← Chapters

အခန်း (၂၄၆)

Vol. 25 Ch. 246

အခန်း (၂၄၆)

Vol. 25 Ch. 246

[ အဲ့လိုကြီးမေးဖို့ကြ နည်းနည်းမများဘူးလား။ လီလီဆိုတဲ့တစ်ယောက်က ဟန်ကျီယုကို တစ်ခါတည်း အဆုံးသတ်ပစ်ဖို့များတွေးနေတာလား]

ဟုတ်ပြီ ငါ ဝန်ခံပါတယ် ဟန်ကျီယုက ချီလီကိုသဘောကျနေတယ်ဆိုတာ။ ဘယ်မိန်းကလေးကခံနိုင်ရည်ရှိမှာလဲ ချောချောလှလှမြို့တော်ရဲ့ပလေးဘွိုင်းသခင်လေးချီလီ ဖလစ်တာကိုလေ ??

အဲ့လိုမေးလိုက်လို့ ဟန်ကျီယုကဆန္ဒမရှိပါဘူးဆို အဲ့မိန်းမလီလီကိုပါးဖြတ်ရိုက်လို့ရပြီဒါပေမဲ့ ပြန်တွဲဖို့ဆန္ဒရှိတယ်ဆိုရင်ဘယ်လိုလုပ်မလဲ ? ခုနကငါလေကြီးလေကျယ်နိုင်ထားတာအကုန်အလကားဖြစ်တော့မှာပဲ ချီလီ ဒီကောင်ငါ့ကိုဒုက္ခပေးလွန်းတယ်။

ဒီမိန်းမလီလီနဲ့ရင်ဆိုင်ဖို့ ပွင့်ပွင့်လင်းလင်းပဲပြောပြီး ဖိုက်မှပဲရမယ်။

[ ဒါပေမဲ့ဟန်ကျီယုသာ အလုပ်ကြောင့် ချီလီကိုကြိုက်နေသေးပြီး အဲ့ကောင်ဘက်ပြန်သွားချင်ရင်ဘယ်လိုလုပ်ရပါ့ အားးးးး]

ကျီဖေးသည်တစ်ယောက်တည်း ချာလပတ်ရမ်းနေခဲ့သည်။

လူတိုင်းသည် လီလီ၏စကားကိုကြားပြီးနောက် ပွဲကြည့်းရန်အသင့်ပြင်ဆင်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ချီလီရဲ့ရည်းစားတွေထဲမှာ ဟန်ကျီယုကသာ သက်တမ်းအကြာဆုံးလေ ဘယ်သူသိမှာလဲ သခင်လေးချီလီက သူမအပေါ်ခံစားချက်ရှိနိုင်လားမရှိဘူလားဆိုတာ

တရားခံချီလီကတော့ လီလီရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကြောင့်ဒေါသထွက်နေခဲ့သည်။ သူလိုချင်တာကဟန်ကျီယုသူ့အမှားကိုယ်သိပြီး သူ့ကိုချစ်နေသေးတာဆိုတာကိုသတိထားမိစေချင်လို့လေ သူမကိုဘယ်တုန်းကမှအတင်းအကျပ်လုပ်ဖို့တွေးခဲ့တာမဟုတ်ချေ။

အကယ်၍ သူမသာ သူနဲ့ပြန်တွဲဖို့စိတ်ကူးမရှိပါဘူးပြောလိုက်ရင် အရာအားလုံးပိုရှုပ်ကုန်သလိုမဖြစ်သွားဘူးလား။

ဒါပေမဲ့လည်း တစ်ဖက်တွေချီလီသည်အနည်းငယ်မျှော်လင့်နေခဲ့သည်။

ဟန်ကျီယုသာ သူ့ကိုချစ်သေးကြောင်းသူ့နားပြန်လာချင်ကြောင်းလူကြားထဲမှာပြောခဲ့လျှင်သူ ကျေကျေနပ်နပ်နှင့် သူမကို ဖက်ထားမိမှာအမှန်ပင်။ အကယ်၍ ဟန်ကျီယုသာတကယ်ကြီးအဲ့လိုပြောလာခဲ့ရင်သူဘယ်လိုတုံ့ပြန်ရမလဲ သူသေချာပေါက်ခွင့်ပြုမှာပါ ဒါမဲ့အရမ်းအလိုလိုက်ပြလို့လည်းမဖြစ်ပြန်ဘူး အရမ်းအလိုလိုက်ရင် သူမကိုထိန်းချုပ်ဖို့ခက်လိမ့်မယ်။

