← Chapters

အခန်း (၂၄၂)

Vol. 25 Ch. 242

အခန်း (၂၄၂)

Vol. 25 Ch. 242

နှစ်နာရီကြာပြီးနောက် ဝူရှင်းချင်နိုးလာပြီး လော့ဖေး သူ့ကိုစောင့်ကြည့်နေတာကို ချက်ချင်းတွေ့လိုက်သည်။ သူ့မှတ်ဉာဏ်များတဖြည်းဖြည်း ပြန်ရောက်လာသည်နှင့်အမျှ သူ့မျက်နှာကိုဖုံးရန် စောင်ကိုဆွဲယူကာ ရှက်ရွံ့စွာခံစားလိုက်ရသည်။ သူ၏ စိတ်လွတ်နေသည့်အနေအထားတွင် သူသည် လော့ဖေးထံ ထိုသို့သောတောင်းဆိုမှုများပြုလုပ်ခဲ့သည်ကို မယုံနိုင်ဖြစ်နေပြီး အကြိမ်ပေါင်းများစွာပင် အတင်းနမ်းလိုက်သေးသည်။ ထိုအချိန်က သူ့တွင်အသိစိတ်နည်းနည်းရှိသေးသောကြောင့် မူးယစ်ဆေးကိုလုံးဝအပြစ်တင်မရနိုင်ပေ။ ထန်ယွဲ့သာဖြစ်လျှင် သဘောတူရမည်ထက် သူ သေလိုက်မည်၊ သို့သော်၎င်းမှာလော့ဖေးဖြစ်နေသောကြောင့် သူ့ကိုယ်သူ စွန့်လွှတ်လိုက်သည်။

"ဝူရှင်းချင်၊ မင်းအဆင်ပြေရဲ့လား?"

လော့ဖေး ကိုးရို့ကားယားအသံသည် စောင်အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ဝူရှင်းချင်သည် စောင်အောက်တွင် ငှက်ကုလားအုတ်ကဲ့သို့ အချိန်အတော်ကြာပြုမူ‌နေခဲ့ပြီး နောက်ဆုံးတွင်

"တောင်းပန်ပါတယ်"

သူ စောင်ကိုဆွဲချလိုက်လျှင် လော့ဖေး၏ထပ်တူ နီမြန်းနေသည့်မျက်နှာကို သူမြင်ရလိမ့်မည်။

"အဟမ်း၊ ဒါက မင်းအပြစ်မဟုတ်ပါဘူး၊ မင်း တောင်းပန်စရာမလိုဘူး။ ထန်ယွဲ့ကဟာ မင်းကိုဆေးခပ်ခဲ့တာ။"

"ကျွန်မကို ကယ်ပေးလို့ကျေးဇူးတင်ပါတယ်။"

ဝူရှင်းချင်သည် စောင်ကိုအလျင်စလိုဆွဲချလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုပြုမူဖို့ ကြိုးစားသည်။

သို့သော်လည်း မျက်လုံးချင်းဆုံလိုက်သောအခါတွင်၊ သူတို့နှစ်ယောက်လုံး ဖြစ်ခဲ့သမျှကိုမှတ်မိကြပြီး အထူးသဖြင့် ဝူရှင်းချင်ကိုက်ခဲ့သည့် လောဖေး၏နှုတ်ခမ်းမှအနာကိုမြင်လိုက်ရသည့်အခါတွင်ဖြစ်သည်။

တခဏချင်းမှာပင် တယောက်က စောင်အောက်ပြန်ဝင်သွားပြီး နောက်တယောက်က စာရွက်စာတမ်းမျိုးစုံကို ကုတင်ဘေးကစားပွဲပေါ်တင်ဖို့ အရူးအမူးလှည့်ထွက်သွားသည်။

"အဟမ်း၊ ထန်ယွဲ့ရဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ငါ့မှာ သူမူးယစ်ဆေးဝါးတွေဝယ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေရှိတယ်၊ ဒီဖြစ်ရပ်အတွက် ငါ သက်သေဖြစ်နိုင်တယ်။ ဒါပေမယ့်သူ့ကို အပြည့်အ၀အပြစ်ပေးဖို့အတွက်ဆိုရင်တော့ ဒီကင်မရာကနေ ဗီဒီယိုဖိုင်တွေလိုအပ်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်က မင်းရဲ့သ‌ဘောပါပဲ။ ဒါက ပြင်းပြင်းထန်ထန်စွဲချက်တင်တဲ့ကိစ္စပဲ။ ဗီဒီယိုကိုဖျက်ချင်ရင် ငါလုံးဝနားလည်ပါတယ်။"

