မင်းမှာ စဉ်းစားဉာဏ်မရှိဘူးလား
Vol. 187 Ch. 2803
“သူက မသေဘူးလား”
ဘုရင်အေးစက်မျက်လုံးက လင်းရွှင်ကျန်း လျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ သူ၏ မျက်နှာက သုန်မှုန်သွားလေသည်။
သူသည် မွန်မြတ်ကောင်းကင်ဘုံးကမ္ဘာရင်ပြင်မှာ မနေ့က အခြေအနေကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသည်။
ဤကဲ့သို့ ပြင်းထန်သောဒဏ်ရာများ ထိခိုက်ခံစားရပြီးနောက် သူက ယခုအချိန်ထိ ဘယ်လိုလုပ် အသက်ရှင်နေနိုင်သေးတာလဲ။
ဒါ့အပြင် လင်းရွှင်ကျန်းသည် ကောင်းမွန်သောအခြေအနေတစ်ရပ်မှာ ရှိနေပြီး သိသိသာသာ အန္တရာယ်မရှိတော့သည့်ပုံ ပေါ်လေသည်။ ဘုရင်အေးစက်မျက်လုံး၏ အမူအရာက တစ်လှည့်စီ ပြောင်းလဲသွားပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့၏။ သူက ပြုံး၍ပြောလိုက်၏။
“ငါစိတ်ပျက်ရတယ်လို့ ပြောလို့ဘယ်ရမလဲ… ဒီတစ်ခေါက်မင်းက ကံကောင်းသွားတယ် နောက်တစ်ခါဆိုရင်တော့ အဲလောက်ထိကံကောင်းနေမှာ မဟုတ်ဘူး… နောက်ပြီး ငါ့ရဲ့ ကောင်းကင်ဘုံးမျက်လုံးကမ္ဘာက ရှန်းမုန်က မင်းတို့တွေဆီကနေ တိုက်ပွဲရမှတ်တစ်ထောင်ကျော်ကို လုယူထားခဲ့တာပဲ စိတ်ပျက်ရမယ့်သူက မင်းတို့တွေပဲဖြစ်ရမယ်”
လုယွင်က မှင်သေသေဖြင့် ပြောလိုက်၏။
“တိုက်ပွဲရမှတ်တွေကို ဆုံးရှုံးရတာက ဘာမှမဖြစ်ဘူး… ငါတို့အသက်ရှင်နေသရွေ့ တစ်နေ့မှာ ဆုံးရှုံးသွားတဲ့ တိုက်ပွဲရမှတ်တွေကို အမြဲတမ်းပြန်ရယူနိုင်တယ်”
“ဟားဟားဟားဟား…”
ဘုရင်အေးစက်မျက်လုံးက ဟားတိုက်ရယ်မောလိုက်၏။
“လုယွင်.. မင်းက တော်တော်ရိုးအတာပဲ… ငါရှိနေသရွေ့ မင်းတို့ဓားကမ္ဘာက လူတွေက တိုက်ပွဲရမှတ်တွေကို ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ဘူး”
“ငါတို့ ကောင်းကင်ဘုံမျက်လုံးကလန်သားတွေက မင်းတို့ဓားကမ္ဘာက လူတွေကို တွေ့တိုင်း ငါတို့က သူတို့ကို သတ်ဖြတ်ပစ်မယ်… ငါတို့က နှစ်ခါတွေ့ရင် သူတို့ကို နှစ်ခါသတ်မယ်… မင်းတို့ဓားကမ္ဘာက ပကတိစိတ်ဝိညာဉ်တွေ ဘယ်တော့မှာ ဦးမော့မလာနိုင်တော့တဲ့အထိ သတ်ပစ်မယ်”
“မင်းတို့ဓားကမ္ဘာကလူတွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဘယ်တော့မှာ ခြေမချရဲအောင် ငါလုပ်ပြမယ်”
“မင်း…”
ပီထျန်ရှင်းက ထိုစကားကိုကြားသော်အခါ ဒေါသချောင်းချောင်းထွက်လာပြီး စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ တိုက်ခိုက်ခြင်းကို ပိတ်ပင်တားမြစ်ထားသောကြောင့်မဟုတ်လျှင် သူက ဘုရင်အေးစက်မျက်လုံးကို တိုက်ခိုက်ပြီးနေလောက်လေပြီ။
လုယွင်၊ ယုလန်နှင့် အခြားသူများ၏ အမူအရာများကလည်း သုန်မှုန်လာကြသည်။
“ဘုရင်အေးစက်မျက်လုံး သိပ်ပြီးလွန်မလာနဲ့”
ဖုန့်ရှုက သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ထား၏။
“လွန်တယ်… ဟုတ်လား”
ဘုရင်အေးစက်မျက်လုံးက ရယ်မောလိုက်၏။
