အခန်း (၂၅၁)
Vol. 26 Ch. 251
ကောင်းယာလန်သည် ချီလီအား မည်သည့်စကားမှမပြောပဲ ထားခဲ့သဖြင့် လီလီ တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေရတော့သည်။
[ဒါပေါ့၊ ကောင်းယာလန်က ချီလီအတွက် ငယ်ကြောက်ပဲ၊ သူ့ကို မမေ့နိုင်တာမဆန်းဘူး၊ ပြီးတော့ ယောင်္ကျားလေးတွေဆိုတာ လွယ်လွယ်မရတဲ့ မိန်းကလေးတွေဆိုရင်လက်မလျော့ချင်ကြဘူးလေ၊ သူ့အတွက်တော့ သူ့ကို ချစ်တာမချစ်တာထက် သူ့ကိုမရနိုင်လို့ စိတ်အနှောင့်အယှက်ဖြစ်တာက ပိုများတယ်၊ လီလီကတော့... သူ့ဘာသာ ချောက်ထဲကိုခုန်ဆင်းလာတာပဲ】
ကျီဖေး မျက်ခုံးပင့်လိုက်ပြီး ကောင်းယာလန်ကို လွှတ်မထားဖို့ ဆုံးဖြတ်လိုက်သည်။
သူ တစ်ခါတည်းပြောလိုက်သည်။
"အိုး.. အရင်ကတည်းက မရှင်းရသေးတဲ့ ကိစ္စရှိတယ်၊ လီလီ နင်က လူတစ်ယောက်ကိုအကြောင်းပြချက်မရှိဘဲ ရေထဲကိုတွန်းချတာဆိုတော့ သူ့ကို တောင်းပန်ရမှာမဟုတ်ဘူးလား၊ တို့တွေအားလုံးက လူတွေပဲလေ၊ အဆင့်အတန်းတွေ ခွဲခြားနေဖို့ လိုလိုလား၊ လီမေ့မေ့က ယဉ်ကျေးတဲ့မိန်းကလေးတစ်ယောက်ဆိုတော့ ဒါတွေကို နားလည်မယ်လို့ တို့ယုံကြည်တယ်၊ ဒါကြောင့် ကိစ္စနှစ်ခုစလုံးအတွက် တောင်းပန်လိုက်ပါ"
လီလီသည် အလိုလှိုက်မှုများကြားကြီးပြင်းလာသဖြင့် အခြားသူတစ်ဦးထံမှ အနိုင်ကျင့်ခံရခြင်းသည် ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် ဟန်ကျီယုကို စိုက်ကြည့်ကာ အပြစ်တင်ခြင်းနှင့် ဒေါသများရောယှက်နေသည်။
ကောင်းယာလန်နှင့် ကျီဖေးတို့သည် သူမ ထိပါးရန်တတ်နိုင်သူများမဟုတ်သော်လည်း ဟန်ကျီယုလို အလုပ်သမားတစ်ယောက်သည်တော့ သူမကို ဆန့်ကျင်လိမ့်မည်ဟု မယုံကြည်ပေ။
သို့ဖြစ်ရာ လီလီသည် "ငါ တွန်းမိရုံပါပဲ၊ ကိစ္စကြီးကြီးမှာမဟုတ်တာ၊ ပြီးတော့... ဝိုင်နည်းနည်း ဖိတ်ရုံပဲလေ၊ ဘာတွေအကျယ်လာချဲ့နေတာလဲ ? ငါ ပြန်လျော်ပေးမယ်"
သူ့ ဘ၀တွင် "တောင်းပန်ပါတယ်" ဆိုသည့် စကားတစ်ခွန်းအား နှိမ့်နှိမ့်ချချပြောရလောက်သည်ထိ ထိုက်တန်သူမဟုတ်ချေ။
"ဈေးသာပြောစမ်းပါ" လီလီ လှောင်ရိပ်များဖြင့်ပြောလိုက်သည်။
ဟန်ကျီယုသည် ကျီဖေးနှင့် ကောင်းယာလန်တို့၏ကူညီမှုကို ခံစားရသော်လည်း တစ်ဖက်လူ၏အင်အားကို ကြောက်ရွံနေသေးသည်။ သို့သော် သူမ ၎င်းတို့၏အကူအညီကို အလဟသအဖြစ်ခံမည်မဟုတ်ချေ။
"ကျွန်မ ပိုက်ဆံမလိုချင်ဘူး!"
