← Chapters

အခန်း (၂၄၉)

Vol. 25 Ch. 249

အခန်း (၂၄၉)

Vol. 25 Ch. 249

ချီလီသည် ကောင်းယာလန်၏ သံပုရာသီးနှင့်ဓာတ်မတည့်မှုအကြောင်း သိသည်။ ဟိုးအရင်တုန်းက မှတ်ဉာဏ်တစ်ခုသာဖြစ်ပေမယ့် သူဘယ်လိုလုပ်မေ့နိုင်မည်နည်း ? သူ့စိတ်ကအ ခြားတစ်နေရာမှာရှိနေပြီး စိတ်နဲ့လူနဲ့မကပ်ပေ။ ဤနားလည်မှုလွဲသည်က သူ့အား အတော်လေးအရှက်ရစေသည်။

သို့သော်လည်းကောင်းယာလန်သည် သူမ၏ စိတ်နေစိတ်ထားဖြင့် အမြဲလိုလို ဖြစ်ခဲ့သောကြောင့် အရိုက်ခံရခြင်း သို့မဟုတ် ကဲ့ရဲ့ခြင်းခံရသည့်တိုင် ချီလီ သူ့ကို ဂရုမစိုက်ဟု မထင်ခဲ့ပေ။

ကောင်းယာလန်သည် သူ့ရှေ့တွင် အခြားသောချောမောသည့်ယောက်ျားများနှင့်တွေ့ဆုံလိုကြောင်းတမင်တကာပြောခဲ့သည်။

သူ့ကိုသဝန်တိုအောင် ဟန်ဆောင်နေတာမဟုတ်လား ?

ချီလီမသိခဲ့တာက ကောင်းယာလန်ဟာ နိုင်ငံခြားမှာ အမြဲတမ်းဒီလိုဖြစ်နေသည်ပင်။ တရုတ်နိုင်ငံတွင် ချီလီသည် သူ၏တစ်ဦးတည်းသောရည်းစားဟောင်းဖြစ်ပြီး လမ်းခွဲပြီးနောက်နိုင်ငံရပ်ခြားကိုထွက်ခွာသွားသည့်အတွက် သူ၏ဒီဘက်ခြမ်းကို ချီလီအနေနှင့် တွေ့ကြုံခွင့်မရခဲ့ပေ။

ကောင်းယာလန်၏အမြင်တွင် လမ်းခွဲခြင်းသည် သန့်ရှင်းသည့်လမ်းခွဲခြင်းကို ဆိုလိုသည်။ တူညီသည့် လူမှုအသိုင်းအဝိုင်းတွင်ရှိနေကြပြီး တစ်ဦးနှင့်တစ်ဦး ထောက်ထားစာနာမှုရှိကြမည်ဆိုလျှင် အလွန်ဒုက္ခဖြစ်စေမည်မဟုတ်ပေ။

ထို့ကြောင့် ကောင်းယာလန်၏ဂရုမစိုက်သည့် သဘောထားသည် နိုင်ငံခြားတွင်နာမည်ကြီးခဲ့သည်။

တခါတရံ တွေ့ဆုံပွဲတစ်ခုထဲတွင်ပင် သူသည် ဆယ်ယောက်ထက်ပိုသော ရည်းစားဟောင်းများဖြင့် သဟဇာတဖြစ်စွာနေနိုင်သည်။

ထိုအချိန်တွင်ချီလီသည် စိတ်ကူးယဉ်မျှသာဖြစ်မည်ကို သို့ မဟုတ် မျက်နှာပျက်မည်ကိုကြောက်သောကြောင့် ဆင်ခြင် တုံတရားရှိသည့်အတွေးအား အလိုလိုရှောင်နေခဲ့သည်။

ကောင်းယာလန်ပြန်ရောက်လာပေမယ့်လည်း သူ့ခေါင်းကို ကောင်းစွာမညွှတ်ချင်သေးပေ။ သူသည် ထိုခက်ခဲသည့်စိတ်‌ နေစိတ်ထားကို အမှန်တကယ် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူအမုန်းဆုံးအရာက ကောင်းယာလန်၏ဒေါသကို ဆိုလိုသည်ပင် - သူတို့ဟာ အနာဂတ်တွင်လက်ထပ်ဖြစ်မည်ဆိုလျှင် သူပြောင်းလဲပစ်ဖို့ သေချာသည်။

