အခန်း (၂၄၃)
Vol. 25 Ch. 243
အမျိုးသမီး၏ သွယ်လျသည့်လက်ချောင်းများက သူ့နေကာ မျက်မှန်ကို ကိုင်ထားသည်။ သူသည် ဝါဝင်းစိုပြေသည့်အသားအရည်ဖြင့် စွဲမက်ဖွယ်ဝတ်စုံကိုဝတ်ဆင်ထားကာ ကြည့်ရသည်မှာ ကျန်းမာပြီး အားအင်အပြည့်ဖြစ်နေသည်။ သူ၏ မိုးမခကိုင်းသဏ္ဍာန် မျက်ခုံးမွှေးများသည် အနည်းငယ်ကြွလာပြီး အနီရောင်နှုတ်ခမ်းသားများသည် တောက်ပကာ ရဲရင့်နေ သည်။သို့သော် ကျီဖေးအံ့သြသည်မှာ ပတ်ဝန်းကျင်တွင် ထူးထူးခြားခြားပေါ်လွင်နေသည့် ဤစတိုင်မျိုးကြောင့်မဟုတ်ဘဲ သူ့မျက်နှာအသွင်အပြင်ဖြစ်သည်။
သူ့ပုံစံက၊ သူ့ပုံစံက ဟန်ကျီယုနှင့်အတိအကျတူနေသည်။
[အဲဒါ့ ကောင်းယာလန်ဖြစ်နိုင်လား?]
ချင်ရှန့်က တည့်တည့်မတ်မတ်ဖြင့် "ကောင်းယာလန်၊ မင်းပြန်ရောက်လာပြီပေါ့။ "
ကောင်းယာလန်ကပြုံးပြီး ရှေ့သို့လှမ်းလာကာ "ဟုတ်တယ် ငါအခုမှပြန်လာတာ။ နင်နဲ့ ပထမဆုံးတွေ့ရလိမ့်မယ်လို့ ငါမထင်ထားဘူး။ နင် တစ်ခါမှ ရှော့ပင်းမထွက်ဖူးဘူးမလား?"
ကောင်းယာလန်သည် ချင်ရှန့်နှင့်စကားပြောနေသော်လည်း သူ့အကြည့်သည် ငြီးငွေ့မှုမရှိပဲ ကျီဖေးအားစပ်စပ်စုစုကြည့်နေ သည်။
ကျီဖေးက ကောင်းယာလန်ကိုပြုံးပြကာ "ဟယ်လို၊ ကျွန်မက ကျီဖေးပါ။"
" ငါသိတယ်၊ ငါသိတယ်၊ နင်က ချင်ရှန့် ရဲ့အဖိုးတန်ဇနီးပဲ။ ဒီသတင်းက နိုင်ငံခြားက ငါတို့အသိုင်းအဝိုင်းထဲမှာ ပြန့်နေပြီ။ သူတို့က နင့်ကို ဒဏ္ဍာရီလာဖြစ်လုနီးပါးလုပ်လိုက်တာ။" ဟု ကောင်းယာလန်က အတင်းအဖျင်းပြောသည့်အမူအရာဖြင့် မျက်ခုံးပင့်ကာ " ခံစားချက်မဲ့တဲ့စက်ရုပ်ကို နင်ဘယ်လိုအနိုင်ယူနိုင်ခဲ့လဲဆိုတာ ငါ တကယ်သိချင်နေတယ်။"
နောက်ဆုံးတွင်၊ ၎င်းသည် ယုကျစ်မှ သူ့အကြံအစည်အားလုံးကုန်သွားတာတောင် မအောင်မြင်ခဲ့သည့်အရာဖြစ်သည်။ အိမ်ပြန်မလာခင်တွင် သူသည် ယုကျစ်၏ ရှက်စရာကောင်းသည့်ဆုတ်ခွာမှုကိုမြင်လိုက်ရပြီး သေလုနီးပါးရယ်မောစေခဲ့သည်။
ယခင်ကတော့လူတိုင်းက သူတို့နှစ်ယောက်ကို ကျောင်းတွင်းမော်ဒယ်စုံတွဲဟု ထင်ခဲ့ကြပေမယ့် ကောင်းယာလန်ကတော့ သူတို့နှစ်ယောက်ဟာ အတုအယောင်စုံတွဲတွေချည်းပဲလို့ ထင်ခဲ့ကြပြီး - တစ်ယောက်က ကော်လိုကပ်နေကာ၊ နောက်တစ်ယောက်ကတော့ ဟန်ဆောင်နေခဲ့သည်။
