← Chapters

ဓားချက်တစ်ချက်

Vol. 187 Ch. 2801

ဓားချက်တစ်ချက်

Vol. 187 Ch. 2801

“ငါ့ကို သတ်ဖို့လား”

“မင်းကလား”

“ဟားဟားဟားဟား…”

သူသည် ကမ္ဘာမှာ အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား ရှန်းမုန်က လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် သူ၏ ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။

သူ့ရှေ့မှ ဤအာကာသသက်ရှိပကတိအင်မော်တယ်ကို မပြောနှင့် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်တွင် သူ့အထက်မှာရပ်တည်နေသော အန္တိမပကတိစိတ်ဝိညာဉ်များပင် သူ့ကို သတ်ဖြတ်လိုသည်ဟု သာမန်ကာလျှံကာ ပြောဆိုရဲခြင်းမရှိပေ။

ရှန်းမုန်၏ ဘေးမှာ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် ပကတိစိတ်ဝိညာဉ်လေးဦးရှိပြီး သူတို့အားလုံးက သုခဘုံလေဟာနယ်နယ်ပယ်မှာ ရှိကြလေသည်။

သူတို့က ထိုစကားကို ကြားသောအခါ ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်များကလည်း လှောင်ရယ်လိုက်ကြ၏။

ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်တစ်ဦးက စိတ်လိုလက်ရဖြင့် ဝင်ပြောလိုက်၏။

“ခေါင်းဆောင်ရှန်း… ဒီပုရွက်ဆိတ်ကို ကျုပ်တာဝန်ထားလိုက် ခင်ဗျားရဲ့လက်ကို ညစ်ပတ်အောင်လုပ်ဖို့ မထိုက်တန်ဘူး”

“သွားလေ”

ရှန်းမုန်က သာမန်ကာလျှံကာခေါင်းညိတ်ပြီး တစ်ဘက်သို့လှည့်လိုက်၏။

သူက သူ့လက်နှစ်ဖက်သို့ နောက်သို့ပစ်ကာ မတ်တတ်ရပ်ပြီး ဆူဇီမိုကို ကြည့်ဖို့ပင် အရေးလုပ်မနေပေ။

ရွှစ်…

ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်က ရိပ်ခနဲလှုပ်ရှားပြီး ဆူဇီမို၏ ရှေ့တည့်တည့်ကို ရောက်ရှိလာ၏။

သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက တစ်ဝက်ပွင့်လာပြီး သူက ပြုံးကာ ပြောလိုက်၏။

“ငါမင်းကို ဘယ်လိုသတ်ရမလဲ… မင်းကို လှုပ်ရှားတစ်ကွက်တည်းနဲ့ သတ်ဖြတ်ရမှာက နဲနဲပျင်းဖို့ကောင်းလွန်းတယ်”

“ငါမင်းနဲ့ နဲနဲကစားပေးမယ်… ဘယ်လိုလဲ”

ဆူဇီမိုသည် သူနှင့်စကားပြောဖို့ပင် အရေးလုပ်မနေပေ။

ရိပ်ခနဲလှုပ်ရှားပြီး ဖျတ်ခနဲဆို သူက ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညဉ်၏ ရှေ့သို့ ရောက်ရှိလာ၏။

သူက အရမ်းကို မြန်ဆန်လေသည်။ ထိုအလျင်အဟုန်သည် နိယာမများကို ကျော်လွန်နေပြီး လေဟာနယ်အလွှာများကို ချက်ချင်းဖြတ်ကျော်လာခဲ့လေသည်။

ဆူဇီမိုသည် လုံးဝဟန်ဆောင်မနေပေ။ သူ၏ လက်ကို အနည်းငယ်မြှောက်ပြီး သူ၏ လက်ညှိုးဓားတစ်လက်ကို စုဖွဲ့ကာ ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်၏ နှာရောင်ဆီသို့ ပစ်ထိုးလိုက်၏။

ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်သည် တုန်လှုပ်သွားပြီး သူ၏ သူငယ်နှစ်ဖက်က တင်းကျပ်သွားလေသည်။

ဓားလက်ညှိုးက ရောက်မလာခင်မှာပင် သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ဓားလက်ညှိုးကို ခံနိုင်ရည်မရှိတော့ဘဲ စူးရှသော နာကျင်မှုတစ်ခုကို ခံစားရကာ သွေးများစီးကျလာ၏။

ထိုအခိုက်အတန့်မှာ သူ့အနေဖြင့် တည်နေရာခုန်ကူးဖို့က နောက်ကျလွန်းသွားလေပြီ။

“အား”

သူက မာန်သွင်းဟိန်းဟောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ရူးသွပ်စွာလှည့်ပတ်ရင်း သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်းဘုံမျက်လုံးကို သူ၏ အစွမ်းဖြင့်ဖွင့်လိုက်လေသည်။

