← Chapters

အခန်း (၂၄၅)

Vol. 25 Ch. 245

အခန်း (၂၄၅)

Vol. 25 Ch. 245

ရေကူးကန်ဘေးတွင် လူတိုင်းချီလီပြဿနာရှာနေတာကိုရိပ် စားမိကြသည်။ ချီလီသည် သူ၏စိတ်ကူးထဲတွင် ဟန်ကျီယုသည် သူတခြားမိန်းကလေးတစ်ယောက်အားရင်ခွင်ထဲဖက်ထားတာကိုမြင်လျှင်ဝမ်းနည်းပြီး မပျော်မရွှင်ဖြစ်ရန်မျှော်လင့်နေသည်ဒါမှသာလျှင်အရင်တုန်းကသူ့ကိုဆန့်ကျင့်ခဲ့သည့်အတွက်နောင်တရနေမှာဖြစ်သည်။

အကယ်၍ ဟန်ကျီယုသာ သူမလုပ်ရပ်ကိုနောင်တရပြီး သူ့ဆီလာတောင်းပန်ရင် သူဘက်ကလည်းသူမကို သူ့ရဲ့ကောင်မ လေးပြန်လုပ်ခိုင်းဖို့တွေးပြီးသားပင်။ အခုလိုလုပ်တာကလည်း သူမအား သူ့ကိုနောက်ထပ်ဆန့်ကျင့်ဖို့မကြိုးစားရန်သင်ခန်းစာပေးခြင်ဖြစ်သည်။

သို့သော်လက်တွေ့တွင် ဟန်ကျီယုသည် သူ့အားတစ်ချက်ကြည့်ပြီးနောက်ထပ်အကြည့်မလာတော့ချေ။ သူမသည်သူပြောသည့်အတိုင်းပင်ဝန်ထမ်းဖြစ်သည့်အတွက် ဝတ္တရားအရတောင်းပန်ခဲ့သည်။

“ ရှင့်ကိုအနှောက်အယှက်ပေးမိသလိုဖြစ်သွားလို့ တောင်းပန်ပါတယ် သခင်လေး”

သူမသည် အရင်လို သူ့အားခယနေတော့မည်မဟုတ်ပေ။ တည်တည်ငြိမ်ငြိမ်ပင် အလုပ်ရှင်နှင့်ဝန်ထမ်းဆက်ဆံရေးဖြင့်သာပြောဆိုခဲ့သည်။

ချီလီသည် သူမ၏သူစိမ်းဆန်သောလေသံကြောင့်ဒေါသထွက်သော်လည်းတစ်ဖက်တွင်သူ့အားတောင်းပန်ခဲ့သောကြောင့် ကျေနပ်နေခဲ့သည်။

ဒါပေမဲ့ သူရင်ခွင်ထဲကလီလီကတော့ထိုကိစ္စကိုလွယ်လွယ်နှင့်အဆုံးသတ်ချင်ပုံမပေါ်ပေ။

ဟန်ကျီယု၏မျက်နှာကိုကြည့်ကာ “နင့်ရဲ့ အထက်လူကြီးကိုခေါ်လိုက် ဘယ်လိုတောင်ဝန်ထမ်းကို စည်းကမ်းမကြပ်မှတ်ရတာလဲ နှစ်ယောက်စလုံးကိုအလုပ်ထုတ်ပစ်ရမယ်”

ထိုစကားကြောင့် ဟန်ကျီယုသည်စောနကစိတ်လှုပ်ရှားစွာလုပ်ခဲ့မိသည့်အပြုအမူအတွက်နောင်တရနေခဲ့မိသည်။ သူမသည် သူမ၏သူငယ်ချင်းကိုပါအလုပ်ပြုတ်မခံနိုင်ပေ။ ဒီကိစ္စကိုဖြေရှင်းရန်အကောင်းဆုံးကြိုးစားရမည်။

လောဖေးသည် သမာသမတ်ရှိသူပီပီ မိန်းမငယ်လေးတစ်ယောက်အနိုင်ကျင့်ခံရနေသည်ကို တားဆီးရန်ဝင်ပါဖို့ကြိုးစားလိုက်စဉ် ကျီဖေးကအရင်စကားစပြောခဲ့သည်။