ထုံးစံအတိုင်း၊ ချီလီ၏ဒေါသသည်လည်း မကောင်းပေ။ မဟုတ်ရင် ကောင်းယာလန်မှ နိုင်ငံထဲကထွက်သွားပြီး သူနှင့်လမ်းခွဲလိုက်သည့်အခါ သူ့ကိုဆက်ဆွဲထားဖို့ သို့မဟုတ် သူ့နဲ့အတူလိုက်သွားဖို့ ကြိုးစားမည့်အစား ခြိမ်းခြောက်မှုများနှင့် ကျိန်စာများကို သုံးခဲ့မည်မဟုတ်ပေ။

ထို့ကြောင့် လက်ရှိအခြေနေကို ရင်ဆိုင်နေရသောချီလီသည် အင်အားကိုအင်အားနှင့်တုံ့ပြန်ရန် ရွေးချယ်ခဲ့ပြီး ဘယ်သူကပိုပြင်းထန်သလဲနှင့် ဘယ်သူက အရင်ဦးညွှတ်ရမလဲဆိုတာ ကြည့်ချင်နေသည်။

သူက ကော့တေးကိုလဲပေးတော့မည့်ဟန်ကျီယုအား ပြင်းပြင်း ထန်ထန်အမိန့်ပေးခဲ့သည် - "ဒါကို တခြားတစ်ယောက် ယောက်လုပ်ပါစေ။ ဒီကိုလာခဲ့။"

အားလုံး၏အာရုံသည် ချက်ချင်းပြောင်းသွားသည်။ ချီလီဘေးတွင်ရပ်နေသည့် လီလီက ပိုလို့တောင်မကျေမနပ်ဖြစ်နေပုံရသညါ။ သူသည် ချီလီကိုအပြစ်မတင်ဘဲ ဟန်ကျီယုအား အပြင်း အထန်စိုက်ကြည့်ကာ သူလာဝံ့ပါက ကိုက်ရန်အသင့်ဖြစ်နေသည်။

ကျီဖေးသည် ချီလီ၏ကြီးမားသည့်လှုပ်ရှားမှုကို မမျှော်လင့်ထားပေ။

[သူက ဒီအခြေအနေကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှာပဲ သူ့ကိုယ်သူ အမြင်အာရုံတွေလှည့်စားနေပါလား? ဟန်ကျီယုရဲ့ ရောဂါပိုးလို ရှောင်ဖယ်နေမှုတွေနဲ့ သူ့ရဲ့အလိမ်အညာတွေ ဘယ်လိုဖော်ထုတ်ခံလိုက်ရသလဲဆိုတာတွေကို အလိုလျောက်ပိတ်ဆို့ထားပုံရတယ်။ ဒါက သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာမှာနေနေကြတဲ့ အခွင့်ထူးခံသခင်ငယ်လေးတွေအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုများလား?]

[သူက ဟန်ကျီယုနဲ့တွဲကစားချင်သေးတာလား? တကယ့်ကို သူ့အမှားတွေကနေ ဘယ်တော့မှသင်ယူလေ့မရှိဘူးပဲ။ ဟန်ကျီယုက သူ့အပေါ်ခံစားချက်တွေကို ဖုံးကွယ်ထားတယ်ဆိုပြီး သူယုံနေသေးတာလား? အဲ့ဒါကြောင့် လီလီထက် သူ့အကူအညီကို ပိုလိုချင်နေတာလား? မနာလိုစိတ်ကြောင့် မျက်လုံးတွေရဲမတတ်ဖြစ်နေတဲ့ သူ့ဘေးက လီလီကို သူ ကြည့်လိုက်သင့်တယ် - သူကဟာ နင့်ရဲ့ဖျော်ဖြေမှုတွေကို လုံးဝပြီးပြည့်စုံစေမှာသေချာတယ်။]

ချီလီ၏ခေါင်းမာမှုကြောင့် ကျီဖေးသည် သူ့အတွက်ကျိုးကြောင်းဆီလျော်သည့်ကိစ္စရပ်များအား စီစဉ်ပေးချင်လာခဲ့သည်။

