← Chapters

သတ်ဖြတ်ရန် ရည်ရွယ်သည်

Vol. 187 Ch. 2805

သတ်ဖြတ်ရန် ရည်ရွယ်သည်

Vol. 187 Ch. 2805

ဘုရင်အေးစက်မျက်လုံး ထိုသို့ ပြောပြီးနောက် မွန်မြတ်ကောင်းကင်ဘုံးကမ္ဘာရင်ပြင်မှာ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက သူ၏ မျက်နှာပေါ်သို့ ဆင်းသက်ရောက်ရှိလာကြသည်။

နဂါးကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာ၊ သင်္ချိုင်းကမ္ဘာ၊ အလင်းကမ္ဘာ၊ လူရိုင်းကမ္ဘာ၊ ရွှေကျီးကန်ကမ္ဘာ၊ ဘီလူးကမ္ဘာ... စသည်ဖြင့်။

အမျိုးမျိုးသော ကမ္ဘာများမှ ပကတိစိတ်ဝိညာဉ်များသည် အရူးတစ်ယောက်ကို ကြည့်နေရသည့်အလား သူ့ကို ကြည့်နေကြ၏။

“ခင်ဗျားက ရှန်းမုန်နဲ့ သူ့လူတွေကို ပြောနေတာထင်တယ်… ဟုတ်တယ်မလား”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“ကျုပ်တို့တွေ့ခဲ့သားပဲ ဒါပေမဲ့ အဲဒါက ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့တော့ ကျုပ်မထင်ဘူး”

ဆူဇီမိုက သာမန်ကာလျှံကာ ပြောနေသော်လည်း လုယွင်နှင့် တခြားသူများက ထိတ်လန့်သွားကြလေသည်။

သူသည် ရှန်းမုန်တိုအုပ်စုနှင့် တကယ်ပင် ကြုံတွေ့ခဲ့လေသည်။

သူ့အနေဖြင့် ဤကဲ့သို့သော အခြေအနေကနေ မထိမခိုက် လွတ်မြောက်လာနိုင်ခဲ့သည်မှာ တကယ့်ကို ကံကောင်းလှလေသည်။

“ဪ ဟုတ်လား”

ဘုရင်အေးစက်မျက်လုံးက အဲဒါကို လုံးဝမယုံကြည်နိုင်ဘဲ လှောင်ရယ်လိုက်၏။

“မင်းက ရှန်းမုန်တို့အုပ်စုနဲ့ တွေ့ပြီးတာတောင် အသက်ရှင်လျက် ပြန်ရောက်လာနိုင်တာလား… မင်းက တော်တော်ပေါက်တတ်ကရပြောတတ်တာဘဲ… အဲလိုအလိမ်အညာကို ငါက ယုံမယ်လို့ထင်လို့လား”

ရွှစ်…

ဆူဇီမိုက ရှင်းပြမနေပေ။ သူက သူ၏ သိုလှောင်အိတ်ထဲကနေ သွေးများစွန်းထင်းနေသည့် မွန်မြတ်ကောင်းကင်ဘုံးတံဆိပ်ပြားဆယ်ခုကိုသာ ဆွဲထုတ်ပြီး ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများထံသို့ သာမန်ကာလျှံကာ ပစ်ထုတ်ပေးလိုက်၏။

“ဒါက…”

ဘုရင်အေးစက်မျက်လုံးနှင့် အခြားကောင်းကင်ဘုံမျက်လုံးမျိုးနွယ်များက တုန်လှုပ်သွားပြီး သူတို့၏ မျက်နှာများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားကြ၏။

ဘုရင်အေးစက်မျက်လုံးသည် မွန်မြတ်ကောင်းကင်ဘုံးကမ္ဘာတံဆိပ်ပြားများထဲမှတစ်ခုကို လက်လှမ်းကာ ဆွဲယူလိုက်၏။ ရှေ့ဘက်မှာရှိသောနာမည်က ရှန်းမုန်ဖြစ်လေသည်။

နောက်ဘက်မှာရှိသော တိုက်ပွဲရမှတ်များကတော့ ဗလာကျင်းနေ၏။

ထိုအရာသည် ရှန်းမုန်၏ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြား တကယ်ပင်ဖြစ်ပြီး အဲဒါနှင့်ပတ်သက်၍ မှားစရာမရှိပေ။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဘုရင်အေးစက်မျက်လုံးက သူ၏ ခေါင်းကို ဆတ်ခနဲမော့ပြီး ဆူဇီမိုကို မမှိတ်မသုန်စိုက်ကြည့်လိုက်၏။ သူက အေးစက်စွာဖြင့် မေးလိုက်လေသည်။