“ဒီမှာ ကျွန်မက ကျွန်မရဲ့ဖန်လေးနဲ့တွေ့လို့ ခဏစကားပြောနေတာလေ အဲ့တာ နင်နဲ့ဘာဆိုင်လို့လဲ အလုပ်ထုတ်ဖို့တောင်ပြောနေသေးတယ် နင်က တို့ကို လူကြားထဲမှာအရှက်ခွဲချင်နေတာလား တို့နဲ့စကားပြောမိတာနဲ့ တို့ရဲ့ဖန်တစ်ယောက်အလုပ်ပြုတ်သွားတယ်ဆိုတဲ့သတင်းကို မြင်ချင်နေတာလား နင်ဒါလေးတောင်ခွင့်မပြုနိုင်ဘူးဆို အစကတည်းက ဘာလို့ တို့ကိုဖိတ်ထားရတာလဲ”

ကျီဖေးသည် အနေအေးသောသူဖြစ်ကာ သူမဒေါသထွက်ပြ တာအတော်ရှားသည်။

ချီလီနှင့်လီလီသည် ကျီဖေးသည်ဝန်းထမ်းဘက်ကရပ်တည်ပြီးသူတို့အားအပြစ်တင်နေသောအပြုအမူကြောင့် အံ့ဩနေ သည်။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဝန်ထမ်းထက် သူမတို့က သူတို့နဲ့တစ်ဖွဲ့ တည်းလေအဲ့တာကို အဲ့ဝန်ထမ်းရှေ့လာစော်ကားနေတာ ကျီဖေးတကယ်ပဲစိတ်မမှန်တော့ဘူးလား။

ဟန်ကျီယုလည်းကျီဖေး၏အပြုအမူကြောင့်စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုအချိန်တွင် ဟန်ကျီယု၏အထက်လူကြီးရောက်ရှိလာခဲ့ပြီး သခင်လေးနဲ့သခင်မလေးတို့အားစိတ်ကျေနပ်တဲ့အထိတောင်းပန်ပြီး ဟန်ကျီယုအား အလုပ်ဖြုတ်ပစ်ရန်စဉ်းစားခဲ့သည်။

[ ချီလီဆိုတဲ့အကောင့် ငါ့မျက်စိရှေ့မှာတင်အနိုင်ကျင့်နေတာကိုအားမရလို့ သူများခက်ခက်ခဲခဲရှာထားတဲ့အလုပ်ကိုပါပြုတ်အောင်လုပ်ဖို့ကြိုးစားနေတယ်ပေါ့လေ။ ငါ ဒီအတိုင်းကြည့်မနေနိုင်ဘူး]

ကျီဖေး ဟန်ကျီယုအားကူပေးမည့်နည်းလမ်းကိုအသည်း အသန်တွေးတောနေစဉ်ချင်ရှန်၏အသံကိုကြားလိုက်ရသည်။

“ဒီဝန်ထမ်းကောင်မလေးက ဝန်ဆောင်မှုပေးတာကောင်းလို့ငါ့ဇနီးက စိတ်ကျေနပ်နေတယ်အဲ့တာကြောင့် သူမကို ဒီတစ်ညလုံး ငါ့ဇနီးကိုဝန်ဆောင်မှုပေးခိုင်းလိုက် အဆင်ပြေလား။”

ချင်ရှန့်၏လေသံ အေးစက်နေကာတစ်ဇွန်းတစ်စအာဏာပြသည့်အသံပါဝင်နေသည်။ မန်နေဂျာသည် ချင်ရှန်၏အဆင့်အ တန်းကိုသိသဖြင့် ချက်ချင်းပင်ချင်ရှန်အားကဖားကယားလုပ်ကာ ဟန်ကျီယုကို ကျီဖေးအားဝန်ဆောင်မှုပေးရန်ပြောလိုက်သည်။

ကျီဖေးသည် အခြေအေနေကိုကျေနပ်စွာလက်ခံလိုက်သည်

[ ငါ့ကိုနားလည်တာ ချင်ရှန့်ကလွဲပြီးတခြားသူမရှိဘူး]