"နင်!" လီလီ ဒေါသထွက်သွားသည်။
"နင် ကံကောင်းတယ်ဆိုပြီး လွန်မလာနဲ့!"
"သူ မလိုချင်ဘူးလို့ပြောနေတယ်လေ တောင်းပန်လိုက်!"
ကောင်းယာလန် ခက်ထန်စွာပြောလိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားသည်။
လီလီသည် အအော်ခံလိုက်ရသောကြောင့် ရှက်ရွံသွားပြီး တစ်ကိုယ်လုံး နီရဲလာကာ "သူ့လိုလူက တန်လို့လား!"
ထို့နောက် သူမသည် ချက်ချင်းလှည့်ထွက်သွားသည်။
【အမှားလုပ်တဲ့သူက မဖြေရှင်းဘဲနဲ့ သွားခွင့်ရှိလို့လား?]
ချင်ရှန့် ကျီဖေး၏အတွေးများကို ကြားသည့်အခါ လီလီကို လွယ်လွယ် အလွှတ်မပေးဖူးဆိုတာကိုသိလိုက်သည်။
ကျီဖေး ရုတ်တရက် လီလီကိုလှမ်းခေါ်လိုက်သည်။
လီလီ လှည့်ကြည့်လိုက်ချိန် ကျီဖေးသည် ဝိုင်ခွက်ကို ဆွဲယူပြီး လီလီကို ပက်လိုက်သည်။
ဝိုင်သည် လီလီကို စိုရွှဲသွားချိန် သူမ အော်တော့သည်။
ပတ်ဝန်းကျင်ရှိလူတိုင်း တုန်လှုပ်သွားသည်။ သူတို့ ကျီဖေးအား ယခုလောက်ရန်လိုနေသည်ကို မတွေ့ဖူးချေ။ ခဏလေး... သူတို့ကြားတာအရဆိုရင် မစ်ချင်ရဲ့နေရာက... နည်းနည်းမတည်မငြိမ် ဖြစ်နေတာမလား ?
တချို့သည် ချင်ရှန့်၏တုံ့ပြန်မှုကို မျှော်လင့်ကာ လှည့်ကြည့်လိုက်သော်လည်း သူသည် လုံးဝမအံ့သြသလို ငြိမ်သက်နေသည်ကိုတွေ့လိုက်ရသည်။
ကောင်းယာလန် ကျီဖေးကို လက်မထောင်ပြမိလိုက်သည်။
လီလီ နံဘေးတွင်ရှိသော ချီလီသည် ဝိုင်အချို့မှာ သူ့မျက်နှာပေါ်သို့ စင်လာသဖြင့်အံသြသွားခဲ့သည်။
လီလီသည် အော်ဟစ်ပြီးနောက် ကျီဖေးကို စိုက်ကြည့်ကာ တုန်ရီစွာဖြင့် "နင် ဘာလုပ်တာလဲ ?"
"ဒါက ဝိုင်တစ်ခွက်ပဲလေ၊ ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ"
ကျီဖေးသည် လီလီ၏ပြောခဲ့သည့်စကားအတိုင်း ပြန်ပြောလိုက်သည်။
"နင်က သူ့အတွက် လုပ်တာလား?" လီလီ မယုံနိုင်လောက်အောင်ဖြစ်နေခဲ့သည်။
ကျီဖေးပြုံးလိုက်သည်။
"တို့ အရင်ကပြောဖူးပါတယ်၊ တို့ဖန်ကို ဘယ်သူမှအနိုင်ကျင့်လို့မရဘူး၊ မစ္စလီလီက တို့ စကားကိုခေါင်းထဲမထည့်တာလေ"
လီလီသည် ကျီဖေးအား မုန်းတီးစွာစိုက်ကြည့်လိုက်သည်။
"နင် မကျေနပ်ရင် အဟမ်း.... သူ့ကို အပြစ်တင်"
ကျီဖေးသည် ချင်ရှန့်ကို လက်ညွှန်ထိုးလိုက်ပြီး အကာအကွယ်ယူလိုက်သည်။
သို့သော် သူမ၏ဖန်တစ်ယောက်အတွက် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲရှိလူအား စော်ကားခြင်းသည် မဆင်မခြင်ဖြစ်သောကြောင့် လူတိုင်းသည် ချင်ရှန့် မည်သို့တုန့်ပြန်မည်ကို တအံ့တဩစောင့်နေကြသည်။
ချင်ရှန့်သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး "အင်း ငါ့ကို အပြစ်တင်လို့ရတယ်"
တခြားသူများ : ဟမ် ?