နောက်ဆုံးတွင်၊ ၎င်းသည် နစ်နာသူအမျိုးသမီး၏ဂုဏ်သိက္ခာနှင့်သက်ဆိုင်ပြီး သူ့ဆန္ဒကိုလေးစားရမည်ဖြစ်သည်။

ဝူရှင်းချင်သည် စောင်အောက်မှထွက်လာပြီး မျက်နှာမှာဖြူဖျော့ကာ အကြည့်များလေးလံနေပြီး "ကျွန်မသူ့ကို တရားစွဲချင်တယ်။ သက်သေပြဖို့လိုအပ်တဲ့ အထောက်အထားတွေအကုန်ပေးဖို့ဆန္ဒရှိတယ်။ သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုရစေချင်တယ်။"

သူစကားပြောနေစဉ်တွင် ဝူရှင်းချင်သည် တုန်တုန်ယင်ယင်ဖြင့် မိမိကိုယ်ကိုပွေ့ဖက်ထားရုံမှတစ်ပါး မတတ်နိုင်ပေ။

လော့ဖေးမျက်မှောင်ကြုတ်ပြီး သူ့ပုခုံးကိုပွတ်သပ်ပေးရန်ရှေ့ တိုးလာကာ "မကြောက်ပါနဲ့၊ ငါ မင်းနဲ့ အတူရှိနေမှာပါ။"

ကျူးလွန်ခံရသူနှစ်ဦးသည် ဤလူ့တိရစ္ဆာန်ကိုတရားဆွဲခံရရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်..."

ဝူရှင်းချင်မော့ကြည့်လိုက်သော်လည်း မျက်လုံးချင်းဆုံသွားကာနှစ်ယောက်စလုံး မဝံ့မရဲဖြစ်နေကြသည်။

အဲ့ဒီနောက်မှာတော့ ဝူမိသားစုမှသတင်းကြားသည်နှင့် အပြေး အလွှားသွားကာ လော့ဖေးနှင့်အတူ အမှုကိုကိုင်တွယ်ခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ထန်ယွဲ့အား စီရင်ချက်ချပြီး ၎င်း၏အချိန်ကျခံပြီးနောက် ပြည်နှင်ဒဏ်ပေးခံရမည်ဟု သတင်းထွက်ပေါ်လာသည်။ သူသည် နိုင်ငံခြားတွင် နောက် ထပ်စွဲချက်များနှင့်ရင်ဆိုင်ရနိုင်ပြီး ထောင်ကျမည်မှာသေချာသည်။

တစ်ပတ်အကြာတွင်၊ လော့မိသားစုအတွင်း မတည်ငြိမ်မှုများ တဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။

လော့ဖေးနှင့်ဝူရှင်းချင်တို့ဘက်မှ သတင်းများမကြားရဘဲ ကျီဖေးသည် ဒရာမာကိုလိုက်ကြည့်ရန် စိတ်မဝင်စားတော့ပေ။

ထိုအချိန်တွင်ကျီဖေးသည် မားမားချင်မှပြုလုပ်ထားသည့် အချိုပွဲအချို့ကို ချင်အဖွဲ့အစည်းသို့ ချင်ရှန့်အတွက်သယ်ဆောင်သွားသည်။

ဟုတ်ပါသည်၊ လှပသည့်စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက ချင်ရှန့်အား ပြင်းပြင်းထန်ထန်လိုက်နေကြောင်း မားမားချင်နှင့်ချင်ရန်ထံမှ သူကြားခဲ့ရသည့်အတင်းအဖျင်းအတွက်သွားခြင်း ဖြစ်သည်၊ အဲ့ဒီတွင် ဇနီးမယားအာဏာသွားပြဖို့ စိတ်မဝင်စားချေ။ သူသည် အနည်းငယ်စပ်စုချင်ပြီး ဘယ်လိုတွေရှုပ်ထွေးနေသလဲဆိုတာကို ကြည့်ချင်နေသည်။

