← Chapters

အခန်း (၂၅၀)

Vol. 25 Ch. 250

အခန်း (၂၅၀)

Vol. 25 Ch. 250

လီလီသည် ယခင်က ဒီလောက်ကြမ်းကြမ်းတမ်းတမ်း ကြိမ်း မောင်းခံရတာမျိုး တခါမှမကြုံဖူးသဖြင့် သူ့မျက်လုံးများက ခံစားချက်များနှင့် ချက်ချင်းနီရဲလာခဲ့သည်။ "ကောင်းယာလန်၊ နင်ရူးနေလား? ဒီအောက်တန်းစားမလေး ဘာတွေတွေးနေလဲဆိုတာ နင်မမြင်ဘူးလား?"

ကောင်းယာလန်က လှောင်ပြောင်ပြီး " နင် ဘာတွေတွေးနေလဲဆိုတာတော့ ငါမြင်ရတယ် - နင်ငါ့ကို ရေနဲ့ပက်ချင်နေတာမဟုတ်လား?"

ကောင်းယာလန်၏ စူးစူးစိုက်စိုက်အကြည့်အောက်တွင် လီလီ ၏နှလုံးသည် တင်းကျပ်လာသည်။

အမှန်တော့လီလီသည် ကောင်းယာလန်အား ရေနဲ့ပက်ဖို့ထက် ဘာကိုမှမလိုချင်ပေမယ့် သူမလုပ်ရဲပေ။ ထို့ကြောင့် ယခု သူနှင့်ချီလီသည် ဟန်ကျီယုအား ဓားစာခံအဖြစ်အသုံးပြုရန် စိတ်တူကိုယ်တူဖြစ်ခဲ့ကြပြီး ဟန်ကျီယုအားအနိုင်ကျင့်ဖို့ ကုန်ကျ စရိတ်မရှိခဲ့ပေ။

လီလီ၏အပြစ်ရှိသည့်အမူအရာကိုမြင်လျှင် ကောင်းယာလန်က တိုက်ရိုက်ပြောလိုက်သည်။

"တောင်းပန်လိုက်"

"ဘာ ?" လီလီသည် အံသြသွားသည်။

"ဒီမိန်းကလေးကို တောင်းပန်လိုက်။ ဘာလဲ၊ ရိုးရှင်းတဲ့စကား လုံးတွေကို နင်နားမလည်ဘူးလား?"

ကောင်းယာလန်သည် လက်ပိုက်ကာ မတုန်လှုပ်သည့်ရပ်တည်မှုမျိုးကို ပြသခဲ့သည်။

ဟန်ကျီယုသည် ကောင်းယာလန်အား အံ့အားသင့်စွာမော့ ကြည့်ကာ သူ၏တောင့်တင်းသည့် နောက်ကျောကိုသာမြင်နေရသော်လည်း အလွန်လုံခြုံသည်ဟုခံစားရသည်။

ရန်လိုသည့်လေထုနှင့် ပတ်ဝန်းကျင်ရှိလူတိုင်း၏ စိုက်ကြည့်မှုများကြောင့် လီလီသည် သနားစရာကောင်းသည့်အမူအရာဖြင့် ချီလီဘက်သို့ချက်ချင်းလှည့်ကာ အကူအညီတောင်းလိုက်သည်။

ကောင်းယာလန်မှ ဟန်ကျီယုအား အဘယ့်ကြောင့်ကာကွယ်ပေးနေသလဲဆိုတာ ချီလီနားမလည်နိုင်ခဲ့ပေ။ လီလီမျက်ရည်ဝဲလာသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သူက ကောင်းယာလန်ကို " မင်းဘာလို့ ဒေါသထွက်နေသေး တာလဲ? ဒါက ကိစ္စသေးသေးလေးပါပဲ။"

ချီလီပြောပြီးသည်နှင့် ဟန်ကျီယုသည် ရုတ်တရက် သူ့ကိုမော့ ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။

သူ့နှလုံးခုန်နှုန်းက ခေတ္တရပ်တန့်သွားပြီး သူ့ကိုငေးကြည့်ရင်း နားမလည်နိုင်ဖြစ်မိသည်။ သူ့စကားက သူ့ကိုထိခိုက်စေခဲ့တာလား?