“ငါ့ကို ပြောစမ်း… ရှန်းမုန်တို့ရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားတွေက မင်းဆီကို ဘာ့ကြောင့်ရောက်နေတာလဲ”

ရှန်းမုန်နှင့် တခြားသူများသည် ကြီးမားသောကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရခြင်းမဟုတ်သရွေ့ သူတို့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများသည် တခြားသူ၏ လက်ထဲကို ကျရောက်သွားဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း ဘုရင်အေးစက်မျက်လုံးက အဲဒါကို မယုံကြည်ပေ။

ရှန်းမုန်သည် အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်လေသည်။ ဘယ်သူက သူ့ကို သတ်ဖြတ်နိုင်မှာလဲ။

ဒါ့အပြင် သူ့မှာ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားရှိလေသည်။ သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးနှင့် ကြုံတွေ့ရမည်ဆိုလျှင်တောင် သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို သုံးကာ မထိမခိုက်လွတ်မြောက်နိုင်လေသည်။

သူတို့က ဘယ်လိုလုပ်ပြီး အကုန်ရှင်းလင်းသုတ်သင်ခံလိုက်ရတာလဲ။

လုယွင်နှင့် တခြားသူများက သူတို့ဘေးမှာရှိသော ဆူဇီမိုကို အိုးတိုးအမ်းတမ်းအမူအရာများဖြင့်ကြည့်ပြီး ဖြစ်ပျက်နေသည့်အရာကို နားမလည်နိုင်ကြပေ။

“ငါ့မှာ သူတို့ရဲ့တံဆိပ်ပြားတွေတင်ရှိတာ မဟုတ်ဘူး ဒါတွေလည်းရှိတယ်”

ဆူဇီမိုက ထိုသို့ပြောရင်း သူ၏ သိုလှောင်အိတ်ထဲကနေ လုံးဝိုင်း၍ နီရဲနေသော အလုံးဆယ်လုံးကို ထုတ်ယူကာ သူ့လက်ဖဝါးရှေ့မှာ မြှောက်တင်ပြလိုက်၏။

ထိုအလုံးဆယ်လုံးထဲမှာ တချို့သည် ကောင်းကောင်းမွန်မွန်ရှိနေသေးပြီး တချို့က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေကာ မတူညီသော ဓမ္မတာအိုအော်ရာများကို ဖြာထုတ်ပေးနေ၏။

ထိုအလုံးဆယ်လုံးသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အရေးကြီးဆုံးပစ္စည်း ကောင်းကင်ဘုံမျက်လုံးဖြစ်သည်ကို လက်ရှိလူတိုင်းက ရှင်းရှင်းလင်းလင်းတွေ့မြင်ရလေသည်။

ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားသော ကောင်းကင်ဘုံးမျက်လုံးများထဲမှ တစ်ခုကတော့ ၎င်းဖြာထုတ်နေသော ဓမ္မတာအိုအော်ရာမှာ အချိန်နှင့် အာကာသစွမ်းအားပါဝင်နေသည်။

သူထင်တာမမှားဘူးဆိုလျှင် အဲဒါသည် ရှန်းမုန်၏ ကောင်းကင်ဘုံမျက်လုံးဖြစ်ရပေမည်။

ဟာ…

ဓားကမ္ဘာမှလူတိုင်းက ပင့်သက်ကို ရှိုက်လိုက်ပြီး တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်နေရသည့်အလား ဆူဇီမိုကို ကြည့်လိုက်ကြ၏။

ပေမင်ရွှယ်ကသာ အံ့အားသင့်ခြင်းမရှိသည့်အလား တည်ငြိမ်နေလေသည်။

ဘုရင်အေးစက်မျက်လုံးနှင့် အခြားသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်များသည် ကောင်းကင်ဘုံမျက်လုံးဆယ်လုံးကို တွေ့မြင်သည့်ခဏမှာပင် သူတို့က မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲတုန်ယင်သွားကြသည်။

အဲဒါသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားဆယ်ခုသာ ဖြစ်မည်ဆိုလျှင် ရှန်းမုန်နှင့် အခြားသူများအနေဖြင့် အသက်ရှင်သန်နိုင်သည့် အခွင့်အရေးတစ်ခု ရှိနေပေဦးမည်။

သို့သော်လည်း ထိုကောင်းကင်မျက်လုံးဆယ်လုံးသည် ရှန့်မုန့်တို့သေဆုံးသွားပြီကို သက်သေပြပေးဖို့ ကောင်းကောင်းလုံလောက်နေသည်။

ဆူဇီမိုက သူ၏ လက်ဖဝါးကို ရုပ်သိမ်းပြီး ကောင်းကင်ဘုံမျက်လုံးဆယ်လုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

သူက ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများကို မှင်သေသေဖြင့်ကြည့်ကာ ပြောလိုက်၏။

“ငါက အဲဒီ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားဆယ်ခုကိုတော့ ပြန်ပေးနိုင်တယ် ဒါပေမဲ့… ဒီမျက်လုံးဆယ်လုံးကတော့ နည်းနည်းအသုံးဝင်တဲ့အတွက် ငါယူထားရလိမ့်မယ်”

ထိုစကားလုံးများကတော့ သတ်ဖြတ်ဖို့ကို လုံးဝရည်ရွယ်လေသည်။

လုယွင်နှင့် တခြားသူများသည် တိတ်တဆိတ်ကျေနပ်သဘောကျသွား ဂုဏ်ယူဝင့်ကြွားမှုကို ခံစားမိလာ၏။

ဘုရင်အေးစက်မျက်လုံးသည် သူတို့ကို အတော်ကြာအောင် လှောင်ပြောင်သရော်ကာ ရန်စခဲ့သော်လည်း သူ၏ စကားလုံးများသည် ဆူဇီမို၏ စကားတစ်ခွန်းလောက် မပြင်းထန်ပေ။

“မင်း…”

ဘုရင်အေးစက်မျက်လုံးက ဒေါသထွက်လွန်းသောကြောင့် သွေးအန်လုမတတ်ဖြစ်လာရသည်။

သူ၏ မျက်လုံးများက နီရဲလာပြီး သူ၏ နှာရောင်ပေါ်ရှိ ဒေါင်လိုက်ကောင်းကင်းဘုံမျက်လုံးက သူ့ကိုယ်သူမထိန်ချုပ်နိုင်တော့ဘဲ ပွင့်ထွက်လာကာ သတ်ဖြတ်လိုလေသည်။ သို့သော်လည်း သိပ်မကြာခင် သူက သန်မာအားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

အဲဒါသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများကနေ သတိပေးလာခြင်းဖြစ်သည်။ သူက ဤနေရာမှာ တိုက်ခိုက်မည်ဆိုလျှင် သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများအရ သတ်ဖြတ်ခံရပေလိမ့်မည်။

ဘုရင်အေးစက်မျက်လုံးသည် အဆက်မပြတ် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ ရင်ထဲရှိ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို အတတ်နိုင်ဆုံးဖိနှိမ်ဖို့ ကြိုးစားနေ၏။

သူက ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်နေပြီး ထိုသူကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေလေသည်။

အပြင်ဘက်ကနေ လိုက်ပါလာသော ကျင့်ကြံသူများသည် ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်နေသော အမူအရာများဖြင့် နေရာမှာပင် မှင်တက်သွားကြသည်။

ရှန်းမုန်… တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်က အန္တိမပကတိစိတ်ဝိညာဉ်နှင့် ကြယ်တာရာအကျဉ်းထောင်ကို နားလည်ဆင်ခြင်ထားသော ထိပ်သီးပညာရှင်တစ်ဦး။ ထိုသူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဤကဲ့သို့ပင် သေဆုံးခဲ့ရပြီလား။

ဘုရင်အေးစက်မျက်လုံးသည် သူ၏ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ပြီး မလှမ်းမကမ်းတွင်ရှိသော တိုက်ပွဲရမှတ်ကျောက်စိမ်းကျော်စာတိုင်ပေါ်သို့ သူ့အကြည့်က ဆင်းသက်သွားလေသည်။