ချင်ရှန့်သည် သူမ၏ဂုဏ်မြှောက်မှုကြောင့် သူ၏နှုတ်ခမ်းများအနည်းငယ်ကွေးသွားသည်။

ချင်ရှန့်၏စွက်ဖက်မှုကြောင်လူတိုင်းပွဲမကြည့်နိုင်တော့ပေ။ အစတုန်းကတော့ ဒီသုံးယောက်ရဲ့ပွဲကိုကြည့်ကာဖရဲသီးစားဖို့ပြင်ထားကြပေမဲ့ ချင်ရှန့်ကြောင့် ဖရဲသီးပွဲဖျက်သိမ်းလိုက်ရသည်။

ခုနကမာန်ထောင်နေခဲ့သောလီလီသည်ပင် ချင်ရှန်ဝင်ပြောခဲ့ပြီးနောက်အဒွန့်မတက်ရဲတော့ပဲ တိတ်ဆိတ်စွာသာနေနေခဲ့သည်။

အမှန်တိုင်းပြောရရင်ချီလီသည်လည်း ချင်ရှန့်ကိုကြောက်ပေသည် ပြဿနာထပ်မရှာရဲတော့ပေ။

ဟန်ကျီယုသည်ကျီဖေးနှင့်ချင်ရှန်အားကြည့်၍ စိတ်ထဲတွင်ကျေးဇူးတင်နေခဲ့သည်။

(အားး ငါအနိုင်ကျင့်ခံနေရတာကို ငါ့ရဲ့ Idol က ငါ့ကိုကာကွယ်ပေးယုံတင်မကဘူး အိုင်ဒေါရဲ့ယောကျာ်းကပါဝင်ပြီး ကူပေးတာပဲ ဘယ်လောက်တောင်ကံကောင်းလိုက်တဲ့ ငါလေးလဲ)

ချီလီ စိတ်ဓာတ်ကျစွာမေးလိုက်သည်။

“ဟေ့ယောင် အဲ့တာ မင်း ဘာသဘောလဲ”

ကျီဖေး တက်ကြွစွာပြန်ဖြေလိုက်သည်။

“မင်းသမီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဖန်ကိုကာကွယ်ပေးတာလေ”

လီလီသည် မကျေနပ်သေး၍ကျီဖေးအားအဒွန့်တက်လေသည်။

“မစ္စချင် ရှင်တော့ လှည့်စားခံထားရတာပဲ။ ဘယ်သူမဆို သူဘယ်သူလဲဆိုတာလူတိုင်းသိတယ်။ သူက ဒီမှာအလုပ်လုပ်ဖို့ရောက်နေတယ်ဆိုတာ ဘယ်လိုလုပ်တိုက်ဆိုင်မှုဖြစ်မှာလဲ။ အဲ့မိန်းမက ချီလီကိုအပိုင်ကြံချင်လို့လာဟန်ဆောင်နေတာ ရှင့်ရဲဖန်လို့ပြောတိုင်းဇွတ်ယုံမနေပါနဲ့အုံးရှင်။ တော်ကြာချီလီကိုပြန်လိုချင်လို့ ရှင်ရဲ့ဖန်ပါဆိုပြီး ရှင့်အနားကပ်နေတာဖြစ်အုံးမယ်”

ထိုစကားကိုကြားပြီးနောက် ဟန်ကျီယုသည် ခုနကပျော်ရွှင်မှုများချက်ချင်းလက်ငင်းပျောက်ဆုံးသွားခဲ့သည်။

လီလီကတကယ်ပဲ ဟန်ကျီယုရဲ့ရည်ရွယ်ချက်ကိုဖော်ထုတ်ဖို့လုပ်လိုက်နိုင်တာလား။

ဒီလိုဖော်ထုတ်ခံရတာတောင် မျက်နှာပြောင်တိုက်ပြီးဘာမှမဖြစ်သလိုနေရဲသေးတယ်ပေါ့လေ။

ဟန်ကျီယုသည် မတရားသလိုခံစားရကာအကုန်လုံးကိုပြန် လည်ချေပေချင်ခဲ့သည်။ဒါပေမဲ့လည်း အကောင်းအကြီးကြီးနှစ်ယောက်ကိုလက်လွှတ်စပယ်သွားမထိရဲပေ။ ဒါပေမဲ့လည်းသူမကို ကျီဖေးနားလည်မှုလွဲသွားမှာဆိုးသည့်အတွက် ရှင်းပြချင်သေးသည်။

