← Chapters

အခန်း (၂၄၈)

Vol. 25 Ch. 248

အခန်း (၂၄၈)

Vol. 25 Ch. 248

"ဘာလို့ မပြောတာလဲ" ချီလီက မကျေနပ်ပေ။

အထူးသဖြင့် ကောင်းယာလန်က ဟန်ကျီယုကိုကူညီပေးခဲ့သည့်အတွက် သူတို့၏ပြန်လည်ဆုံစည်းပုံက သူ့ကိုမပျော်ရွှင်စေပေ။ ဟင်းး... သူတို့က ဒီထူးဆန်းတဲ့အခြေအနေထက် ထိပ် တိုက်တွေ့တဲ့အခြေအနေမျိုးဖြစ်သင့်တာ။

ကောင်းယာလန်လာမည်ဆိုတာ သူသိခဲ့မယ်ဆိုလျှင် အခြေ အနေတွေကို ကောင်းကောင်းအသုံးချနိုင်လိမ့်မည်...

ဤအတွေးများကြောင့် ချီလီသည် ရုတ်တရက်စိတ်မသက်မသာခံစားရပြီး ခေါင်းငုံ့ကာ ဘေးတွင်ငြိမ်သက်စွာရပ်နေသည့်ဟန်ကျီယုအား အမှတ်တမဲ့စိုက်ကြည့်လိုက်သည်။ သူ စိတ်မသက်မသာခံစားနေရသည်။

ဟန်ကျီယု၏ အစောပိုင်းမှ ကြမ်းတမ်းသည့်စကားများအရ သူသည် သူ့အကြောင်းတွေးနေသေးတာဖြစ်ရမည်။ မဟုတ်ရင်၊ သူက ကောင်းယာလန်အစစ်ကိုတွေ့ပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုယ့်ကိုယ်ကိုသတိထားနေမည် မဟုတ်ချေ။

ကောင်းယာလန်ပြန်ရောက်လာသည်နှင့် သူနှင့်ပြန်တွဲဖို့ အခွင့် အလမ်းမရှိတော့ဘူးဆိုတာ သူနားလည်နိုင်လောက်သည်။

ဒီလိုဖြစ်လာမည်ဆိုတာကို သူသိခဲ့ရင်၊ သူဘာလို့ အဲဒီ့အချိန်က သူ့ကိုယ်သူလိုက်ရခက်တဲ့ပုံစံမျိုးလုပ်ပြနေရတာလဲ ? ကြောင်နဲ့ကြွက်ဂိမ်းက လူတိုင်းကစားလို့ရသည့်ဂိမ်းမဟုတ်ပေ။ သူအခု ငိုနေလျှင်တောင် သူ့အပေါ် နှလုံးသားက ပျော့ပြောင်းပေးမည်မဟုတ်ပေ။

ချီလီသည် ဟန်ကျီယုအား အဆက်မပြတ်ခိုးကြည့်နေသည်ကိုမြင်လိုက်ရသဖြင့် ကျီဖေးသည် သံသယဖြစ်ကာ အခြေအနေကိုစစ်ဆေးကြည့်သည်။ သူတွေ့ရှိခဲ့သည့်အရာသည် သူကိုယ် တိုင်ပင် ရယ်မောလုနီးပါးဖြစ်ခဲ့သည်။

[သူအဆင်မပြေဖြစ်ပြီး သူ့ကိုယ်သူလူမမြင်အောင်ကြိုးစားနေတဲ့ပုံဖြစ်နေတာက သူအခု စားပွဲထိုးအဖြစ်တာဝန်ကျနေလို့လေ။ အခုပြဿနာပြေလည်သွားတော့ ဝန်ဆောင်မှုပေးဖို့အတွက် သဘာဝကျကျပဲ မတ်တပ်ရပ်နေတာ။ နင်သူ့ကို ဘာလုပ်မယ်လို့မျှော်လင့်ထားတာလဲ၊ ထခုန်ပြီး မြင်ကွင်းတစ်ခုဖန်တီးဖို့ မျှော်လင့်နေတာလား? ဟန်ကျီယု၊ နင့်မျက်နှာမှာ မျက်ရည်တွေနဲ့ တလက်လက်တောက်ပနေရဲ့လားဆို သူမြင်အောင် ခေါင်းမော့ပြလိုက်သင့်တယ် ၊ မဟုတ်ရင် ကောလဟာလတွေရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်။ ဒါက အဝါရောင်အတင်းအဖျင်းတွေထက်တောင် ပိုကြောက်ဖို့ကောင်းတယ်! ဟားဟားဟား!]