သေချာပါသည်၊ သူ ကုမ္ပဏီကိုရောက်သည်နှင့် ဧည့်ကြိုများက သူ့အား ပုံစံမျိုးစုံဖြင့်ကြည့်နေကြပြီး အတင်းအဖျင်းများပြည့်နေသည့်အကြည့်များဖြင့် အချင်းချင်းကြည့်နေကြသည်။ သို့ သော်လည်း ယခင်ကကဲ့သို့ အထင်သေးမှုများမရှိပဲ ကျီဖေးကို လေးစားနေကြသည်။

သူသည် လက်ထောက်ရုံးခန်းကိုဖြတ်သွားကာ ချင်ရှန့်၏ရုံးခန်းရှေ့သို့ရောက်သောအခါ ဝန်ထမ်းများက သူ့ကိုမြင်ပြီး ကသိကအောက်ဖြင့် ရုံးခန်းဘက်သို့ အဆက်မပြတ် စူးစူးဝါး ဝါးစိုက်ကြည့်နေပြီး တိုးတိုးတိုးတိုးပြောနေကြသည်။

ကျီဖေး တွေးလိုက်သည် - အိုး၊ ဒါဆို စနိုက်မက အထဲမှာရှိနေပြီလား ? ပြီးပြည့်စုံတဲ့အချိန်ပဲ။

ကျီဖေးသည် သူရောက်နေကြောင်းပြောပေးဖို့ အမှုဆောင်လက်ထောက်ကို ပြောလိုက်သည်။

လက်ထောက်က အံ့အားသင့်သွားသည်၊ "ဘယ်အခြေအနေမျိုးမှာမဆို လွတ်လွတ်လပ်လပ်၀င်ခွင့်ပေးဖို့ ဥက္ကဌက ညွှန်ကြားထားပါတယ်။"

ကျီဖေးမျက်တောင်ခတ်ပြီး သူ့မျက်နှာ အနည်းငယ်ပူလာသည်။ ရုံးခန်းတံခါးကိုလာခေါက်ခါနီးတွင် အတွင်းမှအသံများကို ကြားလိုက်ရသည်။

"မင်းရဲ့အဖွဲ့ကိုဧည့်ခံပေးဖို့ ဒါရိုက်တာဆီ လွှဲပြီးပြီ။ ငါ့မိန်းမနဲ့ ညနေတိုင်းညစာစားဖို့ရှိတယ်၊ လူမှုရေးကိစ္စတွေမှာ မပါဝင်နိုင်ဘူး။ ဒါက မင်း အဖွဲ့အပေါ် မလေးစားဘူးလို့ခံစားရရင် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းနိုင်တယ်။"

"ဥက္ကဌချင်၊ ရှင်က ပါးနပ်တဲ့သူဆိုတော့ ကျွန်မပြောချင်တဲ့အဓိပ္ပါယ်ကို နားလည်တာသေချာပါတယ်။ ရှင့်အနေအထားနဲ့ဆို ဒီလောက်တင်းကျပ်နေဖို့မလိုပါဘူး။" ဆွဲဆောင်မှုရှိသည့်တီးတိုးသံသည် အမျိုးသမီးတစ်ဦး၏အသံဖြစ်သည်။

"မင်း ဝင်လာပြီးကတည်းက ဒီရုံးခန်းထဲမှာ ဘာတွေရှိနေလဲဆိုတာ သတိမထားမိဘူးလား?"

"ရှိုးအတွက်ပဲလေ။"

ကျီဖေးက သူကြားလိုက်သည့်အရာကိုစိတ်ရှုပ်သွားသည်။

[ဘာတွေပြောနေကြတာလဲ ?]

အခန်းတွင်းတွင် ခေတ္တရပ်တန့်နေသော်လည်း အမျိုးသမီးက ဆက်မပြောပဲမနေနိုင်ပေ " ဥက္ကဌချင်၊ ကျွန်မရှင့်ကို တကယ်လေးစားတာပါ၊ ပြီးတော့ ကျွန်မရှင့်ကို တရားဝင်အဆင့်အ တန်းတစ်ခုမတောင်းပါဘူး၊ ကျွန်မက ဒီအတိုင်း..."

