောက်လှမ်းထွက်လာ၏။ အဲဒါက ဆူဇီမိုနှင့် ပေမင်ရွှယ်ဖြစ်သည်။

သူတို့နှစ်ယောက်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်သို့ ပြန်လည်ရောက်ရှိလာပြီး သူတို့၏ နောက်ဘက်ရှိ ပိတ်သားပြင်ပေါ်မှ အက်ကွဲကြောင်းများက တစ်ခဏချင်း ပြန်လည်ပိတ်ဆို့သွားလေသည်။

“အဲဒါ ဓားကမ္ဘာက ဟိုနှစ်ယောက်မလား… သူတို့က နေ့ဝက်တောင် မကြာသေးဘူး ပြန်ထွက်လာကြပြီလား”

တစ်စုံတစ်ယောက် ဆူဇီမိုနှင့် ပေမင်ရွှယ်ကို သတိထားမိပြီး ညင်သာစွာမေးလိုက်၏။

“ဟုတ်တယ်… ငါလည်းစောစောကတင် ဓားကမ္ဘာက အဲဒီလူဆယ်ယောက်ကို စောင့်ကြည့်နေတာ သူတို့နှစ်ယောက်က အထဲမှာ သုံးစားမရဘူး… သူတို့က ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ပုံပဲ”

“ဓားကမ္ဘာက လူရှစ်ဦးက ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ပါ တိုက်ခိုက်ရင်း သူတို့နှစ်ယောက်ကိုပါ ကာကွယ်ပေးနေရတယ်”

“အစိမ်းရောင်ဝတ်ကျင့်ကြံသူက စောစောတုန်းက အထဲမှာ အပြစ်သားစိတ်ဝိညာဉ်တောကောင်တစ်ကောင်ကို စာနာထောက်ထားနေတဲ့ပုံပဲ… သူဘာတွေးနေတာပါလိမ့်”

“မင်းအသံကို နှိမ့်ပြော”

ပကတိစိတ်ဝိညာဉ်တစ်ဦးက ခပ်တိုးတိုးပြောလိုက်၏။

“အဲဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူက ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်တယ်လို့ ငါကြားတယ်… သူ့မှာ မြင့်မြတ်တဲ့ အဆင့်အတန်းရှိတယ်”

နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

“ငါလည်း အဲဒါကို ကြားတယ်… ဆိုတော့ သူက ဓားကမ္ဘာက တည်ထောင်လိုက်တဲ့ နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ပေါ့… သူတို့က အာကာသသက်ရှိပကတိအင်မော်တယ်တစ်ဦးကို ဘာလို့တောင်ထွတ်သခင်နေရာ ပေးထားတာပါလိမ့်… သူ့ရဲ့ကျင့်ကြံမှုက အရမ်းကို အားနည်းလွန်းတယ် မဟုတ်ဘူးလား”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ ပကတိစိတ်ဝိညာဉ်တချို့က ဆူဇီမိုကို တစ်ချက်တစ်ချက်ကြည့်ပြီး တီးတိုးပြောဆိုနေကြ၏။

သူတို့သည် ဆူဇီမို၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်သောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။

လုယွင်နှင့် အခြားသူများသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဖြစ်ပျက်ခဲ့သည့်အရာနှင့် ပတ်သက်၍ ပြောဆိုခြင်းမရှိဘဲ သူ့ကိုသာ နှစ်သိမ့်ပေးလိုက်လေသည်။

ဆူဇီမိုက စိုးရိမ်ပူပန်နေပြီး ဤနေရာကနေ စောင့်ကြည့်နေ၏။ သူ၏ စိတ်ဝိညာဉ်အသိစိတ်က ဧရာမပိတ်ကားထဲသို့ ဝင်ရောက်သွားပြီး လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများ၏ အခြေအနေကို လေ့လာအကဲခတ်ကြည့်နေလေသည်။

တစ်နေ့တာ ကုန်ဆုံးသွားပြီး ‌လင်းရွှင်ကျန်းနှင့် အခြားသူများသည် ရှေ့သို့ ဆက်တက်လာခဲ့ကြသည်။ သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မထင်မှတ်ထားသော အခြေအနေတချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း သူတို့သည် အန္တရာယ်ကျရောက်ခြင်းမရှိဘဲ အကျိုးအမြတ်အတော်များများ ရရှိခဲ့လေသည်။