ကျီဖေးသည် ဂုဏ်ယူဝံ့ကြွားစွာ မေးကို ခပ်မြင့်မြင့်မြှောက်လိုက်ပြီး "ကြားလား ?"
လီလီသည် ကျီဖေးကို လက်ညှိုးထိုးပြပြီး "နင်.. နင် ရူးနေတာလား၊ ဘာလို့ တခြားသူရဲ့ကိစ္စကို ၀င်စွက်နေတာလဲ!"
ချင်ရှန့်၏မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။
"မင်း ဘယ်သူ့ကို ပြောနေတယ်လို့ထင်လဲ ?"
လီလီ၏ကျောရိုးတစ်ခုလုံး အေးစိမ့်လာသော်လည်း
"မစ္စတာချင်... ရှင့်မိန်းမလုပ်တာတွေ မှားနေတယ်လို့ မထင်ဘူးလား၊ သူ ကျွန်မကို တမင်တကာ အနိုင်ကျင့်နေတာ!"
ချင်ရှန့် - "ငါ့မိန်းမ မင်းကို အနိုင်ကျင့်တာမဟုတ်ဘူး၊ သူ တခြားသူတွေအတွက် စာရင်းရှင်းပေးတာ၊ ဒါ လုံးဝတရားမျှ တတယ်"
လီလီသည် မယုံကြည်နိုင်စွာဖြစ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိလူများလည်း အထွန့်တက်ချင်သော်ငြား မည်သည့်နေရာမှ အစပြုရမှန်း မသိဖြစ်နေသည်။
ဒါ... ဒီမစ္စတာချင်က သူတို့သိတဲ့သူရောဟုတ်ရဲ့လား ?
ဘယ်လိုလူမျိုးက သူ့တို့ မိန်းမကို မျက်စိစုံမှိတ်ပြီးပံ့ပိုးမှာလဲ?
သူသည် ယုံကြည်ချက်ရှိစွာ လီလီဖြစ်စေ၊ ချီလီပဲဖြစ်စေ ဂရုမစိုက်ပဲ သူ့ဇနီး၏ဒေါသဖြေလျော့နိုင်အောင်လုပ်ပေးနေသည်။
သူတို့တွေးထားသည့် ချင်ရှန့်မှာ ထူးချွန်ထက်မြက်သော်ငြား မိန်းမများနှင့် ပတ်သက်လျှင် အလွန်အေးစက်သဖြင့် မချစ်တက်သူဟု ထင်ခဲ့ကြသည်။ သူနှင့်သာ လက်ထက်ပါက တစ်ဘ၀လုံး ရေခဲတောင်ထိပ်က ရေခဲတုံးလိုသာဖြစ်မည်ဟုထင်ခဲ့ကြသည်။
သို့သော် ာခုတော့... အမျိုးသမီး အများအပြားနောင်တရနေမိသည်။
ချင်ရှန့်၏ သူငယ်ချင်းများသည်တော့ အလုံးစုံနားမလည်သေးသော်လည်း အံ့ဩမှုကြောင့် မဖြစ်မိပေ။ ချင်ရှန့်သည် ခံစားချက်မရှိသလိုဖြစ်နေသော်လည်း အမှန်မှာ သူ့တွင်အတွေးများစွာရှိပြီး ကျီဖေးနှင့်ဆိုပါက ပိုထိန်းမရသိမ်းမရဖြစ်နေတက်သည်။ သို့မဟုတ်ပါက သူတို့သိသည့် ချင်ရှန့်မဟုတ်ပေ။
ချင်ရှန့်၏ စကားကြောင့် ဝိုင်းများစိုရွဲနေသော လီလီသည် ရှိုက်ကြီးတငင်ငိုတော့သည်။
ချီလီ အသိပြန်၀င်လာချိန် သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ သိသာစွာပင်။ သူ လီလီကိုကူညီချင်သော်လည်း ဤပြဿနာတွင် ကောင်းယာလန်နှင့် ဟန်ကျီယုတို့နှင့် ရင်ဆိုင်နေရသဖြင့် သူ ကူကယ်ရာမဲ့နေသည်။