"အဲ့ဒါဆို ငါ့ကိုတည့်တည့်ပြော- ဒီကမ္ဘာပေါ်က ဘယ်မိန်းမကမှ ငါ့မိန်းမနဲ့ မယှဉ်နိုင်ဘူး။ ငါ့မိန်းမကိုပဲ လိုချင်တယ်၊ တခြားမိန်းမတွေကို ငါစိတ်မဝင်စားဘူး၊ အဲ့ဒါကြောင့် မင်းရဲ့အား ထုတ်မှုတွေကို အလဟသမဖြုန်းတီးနဲ့တော့။"

[အိုးမိုင်... သူဘာတွေပြောနေတာလဲ? ဟီးဟီး... ဒီယောက်ျားကို ငါလုံးဝ ပြုစားနိုင်ထားတဲ့ပုံပဲ။]

ရုံးခန်းအတွင်းတွင် ပုံမှန်အားဖြင့်အေးခဲနေသည့်ချင်ရှန့်သည် ရုတ်တရက်ပြုံးကာ သူ့မျက်နှာမှာရှက်သွေးဖြာသွားသဖြင့် သူ့ရှေ့မှအမျိုးသမီးအား အံ့အားသင့်စေခဲ့သည်။

ချင်ရှန့်သည် ယခုအချိန်တွင် သူ့အားလျစ်လျူရှုထားခဲ့သည်။ နောက်ဆုံးတွင်၊ သူ့ဇနီးသည်မှ အလည်လာတာရှားသွားခဲ့ပြီး ယနေ့သည် အထူးနေ့တစ်နေ့ဖြစ်သည်။

ချင်ရှန့်မတ်တပ်ထရပ်ပြီး အမျိုးသမီးကိုဖြတ်ကျော်ကာ တံခါးစီသို့လျှောက်သွားခဲ့သည်။

"စကားမစပ်၊ မင်းရဲ့ပရောဂျက်နဲ့ပတ်သက်ပြီး၊ မင်း ကုမ္ပဏီမှာ တာဝန်ခံတစ်ယောက်ယောက်ခန့်ဖို့ ငါ အကြောင်းကြားလိုက်မယ်။ ချင်အဖွဲ့အစည်းက မင်းနဲ့ပူးပေါင်းနိုင်ပေမယ့် စီမံကိန်းမှာ မင်း မပါဘူးဆိုရင်ပေါ့"

ထိုအမျိုးသမီး၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ မအောင်မြင်သည့် လှည့်ဖြားမှုတစ်ခုသာဖြစ်သော် လည်း၊ ထိုသို့သော ငြင်းပယ်မှုကိုမူ မမျှော်လင့်ထားပေ။ သူက ဘယ်လိုလူလဲဟ!

ချင်ရှန့်က ကျီဖေးနှင့်ပတ်သက်သည့်အရာအားလုံးကို အလွန်ဂရုစိုက်ကြောင်း သူနည်းနည်းတော့သိသည်။ ကျီဖေးမှဒါကိုမြင်ပြီးလျှင် ချင်ရှန့် သူ့မိန်းမကို သံသယနည်းနည်းလေးတောင်မှ မဝင်စေအောင် သဘာဝကျကျဖြေရှင်းလိမ့်မည်။

ကျီဖေးသည် ဤ CEO ၏အပြုအမူကိုအံ့အားသင့်နေချိန်တွင် ရုတ်တရက်တံခါးပွင့်လာပြီး ခိုးနားထောင်နေသည့်သူသည် ဟန်ချက်ပျက်ကာ ရှေ့သို့လဲကျသွားခဲ့သည်။

သူသည် မိမိကိုယ်ကို တည်ငြိမ်အောင်ထိန်းထားနိုင်သော်လည်း တစ်စုံတစ်ယောက်သည် စိတ်အားထက်သန်လွန်းပြီး သူ့ကိုတိုက်ရိုက်ပွေ့ဖက်ထားသောကြောင့် ကျီဖေးသည် ချင်ရှန့်၏ ရင်ခွင်ထဲသို့ တမင်တကာရောက်သွားပုံရသည်။

နူးညံ့သည့်ရယ်မောသံက ပဲ့တင်ထပ်သွားသည်။

"မင်း ဘာတွေသယ်လာတာလဲ ?"