ချင်ရှန့်က ကျီဖေး၏ကျောကို လက်နဲ့ပုတ်ပေးပြီး ချီလီ၏ အစောကမေးခွန်းအား ရင်မောလာသဖြင့် "ငါပြောခဲ့ဖူးတယ်၊ မင်း မမေးခဲ့ဘူး"

ချီလီက တစ်ခုခုထပ်ပြောချင်သော်လည်း ကျီဖေးမှ သူ့ကိုနှောင့်ယှက်လိုက်သည်။

ကျီဖေးက သူတစ်ခုခုမပြောလိုက်လျှင် အရယ်လွန်ပြီးသေသွားလိမ့်မည်ဟု ခံစားရသည်။

"အဆင်ပြေရဲ့လား ရှောင်ယု?"

ဟန်ကျီယုသည် ခေါင်းမော့လာကာ ဝမ်းနည်းခြင်းအရိပ်အ ယောင်များမရှိပဲ စိတ်ညစ်နေသည့်ပုံစံဖြင့်သာ "ကျွန်မအဆင် ပြေပါတယ်"

ကျီဖေးက " နင် ယာလန်ကျဲအတွက် သောက်စရာတစ်ခုခုယူပေးလို့ရမလား?"

ကောင်းယာလန်သည် အပြုံးဖြင့်တစ်ချက်ကြည့်လိုက်ပြီး ဟန်ကျီယုအား ပုံမှန်အတိုင်းဆက်ဆံပြီး သောက်စရာတစ်ခွက် အော်ဒါမှာလိုက်သည်။

ဟန်ကျီယုသည် အပြုံးချိုချိုဖြင့် ချက်ချင်းတုံ့ပြန်ပြီး သောက်စရာတစ်ခုခုပြင်ဆင်ပေးရန် လှည့်ထွက်သွားသည်။

ဒရာမာက ပြီးသွားသလိုပင်၊ ပါတီအငွေ့အသက်တွေက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။

ဤသဟဇာတရှိသည့်မြင်ကွင်းနှင့် ဟန်ကျီယုနှင့် ကောင်းယာလန်ကြားက သာမန်ခံစားချက်များက ချီလီအား စိတ်ရှုပ်ထွေးစေခဲ့သည်။ ဒီလိုဖြစ်သင့်တာမဟုတ်ဘူးမလား?

[ဟီးဟီး၊ အံ့သြသွားလား ? သူတို့နှစ်ယောက်လုံးက နင့်ကို တကယ်ဂရုမစိုက်ကြဘူး။ ကျေးဇူးပြုပြီး နင့်ရဲ့ ကွဲပြားနေတဲ့အတွေးတွေကိုရပ်လိုက်ပါတော့။]

ထိုအချိန်တွင်ကောင်းယာလန်သည် ချီလီအား လုံးဝလျစ်လျူ ရှုပြီး ကျီဖေးအနားသို့ တည့်တည့်သွားကာ ချောမောသည့်အမျိုးသား၏ဓာတ်ပုံကိုပြသရန် ဖုန်းကိုထုတ်ကာ ပြုံးပြလိုက်သည်။

"နင် ဖျော်ဖြေရေးနယ်ပယ်ထဲ ရောက်ကတည်းက သူ့ကိုသိလား ?"

ကောင်းယာလန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်၊ သူ့မျက် လုံးများထဲတွင် တကယ့်ကြယ်ပွင့်များရှိနေသလို တလက် လက်တောက်ပနေသည်။

ကျီဖေးအံ့အားသင့်သွားကာ ကောင်းယာလန်မှအဘယ် ကြောင့် ၎င်းကို ရုတ်တရက်ထုတ်ပြလာမှန်းနားမလည်ပေ။

သို့သော် ထိလွယ်ရှလွယ်သည့်ချီလီသည် ချက်ချင်းပင် တောက်‌လောင်နေသောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

"အင်း၊ ငါသူ့ကို ရင်းနှီးသလိုပဲ၊ ဘာလို့လဲ ?"