တကယ်ပင်… ။

ရှန်းမုန်၏ နာမည်က တိုက်ပွဲရမှတ်ကျောက်စိမ်းကျော်စာတိုင်ပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သုံးဆယ့်ခြောက်ခုမြောက်အတန်းမှာ ဆူကျူး၏ နာမည်က ပေါ်ထွက်နေ၏။

ရှန်းမုန်နှင့်တခြားသူများကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် လင်းရွှင်ကျန်း၏ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားမှ တိုက်ပွဲရမှတ်တစ်ထောင်ကို ပြန်ယူခဲ့ရုံသာမက ရှန်းမုန်နှင့် တခြားသူများ၏ တိုက်ပွဲရမှတ်များကိုလည်း သူက လွှဲပြောင်းယူလာခဲ့လေသည်။

တိုက်ပွဲတစ်ပွဲမျှနှင့် သူသည် တိုက်ပွဲရမှတ်ကျော်စိမ်းကျော်စာတိုင်ပေါ်သို့ တက်လှမ်းလာခဲ့လေသည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို အဆက်မပြတ်သတ်ဖြတ်ခြင်းဖြင့် တိုက်ပွဲရမှတ်များကို စုဆောင်းခြင်းက အတော်အတန်ရှည်ကြာသည့် အချိန်တစ်ခုကို ယူရပေလိမ့်မည်။

တကယ်ဆို အန္တိမပကတိစိတ်ဝိညာဉ်တချို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ အခေါက်ပေါင်းများစွာဝင်ရောက်ပြီးမှာသာ တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်သို့ တက်လှမ်းလာနိုင်ခဲ့ကြလေသည်။

လူတစ်ယောက်သည် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ အန္တိမပကတိစိတ်ဝိညာဉ်များကို သတ်ဖြတ်နိုင်ပြီး သူတို့၏ တိုက်ပွဲရမှတ်များကို ရယူနိုင်မည်ဆိုလျှင် သူတို့၏ အဆင့်သတ်မှတ်ချက်များကို ပိုမိုမြန်ဆန်စွာမြှင့်တင်နိုင်ကြလေသည်။

တကယ်တော့ ဤနည်းလမ်းသည် ပိုမိုမြန်ဆန်သော်လည်း အဲဒါက လက်တွေ့မဆန်ပေ။

မည်သို့ပင်ဆိုစေ တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ သူတို့၏ နာမည်များကို ချန်ထားရစ်နိုင်သည့် ထိုသူများအားလုံးနီးပါးသည် အန္တိမပကတိစိတ်ဝိညာဉ်များ ဖြစ်ကြလေသည်။ သူတို့က အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကို အနိုင်ရနိုင်သည်ဆိုလျှင်တောင် သူတို့အနေဖြင့် တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်ဖို့က မလွယ်ကူပေ။

ဒါ့အပြင် သူတို့မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများလည်းရှိနေသည်။

သူတို့က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်မည်ဆိုလျှင် သူတို့က အချိန်မရွေးဆုတ်ခွာနိုင်လေသည်။ ယနေ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ သက်ရှိများစွာသည် အန္တိမပကတိစိတ်ဝိညာဉ်များ၏ အလောင်းပေါ်နင်းတက်၍ တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်သို့ တက်လှမ်းလာသော ပညာရှင်အသစ်တစ်ဦးကို ကံကောင်းထောက်မစွာဖြင့် မြင်တွေ့ခွင့်ရခဲ့လေသည်။

ဘုရင်အေးစက်မျက်လုံးက အဲဒါကို လက်မခံလိုသေးပေ။

အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ရှန်းမုန်က အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်လေသည်။ သူတို့ဆယ်ယောက်သည် အာကာသသက်ရှိနယ်ပယ်ပကတိအင်မော်တယ်တစ်ဦး၏ လက်ထဲမှာ ဘယ်လိုလုပ်သေဆုံးသွားနိုင်ပါ့မလဲ။

အဲဒါက လုံးဝကို မဖြစ်နိုင်ပေ။

ကြားထဲမှာ ကိစ္စတစ်ခုခုဖြစ်ပျက်ခဲ့ရပေမည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးက ရှန်းမုန်နှင့် အခြားသူများကို ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ထို့သို့ဖြင့် ဆူဇီမိုက အခြေအနေအပေါ် အမြတ်ထုတ်သွားခဲ့တာလား။