သူ့ရင်ဘတ်ထဲမှတုန်ခါပြီးထွက်လာသည့် ခပ်ဩဩအသံသည် ကျီဖေး၏နှလုံးခုန်သံကို မြန်ဆန်သွားစေသည်။

"မားက အချိုပွဲတွေယူသွားခိုင်းလို့"

ချင်ရှန့်က ကျီဖေးကိုလွှတ်ပေးလိုက်ပြီး ရုံးခန်းထဲသို့ခေါ်သွားလိုက်သည်။

ကျီဖေးသည် အလွန်ဆွဲဆောင်မှုရှိသည့် လှပသောအမျိုးသမီးကိုသတိပြုမိပေမယ့် နှုတ်မဆက်ခဲ့ပေ။

ထိုအမျိုးသမီးသည် ကျီဖေး၏အချက်အလက်များကို စုံစမ်းထားပြီးဖြစ်ပြီး သူ့ပုံစံကိုသိထားသော်လည်း လူကိုယ်တိုင်မြင်လိုက်ရသည့်အခါတွင် ကျီဖေးသည် ဓာတ်ပုံထဲကထက်ပိုလှနေသဖြင့် သူအံ့ဩသွားသည်။ အရင်ကယုံကြည်မှုရှိခဲ့သည့် သူ့အလှသည် ကျီဖေး၏ပေါ့ပေါ့ပါးပါးအလှနှင့်ယှဉ်လိုက်လျှင် မပြောပလောက်တော့ပေ။

ချင်ရှန့်၏ ရက်စက်ကြမ်းကြုတ်စွာနှင်ထုတ်ခြင်းနှင့်အတူ သူသည် ရှုံးနိမ့်ကာထွက်သွားရုံသာတတ်နိုင်သည်။

ယခုအချိန်တွင်ကျီဖေးသည် သူမရောက်တာကြာပြီဖြစ်သည့် ဤရုံးခန်းအားကြည့်ကာ ထိပ်လန့်သွားသောကြောင့် ထိုအမျိုး သမီးကို စိတ်ဝင်စားမှုမရှိတော့ပေ။

နာမည်ကြီးပန်းချီကားများအား ပြသခဲ့ဖူးသည့်နေရာများစွာ သည် ယခုအခါတွင် သူ၏ကျော်ကြားသောဓာတ်ပုံများကိုပြသခဲ့ပြီး အနုပညာရှင်တစ်‌ယောက်၏မန်နေဂျာရုံးခန်းနှင့် ပိုတူနေ သည်။

အစောကသူတို့ပြောနေတာတွေကို သူနားလည်သွားသည်။

ပိုစတာများပြည့်နေသည့် ဤဥက္ကဌရုံးခန်းကိုကြည့်ပြီး သူဘယ်ကိုမှမကြည့်ရဲတော့ပဲ ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

[အခြားဝန်ထမ်းတွေ ဝင်လာပြီး ဒါတွေကိုမြင်တဲ့အခါ... အားး၊ ငါ တွေးတောင်မတွေးနိုင်တော့ဘူး။]

ကျီဖေးကြည့်နေတာကို ချင်ရှန့်သိပေမယ့် မသိချင်ယောင်ဆောင်ကာ အချိုပွဲများအား ပေါ့ပေါ့ပါးပါးယူလိုက်ပြီး ဆိုဖာပေါ်တင်ဖို့ကြိုးစားရင်း နားရွက်ဖျားတွေနီရဲနေသည်။

ဤသည်မှာ ရှိုးပွဲအတွက်သာမက၊ ချင်ရှန့်သည် ကျီဖေးအား မော့ကြည့်လိုက်တိုင်းမြင်ချင်သည်။ ချင်အဖွဲ့အစည်း၏အနု ပညာဌာနနှင့် ကျီဖေး၏ကိုယ်ပိုင်စတူဒီယိုနှစ်ခုလုံးတွင် သူ့ဇနီး၏ပိုစတာများဖြင့် ပြည့်နေသောကြောင့် ၎င်းတို့အား သူ့ရုံးခန်းတွင်လည်း အဘယ်ကြောင့် မထားသင့်သနည်း ?