အခြားသူများက ဝိုင်းကြည့်ကြသည်။

ချောမောသည့်လူသည် အတိအကျကို ကောင်းယာလန်အ ကြိုက် type မျိုးဖြစ်နေတာမြင်သောအခါ စမ်ထင်နှုတ်ခမ်းများလှုပ်ခါသွားသည်။

"အဲဒါက ငါ့ကို နောက်ကျနေစေတဲ့အရာပဲလေ! ငါထွက်လာပြီးတာနဲ့ သူ့ဆီ ပြေးသွားခဲ့တာ၊ သူကငါ့ type ဆိုတော့ သူ့ကိုစကားပြောဖို့သွားခဲ့ပေမယ့် သူ့မန်နေဂျာကငါ့ကိုတားလိုက်တာ ရှက်စရာပဲ။ ပြည်တွင်းကနာမည်ကြီးတွေအကြောင်း သိပ်မသိလို့ရှက်လိုက်တာ။ နင် သူ့ကိုသိရင် ငါတို့ကို ချိတ်ပေးလို့ရမလား။"

ကောင်းယာလန်သည် သရဲမရဲစီးနေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ကောင်းယာလန်သည် တိုးတိုးတိတ်တိတ်ပြောမနေသည့်အ တွက် အနီးအနားကလူတိုင်းကြားနေရသည်။

လေထုသည် ရုတ်ချည်းတုန်လှုပ်သွားပြန်သည်။

၎င်းဟာ ကျီဖေး လုံးဝမမျှော်လင့်ထားသည့် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုပင်။ သူသည် ပတ်ဝန်းကျင်ကိုလျှို့ဝှက်စွာစိုက်ကြည့်ကာ သူတစ်ဦးတည်း ခိုးကြောင်ခိုးဝှက်ကြည့်နေတာမဟုတ်ကြောင်း သတိပြုလိုက်မိသည်။

အားလုံးက နှလုံးခုန်သံကိုကြားနေပုံရသည်။

[K.O.!]

ကျီဖေးသည် ချီလီ သေချာပေါက်နားလည်မည်ဟု တွေးလိုက်သည်။

သေချာပါသည်၊ ချီလီ၏အမူအရာပြောင်းသွားပြီး ကောင်းယာလန်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေလောင်ကျွမ်းနေသည့်ပုံပင်။ သူ့အား ထိုင်ခုံပေါ်ထိုင်ဖို့ဆွဲချနေသည့် လီလီ၏ကြိုးပမ်းမှုကို လုံးဝလျစ်လျူရှုထားခဲ့သည်။

ထိုအချိန်တွင်ပင် ဟန်ကျီယုသည် ကောင်းယာလန်အတွက် သောက်စရာတစ်ခွက်နှင့်အတူ ရောက်လာသည်။

ကောင်းယာလန်သည် သူ့ကို ကျေးဇူးပါဟုပြောခါနီးတွင် ရပ်လိုက်ပြီး ဖန်ခွက်ကိုလက်သည်းရှည်နှင့်ပုတ်လိုက်တာကြောင့် စိတ်ရှုပ်ထွေးပြီး ကူကယ်ရာမဲ့နေပုံပေါ်သည်။

သူက ဘေးမှ ထွက်သွားတော့မည့် ဟန်ကျီယုအား

"အလှလေး၊ အခြားသောက်စရာတစ်ခု ပေးလို့ရမလား?"

ကောင်းယာလန်အား ဝန်ဆောင်မှုပေးရသဖြင့် စိုးရွံ့နေပြီးဖြစ်သည့်ဟန်ကျီယုသည် ချက်ချင်းပင် "မစ် သောက်... သောက်စရာက တစ်ခုခုမှားနေလို့လား?"