ချင်ရှန့် သည် သူ့သူငယ်ချင်းကို ဤမျှလောက် ကိုယ့်ကိုယ်ကိုဖျက်စီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့ကိုယ်သူဖျက်စီးနေသည့်အပြုအမူကို ရပ်တန့်ပေးဖို့ စိတ်မဝင်စားတော့ချေ။

ဟန်ကျီယုသည် သူ့သူဌေးဟောင်း၏အမိန့်ပေးသံကိုကြား လိုက်သောအခါတွင် သူ့မျက်လုံးများအား လှိမ့်ပစ်ချင်လာသည်။ ဒီကောင်က အချစ်ဝတ္ထုများထဲမှ ခြယ်လှယ်မှုရှိလွန်းသည့် CEO လို့များ တကယ်ကြီးထင်နေတာလား ?

သို့ပေမယ့် ပါတီပွဲ၏ပိုင်ရှင်ကို မစော်ကားနိုင်သည့်အတွက် ဟန်ကျီယုက ပရော်ဖက်ရှင်နယ်လေသံကို ထိန်းသိမ်းဖို့ကြိုး စားခဲ့သည်- " Sir၊ ကျွန်မ ကျီလောင်ရှစ်ရဲ့ ညွှန်ကြားချက်အ တွက် အချိန်တိုင်းအဆင်သင့်ဖြစ်ဖို့လိုပါတယ်။ ရှင် ဝန်ဆောင် မှုလိုရင် ရှင့်အတွက် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုခေါ် ပေးလို့ရပါတယ်။"

ချီလီ၏သူငယ်အိမ်များသည် မယုံကြည်နိုင်စွာကျဉ်းမြောင်းသွားကြသည်။ ဟန်ကျီယုမှ သူနှင့်ပူးပေါင်းဖို့ကို ထပ်ခါထပ်ခါငြင်းဆန်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ့ဒေါသက တိုးလာသည် - အဲ့တာက တကယ့်ပစ်မှတ်ကိုအံတုဖို့ တစ်ခုတည်းသောအရာဖြစ်သည်၊ သို့သော် အစားထိုးတစ်ယောက်မှာ ဘယ်အခွင့်အရေးရှိသနည်း?

အစောပိုင်းက ကောင်းယာလန်ကိုနှိုးဆွဖို့အတွက် သူ့ကိုအသုံး ချဖို့ကြံစည်ခဲ့တာကို သူနားလည်သွားပြီး အဲ့ကိစ္စကြောင့် အခုဒေါသထွက်နေတာလား?

ချီလီက သူ့ကိုလိုက်လျောပေးမည်မဟုတ်ပေ။ သူ့လေသံက ပြင်းထန်လာပြီး "ဟန်ကျီယု၊ ငါ့ရဲ့စိတ်ရှည်မှု အကန့်အသတ်ရှိတယ်နော်။ မင်းနေရာ မင်း သိထား၊ ဒီကိုလာခဲ့!"

ဟန်ကျီယုသည် အတင်းအကြပ်ပြုံးထားသည်။ "Sir၊ ကျွန်မဒီမှာရှိနေတာက ဝန်ဆောင်မှုပေးဖို့ပါပဲ။ ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့အလုပ်ကို နှောင့်နှေးအောင်မလုပ်ပါနဲ့။"

သူသည် မယုံနိုင်လောက်အောင်ပင် ကံမကောင်းခဲ့ဟု ခံစားလိုက်ရသည်- သူ၏သူဌေးဟောင်းသည် ဤမျှလောက်အထိ ယုတ္တိမရှိကြောင်း မည်သူသိနိုင်မည်နည်း? သူနှုတ်ထွက်ပြီးသားဖြစ်သော်လည်း သူ့ကို အမိန့်ပေးချင်သေးတာလား? အခု၊ ထိုသဘောတူစာချုပ်က ပြည့်သွားပြီဖြစ်သည်၊ သူက ဘယ်လိုပုံစံနဲ့ပြောနေတာလဲ? သူသာ သူ့ဆီစောစောလာပြီး စာချုပ်ဆက်ချုပ်ဖို့ပြောခဲ့ပါက လစာကအဆင်ပြေနေသ၍လူမှုဖူလုံ ရေးအိမ်မှကလေးများအတွက် အကျိုးအမြတ်တွေထပ်ထည့်ပေးလို့ရမည်ဖြစ်သည်။