ဖြစ်နိုင်လျှင် ကျီဖေးအား သူ့ကိုအလုပ်ကူလုပ်စေချင်ပေမယ့်... ကျီဖေးက ဒါကိုသဘောမတူသည့်အတွက် ၎င်းက နောက်ထပ်အကောင်းဆုံးနည်းလမ်းပင်။

ကျီဖေး၏အဆင့်အတန်းအား လူတိုင်းကိုရှင်းလင်းသွားစေခဲ့သည်။

ချင်ရှန့်၏အတွေးများကို မဖတ်နိုင်ပဲ၊ ကျီဖေးသည် ၎င်းတို့အကြောင်းမေးခြင်းဖြင့် သူ့ကိုယ်သူအရှက်မခွဲမိစေရန် ပိုစတာများအား လျစ်လျူရှုဟန်ဆောင်ခဲ့သည်။

"မားလုပ်ပေးထားတာတွေကို စားကြည့် " ကျီဖေးကပြောလာ သည်။

ချင်ရှန့်သည် သေတ္တာကိုဖွင့်ကာ အတွင်းမှ ရွှေညိုရောင်အချိုပွဲများကိုကြည့်ရင်း ငြိမ်သွားသည်။

"ငါတို့မားမှာ မီးဖိုချောင်ပြဿနာရှိတာမင်းမှတ်မိတယ်မလား?"

ကျီဖေးက "စိတ်မပူပါနဲ့၊ တခြားသူတွေအကုန် အဆိပ်ရှိမရှိ စမ်းသပ်ထားပြီးသားပါ။ သူ့အတွက် အောင်မြင်ဖို့ကရှားတယ်၊ အဲ့ဒါကြောင့် ကျွန်မ ယူလာခဲ့တာ။"

[ပါးနဲ့ ချင်ရှီက အဆင်ပြေပါတယ်၊ မဟုတ်ရင် ငါဘာလို့ စွန့်စွန့်စားစား ချင်ရှန့်အတွက်ယူလာမှာလဲ။ အစာအဆိပ်သင့်လို့ CEO ကို ဆေးရုံအမြန်ပို့လိုက်ရတယ်ဆိုရင် သိပ်ကြားလို့မကောင်းဘူး။]

ချင်ရှန့် ကျေနပ်စွာစတင်စားသောက်ခဲ့ပြီး သူ့ဇနီးမှသူ့ကို ဂရုစိုက်ပေးလို့ကျေနပ်နေသည်။

အရသာမကောင်းပေမယ့် မားမားချင်၏ကြိုးစားအားထုတ်မှုကို အလဟသမဖြုန်းတီးနိုင်ပဲ အတူတူ ပြီးအောင်စားကာ ဓာတ်ပုံရိုက်ပြီး သူ့ကို အစီရင်ခံတင်ပြလိုက်သည်။

ထိုအချိန်တွင်၊ မားမားချင်သည် ပါးပါးချင်၏အရင်းအမြစ်များမှတဆင့် စနိုက်ကျော်အား လုံးဝနှင်ထုတ်လိုက်ကြောင်းကြားပြီး သူ စိတ်သက်သာရာရခဲ့သည်။

စားပြီးသည်နှင့် ကျီဖေးက ထွက်သွားဖို့မစဉ်းစားဘဲ ချင်ရှန့်မှသူ့အာ အချိန်ကြာကြာနေတာကိုသဘောကျသဖြင့် ဆက်နေနေခဲ့သည်။ ထို့ကြောင့် ချင်ရှန့်အလုပ်လုပ်နေချိန်တွင် ကျီဖေးဖုန်းပွတ်နေလိုက်သည်။

ခဏအကြာတွင် ချင်ရှန့်၏ဖုန်းမြည်လာသည်။

ချီလီဆက်တာကိုမြင်တော့ သူက စပီကာဖွင့်လိုက်သည်။

"ဟေး ချင်၊ မင်း ဒီညအားလား ? ငါ ရေကူးကန်ပါတီတစ်ခု စီစဉ်နေတယ်၊ မင်းနဲ့ကျီဖေးတို့ အတူတူလာလည်သင့်တယ်။ တည်နေရာက XX Club မှာ။"

ချင်ရှန့် အံ့အားသင့်သွားသည်။ သူသည် ထိုကဲ့သို့သောလှုပ်ရှား မှုများတွင် ပါဝင်လေ့မရှိသောကြောင့် ချီလီနှင့်အခြားသူများက သူ့အား ဘယ်တော့မှဖိတ်ကြားခြင်းမရှိပေ။ ဒီနေ့ ဘာလို့ဒီလောက်ထူးဆန်းနေရတာလဲ ?