“မင်းတို့တွေ ငါတို့ကိစ္စမှာ ဝင်ရှုပ်တုန်းက အဲဒီစကားကို ဘာလို့မပြောခဲ့တာလဲ… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက တိုက်ခိုက်မှုတွေက ကျင့်ကြံမှုနယ်ပယ်တူတွေကြားက တိုက်ပွဲပဲ… သူတို့သေဆုံးသွားမယ်ဆိုရင်တောင် သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းမှုအတွက် သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမယ်.. အဲတော့ ငါက ဘယ်လိုလုပ်ပြီး လွန်သွားရတာလဲ”
လုယွင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြေလိုက်၏။
“ဘုရင်အေးစက်မျက်လုံး မင်းရဲ့ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှာ အခုချိန် အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးရှိတယ်… အဲတော့ မင်းမှာ မောက်မာခွင့်ရှိတယ်”
“ဒါပေမဲ့ တစ်နေ့မှာ ငါတို့ဓားကမ္ဘာမှာ အန္တိမပကတိစိတ်ဝိညာဉ်တွေ မွေးဖွားပေါ်ထွက်လာတဲ့အချိန် ရောက်လာဦးမှာပဲ… အဲဒီအချိန်ကျရင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ငါတို့ အကုန်လုံးကို စာရင်းလာရှင်းမယ်”
တကယ်တော့ ကိစ္စက ထိုသို့ပင် ဖြစ်လေသည်။
အခုချိန်မှာ နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ဆူကျူးသည် အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ထားခဲ့ပြီဖြစ်သည်။ သူသည် သုခဘုံလေဟာနယ် နယ်ပယ်ထိ ကျင့်ကြံပြီးသည်နှင့်အမျှ သူသည် အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး ဖြစ်လာပေလိမ့်မည်။
ပေမင်ရွှယ်သည် မကြုံစဖူးကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှာ ကိုးခုကို ဖြတ်ကျော်ခဲ့ပြီး ဓားတာအို၏ နောက်ထပ်အနှိုင်းမဲ့စွမ်းအားတစ်ခု၏ အမွေအနှစ်ကိုပင် ရရှိထားလေသည်။
ယွင်ထင်သည်လည်း အတူတူပင်ဖြစ်သည်။ ဓားတာအိုမှာ သူ၏ ပါရမီအရည်အချင်းက သမိုင်းတစ်လျှောက် ရှားရှားပါးပါးဖြစ်ပြီး သူသည် အင်မော်တယ်နှိမ်နင်းဓားကို တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားတစ်ခု၏ အဆင့်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်သည်။
သူနှင့် ပေမင်ရွှယ်သည် ပေါင်းစည်းခြင်းနယ်ပယ်မှာသာရှိနေသေး၏။ သူတို့သည် အရွယ်မတိုင်ခင် မသေဆုံးဘဲ ကျင့်ကြံဖို့ လုံးလောက်သည့် အခွင့်အရေးရသည်နှင့်အမျှ အနာဂတ်မှာ သူတို့သည် အန္တိမပကတိစိတ်ဝိညာဉ်များအဖြစ် ကြီးပြင်းလာကြပေလိမ့်မည်။
တကယ်တော့ သူတို့သုံးယောက်၏ ကျင့်ကြံမှုနယ်ပယ်များက အတော်လေးနိမ့်ကျနေသေးပြီး သူတို့အနေဖြင့် သုခလုံလေဟာနယ်ထိ ကျင့်ကြံဖို့က နှစ်ပေါင်းသောင်းချီ သို့မဟုတ် နှစ်ပေါင်းသိန်းချီ အချိန်ယူရပေလိမ့်မည်။
ယခုအချိန်မှာ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်လာဖို့ အမြင့်မားဆုံး မျှော်လင့်ချက်နှင့် ဖြစ်နိုင်ခြေက လင်းရွှင်ကျန်းဖြစ်လေသည်။