ဒါ့အပြင် ဆူဇီမိုနှင့်‌ ပေမင်ရွှယ်ကို ကာကွယ်ပေးစရာမလိုတော့သည့်အခါ သူတို့ရှစ်ယောက်က ပို၍ပင် လိုက်လျောညီထွေမှုရှိလာသည်။

သူတို့သည် များပြားလှစွာသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များနှင့် ကြုံတွေ့သည့်အခါ သူတို့ရှစ်ဦးက အသင်္ချေဓားဝင်္ကပါကို အချိန်မရွေးစုဖွဲ့နိုင်ပြီး သူတို့၏ ရန်သူများနှင့် တိုက်ခိုက်နိုင်လေသည်။

သူတို့သည် ဓားဝင်္ကပါကို အချိန်မရွေး ပယ်ဖျက်နိုင်ပြီး သူတို့နောက်သို့ တစ်ဦးချင်းလည်း ခွဲလိုက်နိုင်လေသည်။

တစ်နေ့တာမျှနှင့် လင်းရွှင်ကျန်းနှင့် အခြားသူများသည် တိုက်ပွဲရမှတ် စုစုပေါင်းနှစ်ရာကို စုဆောင်းမိလာကြသည်။

သို့သော်လည်း ဤအချိန်အတောအတွင်း မထင်မှတ်ထားသော တစ်စုံတစ်ရာက နောက်တစ်ဖန်ဖြစ်ပျက်လာသည်။

အဲဒါက လုယွင်၊ ယုလန်နှင့် အခြားသူများကို ချွေးပြန်လာစေလေသည်။ လင်းရွှင်ကျန်းနှင့် အခြားသူများသည် ရှေသို့တက်လှမ်းလာစဉ် သူတို့သည် ဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူတစ်ယောက်နှင့် ကြုံတွေ့ခဲ့ရသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ယက္ခမျိုးနွယ်၊ ယက္ခိုသ်မျိုးနွယ်နှင့် အဆူရာမျိုးနွယ်ကဲ့သို့ ဆိုးယုတ်မိစ္ဆာများ ရှိနေရုံသာမက အဲဒီမှာ လူသားကျင့်ကြံသူများ အပါအဝင် အမျိုးမျိုးသော မျိုးနွယ်စုများမှ သက်ရှိများလည်း ပါဝင်နေ၏။

အထဲမှာ သူတို့သည် ဓားကျင့်သူတစ်ယောက်နှင့် ကြုံတွေ့ရသည်မှာ သိပ်တော့ထူးဆန်းမနေပေ။

သို့သော်လည်း ဤဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူမှာ စွမ်းအးကြီးမားသော နောက်ခံတစ်ခုရှိပြီး သူသည် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦးဖြစ်လေသည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦးချင်းစီသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားကြပြီး အန္တိမပကတိစိတ်ဝိညာဉ်အဆင့်မှာရှိလေသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်လာပြီး တစ်ရက်မှာပင် သူတို့သည် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦးနှင့် ကြုံတွေ့နေရလေသည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးသည် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှ အန္တိမပကတိစိတ်ဝိညာဉ်အများစုထက်ပင် ပိုမိုသန်မာလေသည်။

တကယ်ဆို နှစ်ဦးနှစ်ဖက်က တိုက်ခိုက်နေစရာပင် မလိုပေ။

လင်းရွှင်ကျန်းနှင့် အခြားသူများသည် အနိုင်ရဖို့ အခွင့်အရေးမရှိသလောက်နီးပါးပင်။

သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူက လင်းရွှင်ကျန်းနှင့် အခြားသူများကို တွေ့မြင်သည့်အခါ တိုက်ခိုက်ခြင်းမရှိပေ။ သူက အထင်အမြင်သေးသောကြောင့် သို့မဟုတ် အခြားသောအကြောင်းအရင်းတချို့ကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။

လင်းရွှင်ကျန်းနှင့် အခြားသူများကလည်း သူ့ကို အလောတကြီး ကွေ့ပတ်ကာ ရှောင်တိမ်းလိုက်ကြသည်။

ဆူဇီမိုသည် ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူကို အတန်ကြာသည့်အထိ ငေးကြည့်နေ၏။

ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူမှာ ခံ့ညားသောသွင်ပြင်ရှိပြီး ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားလေသည်။ သူ၏ ဆံပင်က ဖိုသီဖတ်သီရှိနေပြီး သူ့မှာ ကြည့်မကောင်းသည့် မုတ်ဆိတ်များ ရှိနေသည်။ သူက အနည်းငယ်ဖိုသီဖတ်သီနိုင်နေပြီး သူ၏ ခါးတစ်ဘက်မှာ ဝိုင်ဘူးတောင်းတစ်လုံးရှိကာ တစ်ဘက်မှာ သံချေးတက်နေသော ဓားတစ်လက်ရှိလေသည်။

“သူက တကယ့်ကို သန်မာတာပဲ”

ဆူဇီမိုက အသိအမှတ်ပြုခေါင်းညိတ်လိုက်၏။

ဧရာမပိတ်သားပြင်ကနေပင်လျှင် သူ၏ စိတ်ဝိညာဉ်အသိစိတ်များနှင့် ဖျင်ကြမ်းဝတ်ဓားကျင့်ကြံသူထံမှ အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိနိုင်ဆဲဖြစ်၏။

“အဲဒီလူရဲ့နာမည်က ဘယ်သူလဲ”

ဆူဇီမိုက လုယွင်နှင့် အခြားသူများဘက်ကို လှည့်ပြီး ညင်သာစွာမေးလိုက်၏။

လုယွင်က ခေါင်းခါပြလိုက်၏။

“ငါမသိဘူး… အားလုံးကတော့သူ့ကို ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံလို့ ခေါ်ကြတာဘဲ ဒါပေမဲ့ သူ့ရဲ့နာမည်ကိုတော့ ဘယ်သူမှမသိဘူး”

ဘေးကနေ ပီထျန်ရှင်းက သာမန်ကာလျှံကာ ပြောလိုက်၏။

“အဲဒါက အပြစ်သားစိတ်ဝိညာဉ်တစ်ဦးပဲ… သူတို့မှာ နာမည်ပြောင်တစ်ခုရှိနေရင်ရပြီ… ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပြီးသွားပြီ… သူတို့က အနှေးနဲ့ အမြန်ဆိုသလို ကမ္ဘာတစ်ထောင်သုံးဆင့်လောကက ပကတိစိတ်ဝိညာဉ်တွေရဲ့ သတ်ဖြတ်တာကို ခံရလိမ့်မယ်”

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေဟု ခေါ်ဆိုသောနေရာသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် အမဲလိုက်ကွင်းတစ်ခုကဲ့သို့ ဖြစ်လေသည်။

အထဲမှာ ရှိသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် သားကောင်များဖြစ်ကြလေသည်။

“အဲဒီမှာ ဘာခြွင်းချက်မှမရှိဘူးလား”

ဆူဇီမိုက မေးလိုက်၏။

“ဆိုးယုတ်မိစ္ဆာတိုကပွဲမြေက သက်ရှိတွေက ထွက်ခွာဖို့အတွက် အခွင့်အရေးတစ်ခုကို မရနိုင်ဘူးလား”

“ဘယ်ရပါ့မလဲ”

ပီထျန်ရှင်းက ခေါင်းခါပြလိုက်၏။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို မပြောနဲ့ အပြစ်သားကုန်းမြေဆယ်ခုက သက်ရှိတွေတောင်မှ အဲဒါကို ကြိတ်မှိတ်ခံစားရတယ်”

ပီထျန်ရှင်းက သူ့စကားကို ဆုံးအောင်မပြောရသေးခင် သူက တစ်စုံတစ်ရာကို တွေးမိသွားပုံပြီး ရုတ်တရက်ရပ်တန့်ကာ စကားလမ်းကြောင်းပြောင်းလိုက်၏။

ခြွင်းချက်တစ်ခုတော့ ရှိတဲ့ပုံပဲ”

လုယွင်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်ရာဂဏန်းတချို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဆိုးယုတ်အပြစ်သားတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာပျောက်ကွယ်သွားတယ်လို့ ငါကြားဖူးတယ်”

