← Chapters

အခန်း (၂၄၁)

Vol. 25 Ch. 241

အခန်း (၂၄၁)

Vol. 25 Ch. 241

ဝူရှင်းချင်သည် သူမ၏ ဆုံးဖြတ်ချက်မှာ ထိုမျှ ညံ့ဖျင်းမည်ဟု မထင်ခဲ့ပေ။ သူမ ဘယ်လို အမှိုက်ကောင်နဲ့ ချိန်းတွေ့ခဲ့မိတာလဲ? သူမ မိခင်၏ စိတ်များ လွှမ်းမိုးထားသည်က တစ်ကြောင်း၊ ငယ်စဉ်ဘ၀က ကြုံတွေ့ခဲ့ရသော စိတ်ဒဏ်ရာများကြောင့် အချစ်ဆိုသည်မှာ သူမ မိဘများလို ကြောင်သူတော်ဆန်ပြီး အဆိပ်အတောက်များပြည့်နေသော ဆက်ဆံရေးဟုသာ ထင်သဖြင့် ဝူရှင်းချင်သည် အပြင်ပိုင်းတွင် အေးတိအေးစက်သာနေတက်သည်။ သို့သော် သူမသည် စစ်မှန်သောချစ်ခြင်းမေတ္တာကို လေးနက်စွာလိုချင်ခဲ့သော်လည်း သူမ၏ စိတ်သည်ကြောင့် အလွန်သတိထားနေခဲ့သည်။

သူမသည် စာအုပ်များတွင်သာ ဖတ်ဖူးသောကြောင့် ထန်ယွဲ့၏ မျက်လုံးထဲ ငြီးငွေ့စရာကောင်းသည့် အေးတိအေးစက် မိန်းမတစ်ယောက်ဖြစ်လာခဲ့သည်။

ထန်ယွဲ့သည် ဝူရှင်းချင်ကို အစပိုင်းလိုက်ခဲ့သောအခါ သူသည် နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်ကာ၊ ကိစ္စသေးသေးလေးများကိုပင် ဂရုပြုတတ်သော ပြီးပြည့်စုံသည့် လူသားတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည်။ မည်သည့်အမျိုးသမီးမဆို ထိုသို့သောအချစ်ထောင်ချောက်ထဲ ကျရောက်သွားလိမ့်မည်။

သင်သည် တစ်စုံတစ်ဦးနှင့် အလွန် အဆင်ပြေသလို လိုက်ဖက်သည်ဟု ခံစားရသောအခါ အထူးသတိထားသင့်သည်။

ကံမကောင်းစွာဖြင့် ဝူရှင်းချင်သည် အချစ်ရေးတွင် အတွေ့အ ကြုံမရှိသောကြောင့် လှည့်စားခြင်းခံခဲ့ရသည်။

သူမ အရာအားလုံးပြီးသွားဟု ထင်ခဲ့သည်။ ဤနိုင်ငံတွင် သူမမီာ သူငယ်ချင်းအနည်းငယ်သာရှိ၍ မိသားစု၏အလွန်အကျွံစိုးရိမ်မှုကြောင့် သူမ ပိုမွန်းကြပ်လာကာ တစ်ယောက်တည်းထွက်လာခြင်းဖြစ်သည်။ သူမ ပုံမှန်ဆိုလျှင် အရက်ခံနိုင်ရည်မြင့်မားသော်လည်း ယနေ့တွင် တစ်ခွက်တည်းသောက်ရုံဖြင့် မူးဝေနေသည်။

ထန်ယွဲ့ပေါ်လာပြီး သူမကို ခေါ်ထုတ်ဖို့ ကြိုးစားသည့်အခါမှ အန္တရာယ်ကိုသတိပြုမိပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့သော်လည်း ဆူညံနေသည့်လူအုပ်ကြားတွင် သူမ၏အော်ဟစ်သံသည်တိမ်မြုပ်သွားခဲ့သည်။ သူမ ခန္ဓာကိုယ်ရှိ ားအင်များ ယုတ်လျော့လာကာ ပါးစပ်သည် အအုပ်ခံလိုက်ရပြီး ဟိုတယ်ခန်းထဲ ခေါ်သွားခြင်းခံလိုက်ရသည်။