ဒါပေမယ့်အခု သူကသူ့ကို အလကားလုပ်ခိုင်းချင်နေတာလား? အရင်းရှင်တွေတောင် ဒီလိုအဓိပ္ပါယ်မမဲ့ဘူး။

ချီလီသည် တင်းမာသည့်လေသံဖြင့်ပင် ပြောလိုက်တာတောင်မှ ဟန်ကျီယုက ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု မထင်ထားခဲ့ပေ။ သူတကယ်ကြီး ရုန်းထွက်နေခဲ့သည်။ ဒေါသကြောင့် တဆတ်ဆတ်တုန်လာကာ သူ့မျက်နှာမှာ အနည်းငယ်ပြာသွားသည်။

ကောင်းယာလန်ကိုမထိန်းချုပ်နိုင်ရင်တောင်မှ ဟန်ကျီယုကိုလည်း မထိန်းချုပ်နိုင်တော့ဘူးလား ?

[ဟက်၊ ဟန်ကျီယုက သိမ်သိမ်မွေ့မွေ့နဲ့ နှိမ့်ချတတ်ပေမယ့် တကယ်တမ်းကျတော့ သူကအဲ့လိုမဟုတ်ဘူး။ ချီလီက သူ့ကိုယ်သူ လှည့်စားခဲ့တာဖြစ်မယ်။]

သို့သော် ပေါက်ကွဲသွားသည်မှာ ချီလီမဟုတ်ပေ - သူ့ကိုယ်သူ မထိန်းနိုင်တော့သော လီလီဖြစ်သည်။

သူသည် ဟန်ကျီယုနှင့်ကောင်းယာလန်ကို မုန်းတီးခဲ့သည်။ ဒီနေ့သည် ချီလီမှ သူ့အတွက်ကျင်းပသည့်ပါတီဖြစ်ရမည်၊ အဲ့တာကို ဒီမိန်းမပျက်နှစ်ယောက်က ပေါ်လာပြီး သူ့ရဲ့ကျော်ကြားမှုနဲ့ ချီလီဆီကအာရုံစိုက်မှုကို ခိုးယူသွားရသနည်း?

လီလီက ကောင်းယာလန်ကိုမရင်ဆိုင်ရဲပေမယ့် ဟန်ကျီယုက သူ့ကို ဘယ်သူလို့ထင်နေတာလဲ?

ဟန်ကျီယုမှ ချီလီကိုမငြင်းရင် လီလီပေါက်ကွဲသွားမည်မှာ သေချာပေမယ့် ဟန်ကျီယု၏ငြင်းဆန်မှုက လီလီအား ပိုပြီးအရှက်ရစေသည်။ ၎င်းက လီလီမတတ်နိုင်သည့်အရာတစ်ခုအား ဤမနူးမနပ်ကောင်မမှ ခက်ခဲနေသလိုကစားနေသော ကြောင့်ဖြစ်သည် - သူဘယ်သူ့ကို စော်ကားဖို့ကြိုးစားနေတာလဲ?

ကောင်းယာလန်နဲ့မယှဉ်နိုင်ရင်တောင် ဟန်ကျီယုနဲ့ မယှဉ်နိုင်တော့ဘူးလား?

လီလီနှင့်ချီလီတို့သည် ၎င်းတို့၏အတွေးအမြင်တွင် အမှန်တကယ်တူညီသည်ဟုဆိုရပေမည်။ ဘာတစ်ခုမှကောင်းတာမရှိဘူးဟု တွေးမိပေမယ့် လီလီက ဒီဒရာမာတွင် ဇာတ်ပို့တစ်ယောက်တောင် မဟုတ်ပေ။

ဘယ်သူမှမတုံ့ပြန်နိုင်ခင်မှာ လီလီက ရှေ့တိုးလာပြီး ဟန်ကျီယု၏ဗန်းထဲကဖန်ခွက်ကို လုယူလိုက်ပြီး အရက်များကိုဟန်ကျီယုပေါ်ကို ပက်ဖြန်းလိုက်သည်။