သူ့ကိုပိုပြီးရွံရှာသွားစေတာကတော့ သူတို့လက်ထပ်ပြီးတာတောင် ယုကျစ်က ပြဿနာရှာဖို့ပြန်လာတုန်းပင်။ တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းသည်။
ဟုတ်ပါသည်၊ အခုတော့သူသည် ကျီဖေးအား အလွန်စိတ် ဝင်စားနေခဲ့သည်။ ချင်ရှန့်လို ထူးခြားသည့်လူတစ်ဦးကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ အထင်ကြီးစရာပင်။
ကောင်းယာလန်သည် တိုက်ရိုက်ပြောတတ်သော်လည်းကြင်နာ စွာပြောသောကြောင့် သူသည် မနှစ်သက်ဖွယ်မရှိပေ။
သို့ပေမယ့်ကျီဖေးက သူ့ကို မကာကွယ်ပေးပဲမနေနိုင်ပေ။
"ချင်ရှန့်က စက်ရုပ်မဟုတ်ပါဘူး။" ချင်ရှန့် လန့်သွားသည်။
ရုတ်တရက် သူ့စိတ်ထဲတွင် မှတ်ဥာဏ်တစ်ခုပေါ်လာသည်။
"သခင်လေးချင်က ခံစားချက်မဲ့တဲ့စက်ရုပ်တစ်ရုပ်လို ခံစားရတယ်..."
"နင်တို့ အားလုံးမှားတယ်၊ ချင်အာ့ကောက အဲ့လိုမဟုတ်ဘူး။ ချင်အာ့ကောမှာ ခံစားချက်တွေ အများကြီး အများကြီးရှိတယ်၊ ခံစားချက်တွေအများကြီးပဲ၊ အဲဒါတွေကို နင်မမြင်နိုင်ဘူး!"
ချင်ရှန့်၏မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကာ ကျီဖေးအားမကြည့်ပဲမနေနိုင်ပေ။ သူ့အကြည့်ထဲတွင် နူးညံ့မှုများပြင်းထန်လွန်းနေသဖြင့် ကောင်းယာလန်ပင် ထိခိုက်သွားခဲ့ရပြီး မတုန်လှုပ်ပဲမနေနိုင်ပေ။
သူသည် ကောလဟာလများအား ချဲ့ကားထားသည်ဟုထင်ခဲ့သော်လည်း လက်တွေ့တွင် ပိုလို့ပင်အံ့သြစရာကောင်းနေသည် - သူ့နှလုံးသားထဲနှင့် အကြည့်များထဲတွင် သူ့ဇနီးကလွဲပြီး ဘာမှမရှိချေ။
ကောင်းယာလန်သည် ချင်ရှန့်၏အသွင်ကူးပြောင်းမှုမှာ အမှန်တကယ် မယုံနိုင်စရာဖြစ်သဖြင့် ပေါက်ကွဲလုမတတ် ရယ်မောခဲ့သည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ သူကတကယ့်ကို စက်ရုပ်မဟုတ်တော့ဘူး၊ သူက လူသားဖြစ်သွားပေမယ့် ရေကူးဝတ်စုံရွေးတဲ့သူ့မျက်လုံးကတော့ တကယ့်ကိုကြောက်စရာကောင်းတယ်။" ဟု ကောင်းယာလန်က အစောက ချင်ရှန့်ကြည့်ခဲ့သည့်ရေကူးဝတ်စုံအားထောက်ပြလိုက်သည်။
အပေါ်ပိုင်းသည် ရင်ဘတ်ကိုဖုံးအုပ်ထားပြီး အောက်ပိုင်းသည် ဘောင်းဘီတိုနှင့် အပြင်ဘက်တွင် စကတ်တစ်လွှာပါရှိနေ သည်။