ထန်ယွဲ့သည် သူမကို ကုတင်ပေါ် ပစ်တင်လိုက်သောအခါ ဝူရှင်းချင်သည် သူမ၏ခန္ဓာကိုယ်သည် ထူးဆန်းစွာ ခံစားလာရပြီး မျက်ရည်များပြည့်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

"ရှင် ဘာလုပ်တာလဲ! ထွက်သွားစမ်း!"

ထန်ယွဲ့၏အမူအရာသည် လှောင်ပြောင်ရိပ်များသန်းသွားရင်း သူမ အဝတ်အစားများကို တစ်လွှာချင်း ချွတ်ကာ "မင်း အပျို စင်လေးလို လုပ်နေတာမြင်ထဲက ငါ မင်းနဲ့ကစားချင်နေတာ၊ ဒီည ငါ မင်းကို အရယူပစ်ခမယ်!"

ဝူရှင်းချင်၏မျက်နှာသည် ပြာဝေသွားသော်လည်း သူမ၏ ခန္ဓာကိုယ်အခြေအနေ ပိုဆိုးလာသည်နှင့်အမျှ သူမခန္ဓာကိုယ်လည်း အထိမခံဖြစ်လာသည်။

သူမ မျက်ရည်များ ထိန်းမရတော့ချေ။

"ထန်ယွဲ့ ! ရှင်! တိရစ္ဆာန်ကောင်! ကျွန်မရှင့်ကို ငါဘယ်တော့မှ ခွင့်မပြုဘူး!"

"ဟမ်? ငါ့ကို ဘယ်တော့မှ ခွင့်မပြုဘူး?" ထန်ယွဲ့ စကားပြောရင်း နံဘေးသို့လျှောက်သွားသည်။ ဝူရှင်းချင်၏ အကြည့်သည် သူ့လှုပ်ရှားမှုနောက်သို့လိုက်သွားပြီး ဗီရိုပေါ်တွင် အနီရောင်အလင်းတစ်ချက်လက်နေသော ကင်မရာတစ်လုံးကို သူမ မြင်လိုက်ရသည်။

ဝူရှင်းချင်၏ တစ်ကိုယ်လုံးတုန်လှုပ်သွားပြီး အဆုံးတွင် သူမသည် ဒေါသတကြိးဆဲဆိုတော့သည်။

"မင်း အသက်ကိုထိန်းရှု၊ နောက်ဆို မင်းရဲ့စွမ်းအင်တွေက ပိုလိုလာလိမ့်မယ်၊ ဟာဟား ဝူရှင်းချင် မင်း ဉာဏ်ကောင်းစမ်းပါ၊ ဒီညပြီးရင် ငါတို့လက်ထပ်ကြတော့မှာ၊ ဒီဗီဒီယိုက ငါတို့စုံတွဲတွေရဲ့ သီးသန့်ပျော်စရာတစ်ခု ဖြစ်လာလိမ့်မယ်၊ ဒါမှဟုတ်ရင် အလှလေးဝူက ငါ့ဆီကို သူ့ဘာသာပစ်၀င်လာမဲ့ရှက်စရာမြင် ကွင်းမျိုးကိုပြလိမ့်မယ်၊ မင်းရဲ့ ၀ူမိသားစုက အဲဒီအရှက်တရားကိုတောင့်ခံနိုင်မလားဆိုတာ ကြည့်ရအောင်။"