သူသည် သူ့ကောင်းကင်ဘုံမျက်လုံး၏ စွမ်းအားနှင့်အတူ ဆူဇီမိုကို ခုခံလိုလေသည်။

သို့သော်လည်း သူ၏ ကောင်းကင်ဘုံမျက်လုံးကို ဖွင့်လိုက်သည့်ခဏမှာပင် လက်ညှိုးဓားက ဆင်းသက်လာခဲ့ပြီဖြစ်ပြီး သူ၏ ကောင်းကင်ဘုံမျက်လုံးကို ချက်ချင်းပင်ထိုးဖောက်လိုက်၏။

ဖောက်… ဖောက်…

ချက်ချင်းပင် သူ၏ နှာရောင်မှ အက်ကွဲသံတစ်သံထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံးမျက်လုံးပကတိစိတ်ဝိညာဉ်၏ ဦးခေါင်းနောက်ဘက်က ချက်ချင်းပင် ကွဲထွက်သွားပြီး နှစ်လက်မအရွယ်အပေါက်တစ်ပေါက်နှင့်အတူ သွေးများက စီးကျလာ၏။

လက်ညှိုးဓားတစ်ချက်နှင့်အတူ ဆူဇီမိုသည် ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်၏ ကောင်းကင်ဘုံမျက်လုံးကို ကန်းသွားစေလေသည်။

တစ်ချိန်တည်းမှာပင် သူ့လက်ညှိုးဓား၏ ထက်ရှမှုက အရမ်းကိုသန်မာပြီး ကျန်ရှိနေသော ခွန်အားက သူ၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။

ကောင်းကင်ဘုံမျက်လုံမျိုးနွယ်သည် ပကတိဧကနယ်သို့ တက်လှမ်းလာပြီးနောက် သူတို့၏ ဓမ္မတာအိုများအားလုံးကို သူတို့နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးထဲမှာ စုဖွဲ့ထားလေသည်။

ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်များအတွက် သူတို့၏ ကောင်းကင်ဘုံမျက်လုံးများက သူတို့၏ တာအိုသစ်သီးများဖြစ်ပြီး သူတို့၏ တာအိုသစ်သီးများက သူတို့၏ ကောင်းကင်ဘုံမျက်လုံးများဖြစ်လေသည်။

ယခု သူ၏ ကောင်းကင်ဘုံမျက်လုံးက ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ဖျက်ဆီးခံရကာ သူက နေရာမှာပင် သေဆုံးသွားလေသည်။

လက်ညှိုးချက်တစ်ချက်ဖြင့် လျှပ်တပြက်သတ်ဖြတ်ခြင်း။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ သုခဘုံလေဟာနယ်ပကတိစိတ်ဝိညာဉ်တစ်ဦးသည် ဆူဇီမိုနှင့် ရင်ဆိုင်ရာမှာ အသံတစ်ချက်ပင် မထွက်နိုင်ဘဲ သေဆုံးသွားလေသည်။

ကျန်ရှိနေသော ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်များ၏ အမူအယာများက ပြောင်းလဲသွားလေသည်။

အစက ဆူဇီမိုကို ကျောပေးရပ်နေသည့် ရှန်းမုန်သည် သူ့ကလန်သား၏ ထိတ်လန့်တကြားဟိန်းဟောက်သံကို ကြားလိုက်ရသည့်ခဏမှာပင် သူက မကြုံစဖူး အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

နောက်ခဏ၌ ကပ်ဘေးတစ်ခုက ဆင်းသက်ရောက်ရှိလာတော့မည့်အလားပင်။

အခြေအနေ မကောင်းတော့ဘူး။

ရှန်းမုန်က ရင်ထဲမှာ နင့်ခနဲဖြစ်သွားသည်။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ့နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးကို ဖွင့်ကာ ချာခနဲလှည့်လိုက်၏။

“ကြယ်တာရာအကျဉ်းထောင်”

ရှန်းမုန်က မာန်သွင်းအော်ဟစ်လိုက်၏။

သူက လှည့်လာသည့်ခဏမှာပင် သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက အနှိုင်းမဲ့နတ်ဘုရားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

အချိန်နှင့်လေဟာနယ်က အေးခဲသွားသည်။

အချိန်က ရပ်တန့်သွားရုံသာမက လေဟာနယ်ကပါ အေးခဲသွားလေသည်။

ဆူဇီမိုသည် လေထဲမှာ အေးခဲတောင့်တင်းသွားပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။

သူတို့နှစ်ယောက်ကြား အကွာအဝေးက လက်တစ်ကမ်းသာဖြစ်သည်။

ရှန်းမုန်က အနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် သူက သေကောင်းသေသွားနိုင်သည်။