ဘယ်လိုပြောရမလဲဆိုတော့... မူလတန်းကျောင်းသူတွေအ တွက်တော့ မင်းသမီးလေးလိုချစ်ဖို့ကောင်းပေမယ့် လူကြီးတွေအတွက်တော့ လက်နှစ်ဖက်နဲ့ ခြေထောက်တွေကို ဖုံးအုပ်ထားတဲ့အပိုင်းတွေကတောင် ကျီဖေး၏အံ့ဩစရာကောင်းသည့်မော်ဒယ်လ်ပုံစံကို လုံးဝမပြနိုင်တော့ပေ။
"နင့်ရဲ့ privateရေကူးကန်အတွက်ဆိုရင်တော့ ဒါက လုံးဝမလိုအပ်ဘဲ လေးလွန်းတယ်။ အပြင်အတွက်ဆိုရင်တော့ နင့်မိန်းမကို ဒီလိုဝတ်ခွင့်ပေးလိုက်ရင် လူတွေက ခေါင်းငုံ့ပြီး သူ့အကြိုက်ကို လှောင်ပြောင်ကြလိမ့်မယ်။ နင်သူ့ကို ဟာသအ ဖြစ်သဘောထားစေချင်လို့လား?" ကောင်းယာလန်က မညှာမတာပြောချလိုက်သည်။
ချင်ရှန့်သည် ချက်ချင်းပင်အရှက်ကွဲသွားသည်။ တကယ်တော့ သူအရင်က ဒီလိုအပန်းဖြေပါတီပွဲများတွင် တစ်ခါမှမပါဝင်ခဲ့ဖူးသလို ရေကူးကန်ပါတီပွဲများတွင်လည်း လေထဲမှာလွင့်နေသလို sexy ကျကျရေကူးဝတ်စုံများအား ဝတ်ဆင်ထားသူများကိုလျစ်လျူရှုထားသောကြောင့် အခြေအနေအား သူတကယ်မသိပေ။
"တောင်းပန်ပါတယ် ကိုယ် အရင်ကမသိခဲ့ဘူး။"
ချင်ရှန့်က စိတ်မသက်မသာပြောပြီး သူ့ကိုယ်ပိုင်ဆန္ဒလေးတွေ ပျောက်ကွယ်သွားခဲ့သည်။
ကျီဖေးသည် ထိုဝတ်စုံကမဆိုးဘူးဟု ထင်ခဲ့သည့်အတွက် စကားမပြောရဲတော့ပေ။
"နင့်ကို ငါကူပြီးရွေးပေးမယ်၊ ငါက သူ့ထက်တော့ အမြင်ပိုရှိတယ်" ဟု ကောင်းယာလန်က ရင်းနှီးစွာပြောသည်။
"ဘယ်လို ပါတီမျိုးအတွက်လဲ?"
ကျီဖေး ရုတ်တရက်လန့်သွားသည်။ သူ၏အတင်းအဖျင်းရေဒါကို အသက်သွင်းလိုက်သည်။
ချင်ရှန့်က " ချီလီ စီစဉ်ပေးထားတဲ့ ရေကူးကန်ပါတီ။"
ကျီဖေးသည် ကောင်းယာလန်၏အမူအရာကိုကြည့်ကာ ချက် ချင်းပင် စိတ်လှုပ်ရှားသွားသည်။
သို့ပေမယ့် ကောင်းယာလန်က ပြုံးပြီးပြောသည် "ဒါဆို အား လုံးရှိကြမှာမလား? ကွက်တိပဲ၊ ငါပြန်လာပြီးရင် လူတိုင်းနဲ့တွေ့ဖို့စီစဉ်ထားတာ။ အားလုံးကိုအံ့အားသင့်သွားအောင်လို့ ဒီည ငါလည်းသွားလိုက်မယ်။ နင်တို့နဲ့လိုက်ခဲ့ဖို့ အဆင်ပြေရဲ့လား?"
[ဒါက အရမ်းပြေလွန်းတယ်! တကယ့်ကို အံ့သြစရာကောင်းတဲ့အခိုက်အတန့်ပဲ - တစ်စုံတစ်ယောက်ကအစားထိုးတစ်ယောက်ကိုစွဲလမ်းနေချိန်မှာပဲ တကယ့်လူအစစ်က ရုတ်တရက်ပေါ်လာခဲ့တယ်၊ ဟားဟားဟား!]