ထို့ကြောင့် ချီလီသည် လီလီအား အဝေးသို့ဆွဲခေါ်သွားလိုက်သည်။
လီလီသည် တံခါးဝတွင် ငိုယိုနေကာ ချီလီအား ညည်းညူ တိုင်တန်းနေမိပြီး သူမနှင့်အတူ ပြန်လိုက်မည်ဟု မျှော်လင့်ခဲ့သည်။
သူ ထွက်မသွားချင်ပေ။ ကောင်းယာလန်သည် ယခုပြန်ရောက် လာပြီး ဟန်ကျီယုလည်း ဤနေရာတွင်ရှိနေတုန်းပင်။ သို့ဖြစ်ရာ ထိုအခြေအနေကို သူမည်သို့ကိုင်တွယ်ရမှန်း မသိသေးပေ။
အဆုံးတွင် သူ စိတ်မရှည်တော့ဘဲ "မင်းထွက်သွားမှာလား? မထွက်သွားဘူးလား? မင်း မသွားရင် ငါသွားမယ်။"
လီလီသည် ချီလီအား အံ့အားသင့်စွာကြည့်ကာ "ကောင်းယာလန်ရော၊ ဟန်ကျီယုရော... ရှင့် နှလုံးသားထဲမှာ ကျွန်မအတွက် နေရာမရှိဘူးလား? ဘာလို့ ကျွန်မကို လက်ခံချင်ယောင်ဆောင်နေတာလဲ"
ချီလီ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားသည်။
"ငါ မင်းကို ဘယ်တုန်းက လက်ခံခဲ့လို့လဲ? ငါ့ကို နှောက်ယှက်တာရပ်ပေးလို့ရမလား? မင်း ဒီနေ့ လုပ်ခဲ့တာတွေကို ပြန်ကြည့်စမ်း၊ မင်းကိုယ် မင်း ရှက်သင့်တယ်၊ မင်းက ငါ့ကိုတောင် ပြဿနာထဲဆွဲထည့်ချင်နေတယ်"
လီလီ အေးခဲသွားသည်။
ချီလီသည် လီလီကို ဂရုမစိုက်တော့ဘဲ သူ့လက်ကို ဆွဲဖယ်ကာ လှည့်ထွက်သွားသည်သည်။
လီလီသည် ချီလီ လှည့်ထွက်သွားသည်ကို စိုက်ကြည့်ရင်း ဒေါသများပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
တစ်ဖက်တွင် စိတ်အနှောက်အယှက်ပေးသူ မရှိသောကြောင့် ရေကူးကန်ဘေးရှိ လေထုသည် ပိုတိုးတက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်!"
ဟန်ကျီယုသည် ကျေးဇူးတင်စကား အကြိမ်ကြိမ်ဆိုကာ ကောင်းယာလန်နှင့် ကျီဖေးကို ဦးညွှတ်လိုက်သည်။
ကောင်းယာလန်သည် လျှာသက်ကာ "ရပါတယ်၊ နင်ကိုက ကံမကောင်းတာပါ၊ ဒါပေမယ့် ငါတို့နှစ်ယောက်ကြည့်ရတာ အရမ်းတူနေတာက ကံကြမ္မာပဲ၊ ဒါကြောင့် အခုကစပြီး နင်က ငါ့ညီမပဲ၊ နင့် အနိုင်ကျင့်ရဲရင် ငါ့နာမည်ကို သုံးလိုက်၊ ငါတို့ရဲ့ ရုပ်ရည်ကတူနေလို့ လွယ်လွယ်နဲ့ အနိုင်ကျင့်ခံရမှာဘူး"
ကျီဖေးတစ်ခုခုပြောတော့မည့်အချိန် ဟန်ကျီယု လည်ပင်းသည် ရှက်ရွံမှုကြောင့်မဟုတ်ပဲ အနီစက်လေးများကြောင့် နီရဲလာသည်ကို ရုတ်တရက်သတိပြုမိလိုက်သည်။