ထိုထင်မြင်ယူဆချက်က ဟာကွက်များဖြင့် ပြည့်နှက်နေ၏။

သို့သော်လည်း သူ့အနေဖြင့် ရှန်းမုန်နှင့် အခြားသူများက အာကာသက်ရှိ ပကတိအင်မော်တယ်တစ်ဦး၏ လက်ထဲမှာ သေဆုံးခဲ့ရသည့်အချက်ကို လက်ခံဖို့ လွယ်ကူပေလိမ့်မည်။

ဘုရင်အေးစက်မျက်လုံးနှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှသက်ရှိများကို အပြောနှင့် ဓားကမ္ဘာမှ လူများပင်လျှင် အဲဒါကို မယုံကြည်နိုင်ကြပေ။

လုယွင်၊ ယုလန်နှင့် အခြားသောတောင်ထွတ်သခင်များသည် ဆူဇီမိုမှာ အစိမ်းရောင်အစစ်အမှန်ခန္ဓာရှိသည်ကို သိရှိထားသော်လည်း ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်းအားက ဤအဆင့်ထိ ရောက်ရှိနေသည်ကို သူတို့က မသိရှိကြပေ။

သူက ဖန်တီးခြင်းကြပဒုမ္မာမျိုးဆက်သွေးကို ထုတ်ဖော်ပြီးမှသာ ရှန်းမုန်နှင့် တခြားသူများကို သတ်ဖြတ်နိုင်ခဲ့တာများလား။

ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးက အရမ်းကို သန်မာလွန်းပြီး အဲဒါက သူ့ကို အဆင့်နှစ်ဆင့် ဖြတ်ကျော်၍ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်နိုင်စေခဲ့တာများလား။

သို့သော်လည်း အခြားသက်ရှိများ၏ အမူအရာကို ကြည့်ရသည်မှာ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေး၏ လျှို့ဝှက်ချက်က ပေါက်ကြားခဲ့သည့်ပုံ မပေါ်ပေ။

ဒါဆို စောစောက ဘာတွေဖြစ်ခဲ့တာလဲ။

တောင်ထွတ်သခင်ရှစ်ဦးပင် ထိုသို့ဆိုပါက လင်းရွှင်ကျန်း၊ ဝမ်တုန်၊ ကုန်းစွန်းယွီ၊ ရှန်းယွဲ့နှင့် အခြားသူများက ပို၍ပင် တွေဝေရှုပ်ထွေးနေကြလေသည်။

တောင်ထွတ်သခင်ဆူကျူးက တကယ်ပဲ ဤမျှအထိ စွမ်းအားကြီးမားနေတာလား။

သူတို့ရှစ်ဦးသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို ပြန်လည်အမှတ်ရလာကြ၏။

တောင်ထွတ်သခင်ဆူကျူး၏ အာရုံခံစိတ်က အရမ်းကို ထက်ရှပြီး လင်းရွှင်ကျန်း၏ အထက်မှာပင် ရှိခဲ့သည့်ပုံပင်။

သူသည် ယက္ခိုသ်တစ္ဆေများ၏ တိုက်ခိုက်မှုကို အချိန်အတန်အကြာကတည်းက ကြိုတင်၍ အာရုံခံမိနိုင်ခဲ့သည်။

တကယ်ဆို တောင်ထွတ်သခင်ဆူကျူးသည် မည်သို့ကိုမှ သတိထားမိစေခြင်းမရှိဘဲ တိုက်ပွဲရမှတ်ဆယ်မှတ်ကို စုဆောင်းနိုင်ခဲ့လေသည်။

သူသည် ရှန်းယွဲ့၏ ခွန်အားအပြည့်အဝတိုက်ခိုက်မှုကိုပင် တားဆီးနိုင်ခဲ့သည်။

တောင်ထွတ်သခင်ဆူကျူသည် ဆိုးယုတ်တိုက်ပွဲမြေမှာ သူ့ခွန်အားနှင့် ပတ်သက်သည့် သဲလွန်စတချို့ကို ထုတ်ဖော်ခဲ့သည့်အလားပင်။ သို့သော်လည်း သူတို့ရှစ်ဦးသည် သူတို့၏ ထင်မြင်ချက်ကို ဆုပ်ကိုင်ထားခဲ့ပြီး သူ့ကို အမှန်တကယ် အာရုံမစိုက်မိခဲ့ကြပေ။

All Chapters