“ဪ.. ဟုတ်လား”
ဘုရင်အေးစက်မျက်လုံးက တမင်သက်သက်ရန်စလိုက်၏။
“အဲဒီနေ့က ဘယ်နေ့လဲ… ငါ့အထင်တော့ ငါတို့ဒီနေ့ပဲ ဘာလို့စာရင်းမရှင်းရမှာလဲ… မင်းတို့မှာ သတ္တိရှိတယ်ဆိုရင် ငါနဲ့ ဒီနေရာမှာပဲ ငြင်းခုန်မနေနဲ့… မင်းတို့ဓားကမ္ဘာက ပကတိစိတ်ဝိညာဉ်တချို့ကို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေဆီပို့ပြီး လက်တွေ့သက်သေပြခိုင်းလိုက်”
လုယွင်က အေးစက်စွာနှာတစ်ချက်မှုတ်ပြီး နှုတ်ဆိတ်နေ၏။
လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် တခြားသူများက ထိခိုက်ဒဏ်ရာရရှိထားသည်ကို မပြောနှင့် သူတို့ရှစ်ယောက်က ပကတိကောင်းမွန်နေမည်ဆိုလျှင်တောင် သူတို့အနေဖြင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ကာ အန္တရာယ်ကို စွန်းစားဖို့က မဖြစ်နိုင်ပေ။
ဒါ့အပြင် ဘုရင်အေးစက်မျက်လုံးသည် ဓားကမ္ဘာမှလူတိုင်းကို သိသိသာသာ တမင်သက်သက် ရန်စနေခြင်းဖြစ်လေသည်။ လုယွင်နှင့် တခြားသူများက သူ့စကားမှာ ကျဆင်းသွားလိမ့်မည်မဟုတ်ပေ။
ဘုရင်အေးစက်မျက်လုံးက သူ၏ အသံကို တစ်ချိန်လုံး ဖုံးကွယ်မထားပေ။ ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲ အခြေအနေက ကမ္ဘာများစွာမှ ပကတိစိတ်ဝိညာဉ်များကို ဆွဲဆောင်မိနေပြီဖြစ်လေသည်။ လူတိုင်းက စုဝေးရောက်ရှိလာပြီး ဆွေးနွေးပြောဆိုလာကြ၏။
“ဘာတွေဖြစ်နေတာလဲ… ကောင်းကင်ဘုံမျက်လုံးကမ္ဘာက ဓားကမ္ဘာနဲ့ ဘာလို့ဆက်ဆံရေးဆိုးနေရတာလဲ”
“ကောင်းကင်ဘုံမျက်လုံးကမ္ဘာက ခုနှစ်စင်ကြယ်ဓားကမ္ဘာကို ဖျက်ဆီးပြီး သက်ရှိပေါင်းသန်းရာချီကို သတ်ဖြတ်ခဲ့တယ်လို့ ငါကြားတယ်… နောက်ပိုင်းမှာ ဓားကမ္ဘာက လူတစ်အုပ်စုက ရောက်လာပြီး ခုနှစ်စင်ကြယ်ဓားကမ္ဘာက ကျင့်ကြံသူထောင်ချီကို ကယ်တင်သွားတယ်… ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က လူထောင်ချီကတောင် အဲဒီမှာ သေဆုံးသွားတယ်လို့ပြောတယ်… အဲလိုနဲ့ ကမ္ဘာနှစ်ခုက အခုလိုမျိုးရန်သူတွေဖြစ်လာတာပဲ”
“မနေ့က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရှန်းမုန်က ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်ကိုးဦးကို ဦးဆောင်ပြီး ဓားကမ္ဘာက လင်းရွှင်ကျန်းနဲ့ တခြားသူတွေကို အနိုင်ယူခဲ့တယ်… လင်းရွှင်ကျန်းက သေလုမတတ်ဘဲ”
“ဟားဟားဟားဟား…”
ဘေးပတ်လည်မှ စုဝေးရောက်ရှိလာသည့်သူများက ပို၍ပို၍များပြားလာသည်ကို ကြည့်ပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဘုရင်ပညာရှင်တစ်ဦးက ဟားတိုက်ရယ်မောလိုက်၏။
“အားလုံးပဲ ကြည့်ကြစမ်းပါဦး… ဓားကမ္ဘာက ပကတိစိတ်ဝိညာဉ်တွေက သုံးစားမရဘူး… အကုန်လုံးက ငကြောက်တွေချည်းပဲ… သူတို့တွေက ငါတို့ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကို ကြောက်လွန်းလို့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကိုတောင်မှ ခြေမချရဲတော့ဘူး”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ နောက်ထပ်ဘုရင်ပညာရှင်တစ်ဦးက ပြောလိုက်၏။