ချီလီသည်ထိုသို့တွေးမိလေပျော်လေဖြစ်ကာ လီလီအား

“လီလီ မင်း ဘာမဟုတ်တဲ့ကိစ္စတွေကိုအချိန်ပေးပြီးပြောနေတာလဲ။ ငါ့ဘေးနားကို လာချင်တိုင်းလာ ထွက်ချင်တိုင်းထွက်လို့ရအောင် အဲ့လောက်လွယ်ကူနေတယ်ထင်လို့လား”

စကားပြောပြီးသည်နှင့် ဟန်ကျီယုအားစိုက်ကြည့်လိုက်သည်။

ထိုစကားကိုကြားပြီးနောက် လီလီသည်။ ချီလီ ထိုကောင်မ လေးကိုစိတ်မဝင်စားတော့ကြောင်းသိလိုက်ရသဖြင့် ဘာမှဆက်မပြောတော့ပေ။

ဟန်ကျီယုသည် မတရားသလိုခံစားနေရသည်။

တကယ်ပဲဲဒီအခြေအနေမှာဘာကိစ္စပြီးပြီးသားကို ပြန်ပြန်အစဖော်နေရလဲကိုမသိဘူး။

သူမရဲ့အလုပ်ရှင်ဟောင်း ချီလီရှိမယ်မှန်းသာသိရင် ဒီဘက်ခြမ်းကိုမလာခဲ့ပါဘူးအစကတည်းက ပြီးတော့ ပြဿနာက အဲ့တစ်ယောက်ကငါ သူ့ကိုကြိုက်နေတယ်ဆိုပြီးအမြဲတွေးနေတာပဲ ငါသူ့ကိုအခါတစ်ရာမကပြောပြီးပြီ မကြိုက်ပါဘူးလို့အဲ့တာကိုလူစကားနားမလည်ပဲ ဇွတ် ငါကသူ့ကိုကြိုက်ပါတယ်လုပ်နေတယ်ခဏခဏ၊ ပြီးတော့ သူ ဒီအလုပ်ကိုခက်ခက်ခဲခဲရှာထားရတာ ဒီအတိုင်းအလုပ်ပြုတ်အောင်နေလို့မရဘူး ယုံချင်ယုံမယုံချင်နေ ဒီကိစ္စကိုဒီမှာ ရှင်းမှကိုရမယ်။

ပြီးတော့သူမရဲ့အလုပ်ရှင်ဟောင်းကအမြဲတမ်းသူမက သူ့အ ပေါ်မစွန့်လွှတ်နိုင်ဘူးထင်နေတာ၊ တကယ်ပါပဲလူချမ်းသာတွေက ကိုယ့်ဟာကိုယ်အရမ်းအထင်ကြီးလွန်းနေတာပဲ။

ငါ့အိုင်ဒေါလ်နဲ့ သူယောကျာ်းတို့ကသာအကောင်းဆုံးပဲ။

ဟန်ကျီယုသည် လူအများကြားအောင်ပြတ်သားစွာပြောလိုက်သည်။

“ကျွန်မ မကြိုက်ဘူး”

လူတိုင်းအံ့ဩသွားခဲ့သည်။ သူမ သူမရဲ့ဂုဏ်သိက္ခာကိုကယ် တင်ဖို့ဒီလိုဖြေမယ်ဆိုတာ လူတိုင်းခန့်မှန်းပြီးသားပါ ဒါပေမဲ့ သူမရဲ့လေသံကဘာလို့ပြတ်သားပြီးအမှန်ကိုပြောနေတယ်လို့ထင်နေရတာပါလိမ့်။

သူမရဲ့လေသံကပြတ်သားကာ ကြားတဲ့သူတိုင်းအမှန်ကိုပြောနေသည်ဟုထင်ရလောက်သည့်အထိဖြစ်သည်။

လူတိုင်းသည် ဟန်ကျီယု၏တုံ့ပြန်စကားကြောင့်အံ့ဩခဲ့ရသည်။

သခင်လေးချီလီသည်ပင် သူမ၏အဖြေကြောင့် သူ့မာနထိခိုက်သွားရသည်။

ကျီဖေးတစ်ယောက်တည်းသာလျှင်လူကြားထဲမထိန်းနိုင်ပဲရယ်လိုက်သည်။

ကျီဖေး၏ရယ်သံကိုကြားသည်နှင့်တစ်ပြိုင်နက် ချီလီ၏အ ရှက်ရမှုသည်ပိုတိုးလာခဲ့သည်။ သူသည်ချက်ချင်းပင်မက်တပ်ရပ်ကာ ဟန်ကျီယုရှေ့သို့သွား၍ “ဟန်ကျီယု မင်း တော်သင့်ပြီးနော် လူတိုင်းမှာ limit ဆိုတာရှိတယ် ”