ကံကောင်းစွာဖြင့် သူက ပေါ့ပေါ့ဆဆရှိမနေခဲ့ဘဲ အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ချက်ချင်းပင်ထုတ်ဖော်ခဲ့လေသည်။

ဤသည်က သွေးလွှမ်းတိုက်ပွဲများစွာကနေ စုဆောင်းရရှိလာသော အတွေ့အကြုံဖြစ်လေသည်။

လက်တစ်ကမ်းအကွာအဝေးမှာရှိသော ဆူဇီမိုကိုကြည့်ရင်း ရှန်းမုန်က ချွေးပြန်ကာ ဒေါသချောင်းချောင်းထွက်လာ၏။

“ပုရွက်ဆိတ်”

အံကိုတင်းတင်းကြိတ်ပြီး ရှန်းမုန်က ဆူဇီမိုကို သူ၏ မျက်လုံးသုံးလုံးထဲရှိ အမျက်ဒေါသနှင့်အတူ ခပ်စိမ်းစိမ်းစိုက်ကြည့်ကာ ကြမ်းကြုတ်ခက်ထန်သော အော်ရာနှင့်အတူ အေးစက်စွာပြောလိုက်၏။

“မင်း ငါ့ကို သတ်ဖို့အတွက် အတွေ့အကြုံနုလွန်းသေးတယ်”

“ငါမင်းကို အပိုင်းပိုင်းလှီးဖြတ်ပြီး ဖြည်းဖြည်းချင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်မယ်… နောက်ဆုံးမှာ ငါမင်းရဲ့အရိုးတွေကို ချိုးပြီး လောင်ကျွမ်းပြာချပစ်မယ်”

ဖျောက်… ဖျောက်…

ရုတ်တရက်ဆိုသလို။

ဆူဇီမိုထံမှ ထူးဆန်းသောအသံများ ထွက်ပေါ်လာသည်။

ရှန်းမုန်၏ အကြည့်အောက်မှာ ဆူဇီမို၏ နောက်ဘက်ကနေ ကျောက်စိမ်းဖြူရောင် ဆင်စွယ်လေးစုံက ဖြည်းဖြည်းချင်းပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ပေါ်ထွက်လာစေ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ကြယ်တာရာအကျဉ်းထောင်သည် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားရုံသာမက သူတို့၏ မျိုးဆက်သွေး၊ အမြုတေစိတ်ဝိညာဉ်၊ အမြုတေသွေးနှင့် ဓမ္မတာအိုတို့ကိုပင် ကန့်သတ်ချုပ်နှောင်နိုင်လေသည်။ သို့သော် ယခု မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာနေ၏။

“မဟုတ်မှလွဲ…”

အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကသာ သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ခုခံနိုင်လေသည်။

ရှန်းမုန်က အဲဒါကို တွေးမိချိန်မှာ သူက တုန်လှုပ်သွားလေသည်။

ဤပကတိအင်မော်တယ်သည် အာကာသသက်ရှိနယ်ပယ်မှာသာရှိသော်လည်း သူသည် အနှိုင်းမဲ့နတ်ဘုရားတစ်ခုကို နားလည်ဆင်ခြင်ထားခဲ့ပြီဖြစ်သည်။

ထို့နောက်ချက်ချင်းပင် ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှာရှိသော စွမ်းအားက ဆပွားမြင့်တက်လာ၏။

သူ၏ နှာရောင်က တောက်ပသွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က တလိပ်လိပ်ထိုးတက်လာသည်။

သူ၏ ခန္ဓာကိုယ်ကနေ အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ သွေးနီရောင်ဓားအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

ဓားအလင်းက အရာရာတိုင်းကို သတ်ဖြတ်ကာ တစ်လောကလုံးကို ဖျက်ဆီးနိုင်ပုံရလေသည်။

ဓားအလင်းသည် လောကရှိ အသန်မာဆုံးသတ်ဖြတ်ခြင်းစိတ်ဆန္ဒကနေ စုဖွဲ့ထားပုံရပြီး ဆူဇီမိုကို လွှမ်းခြုံထားသည့် ကြယ်တာရာအကျဉ်းထောင်ကနေ ချက်ချင်းပင် ဖောက်ထွက်လာခဲ့၏။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓား။

ဟာ…

ရှန်းမုန်က ပင့်သက်ကို ရှိုက်လိုက်၏။

သူ၏ အမူအရာက သူ့မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုနှင့် တုန်လှုပ်စွာပြောင်းလဲသွားလေသည်။

ဒုတိယမြောက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို ဆက်တိုက်ထုတ်ဖော်ပြီးနောက် ဤလူ၏ အမြုတေစိတ်ဝိညာဉ်က လဲပြိုကျသွားရမည် မဟုတ်ပါလား။