"မင်း လာမှာလား၊ မလာဘူးလား? လူတိုင်းလာကြမှာ။ ကောင်းပြီလေ၊ မင်းမလာလည်း ကျီဖေးလာရင် အဆင်ပြေပါတယ်။" ဟု ချီလီက စိတ်မရှည်စွာပြောသည်။

ချင်ရှန့်သည် အနည်းငယ်မျက်မှောင်ကြုတ်ကာ ချီလီတွင် ဆိုးရွားသည့်ရည်ရွယ်ချက်ရှိနေသည်ဟုခံစားရသည်။ သူငြင်းချင်ပေမယ့် ဒီနေ့ ကျီဖေးနှင့်ဆုံခွင့်ရဖို့ဆိုတာ ရှားရှားပါးပါးဖြစ်ပြီး သီးသန့်ချိန်းတွေ့ခြင်းမျိုးလည်းဖြစ်ပေမယ့် အခုတော့...

"ကျီဖေးကို မေးလိုက်ဦးမယ်။"

ချင်ရှန့်သည် ကျီဖေး၏သဘောထားကို လေးစားဆဲဖြစ်သော ကြောင့် သူ့ကိုလှည့်ကြည့်လိုက်သည်။

ကျီဖေးသည် ဤနေရာသို့ရောက်ကတည်းက ဤကဲ့သို့တစ်စုံ တစ်ခုကိုမျှ မတက်ရောက်ခဲ့မှန်းသိလိုက်ရသဖြင့် မျက်တောင် ခတ်လိုက်သည်။

[ရေကူးကန်ပါတီ၊ အားလုံးက ရေကူးဝတ်စုံဝတ်ထားမယ်လို့ဆိုလိုတာလား? ဆိုလိုတာက ချောမောတဲ့ကောင်လေးတွေနဲ့ လှပတဲ့ကောင်မလေးတွေ၊ ဘယ်လောက်တောင် မျက်စိပသာဒဖြစ်လိုက်မလဲ!]

စိတ်လှုပ်ရှားနေသည့်အသံကို ကြားလိုက်သောအခါ ချင်ရှန့်မျက်ခုံးပင့်သွားသည်။

သေချာသည်၊ ကျီဖေး၏နှုတ်ခမ်းများကွေးညွတ်ကာ ပြုံးနေ သည်ကိုတွေ့လိုက်ရပြီး ယခုအချိန်တွင် ချင်ရှန့်သည် အမှန်ပင်ငြင်းဆန်ချင်လာသည်။

[ချင်ရှန့်က ရေကူးဝတ်စုံလေးနဲ့... ဟီးဟီး၊ ငါ ကြည့်ချင်တယ်။ ရေကူးကန်ထဲမှာ ဒီလို eight-packs ကို ခံစားဖို့အခွင့်အရေးတောင်ရနိုင်တယ်! ခပ်ချောချောကောင်လေးတွေအကုန် ရေတွေစိုနေပြီးတော့...]

ချင်ရှန့်၏မျက်နှာသည် ပူလောင်လာကာ ဖုန်းကိုင်ထားသူက သူတို့ကိုတိုက်တွန်းနေဆဲဖြစ်သည်။

"သွား...သွားချင်လား ?" ချင်ရှန့်၏အကြည့်များမှာ တုန်လှုပ်နေသည်။

"အင်း!" ကျီဖေးက ချက်ချင်းပြန်ဖြေသည်။

ချင်ရှန့် ချောင်းဆိုးသွားပြီး ချီလီကို ပြန်ပြောလိုက်သည်။

ဖုန်းပြောပြီးနောက်ကျီဖေးသည် ရေကူးဝတ်စုံဝယ်ရန် ချင်ရှန့်ကိုကုန်တိုက်သို့ဆွဲခေါ်သွားသည်။

ထိုအချိန်တွင်ချီလီသည် အခြားသူများကို အရေးတကြီးအသိ ပေးနေဆဲဖြစ်ပြီး ပါတီစကေးတစ်ခုခုကို အလျင်အမြန်စီစဉ်နေသည်။ သူ့အမူအရာက ထူးဆန်းလွန်းတာကြောင့် သူငယ် ချင်းအဖွဲ့ထဲကလူတိုင်းက ချီလီ၏ထူး‌ဆန်းသည့်အပြုအမူများကို သတိထားမိကြသော်လည်း ချီလီကတော့ အလုပ်ရှုပ်နေ သည်။