အရည်များသည် ဟန်ကျီယုအား ခေါင်းမှခြေဖျားအထိရွှဲနစ်သွားစေကာ ချက်ချင်းပင် သူ့အားရှုံ့မဲ့သွားစေသည်။

ထိုကဲ့သို့ ဝမ်းနည်းစရာအနေအထားမျိုးတွင် အလားတူမျက် နှာမျိုးသည် လီလီအား ကျေနပ်မှုနှစ်ဆတိုးပေးကာ သူ့ကို အလွန်ကျေနပ်အားရစေသည်။

အနားတွင်ရပ်နေသောချီလီသည် လီလီမှ ရုတ်တရက်ဤသို့ပြုမူလာမည်ဟု မထင်ထားခဲ့ပေ။ အလိုလို ရှေ့သို့တိုးသွားခဲ့ပေမဲ့ ခဏလောက်ကြာတော့ သူ့ကိုယ်သူရပ်တန့်လိုက်ပြီး အေးစက်စွာပြုံးပြလိုက်သည်။ ၎င်းက ဘာကိုမှကောင်းကောင်းမသိတဲ့အတွက် ဟန်ကျီယုရသင့်တဲ့အရာပဲ - သူ့ကို အရမ်းအလို လိုက်ခဲ့မိသည်။ သူနဲ့သဘောထားတွေကစားနေတာက သူ့ကိုစိတ်တည်ငြိမ်စေဖို့နဲ့ သူဘယ်သူ့ကိုအားကိုးသင့်လဲဆိုတာ သတိရစေမဲ့ သင်ခန်းစာတစ်ခုဖြစ်သည်။

"နင်!"

ဟန်ကျီယုသည် ဒေါသမထိန်းနိုင်လုနီးပါး ဖြစ်သွားသည်။

"သခင်လေးချီက နင့်ကိုမျက်နှာသာပေးနေတဲ့အချိန်မှာ နင့်နေ ရာနင်သိသင့်တယ်။ ဟန်ဆောင်နေတာရပ်လိုက် - နင် မှန်ထဲကြည့်လိုက်စမ်း။ နင့်ကိုယ်နင်ဘာထင်နေလဲ? နင်က ငါတို့အ တွက် ပုရွက်ဆိတ်လောက်တောင်မရှိဘူး။ အခြားသူတွေကနင့်ကိုယဉ်ကျေးပေးပြီး ချီလီက နင့်ကိုအလိုလိုက်နေတာနဲ့ နင့်ကိုယ်နင်စိတ်ကြီးဝင်မနေနဲ့။ နင်ကဘာမှမဟုတ်ပဲ ဆင်းရဲတဲ့အလုပ်သမားပဲ။ နင့်လိုလူတွေက ငါသည့်မခံနိုင်ဘူး။ အကယ် ၍နင် ထပ်ပြီးလူပါးဝနေမယ်ဆိုရင် ငါ နင့်ပါးစပ်ကိုဆွဲဖြဲပစ်မယ်!"

ဟန်ကျီယုသည် ဤမျှယုတ္တိမရှိသော ချမ်းသာသည့်မိန်းမပျိုကို တစ်ခါမျှမကြုံဖူးခဲ့ဘဲ မျက်လုံးများချက်ချင်းနီရဲသွားသည်။

ဟန်ကျီယုမှ ကော့တေးဖြင့်ပက်ခံလိုက်ရသည့်အချိန်တွင် ကျီဖေးနှင့်ကောင်းယာလန်က ချက်ခြင်းထရပ်လိုက်သည်။ ကျီဖေးက မျက်နှာသုတ်ပုဝါကိုကိုင်လိုက်ပြီး ဟန်ကျီယုကိုပေး လိုက်သည်။

ကောင်းယာလန်သည်လည်း လီလီကို တွန်းဖယ်လိုက်သည်။

"နင် ခွေးမတွေလိုအပူတက်နေရင်၊ ကိုယ့်ဘာသာကိုယ်ထိန်းထား၊ ဘာလို့ အရူးလိုလုပ်နေတာလဲ!" ကောင်းယာလန်က ကရုဏာမဲ့စွာကြိမ်းမောင်းလိုက်သည်။

"ချီလီ နင့်ကို လျစ်လှူရှုထားလို့စိတ်ပျက်နေတာလား ?"

All Chapters