ဤနတ်ဆိုးစကားများကြားတွင် ဝူရှင်းချင်သည် သူမ၏ပါးစပ်အားသွေးအရသာအချို့ ခံစားရသည်အထိ ပြင်းပြင်းထန်ထန် ကိုက်လိုက်သော်လည်း မူးယစ်ဆေးဝါးကြောင့် သူမ၏ခန္ဓာ ကိုယ်သည် တဖြည်းဖြည်း ထိန်းချုပ်မှုလွတ်နေခဲ့သည်။

သူမသည် ထန်ယွဲ့မှာအဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ သူမရှိရာ ကုတင်ပေါ်သို့ တွားသွားလာနေသည်ကို စိတ်ပျက်အားငယ်စွာကြည့်နေမိသည်။

သူ့ကိုသတ်ပစ်ရုံကလွဲလို့ သူမ ဘာမှမခံစားရသော်လည်း သူမခန္ဓာကိုယ်ရှိ အပူဒဏ်ကို မခံနိုင်တော့ပဲ အရာအားလုံးကိုလက် လျော့ချင်ပြီး သူမကိုသေစေလိုသည့် ထန်ယွဲ့ကို ထွေးပွေ့ထားချင်ခဲ့သည်။

ထန်ယွီ သူမကို ထိကိုင်လာချိန်တွင် သူမ၏ဂုဏ်သိက္ခာများ ရေစုန်မျောပြီဟု ထင်လိုက်မိချိန် တံခါးမှ ကလစ်ခနဲတစ်ချက်မြည်သွားခဲ့သည် ။

ထန်ယွဲ့လှည့်ကြည့်လိုက်တော့ ဝူရှင်းချင်လည်း ကုတင်ပေါ်မှ လဲလျောင်းနေရင်း အရပ်မြင့်မြင့် လူတစ်ယောက်ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

ကျယ်လောင်သော အသံနှင့်အတူ ထန်ယွဲ့သည် ကုတင်ပေါ်မှ လွင့်စင်သွားသည်။ သူသည် ထိတ်လန့်သွားကာ ဒေါသတကြီး မော့ကြည့်လိုက်သည်။

"လောဖေး! မင်းကိုး! မင်းပဲ ဘာလို့ဖြစ်နေတာ..."

ထန်ယွဲ့ စကားမဆုံးခင် လောဖေး၏ ထိုးချက်များသည် ဤတစ်ကြိမ်တွင် ပိုလို့တောင် ပြင်းထန်လာပြန်သည်။ အကြိမ်ပေါင်းများစွာ ထိုးပြီးနောက် ထန်ယုသည် ကြမ်းပြင်ပေါ်တွင် သတိလစ်သွားကာ သူ့မျက်နှာသည် သွေးများဖြင့်ဖုံးလွှမ်းသွားသည်။

တကယ်တော့ လောဖေးသည် ဤအချိန်များတွင် ထန်ယွဲ့ကို လူအများဖြင့် စောင့်ကြည့်နေခဲ့သည်။ အဆုံးတော့ သူ့မအေကွဲညီဖြစ်သူ၏ အကြောင်းကို ကောင်းစွာသိသောကြောင့် သူ့ကို မစောင့်ကြည့်ပဲမနေနိုင်စွာ သူနှင့် မားတို့နောက်ကွယ်တွင် တစ်ခု ခုကြံစည်မိမှာကိုစိုးရိမ်နေသည်။ ထန်ယွဲ့သည် နိုင်ငံရပ်ခြားသားအဖြစ်ခံယူထားဆဲဖြစ်သောကြောင့် သူသာ သက်သေအချို့ရှိခဲ့လျှင် ၎င်းကိုပြည်နှင်ဒဏ်ပေးနိုင်ပါက ပိုလုံခြုံမည်ဟု သူထင်ခဲ့သည်။

သူသည် ထန်ယွီမှာ တရားမဝင် မူးယစ်ဆေးဝါးဝယ်ယူမှုနှင့် ပတ်သက်သည့် သတင်းအချက်အလတ်များကိုရရှိရန် မမျှော်လင့်ထာားခဲ့ပေ။ ထို့အပြင် တစ်စုံတစ်ဦးကို အန္တရာယ်ပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိသဖြင့် သားကောင်ကိုကယ်တင်ရန် အချိန်မီပြေးလွှားလာခဲ့ခြင်းပင်။

"တိရစ္ဆာန်ကောင်!"