ချင်ရှန့်၏နှုတ်ခမ်းထောင့်သည် အနည်းငယ်လှုပ်ယမ်းသွားသည်။
ချင်ရှန့်၏ထူးဆန်းသည့်အမူအရာကိုမြင်တော့ ကောင်းယာလန်က "ဘာဖြစ်နေတာလဲ? ငါ့ကို မကြိုဆိုဘူးလား? ချီလီစိတ်ဆိုးနေတုန်းပဲလို့တော့ မပြောနဲ့နော်၊ ငါတို့လမ်းခွဲခဲ့တာ နှစ်ပေါင်းများစွာကြာပြီ၊ မဟုတ်တာ သေချာတယ်။"
[ ဒါကိုကြည့်ရင်၊ ကောင်းယာလန်ကို သဝန်တိုအောင်လုပ်ဖို့ အစားထိုးတစ်ယောက်ထားတဲ့ ချီလီရဲ့အစီအစဉ် လုံးဝကိုအလုပ်မဖြစ်ဘူးပဲ။ ဘာလို့လဲဆိုတော့ သူက ပြည်ပမှာ ဘာကိုမှဂရုမစိုက်ခဲ့ဘူးလေ! ချီလီက ဆိုရှယ်မီဒီယာပေါ်မှာ ပွင့်ပွင့် လင်းလင်းပို့စ်တင်ခဲ့ပေမယ့် အသုံးမဝင်ခဲ့ဘူး။ နောက်ပိုင်းတွေ့ကြတဲ့အခါ၊ ချီလီရဲ့ သူဂရုတစိုက်စီစဉ်ခဲ့တာအစီစဉ်က အလုပ်မဖြစ်ဘူးဆိုတာသိသွားရင် ဘယ်လိုအမူအရာမျိုးဖြစ်သွားမလဲ? အိုးမိုင်ဂေါ့၊ ဘယ်လောက်တောင် ဒရာမာဆန်လိုက်မလဲဆိုတာ ငါတွေးတောင်မတွေးကြည့်နိုင်ဘူး၊ ဟီးဟီးဟီး။]
ကျီဖေး၏လွှမ်းမိုးမှုကြောင့် ချင်ရှန့် ပြုံးမိလုနီးပါးဖြစ်နေသော် လည်း ချီလီသည် သူ့သူငယ်ချင်းဖြစ်နေဆဲဟုတွေးကာ ဤကဲ့သို့ပြုမူနေခြင်းမှာ မမှန်ကန်သဖြင့် ချောင်းဆိုးကာ
" ငါသေချာမသိဘူး၊ ဒါပေမယ့်မင်း စိတ်မရှိဘူးဆိုရင် အတူတူသွားကြရအောင်။"
ကောင်းယာလန်က 'ငါကဘာကို စိတ်ရှိရမှာလဲ' ဟူသောအမူ အရာဖြင့် ပခုံးတွန့်ပြသည်။
သူတို့နှစ်ယောက် အတူတူသွားမည်ဆိုတည်းက ကောင်းယာလန်လည်း ရေကူးဝတ်စုံရွေးဖို့လိုအပ်ပြီး ကျီဖေးကိုလည်း ဆက်ပြီးကူညီပေးနေခဲ့သည်။
ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနှင့် အမြင်ကောင်းရှိမှာသေ ချာသည်။ ကျီဖေး၏အလွန်ကောင်းမွန်သည့်ခန္ဓာကိုယ်အချိုး အစားသည် သူ့အား ဆွဲဆောင်မှုအရှိဆုံးပုံစံများကိုသာရွေး ချယ်ချင်စေခဲ့သော်လည်း သူ့နောက်ဘက်မှ မီးတောက်နေသည့်အကြည့်များကိုခံစားမိသဖြင့် ထိုသို့ရွေးချယ်ခြင်းသည် ပညာရှိတစ်ယောက်၏ရွေးချယ်မှုမဟုတ်ဟု ခံစားရသည်။
နောက်ဆုံးတော့ ကျီဖေးသည် အိမ်ထောင်ရှင်အမျိုးသမီးဖြစ်ပြီး သူ့ခင်ပွန်းက အဲဒီနေရာတွင်ရှိနေသည့်အတွက် အရမ်းကြီးလွန်ကဲတာမျိုးမှာ မကောင်းပေ။ ထို့ကြောင့်သူသည် အလယ် အလတ်ရှိသော်လည်း ဒီဇိုင်းပိုင်းအားကောင်းသည့် ရေကူးဝတ်စုံကိုရွေးချယ်ပေးခဲ့သည်။
သူ့ကိုယ်ပိုင်ရွေးချယ်မှုကတော့ ကျီဖေး၏ပါးစပ်ဖျားတွင် ရဲရင့်ပြီး ဆွဲဆောင်မှုရှိသည့်ပုံစံဖြစ်သည်။