ဟန်ကျီယုသည် မျက်လုံးကိုလှိမ့်လိုက်ပြီး “သခင်လေးချီ ကျွန်မကျိန်ဆိုကျိန်ရဲပါတယ် ရှင်နား ပြန်လာဖို့မပြောပါနဲ့

အစကတည်းက ကျွန်မ ရှင့်ကိုမကြိုက်တာပါ ရှင်ကောညရှင့်ဘေးနားကကောင်မလေးကော စိတ်ချလက်ချနေလို့ရပါတယ် ကျွန်မ ရှင့်ကိုစိတ်မဝင်စားဘူး”

တကယ်ပဲ သူမသာဒီကအလုပ်သမားမဟုတ်ဘူးဆိုရင်ဒီလူတွေရဲ့မျက်နှာကို ပြင်းပြင်းထန်ထန်ထိုးကြိတ်လိုက်ချင်တယ် မဟုတ်ပါဘူးပြောနေတာကို ဘာလို့ဒီလောက်ခေါင်းမာနေရတာလဲ ?

ချီလီသည် ဟန်ကျီယု၏ဝန်ခံချက်အားမကျေနပ်ကာ သူမ၏ လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်တတ်သော CEOကဲသို့ သူမအား အတင်းခေါ်သွားရန်လုပ်လေသည်။

“ မင်း အခုချက်ချင်းကိုယ်နဲ့လိုက်ခဲ့”

ဟန်ကျီယု၏ စကားသည်သူ့အားနာကျင်စေသည်။ သူဝန်ခံပါသည်။ သူမအပေါ်ခံစားချက်ရှိတယ်ဆိုတာကို သူမသာသူ့ကိုမျက်နှာသာပေးခဲ့ရင် သူသေချာပေါက် သူမဘက်က နေပေးမှာ...

သူ သူမနဲ့နှစ်ယောက်တည်းသေချာစကားပြောဖို့လိုပြီ သူ သူမကိုဆွဲခေါ်ဖို့ကြိုးစားပေမဲ့ သူမ လိုက်မလာတာကိုတွေ့ခဲ့ရသည်။

ဟန်ကျီယုသည် ချီလီ၏နောက်သို့မပါသွားစေရန်ခန္တကိုယ်ကိုအတင်းတောင့်ခံထားခဲ့သည်။ သူ့ကိုအတင်းဆွဲနေတဲ့ယော ကျာ်းက သူ့ရဲ့အလုပ်ရှင်ဟောင်းသာမဟုတ်လျှင်ဟိုကြားကိုဖြတ်ကန်ပြီးပြီဖြစ်သည်။

ဟန်ကျီယုသည်ကိုယ်ခံပညာသင်ထားသည့်အတွက် သူမသည်သာမန်မိန်းကလေးများထပ်သန်ပေသည်။

ချီလီသည်လည်း သူမလိုသေးသေးသွယ်သွယ်မိန်းကလေးက ဒီလောက်အားသန်မယ်မထင်ထားခဲ့ချေ။

ဘေးကလူများကလည်း ထိုအတွဲကို ဝိုင်းပဲဆွဲရမလို လွှတ်ပဲထားပေးရမလိုဖြစ်နေသည်

ချီလီ ၏စွန့်ပစ်ခြင်းကိုခံခဲ့ရသောလီလီသည် ထိုနှစ်ယောက်ဆွဲလားရမ်းလား လုပ်နေကြသည်ကိုတွေ့သောအခါ ဒေါသထွက်၍ “သခင်လေးချီ ကျွန်မကမှရှင့်ကောင်မလေးပါ”

“ ထွက်သွားစမ်းအခုချက်ချင်း”

ချီလီသည် သူ့အလိုကျ ဟန်ကျီယုအား ဆွဲခေါ်၍မရသောကြောင့်ဒေါသထွက်နေသည်ဖြစ်ကာ လီလီမှ ကာစီးကာစီးလုပ်နေသည့်အတွက် ပိုလို့တောင်ဒေါသဖြစ်လာခဲ့သည်။

လီလီသည် ချီလီထံမှာအအော်ခံလိုက်ရသောကြောင့်ပိုဒေါသထွက်လာတာ ထိုနှစ်ယောက်၏တွဲထားသောလက်အား ဖြုတ်ချရန်အားကုန်သုံးလိုက်သည်။