လောဖေးသည် ဝူရှင်းချင်ကို စစ်ဆေးရန် လှည့်မလာမီ ဆဲရေးဆိုကာ တံတွေးဖြင့်ထွေးလိုက်သည်။

သို့သော်လည်း သူလှည့်ကြည့်လိုက်ချိန် ဝူရှင်းချင်သည် သူ့ထံသို့ပစ်၀င်လာကာ သူ့အား တင်းကြပ်စွာဖက်သွယ်ထားပြီး သူ့နှုတ်ခမ်းများကို ဖိကပ်လာသောကြောင့် လောဖေးကိုထိတ် လန့်သွားစေသည်။

ယခုအချိန်တွင် ဝူရှင်းချင်၏ အဝတ်အစားများသည် ပျက်စီးနေပြီဖြစ်သောကြောင့် သူမသည်အဝတ်အစားများကိုအသည်း အသန်ချွတ်ရန်ကြိုးစားနေရင်း လောဖေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ သူ့ထံ ကျိုးကြောင်းဆီလျော်နိုင်စွမ်းမရှိတော့ပေ။

လောဖေးသည် ဝူရှင်းချင်ကို ချက်ချင်း တွန်းထုတ်လိုက်ပြီး "ဝူရှင်းချင်၊ စိတ်အေးအေးထား!"

သို့သော် ယခုအချိန်တွင် ဝူရှင်းချင်သည် အံ့အားသင့်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားပြီး လောဖေးကို ကုတင်ပေါ်သို့တွန်း လှဲလိုက်သည်။

"ကူညီပါ၊ ကျွန်မကို ကူညီပါ..."

"ဝူရှင်းချင် ငါဘယ်သူလဲဆိုတာ သေချာကြည့်!"

"ကျွန်မ သိပါတယ်၊ ရှင်က လောဖေးလေ၊ ရှင်က လူကောင်းတစ်ယောက်မို့ ကျွန်မကို ကူညီပေးပါ"

ဝူရှင်းချင်၏ လက်များသည် လောဖေး၏ခန္ဓာကိုယ်ပေါ်တွင် ရွေ့လျားနေသည်။ လော့ဖေးသည် ယခုလို ရင်းနှီးသည့်ဆက် ဆံရေးမျိုးကို တစ်ခါမှ မကြုံဖူးသောကြောင့် သူ့ မျက်နှာသည် နီရဲလာသည်။

ဝူရှင်းချင်၏လှပသောရုပ်ပုံသဏ္ဍာန်၊ နှင်းကဲ့သို့ အဖြူရောင်အသားအရည်၊ နူးညံ့သောရနံ့သည် အရက်ရနံ့တို့ရောထွေးနေကာ လောဖေး၏သည်းခံနိုင်စွမ်းကို နှိုးဆွနေသလိုပင်။ သူသည် အတွေ့အကြုံမရှိသော လူငယ်တစ်ယောက်ကဲ့သို့ ပြန်မတုံ့ပြန်နိုင်ပေ။

"ဝူရှင်းချင်! မင်း ကိုယ့်ကိုကိုယ် တစ်ခြားသူကိုပေးချင်တာလား! အသိ၀င်စမ်း!"