နောက်ဆုံးတွင်ချင်ရှန့်သည် အကုန်လုံးအတွက်ငွေချေပေးခဲ့ပြီး၊ ကောင်းယာလန်က သူတို့အား ညစာလိုက်ကျွေးကာ၊ ချိန်းဆိုထားသည့်ကလပ်သို့ အချိန်မှန်ရောက်ရှိခဲ့သည်။
သုံးယောက်သား အဝတ်အစားလဲဖို့သွားခဲ့သည်။
ကောင်းယာလန်သည် အလွန်ပင်စေ့စပ်ပြီး ရေထဲမဆင်းမီ skin-care အမျိုးမျိုးကို လိမ်းရန်လိုအပ်သောကြောင့် ကျီဖေးအားမစောင့်ရန်ပြောခဲ့သည်။ ကျီဖေးလည်း ဟန်ကျီယုရှိသည့်နေရာကိုသွားကြည့်ချင်သောကြောင့် အရင်ထွက်သွားခဲ့သည်။
သူထွက်လာသည်နှင့် ချင်ရှန့်ကို တွေ့လိုက်ရသည်။
ချင်ရှန့်၏ရေကူးဘောင်းဘီတိုသည် ပေါ့ပေါ့ပါးပါး အမျိုးအစားဖြစ်သောကြောင့် သိပ်ကြည့်စရာများစွာမရှိသော်လည်း ဝမ်းနည်းစရာအကောင်းဆုံးမှာ သူက ကြော့ရှင်းသည့်ရှပ် အင်္ကျီကို ၀တ်ဆင်ထားဆဲဖြစ်ပြီး ၎င်းသည် ပွင့်နေသော်လည်း ၎င်း၏ဗိုက်သားအများစုကို ဖုံးအုပ်ထားဆဲဖြစ်သည်။
ထိုအခိုက်တွင်ချင်ရှန့်သည် မဝေးလှသည့် စကျင်ကျောက်တိုင်တစ်ခုတွင် မှီရပ်နေပြီး ရှည်လျားသည့်အရပ်နှင့် တင့်တယ်စွာစောင့်ဆိုင်းနေစဉ် အောက်သို့ငုံ့နေသည်။ ဖြတ်သွားသည့်အမျိုးသမီးအများအပြားသည် သူ့အားလှမ်းကြည့်ရင်း လမ်း လျှောက်နေတာရပ်လိုက်ပြီး သူတို့၏မျက်လုံးများထဲတွင် တအံ့တသြနှင့်မက်မောမှုများ ပြည့်နှက်နေသည်။ ယောက်ျားလေးအနည်းစုကလည်း သူ့ကို လှည့်ကြည့်နေကြသည်။
နောက်ဆုံးတော့ သူ၏သာလွန်သည့်ရုပ်ရည်သည် တကယ့်ကိုစွဲမက်ဖွယ်ကောင်းပြီး သူ့ခန္တာကိုယ်အချိုးအစားသည် ရှည် လျားဖြောင့်မတ်ကာ ပုခုံးကျယ်ကျယ်၊ ခါးသိမ်သိမ်နှင့်ဖြစ် သည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် သည်းမခံနိုင်တော့ပဲ သူ့ထံချဉ်းကပ်ဖို့ကြိုးစားခဲ့ပေမယ့် ချင်ရှန့်သည် မမျှော်လင့်ဘဲမော့ကြည့်လိုက်သည်။
ခြွင်းချက်တစ်ခုတည်းသာရှိပြီး သူသည် အခြားသူများ၏အ ကြည့်များအား လုံးဝအာရုံမစိုက်နိုင်ပေ။
ကျီဖေးကို အဝေးကမြင်လိုက်ရတော့ မျက်လုံးများသည် အေးခဲသွားပြီး သူ့ပါးပြင်တွေက တဖြည်းဖြည်းနီရဲလာကာ ဘယ်နေရာသို့ကြည့်ရမလဲမသိတော့သကဲ့သို့ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေမိသည်။
ကျီဖေးမှလျှောက်ခဲ့လာပြီး ချင်ရှန့်နှင့် လမ်းတစ်ဝက်တွင် ဆုံတော့မည်ဖြစ်သော်လည်း အမျိုးသမီးတစ်ဦးကြောင့် ရပ်တန့်သွားခဲ့သည်။