သူ့ကို အပြစ်တင်လို့မရပေ - အဆုံးမှာ သူအစကပူးပေါင်း ဆောင်ရွက်မှုမရှိခဲ့ပေ။

ထို့အပြင် လီလီနှင့်ယှဉ်ရင် သူ့အဆင့်အတန်းက ဘယ်လိုလဲ ?

ဟန်ကျီယုဘေးတွင်ရပ်နေသည့်ကျီဖေးသည် မကျေမနပ်ဖြစ်စွာခံစားရပြီး စိတ်ထဲမှာတော့ ကျိန်ဆဲနည်းမျိုးစုံဖြင့်ကျိန်ဆဲနေသည်။

ရိုးရိုးသားသားပြောရလျှင်၊ ချီလီ၏ယခင်က အလုပ်ခန့်ထားမှုနှင့်ပတ်သက်ပြီး သူက ဟန်ကျီယုကို တကယ်အခွင့်ကောင်းမယူခဲ့သည့်အတွက် ကျီဖေးကသူ့အား ကိုယ့်ကိုယ်ကိုလှည့်စားသည့်အရူးဟုသာ မှတ်ယူခဲ့သည်။ သို့ပေမဲ့ အခုစကားကိုကြားသောအခါ ကျီဖေးသည် ချီလီ၏တကယ့်သဘာဝသည် ရိုးရိုးရှင်းရှင်းပင် အဓိပ္ပါယ်မရှိချေ။

[ချီလီက လီလီကိုစော်ကားမိလည်း စိတ်ပူစရာမလိုပေမယ့်၊ သူကလူတွေကို သူတို့ရဲ့အဆင့်အတန်းအလိုက် အဆင့်သတ်မှတ်ထားတယ်ဆိုတာထင်ရှားတယ်။ ဟန်ကျီယုအပေါ် ခံစားချက်ရှိလာရင်တောင် အောင်ခြေလူတန်းစား ဒါမှမဟုတ် နောက်ခံမရှိတဲ့လူတွေကို အထင်သေးပြီး သူတို့ကပိုက်ဆံမရှိတာကြောင့် ဒုက္ခရောက်လည်းဘာမှမဖြစ်ဘူးလို့ တွေးနေတုန်းပဲ။ အကယ် ၍သူသာ ဟန်ကျီယုဘက်မှာရပ်တည်ပေးခဲ့ရင်တောင်မှ အဲ့တာက ပြဿနာတွေဖြစ်လာစေရုံသပ်သပ်ပဲ။ ကြည့်ရတာ ဒီသူ ငယ်ချင်းနှစ်ယောက်ကြားက တန်ဖိုးချင်းက တော်တော်ကြီးကိုကွာဟနေတယ်။ ငါ့ချင်ရှန့်ကတော့ အကောင်းဆုံးဖြစ်နေတုန်းပဲ။]

ချင်ရှန့်: ငါ့ချင်ရှန့် ?

ချင်ရှန့်သည် ကျီဖေး၏ဝေဖန်မှုကိုနားထောင်ခဲ့ပြီး ချီလီ၏အ ပြုအမူကို မကျေမနပ်ဖြစ်ခဲ့သော်လည်း ထိုရုတ်တရက်မှတ် ချက်က သူ့အားသတိလွတ်သွားစေခဲ့သည်။ သူ့ဦးနှောက်ကပြတ်တောက်သွားပြီး အတွေးများရပ်တန့်သွားကာ ကျီဖေးအား ချိုသာစွာစိုက်ကြည့်လိုက်သည်။ ဤတင်းမာနေသည့်လေထုကြားတွင် သူသည် လုံးဝကွဲပြားနေသည့်သူတစ်ဦးဖြစ်နိုင်သည်။

သူများတွေရန်ဖြစ်နေကြချိန်တွင် သူက ချစ်ခြင်းမေတ္တာကို မြတ်နိုးနေသည်။

ချီလီ၏တုံ့ပြန်မှုကိုကြားတော့ ကောင်းယာလန်ကလှောင် ပြောင်ကာ မရယ်မောပဲမနေနိုင်ပေ။

ကောင်းယာလန်က ပခုံးတွန့်ပြီး " ဟိုတုန်းက ငါတို့လမ်းခွဲခဲ့တာက ကောင်းတဲ့အရာပဲ။ ငါတို့က မလိုက်ဖက်ဘူးဆိုတာ ငါသိတယ်"

ဤစကားသည် ချီလီ၏အာရုံကို ပြင်းထန်စွာထိမှန်ခဲ့ပြီး သူ့မျက်နှာမှာ အမှန်တကယ်ပင် မဲမှောင်သွားခဲ့သည်။

"ကောင်းယာလန်၊ မင်း..."