ကောင်းယာလန်သည် အစောပိုင်းက ဟန်ကျီယုနှင့်ခင်မင်ရင်း နှီးပုံရသောကြောင့် ကျီဖေးလည်း စိတ်ရှုပ်သွားသည်။ ဟန်ကျီယုယူလာသည့်သောက်စရာကို အခုသူမကျေနပ်ဘူးလား?

ကောင်းယာလန်မတုံ့ပြန်ခင်မှာပင် ချီလီက ရုတ်တရက်အမြန်ပြေးလာပြီး ဟန်ကျီယု၏ပုခုံးများကိုဖက်ကာ ကောင်းယာလန်အား ငါသိနေသည်ဟူသည့်အမူအရာဖြင့်

"ဒါ ဘာအဓိပ္ပာယ်လဲ? မင်း သူ့ကို ပစ်မှတ်ထားနေတာလား? ကောင်းယာလန်၊ သူက ငါ့ရည်းစားမှန်းမသိဘူးလား?"

ဤစကားကြောင့် ကြည့်ရှုနေသူများသည် စိတ်ထဲမှ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည် - ဟော ဒီမှာ ထပ်လာပါပြီ! နောက်ထပ် ဒရာမာတစ်ခု!

[သူ့ဦးနှောက်က ပြတ်တောက်သွားပြန်ပြီလား? နေပါဦး၊ ကောင်းယာလန်က တခြားသူရဲ့ဓာတ်ပုံနဲ့ သူသဝန်တိုအောင် တမင်လုပ်နေတာလို့ထင်နေတာ၊ အဲ့ဒါကြောင့်အခု ရှိုးပြဖို့အ တွက် ဟန်ကျီယုကိုအသုံးချဖို့ကြိုးစားနေတယ်။ ဝမ်းနည်းဖို့ကောင်းလိုက်တာ၊ တစ်ယောက်ယောက် သူ့စိတ်ကူးယဉ်နေတာကိုရပ်ပေးဖို့ရမလား? ပြီးတော့နင် ကြံရာပါတစ်ယောက်လိုချင်တယ်ဆိုရင် နင်အခု လီလီကိုမသုံးသင့်ဘူးလား? အိုး၊ ကောင်းယာလန်က ဟန်ကျီယုကို ခက်ခဲအောင်လုပ်နေတာလို့ နင်ထင်နေတာပဲ၊ အဲ့ဒါကြောင့် ဟန်ကျီယုကိုသုံးတာက အထိရောက်ဆုံးဖြစ်လိမ့်မယ်။ ချီးပဲ၊ ငါနင့်ကို ပါးနပ်တယ်လို့ပြောရမလား၊ တုံးအတယ်လို့ပြောရမလား - နင်လုံးဝကိုမှားနေတာပဲ ကောရေ!]

ကောင်းယာလန်သည် နောက်ဆုံးတွင် လျှပ်တပြက်ဖြစ်ပြီး သူ၏အစားထိုးမှုကိုခံလိုက်ရသည်ဟု ယူဆကာ ရုတ်တရက်ဆန်သည့်လေထုကြောင့် အခြားသူများတင်းမာသွားကြသည်။

ချီလီသည် အစားထိုးတစ်ယောက်ကိုအသုံးပြုပြီး ကောင်းယာလန်ကိုနှောင့်ယှက်ရန် ကြိုးစားခဲ့သည်။

ဤအခြေအနေတွင် အစားထိုးသာ ထိခိုက်ခံစားရမည်ဖြစ် သည်။

ချင်ရှန့်သည် ကျီဖေး၏အတွေးများကိုကြားလိုက်သဖြင့် သူ့သူငယ်ချင်းအတွက်ရှက်ရွံ့သွားသည်။