တစ်စုံတစ်ယောက်က ချင်ရှန့်နှင့်ကျီဖေးတို့ တစ်ကယ်သွားမှာလားဟုတွေးနေမိသည်။

ချီလီက ပါတီပွဲတက်ဖို့ ရုတ်တရက် ဘာကြောင့်ခေါ်တာလဲဆိုတဲ့အကြောင်းကို လူတိုင်းသိချင်နေတာမြင်တော့ ကျီဖေးသည် စုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်လိုက်သည်။

တစ်ချက်လောက်ကြည့်ရုံနှင့်ပင် သူ့ကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားစေသည်။

[မယုံနိုင်စရာပဲ! ဟန်ကျီယု သူ့ကိုလျစ်လျူရှုထားတာကြောင့် သူက မလွယ်ကူတဲ့ပုံစံမျိုးဟန်ဆောင်နေတယ်လို့ ချီလီတွေးပြီး သူ့ကို အခွင့်အရေးပေးဖို့စီစဉ်နေတာပဲ။ ဟန်ကျီယုက ဒီနေ့ဒီကလပ်မှာ သူငယ်ချင်းတစ်ယောက်အတွက် အငှားရည်းစားလုပ်ပေးမယ်ဆိုတာသိလိုက်ရတော့ ဟန်ကျီယုရှေ့မှာ အခြားမိန်းမတွေနဲ့အတူပေါ်လာပြီး သူ့ကို ဝမ်းနည်းသွားစေပြီး သူ့ဆီ ပြန်လာဖို့အခွင့်အရေးပေးချင်လို့ ဒီပွဲကိုလုပ်ခဲ့တာပဲ... တကယ့်ကို ဒရာမာကင်းပဲ။]

[သူငါ့ကို လာတွေ့စေချင်တဲ့အကြောင်းရင်းက ဟန်ကျီယု ငါ့ကိုတွေ့တဲ့အခါ သေချာပေါက်လာနှုတ်ဆက်မယ်ဆိုတာ သူသိတာကြောင့်ပဲ။ ဘာလား ? သူ ငါ့ကို လက်နက်တစ်ခုအနေနဲ့ သုံးနေတာလား၊ ဟမ် ?]

ထိုအတွေးများကိုကြားတော့ ချင်ရှန့်နားလည်လိုက်သော်လည်း အနည်းငယ်တော့ဒေါသထွက်သွားသည်။ ချီလီသည် အရှက်ရပြီးမှသာ နိုးထလာနိုင်မည်လား ?

[ဒါပေမယ့် ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်။] ကျီဖေးက စိတ်လှုပ်ရှားစွာပြုံးလိုက်သည်။

သူသည် ရေကူးဝတ်စုံကို ပေါ့ပေါ့ပါးပါးကောက်ကိုင်လိုက်သည်။

ချင်ရှန့် ရုတ်တရက်ချောင်းဆိုးလာပြီး "ဒါကို မင်းရွေးချင်တာလား?"

ကျီဖေး၏လက်ထဲမှရေကူးဝတ်စုံသည် လုံးဝကို ဘီကီနီဖြစ် သည်။ သူသည် ယခင်က ဂရုတစိုက်မကြည့်ခဲ့ဘဲ မျက်တောင် ခတ်ကာ “ရှင့်မှာ အကြံဉာဏ်ရှိလို့လား ?”

သူသည် ထိုကဲ့သို့သောပါတီပွဲများအား တစ်ခါမျှမတက်ရောက်ဖူးသောကြောင့် သင့်လျော်သည့်ဝတ်စားဆင်ယင်မှုကို မသိခဲ့ပေ။

သို့ပေမယ့် ချင်ရှန့်၏မျက်လုံးများက မူလတန်းကျောင်းသူစတိုင်ရေကူးဝတ်စုံဘက်သို့လှည့်သွားသည်ကို သူတွေ့လိုက်ရသည်...

"ဟေး ချင်ရှန့်၊ နင့်အကြိုက်က အရမ်းဆိုးရွားလွန်းတယ်။ နင့်မိန်းမကို ဒီလိုပုံစံမျိုးအကြံပေးဖို့ စဉ်းစားနေတာလို့မပြောနဲ့‌ နော်။"

ရုတ်တရက် အပေါက်ဝမှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

သူတို့လှည့်ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ်ဝတ်စားထားသည့်အမျိုးသမီးတစ်ဦးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့်ဝင်ပေါက်တွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။

All Chapters