"ပါးစပ်ပိတ်ထားစမ်း၊ ဒါ နင်နဲ့ဘာမှမဆိုင်ဘူး။" ကောင်းယာလန် သူ့စကားကိုဖြတ်ပြောလိုက်သည်။

ယခုအချိန်သည် ချီလီ၏ ဒေါသကြောင့်တုန်လှုပ်သွားသည့်အလှည့်ဖြစ်သည်။

လီလီကို မကျေမနပ်ဖြင့်စိုက်ကြည့်ရင်း "နင်အမှားတစ်ခုခုလုပ်ခဲ့မိရင် ပြန်တောင်းပန်သင့်တယ်။ ငါနင့်ကိုအနိုင်ကျင့်နေတဲ့ပုံစံနဲ့ နင်ဘာလို့ပုန်းနေတာလဲ?"

"ကောင်းယာလန်၊ အရမ်းလွန်မလာနဲ့။"

"ဒါဆို နင်တခြားသူတွေကို အနိုင်ကျင့်တာကျတော့ ကောင်းတယ်ပေါ့၊ ဒါပေမယ့် တခြားသူတွေက နင့်ကိုအနိုင်ကျင့်တာ ကျတော့ အဆင်မပြေတော့ဘူးလား?"

ကောင်းယာလန်က " အဲ့အပြင် ငါ ဘယ်သူ့ကိုမှ အနိုင်ကျင့်နေတာမဟုတ်ဘူး - ငါက တရားမျှတမှုကိုလက်ကိုင်ထားတာ။"

လီလီသည် နောက်ဆုံးတွင်မထိန်းနိုင်တော့ပဲ၊ "ကောင်းယာလန်၊ နင် အရူးတစ်ယောက်ပဲ! နင် မသိဟန်ဆောင်နေတာလား၊ မမြင်ဘူးလား? သူက နင့်ရဲ့အစားထိုးပဲ၊ နင့်ရဲ့အစားထိုးဆိုတာဘာလဲသိလား? သူက နင့်နေရာဝင်ချင်နေတဲ့ အတုအယောင်တစ်ယောက်ပဲ! ဈေးပေါတဲ့မိန်းမကို ဘာလို့ကာကွယ်ပေးနေတာလဲ? မဟုတ်ရင် မင်းရဲ့ ရပ်တည်မှုပါပဲ ၊ မင်းရဲ့ ရပ်တည်မှုဆိုတာ ဘာလဲ မင်းသိလား ? သူမဟာ မင်းကို အစားထိုးဖို့ ကြိုးစားနေတဲ့ အတုအယောင်ပဲ ! စျေးပေါတဲ့ မိန်းမကို ဘာလို့ ကာကွယ်နေရတာလဲ ? သူက နင်နဲ့တူတဲ့မျက်နှာကိုသုံးပြီး သခင်လေးချီအနားမှာ ကပ်တွယ်ဖို့ကြိုးစားနေတာကိုတောင် နင်မသိဘူး။ အဲ့တာမှမဟုတ်ရင်၊ သူ့လို ဆင်းရဲတဲ့အလုပ်သ မားက သခင်လေးချီရဲ့အနားမှာ အကြာကြီးရှိနေနိုင်ပါ့မလား? နင်သူ့ကို သင်ခန်းစာကောင်းကောင်းပေးသင့်တယ်!"