ယုလန်က ပြောလိုက်၏။

“ကျွန်မလည်း အဲဒါကို ကြားတယ်… အဲဒီဆိုးယုတ်မိစ္ဆာက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပေါ်ထွက်လာတဲ့ အချိန်မှာဘဲ သူက သတ်ဖြတ်ခြင်းစက်တစ်လုံးဖြစ်ခဲ့တယ်လို့ ပြောတယ်… မျိုးနွယ်တစ်သောင်းက ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတော်တော်များများက သူ့လက်ထဲမှာ ဆိုးဆိုးရွားရွားသေခဲ့ရတယ်လို့ ငါကြားတယ်”

“နှစ်အနည်းငယ်မှာဘဲ သူက မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲက တစ်ဦးဖြစ်လာခဲ့တယ်… အဲဒါက သမိုင်းတစ်လျှောက်မှာ အမြန်ဆုံးနှုန်းထားဘဲ”

“တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်က အရင်တုန်းက ပြိုင်စံရှားတစ်ဝက်ကလည်း သူ့လက်ထဲမှာ သေခဲ့ရတယ်”

မုန့်ဟောင်က ထိုစကားကိုကြားသောအခါ အံ့အားသင့် မှင်တက်သွားလေသည်။

“သူက အဲလောက်တောင်သန်မာတာလား”

ယုလန်က ခေါင်းညိတ်ပြလိုက်၏။

“အဲဒီဆိုးယုတ်မိစ္ဆာက သတ်ဖြတ်ဖို့အတွက် မွေးဖွားလာတာလို့ပြောတယ်… သူက ထက်ရှတဲ့ သွားစွယ်တွေနဲ့ လက်သည်းတွေကို ပိုင်ဆိုင်ထားရုံတင်မကဘူး… သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အရိုးတစ်ချောင်းချင်းစီနဲ့ ကြေးခွံတစ်ခုချင်းစီကတောင်မှ သတ်ဖြတ်ခြင်းလက်နက်တွေပဲ”

ထိုစကားကို ကြားသော်အခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။ သူက မျက်မှောင်ကြုတ်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

“သူက ဘယ်မျိုးနွယ်ကလဲ”

“သူက ဂမ္ဘီရဟို့မျိုးနွယ်ကလို့ ငါထင်တယ်”

ယုလန်က ပြောလိုက်၏။

“အဲဒီမျိုးနွယ်က အထက်ဘုံလောကတောင်မှ အရမ်းကို ရှားရှားပါးပါးပဲ… သူတို့တွေက အများကြီးမရှိကြဘူး… ဒါပေမဲ့ သူတို့တစ်ဦးချင်းစီက ကောင်းကင်ဘုံကို ဖီဆန်တဲ့ တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားကြတယ်”

“အဲဒါက ညဝိညာဉ်များ ဖြစ်နေမလား”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အံ့အားသင့်ကာ ကျေနပ်သဘောကျသွားလေသည်။

သူပထမဆုံးတွေးမိသည့်သူက ညဝိညာဉ်ဖြစ်သည်။

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး နောက်တစ်ဖန်မေးလိုက်၏။

“အဲဒီဆိုးယုတ်မိစ္ဆာမှာ နာမည်တစ်ခုရှိလား”

“အင်း”

လုယွင်က ပြောလိုက်၏။

“သူက တစ်ခါတုန်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တောင်နှစ်လုံးကို သိမ်းပိုက်ထားခဲ့တယ်… တောင်တစ်လုံးမှာ သူက ‘ည’ဆိုတဲ့စာလုံးကို ရေးထိုးထားပြီး နောက်ထပ်တောင်တစ်လုံးမှာ ‘စိတ်ဝိညာဉ်’ဆိုတဲ့စာလုံးကို ရေးထိုးထားတယ်… လူတော်တော်များမျာကတော့ သူ့ကို ညရဲ့စိတ်ဝိညာဉ်လို့ခေါ်ကြတယ်”

ဆူဇီမိုက ကျေနပ်နှစ်ခြိုက်သွားလေသည်။

မှားစရာမရှိတော့ပေ။

ကြည့်ရသည်မှာ ညရဲ့စိတ်ဝိညာဉ်လို့ ခေါ်ဆိုခံရသူမှာ ညဝိညာဉ်ဖြစ်ရပေမည်။

All Chapters