အခုတော့ နှစ်ယောက်ကနေ ရန်ပွဲကသုံးယောက်ဖြစ်သွားခဲ့သည်။ လူများသည် ပွဲအားစိတ်ဝင်စားနေ၍တခြားဘာကိုမှအာရုံမစိုက်နိုင်လောက်သည့်အထိဖြစ်နေသည်။

လီလီသည် ဟန်ကျီယုအား စကားဖြင့်တိုက်ခိုက်လေသည်။

“နင်တကယ် ဟန်ဆောင်ကောင်းတာပဲ အောက်တန်းစားမိန်းမ ချီလီ နင့်ကိုပြန်အာရုံစိုက်လာအောင် စိတ်မဝင်စားသလိုဟန် ဆောင်တယ်ပေါ့လေ၊ ဒီမှာတစ်ခါတည်းပြောလိုက်မယ် နင်ဒီလိုလုပ်လို့လည်း ဘာမှထူးခြားလာမှာမဟုတ်ဘူး ချီလီက နင့်ကိုပြန်ကြိုက်လာမယ်ထင်နေတာလား အိပ်မက်မက်နေလိုက်”

လီလီသည်ပြောနေရင်းပင် ချီလီနှင့်ဟန်ကျီယုအား ခွဲထုတ်ရန်အားကုန်ကြိုးစားခဲ့၍ ဟန်ကျီယုအားတွန်းထုတ်လိုက်သည်။

သူတို့သည် နဂိုကတည်းကရေကူးကန်ဘေးနာမှာရပ်နေကြသည်ဖြစ်ကာအတွန်းခံလိုက်ရသည့် ဟန်ကျီယုသည် ဟန်ချက်ပျက်ကာ ရေကန်ထဲသို့ကျတော့မည်ဖြစ်သည်။

ဦးစွာသတိထားမိသောကျီဖေးသည်အသည်းအသန်အော်လိုက်သည်။ “ သတိထား”

သို့သော်ဟန်ကျီယုသည် သူမ၏ဟန်ချက်ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

လောဖေးသည်လည်း ထိုကောင်မလေးအားကယ်တင်ရန်ကြိုး စားခဲ့သည်။ ရေကန်ထဲသို့ပြုတ်ကြတာကအန္တရာယ်မရှိပေမဲ့ သူမကအခု ယူနီဖောင်းကိုဝတ်ထားတာဖြစ်သည့်အတွက်စိုကုန်ရင်ပြဿနာတတ်လိမ့်မည်။

ဒါပေမဲ့ လောဖေးသူမကိုမဖမ်းမိခင် လူအရိပ်တစ်ခုကလူတိုင်းရဲ့မျက်လုံးရှေ့တွေပေါ်လာခဲ့သည်။

ညိုမြမြအသားအရေ ထင်းထွက်နေတဲ့ခန္တာကိုယ်ကောက် ကြောင်း sexy ဆန်ဆန် ဘစ်ကနီလေးဝတ်ထားပြီးနှုတ်ခမ်းနီနီလှိုင်းတွန့်ဆံပင်နဲ့ကောင်မလေးတစ်ယောက်က သူမ၏ကြစ် ကြိုးကိုပစ်လိုက်ပြီး ဟန်ကျီယု၏ခါးကို ပတ်လိုက်ကာ သူမ၏ ရင်ခွင်ထဲသို့ရောက်အောင်ဖမ်းဆွဲခဲ့သည်။

ဟန်ကျီယုသည် သူမ၏ခါးကိုကြိုးတစ်ကြိုးကပတ်လိုက်ပြီး နူးညံ့လှသည့်ရင်ခွင်ထဲသို့ရောက်သွားတာကိုသတိထားမိလိုက်သည်

“ အလှလေး အဆင်ပြေရဲ့လား”

သာယာနာပျော်ဖွယ်ကောင်းသောအသံလေးထွက်လာခဲ့သည်။

ခုနကပုံစံက တီဗီတွေထဲက မင်းသားကမင်းသမီးကိုကယ်လိုက်တဲ့ပုံစံမျိုးဖြစ်ရာ လူတိုင်းကအံ့ဩသင့်ကုန်ကြသည်။

[ အိုကေ ကယ်တဲ့ဟီးရိုးက ချီလီမဟုတ်ပဲတခြားတစ်ယောက်ဖြစ်သွားတာပေါ့ ဇာတ်လမ်းက ဘယ်ကနေဘယ်လိုပြောင်းသွားတာလဲ ငါတော့ ရယ်ချင်လွန်းလို့သေတော့မှာပဲ ]

All Chapters