သေချာတာကတော့ ကောင်းယာလန်က ဒါကိုကြားပြီးမှင်သက်သွားသည်။

ဒီအတိုင်းကျော်သွားလိုက်မည့်သူမဟုတ်သည့် ကောင်းယာလန်က "ချီလီ၊ နင့်ဦးနှောက်က အလုပ်မလုပ်တော့ဘူးလား? ပထမတစ်ချက်၊ ငါ ဘယ်သူ့ကိုမှ ပစ်မှတ်မထားဘူး။ ဒုတိယတစ်ခု၊ အခု လီလီက နင့်ရည်းစားမဟုတ်ဘူးလား? နင်တို့နှစ်ယောက်ဖက်နေကြတာကို ငါ မြင်လိုက်တယ်။ ဘယ်လိုလုပ် ဒီအလှလေးဖြစ်သွားရတာလဲ ? နင်တို့နှစ်‌ယောက် ခုနက သူ့ကို အုပ်စုဖွဲ့အနိုင်ကျင့်နေတာ ရှင်းနေတာပဲ။"

ဟန်ကျီယုသည် သူ့အာရုံပြန်ရလာကာ ချီလီ၏လက်မောင်းထဲမှ လျင်မြန်စွာထွက်ခွာသွားသည်။ ရောဂါပိုးကို ရှောင်ရှားနေသူတစ်ယောက်ကဲ့သို့ပင် သူသည် ဆက်ဆံရေးမရှိဟုညွှန်ပြကာ ခြေလှမ်းသုံးလှမ်းအကွာသို့ ချက်ချင်းပြောင်းသွားသည်။

စမ်ထင်က သူ့သူငယ်ချင်းကိုတစ်ချက်ကြည့်လိုက်ပြီး "ဒီကော့တေးအမျိုးအစားက ငါတို့နိုင်ငံမှာ သံပုရာသီးထည့်ပေးပေမဲ့ နိုင်ငံခြားမှာတော့ မဟုတ်ဘူး။ သူအစက ပြောဖို့မေ့သွားတာ၊ သူ သံပုရာသီးနဲ့ဓာတ်မတည့်ဘူး။"

ထိတ်လန့်တုန်လှုပ်သွားသည့် ဟန်ကျီယုသည် ယခုအခါအမူ အရာပြောင်းသွားပြီး ခေတ္တရပ်တန့်နေသည်။ သူ တစ်ခုခုပြောတော့မည်ပြင်သော်လည်း နှုတ်ဆိတ်နေခဲ့သည်။

ကောင်းယာလန်က "သံပုရာသီးမပါတဲ့နောက်တစ်ခွက် ယူလာပေးပါဦး၊ ဒီတစ်ခွက်ကိုမဖြုန်းတီးနဲ့တော့ - နင်ကြိုက်မယ်ထင်တယ်။ ဒါ ငါဒကာခံပေးမယ်။ "

" ဟုတ်ပါပြီ၊ ကျွန်မရှင့်အတွက် အသစ်တစ်ခွက်ယူပေးပါ့မယ်၊ ဒါပေမဲ့ ကျွန်မ အလုပ်လုပ်နေတုန်းသောက်လို့မရပါဘူး ကျွန်မဂျူတီချိန်ပြီးတဲ့အထိ သိမ်းထားလိုက်မယ်။ ကျေးဇူးတင်ပါတယ်၊ မစ္စကောင်း။"

"ကျွန်မကို မစ္စကောင်းလို့မခေါ်ပါနဲ့၊ ယာလန်ကျဲလို့ခေါ်ပါ။" ဟု ကောင်းယာလန်က နွေးထွေးစွာပြောခဲ့သည်။

စမ်ထင်တောင်မှ ကောင်းယာလန်သည် ဟန်ကျီယုကိုအမှန်တကယ်နှစ်သက်ပုံရသည်ဟု ပြောနိုင်သည်။

လူအများက အချင်းချင်း တိုးတိုးပြောနေကြသည်- ဒါဆို ဒရာမာမရှိဘူးလား ? ဘယ်သူက ကောလဟာလအတုတွေ ဖြန့်နေတာလဲ ?

အမျိုးသမီးနှစ်ဦး နွေးထွေးစွာစကားစမြည်ပြောနေစဉ်၊ လွန်ခဲ့သည့်အခိုက်အတန့်က ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်ခဲ့သည့်ချီလီသည် ယခုအခါ နောက်ခံကားချပ်တစ်ခုကဲ့သို့ရပ် နေကာ လုံးဝကိုလျစ်လျူရှုခံထားရသည်။

All Chapters