“ငါ့အထင်တော့ မင်းတို့ဓားကျင့်ကြံသူတွေက မင်းတို့ဓားကမ္ဘာကို မြန်မြန်ပြန်လစ်ပြီး တွင်းတူးပြီး ပုန်းနေသင့်တယ်… အရှက်မကွဲရအောင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ထပ်မလာကြနဲ့တော့”
လူအုပ်ကြားထဲမှာ ဆွေးနွေးပြောဆိုသံများက ပိုမိုပြင်းထန်ကြမ်းတမ်းလာပြီး ရယ်မောသံများက မကြာမကြာထွက်ပေါ်လာ၏။
ဓားကမ္ဘာမှလူတိုင်းသည် ထိုအသံများကို ကြားသောအခါ အမျက်ဒေါသထွက်လာပြီး သူတို့၏ မျက်နှာများက ပူစပ်ပူလောင်ဖြစ်လာသည်ဟု ခံစားရလေသည်။
သို့သော်လည်း ယခုအချိန်မှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ခြင်းသည် ကိုယ့်ကိုကိုယ် သတ်သေခြင်းနှင့် မခြားနားကြောင်း လူတိုင်းက သူတို့၏ ရင်ထဲမှာ သိရှိထားကြသည်။
လူတိုင်းက ဤအရှက်ခွဲမှုကို ကြိတ်မှိတ်ခံစားရရုံသာ တတ်နိုင်လေသည်။
လင်းရွှင်ကျန်း၊ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် တောင်ထွတ်များမှာ အခြားသော နံပါတ်တစ်ပညာရှင်များက သူတို့၏ ခေါင်းများကို တစ်ယောက်ပြီးတစ်ယောက် ငုံ့ကာ တိတ်တဆိတ်ဖြင့် သူတို့၏ လက်သီးများကို ဆုပ်ထားကြလေသည်။
ဓားကမ္ဘာမှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ရဲတဲ့သူမရှိဘူးလို့ ဘယ်သူပြောလဲ”
ထိုစဉ်မှာပင် ဂေဟာထဲရှိ လူအုပ်ထဲကနေ အမျိုးသမီးတစ်ဦး၏ အသံက ထွက်ပေါ်လာ၏။
လူတိုင်းက အသံထွက်ပေါ်လာရာဘက်ကိုကြည့်ပြီး ငယ်ရွယ်သောအမျိုးတစ်ဦး လူအုပ်ကြားထဲကနေ လျှောက်လှမ်းထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။
“ပေမင်ရွှယ် အရူးလုပ်မနေနဲ့”
လုယွင်က မျက်မှောင်ကြုတ်ကာ အော်ငေါက်လိုက်၏။
ဓားကမ္ဘာရှိမည်သူကမှ စိန်ခေါ်မှုကို လက်မခံမှာဆိုးပြီး ဘုရင်အေးစက်မျက်လုံး၏ အကြည့်က ပေမင်ရွှယ်ပေါ်သို့ ရောက်ရှိသွားကာ သူက စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
“ကလေးမ… နင်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ရဲလို့လား”
“ကျွန်မကို ပြောတာမဟုတ်ဘူး”
ပေမင်ရွှယ်က ခေါင်းခါပြလိုက်၏။
“ကျွန်မက ကျွန်မဆရာကို ပြောနေတာပဲ”
ဘုရင်အေးစက်မျက်လုံးက မျက်ခုံးပင့်ပြီး မေးလိုက်၏။
“ဒါဆို နင့်ဆရာက ဘယ်သူလဲ.. သူ့ကိုထွက်လာခိုင်းလိုက် ငါတစ်ချက်ကြည့်မယ်”
ပေမင်ရွှယ်က ပြောလိုက်၏။
“သူဒီမှာမရှိဘူး… သူက အခုလောက်ဆိုရင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်သွားလောက်ပြီ”
“ဘာဖြစ်တယ်”
ဘုရင်အေးစက်မျက်လုံး မတုံ့ပြန်နိုင်ခင်မှာပင် လုယွင်၊ ယုလန်နှင့် အခြားသူများက တုန်လှုပ်သွားကြသည်။