ကောင်းယာလန်သည် ရုတ်တရက်တိတ်ဆိတ်သွားပြီး ဟန်ကျီယုကို လှည့်ကြည့်လိုက်သည်။

သာမာန်အချက်အလက်များပင် ဖြစ်သော်လည်း၊ ဤမျှ တိုက် ရိုက်ဖော်ထုတ်ခံလိုက်ရခြင်းမှာ အလွန် အဆင်မပြေဖြစ်ခဲ့ရသည်။ ဟန်ကျီယုသည် ကောင်းယာလန်၏အကြည့်အောက်တွင် တုန်လှုပ်သွားပြီး ရုတ်တရက် သူ့အတွင်း၌ ပြင်းထန်သည့်စိတ်လှုပ်ရှားမှုများ တက်လာသည်ကို ခံစားလိုက်ရသည် - ကောင်းယာလန်မှ သူ့ကိုမနှစ်သက်မှာကို သူမကြိုက်ပေ။

သို့ပေမယ့် ဘယ်မူရင်းက သူတို့ရဲ့အတုအ‌ယောင်ဗားရှင်းကို ကြိုက်နှစ်သက်လို့လဲ ?

ပါးမရိုက်ရင်တောင် အတော်လေးကျေးဇူးတင်ဖို့ကောင်းသည်ဟု ယူဆလို့ရသည်။

ဟန်ကျီယုသည် ကောင်းယာလန်ထံမှ မည်သည့်ကြင်နာမှုကိုမျှမမျှော်လင့်ခဲ့ပဲ၊ သူ့ကို ပြောချင်ရာပြောခွင့်သာ ပြုထားလိုက်သည်။

သို့ပေမယ့် အရမ်းရှက်စရာကောင်းသည်- သူတို့က အရမ်းတူနေပြီး ကောင်းယာလန် အရင်တုန်းကအရမ်းဖော်ရွေခဲ့သည်။ သူသည် အလွန်ကောင်းသောသူတစ်ယောက်ဖြစ်ပြီး ဟန်ကျီယုသည် အထူးချစ်ခင်ကြင်နာမှုကို ခံစားခဲ့ရသည်။ သူ့ကို ဂုဏ်ယူဖွယ်ဖြစ်နိုင်သော်လည်း၊ အခြေအနေအမျိုးမျိုးအောက်တွင် ဆုံတွေ့နိုင်ပါစေဟု ဆန္ဒပြုခဲ့သည် - သူတို့သည် ညီအစ်မကောင်းများဖြစ်နိုင်သည်။

ကောင်းယာလန်နှင့်ပတ်သတ်ပြီး သူ့ခံစားချက်တွေဟာ ဟန်ကျီယုမှ မိသားစုအတွက် ဒီလိုဆန္ဒပြင်းပြတဲ့မိဘနှစ်ပါးစလုံးကို ဆုံးရှုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။

၎င်းက အမြဲတမ်းအမှီအခိုကင်းပြီး ရည်းစားရှိဖို့တောင်ဂရုမစိုက်သည့်သူဆီက လာသည်ပင်။

"အဲ... မဟုတ်ဘူး... ငါ နင့်ကို အစားမထိုးချင်ပါဘူး.. ဘယ်သူ့ကိုမှလှည့်စားတာ မရှိတော့ဘူး ငါက... " ဟန်ကျီယုက အလွန်ကိုစိတ်တထင့်ထင့်ဖြင့် သူ ဘာပြောရမှန်းကို မသိတော့ပေ။

[လျှို့ဝှက်သဘောတူညီချက်ကြောင့်သာမဟုတ်ရင်၊ ဟန်ကျီယုက အလုပ်ဆက်ဆံရေးတစ်ခုပဲလို့ ကြွေးကြော်ချင်နေလိမ့်မယ်။ ကံမကောင်းစွာနဲ့ပဲ၊ ငါက ဒီအကြောင်းကိုဘာမှသိမနေတာကြောင့် ရှင်းပြပေးလို့မရဘူး။ စိတ်အနှောက်အယှက်အ ဖြစ်ရဆုံးက ချီလီပဲ - သူက ဒီလိုလုပ်ခိုင်းခဲ့တဲ့သူ။ ဒါပေမဲ့ သူမေ့သွားပုံရတယ်။ ဒါက လုံးဝကိုရူးချင်စရာကြီး။ ကောင်းယာလန် ဟန်ကျီယုကိုအထင်မလွဲဖို့ပဲမျှော်လင့်တယ်။]

ကောင်းယာလန်ခေတ္တရပ်လိုက်ပြီး ကူကယ်ရာမဲ့ပြုံးကာ "မေ့မေ့၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တခြားတစ်ယောက် ယောက်ကို ရှာကြည့်ဖို့အကြံပေးချင်တယ်၊ ဒါက မထိုက်တန်ဘူး။"

[Pfft၊ ကောင်းယာလန်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပိုပြီးနှစ် သက်လာပြီ။ ချီလီက သူနဲ့မတန်ဘူး။]

ဤစကားသည် သူတို့ပတ်ဝန်းကျင်ရှိလူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ဒါ... သူငယ်ချင်းရဲ့ရည်းစားကို သဘောမတူလို့ လမ်းခွဲဖို့အ ကြံပေးတာလို့ ဘာကြောင့်ထင်ရတာလဲ?