ထိုအချိန်တွင် ကျီဖေး၏စကားသံကိုကြားခဲ့ရသည်။

“အဲ့တော့နင်ပြောချင်တာ သူက ချီလီကိုတွေ့ဖို့ ဒီကိုရောက်လာပြီးတိုက်ဆိုင်မှုဖြစ်အောင် တမင်ဖန်တီးထားတယ်ဆိုပြီးတော့ပေါ့ ဟုတ်လား”

လီလီသည် ထိုစကားအားထောက်ခံသည်အနေဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။တခြားသူတွေလည်းသူမနဲ့အတွေးတူသဖြင့်ထောက်ခံကြသည်။

[ ကျီဖေးသည် ချီလီ၏အစွန်းရောက်ယုံကြည်မှုအားအံ့ဩနေလေသည်။ အဲ့ကောင်ဘယ်တုန်းကအဲ့လောက်ထုံသွားတာလဲဒီလိုတိုက်ဆိုင်မှုဖြစ်အောင်စီစဉ်ခဲ့တာဒင်းကိုယ်တိုင်ပဲလေ ဟန်ကျီယုကဒီမှာအလုပ်လုပ်နေတာသိလို့ကျက်သရေတုံးကောင်ကဒီမှာပွဲလုပ်ဖို့စီစဉ်လိုက်တာကို အခုသူမလည်းပေါ်လာကော မသိချင်ယောင်ဆောင်နေတဲ့အပြင် အထင်လွှဲတဲ့ကိစ္စကိုလည်း ဒီအတိုင်းလွှတ်ထားပေးတယ်ပေါ့ ဒီချီလီကွာ ချင်ရှန့်သူငယ်ချင်းသာမဟုတ်လို့ကတော့ ဒင်းကို တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်ပြီးပြီ]

ကျီဖေးသည် သူမ၏ဒေါသကိုထိန်းကာပြောလိုက်သည်။

“နေစမ်းပါအုံးရှင် ဒီညဒီမှာပါတီပွဲကျင်းပမယ်ဆိုတာ ညနေကလေးတင်မှာ အလောတကြီးသိခဲ့ရတာပါ”

ထိုမှတ်ချက်ကြောင့်အကုန်လုံးအံ့ဩသွားခဲ့ကြသည်။ ကျီဖေး သည် ချီလီ၏ပျက်ယွင်းသွားသောအမူအရာအားလျစ်လျှူရှုကာ ဟန်ကျီယုအာမေးလိုက်သည်။

“နင်ဒီနေ့ဘယ်အချိန်ကတည်းက အလုပ်စလုပ်နေတာလဲဒီမှာ”

“မနက် ၈ နာရီကတည်းကပါ”

ဟန်ကျီယုသည် ငတုံးမဟုတ်ပေ။ ကျီဖေး သူမအားကူပေးရန်ကြိုးစားနေသည်ကိုနားလည်သည်။

ကျီဖေးသည် လီလီဘက်သို့လှည့်ကာ

“ကြည့်ရတာရှင်အတွေးလွန်နေပြီထင်တယ် သူနဲ့ဒီမှာလာတွေ့တာ ရိုးရိုးသားသားတိုက်ဆိုင်မှုပါပဲ”

တခြားသူများသည် ဒါတကယ်ပဲရိုးရိုးသားသားတိုက်ဆိုင်မှုကြီးလား Timing ဒီလောက်ကိုက်နေတာကိုလေ။

မည်သူမှ ဤလောက်ထိ တိုက်ဆိုင်နေရခြင်းမှာ ချီလီ၏လက် ချက်ဆိုတာမတွေးမိခဲ့ကြချေ။

လီလီသည်လည်းထိုနည်း၎င်းပင် ဟန်ကျီယုအပြစ်ကင်းသည်ကိုလက်မခံနိုင်ပေ။

“မစ္စချင် ကျွန်မက ရှင့်ကို ကူညီီဖို့ကြိုးစားနေတာပါ ဘာတွေကြောင့်ပဲဖြစ်ဖြစ် သူရှင့်ရှေ့မှာပေါ်လာကတည်းကိုက မရိုးသားတော့တာပဲ ရှင် တစ်ခါတည်း ဘာလို့အဲ့ကောင်မလေးကိုမမေးလိုက်တာလဲ ချီလီနဲ့ပြန်တွဲခုတ်ချင်ဖို့ဇာတ်လမ်းကြံနေတာဟုတ်လား ? မဟုတ်ဘူးလားဆိုတာ”

All Chapters