ဝူရှင်းချင် အေးခဲသွားပြီးနောက် လောဖေးကိုမျက်ရည်များဖြင့် ကြည့်လိုက်သည်။

လောဖေးသည် သူမ အသိစိတ်ဝင်လာသဖြင့် သူမကိုတွန်းထုတ်ဖို့ကြိုးစားရင်း သူ့မျက်နှာသည်ရဲရဲနီလျက် သူမသည် သူ့လည်ပင်းကို ဖမ်းပြီးနမ်းလိုက်ပြန်သည်။

"ကျွန်.. ကျွန်မ ရိုးသားတဲ့အချစ်တစ်ခုပဲလိုချင်တာပါ၊ ဘာလို့ဒီလိုမျိုးတွေ ကြုံနေရတာလဲ၊ စိတ်မပူပါနဲ့ ကိစ္စမရှိပါဘူး၊ သူတို့က ကျွန်မတို့ကို အခုလိုဆက်ဆံတဲ့အတွက် လက်စားချေကြရ အောင်၊ ကျွန်မ ရှင့်ကို အခွင့်ကောင်းယူနေတာမဟုတ်ဘူး၊ ကျွန်မအတွက် မစဉ်းစားပါနဲ့ ရှင်က လူကောင်းတစ်ယောက်မို့လို့ပါ၊ စိတ်မပူပါနဲ့ ကျွန်မ ရှင့်ကိုတာဝန်မယူခိုင်းပါဘူး"

ဝူရှင်းချင်သည် အရာအားလုံးကို စွန့်လွှတ်လိုက်သကဲ့သို့ အမှန်တကယ်ပင် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို မတွန်းလှန်ချင်တော့ပေ။

လောဖေးသည် သူမ၏စကားကြောင့် အံ့အားသင့်သွားကာ သူမ၏မျက်လုံးများထဲ ထင်ဟပ်နေသော ဆုံးဖြတ်ချက်ကို စိုက်ကြည့်နေသော်လည်း ဝူရှင်းချင်သည် သူ့အဝတ်အစားများကို ဆွဲရန်ကြိုးစားနေရင်း သတိလစ်သွားခဲ့သည်။

သူသည် သူမ၏အဝတ်အစားများကို အလျင်အမြန် စီစဉ်ပေးပြီးနောက်မှာ လူနာတင်ယာဉ်နှင့် ရဲများကိုချက်ချင်းခေါ်ပြီး ဆေးရုံကိုသွားရမည့်သူကို ဆေးရုံကို ပို့စေကာ ရဲစခန်းကိုသွားရမည့်သူကို ရဲစခန်းကို ပို့ပေးခဲ့သည်။

[Wow သူက တကယ့်လူကြီးလူကောင်းပဲ! ခါတိုင်းလိုဇာတ် ကွက်နောက်ကို လိုက်နေတာမဟုတ်တော့ အခြေအနေတွေက မတူတော့တဲ့ပုံပဲ]

ကျီဖေး၏သတင်းကိုကြားသောအခါ ချင်မိသားစု၏စိတ်ခံစားမှုများသည် ရိုလာကိုစတာ စီးပြီးသွားသည့်ပမာ လောဖေး ဘာမှမလုပ်ဆောင်ခဲ့ကြောင်း ကြားသောအခါမှသက်ပြင်းတစ်ချက်ချလိုက်သည်။

ယခုအခြေအနေမျိုးတွင် တစ်ခုခုဖြစ်ခဲ့ပါက အမျိုးသမီးကို မလေးစားရာရောက်ပါလိမ့်မည်။ ကံကောင်းထောက်မစွာ ချင်ရှန့်၏ သူငယ်ချင်းသည် ပြောင်မြောက်လှသော အကျင့်စရိုက်ရှိပေသည်။

ချင်ရှန့်သည် လုံးဝ မအံ့သြသွားချေ။ ဤနေရာတွင် ဆေးမိနေသူမှာ လောဖေးဖြစ်လျှင်တောင် ဘာမှဖြစ်မလာနိုင်ပေ။

[ဒီလူနှစ်ယောက် အခုလို အဆင်မပြေတဲ့ ဆုံတွေ့မှုအပြီးမှာ သူတို့ကြားမှာ တစ်ခုခုဖြစ်လာလောက်လား ??]

ကျီဖေး အတင်းအဖျင်းမပြောပဲမနေနိုင်ချေ။

All Chapters