ကောင်းယာလန်နှင့်ဟန်ကျီယုသည် အဆင်မပြေဖြစ်ပြီး ဆန့် ကျင်ဘက်ဆက်ဆံရေးတွင် မပါဝင်သင့်ပေ။

တကယ်တော့ကောင်းယာလန်သည် ချီလီ၏ အသွင်အပြင်ကိုသဘောကျသည်ဟု ယခင်ကထင်ခဲ့ဖူးပြီး တူညီတာကတိုက်ဆိုင်မှုပင်။ သို့သော် လီလီနှင့်ချီလီ၏ ဟန်ကျီယုအပေါ်သဘောထားကိုမြင်ပြီးနောက် သူသံသယများဝင်လာခဲ့သည်။

ယခုလီလီသည် ဟန်ဆောင်မှု၏ဖုံးကွယ်မှုကို လုံးလုံးလျား လျားဆုတ်ဖြဲလိုက်သောကြောင့် ကောင်းယာလန်သည် ဟန်ကျီယု၏ရပ်တည်ချက်ကို အပြည့်အဝနားလည်သည်။

ချီလီအပေါ် ဟန်ကျီယု၏ခံစားချက်များကို သူသေချာမသိပဲ၊ မသေချာသည့်အခါ သူ့ဗီဇကို အမြဲလိုက်နာခဲ့သည်။ ဒီမိန်းက လေးကို သူတော်တော်သဘောကျသည့်အတွက် သူ့ကိုကာကွယ်နိုင်သည်။

"အာ... အာ, အိုး, နင်ပြောတာမှန်တယ်"

ဟန်ကျီယုအံ့အားသင့်သွားပြီး ဒီလိုအခြေအနေမျိုး တစ်ခါမှမကြုံဖူးဘူးဖြစ်နိုင်ပါသည်။

"ဒါပေမယ့် ငါကတော့၊ အခုသူနဲ့ လုံးဝကို ဆက်ဆံရေးမရှိတော့ဘူး!"

ကောင်းယာလန် ကျေနပ်စွာပြုံးလိုက်သည်။

ကောင်းယာလန်နှင့်ဟန်ကျီယုတို့၏စကားဝိုင်းသည် ချီလီ၏ ဂုဏ်သိက္ခာအား လုံးလုံးလျားလျားနင်းချေပစ်လိုက်သည် - ဒီနှစ်ယောက်က သူ့ကိုအရှက်ခွဲမယ်လို့ ဘယ်သူကတွေးမိမှာလဲ?

"ကောင်းယာလန်၊ ဟန်ကျီယု မင်း, မင်း နှစ်ယောက်လုံး..."

[ဒါဆိုနင် သူတို့ တစ်ဖက်တည်းမှာဆိုတာ နင် နောက်ဆုံးတော့သဘောပေါက်သွားပြီပေါ့ ? Pfft pfft pfft ~]

ကောင်းယာလန်ကချက်ချင်းပင် ချီလီအား သတိပေးသည့်အရိပ်အယောင်ဖြင့် " နင်ဘာလို့ စကားအရမ်းပြောနေတာလဲ? ဒါက ငါတို့မိန်းမတွေကြားကကိစ္စ - နင်တို့ယောက်ျားတွေ ရှိမနေသင့်ဘူးမလား? နင်က အရမ်း စိတ်ရှုပ်ဖို့ကောင်းတာပဲ။"

ထို့နောက် ကောင်းယာလန်သည် လီလီကို စိုက်ကြည့်ရင်း

"နင့်အလှည့်ပဲ"

နောက်ဆုံးတွင် လီလီသည် ချီလီကို အားမကိုးနိုင်မှန်းသိလာပြီး ကြောက်စိတ်ဖြင့်နောက်ပြန်ဆုတ်သွားခဲ့သည်။

All Chapters