လုယွင်နှင့် အခြားသူများသည် ပေမင်ရွှယ်က ဟာသလုပ်နေသည်ဟု တွေးပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို အလောတကြီးထုတ်ဖော်ကာ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းရှာဖွေလိုက်ကြ၏။
“ညီကိုဆူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တကယ်ပဲသွားတာလား”
လုယွင်က ပေမင်ရွှယ်ကို တည်တံ့သော အမူအရာဖြင့်ကြည့်ပြီး လေးနက်သော အသံဖြင့်မေးလိုက်၏။
“သူဘယ်အချိန်က ထွက်သွားတာလဲ”
ပေမင်ရွှယ်က ခဏမျှတွေးတောပြီးနောက် ပြောလိုက်၏။
“သူက စီနီယာအစ်မလင်းကို ကုသပေးပြီးတဲ့နောက် ထွက်သွားတာပဲ”
“အို မဟုတ်သေးဘူး”
လုယွင်က ပူပန်ကြောင့်ကြ၍ ဒေါသထွက်လာပြီး ပေမင်ရွှယ်ကို အော်ငေါက်လိုက်၏။
“နင့်မှာ စဉ်းစားဉာဏ်မရှိဘူးလား… နင်ဘာလို့ သူ့ကို မတားတာလဲ”
ယခုအချိန်မှာ ဆူဇီမိုက ဒုက္ခရောက်နေပြီဖြစ်ပြီး လုယွင်က တောင်ထွတ်သခင်တစ်ဦးအဖြစ် သူ၏ ဣန္ဒြေကို ဆုံးရှုံးသွားကာ သူ၏ လေသံက ပိုမိုခက်ထန်လာခဲ့လေသည်။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို သွားမှာကို ကျွန်မက ဆရာ့ကို ဘယ်လိုလုပ်တားနိုင်မှာလဲ”
ပေမင်ရွှယ်က နားမလည်နိုင်ဘဲ ပြန်မေးလိုက်၏။
ဒါ့အပြင် သူမ၏ ရင်ထဲမှာ သူမအနေဖြင့် သူမဆရာကို တားဖို့ မလိုအပ်ပေ။
လုယွင်က ပြောလိုက်၏။
“နင်သူ့ကို မတားနိုင်ဘူဆိုရင်တောင်မှ ငါတို့ကို စောစောကြိုပြောမှပေါ့… အဲဒါဆိုရင် နောက်ကျသွားမှာမဟုတ်ဘူး… ဒါပေမဲ့ အခုတော့…”
ယုလန်ကလည်း မလုံမလဲခံစားနေရပြီး နောင်တရနေ၏။
“ရွှင်ကျန်းပြန်သက်သာလာတာကို တွေ့မြင်ပြီးတဲ့နောက် သူ့ကို အာရုံမစိုက်မိတာ ငါတို့အမှားပဲ”
ဖုန့်ရှုက သက်ပြင်းချကာ ပြောလိုက်၏။
“အဲဒါ အဓိကကတော့ ညီကိုဆူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တစ်ယောက်တည်းပြေးသွားရလောက်အောင် မဆင်မခြင်လုပ်လိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားလို့ဘဲ”
တံခါး၏ အပြင်ဘက်ကနေ ဘုရငအေးစက်မျက်လုံးသည် လုယွင်နှင့် အခြားသူများ၏ စိုးရိမ်ပူပန်နေသော အမူအရာများကို ဝမ်းသာအားရဖြင့်ကြည့်နေ၏။
ကိစ္စများက သူ့အတွက် အခွင့်သာလာခဲ့သည်။
တစ်ယောက်ယောက်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ တကယ်ပဲ အသေခံရန်သွားရောက်ခဲ့လေသည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိတစ်ဦးက ဘုရင်အေးစက်မျက်လုံး၏ နားအနားကိုကပ်ကာ တိုးတိုးပြောလိုက်၏။ သူ၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိမ်ကာ ထူးဆန်းသောလေသံဖြင့် ပြောလိုက်၏။
“အို… ဘုရားရေ… မင်းတို့ရဲ့ ဓားကျင့်ကြံဆူက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်တယ်လို့ ငါအခုပဲကြားလိုက်ရတယ်”
“ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းလဲ… သူက တောင်ထွတ်သခင်ဖြစ်လာတယ်ဆိုတော့ တကယ့်ကို ထူခြားအံ့မခန်းဖြစ်တဲ့သူပဲနေမှာ။”