ထိုမျှသာမက ဤလူထုတ်ဖော်လိုက်သော အင်မော်တယ်နှိမ်နင်းဓားသည် သူ၏ ကြယ်တာရာအကျဉ်းထောင်ကိုပင် ဖောက်ထွက်လာနိုင်လေသည်။

ဤအာကာသသက်ရှိပကတိအင်မော်တယ်သည် သူ့ထက် ကျင့်ကြံမှုနယ်ပယ်နိမ့်ကျသော်လည်း တိုက်ခိုက်ရည်ခွန်အားမှာ သူနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဟု ဆိုလိုလေသည်။

အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး။

သူ့ရှေ့မှ အစိမ်းရောင်ဝတ်ကျင့်ကြံသူက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်လေသည်။

ရှန်းမုန့်က တကယ်ပင် တုန်လှုပ်နေပြီဖြစ်သည်။

သူက အနည်းငယ်စိတ်လွတ်သွားသည့်ခဏမှာပင် ဆူဇီမို၏ နှာရောင်ကနေ အစိမ်းရောင်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ရှန်းမုန့်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်ကာ သူ၏ နောက်ဘက်ကနေ ထွက်ခွာသွားလေသည်။

ရှဲ…

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ သက်ရှိတချို့၏ ထိတ်လန့်တကြားအကြည့်များအောက်မှာ ရှန်းမုန်၏ ခန္ဓာကိုယ်က အစိမ်းရောင်အလင်းဖြင့် အလယ်ကနေ နှစ်ပိုင်းထိုးခွဲခံလိုက်ရလေသည်။ သွေးများက ပန်းထွက်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားသည်။

ရှန်းမုန်၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရကာ သူက သေဆုံးသွားလေသည်။

အစိမ်းရောင်အလင်းက သူ၏ အစစ်အမှန်ပုံစံကို ထွက်ပေါ်လာစေ၏။

အဲဒါသည် ထက်ရှ၍အေးစက်နေသော ကျောက်စိမ်းဓားတစ်လက် ချင်းဖျင်ဓားဖြစ်လေသည်။

ကောင်းကင်ဘုံမျက်လုံးမျိးနွယ်ရှိ အသန်မာဆုံးပါရမီအရည်အချင်းက သူတို့၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးဖြစ်သည်။

သူတို့သည် ဤမွေးရာပါမျက်လုံးကို ပိုင်ဆိုင်ထားသောကြောင့် သူတို့သည် နတ်ဘုရားစွမ်းအားများ၊ ဓမ္မတာအိုများနှင့် လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သက်တောင့်သက်သာဖြင့် နားလည်ဆင်ခြင်နိုင်ကြသည်။

ဤကောင်းကင်ဘုံမျက်လုံးက သူတို့၏ စွမ်းအားအရင်းအမြစ်ဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နှင့် မျိုးဆက်သွေးနှင့် ကိုယ်ကာယက မျိုးနွယ်စုတစ်သောင်းကြားမှာ ထိပ်တန်းအဆင့်ဖြစ်သည်ဟု မဆိုနိုင်ပေ။

ဆူဇီမိုသည် ကြယ်တာရာအကျဉ်းထောင်ကနေ ဖောက်ထွက်လာသည်နှင့် ထိုအကွာအဝေးမှာ ရှန်းမုန်သည် သူ၏သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို လုံးဝမခုခံနိုင်ပေ။

ဒါ့အပြင် ချင်းဖျင်ဓားကို သူဆင့်ခေါ်ထုတ်လိုက်သည့်အချိန်မှာ ရှန်းမုန်သည် ရှောင်တိမ်းဖို့ပင် အခွင့်အရေးမရတော့ပေ။

ရှန်းမုန်သည် ခုခံရေးချပ်ဝတ်တန်ဆာ အလွှာတစ်ခုကို ဝတ်ဆင်ထားခဲ့လေသည်။ သို့သော်လည်း ၎င်းသည် ချင်းဖျင်ဓားဖြင့် ချက်ချင်းထိုးဖောက်ခံလိုက်ရသည်။

အဲဒါသည် ဖန်တီးခြင်းကြာပဒုမ္မာအဆင့်-၁၂ထိ တက်လှမ်းလာပြီးမှ မွေးဖွားပေါ်ထွက်လာသော ရတနာတစ်ခုဖြစ်လေသည်။

အသွေးအသားခန္ဓာကိုယ်မပြောနှင့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးမှာ ချင်းဖျင်ဓား၏ ထက်ရှမှုကို ခုခံနိုင်သော နတ်ဘုရားလက်နက်များ မရှိလောက်ပေ။

All Chapters